23/08/2026
United နဲ့ Left -Back ပြသနာ
United အနေနဲ့ Left-Back ပြသနာဖြစ်နေတာဟာ ဒီနှစ်မှမဟုတ်ပါဘူး။ နှစ်ပေါင်းများစွာဖြစ်နေတဲ့ပြသနာပါ။ကြားထဲမှာ LB တွေခေါ်ခဲ့ပေမယ့် Luke Shaw ကိုမကျော်နိင်ခဲ့ပါဘူး။ ခေါ်ခဲ့တဲ့သူတွေဟာ Luke Shaw ကိုမကျော်နိင်ခဲ့တဲ့အတွက် အခုချိန်ထိ Shaw က Line-Up ရနေတာပါ။ Luke Shaw နေရာအစားထိုးဖို့အတွက်
Alex Telles ကို ပေါ်တိုကနေ 2020မှာခေါ်ခဲ့ပေမယ့် United မှာ နှစ်ရာသီကြာတာ ကစားခဲ့ပြီး Shaw ကိုမကျော်နိင်ခဲ့လို့ 2022 ရာသီကုန်မှာ Sevilla ကို ပြောင်းရွှေ့ခဲ့ရပါတယ်။ နောက်တစ်ယောက်ကတော့ United အကယ်ဒမီထွက် Brandon Williams ပါ။
Left-back မှာ United အတွက် Luke Shaw နေရာအစားထိုးဖို့ ရည်မှန်းခဲ့ပေမယ့် ထင်သလောက် ခြေစွမ်းမပြနိင်ပဲ အသင်းကနေထွက်ခွါခဲ့ရပါတယ်။ Malacia ကို တန်ဟတ်ခေါ်ခဲ့တာကလဲ LB နေရာအတွက်ပါပဲ။
ဒါပေမယ့် ထုံးစံအတိုင်း ဒဏ်ရာတွေနဲ့ လုံးပန်းနေခဲ့ရပြီး မနှစ်က ရာသီကုန်မှာ ထွက်ခွါခဲ့ရပါတယ်။ United မှာလဲ Shaw ကို မကျော်နိင်ဘဲ PSV တွေကိုပါ အငှါးပါထွက်ကစားခဲ့ရပါတယ်။ တကယ်က Shaw က United အတွက်မလုံလောက်တာမှန်ပါတယ်။ ဒါပေမယ့် သူ့နေရာကို အစားထိုးဖို့ ခေါ်တိုင်း Shaw ကိုမကျော်နိင်ဖြစ်နေတာက ပြသနာပါ။ နောက်ဆုံး ဘယ်လောက်ထိဆိုးလဲ ဆို စပါးက Reguilon ကိုပါ တစ်ရာသီအငှါးနဲ့ခေါ်ခဲ့ရတဲ့ အဓိ ဆိုးတာပါ။ အမော်ရင်လက်ထက်မှာ ဒေါ်ကူးကို ခေါ်ခဲ့ပေမယ့် ဒေါ်ကူးက LB စစ်စစ်မဟုတ်ပါဘူး Wing Back ပါ။အဲတာကြောင့် ဒီရာသီမှာUnited အနေနဲ့ LB စစ်စစ်တစ်ယောက်ကို ခေါ်ရမှာပါ။ Shaw အတွက်ပြိုင်ဆိုင်မှုသာမက ပွဲအများကြီးကစားရမှာဖြစ်တဲ့ မဖြစ်မနေလိုအပ်ပါတယ်။ ဒီရာသီမှာလဲ LB စစ်စစ်ကShaw တစ်ယောက်ပဲ ရှိတဲ့အတွက် အခြားအသစ်မရောက်မချင်း Shaw ကိုပဲသုံးနေရမှာပါ။ Harry Amass ရှိပေမယ့် Physical Ready မဖြစ်သေးပါဘူး ။ Premier League မှာက Body သေးရင်ကစားရအရမ်းခတ်ခဲပါတယ်။ Shaw ကောင်းမကောင်းဆိုတာက ကစားသမားကိုပဲအပြစ်တင်လို့မရပါဘူး။ Shaw ကစားလာတာလက်ရှ်မှာဆိုရင်၂၀၁၄ကနေ လက်ရှိ၂၀၂၇အထိဆိုရင် ဆယ်စုနှစ်တစ်ခုကြာမြင့်ခဲ့ပြီဖြစိပါတယ်။ကစားသမားရဲ့ Quality Time က ကုန်ဆုံးခဲ့တာ ဆိုးရှားလက်အောက်မှာကတည်းကပါ။Shaw နေရာကို မဖြည့်တင်းနိင်ခဲ့တဲ့ ခေတ်အဆက်ဆက်က Board အဖွဲ့ကိုအပြစ်တင်ရမှာဖြစ်ပါတယ်။
လက်ရှိမှာ Transfer Window ပိတ်ဖို့ တစ်ပတ်ပဲလိုပါတော့တယ်။ LB နေရာအတွက် နယူးကာဆယိက Hall နဲ့သတင်းထွက်ပေမယ့် နယူးကာဆယ်က လောလောဆယ်မရောင်းဘူးဖို့ သတင်းလွှတ်ထားတာပါ။ နောက်ထပ်သတင်းထွက်တဲ့သူတွေကတော့ Laliga က ၁၉ နှစ်အရွယ် Salinas , RB Leipzig ကDavid Raumတို့ဖြစ်ပါတယ်။ လက်ရှိနောက်ဆုံးစိတ်ဝင်စားနေတဲ့ သူကတော့ ဘာစီလိုနာက Balde ဖြစ်ပါတယ်။ အခုမှ အသက် ၂၂ ပဲရှိပါသေးတယ်။ ဒါပေမယ့် ဒဏ်ရာခဏခဏရနေတာကတော့ စိတ်ပူစရာကောင်းပါတယ်။
ဘာဖြစ်ဖြစ် ဒီရာသီမှာလဲ LB နေရာအတွက် ဘယိသူ့ကိူမှမခေါ်ဘဲ Shaw တာ ဒဏ်ရာတာကင်းစင်နေမယ်ဆို ကားရစ်မှမဟုတ်ဘူး ဘယ်နည်းပြလာလာ Shaw ပဲLB နေရာအပိုင်စားရနေဦးမှာဖြစ်ပါတယ်။
Trafford
Manchester United
Inside Trafford
21/08/2026
အကောင်းတွေးအဆိုးမြင်ရမယ့် ရာသီသစ်
ယူနိက်တက်ဖန်တစ်ယောက်အနေနဲ့ ပြီးခဲ့တဲ့ရာသီ နှောင်းပိုင်းက ခြေစွမ်းကို ကြည့်ရင် ၂၀၂၆-၂၇ ရာသီကို စကြည့်ဖို့ဆို မျှော်လင့်ချက်အပြည့်နဲ့ဖြစ်နေမှာပါ။
ဒါပေမယ့် လက်ရှိ Transfer Window ကိုကြည့်လိုက်ရင်လဲ ဒီရာသီစတင်ဖို့ကို ယုံကြည်မှုရှိနေမှာမဟုတ်ပါဘူး။ ဒါက ယူနိက်တက်ဖန်တိုင်းဖြစ်နေတဲ့အရာဆိုရင်မှားမယ်မထင်ပါဘူး။ ပြီးခဲ့တဲ့ရာသီမှာ တစ်ပတ်တစ်ပွဲပဲကန်ခဲ့ရပြီး UCL ဝင်ခွင့်ရတဲ့အချိန်မှာ Transfer Window မှာတော့ လိုအပ်တဲ့လူတော်တော်များနဲ့ Star Player တွေကို ဖြည့်တင်းပေးမယ်လို့ INEOS ကို အနည်းနဲ့အများတော့ ယုံကြည်ခဲ့ကြပါတယ်။
ဒါပေမယ့် လက်ရှိမှာတော့ Santos နဲ့ Tielemans တို့ကိုသာခေါ်ယူထားပါသေးတယ်။ ဒါကယူနိက်တက်ပရိတ်သတ်တွေမျှော်လင့်ထားတဲ့အရာတော့မဟုတ်ပါဘူး။ Window အစမှာ Fernandes ကိုပေါင် ၈၅ သန်း မတန်းဘူးဆိုတာကို ယူနိက်တက်ပရိတ်သတ်တွေလက်ခံခဲ့ကြပေမယ့်အခုအချိန်မှာ လိုအပ်သလောက်ကွင်းလယ်ကို ဝယ်မဖြည့်တင်းပေးတာကတော့ လက်ခံနိင်လိမ့်မည်မဟုတ်ပါဘူး။ လောလောဆယ် ဘာလီဘာ ၊ Hall တို့နဲ့တော့ သတင်းထွက်နေပါသေးတယ်။ Transfer Window မပိတ်ခင် INEOS အနေနဲ့ အသင်းလိုအပ်ချက်ကို ဖြည့်တင်းပေးနိင်ဖို့ မျှော်လင့်ပါတယ်။
၂၀၂၆-၂၇ EPL မျှော်လင့်ချက်ကတော့ ကျွန်တော့်တစ်ကိုယ်စာအတွေးအနေနဲ့ကတော့ Top 4 ဝင်ရင်ကိုကျေနပ်ပါပြီ။ လက်ရှိယူနိက်တက်အသင်းက အများကြီးအားမနည်းနေသည့်တိုင် အများကြီးလဲ အင်အားရှိမနေပါဘူး ။ LB,DM ,CB တွေက လိုအပ်ချက်ကိုယ်စီတွေနဲ့ဖြစ်နေပါတယ်။ LB ဆို Shaw တစ်ယောက်ပဲရှ်ပါတယ်။ DM ဆို Santose တစ်ယောက်ပဲရှ်ပါတယ်။ ဒါတောင် DM စစ်စစ်မဟုတ်ပါဘူး။ CB ကတော့ မာတီးနက်နဲ့ ဒီလစ် တို့က ဒဏ်ရာအမြဲရနေတာက ပြသနာဖြစ်ပြီး အသက်ကြီးနေပြီဖြစ်တဲ့ ဟာရီ ပဲရှိပါတယ်။
ဒီလိုအချိန်မှာ EPL ,UCL,FA ,CL ဖလားပြိုင်ပွဲ လေးခုကို ကားရစ်အနေနဲ့ ဘယ်လိုလှည့်သုံးမှာလဲ ပဲတွေးစရာရှိပါတယ်။ ယူနိက်တက်အသင်းလို အသင်းတစ်သင်းအနေနဲ့ UCL လို ပြိုင်ပွဲမှာ နှစ်တိုင်းရှိသင့်တယ်ထင်ပါတယ်။ တစ်နှစ်ဝင်လိုက်နောက်နှစ်ကျ မဝင်လိုက်က ကစားသမားသစ်ခေါ်ရာမှာကော အသင်း Budget အပေါ်မှာကောသက်ရောက်မှုရှိပါတယ်။ EPL မှာဖလားရဖို့ထက် လောလောဆယ်က Top 4 ထဲဝင်ရင်ကို ကားရစ်အတွက် အောင်မြင်တဲ့ရာသီလို့ဆိုနိင်ပါတယ်။ ကားရစ် အနေနဲ့လဲ UCL ကော EPL ကော ကန်ရမယ့်လတွေမှာ ဘယ်လို ဟန်ချက်ညီအောင် ထိန်းမလဲ ဆိုတာ မနှစ်ကထက်ပိုပြီးစိတ်ဝင်စားစရာကောင်းပါတယ်။ အသင်းကြီးတွေနဲ့တွေရင် အရမ်းကောင်းပြီး မထင်မှတ်တဲ့ အသင်းတွေနဲ့တွေ့ရင် အမှတ်လျော့တက်တာကလဲ သတိထားပြီး ပြင်ဆင်ရမှာဖြစိပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲလို ပြိုင်ပွဲကြီးမှာဆိုရင်လဲ ယူနိက်တက်အနေနဲ့ နောက်ဆုံးယှဉ်ပြိုင်ခဲ့တုန်းက အုပ်စုလေးစသင်းနဲ့ ပတ်လည်ကန်တဲ့ စနစ်ကို နောက်ဆုံးကန်ခဲ့ရတာပါ။ အခုကျင်းပတဲ့ ပုံစံအသစ် အုပ်စုအဆင့် ၈ သင်းကန်ရတဲ့ စနစ်အသစ်ကို အခုမှ စတင်ယှဉ်ပြိုင်ရမှာပါ။
UCL လိုပြိုင်ပွဲမှာ ဖလားရဖို့ဆိုတာ တော်တော်လေးခတ်ခဲပါတယ်။ UCL ပြိုင်ပွဲနဲ့မစိမ်းတဲ့ ရီးရဲလ်၊ဘာကာ၊ဘိုင်ယန်၊PSG၊အာဆင်နယ်၊မန်စီးတီးတို့လိုအသင်းတွေ အများကြီးနဲ့ယှဉ်ပြိုင်ရမှာပါ။ UCL ပြိုင်ပွဲမှာလဲ ကားရစ်အနေနဲ့ Round 16 နဲ့ပြုတ်သွားရင်တောင် ကျေနပ်ရမှာပါ။ ဘာလို့ဆို ကားရစ်ရဲ့ ပထမဆုံး စကိုင်တဲ့ UCL ပြိုင်ပွဲဖြစ်နေလို့ပါပဲ။ အုပ်စုအဆင့်နဲ့တော့ မပြုတ်သင့်ပါဘူး။ UCL မကန်ဘူးသေးတဲ့ အမ်ဘွမ်းမိုးတို့ မိုင်နူးတို့ ဘယ်လောက်အထိ ခြေစွမ်းပြနိင်မလဲပဲ စောင့်ကြည့်ရမှာပါ။
EFL Cup နဲ့ FA Cup ကတော့ ဒီနှစ်ရနိင်ခြေအများဆုံးဖလားတွေလို့ပြောလို့ရပါတယ်။ ဒီနှစ်ခုထဲက တစ်ခုခုတော့ ရအောင်ယူသင့်ပါတယ်။ EFL Cup ဆိုမနှစ်ကလို တစ်ပွဲတည်း ပြိုင်ပွဲက မထွက်ခွါရရင် လူငယ်တွေအတွက် ပွဲထွက်ခွင့်ရနိင်ချေအများဆုံးပြိုင်ပွဲတစ်ခုပါ
အဲတာကြောင့် ယူနိက်တက်အနေနဲ့ ဒီပြိုင်ပွဲတွေမှာလဲ အလေးထားပြီး ယှဉ်ပြိုင်သင့်ပါတယ်။ ဒီထဲက ဖလားတစ်လုံးလုံးကို အရယူပြီး ဖလားလက်မဲ့ဖြစ်နေမှုကို အဆုံးသတ်သင့်ပါတယ်။
ဒီရာသီမှာ စပြီးပါဝင်ကစားမယ့် Shea Leacy,Fletcher ညီနောင်နဲ့ စပါကခေါ်ထားတဲ့ လူငယ်တောင်ပံကစားသမား Thompson ရဲ့ခြေစွမ်းဘယ်လောက်ထိတိုးတက်လာမလဲပဲ စောင့်ကြည့်ရမှာပါ။နောက်ပြီး Leny Yoro ရဲ့ ယူနိက်တက်ကစားသမားဘဝ တတိယရာသီမြောက်မှာ ဘယ်လောက်ထိအသင်းကို အကျိုးပြုနိင်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။
နောက်ဆုံးအကျဉ်းချူပ်အနေနဲ့ကတော့ EPL မှာ Top 4
UCL မှာ Round 16 နဲ့ FA or EFL ဖလားတစ်ခုခုရရင်ကိုကျေနပ်ရမှာပါInside Trafford
၂၀၂၆-၂၇ ရာသီက ကျေနပ်စရာဖြစ်မှာပါ။
20/07/2026
Final 3 ခါရောက် 2 ခါ ရှုံး တဲ့
တစ်ဦးတည်းသောကစားသမား မက်ဆီ
20/07/2026
2026 World Cup Champions 🔥
24/06/2026
Mateus Fernandes အကျဉ်းချူပ်
United က လက်ရှိမှာ ကစားသမားကို ခေါ်ဖို့ကြိုးစားနေတယ်။
ကစားသမားနဲ့က သဘောတူညီမှုရရန် မခတ်ခဲ။
ဝက်ဟမ်းအသင်းနဲ့ ပြောင်းရွှေ့ကြေးက ညှိနှိုင်းရတာခတ်ခဲနေ။
ဝက်ဟမ်းက ပေါင် ၈၅ သန်းလိုချင်တယ်။
United က အများဆုံး ၇၅ သန်းအထိပဲပေးလိုတယ်။
စပါးအသင်းကလဲ Fernandes ကို လိုက်နေတယ်။
ကစားသမားကနှင့် သဘောတူညီမှုရရန် နီးစပ်နေ။
စပါးက ဝက်ဟမ်းလိုချင်သော ပေါင်သန်း ၈၀ နဲ့ကမ်းလှမ်းဖို့ပြင်ဆင်နေတယ်။
United ကလဲ အခြားတစ်ဖက်မှာ ခေါ်ဖို့ကြိုးစားနေပြီး။
ဘာလီဘာ၊ စကော့၊ ဝါတန်တို့ကိုပါ စောင့်ကြည့်နေတယ်။
25/05/2026
ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးဆုံးသွားတဲ့အချိန်မှာတော့
အာဆင်နယ်အသင်းဟာ နှစ်ပေါင်း ၂၂ အကြာမှာ ပရီးမီးယားလိဂ်ဖလားကို ပြန်လည်ရရှိခဲ့ပါပြီ။
ဒါပေမယ့် အာဆင်နယ်ဖလားရတဲ့ အရာတွေထက် လက်ရှိဘောလုံးလောကမှာ နာမည်ကြီးနေတဲ့ အရာကတော့
Burno ရဲ့ ၂၁ Assists စံချိန်ပဲဖြစ်ပါတယ်။
ညကဘရိုက်တန်နဲ့ပွဲမှာ ဂိုးဖန်တီးမှုတစ်လုံးပြုလုပ်ပြီးနောက်မှာတော့ အွန်နရီနဲ့ ဒီဘရိုင်းတို့ တင်ထားတဲ့ စံချိန်ကို ကျော်ဖြတ်နိင်ခဲ့တာဖြစ်ပါတယ်။
အခုချိန်မှာ ဘရူနိုဟာ EPl ရဲ့ Single Season မှာ ဂိုးဖန်တီးမှုအများဆုံးဆိုတဲ့စံချိန်ကို စိုက်ထူနိင်ခဲ့ပြီဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ဖလားကို ဒီနှစ် ချန်ပီယံရှစ်ကနေတန်းဆင်းသွားတဲ့ လက်စတာစီးတီးတောင် ယူနိင်ခဲ့တဲ့အချိန်မှာ
ဘရူနိုရဲ့ စံချိန်ကိုတော့ ချိုးဖျက်ဖို့ ကစားသမားပေါ်လာဖို့ ဆယ်စုနှစ်များစွာစောင့်ရမှာဖြစ်ပါတယ်။
ဒါကြောင့် အာဆင်နယ်ဖလားရတာထက် Burno Assists ရတာကို လူပြောများတာ မဆန်းတော့ပါဘူး။
15/05/2026
မန်ချက်စတာယူနိက်တက်ရဲ့ တစ်နှစ်သာအကောင်းဆုံးကစားသမားဆု ရရှိခဲ့တဲ့ Burno
လောလောဆယ် ဂိုးဖန်တီးမှု ၁၉ ကြိမ်ရရှိထားပါတယ်။
90 Minutes MM