06/05/2026
Niigata အမြန်လမ်းပေါ်ကဘတ်စ်ကားaccident
ဂျပန်မှာ နေထိုင်နေကြတဲ့သူတွေ၊ အထူးသဖြင့် အလုပ်နဲ့ ကျောင်းကိစ္စတွေကြောင့် ခရီးသွားနေရတဲ့ လူငယ်တွေအတွက် စိတ်မကောင်းစရာ သတင်းတစ်ခု ပြောပြချင်ပါတယ်။
ဒီနေ့ မေလ ၆ ရက် မနက်ပိုင်းမှာ Niigata က ကျောင်းသားတွေ လိုက်ပါလာတဲ့ ဘတ်စ်ကားတစ်စီး အမြန်လမ်းပေါ်မှာ တိမ်းမှောက်သွားပါတယ်။ လမ်းဘေးက Guardrail တောင်ကွေးပြီးငါးထဲဝင်သွားတဲ့အတွက် အရှိန်ကတော့တော်တော်ပါပုံပါပဲ။ဒီဖြစ်ရပ်ကြောင့်အသက် ၁၇ နှစ်အရွယ် ကျောင်းသားတစ်ဦး အသက်ဆုံးရှုံးသွားရသလို အယောက် ၂၀ ကျော် ပြင်းထန်ဒဏ်ရာ(စိုးရိမ်ရ)ရခဲ့ပါတယ်။ ခရီးသွားတဲ့အခါ ကိုယ်တိုင်မောင်းတာပဲဖြစ်ဖြစ်၊ သူများမောင်းတာကို လိုက်စီးတာပဲဖြစ်ဖြစ် ဘယ်လောက်ပဲ ဂရုစိုက်စိုက် မတော်တဆဆိုတာ ဖြစ်သွားတတ်တာမျိုးပါ။
ခုနောက်ပိုင်း ကားလိုင်စင်လည်း ရှိသူတွေများတာမို့ အောက်ကအချက်တွေကို သတိထားပြီးမောင်းကြစေလိုပါတယ်။
၁။ Golden Week နဲ့ အဝေးပြေးလမ်းမ
အခုလို အားလပ်ရက်ရှည်ကာလတွေမှာ လမ်းပေါ်မှာ ကားတွေ အရမ်းများပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုကြောင့် စိတ်မရှည်တာ၊ အိပ်ငိုက်တာတွေကနေ မတော်တဆမှုတွေ ဖြစ်တတ်ပါတယ်။ ကိုယ်တိုင်မောင်းရင် ၂နာရီတစ်ခါခြားလောက်အနားယူဖို့ မမေ့ပါနဲ့။
၂။ ကားစီးရင် ခါးပတ်ပတ်ဖို့ မမေ့ပါနဲ့
ဂျပန်မှာ ဘတ်စ်ကားစီးရင် ခါးပတ် (Seat belt) ပတ်ဖို့ အမြဲသတိပေးပါတယ်။ အများစုက ဂရုမစိုက်မိတတ်ပေမယ့် အခုလို မှောက်တဲ့အခါမျိုးမှာ ခါးပတ်က ကိုယ့်အသက်ကို ကယ်ပေးနိုင်တဲ့ တစ်ခုတည်းသော အရာပါ။ခုကိစ္စမှာဆိုရင်လည်းကားတိုက်ချိန်မှာ ဟိုဘက်ကားလမ်းထိအောင် လွင့်ထွက်သွားတဲ့သူတွေရှိပုံပါပဲ။ဒါကြောင့် အမြန်လမ်းပေါ်တက်ရင် တစ်စီးလုံးရှိသမျှလူခါးပတ်ပတ်ပါ။
မထွက်ခင်မှာ ယာဉ်မောင်းသူက သတိပေးပါ စစ်ဆေးပါ ။
၃။ အလုပ်ကိစ္စ ခရီးသွားတာပဲဖြစ်ဖြစ်၊ အပျော်ခရီးပဲဖြစ်ဖြစ်
ကျွန်တော်တို့တွေ ဂျပန်မှာ ရုန်းကန်နေရတာက ကိုယ့်ဘဝ တိုးတက်ဖို့ပါ။ ဒါပေမဲ့ အန္တရာယ်ကင်းကင်းနဲ့ ရှိနေမှသာ ရည်မှန်းချက်တွေကို ဆက်သွားနိုင်မှာပါ။ဒါကြောင့် ကိုယ်တိုင်လည်း ဂရုစိုက်ကြပါ၊ ဘေးက လူတွေကိုလည်း သတိပေးကြပါ။
ခရီးသွားလာနေကြတဲ့ သူငယ်ချင်းများအားလုံး ဘေးအန္တရာယ်ကင်းကင်းနဲ့ မိသားစုဆီ၊ လုပ်ငန်းခွင်ဆီ ပြန်ရောက်နိုင်ကြပါစေ။
20/04/2026
ဂျပန်မှာ ဓားချင်းယှဉ်ခုတ်ကြပြန်ပြီ! အသက် (၆၀) အရွယ် အမျိုးသမီးတစ်ဦး သတိမေ့မြောတဲ့အထိ ဒဏ်ရာရ 🇯🇵😱
ဂျပန်နိုင်ငံ၊ ဖူကုယာမမြို့
📍 ဖြစ်စဉ်
ဒီနေ့မနက် ၇ နာရီဝန်းကျင်မှာ "လူ ၂ ယောက် ဒဏ်ရာရနေတယ်" ဆိုတဲ့ အကြောင်းကြားချက်အရ ရဲတွေ ရောက်သွားချိန်မှာ အသက် ၅၀ ကျော် အမျိုးသားတစ်ဦးက ဓားလိုမျိုး လက်နက်တစ်ခုနဲ့ အမျိုးသမီးတစ်ဦးကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
⚠️ လက်ရှိအနေအထား
• အမျိုးသမီး လည်ပင်းနဲ့ မျက်နှာမှာ ဒဏ်ရာပြင်းထန်ပြီး အခုထိ သတိမေ့မြောနေဆဲပါ။
• အမျိုးသား: သူကိုယ်တိုင်လည်း ဒဏ်ရာရထားပေမယ့် စကားပြောနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။
သူတို့နှစ်ဦးကြားမှာ တစ်ခုခု အကြီးအကျယ် ပြဿနာတက်ခဲ့ကြတာလို့ ယူဆရပါတယ်။ ဂျပန်မှာလည်း အခုနောက်ပိုင်း အခုလို အကြမ်းဖက်မှုတွေ ခပ်စိပ်စိပ် တွေ့လာရလို့ အားလုံးပဲ သတိရှိရှိနဲ့ ဘေးကင်းအောင် နေထိုင်ကြပါဦး။
ဂျပန်ရောက်မြန်မာများလည်းသတိထားကြပါနော်
နွေရောက်ပြီဆို ဂျပန် z o m b i e လိုလို စိတ္တဇ လိုလို
ဟိုနားဒီနားမှာ ရှိနေတက်ကြိလု့သတိထားကြပါနော်
#ဂျပန်သတင်း
19/04/2026
အပန်းဖြေခရီးလား၊ ဂျေးအောင်းမှာလား? လာအိုတွင် ဂျပန်အမျိုးသားများ ဆက်တိုက်ဖမ်းဆီးခံရမှု နောက်ကွယ်
🚔🚔🚔🚔🚔🚨🚨🚨🚨🚨🚓🚓🚓🚓
ဂျပန်သံရုံးက "မလုပ်ဖို့" အထူးသတိပေးထားတဲ့ကြားက လာအိုနိုင်ငံမှာ ကလေးသူငယ် ကာမရောင်းဝယ်မှုနဲ့ ပတ်သက်ပြီး ဂျပန်အမျိုးသားတွေ တစ်ယောက်ပြီးတစ်ယောက် ဘဝပျက်နေကြတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
🔎 ထိတ်လန့်စရာ ဖြစ်စဉ် (၃) ခု -
1️⃣ "၁၂ နှစ်အောက် ကလေးငယ်များပင် မချန်"
အသက် ၅၀ ကျော် ဂျပန်အမျိုးသားတစ်ဦးဟာ လာအိုက ဟိုတယ်ခန်းတစ်ခုထဲမှာ ၁၂ နှစ်ကနေ ၁၆ နှစ်အရွယ် မိန်းကလေးငယ် (၃) ဦးနဲ့အတူ ရှိနေစဉ် ဖမ်းဆီးခံခဲ့ရပါတယ်။ လာအိုဥပဒေအရ ၁၂ နှစ်အောက် ကလေးသူငယ်နဲ့ ကျူးလွန်ရင် "ကလေးသူငယ် မုဒိမ်းမှု" မြောက်ပြီး ထောင်ဒဏ် (၁၀) နှစ်ကနေ (၁၅) နှစ်အထိ ကျခံရနိုင်ပါတယ်။ အခု အဲဒီလူဟာ လာအိုမှာ အချုပ်ကျနေဆဲပါ။
2️⃣ "၁၁ နှစ်အတွင်း ကလေးငယ် ၁၄၀ ကျော်ကို ကျူးလွန်ခဲ့သူ"
အသက် ၆၅ နှစ်အရွယ် ဂျပန်အမျိုးသားတစ်ဦးကို အိုအိချီခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ သူ့ရဲ့ မှတ်တမ်းစာအုပ်ကို စစ်ဆေးကြည့်တဲ့အခါ ၂၀၁၄ ကနေ ၂၀၂၅ ခုနှစ်အတွင်း အရှေ့တောင်အာရှက အသက် ၁၈ နှစ်မပြည့်သေးတဲ့ မိန်းကလေးငယ်ပေါင်း (၁၄၀) ကျော်ကို ကျူးလွန်ခဲ့တဲ့ မှတ်တမ်းတွေ တွေ့ရှိခဲ့ရလို့ လူအများ တုန်လှုပ်ခဲ့ကြပါတယ်။
3️⃣ "လာအိုဘုရင် (Lao-ji) ဟု အမည်ခံထားသူ"
အသက် ၆၀ ကျော် အမျိုးသားတစ်ဦးဟာ လာအိုမှာ ကလေးသူငယ်တွေကို ဘယ်လိုဝယ်ယူရမလဲဆိုတဲ့ နည်းလမ်းတွေကို Blog ရေးပြီး မျှဝေခဲ့ပါတယ်။ သူဟာ လာအိုကို (၁၇) ကြိမ်တိုင်တိုင် သွားရောက်ခဲ့သူဖြစ်ပြီး အခုတော့ ဂျပန်ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါပြီ။
⚠️ ဘာကြောင့် ဖြစ်နေရတာလဲ?
လာအိုနိုင်ငံဟာ စီးပွားရေး ဖွံ့ဖြိုးမှုနောက်ကျနေပြီး ဆင်းရဲနွမ်းပါးမှုကြောင့် ကလေးသူငယ် လူကုန်ကူးမှုတွေ ရှိနေတာကို အခွင့်ကောင်းယူပြီး အခုလို ကျူးလွန်နေကြတာပါ။ဒါဆိုရင်ဖွံ့ဖြိုးမှူနည်းပြီး ပြည်တွင်းစစ်ပဲဖြစ်နေတဲ့ ကျွန်တော်တို့နိုင်ငံမှာရော…
ဂျပန်နိုင်ငံသားတွေအနေနဲ့ ကနိုင်ငံခြားမှာ ပြစ်မှုကျူးလွန်ခဲ့ရင်တောင် ဂျပန်ဥပဒေ (Child Prostitution and Po*******hy Prohibition Act) အရ ပြန်လည်အရေးယူခံရမှာ ဖြစ်ပါတယ်။ နိုင်ငံခြားကို အပန်းဖြေဖို့ သွားတာပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စနဲ့ သွားတာပဲဖြစ်ဖြစ် ဒေသန္တရဥပဒေတွေကို လေးစားလိုက်နာဖို့နဲ့ လူသားချင်းစာနာထောက်ထားမှု ရှိဖို့ အလွန်အရေးကြီးပါတယ်။အထူးသဖြင့်ဂျပန်နိုင်ငံသားခံယူထားတဲ့သူတွေ ဆိုရင်အဲ့ဥပဒေ သက်ရောက်မှာဖြစ်ပါတယ်
#သတင်းစုံ
11/04/2026
🇯🇵 ဂျပန်မှာ ၁၀ နှစ်နေရင် အခွန်နဲ့ အာမခံကြေး ဘယ်လောက်ပေးခဲ့ပြီးပြီလဲ?
ဂျပန်မှာ အလုပ်ဗီဇာနဲ့ တစ်နှစ်ကို ဝင်ငွေ ယန်း သောင်း400ရတဲ့သူတစ်ယောက်အနေနဲ့ 10နှစ်စာ ပေးဆောင်ထားတဲ့ အခွန်ပမာဏဟာတော်တော်လေး များနေပြီဆိုတာတော့ အားလုံးသိပါတယ်။ဒါဆိုရင်ဘယ်လောက်များခဲ့ပြီလဲ
📊 10နှစ်စာ (ခန့်မှန်းခြေ)အနေနဲ့
ပျှမ်းမျှ တစ်လကို လစာ (Bonus အပါအဝင်) ယန်း 33သောင်းဝန်းကျင် ရရှိသူတစ်ယောက်အနေနဲ့
ကျန်းမာရေးအာမခံ (Health Insurance)
~200,000 ¥ (average)
ပင်စင်ကြေး (Welfare Pension) ~360,000 ¥ (average)
အလုပ်လက်မဲ့အာမခံ (Employment Insurance) ~24,000 ¥(average)
ဝင်ငွေခွန် (Income Tax) ~80,000 ¥(average)
နေထိုင်ခွန် (Resident Tax) ~180,000 ¥ (average)
စုစုပေါင်း တစ်နှစ်စာ ~844,000 ¥ (average)
၁၀နှစ်စာဆိုရင် မိတ်ဆွေဟာ သောင်း800ကနေ 900ရာအထက် အခွန်ဆောင်ပြီးသားဖြစ်ပါတယ်
တစ်နှစ်800,900,1000万လောက်ဝင်တဲ့ မိတ်ဆွေတွေကတော့ ဒီထက်ပိုများများဆောင်ခဲ့ရမှာပါ
ခုတစ်လော PRက ၁၀နှစ်နေမှလျောက် ရမယ်
帰化(neutralization)ကလည်း ၁၀နှစ်မှရတော့မယ်ဆိုတာတဲ့ ruleတွေအရဆိုရင်
အရင်ဆုံး သောင်း800ကျော်အရင်ပေး ပြီးမှအခွင့်အရေးရမယ် ဆိုတဲ့ ဘဲစားဘဲခြေသဘောမျိုးထက်မပိုတော့ပါဘူး
အောက်မှာ အသေးစိတ်graphလေးနဲ့ပြပေးထားပါတယ်
အားလုံးပဲပေးရတဲ့ အခွန်နဲ့တန်အောင် အခွင့်အရေးယူ နိုင်ကြပါစေဗျာ
#ဂျပန်ရောက်မြန်မာများ #အခွန်ဗဟုသုတ
04/04/2026
ခုပြောင်းသွားတဲ့ စက်ဘီးrule ကရှင်းရှင်းလေး ပါ
နားလည်လွယ်အောင်ပြောရရင်
50ccbike 原付🛵ရဲ့ruleအတိုင်းဖြစ်သွားတာပါ
စက်ဘီးမှာ အချက်ပြမီးမပါတော့ လက်နဲ့အချက်ပြရတာပိုသွားတာပေါ့
原付 rule + လက်နဲ့အချက်ပြချင်းပေါ့ဗျာ
စက်ဘီးအားကိုးနေရတဲ့ နိုင်ငံခြားသားတွေအတွက်ကတော့ မလွယ်ပါဘူး
ဒီကို မလာခင်ထဲက ယာဉ်စည်းကမ်း လမ်းစည်းကမ်းကိုသေချာ သိထားမှရတော့မယ်
ပြီးတော့ ဂျပန်စကား ကျွမ်းကျင်မှူ
တချို့တွေက လာဖို့ဂျပန်စာမလိုဘူး ပြောကြပေမယ့်
အရေးအကြောင်းဆို လိုကိုလိုပါတယ်
ဘာလို့လဲဆိုရင် ဘယ်ဂျပန်ရဲမှ ဂျပန်စကားကလွဲပြီးတခြားဘာသာစကားမပြောတက်လို့ပါ
အနည်းဆုံးတော့ ဂျပန်လိုနားလည်ရင် ကိုယ်ဘာကြောင့်အဖမ်းခံရလဲ သေချာသိရတော့ ကောင်းတာပေါ့ဗျာ
အဆင်ပြေကြပါစေ
#ဂျပန် #စက်ဘီး #自転車 #原付
03/04/2026
အိုင်ပီရေ ဒီဇာတ်လေးကိုတော့ ကျုပ်
#ဆီပုလင်းမင်းမောင်နှင့်ဆောင်ကြာမြိုင်မြမြလေး
လို့သာ နာမည်ပေးလိုက်တော့မယ်ဗျာ 🤪🤪
24/03/2026
🚲 ဂျပန်ရောက် မြန်မာများ သတိပြုရန်! (၄) လပိုင်း (၁) ရက်နေ့ကစပြီး ယာဉ်စည်းကမ်းတွေပြောင်းလဲပြီနော်! 🇯🇵
ဂျပန်မှာ စက်ဘီးစီးပြီး အလုပ်သွား၊ ကျောင်းသွားနေရတဲ့ သူများ... ဧပြီလ (၁) ရက်နေ့ကစပြီး ဂျပန်အစိုးရက စက်ဘီးယာဉ်စည်းကမ်းတွေကို အပြာရောင်လက်မှတ် (Blue Ticket) စနစ်နဲ့ ပိုမိုတင်းကျပ်စွာ အရေးယူတော့မှာဖြစ်ပါတယ်။
ဒဏ်ကြေးတွေက အရင်ကထက် ပိုများလာနိုင်သလို၊ မှတ်တမ်းဝင်သွားနိုင်လို့(PR,帰化အတွက်မကောင်းလို့) ဒါလေးတွေကို အထူးသတိထားကြပါ
🚫 (၄) လပိုင်းကစပြီး အဓိက ဖမ်းဆီးအရေးယူမယ့်အချက်များ -
1️⃣ ဖုန်းကြည့်ပြီး စက်ဘီးစီးခြင်း
• လက်က ဖုန်းကိုင်ထားတာ၊ ဖုန်းကြည့်ရင်း စီးတာမျိုးတွေ့ရင် ဒဏ်ကြေး ဆောင်ရနိုင်ပါတယ်။ (Hands-free နားကြပ်တပ်ထားရင်တောင် အဖမ်းခံရနိုင်ပါတယ်)။ထီးလည်းမဆောင်းနဲ့နော်🤗
ဒဏ်ကြေး ၁၂၀၀၀
2️⃣ မီးနီဖြတ်မောင်းခြင်း (Ignoring Traffic Lights):
• "စက်ဘီးပဲ...အရင်အတိုင်း ဘာဖြစ်လဲ" ဆိုပြီး မီးနီဖြတ်ရင်တော့ အခုကစပြီး Blue Ticket အဖြတ်ခံရပါတော့မယ်။
ဒဏ်ကြေး ၆၀၀၀
3️⃣ လမ်းသွားလမ်းလာကို အနှောင့်အယှက်ပေးခြင်း:
• လူသွားလမ်း (Sidewalk) ပေါ်မှာ အရင်လိုစီးလို့မရတော့ပါဘူး။ဒါကလည် စည်းကမ်းဖောက်ဖျက်မှု မြောက်ပါတယ်။
ဒဏ်ကြေး၆၀၀၀
4️⃣လမ်းလယ်ခေါင်တက်မောင်းခြင်း
•စက်ဘီးကအမြဲတမ်းကားလမ်းရဲ့ ဘယ်ဘက်ကနေကပ်မောင်းရပါမယ် မဟုတ်ဘဲလမ်းလယ်ခေါင်တက်လို့ကတော့
ဒဏ်ကြေး၆၀၀၀
5️⃣ မီးမပါခြင်း
• အရင်ကဆိုမီးမပါတာအဲ့လောက်ပြဿနာမဟုတ်ပေမယ် ခုကတော့မီးမပါရင်
ဒဏ်ကြေး၅၀၀၀
ခုကစပြောမှာက
🚘ကားဆရာ တွေအတွက်ပါ
•ကပ်မကျော်ရ
စက်ဘီးကိုကျော်ချင်ရင် အနည်းဆုံးတစ်မီတာခွါပြီးကျော်ရပါမယ် ကပ်ကျော်ခဲ့ရင် ဖမ်းမယ်
တစ်မီတာမခွါနိုင်ဘဲကျော်မယ်ဆိုရင်တော့ ဘုရားစာရွတ်ပြီးကျော်ပါ😁😁စတာပါ
20kmလောက်ချပြီးဖြေးဖြေးချင်းကျော်လို့တော့ရပါတယ်တဲ့
သတိတော့ထားကြပါ ရေးတာရှည်လို့အမှားပါရင်တော့sorryပါ အောက်ကပိုစတာကမမှားဘူးမို့ရှုပ်နေရင်အောက်ကဟာသာကြည့်လိုက်ကြပါတော့ဗျာ
#ဂျပန်ရောက်မြန်မာများ #စက်ဘီးစည်းကမ်း
16/03/2026
မေတ္တာဆူးခြင်းလားဂျပန်🤭🤗
ဒီရက်ပိုင်းအတွင်းမှာဂျပန်က နိုင်ငံခြားသားတွေဗီဇာ
ကြေးတွေတိုးတောင်းတဲ့အကြောင်း နိုင်ငံခြားသား
ဘဏ်အကောင့်တွေကို အကြောင်းအမျိုးမျိုးနဲ့ပိတ်ပစ်
တဲ့အကြောင်းတွေကြောင့် နိုင်ငံခြားသားတွေရဲ့ဘာ
သာမျိုးစုံနဲ့မေတ္တာပို့သံတွေ ဆူညံပွက်လောရိုက်နေခဲ့ပါ
တယ်
မေတ္တာဆူးခြင်းနဲ့ဆိုင်မဆိုင်တော့ပြောရခက်ပေမယ့်
ခုအသင်းဟာ
ဂျပန်ရဲ့ ရွေခေတ်အသင်းလို့ပြောလို့ရပြီး baseball ရဲ့
Messiလို့တင်စားလို့ရတဲ့ Otani ဆိုတဲ့ကစားသမားပါ
ဝင်ခဲ့တာတောင် quater final အဆင့်ကနေ အရှက်
တကွဲရှုံးနိမ့်ခဲ့တာပါ ဂျပန်ဟာဒီပြိုင်ပွဲမှာ 3ကြိမ် ချန်ပီ
ယံဖြစ်ပြီးသားဖြစ်ပြီး baseball မှာဆိုရင်ကမ္ဘာအဆင့်
1to3မှာရှိနေတဲ့နိုင်ငံပါ ခုတော့လည်းပဲဟဲဟဲဟဲ😂😂
27/10/2025
အချိန်ပိုတွေလုပ်ဖို့ အသင့်ပဲလား ဒါမှမဟုတ်
Work life balance ဘက်ကိုပဲသွားချင်ပါသလား
✅ခုလက်ရှိအချိန်ပိုသတ်မှတ်ချက်
အလုပ်သမားတစ်ယောက်က တစ်လကို 45နာရီထက်မကျော်ရန် တစ်နှစ်ကို360နာရီထက်မကျော်ဖို့ သတ်မှတ်ထားတာပါ။ဘယ်လောက်ပဲအလုပ်များတဲ့ လုပ်ငန်းခွင်ဖြစ်ပါစေ 80နာရီကိုကျော်လုပ်လို့မရပါဘူး။သူကလည်းတစ်နှစ်စာပြန်ကြည့်ရင် 360နာရီအတွင်း ရှိနေရမှာဖြစ်ပါတယ်။အကယ်၍ မလိုက်နာနိုင်ခဲ့သည်ရှိသော် 6လအောက်ထောက်ဒဏ်နဲ့ သောင်း
30အောက်ငွေဒဏ်ကို ကုမ္ပဏီဘက်ကကျခံရမှာဖြစ်ပါတယ်။
✅ဒါကိုဘယ်လိုပြောင်းချင်တာလဲ
ဝန်ကြီးချုပ်Takaichiဦးဆောင်တဲ့ အစိုးရသစ်ကဒီစနစ်ကို ပြောင်းလဲဖို့ လုပ်ချင်နေတာပါ။လုပ်သားတစ်ဦးချင်းစီရဲ့ကိုယ်စိတ်ကျန်းမာရေးနဲ့ သူရဲ့ရွေးချယ်မှူအပေါ်မှာလိုက်ပြီး ကန့်သတ်ချက်တွေကို လျော့ချပေးဖို့လုပ်မှာပါ။ ကျန်မာရေးလည်းကောင်းတယ် လုပ်ချင်စိတ်လည်းရှိတယ်ဆိုရင် မတားဘူး ပေးလုပ်မယ်ဆိုတဲ့ သဘောမျိုးပါ။ဒီကိစ္စကို အသေးစိတ်အကောင်အထည်ဖေါ်ဖို့ကို ကျန်းမာရေးနဲ့အလုပ်သမားရေးရာဝန်ကြီးသစ် Ueno ကိုညွှန်ကြားထားတာဖြစ်ပါတယ်။ဒါကြောင့် သိပ်မကြာခင်မှာပဲ အသေးစိတ်အချက်အလက်တွေ သိလာရနိုင်ပါတယ်။
✅အကျိုးနဲ့အပြစ်
ငယ်တုန်းရွယ်တုန်း တိုင်းတပါးရောက်တုန်း ဝင်ငွေရှာချင်တဲ့ လူငယ်လူရွယ်တွေအတွက်တော့ အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပါတယ်။ Work life balance ကိုအရေးပေးတဲ့ သူများအတွက်ကတော့ သိပ်ကောင်းတဲ့သတင်းတစ်ခုတော့ မဟုတ်လောက်ပါဘူး။ဒီကိစ္စနဲ့ဆက်စပ်ပြီး 4週8休ဆိုတဲ့ တစ်လရှစ်ရက်နားရတဲ့စနစ်အပေါ်မှာလည်း သက်ရောက်မှူရှိနိုင်ပါတယ်။နောက်ထပ်ကြားမိတာတော့ များမကြာမီနှစ်အနည်းငယ်အတွင်း ဂျပန်နိုင်ငံရဲ့ပင်စင်စနစ်ဟာလည်း အသက်70ကျော်မှစတဲ့စနစ် အဖြစ်ပြောင်းလဲလာဖို့ အလားအလာရှိနိုင်ပါတယ်။
Work life balance ကပဲဆက်လက်ဦးဆောင်သွားမလား
ခေတ်နောက်ပြန် ဆွဲသလိုဖြစ်နေတဲ့ စနစ်သစ်ကပဲ ဦးဆောင်သွားမလား ကတော့ အမြင်တွေကိုပြောပြပေးကြည့်ပါဦးဗျာ။
Ps:အောက်က ပုံက ကျွန်တော် အလုပ်လုပ်နေတဲ့ပုံမဟုတ်ပါဘူး 😁😁
#fypシ゚viralシfypシ゚viralシalシ
#ဂျပန်