Daily Football

Contact the business

Daily Football Our major objective is to deliver latest football news to our fans

“ ပေါ်တူဂီ နည်းပြ 𝐉𝐨𝐫𝐠𝐞 𝐉𝐞𝐬𝐮𝐬 က နော်ဝေးနဲ့ ပွဲမှာ 𝐂𝐫𝐢𝐬𝐭𝐢𝐚𝐧𝐨 𝐑𝐨𝐧𝐚𝐥𝐝𝐨 ကို မိနစ် (၃၀) အကြာ သွေးပူလေ့ကျင့်ခန်းဆင်းခိုင်းပြီး...
01/10/2026

“ ပေါ်တူဂီ နည်းပြ 𝐉𝐨𝐫𝐠𝐞 𝐉𝐞𝐬𝐮𝐬 က နော်ဝေးနဲ့ ပွဲမှာ 𝐂𝐫𝐢𝐬𝐭𝐢𝐚𝐧𝐨 𝐑𝐨𝐧𝐚𝐥𝐝𝐨 ကို မိနစ် (၃၀) အကြာ သွေးပူလေ့ကျင့်ခန်းဆင်းခိုင်းပြီးနောက် လူစားမလဲခံခြင်းအပေါ် ကစားသမားက မကျေမနပ် ဖြစ်နေခဲ့တာလို့ဆိုပါတယ်။

ပွဲအပြီးမှာတော့ ကစားသမားကို နည်းပြက တောင်းပန်ခဲ့တဲ့အပြင် လူသိရှင်ကြား တောင်းပန်မှာ ဖြစ်ကြောင်းကိုလဲ ကတိပေးခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ မနေ့က ပွဲကြိုအင်တာဗျူးမှာ နည်းပြက သူ့အနေနဲ့ အသင်းရဲ့ အုပ်ချုပ်စီမံသူဖြစ်ကြောင်း၊ 𝐂𝐫𝐢𝐬𝐭𝐢𝐚𝐧𝐨 𝐑𝐨𝐧𝐚𝐥𝐝𝐨 က ကစားသမားတစ်ယောက်သာ ဖြစ်ကြောင်း မီဒီယာတွေကို ဖြေကြားခဲ့ပြီးနောက်

ကစားသမားအနေနဲ့ နည်းပြက သူ့ကိုသစ္စာဖောက်တယ်လို့ ခံစားရတဲ့အတွက် အသင်းလေ့ကျင့်ရေးစခန်းမှ ထွက်လာခဲ့တာ ဖြစ်ကြောင်း”

𝐂𝐫𝐢𝐬𝐭𝐢𝐚𝐧𝐨 𝐑𝐨𝐧𝐚𝐥𝐝𝐨 သူငယ်ချင်း 𝐄𝐝𝐮 𝐀𝐠𝐮𝐢𝐫𝐫𝐞 ကဆိုပါတယ်။

Credit Photo

ပေါ်တူဂီ နိုင်ငံလက်ရွေးစင် ကစားသမားဘဝမှ အနားယူတော့မယ့် 𝐂𝐫𝐢𝐬𝐭𝐢𝐚𝐧𝐨 𝐑𝐨𝐧𝐚𝐥𝐝𝐨ကစားသမားက ယနေ့ လေ့ကျင့်ရေးစခန်းမှ ထွက်ခွါလာပြီးန...
30/09/2026

ပေါ်တူဂီ နိုင်ငံလက်ရွေးစင် ကစားသမားဘဝမှ အနားယူတော့မယ့် 𝐂𝐫𝐢𝐬𝐭𝐢𝐚𝐧𝐨 𝐑𝐨𝐧𝐚𝐥𝐝𝐨

ကစားသမားက ယနေ့ လေ့ကျင့်ရေးစခန်းမှ ထွက်ခွါလာပြီးနောက် ပေါ်တူဂီအသင်းမှာ ပြန်လည်ကစားဖို့ မရှိတော့ဘူးလို့ သိရပါတယ်။

👉🏻 ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥပဒေအရ

နိုင်ငံအသင်းအတွက် ရွေးချယ်ခံရပြီးနောက် အသင်းတာဝန်ရှိသူရဲ့ ခွင့်ပြုချက်မရပဲ အသင်း လေ့ကျင့်ရေးစခန်းမှ ထွက်ခွါခဲ့ပါက ကစားသမားကို (၆) လအထိ ပွဲပယ်ပြစ်ဒယ် နဲ့ ဒဏ်ငွေချမှတ်လို့ ရပါတယ်။

လက်ရှိ တင်းမာနေတဲ့ အခြေအနေကြောင့် ကစားသမားက နိုင်ငံ့အသင်းအတွက် ပြန်လည် ကစားဖို့မရှိပဲ စက်တင်ဘာ (၂၄) ရက်က ကစားခဲ့တဲ့ ဝေးစ်လ် နဲ့ပွဲက နိုင်ငံအတွက် နောက်ဆုံးကစားပေးတဲ့ပွဲ ဖြစ်တယ်လို့ ပြောလို့ ရပါတယ်။

———————————————————————————————-

ကစားသမားက နိုင်ငံအတွက် စုစုပေါင်း

🏟️ (၂၃၄) ပွဲ
⚽ (၁၄၆) ဂိုး
🅰️ (၃၇) ကြိမ် ဂိုးဖန်တီးပေး ခဲ့ပါတယ်။

ဒါ့အပြင်

🔥hat-tricks (၁၀) ကြိမ် နဲ့
🏅ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကို (၂၄) ကြိမ်အထိ ရရှိခဲ့သူ ဖြစ်ပါတယ်။

🏆 ယူရိုဖလား (၁) ကြိမ် (၂၀၁၆)
🏆🏆နေးရှင်းလိဂ် (၂) ကြိမ် ၊ (၂၀၁၈/၁၉၊ ၂၀၂၄၊၂၅)

ဆွတ်ခူး ရရှိခဲ့ပါတယ်။

နိုင်ငံ့လက်ရွေးစင် အသင်းလေ့ကျင့်ရေး စခန်းမှ ထွက်ခွါလာတဲ့ 𝐂𝐫𝐢𝐬𝐭𝐢𝐚𝐧𝐨 𝐑𝐨𝐧𝐚𝐥𝐝𝐨ကစားသမားက သူ့ရဲ့ လူမှု့ကွန်ယက်မှာ ပရိတ်သတ်တွေက...
30/09/2026

နိုင်ငံ့လက်ရွေးစင် အသင်းလေ့ကျင့်ရေး စခန်းမှ ထွက်ခွါလာတဲ့ 𝐂𝐫𝐢𝐬𝐭𝐢𝐚𝐧𝐨 𝐑𝐨𝐧𝐚𝐥𝐝𝐨

ကစားသမားက သူ့ရဲ့ လူမှု့ကွန်ယက်မှာ ပရိတ်သတ်တွေကို တရားဝင် အသိပေးသွားခဲ့ပါတယ်။

နည်းပြရဲ့ ပွဲကြိုအင်တာဗျူးအပြီး ၊ ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်နဲ့ စကားပြောဆိုပြီးနောက် ကျွန်တော် လေ့ကျင့်ရေး စခန်းကနေ ထွက်ခွါဖို့ ဆုံးဖြတ်ခဲ့တာပါ။

အချိန်တန်ရင် ကျွန်တော်ပေးဆပ်ခဲ့တဲ့ ဒီလက်ရွေးစင်အသင်းကနေ ဘာကြောင့် ထွက်ခွါဖို့ ဖြစ်လာခဲ့ရလဲဆိုတာ ပေါ်တူဂီလူမျိုးအားလုံးကို ပြောပြသွားမှာပါ။

အခုတော့ အသင်းသားများနဲ့ အသင်းအတွက် အောင်မြင်မှု့ ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်” လို့ ကစားသမားက ရင်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။

၂၀၀၉-၂၀၁၈ (၉ နှစ်တာ) စီးတီးအသင်းရဲ့  ဘဏ္ဍာရေးစာရင်း အကျဉ်းချုပ်👉🏻 စုစုပေါင်းဝင်ငွေ - ပေါင် (၁.၃၃၅) ဘီလီယံ👉🏻 ပိုင်ရှင်ထည့...
30/09/2026

၂၀၀၉-၂၀၁၈ (၉ နှစ်တာ) စီးတီးအသင်းရဲ့ ဘဏ္ဍာရေးစာရင်း အကျဉ်းချုပ်

👉🏻 စုစုပေါင်းဝင်ငွေ - ပေါင် (၁.၃၃၅) ဘီလီယံ
👉🏻 ပိုင်ရှင်ထည့်ဝင်ငွေ - ပေါင် (၈၃၀.၇) သန်း
👉🏻 စပွန်ဆာကြေး - ပေါင် (၁၁၉.၃) သန်း

Credit Photo

စီးတီးအသင်းက (၂၀၀၉-၂၀၁၈) ခုနှစ်အတွင်း ပေါင် သန်း(၉၀၀) ကျော် စာရင်းပိုပြထားတယ်လို့ ပရီးမီးယားလိဂ်က ယနေ့ပဲ တရားဝင် ကြေငြာခ...
29/09/2026

စီးတီးအသင်းက (၂၀၀၉-၂၀၁၈) ခုနှစ်အတွင်း ပေါင် သန်း(၉၀၀) ကျော် စာရင်းပိုပြထားတယ်လို့ ပရီးမီးယားလိဂ်က ယနေ့ပဲ တရားဝင် ကြေငြာခဲ့ပါတယ်။

အမှန်တစ်ကယ် ဝင်ငွေမရှိပဲ ဝင်ငွေရှိတယ်လို့ ပိုပြခဲ့တာပါ။

Credit Photo

ယခု ကစားနေတဲ့ ဩစတေးလျနဲ့ ပွဲစဉ်မှာ ပေါင်ဒဏ်ရာ ရရှိသွားခဲ့တဲ့အတွက် 𝐑𝐚𝐩𝐡𝐢𝐧𝐡𝐚 ကို လူစားလဲခဲ့တာလို့ ဘရာဇီးဘောလုံးအဖွဲ့ အတည်ပ...
29/09/2026

ယခု ကစားနေတဲ့ ဩစတေးလျနဲ့ ပွဲစဉ်မှာ ပေါင်ဒဏ်ရာ ရရှိသွားခဲ့တဲ့အတွက် 𝐑𝐚𝐩𝐡𝐢𝐧𝐡𝐚 ကို လူစားလဲခဲ့တာလို့ ဘရာဇီးဘောလုံးအဖွဲ့ အတည်ပြု

ထိုပွဲစဉ်မှာ ကစားသမားက ပယ်နယ်တီမှ တစ်ဆင့် ဂိုးသွင်းယူပေးခဲ့ပါတယ်။

Credit Photo

နိုင်ငံ့လက်ရွေးစင်အသင်းလူစာရင်းမှ ဒူးဒဏ်ရာကြောင့် နှုတ်ထွက်ခဲ့တဲ့ 𝐉𝐨ã𝐨 𝐏𝐞𝐝𝐫𝐨 က လေးပတ်အထိ အနားယူရဖွယ် ရှိနေပါတယ်။ ကစားသမာ...
29/09/2026

နိုင်ငံ့လက်ရွေးစင်အသင်းလူစာရင်းမှ ဒူးဒဏ်ရာကြောင့် နှုတ်ထွက်ခဲ့တဲ့ 𝐉𝐨ã𝐨 𝐏𝐞𝐝𝐫𝐨 က လေးပတ်အထိ အနားယူရဖွယ် ရှိနေပါတယ်။

ကစားသမားက နိုင်ငံတကာပွဲတွေ စတင်တဲ့ အပတ်ကတည်းက အထူးကုနဲ့ ပြသနေရပြီး အောက်တိုဘာ (၁၀) ရက် မှာ ကစားမယ့် ဘုန်းမောက်နဲ့ပွဲကိုတောင် ပါဝင်ဖို့ မသေချာ သေးဘူးလို့သိရပါတယ်။

Credit Photo

𝐒𝐚𝐧𝐝𝐫𝐨 𝐓𝐨𝐧𝐚𝐥𝐢 ကို ပြစ်တင် ဝေဖန်လိုက်တဲ့ အီတလီ သတင်းမီဒီယာအီတလီက ဘယ်လ်ဂျီယံကို ရှုံးန်မ့်ခဲ့တဲ့ နေးရှင်းလိဂ်ပွဲအပြီး သူတိ...
27/09/2026

𝐒𝐚𝐧𝐝𝐫𝐨 𝐓𝐨𝐧𝐚𝐥𝐢 ကို ပြစ်တင် ဝေဖန်လိုက်တဲ့ အီတလီ သတင်းမီဒီယာ

အီတလီက ဘယ်လ်ဂျီယံကို ရှုံးန်မ့်ခဲ့တဲ့ နေးရှင်းလိဂ်ပွဲအပြီး သူတို့လက်ရွေးစင်အသင်းရဲ့ အဓိက ကစားသမမား 𝐒𝐚𝐧𝐝𝐫𝐨 𝐓𝐨𝐧𝐚𝐥𝐢 ရဲ့ ကစားပုံ ညံ့ဖျင်းမှု့အပေါ် ပြစ်တင်ဝေဖန်ခဲ့တာပါ။

ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်ဖို့ နောက်ဆုံး ကစားခဲ့ရတဲ့ ဘော့စနီးယားနဲ့ ပွဲစဉ်မှာလဲ ကစားသမားရဲ့ အားစိုက်ထုတ်မှု့ လျော့နည်းခြင်း နဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အားနည်းခြင်းတို့ကိုလဲ မီဒီယာတွေက ပြစ်တင် ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

Credit Photo

ဂျာမဏီကို အဝေးကွင်းမှာ အနိုင်ယူပြီး အုပ်စုထိပ်ဆုံးမှာ ဦးဆောင်လိုက်တဲ့ ဂရိCredit Photo
27/09/2026

ဂျာမဏီကို အဝေးကွင်းမှာ အနိုင်ယူပြီး အုပ်စုထိပ်ဆုံးမှာ ဦးဆောင်လိုက်တဲ့ ဂရိ

Credit Photo

ယနေ့ကစားတဲ့ ဆာဘီးယားနဲ့ ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားတဲ့ 𝐂𝐨𝐝𝐲 𝐆𝐚𝐤𝐩𝐨Credit Photos
27/09/2026

ယနေ့ကစားတဲ့ ဆာဘီးယားနဲ့ ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားတဲ့ 𝐂𝐨𝐝𝐲 𝐆𝐚𝐤𝐩𝐨

Credit Photos

Address

London
TW31XL

Website

Alerts

Be the first to know and let us send you an email when Daily Football posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Daily Football:

Shortcuts

Share

Category