BICHO 株式会社

BICHO 株式会社

共有する

BICHO 株式会社, Eスポーツチーム, 梅里, Minatoの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

弊社は、国際的な輸出入事業を中心に展開し、幅広い商品を迅速かつ安全にお届けしております。お客様一人ひとりのニーズに寄り添い、最適な物流ソリューションを提案することで、信頼性の高いサービスを提供しております。

さらに、新たに人材紹介事業も手掛けており、求職者の方々に対して希望や適性に合った就職先をご紹介しています。また、キャリアチェンジを目指す方々に対しても、将来を見据えたアドバイスを行い、最良のキャリア形成をサポートしております。

31/08/2026

🔥🚜 Tokyo မှာ လစာကောင်းတဲ့ အလုပ်အခွင့်အရေး! 🇯🇵

📍 နေရာ — 新木場 (Shinkiba), Tokyo

💰 တစ်နာရီ ¥1,700
🚜 ユンボ (Excavator / 解体) + Forklift လိုင်စင်ရှိသူများ ခေါ်ယူနေပါပြီ!

👷‍♂️ အလုပ်အမျိုးအစား

* 🚜 ယူန်ဘိုစက်ဖြင့် 解体 (ဖြိုဖျက်ခြင်း) အလုပ်
* 🏗️ Forklift ဖြင့် ပစ္စည်းများ ရွှေ့ပြောင်းခြင်း
* လုပ်ငန်းခွင်အတွင်း သတ်မှတ်ထားသော စက်မောင်း/ပစ္စည်းရွှေ့ပြောင်းရေး အလုပ်များ

⏰ အလုပ်ချိန်

2 Shift

① 08:00~17:00
② 12:00~21:00

📅 တနင်္လာ~သောကြာ + နှစ်ပတ်တစ်ကြိမ် စနေနေ့

🚌 သွားလာရေး

🚉 新木場駅 မှ အခမဲ့ ကြိုပို့ဘတ်စ်ကားရှိပါတယ်။
🚌 ဘူတာမှ အလုပ်နေရာအထိ ၉ မိနစ်ခန့်

⚡ အားသာချက်

💴 ¥1,700/နာရီ
🚍 အခမဲ့ကြိုပို့ဘတ်စ်ကား
📅 ချက်ချင်းအလုပ်စတင်နိုင်ပါတယ်!

📌 လိုအပ်ချက်

✅ ユンボ / 解体 လိုင်စင်ရှိသူ
✅ Forklift လိုင်စင်ရှိသူ
✅ 2 Shift လုပ်နိုင်သူ
✅ ရေရှည်အလုပ်လုပ်နိုင်သူ

🔥 Tokyo မှာ ¥1,700/နာရီနဲ့ အလုပ်ရှာနေသူများအတွက် အခွင့်အရေးကောင်းပါ!

📩 စိတ်ဝင်စားသူများ BICHO Page Chat Box မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

28/08/2026

📌 ဗီဇာကိစ္စ တိုင်ပင်ဆွေးနွေးခြင်းနှင့် ပတ်သက်ပြီး အသိပေးချင်ပါတယ်ရှင့်။

BICHO ကို ဗီဇာကိစ္စနဲ့ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးချင်လို့ လာရောက်မေးမြန်းကြတဲ့သူတွေ အများကြီးရှိပါတယ်။

တချို့ကတော့ “အခမဲ့ ဆွေးနွေးလို့ရမယ်” လို့ ထင်ပြီး လာမေးကြတာတွေ ရှိပါတယ်။

ဒါပေမယ့် BICHO အနေနဲ့ ဂျပန်နိုင်ငံမှာ တရားဝင် စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ပြီး အခွန်ဆောင်ကာ ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတစ်ခု ဖြစ်တဲ့အတွက် Professional Service ကို အခမဲ့ပေးနိုင်မှာ မဟုတ်ပါဘူး။

💬 ဗီဇာကိစ္စ တိုင်ပင်ဆွေးနွေးခ — ၁ နာရီ ¥10,000

ဗီဇာကိစ္စဆိုတာလည်း အလွယ်တကူ ဖြေကြားပေးလို့ရတဲ့ကိစ္စ မဟုတ်ပါဘူး။

တစ်ဦးချင်းစီရဲ့
• လက်ရှိ 在留資格
• အလုပ်အကိုင်
• ပညာအရည်အချင်း
• အလုပ်အတွေ့အကြုံ
• စာရွက်စာတမ်းအခြေအနေ
စတာတွေကို နားထောင်ပြီး သေချာစဉ်းစားကာ အကြံပြုပေးရပါတယ်။

ဒါကြောင့် “၁ နာရီ ¥10,000 ပါ” လို့ ပြောလိုက်တာနဲ့
“နောက်နေ့မှ လာမယ်”
“နောက်နှစ်မှ လာမယ်”
“အခမဲ့ပြောပေးလို့ မရဘူးလား”
ဆိုတာမျိုးတွေ ဖြစ်လာတဲ့အခါ တစ်ခါတလေ ကိုယ့်ရဲ့အချိန်နဲ့ ကျွမ်းကျင်မှုကို တန်ဖိုးမထားကြဘူးလားလို့တောင် ခံစားမိပါတယ်။

ကျွန်မတို့ကလည်း အချိန်၊ အတွေ့အကြုံ၊ ဗဟုသုတနဲ့ တာဝန်ယူမှုကို အသုံးပြုပြီး ဆောင်ရွက်ပေးနေရတာပါ။

🇯🇵 သူများနိုင်ငံမှာ ရေတောင် အလကားမရပါဘူးရှင့်။

အခမဲ့မလုပ်ပေးတာဟာ စေတနာမရှိလို့ မဟုတ်ပါဘူး။

ကိုယ့်ရဲ့အချိန်နဲ့ Professional Knowledge ကို တန်ဖိုးထားပြီး လုပ်ငန်းတစ်ခုအနေနဲ့ စနစ်တကျ ဆောင်ရွက်ပေးနေတာပါ။

ဗီဇာကိစ္စနဲ့ ပတ်သက်ပြီး တကယ်တမ်း အလေးအနက်ထားပြီး ဆွေးနွေးလိုသူများအနေနဲ့ Appointment ကြိုတင်ယူပြီး ဆွေးနွေးနိုင်ပါတယ်ရှင့်။ 🙏

BICHO — တန်ဖိုးရှိတဲ့ အကြံဉာဏ်ကို တန်ဖိုးရှိစွာ ပေးနေပါတယ်။

27/08/2026

🇯🇵 ဗီဇာအတွက် စိတ်ပူနေပါသလား? အဖြေရှာဖို့ အချိန်ရောက်ပါပြီ🇯🇵

⏳ 技能実習 သက်တမ်း ကုန်တော့မလား?
⏳ 特定技能 ၅ နှစ် နီးကပ်လာပြီလား?
⏳ နောက်တစ်ဆင့် ဘယ်ဗီဇာကို ရွေးရမှန်း မသေချာသေးဘူးလား?

ချစ်ခင်ရသူတွေနဲ့ ဂျပန်မှာ ဆက်နေနိုင်ဖို့၊ မှန်ကန်တဲ့ ဗီဇာလမ်းကြောင်းကို အချိန်မီ ရွေးချယ်ဖို့ အရေးကြီးပါတယ်။

📢 BICHO ရုံးခန်း (株式会社BICHO) ရဲ့ ဗီဇာရှေ့နေ (行政書士) က သင့်ရဲ့ တကယ့်အခြေအနေအတိုင်း တစ်ဦးချင်းစီ အသေးစိတ် စစ်ဆေးပြီး အကြံဉာဏ်ပေးပါတယ်။

✅ ဒီလိုအခြေအနေရှိရင် ဆက်သွယ်ပေးပါ

🔹 技能実習 ၃ နှစ် ပြီးဆုံးသူ
🔹 特定技能 ၅ နှစ် ပြီးဆုံးသူ
🔹 特定技能 သက်တမ်းမပြည့်ခင် အခြားဗီဇာသို့ ပြောင်းလိုသူ
🔹 အလုပ်ဗီဇာမှ 留学 / 家族滞在 သို့ ပြောင်းလိုသူ
🔹 特定活動 မှ အခြားဗီဇာအမျိုးအစားသို့ ပြောင်းလိုသူ
🔹 永住・定住 ဗီဇာသို့ ပြောင်းလဲလိုသူ

💬 လူတိုင်းရဲ့ လက်ရှိဗီဇာ၊ အလုပ်၊ ပညာအရည်အချင်း၊ နေထိုင်မှု မတူတဲ့အတွက် သင့်အတွက်ကိုက်ညီတဲ့ လမ်းကြောင်းကို ရှာပေးပါမယ်

📩 အခုပဲ Inbox ပို့ပြီး မေးမြန်းလိက်ပါ — Appointment ကြိုတင်ယူထားရင် ပိုမြန်စွာ တိုင်ပင်နိုင်ပါတယ်

⚠️ ကိုယ့်ဘာသာ ခန့်မှန်းပြီး ဆုံးဖြတ်မနေပါနဲ့ — ကျွမ်းကျင်သူနဲ့ တိုင်ပင်ပြီးမှ စိတ်ချစွာ ဆုံးဖြတ်လိုပါနော်



24/08/2026

🎉 Facebook recognized me as a top rising creator this week!

20/08/2026

🇯🇵 ဂျပန်ပြည်တွင်း အလုပ်အကိုင်အခွင့်အရေးများ 🇯🇵

တိုခုတေး ဂီနိုး အလုပ်

📢 N3 အောင်မြင်ထားသူများအတွက် အလုပ်အကိုင်များ ရှာဖွေပေးနေပါတယ်။

အောက်ပါအလုပ်များကို လျှောက်ထားလိုသူများ ဆက်သွယ်မေးမြန်းနိုင်ပါတယ်👇

🍽️ စားသောက်ဆိုင်အလုပ်
🥫 စားသောက်ကုန်ထုတ်လုပ်ရေး
🏗️ ဆောက်လုပ်ရေးအလုပ်
🌱 စိုက်ပျိုးရေးအလုပ်
👷 ခိုက်ဂေါ် (特定技能) အလုပ်အကိုင်များ

📌 ဂျပန်ပြည်တွင်းရှိ လျှောက်ထားနိုင်သူများအတွက်

✅ N3 Passed
✅ အလုပ်ပြောင်းလိုသူများ
✅ လက်ရှိအလုပ်အဆင်မပြေသဖြင့် အလုပ်သစ်ရှာလိုသူများ
✅ ရေရှည်လုပ်ကိုင်လိုသူများ

💬 မိမိရဲ့ လက်ရှိ 在留資格 (Visa)၊ နေထိုင်ရာ၊ အလုပ်အတွေ့အကြုံ နဲ့ ကိုက်ညီတဲ့ အလုပ်ရှိ/မရှိ စုံစမ်းနိုင်ပါတယ်။

📩 အလုပ်အကိုင်အသေးစိတ် သိရှိလိုသူများ Page Messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

👉 အလုပ်ရှာနေသူများသာ ဆက်သွယ်ပေးပါနော်။
🇯🇵 ကိုယ့်အတွက် သင့်တော်တဲ့အလုပ်ကို ရွေးချယ်ပြီး ရေရှည်တည်ငြိမ်စွာ လုပ်ကိုင်နိုင်ဖို့ ကူညီပေးပါမယ်။ 🤝

19/08/2026

⚡️【電気・電子エンジニア အလုပ်အကိုင်အခွင့်အလမ်း】⚡️

🇯🇵 ဂျပန်နိုင်ငံတွင် Engineer Work Visa ဖြင့် အလုပ်လုပ်လိုသူများအတွက် အခွင့်အရေးကောင်းတစ်ခု ရှိပါတယ်။

🔹 အလုပ်အမျိုးအစား
電気・電子エンジニア
(Electrical & Electronics Engineer)

🔹 ဗီဇာ
技術・人文知識・国際業務
(အင်ဂျင်နီယာ အလုပ်ဗီဇာ)

🔹 လိုအပ်ချက်များ
・JLPT N2 Passed နှင့်အထက်
・လျှပ်စစ် / အီလက်ထရောနစ်ဆိုင်ရာ ဘွဲ့ရရှိထားသူ
・Engineer Career ကို တိုးတက်အောင် Career Up လုပ်ချင်သူများ
・ဂျပန်နိုင်ငံတွင် ရေရှည်အလုပ်လုပ်ပြီး အတွေ့အကြုံတိုးချင်သူများ

💰 時給:2,000円 / နာရီ

✨ လျှပ်စစ်နှင့် အီလက်ထရောနစ်ပိုင်းဆိုင်ရာ အရည်အချင်းရှိပြီး မိမိရဲ့ Engineer Career ကို တစ်ဆင့်မြှင့်တင်ချင်သူများအတွက် အခွင့်အရေးကောင်းတစ်ခုပါ။

📩 အသေးစိတ်အချက်အလက်များကို သိရှိလိုပါက Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။



👉 လိုအပ်ချက်နှင့် ကိုက်ညီသူများ အခုပဲ Chat Box မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

17/08/2026

🇯🇵 ဂျပန်နိုင်ငံရှိ လဝကဗီဇာဆိုင်ရာ တိုင်ပင်ဆွေးနွေးမှု

📢 BICHO ရုံးခန်းတွင် ဗီဇာဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုများ လက်ခံနေပါပြီ 🇯🇵

အောက်ပါအခြေအနေရှိသူများအတွက် ကျွန်မတို့၏ ဗီဇာရှေ့နေ (行政書士) မှ ဗီဇာနှင့်ပတ်သက်သော တိုင်ပင်ဆွေးနွေးမှုများကို လက်ခံပေးနေပါတယ်။

🔹 技能実習(ထရိန်နင်) ၃ နှစ် ပြီးဆုံးသူများ
🔹 特定技能(တိုခုတေး ဂီနိုး) ၅ နှစ် ပြီးဆုံးသူများ
🔹 特定技能 ၏ သတ်မှတ်ကာလ မပြည့်မီ အခြားဗီဇာသို့ ပြောင်းလိုသူများ
🔹 အလုပ်ဗီဇာမှ ကျောင်းသားဗီဇာ(留学)၊ မိသားစုမှီခိုဗီဇာ(家族滞在) စသည့် ဗီဇာများသို့ ပြောင်းလိုသူများ
🔹 特定活動(တိုခုတေးခစွတ်ဒိုး) မှ အခြားဗီဇာအမျိုးအစားသို့ ပြောင်းလိုသူများ
🔹 အေးကျူး၊ တေးကျူး ဗီဇာ သို့ ပြောင်းလဲချင်သူများ

📌 လူတစ်ဦးချင်းစီ၏ လက်ရှိဗီဇာ၊ အလုပ်အကိုင်၊ ပညာအရည်အချင်း၊ နေထိုင်မှုအခြေအနေ စသည်တို့အပေါ်မူတည်ပြီး လိုအပ်ချက်များ ကွာခြားနိုင်ပါတယ်။

ကျွန်မတို့၏ ဗီဇာရှေ့နေမှ အခြေအနေတစ်ဦးချင်းစီကို စစ်ဆေးပြီး သင့်တော်သော ဗီဇာလမ်းကြောင်းအတွက် အသေးစိတ် တိုင်ပင်ဆွေးနွေးပေးနေပါတယ်။

📩 ဗီဇာနှင့်ပတ်သက်ပြီး မေးမြန်းစုံစမ်းလိုပါက ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

📅 အသေးစိတ်တိုင်ပင်ဆွေးနွေးလိုသူများအနေဖြင့် Appointment / Booking ရယူပေးပါရန် မေတ္တာရပ်ခံပါတယ်။

ဗီဇာအခြေအနေကို ခန့်မှန်းပြီး မလုပ်ဘဲ၊ မိမိအခြေအနေအတိုင်း စစ်ဆေးပြီးမှ သင့်တော်တဲ့နည်းလမ်းကို ရွေးချယ်ကြရအောင်။







15/08/2026

🇯🇵 静岡県静岡市 အလုပ်ခေါ်ယူခြင်း

🔹 အလုပ် – လေအေးပေးစက် တပ်ဆင်ခြင်း
🔹 လူဦးရေ – အမျိုးသား ၄ ဦး
🔹 အသက် – ၅၅ နှစ်အထိ ဦးစားပေး
🔹 စုံတွဲ – လက်မခံပါ
🔹 Tattoo – လက်မခံပါ (ညှိနှိုင်းနိုင်)

⏰ အလုပ်ချိန် – ၂ ဆိုင်း
① 08:00~17:00
② 21:45~06:30

💰 လစာ – တစ်နာရီ ¥1,300
⏱️ အချိန်ပို – တစ်လအချိန်ပို၄၀ နာရီ

🏠 အဆောင် – တစ်ဦးခန်း
💴 အဆောင်ခ – တစ်လ¥50,000(ခန့်မှန်း)

📅 အားလပ်ရက် – စနေ၊ တနင်္ဂနွေ၊ အစိုးရရုံးပိတ်ရက်များ

🚗 သွားလာရေး – ကား/ဆိုင်ကယ်/စက်ဘီးဖြင့် သွားနိုင်
🚲 စက်ဘီးငှားနိုင်သည်။

📍 အလုပ်နေရာ – Shizuoka-shi, Shizuoka-ken

15/08/2026

⭕ရှင်းခိဘ recycle factory

👌ပစ္စည်းခွဲအလုပ်

မိန်းကလေး သီးသန့် ၅ယောက် အမြန်လို

ခစွတ်ဒိုး/နန်းမင်း အချိန်ပြည့်

၁၄၀၀¥ /တစ်နာရီ

စကားရရင် အချိန်ကြေး ပြောင်းလဲ ရှိပါတယ်

သေချာစဉ်းစားပီးမှ လျှောက်ပါ။

တာဝန်ခံမှ ဆက်သွယ်ပီး စက်ရုံကြည့်လို့ရတယ်

ကြည့်ပီးမှ လုပ်မယ်/မလုပ်ဘူး ဆုံးဖြတ်ရပါတယ်

⭕လုပ်မယ်ဆိုပီး ပီးမှ ၁ရက်လုပ်ထွက် ၁ပတ်လုပ်ထွက်

၁လလုပ်ထွက် သမားများ အလိုမရှိပါ။

⭕မိမိကိုယ်မိမိ တကယ်လုပ်နိုင်တယ်ဆိုပြီး စိတ်

ပိုင်းဖြတ်ထားသူများသာလျှောက်ပါ။

⭕ယိုကိုဟမ recycle factory(ပစ္စည်းခွဲအလုပ်)

အလေးပင် မ ရတာမျိုးရှိပါတယ်။

ယောကျာ်းလေး (၁)ယောက်သာ

ခစွတ်ဒိုး/နန်းမင်း အချိန်ပြည့်

၁၄၀၀¥/တစ်နာရီ

စကားရရင် အချိန်ကြေး ပြောင်းလဲ ရှိပါတယ်

⭕ユンボ စက်ကြီး မောင်းနှင်ခွင့် လိုင်စင် ရှိသူ

ကျား (၁)ဦး

၁၇၅၀¥/တစ်နာရီ

စကားရရင် အချိန်ကြေး ပြောင်းလဲရှိပါတယ်။

⭕⭕အလုပ်လုပ်ပုံများ ခွင့်ပြုချက်ဖြင့် တင်ပေးထားပါသည်။

⭕⭕ ရှကိုင်းဟိုကင်း (၃)လမြောက်မှ စဝင်ပေးပါတယ်

အဆောင်မရှိပါ။

⭕⭕share house မိတ်ဆက်ပေးပါတယ်

⭕⭕အလုပ်ဝင်ပြီး အခွန်ကိစ္စများ/ဗီဇာကိစ္စများနားမ

လည်ပါက တိုင်ပင်ဆွေးနွေးပေးပါတယ်။

株式会社BICHO

取締役 PHYO HLA THAW ထံတွင် မေးမြန်းနိုင်

ပါသည်။

代表者様 သည် မအားသည့်အတွက် အလုပ်ကိစ္စများ

အား မဖြေနိုင်ပါ။

Photos from BICHO 株式会社's post 13/08/2026

🇯🇵 2027年4月生 留学生募集開始 🇯🇵

2027年4月入学の学生・学生さんの募集を開始しました!

📍 SaitamaにあるClass 1の日本語学校です。

ကျောင်းကို မိတ်ဆက်ပေးပြီး အလုပ်ပါ မိတ်ဆက်ပေးရတဲ့အတွက် ကျောင်းတက်မည့်သူရဲ့ တာဝန်ယူမှုနဲ့ ရည်ရွယ်ချက်ကို အထူးအရေးထားပါတယ်။

⚠️ ကျောင်းကို ပုံမှန်တက်ပြီး သတ်မှတ်ထားတဲ့ကာလအထိ ကျောင်းပြီးအောင် တက်ရောက်နိုင်မည့်သူများကိုသာ လက်ခံပါမည်။အခုနောက်ပိုင်း ကျောင်းတွေစည်းကမ်းတင်းကြပ်လာပါပြီနော်။

❌ ကျောင်းတက်ရန် ရည်ရွယ်ချက်မရှိသူ
❌ ဂျပန်ရောက်ပြီး မကြာခင် ကျောင်းထွက်ရန် စဉ်းစားထားသူ
❌ အလုပ်လုပ်ခြင်းကိုသာ အဓိကထားပြီး ကျောင်းတက်ရန် မရည်ရွယ်သူများ

လျှောက်ထားရန် မေတ္တာရပ်ခံပါတယ်။

ကျောင်းမိတ်ဆက်ပေးတဲ့အလုပ်မှာ ကျောင်းသား/သူတစ်ဦးချင်းစီရဲ့ တာဝန်ယူမှုက မိတ်ဆက်ပေးသူတွေရဲ့ ယုံကြည်မှုနဲ့လည်း တိုက်ရိုက်သက်ဆိုင်တာကြောင့် တကယ်ပဲ ကျောင်းပြီးအောင် တက်ရောက်မည့်သူများကိုသာ လာရောက်လျှောက်ထားပေးစေလိုပါတယ်။ 🙏

📩 2027年4月生について、詳しい内容はお問い合わせください。

あなたの事業をジム/スポーツ施設のトップリストMinatoにしたいですか?

ここをクリックしてあなたのスポンサー付きリスティングを獲得。

場所

カテゴリー

電話番号

ウェブサイト

住所

梅里
Minato, Tokyo

営業時間

月曜日 09:00 - 17:00
火曜日 09:00 - 17:00
水曜日 09:00 - 17:00
木曜日 09:00 - 17:00
金曜日 09:00 - 17:00