Candle by Gorgeous May

Candle by Gorgeous May

Share

Internationally approved Third eye intuitive Oracle & Tarot Jury, Crystal Specialist, Mentor, Energy

04/09/2026

💗Soul Contract မှာ Karmic Partner ပတ်သက်မှုဖြစ်နေခဲ့ရင် တစ်ဖက်သူက သူ့ရဲ့ Soul Contract ထဲက တာဝန်အတိုင်း အချိန်မစေ့မချင်း ကိုယ့်ကို လိုက်ပတ်သက်နှောင့်ယှက်နေတတ်ပါတယ်💗

💜 မိသားစုချင်းဖြစ်စေ၊ သူငယ်ချင်းအပေါင်းအသင်းချင်းဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်ချင်းဖြစ်စေ 💜 ဆက်ဆံရေးတစ်ခုမှာ ကိုယ့်ဘက်က ယတိပြတ် စိတ်ပြတ်လို့ စိတ်ဆုံးဖြတ်ပြီး 💜 အပြီးတိုင် ပြီးပြတ်ချင်ပေမဲ့လို့ တစ်ဖက်က အတင်းတွေ လိုက်ပတ်သက်ပြီး 💜တမင် စိတ်အနှောင့်အယှက် လိုက်ပေးတာမျိုး ကြုံဖူးကြမလား

💖 ကျွန်မဘဝမှာလေ ကျွန်မရဲ့ Soul Contract အရ သူတို့အလုပ်သူတို့ လုပ်ကြပြီး 💖ပေါ်တင်တိုက်ခိုက်တဲ့သူတွေကိုလည်း စိတ်မကုန်သလို 💖အမုန်းစကားပြောတဲ့သူတွေကိုလည်း စိတ်မပျက်ပေမဲ့ 💖 တမင်သက်သက် ဇွတ် innocent ပြပြီး 💖 အတင်းလိုက်ပတ်သက် ပန်းနုသွေးချစ်ခင်ပြတတ်တဲ့အဲ့လိုလူမျိုးတွေကို စိတ်အပျက်ဆုံးပါ

💙 သူငယ်ချင်း၊ မိတ်ဆွေ၊ အပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက် ဘယ်လို connection မျိုးမှာမဆို 💙 ကိုယ့်ဘက်က သည်းခံသင့်သလောက် သည်းခံပြီးချိန်မှာတောင် 💙 သူ့ဘက်က beyond the limit ဖြစ်လာတဲ့နောက် 💙တစ်ဖက်သူနဲ့ လုံးဝ အပတ်အသက်မလုပ်ချင်သလို 💙စကားလေးနဲ့တောင် ပြောဆိုဆက်ဆံတာမျိုးမလုပ်ချင်တာ၊ 💙မျက်နှာကိုတောင် မမြင်ချင်တော့တာမျိုး ခံစားရပြီဆိုရင် 💙 ကျွန်မဘက်ကစပြီး အဲဒီ ဆက်ဆံရေးတစ်ခုကို အပြီးတိုင် ေ သ ခန်းဖြတ် ဖြတ်တောက်ပစ်တတ်ပါတယ်

🩵 တစ်ခါတစ်လေမှာတော့ ကိုယ့်ဘက်က ဘယ်လောက်ပြတ်သားစွာဖြတ်တောက်ပါစေ 🩵 တစ်ဖက်က မသိချင်ယောင်ဆောင် အတင်းတွယ်ကပ်ပြီး 🩵 တမင် လူကောင်းဟန်ဆောင်ပြတဲ့ အပေါ်ယံ ချစ်ခင်မှုမျိုးဆိုရင်လည်း 🩵 ကျွန်မဘက်က အလိုလိုကို ဒါဟန်ဆောင်ပြီး တမင် စိတ်ဒုက္ခလိုက်ပေးနေတာဆိုပြီး သိပါတယ်

💚 ရှေ့ဘဝအဆက်ဆက်က ဘိုးဘွားစဉ်ဆက် ဘယ်လို ဆုတောင်းတွေ မှားခဲ့မိလို့ 💚 ဒီဘဝမှာ မြေးမြစ်မျိုးဆက်ဖြစ်တဲ့ ကျွန်မတို့က ပြန်ပေးဆပ်နေရတယ် 💚 ပြင်ဆင်မရပေမဲ့ နောက်ဘဝအဆက်ဆက်မှာ ထပ်တူညီတဲ့ pattern looping မျိုး 💚 ထပ်မပါအောင်တော့ soul contract အရ အပြီးသတ် closure ပေးလို့ရပါတယ်

🩶 Soul Contract အကြောင်း သေချာ မတတ်ခင်ကတော့ closure မရမချင်း စိတ်ထဲ ခံပြင်းအလိုမကျဖြစ်ရပေမဲ့ 🩶 နောက်ပိုင်းမှာတော့ ဘယ်လောက်ပဲ ကိုယ့်ဘက်က ပြတ်သားတင်းမာပြီး စိတ်ပြတ်သားနေပါစေ 🩶 တစ်ဖက်သူရဲ့ အပြုအမူ၊ အပြောအဆို၊ အတွေးအခေါ်၊ လုပ်ရပ်တွေက အတင်းတွယ်ကပ်နေတယ်ဆိုရင် 🩶 သူ့ဘက်က timeline အရ ကိုယ့်အပေါ် ဒုက္ခပေးရမယ့် အချိန်ကျန်နေသေးလို့ လို့ပဲ 🩶 သတ်မှတ်ပေးပြီး သူ့အချိန်ကုန်တဲ့အထိ တွယ်ကပ်နေမှာပဲလေလို့ပဲ စိတ်ထဲ တွေးပေးလိုက်ပါတော့တယ်

❤️ တချို့သူတွေနဲ့ ပြန်လည်း မတွေ့သလို ❤️ အမှတ်တရ Memory တစ်ခုအဖြစ်တောင် မကျန်ခဲ့ဘူးဆိုတာကလည်း ❤️ Soul Contract အရ ပြန်ဆုံရမယ့် ရေစက်ကံအရှိန် မကျန်တော့လို့ပါပဲ

🌷🪴💐 လူတစ်ယောက်နဲ့တစ်ယောက် ပြန်တွေ့မှာလား၊ ရေစက်ကုန်ပြီလားဆိုတာ Soul Contract အပြင် Astrology, Oracle, Tarot တွေနဲ့ တိတိကျကျ အဆင့်ဆင့် အဖြေယူ စစ်ဆေးလို့ရပါတယ်နော် 🌷🪴💐

09/08/2026

❤️ New Version, Better version ဆိုတာ တကယ်တော့ ကျိုးပဲ့ပျက်စီးသွားတဲ့ အပိုင်းအစ အဟောင်းလေးတွေအားလုံးကို ထားပစ်ခဲ့ပြီး အသစ်တွေနဲ့ တစ်ခုချင်းစီ စိတ်ရှည်လက်ရှည် အစကနေ ပြန်တည်ဆောက်နိုင်မှ ရတာပါ

❤️ အဟောင်းအကျိုးအပျက်တွေကို တစ်စစီ ပြန်စီပြီး နေရာသစ်မှာ random ထည့် တည်ဆောက်လိုက်ရုံနဲ့ new version မဖြစ်လာသလို better version လည်း မဖြစ်နေဘူးရယ်

❤️ တစ်ခါက ကျွန်မ တပည့်တစ်ယောက်ပြောဖူးတဲ့ compliment လေးတစ်ခုက လွန်ခဲ့တဲ့ ၁၂ နှစ်က ကျွန်မကို Flashbacks သွားပြန်မြင်ယောင်မိရင်း ပြုံးမိစေခဲ့တယ်

❤️ ဆရာမက ရင့်ကျက်တယ် တည်ငြိမ်တယ် ပြီးတော့ လူကြီးဆန်တယ် အရာရာကို စဉ်းစားပေးတတ်တယ်တဲ့

❤️ အဲ့လို အခုလက်ရှိ version ရလာဖို့အတွက် လွန်ခဲ့တဲ့ ၁၂ နှစ်က reckless & childish ဆိုတဲ့ version လေးကို တစ်စစီဖယ် ခွာချခဲ့ရတာပေါ့

❤️ လွန်ခဲ့တဲ့ ၁၂ နှစ်တုန်းက ရုံးအကြိုနောက်ကျလို့ အဖေ့ကို စိတ်ဆိုးပြီး ပြဿနာရှာတုန်းက အဖေပြောဖူးတဲ့စကားတစ်ခွန်းက ဘာလို့ရယ် မသိ မရည်ရွယ်ပေမဲ့ အခုထိ စိတ်ထဲစွဲနေတုန်းပါ

❤️ အခု ကျွန်မကို သေချာ ထဲထဲဝင်ဝင်သိတဲ့ အသိမိတ်ဆွေတိုင်းလိုလို ပြောပေးကြတဲ့ ရုပ်လေးချောရုံတင်မက စိတ်ထားလေးလည်း အရမ်းလှတာပဲဆို တဲ့ compliment လေးမှာ ကျေနပ်မိပေမဲ့လည်း ဒီဂုဏ်ပုဒ်လေးကို ကာကွယ်ဖို့အတွက်ဆိုပြီး ကိုယ့်ရဲ့ peace & tranquility ကို protect လုပ်ထားတဲ့ boundaries ကိုလာကျော်ပြီး အခွင့်ကောင်းယူ အမြတ်ထုတ်တဲ့လုပ်ရပ်မျိုးကိုတော့ သဘောကောင်းမိမနေဖို့ ကိုယ့်ကိုယ်ကိုယ် အမြဲ သတိပေး ဆင်ခြင်ရပါတယ်

❤️ အခု version ကနေမှ တစ်ဆင့်ပိုတဲ့ better version ကိုသွားမယ်ဆိုရင်တော့ အခုထက်ပိုပြီး စွန့်ပစ်၊ ထားပစ်ခဲ့ရမယ့်အရာတွေကို နှမြောနေလို့ မရပြန်ဘူးရယ်

❤️Transformation Period တိုင်းက နာကျင်ပါတယ် အရမ်းလည်း risky ဖြစ်ပါတယ် ဒါပေမဲ့ တကယ် အနာခံနိုင်ခဲ့ချိန်မှာလည်း result က တကယ်ကြီးကို မက်မောစရာပါပဲ

❤️ ဒါကြောင့်မို့လည်း ကိုယ့်ရဲ့ အကောင်းမွန်ဆုံး better version ကို ရရှိဖို့အတွက် မလိုလားအပ်တော့တဲ့ အမှိုက်သရိုက်လိုအရာတွေ၊ လူတွေ၊ အကြောင်းအရာ၊ မှတ်ဉာဏ်၊ အမူအကျင့်တွေကို စွန့်ပစ်လိုက်ဖို့ ဝန်မလေးကြပါနဲ့လို့

❤️Crystal လေးတွေရဲ့ အကူအညီကလည်း တကယ်ကြီး မပါမဖြစ်ပါပဲနော် စိတ်ကို ကြည်လင်အေးချမ်းပြီး စိတ်အညစ်အကြေးတွေကို ကင်းစင်စေဖို့အတွက်ပေါ့

🌷Lion’s Gate Portal Peak Day ဖြစ်တဲ့ 8.8 မှာ မလိုချင်တော့တဲ့ ပုံစံဟောင်းကို ခွာချပြီး အကျင့်ဆိုးတွေ၊ စနစ်ဆိုးတွေ၊ ခေါက်ရိုးကျိုးနေတဲ့ ဉာဉ်ဆိုးတွေကို ခွာချပြီး ပိုမိုကောင်းမွန် လှပတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ 🌷

08/08/2026

🌷Lion’s Gate Portal Peak Day ဖြစ်တဲ့ 8.8 မှာ မလိုချင်တော့တဲ့ ပုံစံဟောင်းကို ခွာချပြီး အကျင့်ဆိုးတွေ၊ စနစ်ဆိုးတွေ၊ ခေါက်ရိုးကျိုးနေတဲ့ ဉာဉ်ဆိုးတွေကို ခွာချပြီး ပိုမိုကောင်းမွန် လှပတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ 🌷

🌹 ဒီနေ့မှာ ရာသီခွင်တိုင်း၊ men or women, LGBTQ အားလုံး အဆင်ပြေရင် တတ်နိုင်ရင်တော့ ခေါင်းလျှော်၊ သန့်ရှင်းရေးလုပ်ပေးကြပါရှင်

🌸 စိတ်ရဲ့အညစ်အကြေး၊ ကိုယ်ရဲ့အညစ်အကြေးတွေ ကင်းစင်၊ စင်ကြယ်နေဖို့အတွက် စိတ်ကို အနှောင့်အယှက်ဖြစ်စေမယ့် အရာတွေကို ဒီနေ့ တစ်နေ့တာလေး ခေါင်းထဲက ထုတ်ပြီး အကြည်ဓာတ်လေးနဲ့ positive thinking လေးထားကြရအောင်ပါနော်

🪴 ကိုယ်မဟုတ်တဲ့ တခြားသူရဲ့ အပြုအမူ၊ အပြောအဆို၊ အမူအရာတွေကြောင့် ကြည်လင်အေးချမ်းနေတဲ့ ကိုယ့်စိတ်လေးကို နောက်ကျိ မခံဘဲ ကိုယ်နဲ့မဆိုင်၊ ကိုယ်ပြုပြင်ပေးဖို့မတတ်နိုင်တဲ့ တခြားသူ သူစိမ်းရဲ့ အပြစ်ကို သက်ဆိုင်သူဆီပဲ ပြန်ပေးပြီး ကိုယ့်ဆီ မသယ်မိဖို့အရေးကြီးပါတယ်နော်

🍀Mind, Body, Soul, Spirit အကုန် အေးချမ်းကြည်လင်ပြီး သန့်စင်နေဖို့ အရေးကြီးတာမို့ ကိုယ့်ရဲ့ စိတ်ကို အကြည်ဓာတ်ဖြစ်စေမယ့် အရာလေးတွေကိုပဲ ကြည့်၊ အတွေးလေးတွေကိုပဲ တွေးပြီး စိတ်ကို ပျော်ရွှင်စေမယ့် အရာလေးတွေပဲ လုပ်ပေးပါရှင်

❄️ ကျွန်မကတော့ မနက်စောစောမှာတင် Crystal အမျိုးအစားပေါင်း ၈၀ ကျော် ဘူးပေါင်း ၉၂ ဘူးတိတိကို သန့်ရှင်းရေးလုပ်ပြီး Pilates + strength training လည်း ကစားပြီးပါပြီ

💐 ကိုယ့်စိတ်ကို တကယ်အေးချမ်းပျော်ရွှင်တည်ငြိမ်ချမ်းမြေ့စေပြီး စိတ်ကို အကြည်ဓာတ်ပေးတဲ့၊ ကိုယ်တကယ်လုပ်ရတာ enjoy ဖြစ်တဲ့အရာလေးတွေပဲ ဒီနေ့မှာ လုပ်ပေးဖို့ အထူးမှာချင်ပါတယ်ရှင့်

💗 Better Version, New You ဖြစ်ပြီး စိတ်အေးချမ်းပျော်ရွှင်ကြပါစေ 💗

🤎 Btw, ဒီနေ့ မနက်မိုးလင်းတာနဲ့ ဝတ်မိတဲ့ Gorgeous Creation Limited Edition Crystal Bracelet လေးတွေကတော့ 🪴 The Mother Earth Energy, 💞JDar in Love နဲ့ 🩵 Love & Thunder တို့ပါပဲနော်

🩶 အရေးအကြီးဆုံးနေ့မှာ လတ်တလော အကြိုက်ဆုံးတွေပဲ ဝတ်ဖြစ်တယ်ရယ်

07/08/2026

💖 ကျွန်မဘဝမှာ စိတ်ဝင်စားလို့ဆိုပြီး စလိုက်မိပြီး အဆုံးသတ်ပစ်လိုက်လို့မရတဲ့ထဲ spirituality အပြင် Fitness ပါ ပါလာခဲ့ပြီရယ်

💖Spiritual Path ဆိုတာကို ဘာရယ်မဟုတ် စိတ်ဝင်စားလို့ဆိုပြီး Zero ကနေ Infinity အထိလျှောက်လာဖြစ်တာ ပညာရပ်၊ ဘာသာရပ်အစုံ သင်ယူ လေ့လာရင်းနဲ့ ဘာလိုလိုနဲ့ အနှစ် ၂၀ ကျော်ကို တော်တော်ကျော်လာခဲ့ပါပြီ

💖 ဒီနေ့ ဒီအချိန်အထိ သင်ယူစရာတွေ upgrade လုပ်စရာတွေ မကုန်နိုင်သေးသလို ရပ်လိုက်ဖို့ကိုလည်း မဆုံးဖြတ်ခဲ့ဖူးဘူး

💖Fitness ဆိုတာဟာလည်း နဂိုဝါသနာပါလို့မဟုတ်ဘဲ အရင် အသက် ၂၀ ကျော်တုန်းကတော့ ဒီအတိုင်း စမ်းလုပ်ကြည့်တဲ့အနေနဲ့ ဘာရယ်မဟုတ် Yoga ဘာညာပေါ့

💖 Divine Timing ဆိုတဲ့ အသက်တစ်ခုရောက်လာတဲ့အခါ ၃၀ ကျော် ၄၀ ဆိုတဲ့ အရွယ်အတွက် ရေရှည်မှာ ကျန်းမာရေးအတွက်ဆိုပြီး စလိုက်မိတာမှာ ကောင်းကျိုးရလဒ်တွေနဲ့ သိသာထင်ရှားတဲ့ changes တွေကြောင့် တကယ် တစိုက်မတ်မတ်နဲ့ အားသွန်ခွန်စိုက် လုပ်ဖြစ်ခဲ့သလို အခုဆိုရင် strength training တွေကိုမှ အရမ်းစွဲလန်းနေမိပြီရယ်

💖 အရင်ကဆို အလေးမ လေ့ကျင့်ခန်းတွေက muscle တွေ အရမ်းနာလို့ဆိုပြီး မလုပ်ချင်ခဲ့ပေမဲ့ အခုဆိုရင်တော့ Cardio တွေ running တွေ Yoga တွေ Pilates တွေထက်ကို strength training မှ strength training ဖြစ်လာခဲ့ပြီရယ် (အကြိုက်ဆုံးက strength training ဖြစ်မှန်းမသိ ဖြစ်လာတာ ကြာပြီရယ်)

💖 စစချင်း မနိုင်မနင်းလေးနဲ့ 10 kg ကနေမှ 15 kg, 20 kg, 24kg သဖြင့် တိုးတိုးလာတဲ့ အလေးတွေကို ကြည့်ရင်း ငါ လုပ်နိုင်တာပဲဆိုတဲ့ စိတ်ခံစားချက်လေးက ဘာနဲ့မှ တူမနေဘူးရယ်

💖Oracle စာမေးပွဲတို့ Tarot စာမေးပွဲတို့ ဖြေပြီး approved reader ဖြစ်ခဲ့တုန်းက ခံစားချက်နဲ့ မတူပေမဲ့လည်း I can do it ဆိုတဲ့ satisfies ဖြစ်ရတဲ့ ခံစားချက်ချင်းကတော့ ပြောမပြတတ်အောင်ကို ကျေနပ်ရတယ်

💖 လူတစ်ယောက်ရယ်လို့ ဖြစ်လာတဲ့အခါ အများအတွက် ထိခိုက်နစ်နာမှုမရှိစေဘဲ ကိုယ့်ကိုယ်ပိုင် progressive ဖြစ်စေတဲ့အရာအတွက် အချိန်ပေးနိုင်ခြင်းက ဘဝမှာ နေပျော်ရစေခြင်းအကြောင်းရင်းတွေထဲက တစ်ခုပဲလေ

💖 ဒါပေမဲ့ တစ်ခုရှိတာက အဆုံးသတ်အထိ မငြီးမငွေ့ စိတ်အားထက်ထက်သန်သန်မလျှောက်လှမ်းနိုင်ရင်တော့ ဘယ်အရာမှ အစမပြုတာ ပိုကောင်းမယ် ဝါသနာဖြစ်ဖြစ်၊ အလေ့အကျင့်တစ်ခုဖြစ်ဖြစ်၊ လူတစ်ယောက်ကို ချစ်တာပဲ ဖြစ်ဖြစ်ပေါ့

29/07/2026

🌻 ကိုယ်ပြန်မကြိုက်နိုင်မယ့်သူအတွက် time & energy အကုန်မခံခြင်းက တစ်ဖက်သူကိုလည်း respect ထားရာကျသလို ကိုယ့်ကိုယ်ကိုယ် self-respect ထားခြင်းလည်းဖြစ်ပါတယ်

🌻 လူတစ်ယောက်က ဘယ်သူ့ကိုတော့ ကြိုက်တယ်၊ ဘယ်သူ့ကိုတော့ဖြင့် မချစ်ဘူးဆိုတာ သေချာသိပြီးတဲ့နောက် ကိုယ့်စိတ်ထဲမရှိတဲ့သူအတွက်ဆို ဘယ်လိုနည်းနဲ့မှ တန်ဖိုးရှိလှတဲ့ ကိုယ့်ရဲ့ time & energy ကို အကုန်မခံချင်ကြပါဘူး

🌻 သူက ချစ်တယ်ပြောပြီး လိုအပ်ချိန်တိုင်းမှာ အနားမှာ မရှိဘူး ပစ်ထားတယ်ဆိုတာ ကျွန်မ client တွေဆီက ကြားရတိုင်း ကျွန်မဘက်က အဖြေထုတ်တဲ့ ကတ်တွေမှာ တစ်ဖက်သူက ကျွန်မ client ကို တကယ်မချစ်ဘဲ spare တွဲနေတယ်ဆိုတဲ့ အဖြေတွေပဲ ကျနေခဲ့တာပါ (တချို့ကျတော့ ချစ်လည်းမချစ်ဘူး သူများကိုလည်း မပေးချင်ဘူးဆိုတဲ့ အတ္တကြီးလွန်းတဲ့ အဖြေတွေ ကျပြန်ရော)

🌻 Love Language မတူဘူးဆိုတာမျိုးကကျ တစ်ဖက်သူက မချစ်တတ်တာပါ မချစ်တာ လုံးဝ မဟုတ်ပါဘူး

🌻 သူချစ်တတ်သလို ချစ်ပေးတဲ့ ချစ်ပုံချစ်နည်းက ကိုယ် standard သတ်မှတ်ထားတဲ့ ပုံစံနဲ့ မတူရုံပဲရယ်

🌻 လူတစ်ယောက်နဲ့ တစ်ယောက် Love Language မတူတာမျိုးက ညှိယူရင် ရနိုင်ပေမဲ့ တစ်ဖက်သူက ကိုယ့်အပေါ် လုံးဝ စိတ်မဝင်စားတာ၊ စိတ်ထဲမရှိတာ၊ မချစ်တာ၊ မကြိုက်တာမျိုးကျ ဘာမှ လုပ်ယူလို့မရဘူးရယ်

🌻 ဆရာတူ တပည့်လို့တော့ မပြောကြပါနဲ့ ကျွန်မတို့ ငြင်းတယ်ဆိုတာ ရေရှည် ဘယ်လိုမှ အဆင်မပြေနိုင်တဲ့ ကိုယ့်စိတ်ထဲမရှိတဲ့သူအတွက် ၂ ဦး ၂ ဖက် အချိန်ကုန် မခံချင်လို့ SelfLove အပြည့်နဲ့ ငြင်းလွှတ်ရတာပါနော်

🌻 No Means No ဆိုတာ တကယ်မကြိုက်လို့ကို ငြင်းတာပါ

🌻တစ်ဖက်က ဘယ်လောက်ပဲ စိတ်နှစ်ထားတယ်ပြောပြော၊ တစ်ဖက်က တုံ့ပြန်မှုမရှိဘူးဆိုရင် တစ်ဖက်သတ်ကြိုးစားမှုတွေဟာ တစ်ဖက်သူအတွက်တော့ အနှောင့်အယှက်ပေးခြင်း သက်သက်ပါပဲ

🌻 အောက်က ပုံလေးကတော့ Gorgeous Students/ Patient/ Client ဖြစ်တဲ့ ကျွန်မ တပည့်ကျော်ရဲ့ Feedback လေးပါ

🌻 သူနဲ့ Homie Heart Call Discussion ဝင်ပေးတုန်းက Future Love Life နဲ့ပတ်သက်သမျှ ပြောပေးလိုက်တာလေးတွေက အခု တစ်ခုပြီးတစ်ခု စအရိပ်ပြနေပြီမို့ သူ့ရဲ့ သက်ဆိုင်သူ Homie Heart ပေါ်လာချိန်ကိုပဲ ကျွန်မတို့တွေ ရင်ခုန်စွာနဲ့ စောင့်နေကြပါပြီ

28/07/2026

💥 Leo Season စစဖွင့်ချင်းကတည်းကနေ ဒီနေ့အထိ ပတ်ဝန်းကျင်အနီးတဝိုက်ရော၊ 💥 ကိုယ်တွေ့ကိုယ်တိုင်ရော မြင်နေ၊ တွေ့နေ၊ ကြုံနေရတဲ့ မြင်ကွင်းလေးကတော့ အောက်ဖော်ပြပါ ပုံအတိုင်းပါပဲကွယ်

💥Fire Sign & Earth Sign တွေက ချေမိုးမှာဖြစ်ပြီး Water Sign & Air Sign တွေက ချေမိုးခံနေရတာပဲ တောက်လျှောက်ကို မြင်တွေ့ကြုံနေရပါတယ်

💥 Fire Sign & Earth Sign တွေဘဝကတော့ တော်ကြပါတော့ ငြင်းရတာ အတော်လေး မောနေပါပြီ မကြိုက်ပါဘူးဆိုနေ အိမ်မှာ မှန်မရှိဘူးလားဆိုတဲ့ Mood

💥 Water Sign & Air Sign တွေကတော့ နင်ချစ်ချစ်မချစ်ချစ် နင့်နောက် ငါလေလိုက်မှာပဲ နင်ကြိုက်ကြိုက်မကြိုက်ကြိုက် ငါအချစ်တွေ ဖွင့်ပြောမှာပဲ ငါရုပ်ဆိုးတယ် ဘာဖြစ်လဲ ငါမည်းတယ် ဘာဖြစ်လဲ မရဘူး မောင်းမထုတ်နဲ့ ချစ်မှာပဲ 😷

Fire Sign= Aries, Leo, Sagittarius
Earth Sign= Ta**us, Virgo, Capricorn

Water Sign= Cancer, Scorpio, Pisces
Air Sign= Gemini, Libra, Aquarius

🌻🍀🦋

24/07/2026

🧡 ချစ်ခြင်းမေတ္တာဆိုတာ ထူးဆန်း၊ ဆန်းကြယ်တယ်ဆိုပေမဲ့လို့ တချို့သူတွေက အချစ်ဆိုတာကို တကယ်မသိကြဘဲ တဒင်္ဂ ရင်ခုန်စိတ်လှုပ်ရှားမှုကို အချစ်လို့ ထင်မှတ်မှားတတ်ကြသလို ခဏတာ တွယ်ငြိမှုကို ရူးသွပ်စွာ အတင်းဆွဲထားရင်း အချစ်လို့ ခေါင်းစဉ်တပ်တတ်ကြတယ်လေ

🧡 တကယ်တမ်းတော့အချစ်ဆိုတာ သနားအောင် အတင်းဒရမ်မာတွေ ခင်းပြပြီး တောင်းယူရတာမျိုးမဟုတ်သလို အတင်းအကြပ် ခြိမ်းခြောက်ပြီး ဘေးနားဆွဲထားရတာမျိုးလည်းမဟုတ်နေဘူးရယ်

🧡 နှလုံးသားရေးရာနဲ့ပတ်သက်ရင် တချို့သူတွေအတွက်က ပေးဆပ်ခြင်းသက်သက်ဆိုပေမဲ့လို့ တချို့သူတွေအတွက်ကျတော့ အတ္တကြီးလွန်းလှပြန်တယ်

🧡 ဘယ်လောက်ပဲ ချစ်ပါတယ်တဖွဖွပြော၊ ချစ်ဟန်ဆောင်ပြနေပါစေ ကိုယ့်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရပြီဆိုရင် ဒါဟာ အချစ်မဟုတ်တော့တဲ့ အတ္တကြီးတစ်ကိုယ်ကောင်းဆန်စွာ နှောင့်ယှက်ခြင်းပါပဲ

🧡 ခံစားချက်ကို ဖွင့်ပြောလိုက်ခွင့်ရှိတယ်ဆိုပြီး ခေါင်းမာပြတယ်ဆိုရင်လည်း တစ်ဖက်က မကြိုက်လို့ မကြိုက်ကြောင်း ပြောပြီး ငြင်းနေတာတောင် မရမကအတင်းလိုက်ကပ်နေတာဟာ အချစ်မဟုတ်တော့တဲ့ နှောင့်ယှက်ခြင်းပါ

🧡 မနေ့က ကျွန်မ Secretary ရွှေဝါနဲ့ အလုပ်ကိစ္စ စကားပြောဖြစ်ကြရင်းက Soul Contract အကြောင်းတွေ Astro အကြောင်းတွေ ပြောရင်းက ဒုတိယမြောက်ရှန်ကာအကြောင်းပြောဖြစ်ကြတယ်

🧡 ရှန်ကာတစ်ယောက် မူတီကို ပြောတဲ့ စကားတစ်ခွန်းက တော်တော် ကျောချမ်းဖို့ကောင်းတယ်ရယ် ငါလုပ်ခဲ့သမျှက နင်ပြန်ချစ်လာဖို့အတွက်ပဲတဲ့ နင့်အနားမှာ ငါနေရဖို့၊ နင့်ကို လက်ထပ်ရဖို့အတွက်ပဲ ငါအားလုံးလုပ်ခဲ့တာတဲ့လေ

🧡Universe က စာမေးပွဲ မအောင်မချင်း တူညီတဲ့ pattern - looping တစ်ခုကို ပြန်ပြန်ပို့ပြီး test စစ်တတ်တာကို သိပေမဲ့ ပထမတစ်ခေါက်တုန်းက တစ်ဖက်သူကို သနားပြီး guilty ဖြစ်မိတာရှိလို့ထင်ပါတယ် အခုဒုတိယအကြိမ်မြောက် ရှန်ကာတစ်ယောက်ကို ထပ်လွှတ်လိုက်ပြန်ပါတယ်

🧡 ပထမအကြိမ် ဘဝမှာ မူတီဘဝရောက်သွားတုန်းကလည်း Therapist- Patient Boundaries နဲ့ သေချာ ပြတ်ပြတ်သားသား အပြီးသတ် ရုန်းထွက် ငြင်းလွှတ်နိုင်ခဲ့သလိုပဲ အခု ဒုတိယမြောက် ရှန်ကာမှာလည်း professional ပတ်သက်မှုရဲ့ boundaries ထက်ကျော်ပြီး သနားအားနာညှာတာမှု မရှိ ဆုံးဖြတ်နိုင်ခဲ့တာမို့ တတိယမြောက် ရှန်ကာကို ဘဝမှာ လုံးဝ ထပ်မပေါ်လာစေချင် မဆုံစေချင်တော့ဘူးရယ်

💥 ရှန်ကာအကြောင်း ပထမ post 💥

💗 အချစ်ဆိုတာ လူသားတစ်ယောက်ကို လူကောင်းပကတိအသစ်အတိုင်း ပြန်လည်မွေးဖွားစေနိုင်သလို ဘဝတစ်ခုလုံး စုတ်ပြတ်သွားစေတယ်

💗 အချစ်ဆိုတာ Healthy ဖြစ်ဖြစ် ချစ်တတ်ရင် ဆေးဆိုပေမဲ့ အချစ်မတတ်ရင် Unhealthy ဖြစ်ပြီး အဆိပ်ထက်ပိုပြင်းပါတယ်

💗 အချစ်ကြောင့် ဒဏ်ရာရနာကျင်နေတဲ့ လူတစ်ယောက်ရဲ့Energy က အကောင်းဘက်ကို စုံလုံးကန်ရပ်လိုက်ရင်လည်း အတော်ဆုံးလူတစ်ယောက်ဖြစ်သွားနိုင်သလို အဆိုးဘက်ကို တဇောက်ကန်းရပ်လိုက်တဲ့အခါမှာလည်း အရက်စက်ဆုံးနှလုံးသားမဲ့တဲ့ သူတစ်ယောက်ဖြစ်သွားစေနိုင်ပါတယ်

💗 အချစ်ဆိုတာ သူ့အလိုလိုဖြစ်တည်တယ် တစ်ခါတစ်လေ ထိန်းချုပ်မရအောင်ကို အကန့်အသတ်မဲ့တယ်ဆိုပေမဲ့လို့ တစ်ဖက်သတ်အရမ်းကိုနစ်နစ်နဲနဲချစ်မိသွားတဲ့အခါမှာ တစ်ဖက်က ရင်ခုန်သံက ကိုယ်နဲ့ ထပ်တူကျမနေတဲ့အခါ မြေပေါ်ကြိုးပြတ်လဲကျတတ်ကြရပြန်တယ်

💗 ကိုယ့်ဘဝရဲ့ ကောင်းခြင်းဆိုးခြင်းပျော်ရွှင်ခြင်းအရာရာကို တစ်စုံတစ်ယောက်အတွက် ပုံအပ်လိုက်မိချိန်မှာ တစ်ဖက်အတွက် လက်မခံနိုင်ရုံတင်မက ဝန်ထုပ်ဝန်ပိုးအထိဖြစ်သွားတတ်တယ်ဆိုတာ ကျွန်မ client/ patient တွေကို အမြဲပြောပြပါတယ် ဘာလို့ဆိုရင် အဲ့လို ဝန်ထုပ်ဝန်ပိုးမျိုးကို ကျွန်မရဲ့ Patient/ Client တချို့ဆီက ကျွန်မရခဲ့ဖူးလို့ပါပဲ အရာအားလုံးကို ဆရာမ ဖြေရှင်းပေး ဆရာမ ကုပေး ဆရာမ ရှင်းပြဆိုပြီး မှီခိုပစ်လိုက်တဲ့အခါ ကျွန်မအရမ်း ပင်ပန်းခဲ့ရတယ်

🐦‍🔥 ရှန်ကာဆိုတဲ့ကောင်လေး တစ်ယောက်ပေါ့ ကျွန်မလက်တွေ့ဘဝမှာ တကယ့်ရှန်ကာကို မြင်ခဲ့ဖူးခဲ့တယ် အဲ့တုန်းကဆို ကျွန်မအသက် ၃၀ မပြည့်သေးဘူး ၂၀ ကျော်ပဲရှိသေးတယ်ရယ်

🐦‍🔥 အပြင်ဘဝက ရှန်ကာက ရုပ်ရှင်ထဲက ရှန်ကာလိုပဲ အမေ မရှိဘူး ဖခင်အိုကြီးနဲ့ တိုက်ခန်းသေးသေးကျဉ်းကျဉ်းလေးမှာ ငှားနေရရှာတာ သူလည်း ရုပ်ရှင်ထဲက ရှန်ကာအတိုင်း အရမ်းဆိုးတယ် ထစ်ကနဲဆို ရန်ဖြစ်တယ် ဒေါသအရမ်းကြီးတယ် ပြီးတော့ အငြိုးအရမ်းကြီးတယ် ကောင်းကွက်က ဉာဏ်ကောင်းတယ် အိပ်မက်ကြီးတယ် ကြိုးလည်းကြိုးစားတယ် ဒါကြောင့်လည်း လက်ရှိမှာ Indian Army ကအတော်ဆုံး လေယာဉ်မောင်းလေသူရဲဖြစ်နေတာ

🐦‍🔥 ရုပ်ရှင်ထဲက မူတီက Ph.D စာတမ်းအတွက် ရှန်ကာကို Thesis အတွက် ပြုပြင်ပေးရပေမဲ့ ကျွန်မကတော့ Thesis အတွက်တင်မက Therapist တစ်ယောက် အဖြစ် ကိုယ့်ကိုယ်ကိုယ် challenge ခေါ်တဲ့အနေနဲ့ ကုသရအရမ်းခက်ခဲတဲ့ ရှန်ကာလို လူဆိုးတစ်ယောက်ကို ရအောင် ကုသမယ်ဆိုတဲ့ experience အတွက် လူနာတစ်ယောက်လိုရော မိတ်ဆွေတစ်ယောက်လိုပါ စကားပြောရင်း သူ့အကြောင်းတွေ ပိုပိုသိလာရတယ်

🐦‍🔥 ကြက်သွန်နီခွာလိုက်သလိုပါပဲ တစ်လွှာပြီးတစ်လွှာ သူ့ရဲ့ ဘဝတလျှောက်က စိတ်ဒဏ်ရာတွေဆိုတာ Discussion တစ်ချိန်ထက်တစ်ချိန် ကျွန်မ သိသိလာရတယ်

🐦‍🔥 စစချင်းတော့ ရုပ်ရှင်ထဲက မူတီအတိုင်း ကျွန်မ အရမ်းပင်ပန်းခဲ့ရသလို ထစ်ကနဲဆို ရန်ဖြစ်၊ အရွဲ့တိုက်၊ လောကကြီးကို တမင်စိတ်နာနေတဲ့ ရှန်ကာကို ထိန်းကြောင်းပြုပြင်ဆုံးမရတာ အတော်လေး မလွယ်ခဲ့တာပါ

🐦‍🔥 ဒါပေမဲ့ စိတ်ရှည်လက်ရှည် ဖြောင်းဖျပြီး သေချာ နားလည်အောင် ရှင်းပြပေးတဲ့ ကျွန်မကြောင့် လအနည်းငယ်ကြာတဲ့အခါမှာ ရှန်ကာတစ်ယောက် လုံးဝပြောင်းလဲတည်ငြိမ်သွားခဲ့တယ်

🐦‍🔥 ထစ်ကနဲဆိုရန်ဖြစ်ဖို့က စာသေချာလုပ်တတ်လာတယ် သူများကိစ္စထက် သူ့ကိစ္စသူ ပိုစိတ်ဝင်စားလာတယ် မလုပ်နဲ့လို့ မှာထားတဲ့ ကိစ္စတွေဆိုရင် ၂ ခါပြောစရာမလိုအောင်ကို ရှောင်တတ်လာတယ်

🐦‍🔥 ဒါပေမဲ့ ပြဿနာက ရှန်ကာဘဝအတွက် မူတီသည်သာ အရာရာဖြစ်လာသလိုမျိုး အရိပ်အယောင်တွေ ပြလာခဲ့တယ်

🐦‍🔥 မူတီသာ တစ်ခွန်းပြောလိုက် ဘာမဆို ရှန်ကာက ရအောင်ဖြစ်အောင်လုပ်မယ် တစ်ခုပဲ သူ့ဘေးနားမှာ မူတီရှိနေမှဖြစ်မယ် မဟုတ်ရင် သူဘာမှ ဆက်လုပ်မှာမဟုတ်ဘူး အကုန်ရပ်ပြီး အရင်လို ပြန်ဆိုးပြန်တေမှာပဲဆိုတဲ့ ပုံစံမျိုးပေါ့

🐦‍🔥 မူတီမှာလည်း ကိုယ်ပိုင်ဘဝဆိုတာရှိတယ် ရှန်ကာနဲ့မူတီဆိုတာ living standards တွေတင်မက အမျိုးဇာတ်ဆိုတဲ့ မိသားစုကျောထောက်နောက်ခံ background လည်းမတူ အတွေးအခေါ် အယူအဆ နေထိုင်ရှင်သန်ပုံချင်း တခြားစီရယ်

🐦‍🔥 ကိုယ့်မိသားစု၊ မိဘရဲ့ ပြုစုပျိုးထောင်ပုံတင်မက အတွေးအခေါ်တွေ ကြီးပြင်းလာတဲ့အသိုင်းအဝိုင်းဘာဆို ဘာမှမတူတဲ့ ရှန်ကာကို မူတီဘက်က Thesis အတွက်ရယ်၊ လူသားချင်းစာနာမှုရယ်အတွက် ကုသပေးနေတဲ့ patient တစ်ယောက်ထက် မပိုနိုင်ဘူးလေ

🐦‍🔥 အဲ့မှာ ရှန်ကာစပြီး ပြဿနာတက်တော့တာပါပဲ တစ်ဖက်သတ် သဝန်တွေတိုတယ် မူတီရဲ့ အာရုံစိုက်မှုကိုရဖို့ ကိုယ့်အသက် ကိုယ်ပြန်ရန်ရှာတာတွေပါ လုပ်လာတယ် ပိုဆိုးတာက သူနဲ့မတွေ့ခင်ကတည်းက မူတီဘဝထဲမှာရှိခဲ့တဲ့ သူ့ထက်အရင်ခင်မင်ရင်းနှီးခဲ့တဲ့ မူတီဘေးက လူတိုင်းအပေါ် သူမုန်းတီးလာခဲ့တာပဲ

🐦‍🔥 ရုတ်တရက်ကြီး မီးတောက်လို လောင်လာခဲ့တဲ့ ဒီအခြေအနေကြီး တစ်ခုလုံးကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် မူတီမှာ solution မရှိနေခဲ့ဘူး သူနဂိုကတည်းက ရှန်ကာကို ကူညီကတည်းက ပြောခဲ့တယ် ဒီပတ်သက်မှုက အလုပ်သဘောအရဖြစ်တဲ့အတွက် အလုပ်ကိစ္စထက် မပိုဘူးဆိုတာကိုပေါ့

🐦‍🔥 ရှန်ကာက ပြောင်းလဲသွားပါတယ် တော်တော်လေးလည်း ဘဝကောင်းသွားတယ် ဒါပေမဲ့ ဒါတွေအားလုံးက မူတီမရှိရင် အရင်ထက်ပိုဆိုးတဲ့ ငရဲအထိ ဆင်းသွားမယ်ဆိုတာ မူတီရော ရှန်ကာရော ၂ ယောက်စလုံးသိနေကြတယ် သူ့ဘဝမှာ မိခင်မေတ္တာကိုရော နွေးထွေးမှုဆိုတာပါ မရဖူးခဲ့တဲ့ ရှန်ကာတစ်ယောက် မူတီအပေါ် လိုအပ်တာထက် စွဲလန်းမှုတွေ တစ်နေ့တခြား ပိုပိုတိုးပြီး အရူးရင့်လာခဲ့တယ်

🐦‍🔥 မူတီအတွက်ကတော့ စေတနာနဲ့ ဘဝကို ပြောင်းလဲပေးမိကာမှ အရာအားလုံးက သူ့ပခုံးပေါ် ပုံကျလာသလိုဖြစ်ခဲ့ရတော့ အရမ်းက်ို ကျဉ်းထဲကြပ်ထဲရောက်ခဲ့တာပေါ့

🐦‍🔥 ရှန်ကာဘက်ကကြည့်တော့လည်း သူ့ဟာသူ မိလ္လာမြောင်းထဲက ကြွက်ဘဝနဲ့နေရတာ အသားကျနေတာကို ဘာလို့ လူဖြစ်အောင် လုပ်ပေးပြီးမှ တိရိစ္ဆာန်ဖြစ်အောင် ထပ်လုပ်ရတာလဲပေါ့ (မူတီ သူ့ဘေးနားရှိနေချိန်ဆို သူဟာလူဖြစ်နေပြီး မူတီသာ သူ့ဘေးနားမရှိဘူးဆိုရင် သူဟာ အင်မတန်ဒေါသထွက်ပေါက်ကွဲလွယ်တဲ့ လူကြမ်းတစ်ယောက်ပြန်ဖြစ်သွားတဲ့အတွက် တိရိစ္ဆာန်လိုပဲလို့ပြောတာပါ)

🐦‍🔥 ရုပ်ရှင်ထဲက မူတီကတော့ သူ့အဖေကို အကူအညီတောင်းပြီး ဒီမဖြစ်နိုင်တဲ့ ဇာတ်လမ်းကြီးကို အဆုံးသတ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဇွဲကြီးလွန်းတဲ့ ရှန်ကာရဲ့အချစ်ကြောင့် နောက်ဆုံးမှာ မူတီကိုယ်တိုင် ကြိုးပျက်ပြီး ဘဝတစ်ခုလုံး ပျက်စီးခဲ့တယ်ပေါ့

🐦‍🔥 ရှန်ကာရဲ့အချစ်က မိုက်ရူးရဲဆန်လွန်းပေမဲ့ နှလုံးသားပြည့်ဝလွန်းပြီး လေးနက်လွန်းတော့ တခြားသူဘယ်သူဘယ်လောက် ချစ်ချစ် ရှန်ကာလောက် သူ့အပေါ်ချစ်တယ်လို့ မူတီ မခံစားရတော့ဘူးလေ သူကိုယ်တိုင်ရွေးထားတဲ့ သူအရမ်းချစ်ခဲ့တဲ့ သတို့သားလောင်းကိုတောင် မင်္ဂလာဆောင်နေရင်းတန်းလန်း ပွဲမပြီးသေးခင်ပွဲမှာ ထားပစ်ခဲ့မိတဲ့အထိကို အချစ်ကြောင့် ပျက်စီးခဲ့ရတာ

🐦‍🔥 ဒီနေရာမှာ မူတီက Therapist တစ်ယောက်မဟုတ်ပေမဲ့ India က Ph.D တင်မက US မှာပါ Post Graduated Ph.D အထိကို ပညာသင်ယူထားတဲ့ Counsellor တစ်ယောက်အနေနဲ့ shock ဖြစ်စရာ အခြေအနေကို ကိုယ်တိုင်ကြုံလာတဲ့အခါ Handle မလုပ်နိုင်ခဲ့ဘဲ စိတ်ဒဏ်ရာတွေရ စိတ်ထွက်ပေါက်အဖြစ် အရက်စွဲ၊ ဆေးလိပ်စွဲနဲ့ အသက်ငယ်ငယ်လေးနဲ့ပါ ဆုံးခဲ့ရတယ်ပေါ့လေ

💗 ကျွန်မကတော့ Therapist တစ်ယောက်အနေနဲ့ သိသင့်သိထိုက်၊ ရှောင်သင့်ရှောင်အပ်တာတွေ၊ စိတ်နေစိတ်ထားတွေပါအကုန်လုံးကို စာတွေ့တင်မက လက်တွေ့ situation တိုင်းမှာ လက်တွေ့ applied လုပ်နိုင်ခဲ့ပြီး ကျွန်မအတွက် Toxic ဖြစ်နေတဲ့ Patient ရှန်ကာကို အတိတ်မှာပဲ ထားခဲ့ပါတယ်

💗 ကျွန်မတပည့်လေးတွေကိုလည်း Psychotherapy အတန်းမှာရော Therapeutics အတန်းမှာပါ ဘယ်လို patient ဆိုရင် ဘယ်လို Handle လုပ်မယ် စိတ်ကိုထားမယ်ဆိုတာတွေ သေချာသင်ပေးထားပါတယ်

💗 အဖြစ်အပျက်က ကြာခဲ့ပြီဆိုပေမဲ့ အဲ့တုန်းက အဖြစ်အပျက်က ကိုယ်တွေ့အတွေ့အကြုံဖြစ်နေလေတော့ အခုထက်ထိကို တစ်ခါတစ်ခါ ခြောက်လှန့်နေသေးတယ်ဆိုတာတော့ အမှန်ပါ ကိုယ့်ဘက်က ရိုးရိုးသားသား Patient ပဲဆိုပေမဲ့ သူ့ဘက်ကတော့ တစ်ကမ႓ာဖြစ်မှန်းမသိ ဖြစ်နေခဲ့ပြီး ရူးနေခဲ့တာရယ် အရမ်းတိုက်ဆိုင်တာက ရုပ်ရှင်ထဲမှာ မူတီပြောခဲ့တဲ့စကားတချို့ကို ကျွန်မက အပြင်မှာ ရှန်ကာကို ပြောခဲ့ဖူးတာပါပဲ

🐦‍🔥အခုရက်ပိုင်းအတွင်း အချစ်နာကျနေတဲ့ patient/ client တွေကို One on One call discussion ဝင်ပေးရတာရော၊ တစ်ချိန်က ကျွန်မ therapist အဖြစ်ကြည့်ပေးနေတဲ့ လူနာတစ်ယောက်ရဲ့ ကျွန်မ ထားရှိခဲ့တဲ့စိတ်ထားအပြုအမူတွေနဲ့ အဖြစ်အပျက်တချို့ဆင်တဲ့ ရုပ်ရှင်တစ်ကားကြည့်မိတာရောနဲ့ ဒီစာလေးကို ရေးဖြစ်ပါတယ်

23/07/2026

💛 Sun Virgo တွေအကြောင်းပြောရရင် တော်တယ် ကြိုးစားချင်စိတ် အရမ်းရှိတယ် Perfectionist တစ်ယောက်ပီပီ ရည်မှန်းချက်ကြီးတယ်

💛 အမှတ်သညာကောင်းတယ် တစ်ခုခုဆိုရင် မှတ်မိလွယ်ပြီး အမှတ်အတေးထားတတ်တယ်

💛 စိတ်ဓာတ်မာကြော ကြံ့ခိုင်ပေမဲ့ နည်းနည်းတော့ အပျင်းတစ်တတ်လို့ တွန်းအား တစ်ခုခုတော့လိုပါတယ်

💛 ကျော်ဇော်အောင်မြင်မှုကို လွယ်လွယ်နဲ့ ဘယ်တော့မှ မရပေမဲ့ အမြဲကြိုးစားနေတာမို့ ထိုက်သင့်တဲ့နေရာတစ်ခုတော့ အမြဲရတတ်ပါတယ်

💛 အချစ်ရေးမှာ လူချစ်လူခင်များပြီး စန်းပွင့်ပေမဲ့ အိမ်ထောင်ရေးအတွက် မျက်နှာမများ တစ်ယောက်ဆိုတစ်ယောက် သေတဖန်သက်တဆုံး လက်တွဲသွားတတ်ကြပါတယ်

💛 အလုပ်မှာဆို ပင်ပန်းပေမဲ့ မျက်နှာကောင်းမရဘဲ အထက်လူကြီးဆီက အမြဲဖိနပ်ရတတ်ပေမဲ့ လုပ်ဖော်ကိုင်ဖက်အပေါင်းရဲ့ ချစ်ခင်လေးစားအားကျခြင်းကို အမြဲခံရတတ်ပါတယ်

💛 သူတို့စိတ်ထဲရှိတဲ့သူဆိုရင် အရမ်း လေးလေးနက်နက် ဂရုစိုက်ဖေးမတတ်ပေမဲ့ သူတို့အတွက်ဘောင်မဝင်တဲ့သူဆိုရင်တော့ ဘာတုံ့ပြန်မှုကိုမှ မပေးတတ်တာ Virgo တွေပါပဲ

💛 Mother Earth Energy Influence ကြောင့် မိခင်စိတ်ရှိပြီး အရမ်းနွေးထွေးပေမဲ့ စိတ်ပျက်အောင်လုပ်ရင်တော့ မြေဓာတ်ဖွားရာသီခွင်ပီပီ အရမ်းလျစ်လျူရှုတတ်အေးစက်မာကြောတတ်ပါတယ်

💛 ခွင့်လွှတ်တတ်ပေမဲ့ စိတ်ပြေဖို့ ခက်ခဲသလို လိမ်ညာခြင်းကို အင်မတန်မုန်းတီးတဲ့ရာသီခွင်ဖြစ်ပါတယ်

💛 စိတ်ကူးယဉ်ဘဝထက် လက်တွေ့ဘဝကို စနစ်ကျကျ ဖြတ်သန်းခဲ့ရသူတွေ ပီပီ တစ်ခုခုဆိုရင် ထိုင်စဉ်းစားဖို့ထက် လက်တွေ့အကောင်အထည်ဖော်တတ်ပါတယ်

💛 Virgo မိန်းကလေးတွေက မိဘ ဆွေမျိုးအပေါ် အရမ်းကောင်းကျိုးပေးပြီး မိသားစုဒဏ်အရမ်းခံတတ်ကြပါတယ်

💛 သံယောဇဉ်အလွန်ကြီးတာကြောင့် တစ်ခုခုနဲ့ ယှဉ်ရွေးချယ်ရတိုင်း မိသားစုကိုသာ အမြဲဦးစားပေးတာကြောင့် တချို့နေရာတွေမှာ ဖြစ်ထွန်းပေါက်မြောက်သင့်သလောက် မရောက်ပေမဲ့ အမြဲ ကျေနပ်တင်းတိမ်နေတတ်ကြသူတွေပါ

💛 Virgo တွေက ဖြောင့်မတ်ကြပေမဲ့ ကံဆိုးစွာဘဲ သူ့ဖြောင့်မတ်မှုကို အမြဲ အခွင့်ကောင်းယူပြီး အသုံးချတတ်သူတွေ ရှိတာမို့ နာမည်ဆိုးနဲ့ ကျော်ကြားရပြန်ပါတယ်

Sun/ Moon/ Venus/ Rising/ Jupiter နဲ့ ပတ်သက်သမျှ
https://www.facebook.com/102190788015630/posts/187474272820614/?d=n

၁၂ ရာသီခွင်အကြောင်း မှတ်စု ၁

https://www.facebook.com/102190788015630/posts/245271817040859/?extid=0&d=n

၁၂ ရာသီခွင် မှတ်စု ၂
https://www.facebook.com/102190788015630/posts/415569893344383/?extid=0&d=n

Sun signs
https://www.facebook.com/102190788015630/posts/340578540843519/?extid=0&d=n

ရာသီခွင်အကြောင်းများ စုစည်းခြင်း ၃ https://www.facebook.com/102190788015630/posts/437930774441628/?d=n

🦋❤️Intuition and Energy can’t be faked 🦋❤️
🌻May NiNi Oo🌻 Gorgeous 990🌻
🌻🍀🦋

12/07/2026

🍀 အငြိမ်သက်ဆုံး၊ အတိတ်ဆိတ်ဆုံးနဲ့အတည်ငြိမ်ဆုံးလူတစ်ယောက်ရဲ့ အနာကျင်ဆုံးအပြင်းထန်ဆုံးအသံတိတ်အော်သံကို အဲဒီ့သူကို တကယ်ချစ်တဲ့သူ၊ ဂရုစိုက်တဲ့သူကပဲ ကြားနိုင်ပါတယ်

🍀 မယုံမရှိနဲ့နော် Virgo တွေမှာရှိတဲ့ Super Power က သူများအပူ၊ ဒဏ်ရာ၊ နာကျင်မှု၊ ဝမ်းနည်းမှုတွေကို ကာယကံရှင် ဘာမှ မပြောဘဲ အကုန်ခံစားသိရှိတာပဲရယ်

🍀ကျွန်မသူငယ်ချင်းနဲ့ ကျွန်မကြားမှာ နေ့တိုင်း စာတွေမပို့ဖြစ်သလို နေ့တိုင်း video call/ phone call မပြောဖြစ်ဘူး တစ်ခါတစ်လေဆို သူမအား၊ ကိုယ်မအားနဲ့ ၃/၄ လကို အဆက်ပြတ်နေတတ်တာပါ

🍀 သူလည်း သူ့အလုပ်နဲ့သူ အလုပ်ရှုပ်နေတတ်သလို ကိုယ်ကလည်း ကိုယ့် patient/ client နဲဲ့ကိုယ်တောင် အချိန်မအားနိုင်ဘူးရယ်

🍀နိုင်ငံချင်းလည်းမတူဘူး Working hours & work nature ချင်းလည်းတူမနေပေမဲ့ သူ့မှာ တစ်ခုခုဆိုတိုင်း သူဘာမှ မပြောရင်တောင် ကျွန်မဟာကျွန်မ သိပြီး အမြဲ စိတ်ရင်းနဲ့ ကူတတ်သလောက် ကူပေးသလို ကျွန်မ အရမ်းငြိမ်နေပြီဆိုရင်လည်း တစ်ခုခုဖြစ်နေပြီဆိုတာ သူအမြဲ သိတယ်ရယ်

🍀ကိုယ်ဘာဖြစ်နေနေ ဘယ်သူ့ကိုမှ အပူမပေးတတ်ဘဲ ငြိမ်ငြိမ်လေးနေတတ်တဲ့ ကျွန်မအတွက်တော့ ခင်လေးက အရာရာကို အကုန် နားလည်ပေးတတ်တဲ့ သူငယ်ချင်းကောင်းပဲ

🍀Leoဂါလူဆာမနဲ့ ခင်လေးဆိုတာ မွေးကတည်းက ခင်လာတဲ့ အနှစ် ၃၀ ကျော်ငယ်သူငယ်ချင်းပါ

🍀 ဒါပေမဲ့ လီယိုမရဲ့ ပြဿနာကိုတုံ့ပြန်ပုံနဲ့ Virgo ခင်လေးရဲ့ ပြဿနာကို တုံ့ပြန်ပုံက အရမ်းကွာခြားပါတယ်

🍀 ကြုံတုန်းလေး ပြောရရင် ကျွန်မတပည့်ထဲမှာလည်း အနှစ် ၂၀ ကျော် ရန်ဖြစ်ပြန်ချစ် တွဲလာတဲ့ Leo + Virgo အတွဲရှိတယ်ရယ်

🍀 Leo တွေရဲ့ တူညီတဲ့အချက်ကလေ ကျွန်မသူငယ်ချင်းရော၊ ကျွန်မတပည့်ရော သူတို့ပြောချင်တာကို တိုက်ရိုက် လာမပြောကြဘဲ ကြားခံအဖြစ် Virgo သူငယ်ချင်းနဲ့ Virgo တပည့်လေးကို ပြောခိုင်းကြတာပါပဲ

🍀 Virgo တွေက စိတ်ထဲမရှိရင် ဘယ်သူဘာဖြစ်ဖြစ် သိလည်းမသိသလို အာရုံလည်းမရှိပေမဲ့ သူတို့တကယ် ချစ်တဲ့ခင်တဲ့စိတ်ထဲရှိတဲ့သူဆိုရင် တစ်ဖက်က ဘာမှမပြောဘဲ အသံတိတ်နေတာကိုတောင် သူ့နားထဲမှာ အကုန်ကြားနေသလိုကို စိတ်ထဲက အကုန်သိနေတာမျိုးပါ

🍀Leo တွေကျတော့ သိတယ်မဟုတ်လား ဂရုကလည်း စိုက်ချင်၊ ချေကလည်းချေချင်၊ တစ်ခါတစ်လေကျရင်လည်း တမင် မသိသလိုဟန်ဆောင်ရင်းက သည်းသည်းလှုပ်ချစ်ပြပြန်ရောရယ် (ဂေါက်သီး sign အစစ်ပါ Leoတွေဆိုတာ)

🍀ကျွန်မရဲ့ Aspects တွေကလည်း ထူးခြားတယ်ရယ် ဘဝမှာ Leo+ Virgo သူငယ်ချင်းအတွဲတွေနဲ့ သူငယ်ချင်းရော တပည့်ရော ဖြစ်ရရုံတင်မက အဲ့အတွဲတွေကလည်း ကိုယ့်အတွက် တကယ်စိတ်ထဲကနေကို စေတနာ မေတ္တာနဲ့စိတ်ရင်းစေတနာပါကြတယ်

🍀 ခေါင်းမာဆိုးသွမ်းချေမိုးပါတယ်နာမည်ကြီးတဲ့ Scorpio တွေဆိုလည်း သူငယ်ချင်းရော တပည့်ရော ကိုယ့်အပေါ် အရမ်း မေတ္တာစေတနာရှိကြတာရယ်

🍀 Soul Contract အရ အချိန်ကိုက် မွေးလာရတယ်ဆိုပေမဲ့လည်း ကိုယ့်အတွက် အကောင်းဆုံးအရာတွေရအောင် အကြာကြီး ဗိုက်အနာခံရင်း Divine Timing အချိန်ကိုက်မွေးပေးတဲ့ အမေ့ကိုလည်း ကျေးဇူးတင်ရပါတယ်လေ

10/07/2026

💝 လူတစ်ယောက် ကိုယ့်ဘေးမှာ သက်ဆုံးတိုင်အမြဲရှိနေဖို့ဆိုတာ lifetime soul contract တစ်ခုနဲ့ အချစ်တစ်ခုပဲ အဓိက လိုတယ်ရယ်

💝 ရေစက်ဆိုတဲ့အရာကို Soul Contract က ဆုံးဖြတ်ပါတယ်

💝 Soul Contract ထဲမှာ ပါတဲ့အတိုင်း ဒီလူက ကိုယ့်ဘေးမှာ အချိန်ကာလ ဘယ်လောက်ကြာကြာရှိမယ်ဆိုတဲ့ အချိန်အတိုင်းအတာအထိပဲ အတူရှိခွင့်ရကြပါတယ်

💝 University Students ဘဝထဲကနေ ဆယ်နှစ်ကျော်တွဲလာခဲ့ပြီး တရားဝင်လက်ထပ်ထားတာ ၃ နှစ်မပြည့်သေးတဲ့ ကျွန်မ အသိမောင်လေးတို့အတွဲ ဟိုတစ်လကပဲ ကွာရှင်းပြတ်ဆဲသွားရောရယ်

💝 အဲ့မတိုင်ခင် ၃/၄ လလောက်ကတည်းက အဲ့ကောင်လေးနဲ့ တခြားသူစိမ်းမိန်းကလေးတစ်ယောက်ရဲ့အလုပ်နဲ့မှာ communicate လုပ်ဆက်ဆံနေတဲ့ ပြောဆိုဆက်ဆံမှုမှာ ပုံမှန်ထက်ပိုတဲ့ chemistry တစ်ခုရနေတာကို ကျွန်မခံစားမိပေမဲ့ ဘယ်သူ့ကိုမှ ကျွန်မ မပြောခဲ့မိပါဘူး

💝 အမှန်အတိုင်းပြောရရင် သူတို့ ၂ ယောက်ကြားက chemistry က တခြားသော သာမန် သွေးရိုးသားရိုးယောကျာ်းလေး၊ မိန်းကလေး colleagues ကြားက energy မျိုးမဟုတ်နေတာကြီးကို first glance မှာတင် ခံစားမိလိုက်ပေမဲ့လည်း ဪ ကောင်လေးက သူ့မိန်းမကို အရမ်းချစ်ရှာတာပဲလေ မဟုတ်လောက်ပါဘူးပေါ့ဆိုပြီးပဲ အာရုံပြောင်းခဲ့လိုက်တယ်

💝 ကိုယ့်အတွေး၊ ကိုယ့်အမြင်၊ ကိုယ့် sense ကို ကိုယ့်စိတ်ထဲမှာပဲ ထားပြီး နေနေခဲ့ပေမဲ့ ၄ လမပြည့်ခင်မှာတင် အိမ်ထောင်ကွဲပြီဆိုတာကို ကြားလိုက်ရချိန်မှာ ဟယ် ကနဲ ဖြစ်ရတော့တာပါပဲ

💝 ယောကျာ်းလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ်၊ တစ်ယောက်ယောက်ကို ချစ်မိသွားပြီဆိုရင်လေ မျက်လုံးအကြည့်တွေ၊ Body Language တွေ၊ စကားပြောတဲ့လေသံအသွားအလာ၊ လေယူလေသိမ်းတွေက အစ မတူတော့ဘဲ ဖုံးထားလို့မရတဲ့ ရင်ခုန်သံတိုးတိုးလေးတွေကပ်ပါလာတတ်ပါတယ်

💝 နှစ်ယောက်နှစ်ဦးသဘောတူစည်းချက်ကျတဲ့ ရင်ခုန်သံဆိုရင်တော့ ဘေးလူတွေပါ တစ်ချက်ကြည့်ရုံတင် သိသာတဲ့ chemistry တစ်ခုပါ

💝 ခုနကအကြောင်းပြန်ဆက်ရရင်တော့လေ အိမ်ထောင်တစ်ခုပြိုကွဲတယ်ဆိုတာ ဘာရယ်ညာရယ် အထင်အမြင်မပေးချင်ပေမဲ့လို့ အဓိကက သူတို့ ၂ ယောက်ရဲ့ soul contract ပါပဲ

💝ရေစက်ဆိုတာ soul contract ထဲမှာ အချိန်ကာလတစ်ခုအထိပဲ ပါတဲ့သူတွေက ဘယ်လောက်ပဲ ဆယ်နှစ်ကျော် ချစ်ခဲ့ပါတယ် တွဲခဲ့ပါတယ်ပြောပြော အချိန်တန်ရင် ချစ်လျှက်နဲ့လည်း လမ်းခွဲကြတတ်ရသလို မချစ်တော့ဘဲ အမုန်းနဲ့လည်း ကွဲကွာတတ်ကြရပါတယ်

💝 မသေချာတော့တဲ့ မနက်ဖြန်တွေမှာ တကယ်သေချာတာကတော့ Today ဒီနေ့ဆိုတဲ့အချိန်လေးပါ လက်ရှိမှာ သေချာတာကတော့ Now ဆိုတဲ့အခုအချိန်ဖြစ်တဲ့အတွက် ချစ်ရင် ချစ်တဲ့အကြောင်းလေး သေချာပြောပြပြီး အမှတ်တရကောင်းလေးတွေ အတူတူဖန်တီးကြနိုင်ပါစေရှင်

Want your business to be the top-listed Gym/sports Facility in Srinagar?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Kashmir
Srinagar