06/07/2026
Diet လုပ်နေတာကြာပြီ… ဒါပေမဲ့ မှန်ထဲမှာ ဘာမှမပြောင်းလဲသလို ခံစားနေရလား?
အဲ့အချိန်မှာ လူအများစုက စိတ်လောပြီး အမြန်ဆုံး အဆီကျမယ့်နည်းလမ်းတွေကို လိုက်ရှာတတ်ကြတယ်။
ဒါပေမဲ့ တကယ်ပြောရရင် Fat loss ဆိုတာ မျဉ်းဖြောင့်လိုမျိုး တစ်ချိန်လုံး တန်းကျသွားတာ မဟုတ်ပါဘူး။
ခန္ဓာကိုယ်ထဲက ရေဓာတ်၊ Glycogen နဲ့ အစာအိမ်ထဲက အစားအစာပမာဏတွေကြောင့် ခန္ဓာကိုယ်က နေ့တိုင်း အနည်းငယ် ပြောင်းလဲနေတတ်ပြီး… ဒါတွေက မှန်ထဲက တကယ့် Progress ကို ဖုံးထားတတ်ပါတယ်။
အဲဒါကို သေချာမသိရင် “ငါ Progress မရှိတော့ဘူး” လို့ ထင်ပြီး လမ်းမှားသွားနိုင်တယ်။
တကယ်အရေးကြီးတာက ရလဒ်ကို တစ်နေ့ချင်းစီ လိုက်ကြည့်ပြီး စိတ်ပူမနေဖို့ပါ။
ကိုယ့်ဘက်က ထိန်းချုပ်နိုင်တာ ရိုးရိုးရှင်းရှင်း နှစ်ခုပဲ ရှိတယ်။
ဒီနေ့စားမယ့် အစားအသောက်…
ဒီနေ့ဆော့မယ့် Training…
အမြန်ရချင်ဇောနဲ့ အစွန်းရောက်လုပ်တဲ့သူတွေက မကြာခင်မှာပဲ စိတ်ပျက်ပြီး ပျက်သွားတတ်ကြတယ်။
ဒါပေမဲ့ နေ့တိုင်း လုပ်သင့်တာကို မလျှော့ဘဲ ပုံမှန် ဆက်လုပ်နိုင်တဲ့သူကပဲ နောက်ဆုံးမှာ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်ကို ရတာပါ။
ဒါကြောင့် မှန်ထဲက အရိပ်တွေကို လိုက်မကြည့်ပါနဲ့…
နေ့တိုင်း ပြီးမြောက်အောင် လုပ်ရမယ့် Process ကိုပဲ မလျှော့ဘဲ ဆက်လုပ်ပါ