28/09/2026
Victoria Unity Cup
“ရံပုံငွေ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖိတ်ခေါ်လွှာ “
ဂျပန်ရောက် ⚽ ဘောလုံးဝါသနာရှင် ညီအစ်ကိုမောင်နှမများခင်ဗျာ—
စစ်ဘေးရှောင်ပြည်သူများနှင့် လိုအပ်နေသောမြေပြင်အကူအညီများအတွက် အကျိုးပြုနိုင်ရန် ရည်ရွယ်၍ VICTORIA FC နှင့် MJFF တို့မှ ဦးဆောင်ကျင်းပမည့် “ရံပုံငွေ ဖူဆယ်ဘောလုံးပြိုင်ပွဲ” သို့ အသင်းများ ပါဝင်ယှဉ်ပြိုင်ကြရန် နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။
🗓️ ပြိုင်ပွဲကျင်းပမည့် အချက်အလက်များ
📅 နေ့ရက် — 25.10.2026 (တနင်္ဂနွေနေ့)
⏰ အချိန် — မနက် 8:30 မှ ည 10:00 နာရီအထိ
🏟️ နေရာ — Z Futsal Sport Shim-Misato
💴 အသင်းဝင်ကြေး — ¥30,000 / အသင်း
👥 ကစားသမားဦးရေ — တစ်သင်းလျှင် အများဆုံး 11 ဦး
🔔အထူးအသိပေးချက်🔔
ယခုပြိုင်ပွဲသည် ရံပုံငွေ ပြိုင်ပွဲ ဖြစ်သည့်အတွက် ပြိုင်ပွဲဆုကြေးငွေ သီးသန့်ပေးအပ်မည်မဟုတ်ပါ။
ပြိုင်ပွဲမှ ရရှိလာသော အမြတ်ငွေအားလုံးကို စစ်ဘေးရှောင်ပြည်သူများနှင့် မြေပြင်အကူအညီများအတွက် လှူဒါန်းအသုံးပြုသွားမည် ဖြစ်ပါသည်။
📝 အသင်းစာရင်းပေးသွင်းခြင်း
📌 စာရင်းစတင်လက်ခံမည့်နေ့ — 4.10.2026 (တနင်္ဂနွေနေ့) (စနေည 12:00)
⚠️ သတ်မှတ်ထားသည့်အချိန်မတိုင်မီ ကြိုတင်ပေးပို့ထားသော အသင်းစာရင်းများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။
📩 အသင်းစာရင်းများကို အောက်ဖော်ပြပါ Page Messenger တစ်ခုတည်း မှသာ လက်ခံသွားမည်ဖြစ်ပါသည်။
https://www.facebook.com/share/1CCANQmD7X/?mibextid=wwXIfr
❤️ဘောလုံးကိုချစ်တဲ့သူတိုင်းအတွက် အားကစားနဲ့ ချိတ်ဆက်ပြီး ကောင်းမှုတစ်ခုလုပ်နိုင်မယ့် အခွင့်အရေးလေးတစ်ခု ဖြစ်တဲ့အတွက် အသင်းများပါဝင်ပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါတယ်။