MYINT MON AUNG THWIN - Life Coach

MYINT MON AUNG THWIN - Life Coach

共有する

Coaching Business

11/07/2025

လူတစ်ယောက်က ကိုယ်ကိုတိုင် ကန့်သတ်ချက်လုပ်ထားတဲ့ ပြသာနာတွေ၊ အနှောက်အယှက် တွေမှာ ပိတ်မိနေတဲ့ အချိန် မှာ

တခြား တစ်ယောက်ရဲ့ ကန်သတ်ချက်က ‌ဖြေရှင်းရမဲ့ နည်းလမ်း၊တိုးတက်မှု၊အခွင့်အလမ်း တွေ အပေါ် မှာ အာရုံစိုက်‌နေ မယ်

သင်ရဲ့ အာရုံစူးစိုက်မှုတိုင်းကို Energy သွားတာကြောင့်

သူတို့နှစ်ယောက်မှာ ကောင်းမွန်တဲ့အပြောင်းအလဲ ကို ဘယ်သူက လုပ်နိုင်မလဲ?

တစ်ချို့သောသူ‌တွေ အနေနဲ့
မကောင်းတဲ့ အဆိပ်အတောက် ဖြစ်စေမဲ့ အရာတွေ အပေါ်မှာ အမြဲ တစိုက်မတ်မတ် အာရုံ စိုက်မိနေမယ်ဆိုရင်
သူရဲ့ အာရုံစိုက်နေတဲ့ အရာတွေပဲ ပိုပိုပြီး ရရှိပိုင်ဆိုင် နေမှာပါ

ဒါကို သူတို့ နှစ်ယောက်အတွက် ဘ၀ဟာ မမျှတဘူး လို့ တွေးလို့မရပါဘူး

ဒါဟာ သူတို့ကိုယ်တိုင် သူတို့ဘ၀ပုံဖော်မှု နေရာမှာပဲ အာရုံစိုက်ထားတဲ့ အရာ မှာ မူတည်နေလို့

အကယ်၍ မိတ်ဆွေ အနေနဲ့ ကိုယ့်ကိုကိုယ် အမြဲ ဘာအလုပ်မှ အလုပ် ဖြစ်မ‌နေပါဘူးလို့
တစိုက်မတ်မတ် ပြောနေရင်
လူကလည်း လက်လျော့ ချင်စိတ်တွေ ရှိလာမယ်

အောင်မြင်မှု လမ်းကြောင်းအပေါ်လည်း ငါရောက်နိုင်မှာ မဟုတ်ဘူး လို့ ထင်လာမိမယ်

ဘာကြောင့်လဲ ဆိုတော့ ကိုယ်ရဲ့ မကောင်းတဲ့ ဖြစ်တည်မှုကို
ကိုယ်ရဲ့ energy က ထပ်ပြီး ကိုယ်တွေးထားအတိုင်း အခိုင်အမာ ဖြစ်လာအောင် လုပ်လို့ ပဲ ဖြစ်ပါတယ်

ကိုယ့်ရဲ့စိတ်က ခိုင်လုံတဲ့ အကြောင်းပြချက်ကို သက်သေရှာဖို့ရန်အတွက် သင်ရဲ့ ယုံကြည်မှု ဆန္ဒရှိတဲ့ အရာအပေါ်မှာပဲ Design ဆွဲထားလို့ပဲ ဖြစ်ပါတယ်

ဒါကြောင့် ကိုယ် ဘယ်အရာတွေ အပေါ် တွေမှာ အာရုံစိုက်‌နေ မှာလဲ?

MMAT Life & Spiritual Coach
Credit photo

09/07/2025

အတိတ်က မကောင်းတဲ့ အတွေ့အကြုံ ၊စိတ်ခံစားချက်၊ယုံကြည်မှုတွေက ယခု ပစ္စပ္ပါန် အချိန် အထိ လွှမ်းခြုံထားတာ ခံ‌နေ ရတုန်းပဲလား...?

အတိတ်ကို တွေးကြည့်ရင် ဒေါသထွက်ရတယ်

အနာဂတ် ကို တွေးရင် ဆိုးရိမ်ပူပန်တယ်

ပစ္စပ္ပါန် မှာတော့ အကြောက်တရားနဲ့ နေနေတယ်

ဒီလို emotion များစွာနဲ့ နေရတဲ့ သူတစ်ယောက်အနေနဲ့ သူဘ၀ရဲ့ possibilities ဖြစ်နိုင်ချေတွေကို မတွေ့ နိုင်တော့ဘူး

သူဟာ သူ့ဘ၀ကို ကောင်းကောင်း ဖန်တီးနိုင်တယ် ဆိုတာ သတိမထားမိတော့ဘူး

ဒါကြောင့် ဒီလို အတိတ်ရဲ့ မကောင်းတဲ့စိတ်ခံစားချက်တွေ လွှမ်းမိုးမှု ခံနေရပြီ ဆိုရင်

🍁ကိုယ့်မှာ အတိတ်ရဲ့ ခံစားချက်တွေ ရှိတယ် ဆိုတာကို လက်ခံ‌ပေး ပါ

✍️Journal တွေ ချရေးပါ

🍀Healing တွေ ခံယူပါ

🌻Meditation State ထဲမှာ
ကိုယ်တိုင် ဆွဲထားတဲ့ program တွေကို reprogram လုပ် ပါ

🪻Pattern တွေကို release လုပ်ပါ

🪷ပစ္စပ္ပါန် တည့်တည့်မှာ နေပြီး တစ်နေ့တာ အတွေး တွေကို အသိ သတိစိတ်လေးနဲ့ နေထိုင်ပါ
😊
MMAT -Life & Spiritual Coach
Live with positive vibes

07/07/2025

အနာဂတ် မှာ ကိုယ်ဖြစ်ချင်တဲ့ လိုချင်တဲ့ ပုံစံကို နေ့တိုင်းသိစိတ်လေး ‌‌ နဲ့ သွားပြီး ခံစားကြည့်ပါ
ကြီးမားတဲ့ Vibration နဲ့ ခံစားပါ☺️

ခံစားလို့ ရလာတဲ့ feeling ကို ပစ္စုပ္ပါန်ကို သယ်လာခဲ့လိုက်ပါ
☘️အဲ့ feeling လေးနဲ့ နေထိုင်ပါ☘️

ဒီ ကောင်းတဲ့ ခံစားချက်လေးကို ပျက်စီးသွားစေမဲ့ မကောင်းတဲ့ အတွေးတွေ ရောက်လာရင် ပြုံးပြပေးလိုက်ပါ😊

ပြုံးလိုက်ခြင်းဖြင့် မကောင်းတဲ့ emotion တွေက လျော့ကျသွားပါ လိမ့်မယ်⬇️

အနာဂတ် မှာ ဖြစ်ချင်တာနဲ့ လက်တွေမှာ ဖြစ်နေတဲ့ ကွာဟမှု အ‌ခြေ အနေကို ‌စဉ်းစားမိပြီး မဖြစ်နိုင်ဘူးလို့ မတွေးလိုက်ပါနဲ့ ✖️
မခံစားလိုက်ပါနဲ့✖️

✔️စိတ်ခိုင်းသမျှကို ခန္ဓာကိုယ်က လိုက် လုပ်ရတာကြောင့် စိတ်ထဲမှာ ကိုယ့်ရဲ့ အိမ်မက်တွေ ၊ပန်းတိုင်တွေကိုရယူနိုင်ဖို့ပဲ အာရုံစိုက်ထားပါ✔️

🌳အတွေးတိုင်းက မျိုးစေ့ ဖြစ်လို့ မှန်ကန်တဲ့ မျိုးစေ့ ကိုပဲ ရွေးချယ်ပြီး စိုက်ပျိုးဖို့လိုပါတယ်နော်🌳

MMAT -Life & Spiritual Coach
Live with positive vibes
Photo Credit




06/07/2025

မြင့်မွန်ရဲ့ TikTok acc ‌ကို follow လုပ် လို့လည်း ရတယ်နော်😊
tiktok.com/

06/07/2025

🌺ပျော်ရွင်မှု တွေကို စိတ်ဖိစီးမှုတွေက ခိုးယူသွားတာမျိုး လက်မခံလိုက်ပါနဲ့🌺

🪻ကိုယ့်အတွက် ကောင်းကျိုး ဖြစ်စေမဲ့အရာတွေပေါ်မှာပဲ အာရုံစိုက်ပါ 🪻

💐ချစ်ခြင်းတရားတွေကို ကိုယ့်ဘေးနားမှာ ၀န်းရံထားပြီး နေထိုင်ပါ💐

🌼ကိုယ့်မှာ ရှိတဲ့ အရာတွေကို ကောင်းချီးတရားနဲ့ ကျေးဇူးတင်လိုက်ပါ🌼

MMAT -Life & Spiritual Coach
Live with positive vibes



05/07/2025

🪷ကိုယ့်ရဲ့ အတွင်းက ငြိမ်းချမ်းနေတဲ့ စိတ်အ‌ခြေအနေကို ဖျက်စီးပစ်မဲ့ အတွေး တွေ လွယ်လွယ် လက်မခံ လိုက်ပါနဲ့🪷

🍁အတွေး ဆိုတာ မျိုးစေ့ ဖြစ်လို့ ဘယ်လို အတွေးမျိုးကို ရှင်သန်စေမှာလဲဆိုတာကို မိတ်ဆွေ ရွေးချယ်ပါ🍁

🌻ကိုယ်ကို တိုင်တောင် ပျော်ရွင်မနေဘူးဆိုရင် တခြားသူကလည်း ကိုယ်ကို ပျော်ရွင်အောင် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး🌻

😊ဘာပဲ တွေ့ကြုံရ အပြုံးလေး တစ်ပွင့်နဲ့ ကြိုဆို လက်ခံ ပေးလိုက်ပါ😊

MMAT - Life and Spiritual Coach
Live with positive vibes

04/07/2025

တစ်နေ့တာ ကို ကိုယ်ဘယ်လို ပုံစံမျိုးနဲ့ နိုးထလာလဲ......👀
မျက်လုံးဖွင့် လိုက်ပြီ ဆိုကတည်း က ဘေးမှာ ရှိတဲ့ ဖုန်းကို ကောက်ကိုင်လိုက်ပြီး နဂိုမူရင်း ပြုမူ လုပ်နေကြ အတိုင်း နိုးထလာတာလား ?

ဒါမှ မဟုတ် ကိုယ့်ရဲ့ New Life ကို ဖန်တီးဖို့ နိုးထ လာတာလား😍

ကိုယ့်ဘ၀ပုံစံ တစ်ခုကို ကို ပြောင်းလဲ ဖန်တီးမယ်ဆိုရင် ကိုယ့်ရဲ့ လုပ်မြဲတိုင်း လုပ်နေတဲ့ personality တွေ ပြောင်းနိုင်မှ ကိုယ်လိုချင်တဲ့ ပုံစံတွေကို create လုပ်လို့ရမှာပါ

အမြဲတမ်း အကျင့်ပါပြီး လုပ်တတ်နေတဲ့ အတွေ့အကြုံ အဟောင်းတွေနဲ့ နေ နေသမျှ ကာလပါတ်လုံး New Life ကို ရရှိဖို့ ဝေးနေအုန်းမှာပဲ

ဒီတော့ ကိုယိ့ရဲ့ personality ကို ပြောင်း လဲဖို့ ကြိုးစားမလား
ဒါမှ မဟုတ် အပြောင်း အလဲ လုပ်ဖို့ ငြင်းဆန်နေမှာလားကတော့ မိတ်ဆွေရဲ့ ရွေးချယ်မှုပါပဲ🫴

Today Quotes
Life & spiritual coach
Live with positive vibes

02/07/2025

✨ဘ၀ကို တစ်နေ့ပြီး တစ်နေ့ ကောင်းမွန်စွာ ဖြတ်သန်းပါ✨

🩷ကိစ္စ သေးသေးလေးတွေလည်း ကျေးဇူးတင်ဖို့ မမေ့ပါနဲ🩷

🍀ကိုယ် မထိန်းချုပ်နိုင်တဲ့ အရာတွေ အပေါ်မှာလား စိတ်ဖိစီးမှု အဖြစ်မခံပါနဲ့ 🍀
🌷Today quotes 🌷

18/08/2024

တစ်ခါ တစ်လေမှာ လူတွေကို ကြိုးစားဖို့ Motivation တွေ Inspiration တွေပေးလိုက်တာက သူတို့အတွက် အခက်အခဲ ဖြစ်သွားမလားလို့ တွေးကြည့်မိတယ်

ကောင်းဖို့ အတွက် ပြောလိုက်ပေမယ့် ပြန်အသုံးချတဲ့ အခါ အကုသိုလ်ဖြစ်စေ တဲ့ နည်းလမ်းနဲ့ အကောင်အထည် မဖော်စေချင်တာ ရင်ထဲက စေတနာပါ

ကိုယ်သန်ရာ တွေးကြ ၊မြင်ကြ၊ပြောကြ၊ လုပ်ကြတာ မို့ အကောင်းတွေကြီးပဲ တူညီစွာ လုပ်မယ်ဆိုတာ ဖြစ်နိုင်ပါ့မလားလို့ စဉ်းစားကြည့်မိတယ်

လူတွေရဲ့ ဉာဏ်ရည် အနိမ့် ၊အမြင့်က ကောင်းမွန်စွာ စဉ်းစားမှုတွေးခေါ်မှု ကို ကောင်းကောင်း လုပ်ပေးနိုင်တယ်
MMAT- Life coach
Stay with positive vibes
Photo credit

21/06/2024

ကိုယ်နဲ့ တွေ့ဆုံဆက်ဆံနေရတဲ့ နယ်ပယ်တိုင်းက လူတွေက ကိုယ့်ကို 100%သဘောကျနေတာမျိုးဆိုတာ ရှိမနေပါဘူး

ထို့အတူ ကိုယ်တိုင်လည်း လူတိုင်းကို ရာနှုန်းပြည့် သဘောကျနေမှာ မဟုတ်ပါဘူး

အဓိက ကိုယ်တစ်နေ့တာကို ကိုယ်ဘယ်လို စိတ်မျိုးနဲ့ နေပြီး အလုပ်တွေ လုပ်နေလဲဆိုတာကိုပဲ အာရုံစိုက်ပါ

ကိုယ်နဲ့ ဆက်ဆံရေး အဆင်မပြေလို့ ငါဂွင်ထဲ ရောက်ရင် ထည့်လိုက်မယ်ဆိုတဲ့ စိတ်ဖြစ်လာရင်
မကြာခင်ငါလည်း ပြန်အထည့်ခံရမယ်ဆိုတာ သိဖို့ လိုပါတယ်

ဘ၀ကို အကျိုးရှိရှိအသုံးချနေတဲ့ သူလို့ကိုယ့်ကိုကိုယ် သတ်မှတ် လိုက်မယ်ဆိုရင် ကိုယ်တိုင်ရော သူများရော အကျိုးယုတ်စေမဲ့ အရာတွေ တွေး၊ ပြော ၊လုပ်မိဖို့ အလိုလို ရှောင်ရှားမိမှာပါ

ဘ၀မှာ ရှင်သန်ရတာ ပေါ့ပါးနေဖို့ လိုတယ်နော်

MMAT- Life Coach
Lift up life with coach
PhotoCredit

16/06/2024

တစ်ယောက်ယောက်က ကိုယ့်အကြောင်းပြောနေပြီဆိုတာ သူပြောနေတာ ကိုယ့်အကြောင်းအကုန်သိလို့ ပြောတာ ဟုတ်ချင်မှ ဟုတ်မယ်

ဒီလိုပဲ ကိုယ်လည်း သူများအကြောင်းပြောနေပြီဆို ကိုယ်ပြောတာ သူအကြောင်း အကုန်ဖြစ်ချင်မှ ဖြစ်မယ်

ဒါကြောင့် ဘာလို့ သူများစကားမှာ လိုက်မျောခံစားနေမှာလဲ

တစ်ခါတစ်ရံမှာ ကိုယ်ကိုယ်တိုင်တောင် ကိုယ့်အကြောင်းအကုန်မသိနေတာမျိုးဖြစ်နိုင်တယ်

သူများသိအောင်လိုက်လုပ်ပြနေရတာထက် ကိုယ်ဘာအဓိပ္ပါယ်ရှိရှိနဲ့ လုပ်နေတာလဲဆိုတာက ပိုအရေးကြီးတယ်

လက်ရှိ နေနေတဲ့ ဘ၀မှာ ပစ္စုပ္ပန်တည့်နေအောင် နေမှ ကိုယ်ဘာလိုချင်တယ် ဆိုတာ သိနိုင်မှာ

အတိတ်ထဲနေပြီး ‌အနာဂါတ်ဖန်တီးနေရင် လက်ရှိမှာ အတိတ်ရဲ့ ရလဒ်ပဲ ရလာမှာပါ

အတိတ်ထဲက ထွက်နိုင်လာ‌လေလေ လက်ရှိ အချိန်မှာ လွတ်မြောက်နိုင်လေလေ ပါ

MMAT- Life Coach
Daily Note
Lift up with coach
PhotoCredit

あなたの事業をジム/スポーツ施設のトップリストOsakaにしたいですか?

ここをクリックしてあなたのスポンサー付きリスティングを獲得。

場所

カテゴリー

電話番号

ウェブサイト

住所

Osaka, Osaka