17/04/2026
Chitta = mind, conciousness (စိတ်)
Prasadanam = Purification, clarity or making pleasant (သန့်စင်ပြီး အေးချမ်းစေခြင်း) ဟူ၍ အဓိပ္ပာယ်ဖော်ဆောင်သည်။
၎င်း Chitta Prasadanam ကို Patanjali Yogsutras (1:33) တွင် စိတ်ကို တည်ငြိမ်စေပြီး အပျက်သဘောဆောင်သော စိတ်ပိုင်းဆိုင်ရာ အတက်အကျများ (negative fluctuations) ကို ဖယ်ရှားဖို့နှင့် emotional & mental wellness အတွက် အင်မတန်လွယ်ကူသော ကျင့်စဉ်များကို ဖော်ပြထားပါတယ်…
✨မေတ္တာ၊ ဂရုဏာ၊ မုဒိတာနှင့် ဥပေက္ခာ ဟူသော် စိတ်ထားများကို သင့်လျော်သူအပေါ် မှန်ကန်စွာထားနိုင်လျှင် သင်သည် စိတ်ရွှင်လန်းပေါ့ပါးမည်ဟုဆိုထားပါသည်။
☘️ပျော်ရွှင်သူများအပေါ် ခင်မင်ရင်းနှီးစွာ မေတ္တာစိတ်၊
☘️မပျော်ရွှင်သူများ၊ ဆင်းရဲချို့တဲ့သူများအပေါ် ဂရုဏာစိတ်၊
☘️သီလရှိသူများအပေါ် ဝမ်းမြောက်ခြင်းဖြင့် မုဒိတာစိတ်၊
☘️ရက်စက်ကြမ်းကြုတ်သူ၊ ယုတ်မာသူ၊ အပြစ်ရှိသူများအပေါ် လျစ်လျူးရှုခြင်းဖြင့် ဥပေက္ခာစိတ်
ထားရန် ဆိုထားသည်။
5 Days Stress Free Yoga
Day-5
I am calm and capable....
Namaste 🙏
Geeta Arya
16/04/2026
Ahimsa (non-violence or non-harming) ကို သူများ အသက်မသတ်ရ၊ မညှဥ်းပန်းရဟု အားလုံးသိကြမှာပါ။ ကိုယ်တိုင်ကိုယ်ကျ ဂရုစိုက်စောင့်ရှောက်မှု (Self-care) ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒါဟာ မိမိကိုယ်ကိုယ် အကြမ်းမဖက်ခြင်းနဲ့ ကြင်နာခြင်းလို့ အဓိပ္ပာယ်ရပါတယ်။
🔆မိမိကိုယ်ကိုယ် အဘက်ဘက်ကနေ ကြင်နာနည်းကတော့ အောက်ပါအတိုင်း အကြမ်းဖျင်း မှတ်ယူနိုင်ပါတယ်။
🍀ရုပ်ပိုင်းဆိုင်ရာ (Physical) - ခန္ဓာကိုယ်ကို ညှဉ်းပန်းနှိပ်စက်ပြီး လေ့ကျင့်ခန်းလုပ်တာမျိုးထက် ခန္ဓာကိုယ်ရဲ့ တကယ်လိုအပ်ချက် အနားယူခြင်း၊ ရေဓာတ်ဖြည့်တင်းခြင်းမျိုး၊ ပေါ့ပေါ့ပါးပါး လမ်းလျှောက်ခြင်း သို့မဟုတ် မိမိခန္ဓာကိုယ်အသံနားထောင်လျက် ယောဂကျင့်ခြင်းများ လုပ်ဆောင်ပေးသင့်သည်။
🍀စိတ်ပိုင်းဆိုင်ရာ (Mental) - မိမိကိုယ်ကိုယ် ပြင်းပြင်းထန်ထန် ဝေဖန်တာမျိုးထက် နားလည်ပေးတဲ့ စိတ်နဲ့ အစားထိုးတာပါ။ "ငါ ဒါကို လုပ်ရမယ်" ဆိုတဲ့ ဖိအားတွေအစား မိမိကိုယ်ကိုယ် အားပေးစကား ပြောတာမျိုး ဖြစ်ပါတယ်။
🍀ခံစားချက်ပိုင်းဆိုင်ရာ (Emotional) - ဒေါသ ဒါမှမဟုတ် ဝမ်းနည်းမှုတွေကို အတင်းအဓမ္မ ဖိနှိပ်တာမျိုး မလုပ်ဘဲ၊ ဒီခံစားချက်တွေကို လက်ခံပေးတာပါ။ ဥပမာအနေနဲ့ မလုပ်နိုင်သော လုပ်ချင်စိတ်မရှိသော အလုပ်များကို လက်ခံလုပ်ဆောင်ခြင်းကို ရှောင်ကြည်ရမည်။ ခံစားချက်တွေကို ဖိနှိပ်ခြင်းဟာလည်း မိမိကိုယ်ကိုယ် အကြမ်းဖက်ခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။
5 Days Free Yoga Class
Day -4
Affirmation: This feeling is temporary and I will get through it....
Namaste 🙏
Geeta Arya
15/04/2026
ယောဂီတို့၏ အမြင်အရ ရောင့်ရဲတင်းတိမ်ခြင်း (Contentment) ကို "သန္တောသ" (Santosha) ဟု ခေါ်ဆိုပြီး ၎င်းမှာ Niyama ကျင့်ဝတ်ဆိုင်ရာ စည်းကမ်းချက်တစ်ခု ဖြစ်ပါသည်။ ၎င်းသည် ဘဝကို လက်လျှော့အရှုံးပေးခြင်းမျိုး မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ တက်ကြွစွာ လေ့ကျင့်ယူရသော ကျင့်စဉ်တစ်ခု ဖြစ်သည်။
🔆ဘယ်လိုလက်တွေ့ ကျင့်သုံးရမလဲ?
🍀ယောဂကျင့်စဉ်အတွင်း _ မိမိခန္ဓာကိုယ်၏ ကန့်သတ်ချက်များကို အတ္တမပါဘဲ လက်ခံခြင်း။
🍀နေ့စဉ်ဘဝတွင်_ ကျေးဇူးသိတတ်မှု Gratitude ကို ကျင့်သုံးခြင်းနှင့် အလုပ်တစ်ခုကို လုပ်ဆောင်ရာတွင် ရလဒ်အပေါ် အလွန်အကျွံ စွဲလန်းမှုမထားဘဲ စေတနာထား လုပ်ဆောင်ခြင်း။
🍀စိတ်ထားအမြင်ပြောင်းလဲခြင်း _ "ပျော်ရွှင်ဖို့အတွက် တစ်ခုခုလိုနေသေးတယ်" ဆိုသည့် မပြည့်စုံသောအမြင် မှ "လက်ရှိအချိန်မှာ ငါ့မှာ လုံလောက်နေပြီ" ဆိုသည့် ပြည့်စုံသောအမြင် သို့ ပြောင်းလဲခြင်း ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် သန္တောသ contentment သည် မိမိ၏ စစ်မှန်သော ဖြစ်တည်မှုမှာ မူလကတည်းက ပြည့်စုံပြီးသားဖြစ်ကြောင်း နားလည်ကာ "လက်ရှိအချိန်" အပေါ် ငြိမ်းချမ်းစွာ နေထိုင်တတ်ခြင်းပင် ဖြစ်ပါသည်။
5 Days Stress Free Yoga
Day-3
I am doing my best and that's more than enough...
Namaste 🙏
Geeta Arya
14/04/2026
Managing Stress for Gut Health
Stress ကြောင့် အစာခြေစနစ်မှာ ခက်ခဲနိုင်တယ်ဆိုတာ နည်းနည်းလူသိနည်းပါတယ်။ ဒါပေမယ့် poor digestion issue က စိတ်ဖိစီးမှု၏ အကျိုးဆက်များမှာ တစ်ခုအဖြစ်ပါဝင်ပါတယ်။
🍀ဘယ်လိုမျိုး လုပ်ဆောင်ချက်များက အကျိုးပြုပေးမလဲ?
🍃စိတ်-ခန္ဓာကိုယ် လေ့ကျင့်ခန်းများ၊ နက်ရှိုင်းစွာ အသက်ရှူခြင်း (deep breathing)၊ တရားထိုင်ခြင်းနှင့် ယောဂကျင့်ခြင်းကဲ့သို့သော နည်းစနစ်များသည် "အနားယူပြီး အစာချေဖျက်ခြင်း(rest and digest)" ဖြင့် parasympathetic စနစ်ကို အသက်ဝင်စေနိုင်သည်။
🍃ပုံမှန်လေ့ကျင့်ခန်း- လမ်းလျှောက်ခြင်းကဲ့သို့သော အသင့်အတင့်လှုပ်ရှားမှုသည် အစားအစာများကို အူလမ်းကြောင်းတစ်လျှောက် ရွေ့လျားစေပြီး စိတ်ဖိစီးမှုလျှော့ချပေးသော endorphins များကို ထုတ်လွှတ်ပေးသည်။
🍃ပုံမှန်လုပ်ရိုးလုပ်စဉ်- ပုံမှန်အချိန်များတွင် စားသောက်ခြင်းနှင့် ၇-၉ နာရီ အိပ်စက်ခြင်းသည် သင့်အူလမ်းကြောင်းကို သက်ရောက်မှုရှိသော စိတ်ဖိစီးမှုဟော်မုန်းများကို ထိန်းညှိရန် ကူညီပေးသည်။
အစားအသောက် အထောက်အပံ့- အမျှင်ဓာတ်များသော အစားအစာများနှင့် probiotics (ဒိန်ချဉ် တွင်တွေ့ရှိရသည့်) သည် microbiome မျှခြေကို ပြန်လည်ထိန်းသိမ်းရန် ကူညီပေးနိုင်သည်။
5 Days Stress Free Yoga
Day-2
I focus on what I can control and let go the rest....
Namaste 🙏
Geeta Arya
13/04/2026
အသက်ရှူခြင်းသည် ကျွန်မတို့ ခန္ဓာကိုယ်၏ အရေးအကြီးဆုံး လုပ်ငန်းစဉ်ဖြစ်ပါသည်။ အသက်ရှူခြင်းသည် အဓိကအားဖြင့် unconscious မသိစိတ်ဖြစ်စဉ်ဖြစ်ပြီး ၎င်းကို မည်သည့်အချိန်တွင်မဆို၄င်း consciously သတိရှိရှိ ထိန်းချုပ်နိုင်သည်။ ထို့ကြောင့် အသက်ရှူခြင်းသည် မသိသောစိတ်(unconscious mind) နှင့် သတိရှိသောစိတ် (conscious mind)ကြားတွင် တံတားတစ်ခု ဖွဲ့စည်းပေးသည်။
🍀စည်းချက်ညီပြီး နက်ရှိုင်းစွာဖြေးဖြေးမှန်မှန်အသက်ရှူခြင်းသည် တည်ငြိမ်မှု၊ ကျေနပ်မှု၊ စိတ်အခြေအနေဖြင့် လှုံ့ဆော်ပေးသည်။
မမှန်သော အသက်ရှူခြင်းသည် ဦးနှောက်၏ စည်းချက်ကို အနှောင့်အယှက်ဖြစ်စေပြီး ရုပ်ပိုင်းဆိုင်ရာ စိတ်ခံစားမှုနှင့် စိတ်ပိုင်းဆိုင်ရာ ပိတ်ဆို့မှုများကို ဖြစ်ပေါ်စေသည်။
🍃Pranayama သည် မှန်ကန်သော အသက်ရှူမှူကို ထိန်းချုပ် တည်ဆောက်ပေးပြီး ခန္ဓာကိုယ်နှင့် စိတ်ကို သဘာဝအလျောက် ပြေလျော့စေသော အလေ့ထများကို ပြန်လည်ထူထောင်ပေးသည်။ Pranayama လေ့ကျင့်ခြင်းဖြင့် အာရုံခံနိုင်စွမ်းအားကိုကျော်လွန်၍ မသိစိတ်အောက်တွင် ပိတ်မိနေသော စွမ်းအင်များကို ပိုမိုတီထွင်ဖန်တီးနိုင်ပြီး ပျော်ရွှင်ဖွယ်ကောင်းသော လုပ်ဆောင်ချက်များတွင် အသုံးပြုရန် ထုတ်လွှတ်နိုင်ခြင်းဖြင့် အကျိုးပြုပေးသည်။
5 Days Stress Free Yoga
Day -1
I breath in calm and breath out stress...
Namaste 🙏
Geeta Arya
11/04/2026
Yoga is intended to transform the individual’s inner self, which consequently changes the experience of the world.
04/04/2026
🍃5 days Free Yoga class for Stress-free🍃
Stress လျော့ကျစေရန် focus ထားပြီး သင်္ကြန်ပိတ်ရက်မှာ အချိန်ရှိခိုက် လုံလစိုက်ရအောင်လားရှင့်.....
ပုံမှန်ဆို 3 days ပဲသင်ဖြစ်တာပါ extra bonus class နှင့် tips တွေမျှဝေချင်လို့ ဒီတခါ 5 days ဖြစ်သွားပါတယ်
ဘာတွေသင်ကြားခွင့်ရမလဲ?
🍀 ခန္ဓာကိုယ်မှ တင်းမာမှုတွေကို လျော့ကျစေဖို့ Yogic Joints Movements & Traditional Yoga Flows တွေပါမယ်
🍀 Pranayama နှင့် စိတ်တည်ငြိမ်မှု ရစေဖို့ စိတ်ခွန်အားဖြစ် စကားလုံး (Affirmations)တွေ အပါ mindfulness
☘️ စိတ်ရော ကိုယ်ပါလွှတ်ချပြီး အပြည့်အဝအနားယူနိုင်ဖို့ Deep relaxation techniques တွေ နဲ့ stress management tips
🗓️ဧပြီလ 13 ရက်မှ 17ရက်နေ့ထိ 5 Days ဆက်တိုက်
🕢မြန်မာစံချိန် မနက် 6:30 နာရီ မှ 7:30 နာရီ အထိ Online Zoom မှ တစ်ဆင့် သင်ကြားလေ့ကျင့်ပေးပါမည်။
✨စေတနာရှိစွာ မျှဝေတာပါ ရက်ပြည့်တက်ပေးမှုဖြင့် အကျိုးအပြည့်ဝရယူကြပါနော်✨
✅မည်သူမဆို ပါဝင်လေ့ကျင့်နိုင်သည်ဖြစ်ရာ official page ရဲ့post အောက်မှာ Stress free yoga ဟုမန့်၍ Telegram channel Link ရယူပါ။
ထိုမှတစ်ဆင့် zoom invite link တွေ update လုပ်မှာပါရှင့်။
Bowing down to all my Gurus...
नमस्ते 🙏
16/03/2026
Mudra များကို သိပ္ပံနည်းကျ လေ့လာသုံးသပ်ခြင်း
သိပ္ပံနည်းကျအသုံးအနှုန်းအရ မုဒြာ (Mudra) သည် brain stem နားရှိ ဦးနှောက်ရှေးဦးပိုင်း(primitive areas of the brain) မှ စတင်ဖြစ်ပေါ်သော မသိစိတ် တုံ့ပြန်မှုများနှင့် မူလဗီဇ အလေ့အထပုံစံများကို ဝင်ရောက်ကြည့်ရှုရန်နှင့် လွှမ်းမိုးရန် နည်းလမ်းကို လုပ်ဆောင်ပေးသည်။
How does it work for us?
မုဒြာတစ်ခုစီသည် မတူညီသောချိတ်ဆက်မှုတစ်ခုကို တည်ဆောက်ပြီး ခန္ဓာကိုယ်၊ စိတ်နှင့် ပရာဏ (body, mind and prana) အပေါ်သက်ဆိုင်ရာမတူညီသောအကျိုးသက်ရောက်မှုများကို ဖော်ဆောင်ပေးသည်။
Example အနေနဲ့ Gyan Mudra လုပ်ဆောင်မှုမှ body, mind & prana အပေါ် အကျိုးသက်ရောက်မှုအကြောင်း အောက်ပါ link တွင် ဖတ်ရှုနိုင်ပါသည်။
https://www.facebook.com/share/p/1FyF5JneTs/
What is the aim of practicing Mudra?
ရည်ရွယ်ချက်မှာ လေ့ကျင့်သူအား ဗီဇ အလေ့အထပုံစံများမှ လွတ်မြောက်စေပြီး ပိုမိုသန့်စင်သော အသိစိတ်(refined consciousness) ကို ထူထောင်နိုင်စေသော် ပုံသေ၊ ထပ်ခါတလဲလဲ အနေအထားများ (postures) နှင့် အမူအရာများ(gestures) ကို ဖန်တီးရယူရန်ဖြစ်သည်။
Namaste 🙏
Geeta Arya
Book refference: Asan Pranayam Mudra Bandha
15/03/2026
Gyan Mudra က ရိုးရှင်းပေမယ့် တရားထိုင်ရာမှာ ပိုမိုအားကောင်းလာစေတဲ့ Psycho-natural finger lock တစ်ခုဖြစ်ပါတယ်။
🔆လက်ဖဝါးနှင့် လက်ချောင်းများတွင် စွမ်းအင်ကို အဆက်မပြတ်ထုတ်လွှတ်နေတဲ့ အာရုံကြောအမြစ်များစွာရှိပါတယ်။ ဒါ့ကြောင့်မို့ Gyan Mudra မှာ လက်ညှိုးနှင့် လက်မကို ထိလိုက်တဲ့အခါ ပုံမှန်အားဖြင့် ပတ်ဝန်းကျင်သို့ ပျံ့လွှင့်သွားတဲ့ စွမ်းအင်ကို ခန္ဓာကိုယ်မှတစ်ဆင့် ဦးနှောက်သို့ ပြန်လည်ရောက်ရှိစေမယ့် ပတ်လမ်းတစ်ခု ဖြစ်ပေါ်လာစေတာပါ
🔆နောက်တစ်ခုအနေနဲ့ လက်ချောင်းများနှင့် လက်များကို ဒူးပေါ်တင်လိုက်တဲ့အခါ ဒူးများက အာရုံခံစားမိပြီး ခန္ဓာကိုယ်အတွင်းရှိ ပရာဏကို ထိန်းသိမ်းပြီး ပြန်ညွှန်းပေးတဲ့ အခြားပရာဏပတ်လမ်းတစ်ခုကို ဖန်တီးပေးပါတယ်
💮ထို့အပြင် ဒူးပေါ်လက်တင်ခြင်းသည် ဒူးများမှ ပေါင်အတွင်းပိုင်းအထိနှင့် perennium အတွင်းသို့ စီးဆင်းသော Nadi တစ်ခုကို လှုံ့ဆော်ပေးတယ်။
အဲ့ဒီ Nadi ကို (gupta or hidden nadi) ဟုလူသိများပါတယ်။
💮muladhara chakra ရှိ စွမ်းအင်ကို မည်သို့လှုံ့ဆော်ရမည်ကို ဤလမ်းကြောင်းကို အာရုံခံစားမိစေတာပါ။
🔆Gyan Mudra (ဂျန်မုဒြာ)မှာဆိုရင် လက်ဖဝါးများ အပေါ်ဘက်သို့ ထားတာကြောင့် ရင်ဘတ်ဧရိယာ (Prana area*) ကိုပွင့်လာစေပါတယ်။
ဒါ့ကြောင့် လေ့ကျင့်သူက ပေါ့ပါးမှု (lightness)နှင့် ဆက်နွယ်လက်ခံနိုင်မှု (receptivity)အဖြစ် ခံစားရနိုင်ပါတယ်
📎*Pranic Body အရ ရင်ဘတ်ဧရိယက Prana Area ဖြစ်တာကြောင့်ပါ။
Namaste 🙏
Geeta Arya
Book refference: Asan Pranayam Mudra Bandha