Fitsique

Fitsique

Share

S & C certified ( Setanta College), RTS L2, Nasm CPT and Precision nutrition L1 coach, Pre-script L1 & Barbell certified

15/05/2026

🔑 ပထမဆုံး Pull-Up ရဖို့ ပိုမိုထိရောက်တဲ့ နည်းလမ်း

လူအများစုက Pull-Up ပထမဆုံးလုပ်နိုင်ဖို့ ကြိုးစားတဲ့အခါ Resistance Band, Bodyweight Drill တွေနဲ့ တန်းစပြီး Progress နှေးနေတတ်ကြပါတယ်။

ဒါပေမယ့် အချိန်သိပ်မပေးနိုင်တဲ့လူတွေအတွက် ပိုထိရောက်တဲ့ Approach တစ်ခုရှိပါတယ်။

📌 Step 1: Lat Pulldown နဲ့ Strength Foundation တည်ဆောက်ပါ

အစပိုင်းမှာတော့ Lat Pulldown က သင့်အတွက် အကောင်းဆုံး exercise ပါ။

Pull-Up မှာအသုံးပြုတဲ့ အဓိက muscles တွေဖြစ်တဲ့
• Lats
• Biceps
• Upper Back
တွေကို တူညီစွာ train လုပ်ပေးနိုင်ပြီး Weight ကို တဖြည်းဖြည်းတိုးနိုင်တဲ့အပြင် Progressive Overload ကိုလည်း လုပ်နိုင်ပါတယ်။

Strength တိုးဖို့ အရေးကြီးဆုံးက ဒီ Progressive Overload ပါပဲ။

Lat pull down ရဲ့ Goal က
ကိုယ့် Bodyweight နီးပါး Weight ကို Clean & Controlled Reps နဲ့ ဆွဲနိုင်တဲ့အထိ တိုးသွားဖို့ပါ

အဲဒီ level ရောက်ပြီဆိုရင် Pull-Up အတွက်လိုအပ်တဲ့ Raw Strength ကို သင်ရထားပြီးသားပါ။

📌 Step 2: ပြီးမှ Actual Pull-Up Movement ကို Practice လုပ်ပါ

Strength Base ရလာပြီဆိုရင် 2–3 sessions လောက် Actual Movement Pattern ကို Practice လုပ်ပါ။

• Dead Hangs — Grip Strength နဲ့ Shoulder Stability
• Scapular Pull-Ups — Pull-Up ရဲ့ အရေးကြီးဆုံး First Inch ကို train လုပ်ဖို့
• Negative Pull-Ups — အပေါ်ကနေ Slowly Lower ချပြီး Control တက်အောင်လုပ်ပါ

Lats Strength က ရှိပြီးသားဖြစ်လို့ Skill Transfer က အရမ်းမြန်ပါတယ်။

လူတော်တော်များများဆိုရင် skill စကျင့်တဲ့ first session မှာတင် pull upကို ရသွားတတ်ပါတယ်

📌 နောက်ထပ် အရေးကြီးတဲ့ Variable တစ်ခု — Bodyweight

Pull-Up မှာ အရေးကြီးဆုံးက Strength-to-Weight Ratio ပါ။

သင့်လျော်တဲ့ကိုယ်အလေးချိန်မှာ ရှိနေရင်လည်း pull upရဖို့က ပိုလွယ်ပါတယ်

⚡ Bottom Line:

Strength ကို အရင်တည်ဆောက်ပါ။
Skill ကို နောက်မှ Practice လုပ်ပါ။
အရာအားလုံးကို Overcomplicate မလုပ်ပါနဲ့။
Fitsique By Sean

10/05/2026

လူအများစုက heavy compound lifts တွေ (bench press, overhead press, rows) လုပ်နေရင် shoulder အပြည့်အစုံ train ဖြစ်နေပြီလို့ ထင်တတ်ကြပါတယ်။
ဒါပေမယ့် research တွေအရ rear delt က pressing dominant training မှာ chronically underloaded ( သိသိသာသာtrainဖို့လိုနေတာမျိုး ) ဖြစ်နေတတ်ပါတယ်။

EMG thesis study တစ်ခုအရ
deltoid muscle ကို effectively train လုပ်ချင်ရင် exercise variety လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။
Meaning : compound lifts alone won’t fully develop the rear head.

Rear delt weak ဖြစ်နေတဲ့ athlete တွေမှာ
• Shoulder instability
• Rounded posture
• Upper back tightness loss
• Shoulder irritation & imbalance
တွေ ပိုတွေ့ရတတ်တယ်။

ဒါကြောင့် accessory work က optional မဟုတ်ပါဘူး trainကို trainရမှာဖြစ်ပါတယ်

Healthy shoulders = Stronger performance.

Fitsique by Sean

09/05/2026

Strength declineဖြစ်ခြင်း

တချို့ရက်တွေမှာ weight တွေ မနိုင်တော့ဘူး
Performance ကျသွားတယ်။
Energy မရှိဘူး။

ဒါက “train ထားသမျှ အားလုံးပျက်သွားပြီ” ဆိုတဲ့ meaning မဟုတ်ပါဘူး။

Strength decline ဖြစ်စေတဲ့အကြောင်းတွေက
• Sleep deprivation
• Stress မြင့်နေခြင်း
• Recovery မလုံလောက်ခြင်း
• Nutrition ပျက်ခြင်း
• Training fatigue accumulation

တစ်ပတ်လောက် performance ကျသွားတာနဲ့
muscle တွေ disappear မဖြစ်သွားဘူး။
Strength loss noticeable ဖြစ်ဖို့ complete rest 2–3 weeks လောက်လိုတတ်ပါတယ်။

ကိုယ့် body က robot မဟုတ်ဘူး။ တစ်ခါတလေမှာ အကြောင်းအမျိုးမျိုးကြောင့် training, recovery, sleepကို ထိခိုက်နိုင်ပါတယ်
သတိထားရမှာက Recovery က training လောက်အရေးကြီးတယ်။

Rough phase ( ပင်ပန်းတဲ့အချိန်တွေမှာ)
Intensity လျှော့ပါ
Protein intake ကို maintainလုပ်ပါ
Sleep ကို prioritizeလုပ်ပါ
ပြီးတော့ training session လျှော့တာမျိုးပဲလုပ်ပြီး consistency မပျက်စေနဲ့။

Progress က straight line မဟုတ်ဘူး။
တချို့ရက်တွေမှာ slow down ဖြစ်နိုင်တယ်။
နည်းနည်းကျသွားနိုင်တယ်
ဒါပေမယ့် stop ဖြစ်သွားတာမဟုတ်ဘူး။
Lifestyle နဲ့ training ကို adjustလုပ်နိုင်မှ ကျွန်တော်တို့ trainingတွေကို ရေရှည်လုပ်နိုင်မှာ ဖြစ်ပါတယ်

Fitsique by Sean

08/05/2026

Barbell Back Squat မလုပ်ခင် movement preparation 🔥

• Lat Stretch
• Kneeling Hip Flexor Stretch
• ATG Squat Hold
• Single Leg Hinge
• Hip Airplane
• Dead Hang
• Warm-up Sets

Squat လုပ်တဲ့နေရာမှာ injuryမရဖို့ လိုချင်တဲ့stimulus ရဖို့ဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ jointsတွေ muscles တွေ nervous systemတွေ အကုန် movementကိုလုပ်ဖို့ readyဖြစ်နေရပါမယ်
Body ကို movement အတွက် prepare လုပ်ပေးနိုင်ရင်
ပို stable ဖြစ်တယ်၊ ပို powerful ဖြစ်တယ်၊ injury risk လည်းလျော့စေပါတယ်။

30/04/2026

Deadlift & Squat မလုပ်ခင် Hip Airplane Drill လုပ်ပါ 💪

Hip airplane drill က hip stability နဲ့ control ကို တိုးတက်စေတဲ့ အရမ်းအရေးကြီးတဲ့ warm-up exercise တစ်ခုပါ။

Deadlift နဲ့ Squat လုပ်တဲ့အချိန်မှာ
✔️ Hip stability ကောင်းအောင်
✔️ knee valgus မဖြစ်အောင်
✔️ Injury risk လျှော့ချနိုင်အောင်
ကူညီပေးပါတယ်။

ဘာကြောင့် လုပ်သင့်လဲ?
👉 Glute activation ပိုကောင်းလာတယ်
👉 Hip mobility တိုးတက်လာတယ်
👉 Lifting form ပို stable ဖြစ်လာတယ်

ဘယ်လိုလုပ်မလဲ?

* Single leg stance နေပြီး
* Hip ကို control နဲ့ open/close လုပ်ပါ
* Slow & controlled movement အရေးကြီးပါတယ်

Pro Tip 🔥
Deadlift / Squat မလုပ်ခင် 5–8 reps per side လောက်လုပ်ပါ။
Quality > Quantity ပါ။

Strong lift တွေ လုပ်ချင်ရင်
Strong & stable hips က မရှိမဖြစ်လိုအပ်ပါတယ်

Fitsique by Sean

25/04/2026

🏋️‍♂️ Wide Grip vs Narrow Grip

ဘယ်ဟာက သင့်အတွက်ပိုကောင်းလဲ?

Bench press မှာ “best grip” တစ်ခုတည်းမရှိပါဘူး။
👉 သင့် body structure + goal ပေါ်မူတည်ပါတယ်

🔹 Wide Grip

* Chest activation ပိုရတယ်
* Range of motion တို → weight ပိုတင်နိုင်ဖို့ များတယ်
* Shoulder stress အနည်းငယ်ပိုနိုင်တယ်

👉 Chest focus လိုချင်တဲ့သူများအတွက်ကောင်းတယ်

🔹 Narrow Grip

* Triceps involvement ပိုများတယ်
* Range of motion ပိုများတယ်
* Lockout strength အတွက်ပိုကောင်းတယ်

👉 Arm strength & lockout တိုးချင်သူများအတွက်ကောင်းတယ်

🔍 ဘယ်လိုရွေးမလဲ?

✔️ Wrist–Elbow line တန်းနေမယ်
✔️ Pain မရှိဘူး (Shoulder/Elbow)
✔️ Control ကောင်းပြီး stable ဖြစ်
တယ်

👉 ဒီ 3 ချက်လုံးရအောင် လုပ်နိုင်တဲ့ grip က သင့်အတွက်အကောင်းဆုံး bar grip ဖြစ်နိုင်ပါတယ်

အကောင်းဆုံးကတော့ gymမှာ technique မှန်မှန်နဲ့ trainပြီး testလုပ်ကြည့်တာ အကောင်းဆုံးပါ

23/04/2026

RPE 9-10 နဲ့ အမြဲတမ်း မလေ့ကျင့်သင့်တဲ့ အကြောင်း 💥

RPE = Rate of Perceived Exertion
ဆိုလိုတာက set တစ်ခုလုပ်ပြီးတဲ့အချိန် ဘယ်လောက်ခက်ခဲ့လဲဆိုတာ ကိုယ့်ခံစားချက်နဲ့တိုင်းတာတဲ့ scale ပါ။

Strength training မှာ RPE ကို 1 ကနေ 10 အထိသုံးကြတယ်။

* RPE 5 = အရမ်းလွယ်တယ်
* RPE 6 = နည်းနည်း effort ရှိတယ်
* RPE 7 = 3 reps လောက် ကျန်သေးတယ်
* RPE 8 = 2 reps လောက် ကျန်သေးတယ်
* RPE 9 = 1 rep ပဲ ကျန်သေးတယ်
* RPE 10 = လုံးဝ reps မကျန်တော့ဘူး, max effort

ဥပမာ -

Bench Press 5 reps လုပ်ပြီး
“နောက်ထပ် 2 reps လောက်တော့ လုပ်နိုင်သေးတယ်” လို့ခံစားရရင် အဲ့ဒါ RPE 8 ပါ။

“နောက်ထပ် 1 rep ပဲ လုပ်နိုင်တော့မယ်” ဆိုရင် RPE 9 ပါ။

“ထပ်မလုပ်နိုင်တော့ဘူး” ဆိုရင် RPE 10 ပါ။

RPE ကိုသုံးရတဲ့အကြောင်းကတော့
နေ့တိုင်း body condition မတူလို့ပါ။

RPE 9-10 ဆိုတာက reps 0-1 လောက်ပဲ ကျန်တဲ့အထိ အရမ်းပြင်းပြင်း train လုပ်တာပါ။ ဒီလို intensity မြင့်တဲ့ training က အချို့အချိန်တွေမှာ အသုံးဝင်ပေမယ့် session တိုင်း၊ week တိုင်း ဒီလိုလုပ်နေရင် strength progress ကိုတောင် နှေးစေနိုင်ပါတယ်။

ဘာကြောင့်လဲ?

• Fatigue အရမ်းများလာတယ်
RPE 9-10 နဲ့ အမြဲလုပ်နေရင် nervous system, muscles နဲ့ joints တွေ fatigue အရမ်းများလာပြီး recovery ခက်လာမယ်။

• Total volume ကျသွားတယ်
ပထမsets တွေမှာ အရမ်းRPEများသွားရင် နောက် sets တွေမှာ performance ကျလာတတ်တယ်။form ပျက်ဖို့ အခွင့်အရေးများပြီး Total volume quality လျော့သွားရင် strength gains လည်း နည်းလာမယ်။

• Form ပျက်လာနိုင်တယ်
RPE 9-10 ရောက်လာရင် technique နဲ့ form ပျက်လာတတ်တယ်။ Form ပျက်တဲ့ reps တွေကို အမြဲလုပ်နေရင် injury risk လည်း ပိုတက်လာနိုင်တယ်။

• Recovery မကောင်းတော့ဘူး
Strength က consistent training ကနေ build လုပ်တာပါ။ Session တိုင်း အရမ်းပင်ပန်းပြီး soreness များနေမယ်ဆိုရင် နောက် training sessions တွေမှာ performance ကျလာမယ်။

• Max effort ကို တစ်နှစ်လုံး ထားပြီး trainဖို့မဖြစ်နိုင်ဘူး
Strong athletes တွေတောင် session တိုင်း RPE 9-10 မလုပ်ကြဘူး။ အများစုက RPE 6-8 ဝန်းကျင်နဲ့ train လုပ်ပြီး top sets သို့မဟုတ် testing days မှာပဲ RPE 9-10 ထိသုံးကြတယ်။

Train hard, but don’t destroy yourself every session. Recovery ကောင်းရင် progress က ပိုမြန်ပါတယ်

Fitsique by Sean

17/04/2026

Fitsique by Sean မှ မြန်မာနှစ်သစ်ကူးမှာ အားလုံးကို ပျော်ရွှင်စရာ နှစ်သစ်ကူးအချိန်အခါ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် 🎉

ဒီနှစ်သစ်မှာ ကျန်းမာရေးကောင်းခြင်း၊ ခွန်အားပြည့်ဝခြင်း၊ ပျော်ရွှင်ခြင်းနဲ့ အောင်မြင်မှုများစွာ ရရှိပါစေ။

Content တွေကို အမြဲတမ်း အားပေးပြီး ဒီခရီးလမ်းမှာ အတူရှိပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

ဒီနှစ်သစ်မှာ gym အတွင်းမှာသာမက gym အပြင်ဘက်မှာပါ discipline ပိုရှိပြီး၊ confidence ပိုတက်လာပြီး၊ အောင်မြင်မှုအသစ်တွေ ပိုရရှိပါစေ။

Let’s keep growing stronger together. Happy Thingyan and Happy New Year! 🇲🇲💪

Fitsique by Sean

13/04/2026

Pendlay Row ဆိုတာ barbellကို floorပေါ်ကနေ rep တိုင်း dead stop နဲ့ ဆွဲတင်ရတဲ့ row variation တစ်မျိုးဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းက upper back, lats, traps, rear delts နဲ့ biceps တွေကို အားကောင်းစေပြီး pulling strength ကို တိုးတက်စေပါတယ်။

Pendlay Row မှာ အရေးကြီးဆုံးက

• Chest ကို မြေပြင်နီးပါး တစ်တန်းတည်းဖြစ်အောင် hinge လုပ်ထားရမယ်
• Back ကို flat ထားရမယ်
• Barbell ကို lower chest / upper stomach ဘက်ကို explosively ဆွဲတင်ရမယ်
• Rep တိုင်း barbell ကို မြေကြီးပေါ်ပြန်ချပြီး reset လုပ်ရမယ်
• Momentum မသုံးဘဲ strict form နဲ့လုပ်ရမယ်

အကယ်၍ form မမှန်ရင် lower back stress တက်နိုင်လို့ weight မတင်ခင် technique ကို အရင်ကျွမ်းကျင်အောင် လေ့ကျင့်ပါ။

Fitsique by Sean

12/04/2026

Tight pecs နဲ့ lats တွေကြောင့် squat setup မှာ chest ကို position အမှန်မှာ မထားနိုင်ဘဲ အောက်ကျနေတာ၊ elbows position မကောင်းတာ၊ bar ထမ်းရာမှာ comfortable မဖြစ်တာတွေ ဖြစ်နိုင်ပါတယ်။

Squat မလုပ်ခင် dead hang 20-30 seconds လောက်လုပ်ပေးတာက pecs နဲ့ lats ကို loosen ဖြစ်စေပြီး shoulder mobility ပိုကောင်းလာစေပါတယ်။ ဒါကြောင့် chest upright ပိုဖြစ်ပြီး squat position ပို stable ဖြစ်လာပါလိမ့်မယ်

Best way:
• Dead hang 20-30 seconds
• Deep breaths 3-5 ခါယူ
• ၂-၃ rounds လုပ်ပြီးမှ first warm up set လုပ်သင့်ပါတယ်

Dead hang က squat မလုပ်ခင် quick opener အနေနဲ့တော့ကောင်းပါတယ်။ ဒါပေမယ့် main fix မဟုတ်ပါဘူး။

တကယ် long term မှာ squat position ပိုကောင်းချင်ရင် lats နဲ့ pecs mobility ကို squat day မဟုတ်တဲ့နေ့တွေမှာပါ consistent လုပ်ပေးဖို့လိုပါတယ်။

Dead hang တစ်ခါလုပ်ရုံနဲ့ tightness အားလုံးမပြေလည်နိုင်ပါဘူး။ Regular mobility work လုပ်ပေးမှ shoulders ပို open ဖြစ်လာမယ်၊ chest ပိုတက်လာမယ်၊ bar position ပိုcomfortable ဖြစ်လာမယ် ပိုပြီးတော့လည်း stable ဖြစ်လာမှာဖြစ်ပါတယ်

Fitsique by Sean

Want your business to be the top-listed Gym/sports Facility in Dubai?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Dubai
Dubai