27/12/2024
Match Day🏆🏅🥇
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nga Yoke Kaung Taung League, Sports League, ငရုတ်ကောင်းတောင်ရွာ, London.
27/12/2024
Match Day🏆🏅🥇
27/12/2024
TOP goal soccers
SEMI-FINAL ပွဲပြီးရလဒ်များ
School Boys (3) - (2)Cute Boys
⚽⚽သူရဦး ⚽⚽ကိုကိုအောင်
⚽ရဲထွဋ်ပိုင်
Falcon (0) - (3) NYKT Sakhan
⚽⚽ထက်ပိုင်
⚽NO 4
26/12/2024
Top Goal Soccers
26/12/2024
Welcome
25/12/2024
Day 5 အမှတ်ပေးဇယား ရပ်တည်မှု
Day 5 ပွဲပြီးရလဒ်များ
School Boys (3) - (3) Falcon
Cute Boys (1) - (1)NYKT Sakhan
25.12.2024
Day (5)
Match (15)
Cute Boys FC Vs NYKT Sakhan FC
ယနေ့ညနေ 4နာရီမှာတော့ Day (5)ရဲ့ နောက်ဆုံးပွဲစဥ်အဖြစ် ငရုတ်ကောင်းတောင်ရွာအခြေစိုက်အသင်းတွေဖြစ်တဲ့
Cute Boys Fcအသင်းနဲ့ NYKT Sakhan FCအသင်းတို့ ယှဥ်ပြိုင်ကစားသွားကြမှာ ဖြစ်ပါတယ်။
NYKT Sakhan အသင်းဟာ ပြိုင်ပွဲမစတင်မီမှာ လူအင်အားဖြည့်တင်းမှုတွေ ပြုလုပ်ခဲ့ပြီး တောင့်တင်းတဲ့လူစာရင်းနဲ့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပေမယ့်
အဆင့်(3)နေရာအထိ ရောက်ရှိနေခဲ့ပြီး
Cute Boys အသင်းကလည်း ချန်ပီယံမျှော်လင့်ချက်အတွက် ထိပ်ဆုံးအသင်းအနေနဲ့ ရှုံးပွဲမရှိ စံချိန်ရရှိနိုင်ရေးအတွက် ဒီနေ့ပွဲစဥ်ဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့
ပွဲစဥ် တစ်ပွဲ ဖြစ်လာမှာ သေချာနေပါတယ်။
⚽ Cute Boys FC ⚽
Cute Boys အသင်းဟာ နောက်ပိုင်းပွဲစဥ်တွေမှာအင်အားတောင့်တင်းအောင် ကွင်းလယ်ကစားကွက်ပိုင်းကို ဘယ်လိုပြင်ဆင်မှုတွေပြုလုပ်လာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး ဒီနေ့ပွဲစဥ်ကို ကိုကျော်ထွန်းဝင်း၊ ရှိုင်းထက်၊ ကိုကိုအောင်၊သားညီညီ အစရှိတဲ့ အဓိက ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာဖွယ်ရှိပါတယ်။
စောင့်ကြည့်ရမည့်ကစားသမား –
ရှိုင်းထက် -ကိုကိုအောင်
⚽NYKT Sakhan FC ⚽
NYKT Sakhan အသင်းဟာ အဖွင့်ပွဲစဥ်သရေ ရလဒ်ထွက်ပေါ်ပြီးတဲ့နောက်မှာ ပွဲစဥ်တိုင်းကို အာရုံစူးစိုက်မှုအပြည့်နဲ့ အကောင်းဆုံး ကြိုးစားကစားမှုတွေကို တွေ့နေရပြီး ဒီနေ့ပွဲစဥ်ကို ဘယ်လိုပြင်ဆင်မှုတွေပြုလုပ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။
ဒီနေ့ပွဲစဥ်ကို ကစားသမားအပြောင်းအလဲထူးထူးခြားခြားပြုလုပ်လာဖွယ်မရှိပဲ
ကျောနံပါတ် 4 နဲ့ 51 တိုက်စစ်အတွဲနဲ့ပဲ ပွဲထွက်လာန်ိုင်ပါတယ်။
စောင့်ကြည့်ရမည့် ကစားသမား– No (4)
⚽ ဂိုး ⚽
နှစ်သင်းစလုံးရဲ့ ဂိုးသမားတွေဟာ အတွေ့အကြုံများတဲ့ဂိုးသမားတွေဖြစ်ကြပြီး လက်စွမ်းတည်ငြိမ်ကြတဲ့အတွက် သိသာတဲ့ ကွာဟနေမှုမရှိပါဘူး
⚽ ပွဲကြိုသုံးသပ်ချက် ⚽
အမှတ်သိပ်မကွာတဲ့အသင်းတွေဖြစ်တာကြောင့် တိုက်
စစ်ဖွင့်ကစားလာကြမှာဖြစ်ပေမယ့် NYKT Sakhan
အသင်းက ခံစစ်ကို အနည်းငယ်အားပြုကစားလာဖွယ်ရှိပါတယ်။NYKT Sakhan အသင်းရဲ့ အဓိက ကစားသမားNo 4 ကို Cute Boysကွင်းလယ်ကစားသမားတွေ ထိန်းချုပ်ကစားနိုင်ခြင်း ရှိ မရှိက ပွဲရဲ့အဖြေဖြစ်လာနိုင်ပြီး No 4 နဲ့ 51 အတွဲသာ စိတ်ကြိုက်ဂိုးဖန်တီးခွင့်တွေ ရလာခဲ့မယ်ဆိုရင် အဆုံးသတ်သေချာတဲ့ တိုက်စစ်ကစားသမားတွေရှိတဲ့ NYKT Sakhanအသင်း ဂိုးတွေရရှိသွားနိုင်ပါတယ်။Cute Boys ရဲ့ လူငယ်ကွင်းလယ်ကစားသမားတွေကသာ No 4 ကို အကောင်းဆုံးလူကပ် ကစားနိုင်ခဲ့မယ့်ဆိုရင်NYKT Sakhan အသင်း ဂိုးရဖို့အခွင့်အရေးနည်းသွားနိုင်ပြီး Cute Boyအသင်းရဲ့ ပွဲဖြစ်သွားနိုင်ပါတယ်။
ခြေရည်တူအသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်နေတာကြောင့် နှစ်သင်းစလုံးမှာ အနိုင်ရဖို့အခွင့်အရေးတွေ ရှိနေပြီး အမှားနည်းနည်းနဲ့ ရရှိလာမယ့်အခွင့်အရေးကို အကောင်းဆုံးအသုံးချနိုင်တဲ့အသင်းကပဲ အနိုင်ရရှိသွားနိုင်မှာဖြစ်သလို မထင်မှတ်ပဲ သရေရလဒ်လည်း ထွက်ပေါ်သွားနိုင်ပါကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။
24/12/2024
Day 4 အမှတ်ပေးဇယားရပ်တည်မှု
Day 4 ပွဲပြီးရလဒ်များ
Rainbow(0) - (4)Cute Boys
Falcon(1) - (1) Sakhan
School Boys(7) - (1) Min Thar Gyi
23/12/2024
Day 3 အမှတ်ပေးဇယား ရပ်တည်မှု
Day 3 ပွဲပြီးရလဒ်များ
မင်းသားကြီး(1) - (5) စခန်း
Cute Boys (1) - (1) Falcon
Rainbow(1) - (3) School Boy Lays