20/06/2020
တစ်ကျော့ပြန်ဝင်းနီုင်ထွန်း
သန်လျင်မှာ ကိုယ်နဲ့ဦးလေးကျား တည်ထာင်ထားတဲ့ Hero လက်ဝှေ့အသင်း အကြောင်းအမျိုးမျိုးနဲ့ပျက်သွားပြီးတဲ့နောက် ကိုယ်ရယ်၊ ဦးလေးကျားရယ်၊ မင်း ဦး(စည်ပင်နည်းပြ)ရယ် သုံး ယောက်စကားပြောဖြစ်တိုင်း ရိုးရာလက်ဝှေ့မှာ ပထမတန်း လက်ဝှေ့သမားတွေ ရှားလာ တဲ့အကြောင်း အမြဲပြောဖြစ် ပါတယ်။
အဲဒီအချိန်က စော ငမန်းကတော့ ပထမ တန်းရောက် လာပြီဆိုပေမယ့် တ ကယ့် ပွဲကြီးပွဲကောင်းတွေယှဉ်ပြိုင်ဖို့က နည်းနည်းငယ်နေသေးတယ်။ ရိုးရာလက် ဝှေ့ ပထမတန်းမှာ မာမာတင်းတင်းတစ် ယောက်ဖြစ်ဖို့ဆိုတာ လွယ်တာမှမဟုတ် တာ။ မျိုးဆက်သစ်မွေးဖို့ဆိုတာကလည်း အတော်လေးအချိန်ပေးရပါတယ်။
သစ်ပင်စိုက်တာက ဆယ်ပင်စိုက်ပျိုး ရင် ငါးပင်ရှင်မယ်။ သုံးပင်ရှင်မယ်ပြောလို့ ရတယ်လေ။ လက်ဝှေ့သမားကောင်းတစ် ယောက် သတ်လုံးသက်ပေါက်စုံစုံနဲ့ မာမာ တင်းတင်းပထမတန်းရောက်လာဖို့ဆိုတာက နတ်ရေကန်ထဲပစ်ချလို့ရတယ်ဆိုတာတောင် ငယ်တဲ့ကလေး ချက်ချင်းကြီးကောင်း ကြီး လာနိုင်တယ်။ လက်ဝှေ့သမားတစ်ယောက် ဖြစ်ဖို့ဆိုတာ သေချာတာမှမဟုတ်တာ။ အဲဒီ တော့ ဘာပြောဖြစ်ကြလဲဆိုတော့ ဖြစ် နိုင်မယ့်လူကိုလိုက်စဉ်းစားကြတယ်။ ကိုယ် တွေက နေရာစုံကြည့်ဖူးတဲ့သူဆိုတော့ ၀င်း နိုင်ထွန်း(ရေတာရှည်)က ဗျိုင်းနှစ်ကောင် ၀င်းစိန်တောရ(မုဒုံ)ပွဲမှာ ဇော်ပျံကိုနားရွက် ပြတ်အောင်ထိုးတဲ့ပွဲအကြောင်း ပြောဖြစ်ကြ တယ်။ လက်သီးစူးတယ်ပေါ့။
မွန်ပြည်နယ်က ဇော်ပျံ(သိန်းဇော်မင်း) က လက်သီးအထိုးကောင်းတယ်။ မွန်ပြည် နယ်မှာတော့ ထွန်းထွန်းဇော်(ထွန်းထွန်းမင်း အဖေ)၊ မန်းအောင်၊ ဇော်ဝင်းထွန်း(သထုံ)တို့ နဲ့ ခေတ်ပြိုင်ပေါ့။ ဇော်ပျံကအနောက်တိုင်း လက်ဝှေ့မှာလည်း ပြည်နယ်အဆင့်လောက် ထိုးဖူးတဲ့သူဆိုတော့ ရိုးရာလက်ဝှေ့မှာ လည်း အဲဒီအချိန်က သူ့နယ်တစ်ဝိုက်မှာ အတော်ကလေးနာမည်ရနေတယ်။ ဒါပေမဲ့ ဘာဖြစ်တုန်းဆိုတော့ နေတာထိုင်တာ ပြောတာဆိုတာ သိပ်ထောင့်မကျိုးဘူး။
အဓိကက နယ်မြေခံပွဲစီစဉ်သူတွေ၊ ဘု ရားလူကြီးတွေနဲ့က စကားပြောရင်အပေါက် အလမ်းမတည့်ဘူး။ ၀င်းနိုင်ထွန်းနဲ့ ထိုးဖြစ် တာကလည်း ၀င်းစိန်ဆရာတော်ကြီးက ဇော်ပျံနဲ့ ထိုးမယ့် လက်ဝှေ့သမားကောင်း ကောင်းတစ်ယောက် ဆရာဦးဗိုလ်စိန်(ပီ ကင်းပြန်)ကိုရှာခိုင်းတော့ ကိုယ်နဲ့ မိတ္ထီလာ က မြသီတာရဲ့အဖေ ရိုးမနဂါးရယ်က သွား ခေါ်လာတာပါ။ ဗျိုင်းနှစ်ကောင်ပွဲထိုးကြတော့ ဇော်ပျံနားရွက်ပါပြတ်ထွက်သွားတယ်။ နား ရွက်အဖျားလေးပါ။ ၀င်းနိုင်ထွန်း(ရေတာ ရှည်)က ဖြတ်အထိုး ဇော်ပျံက ခေါင်းကို လှည့်အရှောင် လက်သီးကစူးတော့ နားရွက် အဖျားပြတ်သွားတယ်။ သွေးတွေထွက်တာ မြင်မကောင်းဘူး။
ဝင်းနိုင်ထွန်းပွဲတွေ တော်တော်များ များကြည့်ဖြစ်ပါတယ်။ တောင်ငူမှာလည်း မိုးပုလဲတို့၊ ဇော်ဦး(ဦးဘနှစ်သား)တို့ ဇော် ၀င်းထွန်းတို့နဲ့ထိုးတဲ့ပွဲတွေ ဦးလေးကျားက လည်း ကြည့်ဖြစ်တယ်။ ကြိုက်တယ်။ ခြေ တံလက်တံရှည်တယ်။ အရပ်အမောင်း ကောင်းတယ်။ ဒါပေမဲ့ ရေထဲမိုး ထဲကျရင် စိတ် လျှော့လိုက်တာများ တယ်။ အသဲဇွဲ မ ကောင်းဘူးပေါ့။ မှတ် ချက်ပြုတာပါ။ မကြိုက် ဘူးတော့မဟုတ်ဘူး။ ပြောရ ရင် ထိုးတာကြိုက်တယ်။ အသဲ ဇွဲမကြိုက်ဘူးဆိုပါတော့။
ကိုယ်နဲ့ မင်းဦးက ဘာပြန်ပြောလဲဆို တော့ လက်ဝှေ့သမားတစ်ယောက် အသဲ ဇွဲဆိုတာကလည်းယေဘုယျအားဖြင့် လေ့ ကျင့်မှုနဲ့ဆိုင်တယ်။ လက်ဝှေ့သမားတစ် ယောက်ပေ ၂၀ ကြိုးဝိုင်းပေါ်တက်လာပြီ ဆိုကတည်းက တော်ရုံသတ္တိမှမဟုတ်တာ။ အကြီးတန်းထိုးတဲ့သူဆို ပိုဆိုးတာပေါ့။ တော် ရုံမကောင်းမကန်းဆိုလို့ကတော့ ပထမတန်း မပြောနဲ့ ဒုတိယတန်းလောက်ကို ရောက် မလာတော့ဘူး။ ပွဲစီစဉ်သူတွေကလည်း သိကြပါတယ်။ ဘယ်မောင်ကတော့ ရေထဲ မိုးထဲဘယ်လောက်အထိ ခြေကုန်လက်ကုန် ရုန်းတယ်ဆိုတာ သိကြတယ်။ ပြောချင်တာ က စနစ်တကျလေ့ကျင့်မှုအားကောင်းရင် အချီရှည်တယ်။ တော်ရုံမဆင်းဘူး။ အသဲ ကောင်းတယ်။ ဇွဲကောင်းတယ်ပေါ့။
သတ်လုံးသက်ပေါက် ဘယ်လောက် စုံအောင်ကစားတတ်ပါစေ။ လေ့ကျင့်မှုအား နည်းရင် ပွဲတစ်ပွဲထိုးဖို့အဆင်သင့်မဖြစ်ရင် အသဲလည်းမကောင်းနိုင်တော့ဘူး။ ဇွဲလည်း မကောင်းနိုင်တော့ပါဘူး။ ပြောဆိုဆွေးနွေး ရင်းက ဘာဖြစ်သွားလဲဆိုတော့ နောက်လ ကုန်လောက် ပွဲတစ်ပွဲရှိတယ်။ မင်းနဲ့ မင်း ဦးပေါင်းပြီး ၀င်းနိုင်ထွန်းကိုတာဝန်ယူပြီး လုပ်ကြည့်၊ ငါ ပွဲစီစဉ်ပေးမယ်လို့ ဦးလေး ကျားက ပြောရော။ အဲဒီမှာ ၀င်းနိုင်ထွန်း (ရေတာရှည်)ကိုသွားခေါ်ဖြစ်ဖို့ အကြောင်း ဖန်လာရောဆိုပါတော့ . . .
ကိုယ် ရေတာရှည်ရောက်ပြီး သူနေတဲ့ အိမ်ရောက်တော့ သူ့မိဘတွေနဲ့တွေ့ပြီး ၀င်း နိုင်ထွန်းအိမ်ခွဲနေကြောင်း၊ ရှိမယ့်နေရာ လမ်းညွှန်လိုက်ပါတယ်။ မြို့အ၀င် လမ်းမ ဘေးကြံခင်းအစပ်မှာပါ။ ဈေးဆိုင်လေးပါ တွဲနေတယ်။ အမျိုးသမီးတစ်ယောက်တွေ့ တယ်။ သူ့မိန်းမဖြစ်ဖို့များတယ်။ ကျန်းမာ ရေးကောင်းပုံမရဘူး။ အတော်လေး ချူချာ နေတဲ့ပုံ၊ ကလေးနှစ်ယောက်လည်း တွေ့ တယ်။ ၀င်းနိုင်ထွန်းရှိလားဆိုတော့ ခုမရှိ ဘူး။ ဘူတာနားမှာ ခြင်းဝိုင်းရှိတယ်။ အဲဒီ ပိုက်ကျော်ခြင်းဝိုင်းမှာ သူရှိတယ်လို့ ပြော ပါတယ်။
ရေတာရှည်ဘူတာရုံနားလိုက်သွား တော့ကောင်းလိုက်တဲ့ ပိုက်ကျော်ခြင်းဝိုင်း၊ သူ့ကိုတွေ့တယ်။ ခြင်းခတ်နေတယ်။ နှစ် ယောက် တစ်ယောက်။ အသားမည်းမည်း ခြေတံလက်တံရှည်ရှည်နဲ့ ပိုက်ကျော်ခြင်း ကို အမြင့်လေဝဲခတ်နေတာ ဟိုဘက်က နှစ်ယောက်၊ သူက တစ်ယောက်၊ ဟိုဘက် နှစ်ယောက်က သူ့ကိုမနည်းထိန်းနေရတယ်။
ကိုယ်လည်း ပိုက်ကျော်ခြင်းဝိုင်းပြီးတဲ့ အချိန်မှ သူ့ကိုသွားတွေ့တယ်။ သူက ကိုယ့် ကို သိတယ်။ သိပ်ခင်ခင်မင်မင်တော့မဟုတ် ဘူး။ လက်ဝှေ့ပွဲတွေမှာ တွေ့ဖူးမြင်ဖူးရုံ။
လာရင်းကိစ္စပြောပြဖို့စားသောက်ဆိုင် တစ်ဆိုင်သွားကြတယ်။ ကိုယ်ကလည်း ဗိုက်ကဆာနေပြီ။ နှစ်ယောက်စာမှာတယ်။ ခေါက်ဆွဲကြော်၊ အစိမ်းကြော် စသည်ဖြင့် ပေါ့။ သူက မှာပြီးမှ မစားဘူး။ ရေမချိုးရ သေးလို့ အိမ်ရောက်မှစားမယ်လုပ်မယ်။ အဲဒီမှာ မှာပြီးပြီဆိုမှရတယ်အစ်ကို စားပြီး ကျန်တာ ပါဆယ်ထုပ်သွားမယ်တဲ့။ သူ ပြောပုံက အိမ်က မိသားစုနဲ့အတူ စားမယ့် သဘောပြောတယ်။
ပိုက်ကျော်ခြင်းခတ်တာ လောင်းကြေး ကောင်းလိုက်တာ။ မင်းနိုင်တယ်မဟုတ် လားလို့မေးတော့ ဟုတ်တယ်။ ငွေက သူ့ ငွေမဟုတ်ဘူး။ လောင်းကြေးငွေက သူနဲ့ မဆိုင်ဘူး။ သူက ၀င်ခတ်ပေးတာ(ဂျေီာကီ) ပေါ့။ အငှားခပ်သမား နိုင်တဲ့သူက နိုင်တဲ့ လောင်းကြေးငွေပေါ်မှာ သူ့ကိုပေးသုံးတာတဲ့။ မိန်းမ ကျန်းမာရေးမကောင်းတာလည်းပြော တယ်။ အလုပ်က မယ်မယ်ရရမရှိတော့ ရတဲ့အလုပ်၊ ကိုယ်ကျွမ်းကျင်တဲ့ဟာ ကြုံ သလိုလုပ်စားနေတာပေါ့။ ဆိုင်ကလေး ဖွင့် ထားတယ်ဆိုတာကလည်း အရင်းအနှီးမရှိ တော့ ခြောက်တီးခြောက်ချက်ပါ။ မိသားစု စားဖို့မလောက်ငှပါဘူးတဲ့ စကားတွေ အ တော်ပြောဖြစ်တယ်။ လိုရင်းကိုသေချာရှင်း ပြတယ်။ ဒီကြားထဲ ပွဲမထိုးရဘူးလားလို့ မေးတော့ မထိုးရတာကြာပြီ။ တော်ရုံအဝေး ကလည်း တကူးတကလာမခေါ်ကြဘူးလေ။ တောင်ငူပတ်ဝန်းကျင် အခါကြီးရက်ကြီး တွေလက်ဝှေ့ပွဲပါမှ ထိုးရတာဆိုတော့ ပွဲမရှိ ဘဲ ဘယ်လိုလေ့ကျင့်နေမလဲ။ စားဖို့သောက် ဖို့က ရှိသေးတယ်။
ကိုယ်က မင်းကိုတာဝန်ယူပြီးလေ့ကျင့် ပေးမယ်။ စားတာ သောက်တာပါ စရိတ် ငြိမ်း၊ ပွဲလည်းထိုးရမယ်။ ဆုကြေးငွေရရင် တော့ ဆယ်ရာခိုင်နှုန်းပြန်ပေးရမယ်။ ပွဲရ ဖို့ တာဝန်ယူတယ်။ မင်းကြိုးကြိုးစားစား ကစားဖို့ပဲ လိုတယ်။ ပွဲမရခင် စရံငွေသ ဘောမျိုးလည်း မိသားစုကို ပေးခဲ့မယ်ဆို တော့ . . အတော်လေးဝမ်းသာသွားတယ်။ သေချာလားမေးတယ်။ စဉ်းစားပါဦးဆိုတော့ ဘာစဉ်းစားစရာလိုလဲတဲ့။
ရေငတ်တုန်း ရေတွင်းထဲကျသလိုပဲ ပေါ့။ မင်းကို အချိန်ဘယ်လောက်ပေးရ မလဲမေးတော့ မလိုဘူး။ အစ်ကိုပြန်ရင် တစ် ခါတည်းလိုက်မယ်။ နေတော့ ဘယ်မှာနေရ မှာလဲတော့ မေးပါတယ်။ မင်း ဟိုရောက် ရင် ရန်ကုန် ဘုရင့်နောင်ပွဲရုံဝင်းအခွန်ရုံး မှာနေရမှာ။ အဲဒီအချိန်က ကိုယ်တွေ ရိုးရာ လက်ဝှေ့အသင်းကို စည်ပင်ဘုရင့်နောင် အခွန်ဌာနက ပံ့ပိုးနေတဲ့အချိန်။
ပြောဆိုစားသောက်ပြီး ပြန်ကြတော့ စားလို့ပိုတာတွေ ပါဆယ်ထုပ်ပြီးအပြင် ခေါက်ဆွဲကြော်နောက်တစ်ပွဲ သူ့မိသားစုစား ဖို့မှာပေးလိုက်သေးတယ်။ သူ ကိုယ်နဲ့လိုက်လာရင် နောက် မှာ မိသားစုသုံးဖို့ ငွေလည်း စရံသဘောမျိုးပေးလိုက်တယ်။ စာတော့ မချုပ်ဖြစ်ပါဘူး။ ဘာ စာချုပ်မှလည်း သူ့ကိုလက်မှတ် မထိုးခိုင်းပါဘူး။
အပြန်အလှန် ယုံကြည်မှုနဲ့လုပ် ကြတာ။ သူလည်းအတော်လေး ၀မ်းသာ သွားတယ်။ ၀င်းနိုင်ထွန်းက အတော်လေး နေတတ်ထိုင်တတ်တယ်ပြောရမယ်။ ဘုရင့် နောင်အခွန်ရုံးရောက်တာနဲ့ အဆောက်အဦ ရဲ့ အပေါ်ထပ်မှာ လက်ဝှေ့အသင်းက နေ တာ။ အောက်မှာက အခွန်စည်းကြပ်တဲ့ရုံး။ ရုံးမှာကလည်း ပွဲရုံတွေကများတော့ ဟိုပွဲ ရုံက အလှူလုပ်လို့ အစားအသောက်တွေ ရုံးကိုလာပို့လိုက်။ ဒီပွဲရုံက ဆွမ်းကျွေးလို့ အစားအသောက်တွေ လာပို့လိုက်ဆိုတော့ ၀န်ထမ်းတွေစားဖို့ထည့်လာတဲ့ထမင်းချိုင့် တွေအမြဲပိုနေတော့ ကစားသမားတွေနဲ့ ၀င်း နိုင်ထွန်းစားရတာများတယ်။
သူက မနက်ပိုင်းကစားပြီးတာနဲ့ ပန်း ခြံတွေရေလောင်း၊ ရုံးတွင်းရုံးပြင် သန့်ရှင်း ရေးဝိုင်းလုပ်ဆိုတော့ ရုံးက ၀န်ထမ်းတွေက ချစ်ကြတယ်။ အချိန်တိုအတွင်းမှာပဲ သူ လည်း စိုစိုပြေပြေဖြစ်လာတယ်။ ကစားအား ကောင်းတော့ ရက် ၂၀ ကျော်၊ တစ်လ အတွင်းမှာပဲ တင်းတင်းရင်းရင်းဖြစ်လာ တော့ အောင်ဆန်းကွင်း မွန်အမျိုးသားနေ့ မှာ တစ်ပွဲထိုးတယ်။ နိုင်တယ်။ သူ့မြို့ခဏ ပြန်တယ်။ အိမ် ငွေပြန်ပို့တာပေါ့။ အတော် လေး စိတ်ကြိုက်ဖြစ်လာတော့ အဲဒီနှစ်က ကရင်ပြည်နယ်နေ့ပွဲအတွက် ဆရာကြီး ဦး ဗိုလ်စိန်ကနေတစ်ဆင့် ပွဲလှမ်းတောင်းတယ်။
ကရင်ပြည်နယ်နေ့တွေကို ဆရာကျော်သိန်း တူ တာဝန်ယူနေတဲ့အချိန်ဆိုတော့ နောက် ဆုံးပွဲကြီး နောင်လုံဖျံနဲ့ပွဲရတယ်။ အတော် ကလေး ကောင်းတဲ့ပွဲပါ။ နောင်လုံဖျံနဲ့ ၃ ချီအတွင်းမှာပဲ အနိုင်ရတယ်။ တောက် လျှောက်ပွဲတွေရလာတယ်။ နောက် မန္တလေး မှာ ကီးမားတင်ဝင်းလုပ်တဲ့ပွဲ၊ မွန်ပြည်နယ် က ထွန်းထွန်းဇော်နဲ့လည်း အနိုင်ရတယ်။ နောက်တော့ မွန်ပြည်နယ်မော်လမြိုင်မှာ ၀မ်ချိုင်းနဲ့ထိုးဖို့ဖြစ်လာတယ်။ ပြောရဦးမယ်။ ၀မ်ချိုင်းကလည်း ကိုယ့်လူပဲ။ အသင်းဖျက် သွားတော့ ပျဉ်းမနားမှာနေရင်း လေ့ကျင့် ရင်းပွဲတွေထိုးနေတာ။ ဘားအံမှာတော့ မောင်ကျော်နဲ့ ကစားလေ့ကျင့်တယ်။
ရန်ကုန်လာရင်း ဦးလေးကျားဆီဝင် တွေ့တုန်း၊ မော်လမြိုင်မှာပွဲရှိတယ်။ ထိုးမ လား မေးတော့ မထိုးချင်သေးဘူး။ လေ့ ကျင့်မှုမရှိတော့ဘူး။ ခု ကော့ကရိတ်မှာ သူ့ အမေနေမကောင်းလို့ အမေနဲ့အတူ ပြန်နေ တယ်ပြောတယ်။ ဦးလေးကျားကလည်း ၀မ်ချိုင်းပါရင် လူဝင်မယ်ဆိုတာ သိတယ်။ ၀မ်ချိုင်းကိုခံထိုးဖို့ ၀င်းနိုင်ထွန်းကလည်း နိုင်ပွဲဆက်နေပြီးအခြေအနေကောင်းနေတော့ ပွဲတောင်းမှာပဲဆိုပြီးအတင်းထိုးဖို့ စည်းရုံး တယ်။ အဲဒီအချိန်က ၀မ်ချိုင်းက ပျဉ်းမနား က ဗိုလ်မှူးကြီးမောင်မောင်ငြိမ်း(ယခင်)မြ ၀တီ ခရကဥက္ကဋ္ဌလုပ်လာရင်း ၀မ်ချိုင်းကို သံယောဇဉ်ရှိပြီးခေါ်မွေးထားတဲ့အချိန် ပွဲတွေ ကိုတော့ သူ့တူ ကိုမင်းထွဋ်က မန်နေ၈ျာ လုပ်ပြီး စီမံပေးနေတယ်။ ကိုမင်းထွဋ်ကို အသိပေးမှ ရမယ်ပြောတော့ ဖုန်းဆက်ပြီး မြို့ထဲ ရွှေဘဲစားသောက်ဆိုင်မှာချိန်းလိုက် တယ်။ ဦးလေးကျားက ထိုးဖို့ အတင်းတိုက် တွန်းတယ်။
ကိုမင်းထွဋ်က စားရင်းသောက် ရင်း ၀မ်ချိုင်းသဘောထားကိုမေးတယ်။ ပွဲ က ၀မ်ချိုင်းနိုင်မှာသေချာတယ်လို့ စည်း ရုံးပြောဆိုတာပေါ့။ ၀မ်ချိုင်းကလည်း ပထမ မထိုးဘူးငြင်းသေးတယ်။ ဝိုင်းပြောတာများ တော့ စိတ်နည်းနည်းယိုင်လာတယ်။ လေ့ ကျင့်ဖို့အချိန်လည်း နည်းနည်းရတယ်ဆို တော့ ထိုးမယ်ဖြစ်ရော။ အလွယ်တကူ နိုင်မယ်လို့ထင်မယ်။ ဘာမှမဟုတ်လောက် ဘူးတွေးမှာပေါ့။ အခု မင်းဦးနဲ့ ကစားနေ တယ်ဆိုတာသိတော့ အရမ်းကြီးတော့ အထင်မသေးဘူး။ အရင် သန်လျင်မှာတုန်း က ၀မ်ချိုင်းလည်း မင်းဦးနဲ့ပဲ ကစားလာခဲ့ တာ။ ဆုကြေးငွေမေးတယ်။ ဦးလေးကျားက ၀မ်ချိုင်းကို မနစ်နာစေရဘူး။ အခြားပွဲတွေ ရသလို ရရပါစေမယ်ဆိုပြီးစာချုပ်ဖြစ်သွား ရောဆိုပါတော့။
ဝမ်ချိုင်းလည်း ပေါ့ပေါ့ပဲ။ သူ့အမေ က နေမကောင်းဖြစ်နေတာ မသက်သာ တော့ လေ့ကျင့်ရက်နည်းသွားတယ်။ မော် လမြိုင် မိုင်ဒါကွင်းကြီးထဲမှာ အဲဒီပွဲအ တော်ကောင်းတယ်။ ၀မ်ချိုင်းအလူးအလဲပဲ။ ၀င်းနိုင်ထွန်းက ထိုးတာ၊ ကန်တာတွေ အား ပါတော့ ထိကုန်တာပေါ့။ နှစ်ချီ၊ သုံးချီအ တွင်း ၀မ်ချိုင်းတိုက်စစ်ကောင်းကောင်း မဆင်နိုင်ဘူး။ ဒါပေမဲ့ ၀မ်ချိုင်းစိတ်က သိတဲ့ အတိုင်းပဲ မာန်ရှိတယ်။ လက်ရှိ ချန်ပီယံ ဆိုတဲ့စိတ်ကပွဲကိုအပြောင်းအလဲဖြစ်စေတာ ပါပဲ။ အတင်းပဲ ပြန်လည်ခုခံရင်း တိုက်စစ် ကိုရအောင်ပုံဖော်ယူတယ်။ ပြိုင်ဘက်က ထိုးနေ ကန်နေတဲ့ကြားက ရဲရဲဝံ့ဝံ့တုံ့ပြန် တယ်။ ပြိုင်ဘက်ရဲ့ဘယ်နေရာရယ်လို့ သက်မှတ်မထားဘူး။ ခေါင်းရ ခေါင်း၊ ဗိုက်ရ ဗိုက် မည်းမည်းမြင်ရာ အတင်းဝင်ထိုးတော့ ၀င်းနိုင်ထွန်းတောင့်မခံနိုင်တော့ဘူး။ လဲကျ တော့တာပဲ။ ပြန်မထနိုင်တော့ဘူး။ ၀မ်ချိုင်း အနိုင်ရသွားပေမယ့် အဲဒီပွဲအတော်အထိ နာတယ်။
ဟိုတလောက လူမှုကွန်ယက်မှာ ၀မ်ချိုင်းနဲ့ ၀င်းနိုင်ထွန်းပွဲတွေပြန်တက်လာ တယ်။ ကြည့်ရှုသူလည်း အတော်များတယ်။ ဒါကြောင့် အခု ဒီဆောင်းပါးလေး အမှတ် တရရေးဖြစ်သွားတာပါ။
အခုတော့ ၀င်းနိုင်ထွန်းလည်း ဆုံးရှာ ပြီ။ လွမ်းစရာတွေပါ . . . .
PlayMaker ဂျာနယ်တွင်ဖော်ပြခဲ့သည့်ဆောင်းပါးဖြစ်သည်။
---------------------
မူရင်း post ပိုင်ရှင် =ဆရာအော်စကာ
14/12/2018
ရိုးရာလက်ဝှေ့ အလွတ်တန်းချန်ပီယံကာကွယ်ပွဲအတွက် လက်ရှိချန်ပီယံ ဒေ့ဗ်လက်ဒက် ဘာတွေပြောထားလဲ
ဆယ်စုနှစ်အတွင်း ပရိသတ်စိတ်ဝင်စားမှု အမြင့်ဆုံးတွဲဆိုင်းဖြစ်နေ တဲ့ ဒေ့ဗ်လက်ဒက်နဲ့ ထွန်းထွန်းမင်းတို့ရဲ့ ချန်ပီယံစိန်ခေါ်ပွဲ ကတော့ ဒီအပတ် တနင်္ဂနွေနေ့မှာ အဖြေထုတ်ကြတော့မှာပါ။မြန်မာတိုင်း(မ်)နဲ့ စိန်ခေါ်သူမြန်မာပြည် ချန်ပီယံဟောင်းထွန်းထွန်းမင်းတို့ရဲ့ အမေး၊ အဖြေကဏ္ဍကို အရင်တစ်ပတ်ဂျာနယ်မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ဒီအပတ်မှာတော့ လက်ရှိချန်ပီယံ ကနေဒါနိုင်ငံသား မြန်မာရိုးရာလက်ဝှေ့အလွတ်တန်း ချန်ပီယံ ဒေ့ဗ်လက်ဒက်နဲ့ အမေး၊အဖြေကဏ္ဍဍကို ထပ်မံဖော်ပြပေးလိုက်ပါတယ်။ဆယ်စုနှစ်အတွင်း ပရိသတ်စိတ်ဝင်စားမှု အမြင့်ဆုံးတွဲဆိုင်းဖြစ်နေ တဲ့ ဒေ့ဗ်လက်ဒက်နဲ့ ထွန်းထွန်းမင်းတို့ရဲ့ ချန်ပီယံစိန်ခေါ်ပွဲ ကတော့ ဒီအပတ် တနင်္ဂနွေနေ့မှာ အဖြေထုတ်ကြတော့မှာပါ။မြန်မာတိုင်း(မ်)နဲ့ စိန်ခေါ်သူမြန်မာပြည် ချန်ပီယံဟောင်းထွန်းထွန်းမင်းတို့ရဲ့ အမေး၊ အဖြေကဏ္ဍကို အရင်တစ်ပတ်ဂျာနယ်မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ဒီအပတ်မှာတော့ လက်ရှိချန်ပီယံ ကနေဒါနိုင်ငံသား မြန်မာရိုးရာလက်ဝှေ့အလွတ်တန်း ချန်ပီယံ ဒေ့ဗ်လက်ဒက်နဲ့ အမေး၊အဖြေကဏ္ဍဍကို ထပ်မံဖော်ပြပေးလိုက်ပါတယ်။သူ့ရဲ့ချန်ပီယံကာကွယ်ပွဲအပေါ်ထားတဲ့ စိတ်ခံစားချက်တွေ၊ ပရိသတ်အားလုံး သိချင်နေမှာဖြစ်တဲ့ အင်တာနက်စာမျက်နှာ(ဖေ့စ်ဘွတ်ခ်) ပေါ်က သူ့ရဲ့စိန်ခေါ်စကားတွေအကြောင်းမေးမြန်းပြီး ဖော်ပြပေးလိုက်ပါတယ်။
Q-ထွန်းထွန်းမင်းနဲ့ သုံးကြိမ်မြောက် တွေ့ဆုံမယ့် ဒီပွဲအပေါ် စိတ်လှုပ်ရှားနေလား၊ စိုးရိမ်စိတ်ရှိလား?
စိုးရိမ်စရာမရှိပါဘူး။ ဒီပွဲကို ထိုးဖို့အတွက် မစောင့်နိုင်တော့ဘူး။ သူ (ထွန်းထွန်းမင်း) က စိန်ခေါ်သူဖြစ်လို့ သူကသာဒီပွဲအတွက် စိုးရိမ်သင့်ပါတယ်။ ကျွန်တော်က လက်ရှိချန်ပီယံပါ။ ဒီပွဲမှာ ကျွန်တော်က အနီထောင့်က ထိုးသတ်ရမှာ ဖြစ်လို့ အိမ်ရှင်တယောက်လို ခံစားရပါတယ်။
Q-ထွန်းထွန်းမင်းအပေါ်ဘယ်လို သုံးသပ်ချင်လဲ?
ရိုးရာလက်ဝှေ့သမားတစ်ဦးဖြစ်တဲ့ သူ့အပေါ် လေးစားမှုအပြည့်ရှိပါတယ်။ သူ့ရဲ့ ကစားသမားဘဝမှာ မှတ်တမ်းကောင်းတွေကို ဖန်တီးနိုင်ခဲ့တယ်။ သန်မာတဲ့ ပြိုင်ဘက်ကောင်းတစ်ယောက်ပါ။ ဒါကြောင့် ဒီစိန်ခေါ်မှုကို လက်ခံခဲ့တာပါ။သူဟာ စိန်ခေါ်သူအဖြစ် ထိုက်တန်ပါတယ်။ မြန်မာနိုင်ငံကပရိသတ်တွေတင်မက တစ်ကမ္ဘာလုံးက ရိုးရာလက်ဝှေ့ပရိသတ် တွေက ဒီစိန်ခေါ်ပွဲကို ကြည့်ချင်ကြမှာပါ။
Q-ပြိုင်ဘက်ရဲ့ လေ့ကျင့်ပြင်ဆင်နေမှုတွေကို လေ့လာထားလား?
သူလည်း ဒီပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားမှာ သေချာပါတယ်။ သူ့ရဲ့အကောင်းဆုံးပုံစံကို ဒီပွဲမှာ မြင်တွေ့ချင်တယ်။ ကျွန်တော်တို့နှစ်ယောက်စလုံး သက်တူရွယ်တူဖြစ်တဲ့အပြင် အကောင်းဆုံးအချိန်တွေမှာ တွေ့ဆုံကြတာဖြစ်လို့ ဒီပွဲက အကောင်းဆုံးဖြစ်လာမှာပါ။ ယုံကြည်မှုအပြည့် ရှိနေတယ်။ ရလဒ်ကို ကြိုမပြောနိုင်ပေမဲ့ အကြမ်းဆုံးပွဲဖြစ်မှာ သေချာပါတယ်။
Q-ဒီပွဲမှာ ပြတ်သားတဲ့အဖြေတစ်ခု ထွက်ပေါ်လာနိုင်မလား?
သရေကျရုံနဲ့ ကျွန်တော်က ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်မှာလေ။ ပရိသတ်ကတော့ အလဲထိုးပွဲကို မြင်တွေ့ချင်မယ်ထင်တယ်။ အလှပဆုံးနိုင်ပွဲဖြစ်အောင် အစွမ်းကုန်ကြိုးစားမှာပါ။
Q-ချန်ပီယံကာကွယ်ပွဲကို မြန်မာနိုင်ငံမှာယှဉ်ပြိုင်ရတာ အားသာချက်ဖြစ်မလား၊အားနည်းချက်ဖြစ်မလား?
အရင်ချန်ပီယံ ကာကွယ်ပွဲတွေကို ဂျပန်မှာ ထိုးခဲ့တယ်။စိတ်လှုပ်ရှားစရာအတွေ့အကြုံတွေရခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ချန်ပီယံကာကွယ်ပွဲထိုးခွင့်ရတာ ပျော်ပါတယ်။ ကိုယ့်နိုင်ငံမှာ ထိုးရသလိုပဲနွေးနွေးထွေးထွေးခံစားရပါတယ်။ မြန်မာနိုင်ငံမှာလည်း ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေ အများကြီး ရှိပါတယ်။
Q-လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်နေတဲ့စိန်ခေါ်တဲ့ စာတချို့ (မြန်မာဘာသာဖြင့်) ဟာ ရိုးရာလက်ဝှေ့ပရိသတ်တချို့ကို ဒေါသ ထွက်စေတာတွေ့ရတယ်၊ဒီစာတွေကို ဒေ့ဗ်လက်ဒက် ကိုယ်တိုင်ရေးတင်တာလား?
ဟုတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ရေးတင်တာပါ။မြန်မာဘာသာကိုတော့ ကျွန်တော့်ရဲ့ဘာသာပြန်က တင်ပေးတာပါ။ စာတွေအကုန်လုံးကတော့ ရန်စတဲ့စကားတွေ မဟုတ်ပါဘူး။ ဒါဟာ ပြိုင်ဘက်ကိုမလေးစားတာမဟုတ်ပါဘူး။ ပရိသတ်တွေကို နားလည်စေချင်တာက ဒါက စီးပွားရေးသဘောတရားတွေပါတယ်ဆိုတာပဲ။ ပွဲမတိုင်ခင် ပွဲအကြောင်းအများကြီးပြောတာဟာ ဒီပွဲကို လူတွေပိုစိတ်ဝင်စားမယ်။ လူတွေ အာရုံစိုက်ပြီး လာကြည့်ကြမယ်ဆိုတာ ကျွန်တော်သိထားတယ်။ကျွန်တော်လုပ်ရပ်တွေက အလုပ်ဖြစ်တယ်လေ။ ဒီစိန်ခေါ်ပွဲက ရိုးရာလက်ဝှေ့သမိုင်းမှာ စိတ်ဝင်စားစရာ အကောင်းဆုံးပွဲဖြစ်လာခဲ့တယ်မဟုတ်လား။နောက်ပြီး ထွန်းထွန်းမင်းက မြန်မာလက်ဝှေ့ချန်ပီယံဟာမြန်မာလူမျိုးပဲဖြစ်သင့်တယ်လို့ ပြောတာတွေ ကြားရပါတယ်။ ဒါဟာ ကျွန်တော့်အပေါ် လေးစားမှုမရှိတာပဲ။ ကျွန်တော်ပြောချင်တာက ချန်ပီယံတစ်ယောက်ဟာ ဘယ်နေရာမှာ မွေးဖွားခဲ့တယ်ဆိုတာ အရေးမကြီးပါဘူး။ သူ့ရဲ့နှလုံးသားထဲမှာ ဘာရှိလဲဆိုတာပဲ အရေးကြီးတယ်။ မြန်မာနိုင်ငံက ကျွန်တော့် နှလုံးသားထဲမှာ ရှိပါတယ်။ ကျွန်တော်ထင်တာတော့ ကျွန်တော်ချန်ပီယံ ဖြစ်နေတာ သူ့အတွက် စိတ်အနှောင့်အယက် ဖြစ်ပုံရတယ်။
Q-ဒေ့ဗ်က မြန်မာ့ရိုးရာလက်ဝှေ့ကို ကမ္ဘာကသိအောင် မိတ်ဆက်ပေးနေတာကို တွေ့ရတယ်၊ဒါပေမဲ့ တချို့ ပရိသတ်တွေက ဆိုးဆိုးရွားရွား ဝေဖန်ကြတယ်နော်၊ဒီအပေါ်ဘာပြောချင်လဲ?
နေရာတစ်ခုမှာ အောင်မြင်လာတာနဲ့ ဆိုးရွားတဲ့ မှတ်ချက်တွေက အမြဲခံရမှာပဲ။ လူတိုင်းစိတ်ကျေနပ်အောင်တော့ ဘယ်လုပ်နိုင်မလဲ။ ကျွန်တော်က မြန်မာ့ရိုးရာလက်ဝှေ့ကို အနောက်နိုင်ငံတွေအထိ သိအောင်လုပ် ဆောင်ချင်တယ်။ ဒီလုပ်ဆောင်ချက်တွေ အောင်မြင်မယ်လို့ ကျွန်တော်ယုံကြည်တယ်။
ကျော်ဇင်လှိုင် မြန်မာတိုင်းမ်
14/12/2018
" တွေ့မရှောင် သည် တွေ့မရှောင် "
၂၀၁၃ခုနှစ်အတွင်း အစောပိုင်း လတစ်လရဲ့ နေ့တရက်မှာ
ဖြစ်ပျက်ခဲ့တဲ့ အကြောင်း ရေးဖို့ အားသီသပြင်းပြနေခဲ့တာ
ကြာပါပြီ ။ တစ်နေ့ ရေးမယ် ရေးမယ်နဲ့ အချိန်တွေကသာ ကုန်
လာတယ် စာမျက်နှာပေါ်ကို စာလုံးအဖြစ် မရောက်လာခဲ့နိုင်ဘူး ။
ကစားသမားသစ်တွေကို သင်ကြားရေး အစီအစဉ်တွေ လေ့ကျင့်
ရေး ကိစ္စတွေကများတာလဲ ပါပါတယ် ။
ဒီနေ့တော့ ရေးဖြစ်လိုက်ပြီ ။
ကျွန်တော်ရေးမယ့်စာက စာဖတ်သူတို့ လက်ဝှေ့ ဝါသနာပရိသတ်များရဲ့ ယနေ့အထိ တသသရှိနေသေးတဲ့ တွေ့မရှောင်ရဲ့
အကြောင်းပါပဲ ။ ကျွန်တော့်စာရေးဖို့ ခေါင်းစဉ်ချပြလိုက်တာနဲ့
တွေ့မရှောင်ရဲ့ ပရိသတ်တို့ကသူရဲ့ ပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီး
အလွတ်ရနေပြီးသူတွေ အများကြီး ရှိနေမှာ မလွဲပါဘူး ။
သူ့ရဲ့ကျော်ကြားမှုကို တစ်နိုင်ငံလုံး ကျေးလက်ဒေသမကျန်အောင်
နာမည်ကျော်ခဲ့တယ်လို့ ဆိုရမယ် ။
ကျွန်တော် ပုဂံဒေသကို ခရီးထွက်တော့ ပုဂံသမိုင်းပြတိုက်ကြီးနား
မှာ အနားယူရင်း ထမင်းဆိုင်ကို ထမင်းဝင်စားပြီး ထိုင်နေချိန်မှာ
အဲ့ဒီနားက လူငယ်နှစ်ယောက် စကားယှဉ်ပြောကြရင်း " ဟေ့ကောင် ငါက တွေ့မရှောင် အကွက်တွေကြည့်ပြီး လေ့ကျင့်ထားတာနော် ၊ တံတောင်ရိုက်ချက် ကြိုက်လား ၊ ခေါင်းတိုက်ချက်
ကြိုက်လား " လို့ ဆိုပြီး လက်ခမောင်း ခတ်ပြီး သူ့သူငယ်ချင်းကို
အားရပါးရ ပြောနေပါတယ် ။ သူတို့နှစ်ယောက်ထဲ ရှိနေတဲ့ပုံအတိုင်းပဲ ပြောနေကြတာကို ကြည့်ပြီး ကျွန်တော် အံ့သြမိသွားတယ် ။
ကျွန်တော်ကိုလဲ မသိသလို ရှိတယ်လို့တောင် ကျွန်တော်မထင်မိဘူး သူတို့ဟာသူတို့ပြောရင်း ကျေနပ်မှုတွေကြောင့် ပျော်မြူးနေကြပါတယ် ။
လွန်ခဲ့တဲ့ ဆယ်နှစ်အကျော်တွင်းမှာ ကျွန်တော် ပုဂံကို နှစ်ကြိမ်သုံး
ကြိမ်လောက် ရောက်ဖူးခဲ့ပေမယ့် ၊ အခုလို လက်ဝှေ့ နဲ့ ပတ်သက်တဲ့ စကားမျိုးပြောသံ မကြားခဲ့ဖူးဘူး ။
အခုကြားလိုက်ရချိန်မှာ အံ့သြခြင်း ဖြစ်လိုက်ရတယ် ။ သမိုင်း
တစ်လျောက်မှာ သူရဲကောင်းတွေ အလီလီ ပေါ်ထွက်ခဲ့တဲ့ ဒေသမှာ ပျောက်ခြင်းမလှပျောက်သွားခဲ့တဲ့ သူရဲကောင်းတွေကို ဟိုနား
တွေ့ရနိုးနိုး ၊ ဒီနားတွေ့ရနိုးနိုး ရှာဖွေမိတယ် ၊ တောင်အစွယ်ချောက်ကမ်းပါးနားကများ ပေါ်လာမလား ၊ ဧရာဝတီမြစ် သဲသောင်ပြင်
ကနေ ခါးတောင်မြောင်နေအောင်ကျိုက်ပြီး တက်လာနိုးနိုး
မျှော်ကြည့်မိပေမယ့် ၊ သူရဲကောင်းတို့ ကတော့ မပေါ်လာခဲ့တော့ဘူး ။ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေချိန် ဒီဒေသမှာ ပြန်ပြီး
သူရဲကောင်းကြီးတွေရဲ့ ပုံရိပ်အသစ်တွေကို ပြန်ပေါ်လာလိမ့်နိုးနဲ့
မျှော်လင့်နေတဲ့ အခိုက်အတန့်မှာ ဒီဒေသကလူများက ဒေသစွဲမထားပဲ သူရဲကောင်းအသစ်အဖြစ် သတ်မှတ်လိုက်ကြသလား ။
လက်ဝှေ့ ပွဲများနဲ့ ကင်းကွာနေတဲ့ဒေသမှာ တွေ့မရှောင် ဆိုတဲ့
နာမည်ကို မာန်နဲ့ထန်နဲ့ သုံးစွဲသံက ကျွန်တော်ရဲ့ ဘဝင်မှာ
ကြည်နူးမိခဲ့ရတယ် ။
တကယ်လည်း တွေ့မရှောင် တစ်ယောက်က ရှားမှရှား လူလို့
သတ်မှတ်ရပါတယ် ။ တွေ့မရှောင်နဲ့ကျွန်တော် ရှစ်နှစ်သာကာလအထိ အတူတူ လက်တွဲလာခဲ့ကြရတော့ သူ့ရဲ့ ကစားသမား
သက်တမ်းတစ်လျှောက် ဆရာတပည့်အဖြစ်နဲ့ အခက်အခဲပေါင်းစုံ
ကို ကျော်လွားဖြတ်ကျော်ခဲ့ကြတယ် ။ အဲ့ဒီလို ဖြတ်သန်းခဲ့ရာ ကာလတစ်လျှောက်မှာ သင်ကြားမှုအပိုင်း ၊ လေ့ကျင့်မှုအပိုင်း ၊
ယှဉ်ပြိုင်ရမှုအပိုင်းတွေမှာ ငြင်းဆိုတာ ဆ့န်ကျင့်တာတွေကို
တစ်ချက်မှ လုပ်ခဲ့တာ မရှိခဲ့ဖူးဘူး ။
ဒီပွဲအတွက် ဒို့ဒီလိုမျိုး လေ့ကျင့်ရမယ် ၊ လေ့ကျင့်ဖို့ လိုအပ်တယ်လို့ ဆိုတာနဲ့ ဟုတ်ကဲ့ တစ်လုံးကိုသာ သူပြောလေ့ ရှိတယ် ။
အဲ့လောက်ထိကို နာခံတတ်မှုကောင်းသူ ဖြစ်တယ် ။
ဝီရိယ ၊ ဇွဲနဲ့ဆိုပြန်ရရင်လဲ ကျွန်တော့်လေ့ကျင့်ပေးချိန်က မနက်ပိုင်းတစ်ချိန်နဲ့ ညနေပိုင်းမှာ တစ်ချိန် လေ့ကျင့်ပေးပေမယ့် ၊ သူ့အတွက် သူဟာသူ နေ့ခင်းတွေနေပူကျဲကျဲမှာ အိပ်ရာတရေးနိုးတာနဲ့ သူကပြေးလိုက်တယ် ။ ပြန်ရောက်ပြီး ချွေးသိပ်အောင် နေရင်း
ကျွန်တော်ရဲ့ ညနေပိုင်း လေ့ကျင့်ချိန်ကို ငြင်းဆန်တာ မလုပ်ပဲ
တောက်လျှောက်ကစားပြန်တယ် ။ အဲ့လို ကစားတဲ့ အကျိုးကျေးဇူးကလည်း သူ့ရဲ့ပွဲတွေမှာ သူ့ကိုပြန်ပြီး အကျိုးပေးတာကို
သူပြန်ခံစားရတာ လက်တွေ့ပါပဲ ။
ကျွန်တော် သူ့ကို တွေ့မရှောင် လို့ ကျွန်တော်ကိုကျွန်တော် အသိအမှတ်ပြုရသည့်ပွဲက နှစ်စဉ်မပျက် ကျင်းပလေ့ရှိတဲ့ ဗျိုင်းနှစ်ကောင်ဘုရားပွဲမှာ ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ရတဲ့ပွဲပါ ။
ကြိုတင်ပြီး သဘောတူကြတုန်းကထိုင်းလက်ဝှေ့ သမား လုံးတူဒေါက်တူဆိုပြီး သဘောတူထားခဲ့ကြပေမယ့် ပေနှစ်ဆယ်ကြိုးဝိုင်းအလယ်မှာ တည်မိကြတော့ ဆိတ်နဲ့ဆင်လောက် ကွာနေရော ။
နာမည်က ခရွမ် ၊ သူ့ရဲ့ ခြေသလုံးက တွေ့မရှောင်ရဲ့ ပေါင်လုံးထက် ကြီးနေသေးတယ် ။ ကိုယ်အလေးချိန်က ခွန်နှစ်ဆယ့်ငါး ၊ ရှစ်ဆယ်ကီလိုနီးပါးလောက် ရှိနေတယ် ။
တွေ့မရှောင်ရဲ့ ကိုယ်အလေးချိန်က ခြောက်ဆယ့်လေးကီလိုပဲ ရှိ
တယ် ။ ဆယ်ကီလိုကျော်ပိုနေတယ် ပေါင်နဲ့ဆိုရင် နှစ်ဆယ်ကျော်ပိုတယ် ။ သဘောတူထားသလောက် မဟုတ်လို့ ပွဲဖျက်မယ်
ဆိုရဖို့ကလည်း ဝိုင်းအလယ်မှာ ရောက်နေပြီး မျက်နှာချင်းဆိုတည်မိနေပြီ ။ တွေ့မရှောင်က ဟန်မပျက်ရှိနေပေမယ့် ကျွန်တော့်မှာက သွေးပျက်ချင်ချင် ဖြစ်နေပြီလေ ။ လေ့လာမိထားသလောက်
ထိုင်းလက်ဝှေ့ သမားတွေတိုင်း လက်ဝှေ့ ပညာကို သေသေချာချာ
သင်ကြားတတ်မြောက်ထားကြသလို ပြိုင်ပွဲအတွေအကြုံ ပွဲအရေအတွက်တွေက ကျွန်တော်တို့ကစားသမားတွေထက် သာကြ
တယ် ။ အခုက ပညာကသာမှာ ဖြစ်သလို လူကောင်ကလဲကွာနေ
ပြီ အားလုံး သူတို့ကို အကြောပေးပြီး ယှဉ်ပြိုင်ရတော့မှာမို့ ကျွန်တော့်ရင်မှာ တစ်လှပ်လှပ်နဲ့ အသက်ရူသံမမှန်တော့ဘူး ။
ယှဉ်ပြိုင်ကြပြန်တော့လည်း ကြိုတင်တွေးခဲ့တဲ့ အတိုင်း လူကောင်
ကြီးသလို ပညာကလည်း ကြီးကြောင်း ပြပါလေရော ။
ဒိုင်လူကြီးလက်ဖြုတ်လိုက်တာနဲ့ ဘယ်ခြေအဖြောင့်နင်းတာခြေကို
ခြေထပ်ခိုးတက်ပြီး တွေ့မရှောင်ရဲ့ ရင်ညွန်ကို ဆောင်ပြီးနင်းလိုက်
တော့ တွေ့မရှောင် အနောက်ဖက်ကို ထွေးကနဲ လွင့်သွားတာ ကြိုးဝိုင်းနားမှာ ပုံ့ပုံ့လေး ။ ပြန်ထလို့ ပြန်တည်တုန်း ထပ်ပြီး ဆောင့်နင်းပြန် ထပ်ပြီးလွင့်ထွက်နဲ့ အခြေတည်အောင်ကို လူပ်လို့မရ ဖြစ်နေရှာတယ် ။ ဆောင့်နင်းတဲ့တိုက်ကွက် မလုပ်ပြန်တော့လဲ အောက်ခြေလွတ်အောင် ခြေဖဝါးရိုက်ဖြုတ် ကစားကွက်နဲ့ တွေ့မရှောင်
ရဲ့အားပြုထားတဲ့ ထောက်ခြေကို အပေါ်ကိုထိုးယောင်ပြပြီ ခြေဖြုတ်ရိုက်ပြန်တော့ တွေ့မရှောင် ပက်လက်ကလေးလဲကျ ရပြန်တယ်
အားစမ်းထိုးရင်း ပညာခန်းတွေ ပြနေတဲ့ ခရွမ်ဟာ လက်သီးထိုးရာမှာလဲ အံမခန်း လက်သီးထိုးပြပါတော့တယ် ။ ဘယ်ဖြောင့်လက်သီး ထိုးပြီး ဘယ်လက်သီးဝိုက်ထိုး ဘယ်လက်သီးပင့်ထိုး အမျိုးမျိုးကို သုံးပြီး ထိုးနေတာကို ခံရတဲ့ တွေ့မရှောင်ဟာ မျက်နှာ
မော့မော့ပြီးလှန်လှန်သွားတယ် ။ ခရွမ်ကအားရပါးရနဲ့ စိတ်ကြိုက်
ထိုးရပြီး ပထမအချီပြီးသွားတဲ့ ခေါင်းလောင်းသံ မြည်လာတယ် ။
ကျွန်တော် သက်ပြင်းရှည်ချရင်း စင်ပေါ်ကို ပြေးတက်သွားတယ် ။
အနားပေးကုသနေရင်း ဘာတွေအနာရှိလဲ ဘယ်နားနာလဲ ဘယ်လိုနေလဲ ဆိုတဲ့ မေးခွန်တွေမေးရင်းနဲ့ သူ့ကိုခိုင်းရမယ့် နည်းစနစ်ကို ပြောဖို့ပါ မေ့သွားခဲ့ပြီး ဒုတိယအချီကို သူယှဥြ်ပိုင်ဖို့ သွားလေတယ် ။
စစချင်း လွတ်တာနဲ့ ခရွမ်ကနေပြီး ပထမသုံးခဲ့တဲ့ ဘယ်ခြေနဲ
့ဆောင့်နင်းလိုက်ပြန်တယ် ၊ ပုံလျှက်လေး လွင့်ထွက်သွားပြန်တယ်
လဲကျသွားတဲ့ တွေ့မရှောင်တစ်ယောက် ပြန်ထပြီး မဲမဲမြင်ရာကို
လိုက်တယ် ။ လိုက်သာလိုက်ရတယ် အထိုးခံရဖို့ လိုက်နေတာနဲ့
တူနေတယ် ။ ဝင်လာတဲ့ တွေ့မရှောင်ကို ခရွမ်က လေ့ကျင့်ရုံထဲ
အတန်းမတူတဲ့ လေ့ကျင့်ဖက်နဲ့ လေ့ကျင့်သလို တစ်ဖက်သတ်
စိတ်ကြိုက် ဖြောင့်ထိုး ၊ ဝိုက်ထိုး ၊ ပင့်ထိုးအမျိုးမျိုးနဲ့ ထိုးသလို
ကပ်ပြီးတော့လည်း ပင့်တံတောင် ၊ ရိုက်တံတောင် ၊ ချွန်းတံတောင်တွေကို အသုံးချပြီးထောင်းတံတောင်နဲ့ပါ ထုလိုက် ထောင်းလိုက် တိုက်ခိုက်နေပြီး တွေ့မရှောင်က ပြန်ထိုးတာကို ကပ်ရှောင်ပြီး ဒူးအတိုက်ကလည်း မရပ် တစ်ချက်တစ်ချက် ညာခြေအမြင့် ကန်ချက်ကြောင့် လှန်လှန်ထွက်နေရပြန်တယ် ။ အဲ့လိုအချိန်မှာ ကျွန်တော်တစ်တည်း ချီတုန်ချတုန် ဖြစ်နေရပြီ ။ ပထမအချီမှာကတည်းက တိုးမပေါက်တဲ့ အခြေအနေ အခု ဒုတိယအချီမှာလည်း တိုးမပေါက်သေးဘူး ။ ဆက်ထိုးရရင် ခံရဖို့က များနေပြီ ၊ ဘာလုပ်ရမှာလဲ မျက်နှာသုတ်ပုဝါကို ပစ်တင်ပြီး အရူံးပေးလိုက်ရမလား ။
အရူံးပေးလိုက်ရင် ကောင်းတော့မယ် ထင်တယ် ဆိုတဲ့ အတွေးက
ကျွန်တော်မှာ လွမ်းမိုးနေပြီ ၊ ဒီအချီအပြီးမှာ မလွယ်ရင် နောက်အချီမှာ ကစားလို့ အရမ်းနိမ့်နေရင်တော့ အရူံးပေးလိုက်မယ်လို့ ကိုယ့်အတွေးနဲ့ဖြေရင်း စောင့်ကြည့်နေတော့ တွေ့မရှောင်က သဲသဲမဲမဲ လိုက်ရင်း ထိုးသတ်ချက်က ခရွမ်ကို ထိမှန်နေပြီ ။
ဗိုက်ထဲကို ဘယ်ညာဝိုက်လက်သီးတွေကြောင့် ခရွမ်လည်း အားပျော့သွားတယ်လို့ ကျွန်တော် မြင်လိုက်ရလို့ ဆက်ထိုး ဆက်ထိုး
လို့အော်သံ တံတောင် တံတောင် လို့အော်သံတွေကို သူကြားမ
ကြား မသိပေမယ့် ။ ကျွန်တော် အော်ဟစ်ပြီး ပြောတဲ့ အတိုင်း ထိုးလိုက်တံတောင်ရိုက်လိုက် ထိုးသတ်နေတယ် ။ ပရိသတ်တွေ
ကလည်း တရုံလုံး မတ်တပ်ရပ်ပြီး တွေ့မရှောင်... တွေ့မရှောင်
လို့ လက်သီးလက်မောင်းတန်ပြီး အသံကုန်ညစ်ပြီး အားပေးနေကြ
လို့ ထင်မိတယ် ခရွမ်တစ်ယောက် ဒုတိအချီအပြီး သူ့ထောင့်မှာ
အသက်ပြင်းပြင်းရူရင်း ခေါင်းတခါခါ လုပ်နေတာကို သတိထားလိုက်မိတယ် ။ သူ တွေ့မရှောင်ရဲ့ အသဲနဲ့ဇွဲကို လက်တွေ့မြင်လိုက်ရ
ပြီဆိုတော့ သူစိတ်ကိုသူ ဆက်ပြီး ငါလုပ်နိုင်တော့ပါ့မလား ဆိုတဲ့
အတွေးကို သူတွေးနေမှာ ဖြစ်သလို ကျွန်တော်မှာလည်း ကျွန်တေည်အတွေးထဲမှာက ဒီအချီမှာ ကျွန်တော့လူနိမ့်ရင်တော့ အရူံး
ပေးရမယ် ၊ ဒဏ်ရာတွေအများကြီး ရလို့မဖြစ်ဘူး ။ နောက်လာမယ့် ဆယ်တစ်ရက်မြောက်နေ့မှာ ချန်ပီယံလု့ပွဲအဖြစ် စောငမန်းနဲ့
ယှဉ်ပြိုင်ဖို့ ရှိနေတယ် ။ စောငမန်းနဲ့ ပွဲက အရေးကြီးတယ် စတဲ့
အတွေးတွေကို ကျွန်တော်တွေးရင်းကနေ တွေ့မရှောင်ကို ကုသဖို့
စင်ပေါ်အပြေးတက် လက်မောင်းတွေကိုချေပေး ၊ ခြေသလုံး
ပေါင်လုံးတွေကို နိပ်ပေးရင်း ဘယ်လိုနေလဲ ၊ ဘာဖြစ်လဲ လို့ မေးတာကို ရတယ် ကစားမယ် လို့ပဲ ဖြေပြီး အသက်ဝအောင် ရူနေ
ရင်း သူနောက်အချီအတွက် စဉ်းစားနေတယ် ငါဘယ်လိုကစား
မယ် ဘယ်လိုလုပ်မယ် ဆိုတဲ့ အတွေးဖြစ်မယ်လို့ ထင်တယ် ။
တတိယအချီမှာ အနားယူလိုက်ရလို့ အားပြန်ရလာလို့ ခရွမ်ကလည်း တိုက်စစ်ကို ခပ်ကြမ်းကြမ်းနဲ့ဖွင့်တာကို တွေ့မရှောင်ကလည်း
ထိလာတဲ့ ထိချက်တွေကို အလေးမမူတော့ပဲ ကိုယ့်ထိုးချက်နဲ့
တန်ပြန်ထိအောင် ပစ်မှတ်ကို တည့်တည့်ကြည့်ပြီး တည့်တည့်ထိအောင် ထိုးတာတစ်မျိုး တံတောင်အရိုက်နဲ့တစ်ဖုံ ခေါင်းအဆောင့်နဲ့ပါ တန်ပြန်တိုက်တော့ ခရွမ် အနားတောင်းရတော့တယ် ။
ကျွန်တော် အပျော်တစ်ဝက်နဲ့စင်ပေါ်ကို အပြေးတက်ပြီး သူ့ကိုပွေ့မြောက်ပြီး အသက်ရူခိုင်းရင်း ကိုယ့်ထောင့်ကခုံမှာ ထိုင်ခိုင်း
လိုက်တယ် ။ သူအမောပြေအောင် ရေခဲရေအေးအေးကို သူခေါင်းကနေလောင်းချပေးလိုက်ပြီး ခြေနှစ်ချောင်းကို ကျွန်တော်ရဲ့ ပေါင်နှစ်ဖက်ပေါ်ကို တင်လိုက်ပြီး ခြေဆန့်အနားပေးလို့ လက်မေါင်းတွေ လက်ဖျံတွေကို နိပ်ပေးချေပေးရင်း သူကို မှာကြားလိုက်တယ်
ဒီအချီပြန်စရင် မလောနဲ့နော် ၊ လက်ကြီးကျနေတယ် လက်ကိုတင်ထား ၊ ဒါမှမဟုတ် လက်ကိုဆန့်ထုတ်ပြီးမှ လိုက်နော် ၊ ဒီအချီမှာ မပြတ်လဲ နောက်အချီမှာ ဖြတ်မယ်... ဟုတ်ပြီလား
လို့ ဆိုတော့ ဟုတ်လို့ပြောပြီး ကျန်တဲ့မိနစ်ကို ဖြည့်ဆွတ်ထိုးဖို့
ထွက်သွားပြီး ထိုးတော့ မှာတဲ့အတိုင်းကို သူမလိုက်နာတော့ပဲ
သူစိတ်ထဲက ဖြစ်လာတဲ့ မာန်နဲ့ မှားယွင်းတဲ့နည်းလမ်းကိုသုံးပြီး
ဝင်ထိုးတော့ အနားယူထားလို့အားပြန်ရှိနေတဲ့ ခရွမ်က ဆီးပြီး အပေါ်ကို ညာခြေနဲ့ ဆင့်ပြီးကန်ပါလေရော ၊ ကန်လိုက်တဲ့ကန်ချက်က
နည်းမှန်လမ်းမှန်နဲ့မို့ တွေ့မရှောင်ရဲ့မျက်နှာကိုထိပြီး ဘယ်ဖက်မျက်လုံးအောက်မှာ ကွဲသွားတယ် ။ ကန်ချက်ရဲ့အားကကြီးတော့ သူလဲ ယိုင်ထွက်သွားရတယ် ။
ထပ်ဆင့်လို့ ရင်ပူရသူက ကျွန်တော် ။ အကွဲကြီးကြီးလား ဘယ်လောက်များကွဲသွားသလဲ ၊ နက်သလား ချူပ်ရလောက်တဲ့အထိများ အကွဲကြီး ပြီလား ဆိုတဲ့ အတွေးပူတွေ တစ်သီကြီးကျလာတယ် ။
တအောင့်ကစားပြီးတော့ အချိန်ပြည့်သွားတယ် ။
ကျွန်တေည်ပြေးတက်ပြီး သူကိုအနားယူထိုင်ခိုင်းရင်း လက်ကလည်းလုပ် ပါးစပ်ကလဲပြော မင်းဘာလို့ လောတာလဲ ၊ ငါပြောတယ်
မလောနဲ့ မလောနဲ့လို့ ၊ အခုထိပြီ မလိုအပ်ပဲနဲ့ဒဏ်ရာ မရအောင် လုပ်ရမယ် ။ ဒီအချီမှာ သေသေချာချာ လက်တင်ပြီးမှ ကစားကွ ။
သူ့အမှားမို့ ပြန်မဖြေ ပြန်မပြောဘဲ လေးချီမြောက်ကို ကစားဖို့
ကြိုးဝိုင်းအလယ်ကို သွားပြီး ရင်ဆိုင်ကစားတော့တယ် ။
ခရွမ်က ငါ့ရဲ့ ကန်ချက်ကြောင့် သူမျက်နှာကွဲသွားပြီ ငါအသာရလိမ့်မယ်လို့များ တွေးသလို တွေ့မရှောင်ကလည်း ငါ့ကို ကွဲအောင်
ထိုးထားတယ် ငါက မင်းကို အလဲထိုးမယ်လို့ အတွေးတွေကြောင့်
ထင်ပါရဲ့ လွတ်တာနဲ့ ဆိုင်ထိုင်ပီး ကန်သလို တံတောက်တွေအရိုက်ကလည်း ခေါင်းတွေကို ရိုက်ခံရလို့ မြည်တဲ့အသံက တတိန်တိန် တဒုတ်ဒုတ်ဆိုတဲ့ အသံ ကန်ချက်ကြောင့် မြည်သံက ဖြောင်းကနဲမြည်သံ ၊ ဖုန်းကနဲ မြည်သံတွေက
ရင်တုန်ရအောင်ကို ဖြစ်စေတယ် ။ အပြန်ပြန်အလှန်လှန် အသည်းချင်းဇွဲချင်း ယှဉ်ချိန်မှာ ပညာရပ်တွေဟာ ကြက်ပျောက်ငှက်ပြောက် ပြေးထွက်သွားကြတယ်ဆိုတဲ့ စကားလို မမောမပန်းခင်မှာ ပညာခန်းကြီးကြောင်းကြီးကို အစွမ်းပြပြပြီး လုပ်ချင်တိုင်းလုပ်ခဲ့တဲ့ ခရွမ်ဟာ အသည်းချင်းဇွဲချင်းပြိုင်ရတော့ မယှဉ်နိုင်တော့ပဲ တွေ့မရှောင် ရဲ့အရှေ့မှာပဲ ဒူးထောက်ကျခဲ့ရပြီး အရူံးပေးခဲ့ရတယ်
အနိုင်အရူံးပေါ်ခဲ့ရပေမယ့် ကျွန်တော်ကိုကျွန်တော် ဝန်ခံရမှာက ဒီပွဲအပေါ်မှာ နည်းပြတစ်ယောက်ရဲ့ လမ်းညွန်မှုတွေက အခရာမကျခဲ့ဘူးလို့ ခံယူမိတယ် ။ ဘာကြောင့်လဲလို့ ဆိုရရင်
ကျွန်တော်က ဇဝေဇဝါဖြစ်ပြီး ယုံကြည်မှု ပျောက်ကွယ်ကာ လမ်းညွန်မှုကောင်းကောင်း မချပေးနိုင်ခဲ့ဘူး ။ ဒီပွဲက သူ့ပွဲပါပဲ
သူ့ဟာသူ့နာမည့်ဖြစ်တဲ့ တွေ့မရှောင် ဆိုတဲ့အတိုင်း သူနာမည်နဲ့
လိုက်ဖက်အောင် အကြီးအသေးကို မရှောင် ပီးဆေး မဆောင်ပါ
ဆိုသလို ရှေ့ကိုသာ ရဲရဲတက်မယ် နောက်ကိုဆုတ်မယ့် ခြေလှမ်း
ငါ့မှာမရှိ ဆိုသည့်အတိုင်း ဒီပြိုင်ပွဲက တွေ့မရှောင် သည် တွေ့မရှောင် မို့ တွေ့မရှောင်စိတ်ကြောင့်တွေ့မရှောင် အောင်လံထူခဲ့ခြင်းသာ ဖြစ်ပါတယ် ။
ကဘော်မြေကျော်စိုး
ယခုစာကို ဖီးနစ်ပေခ်ျအတွက် ရေးပါသည် ။
_______________________________________
_
_
_
မူရင်းရေးသားသူ=ဆရာကဘော်မြေကျော်စိုး
Sar Say ရိုးရာလက်ဝှေ့/တိုက်ခိုက်ရေးပညာရပ်များနှင့်ကာယဗလ https://www.facebook.com/Sar-Say-200518033734215/ မှ ပြန်လည်ဖော်ပြပါသည်။
_________________________________
07/12/2018
မိမိနှင့်ရွှေမောင်(ကျောက်တော်)
မိမိနှင့်ရွှေမောင်အစား မိမိနှင့် ရခိုင် သူရဲကောင်းလို့တောင် တင်းစားရေးချင်ပါ တယ်။ သူ့ခေတ်၊ သူ့အချိန်၊ သူထိုးစဉ်အခါ က လုပ်အားနှုန်းအပြည့်ကစားတဲ့သူပါ။
အဲဒီလို ယှဉ်ပြိုင်ခဲ့လို့လည်း သူရှုံး သည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ၊ ပွဲစီစဉ်သူ များက သူ့ကိုပွဲအမြဲထည့်ပေးလေ့ရှိကြပါ တယ်။ ငယ်ဆရာ ကိုပန်သုရဲ့တပည့်ဖြစ် ပေမယ့် ရိုးရာလက်ဝှေ့ပညာကို အခြားဆ ရာတွေမှာလည်း အခါအခွင့်သင့်ရင်သင့်သ လို လေ့လာသင်ယူတတ်ပါတယ်။
မိမိသူ့ကိုစတင်ကြည့်ဖူးတဲ့ပွဲကတော့ အရင်အောင်ဆန်းကွင်းမိုးလုံလေလုံရုံမှာ ဆ ရာဦးဒေါင်းနီတာဝန်ယူကျင်းပတဲ့ပွဲတစ်ပွဲ မှာပါ။ ပွဲကြီးက အောင်ဇော်ထွန်း(မန္တလေး) နဲ့ သာစည်မောင်မောင်ကြီးတို့ပွဲပါ။ ရွှေမောင် က ဘားအံက ပြည့်စုံ(ရိုးရိုးထွေးညီ)နဲ့က ငါးချီအထူးစိန်ခေါ်ပွဲပါ။ နှစ်ယောက်လုံး အ ရွယ်ညီပါ။ စလွှတ်ကတည်းက ဖိုက်တာထိုး ကြတာ။ မိမိအလွန်နှစ်သက်မိပါတယ်။
ရွှေ မောင်ဟာ အမိုက်ကစားသမားပါ။ အလိမ္မာ မဟုတ်ပါဘူး။ နောက် သူရှုံးသွားပါတယ်။ ဒါပေမဲ့ သူကစားတာကို မိမိနှစ်သက်တဲ့ အတွက် သူပါတဲ့ပွဲတိုင်း ကြည့်ဖြစ်ပါတယ်။
၂၀၀၄ ခုနှစ်လောက်မှာတော့ သူ့ရဲ့ အထူးခြားဆုံးပွဲလို့ပြောရမယ့်ပွဲကို ကြည့် ဖြစ်ပါတယ်။ တကြိမ်တစ်ခါမှ မကျင်းပဖူး တဲ့ ရန်ကုန်မြို့လယ်ကောင် ဗိုလ်တ ထောင်မြို့နယ်၊ စိန်ပေါလ်ကျောင်းဘော လုံးကွင်းထဲမှာပါ။ (ယခုအ .ထ .က ၆ ဗိုလ်တထောင်) တာဝန်ယူစီစဉ် တာက ယခင်လက်ဝှေ့သမားဟောင်း စောငမန်းကြီးပါ။ ဆရာပီကင်း ပြန် ဦးဗိုလ်စိန်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ပွဲဖြစ်ပါတယ်။ နောက်ဆုံး မိန်းဖိုက်ပွဲကြီး က မောင်မောင်ကြီး(သာစည်)နဲ့ ဗညား ဇော်(မအူပင်) ၁၀ ချီပွဲဖြစ်ပြီး အခြား ၇ ချီပွဲ၊ ၅ ချီပွဲအတွဲဆိုင်းတွေကလည်း အဲဒီ အချိန်က အတော်စိတ်ဝင်စားပြီး စိတ်လှုပ် ရှားဖို့ကောင်းတဲ့အတွဲအဆိုင်းတွေပါ။
စောစိန်လေး(တွံတေး)နဲ့ ဇော်ဝင်း ထွန်း(သထုံ)၊ တင့်ဆန်း(ပုဇွန်တောင်)နဲ့ ကျော်ခေါက်(သထုံ)၊ ရွှေမောင်(ကျောက် တော်)နဲ့ စောအဲလေး(ဗိုလ်တထောင်)အပြင် အခြားအတွဲဆိုင်းတွေလဲပါပါတယ်။ တကယ့် ကို မြိုင်မြိုင်ဆိုင်ဆိုင်ပွဲကောင်းတွေပါ။
အထူးသဖြင့် ရွှေမောင်နဲ့ စောအဲလေး ပွဲဟာ အဲဒီည လာရောက်ကြည့်ရှုတဲ့ပရိ သတ်ကိုအဖမ်းစားနိုင်ဆုံးလို့ဆိုရမှာပါ။ ၇ ချီစိန်ခေါ်ပွဲဆိုတဲ့အတိုင်း နှစ်ယောက်စလုံး လွှတ်ကတည်းက အားစမ်းတာတွေ၊ ထိုး ကွက်ရှာတာတွေ၊ အနင်းအတားတွေမရှိ သလောက်ကို ပြိုင်ချ၊ ဆိုင်ချ၊ ပြိုင်ထိုး၊ ဆိုင်ထိုးကြတာပါ။ စောအဲလေးကလည်း ဗိုလ်တစ်ထောင်နယ်ခံဖြစ်တာကြောင့် သူ့ နယ်မြေမှာယှဉ်ပြိုင်ရတာ မို့ အတော်လေးကို ထိုးအားခပ်အား ကောင်းကောင်းနဲ့ ရွှေမောင်ကို အပြီး ရင်ဆိုင်တာပါ။ ရွှေ မောင်ကလည်း နောက်တွန့်မသွား ဘဲ ရဲရဲရင်ဆိုင်ကြ တော့ ထိကုန်ကြတာ ပေါ့။ အချီအလား ပြည့်လို့ မိမိယှဉ်ပြိုင်ရာထောင့်ကိုပြန် လာတိုင်း နှစ်ဦးစလုံးမှာ ဒဏ်ရာ ကိုယ်စီနဲ့ပါ။ ယှဉ်ပြိုင်ရင်း ၅ ချီမြောက်မှာ တော့ နှစ်ဦးလုံးဟာ အကြံကုန်လာတယ်ဆို ရမှာပေါ့။
နှစ်ဦးရင်ဆိုင်ယှဉ်ပြိုင်ရင်း မထင် မှတ်တဲ့အချိန်မှာ လေထဲမှာခုန်ပြီး ငရံ့ထိုး ခေါ်မှာပေါ့ ခေါင်းချင်းဆိုင်တိုက်ရတဲ့ အ ဆင့်ကို ရောက်ရောဆိုပါတော့။ ပွဲက ညပွဲပါ။ မီးရောင်အောက်မှာ နှစ်ဦးသားခေါင်းခြင်း တိုက်တဲ့အသံက အုန်းသီးကို ဓား နောင့်နဲ့တိုက် ခွဲလိုက်သလို ]ခွက်} ကနဲမြည်သွားပြီး နှစ်ဦးလုံးကြိုးဝိုင်း ကြမ်းပြင်ပေါ်မှာ လဲကျသွားပါတယ်။ နှစ်ဦးစလုံး ပုံကနဲလဲကျသွားတဲ့ အ တွက် ကြိုးဝိုင်းဒိုင်ဟာ ဘယ်လိုပြုမူ ဆောင်ရွက်ရမှန်းတောင်မသိခင် ပထမဆုံး ပြန်လည် လူးလွန့်ထဖို့အားယူလာသူက တော့ စောအဲလေး(ဗိုလ်တထောင်)ဖြစ်ပါ တယ်။ ချက်ခြင်းသတိပြန်လည်ရပြီး ကြိုး စားကာ ပြန်ထဖို့အားယူနေတဲ့အတွက် ကြောင့် ကြိုးဝိုင်းဒိုင်က လဲကျပြီးမလှုပ် မရှပ်ဖြစ်နေတဲ့ ရွှေမောင်ကို အမှတ်စဉ်ရေ ဖို့ကြိုးစားပါတယ်။
ရွှေမောင်ကိုအမှတ်စဉ်ရေဖို့လုပ်နေတဲ့ အချိန်မှာ အားယူပြီးပြန်ထတဲ့ စောအဲ လေးက ပြန်ရပ်နေပါပြီ။ ကြိုးတန်းကို အားပြုကာ ကြိုးဝိုင်းဒိုင်က ရွှေမောင်ကို အမှတ်စဉ်ရေနေတာကိုကြည့်နေပါတယ်။ ပရိသတ်တွေလည်း အကြည်းတန်ပီတိခေါ် မှာပေါ့ ပြန်လည်ကြိုးစားပြီးထလာတဲ့ စော အဲလေးကို လက်ခုပ်လက်ဝါးတီးပြီးအား ပေးနေကြသလို လဲကျသွားတဲ့ ရွှေမောင် ကိုလည်း တစ်စုံတစ်ခုများဖြစ်သွားမလား ဆိုတဲ့အံ့သြမှုမျိုးနဲ့ပါ။
ကြိုးဝိုင်းဒိုင်က ရွှေမောင်ကို အမှတ် စဉ်ရေနေစဉ် သုံး၊ လေး ဆိုတဲ့အချိန်လည်း ရောက်ရော ရွှေမောင်က ပြန်လည်သတိရ ကာ လူးလဲထဖို့ကြိုးစားနေစဉ်အတွင်းမှာပဲ စောအဲလေးက ယိမ်းယိုင်လာပြီး ဘိုင်းခနဲ အရုပ်ကြိုးပြတ်ပြန်လည်လဲကျသွားပါတော့ တယ်။ အဲဒီအချိန်မှာ ရွှေမောင်က ပြန် လည် ရပ်နေနိုင်ပါပြီ။ ကြိုးဝိုင်းဒိုင်က ရွှေမောင်ကိုအမှတ်စဉ်ရေနေရာမှ စောအဲ လေးဘက်လှည့်ကာ အမှတ်စဉ်ရေဖို့လုပ် တုန်း အောက်ကခုံဒိုင်က အခြေအနေကို ၀င်ရောက်ထိန်းသိမ်းတဲ့အနေနဲ့ အခုနက ကစားသမားနှစ်ဦးဖြစ်တဲ့ ရွှေမောင်နဲ့ စောအဲလေးတို့ရဲ့ ယှဉ်ပြိုင်တိုက်ခိုက်မှုဟာ အတော်လေး ပြင်းထန်သွားတဲ့အတွက် တာဝန်ခံဆရာဝန်ကိုခေါ် ကာ ကြိုးဝိုင်းပေါ်မှာ အခြေ အနေကိုတက်ရောက်စစ်ဆေး ပေးဖို့ အကူအညီတောင်းခံပါ တယ်။ ကြိုးဝိုင်းဒိုင်လည်း ကြိုး ၀ိုင်းစင်ပေါ်တက်လာတဲ့ ဆရာဝန်နဲ့ အတူ ကူညီဖေးမရင်းပြန်လည် လဲ ကျသွားတဲ့ စောအဲလေးကိုစစ်ဆေး ပြီး ဆက်လက်ယှဉ်ပြိုင်ဖို့ မသင့် တော့တဲ့အတွက် ရွှေမောင်ကိုအ နိုင်ပေးကာအခြေအနေမကောင်း တော့တဲ့စောအဲလေးကို ဆေးရုံပို့ ဖို့ပြင်ဆင်ကြပါတယ်။
ရွှေမောင်ဟာ အနိုင်နဲ့ လက်ဝှေ့ရေးပြရင်း အဲဒီပွဲရဲ့ အောင်မြင်မှုဟာ ရိုးရာလက် ဝှေ့ပရိသတ်များကြား၊ ပွဲစီ စဉ်သူများအကြားမှာ အ တော်ကလေးအားပေး အသိအမှတ်ပြုခြင်းခံရပါ တယ်။ နောက် လက်ဝှေ့ပွဲတွေ မှာ ရွှေမောင်ရဲ့ ကြိုးစားအား ထုတ်မှု၊ နိုင်လိုစိတ်ပြင်းထန် မှု၊ အချီပြည့်အလား ပြည့်အင်နဲ့အားနဲ့ ယှဉ် ပြိုင်တတ်သူဖြစ်တာကြောင့် ပွဲတော်တော် များများမှာ မြင်တွေ့လာရပါတယ်။
နောက်ပိုင်းမှာတော့ မိမိနှင့်ခင်ခင်မင် မင် ရင်းရင်းနှီးနှီးဖြစ်လာကာ ဦးလေးကျား နဲ့ သန်လျင်မှာ ရိုးရာလက်ဝှေ့အသင်း ထောင်တော့ ၀မ်ချိုမ်းတို့နဲ့အတူ ဇော်ဝင်း ထွန်း(သထုံ)၊ နိုင်ဘို့(သထုံ)၊ ကျော်ခေါက် (သထုံ)၊ ရွှေမောင်(ကျောက်တော်)၊ စောင မန်း(ဘားအံ)၊ အောင်ကျော်မိုး(ရန်ကုန်)တို့ ဟာ အသင်းရဲ့အမာခံအသင်းသားများအဖြစ် စုစည်းမိခဲ့ကြပါတယ်။ အသင်းလိုက်သွား ရောက်ယှဉ်ပြိုင်တဲ့ပွဲတိုင်းမှာရွှေမောင်ကြောင့် မျက်နှာပျက်ရတဲ့ပွဲမရှိသလောက်ပါ။
တစ်ခါတော့ ရခိုင်ပြည်နယ်စစ်တွေ မြို့မှာ ရွှေမောင်နဲ့ နေ၀င်းထွန်းပွဲကြီးအဖြစ် ယှဉ်ပြိုင်ကြရာမှာ ရွှေမောင်ရဲ့ အသည်းဇွဲ ကို ကြိုက်နှစ်သက်တဲ့မြို့ခံ သူဌေးတစ်ဦး က ပွဲလာကြည့်ရင်းရွှေမောင်ကို ရွှေ ရောင်မီဒိုနာရီတစ်လုံးဆုအဖြစ် ချီးမြှင့်ကာ လက်ဝှေ့သမား အားလုံးအပြန်ကို ပွဲစီစဉ်သူ နဲ့တိုင်ပင်ပြီး လေယာဉ် နဲ့ပြန်ဖို့အထိ အကူအညီ ပေးခဲ့ပါတယ်။ မိမိက ]ရွှေမောင် မင်းလက်ဝှေ့ မျိုးရိုးရှိလား}ဆိုတော့ "မရှိ ပါဘူးအစ်ကို၊ အရင်ကတည်းက ကျွန်တော် ရိုးရာ လက်ဝှေ့ထိုးတာ မိဘတွေကတော့ မကြိုက်ကြပါဘူး။ အစ်ကိုတွေ ဦးလေးတွေ ကတော့ အားပေးကြပါတယ်။ အမျိုးတွေထဲ မှာလည်း ကျင်တော်တဲ့သူတွေရှိကြပါတယ်။ ရွှေမောင်း ငွေမောင်းရတဲ့သူတွေရှိတယ် အစ်ကို"လို့ ရှင်းပြပါတယ်။ (ကျင်တော် ဆိုတာက ရခိုင်ရိုးရာ ကျင်ကိုင်ခြင်း၊ နပန်း လုံးကစားပြိုင်ခြင်းဖြစ်ပါတယ်)။
မိမိသိမီသလောက် ရခိုင်တိုင်းရင်းသား များထဲမှာ ရိုးရာလက်ဝှေ့ထိုးတဲ့သူတွေရှိကြ ပါတယ်။ ဒါပေမဲ့ ရွှေမောင်လောက် မကျော် ကြားခဲ့ကြပါဘူး။ ဒါကြောင့်လည်း မိမိက ရွှေမောင်ကို ရခိုင်သူရဲကောင်းလို့ တင်စား ချင်တာပါ။
ရွှေမောင်ဟာ ရခိုင်ပြည်နယ် ကျောက်တော်မြို့ ပုဏ္ဏားကျေးရွာသားတစ် ဦးဖြစ်ပါတယ်။ ရခိုင်သံဝဲ၀ဲနဲ့ စကားပြော ကောင်းပြီး မိတ်ဆွေသူငယ်ချင်းများနဲ့ လူ မှုဆက်ဆံရေးကောင်းမွန်တဲ့ ရိုးရာလက်ဝှေ့ ကျော်တစ်ဦးဖြစ်ကြောင်းသိခဲ့၊ ကြည့်ခဲ့ဖူး သူတွေရော မသိခဲ့၊ မကြည့်ခဲ့ဖူးတဲ့အမျိုး တွေကိုပါ ရေးသားတင်ပြလိုက်ရခြင်းဖြစ် ပါတယ်။
PlayMaker ဂျာနယ်တွင် ဖော်ပြခဲ့သည့်ဆောင်းပါးဖြစ်သည်။
_________________________________________
ဆရာအော်စကာ(Oscar Myanmar Lethwei)၏ post ကို ပြန်လည်ဖော်ပြပါသည်
_________________________________________