Japan Unfolded

Japan Unfolded

共有する

ဂျပန်နိုင်ငံရဲ့အကြောင်းအရာပေါင်းစုံရှူထောင့်ပေါင်းစုံ စိတ်ဝင်စားစရာအကြောင်းအရာပေါင်းစုံကိုတင်ပြပေးသွားမှာဖြစ်ပါတယ်...
よろしくお願いします…

12/07/2026

⛩️Enoshima Tenno Matsuri
July12ရက်နေ့ကလုပ်တဲ့ပွဲတော်မှာ အဓိက ပူဇော်တဲ့နတ်ဘုရားကတော့"စူဆာနိုအို နို မိခိုတို" (Susanoo-no-Mikoto) လို့ခေါ်တဲ့ "မုန်တိုင်းနဲ့ ပင်လယ်အုပ်စိုးတဲ့နတ်မင်း" ဖြစ်ပါတယ်။
ရှေးခေတ်ဂျပန်လူမျိုးတွေကနွေရာသီရောက်ရင် ကူးစက်ရောဂါဆိုးတွေ ၊ သဘာဝဘေးအန္တရာယ်နဲ့ ပင်လယ်ပြင် အန္တရာယ်တွေ ကြုံတွေ့ရတတ်တာကြောင့် ရောဂါတွေ ကင်းဝေးအောင်၊ မိသားစုတွေ ကျန်းမာပြီး ပင်လယ်ခရီးလမ်း ဘေးကင်းအောင် ရည်စူးပြီး ဒီပွဲတော်ကို နှစ်စဉ် ဇူလိုင်လလယ်မှာ ကျင်းပကြတာပါတဲ့။
⭐️ကမ်းခြေဘက်က နတ်ဘုရားမရဲ့ (နတ်ရထား) ဟာ ပင်လယ်ထဲကို နစ်မြုပ်မျောပါသွားခဲ့ဖူးပါတယ်။ အဲဒီနတ်ရထားကို Enoshimaကျွန်းက တံငါသည်တွေက ပင်လယ်ထဲကနေ ဆယ်ယူပြီး သေချာပူဇော်ခဲ့ကြရာကနေ စပြီးဒီနေ့ခေတ်အထိ နတ်ကွန်းနှစ်ခု ပေါင်းပြီး အကြီးအကျယ် ပွဲလုပ်လာခဲ့ကြတာ ဖြစ်ပါတယ်။
ဒီပွဲတော်ရဲ့ အထူးခြားဆုံး ကတော့ နတ်ရထား ကို
ထမ်းပြီး ပင်လယ်ရေထဲဆင်းပြီး လှည့်လည်ပူဇော်ကြတာ ဖြစ်ပါတယ်။
ပင်လယ်ထဲဆင်းပြီးပူဇော်တာကိုတော့comment မှာကြည့်လို့ရပါတယ်ခင်ဗျာ။
#江ノ島祭り

11/07/2026

🥩 ဂျပန်နိုင်ငံမှာ လူတွေ အကြိမ်ကြိမ်ပြန်သွားစားတဲ့ Yakiniku (အကင်ဆိုင်) Chain ဆိုင်တွေထဲက နာမည်အကြီးဆုံးက ဘယ်ဆိုင်ဖြစ်မလဲ?

ဂျပန်နိုင်ငံတစ်ဝန်း အသက် ၁၀ နှစ်မှ ၆၀ နှစ်အထိ အမျိုးသား၊ အမျိုးသမီး ၃၀၀ ဦး ကို စစ်တမ်းကောက်ယူခဲ့ရာမှာ လူအများဆုံး ပြန်သွားစားချင်တဲ့ Yakiniku Chain ဆိုင်များကို အခုလို ရွေးချယ်ခဲ့ကြပါတယ်။

🥉 အဆင့် (၃) – Jojoen (叙々苑) – မဲ ၂၀
နာမည်ကြီး အဆင့်မြင့် Yakiniku ဆိုင်ဖြစ်ပြီး အသားအရည်အသွေးကောင်းခြင်း၊ ဝန်ဆောင်မှုကောင်းခြင်းနဲ့ သန့်ရှင်းသပ်ရပ်တဲ့ ဆိုင်အတွင်းအပြင်ကြောင့် လူကြိုက်များပါတယ်။

💬 “ဈေးကြီးပေမယ့် အရသာက အရမ်းကောင်းလို့ ထပ်ခါထပ်ခါ သွားစားဖြစ်တယ်။”
💬 “အသားအရည်အသွေးက ထူးခြားကောင်းမွန်ပြီး ဝန်ဆောင်မှုလည်း အရမ်းကောင်းတယ်။”

🥈 အဆင့် (၂) – Gyukaku (牛角) – မဲ ၇၁
ဈေးနှုန်းသင့်တင့်ပြီး Menu မျိုးစုံရှိတာ၊ Side Menu တွေလည်း အရသာကောင်းတာကြောင့် မိသားစု၊ သူငယ်ချင်းတွေနဲ့ အလွယ်တကူ သွားစားနိုင်တဲ့ ဆိုင်အဖြစ် လူကြိုက်များပါတယ်။

💬 “ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် တန်ဖိုးရှိပြီး Menu လည်း အများကြီးရှိတယ်။”
💬 “ကာလအလိုက် Menu အသစ်တွေ ထွက်နေလို့ မရိုးသွားဘူး။”

🥇 အဆင့် (၁) – Yakiniku King (焼肉きんぐ) – မဲ ၁၄၉
မဲအများဆုံးနဲ့ နံပါတ် (၁) ရရှိခဲ့တာက Yakiniku King ဖြစ်ပါတယ်။

အဓိကအကြောင်းရင်းတွေကတော့…
✅ စားသလောက် (All You Can Eat) Menu အမျိုးအစားစုံလင်ခြင်း
✅ ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် အရမ်းတန်ခြင်း
✅ ကလေးတွေအတွက် Menu သီးသန့်ရှိခြင်း
✅ မိသားစုလိုက် သွားစားဖို့ အဆင်ပြေခြင်း
✅ ရာသီအလိုက် Limited Menu အသစ်တွေ အမြဲထွက်နေခြင်း

💬 “မိသားစုတစ်ခုလုံး စိတ်ကျေနပ်မှုအမြင့်ဆုံးရတဲ့ Yakiniku ဆိုင်ပါ။”
💬 “သွားတိုင်း Menu အသစ်တွေရှိလို့ အမြဲစိတ်လှုပ်ရှားစရာကောင်းပြီး အရသာလည်းကောင်းတယ်။”
💬 “စားသလောက်စနစ်ရဲ့ တန်ဖိုးကောင်းမှုနဲ့ Menu မျိုးစုံကြောင့် ဘယ်နှခါသွားသွား မရိုးနိုင်ဘူး။”

📌 မှတ်ချက်
ဒီရလဒ်ဟာ ဂျပန်နိုင်ငံသား ၃၀၀ ဦးရဲ့ ကိုယ်ပိုင်အမြင်နဲ့ အတွေ့အကြုံအပေါ် အခြေခံထားတဲ့ စစ်တမ်းဖြစ်ပြီး ဆိုင်တစ်ဆိုင်က အခြားဆိုင်ထက် ပိုကောင်းတယ်လို့ တရားဝင်သတ်မှတ်ထားတာ မဟုတ်ပါဘူး။

သင်ကရော ဂျပန်မှာ Yakiniku ဆိုင်တွေထဲက ဘယ်ဆိုင်ကို အကြိုက်ဆုံးလဲ? Comment မှာ မျှဝေပေးခဲ့ပါဦး။ 🥩🔥



10/07/2026

#鎌倉花火

Photos from Japan Unfolded's post 09/07/2026

ဒီ自販機ကတစ်ကယ်တန်တာနော်တစ်ဗူးမှယန်း၅၀ထဲ
လာသောက်ကြပါလား













😂😂စတာပါ အလုပ်ကကျန်တဲ့ပိုက်ဆံကိုစိုက်ပေးထားလို့အဲ့စျေးနဲ့ရနေတာပါ

08/07/2026


#富士山 #富士山世界文化遺産登録10周年

08/07/2026

ဂျပန်မှာ သူတစ်ပါးကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတာက အတော်လေး ကြီးလေးတဲ့ အပြစ်တစ်ခုလား... 🇯🇵

ဂျပန်နိုင်ငံမှာ "သူတစ်ပါးကို အနှောင့်အယှက်ပေးတာ၊ ဒုက္ခပေးတာ" (Meiwaku) ဆိုတာကို လူမှုအသိုင်းအဝိုင်းမှာ အရမ်းကို ရှောင်ကြဉ်ကြပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျိုတို (Kyoto) မှာ ကိုယ်တိုင် ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခုကို မျှဝေပေးချင်ပါတယ်။

ကျိုတိုက ညတစ်ည... 🍺

အဲဒီနေ့ညက ဘော်ဒါတချို့နဲ့ ဘီယာတွေ အတော်လေး သောက်ဖြစ်ခဲ့တဲ့ ညတစ်ညပေါ့။ Kirin, Sapporo နဲ့ Asahi ဘီယာတွေ တော်တော်များများ ဝင်သွားတော့ လူကလည်း နည်းနည်း ယိုင်ချင်နေပြီ။ အဲဒီအချိန်မှာ ခဏဆိုပြီး အိမ်သာထသွားခဲ့တယ်။
အိမ်သာကနေ လူအုပ်ကြားထဲ တိုးထွက်ပြီး ကောင်တာကို ပြန်ရောက်တော့ ထူးဆန်းတာတစ်ခု သွားတွေ့တယ်။ ကျွန်တော် ထားခဲ့တဲ့ ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆေးလိပ်တွေ ကောင်တာပေါ်မှာ မရှိတော့ဘူး။ "ငါ ဒီနားမှာပဲ ထားခဲ့တာပါ" ဆိုပြီး ဘားတန်ဒါကို ဇဝေဇဝါနဲ့ လှမ်းကြည့်လိုက်မိတယ်။
အဲဒီတော့မှ ဘားတန်ဒါက ကောင်တာအောက်မှာ ခဏဖယ်ထားတဲ့ ကျွန်တော့်ပစ္စည်းတွေကို ယူပြီး အရင်ထားတဲ့ နေရာအတိအကျမှာပဲ သေသေချာချာ ပြန်တင်ပေးတယ်။

ဘာဖြစ်လို့လဲဆိုတော့... 💡

ဘီယာတွေသောက်၊ အမြည်းတွေစားထားတော့ ကောင်တာပေါ်မှာ နည်းနည်း ပေပွသွားတာပေါ့။ အဲဒါကို ဘားတန်ဒါက ကျွန်တော်မရှိတုန်း သန့်ရှင်းရေးလုပ်ချင်တယ်။ ဒါပေမဲ့ ကျွန်တော့်ပစ္စည်းတွေက ရှုပ်နေတော့ ခဏဖယ်ပြီး သုတ်လိုက်ရတာပါ။
ကျွန်တော်လည်း အဲဒီအခြေအနေကို သဘောပေါက်သွားတာနဲ့ သူ့ကို အနူးအညွတ် တောင်းပန်ခဲ့ရပါတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အလုပ်သူ ခပ်မြန်မြန်လုပ်ချင်ပေမဲ့ ကျွန်တော့်ပစ္စည်းတွေ ရှိနေလို့ သူ့အတွက် အလုပ်ပိုသွားရတယ်၊ အချိန်ပိုကုန်သွားရတယ်။ တစ်နည်းအားဖြင့် ကိုယ့်ကြောင့် သူ့အတွက် ဝန်ထုပ်ဝန်ပိုး (Burden) ဖြစ်သွားစေလို့ပါ။

ကိုယ့်ဘက်က သေးငယ်တဲ့ အပြုအမူလေးကအစ သူများအတွက် အလုပ်ပိုသွားစေရင်၊ အနှောင့်အယှက် ဖြစ်သွားစေရင် အလွန်အားနာတတ်ကြတဲ့ သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ ကိုယ့်ရဲ့ အမှတ်တရလေးတစ်ခုကို ပေါင်းစပ်ပြီး မျှဝေပေးလိုက်ပါတယ်။

07/07/2026

🌊🏄‍♂️

07/07/2026

🇯🇵 ဂျပန်မှာ အလုပ်ချိန် ပိုတိုးလုပ်ချင်သူ ဘယ်လောက်ရှိလဲ? (တိုကျိုတက္ကသိုလ်ရဲ့ စစ်တမ်းအသစ်)

ဂျပန်နိုင်ငံမှာ လက်ရှိအလုပ်လုပ်နေကြသူတွေဟာ အလုပ်ချိန်ကို ပိုတိုးပြီး လုပ်ချင်ကြသလား၊ ဒါမှမဟုတ် လျှော့ချချင်ကြသလား? တိုကျိုတက္ကသိုလ်ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ စိတ်ဝင်စားစရာ အချက်အလက်အချို့ ထွက်ပေါ်လာပါတယ်။

ပြောင်းလဲလာတဲ့ အလုပ်ချိန်အပေါ် သဘောထားများ
စစ်တမ်းအရ လက်ရှိထက် အလုပ်ချိန်ကို "ပိုပြီးရှည်ရှည်ကြာကြာ လုပ်ချင်ပါတယ်" လို့ ဖြေဆိုသူဟာ အလွန်နည်းပါးပြီး အမျိုးသား ၃% နဲ့ အမျိုးသမီး ၆% သာ ရှိပါတယ်။ အလုပ်သမားထုရဲ့ တစ်ဝက်ကျော်က "လက်ရှိအတိုင်းပဲ အဆင်ပြေပါတယ်" လို့ ဖြေကြားခဲ့ကြပြီး၊ အပြန်အလှန်အနေနဲ့ အလုပ်ချိန် "လျှော့ချချင်တယ်" ဟု လိုလားသူက အမျိုးသား ၄၀% ဝန်းကျင်နဲ့ အမျိုးသမီး ၃၀% ဝန်းကျင်အထိ ရှိနေတာကို တွေ့ရပါတယ်။

ဘယ်လိုလူမျိုးတွေက အလုပ်ပိုလုပ်ချင်ကြတာလဲ?
လစာပြည့် ပုံမှန်ဝန်ထမ်း (正規雇用) တွေထဲမှာတော့ အလုပ်ချိန်တိုးချင်သူဟာ ၁% ကနေ ၂% အထိပဲ ရှိပြီး အလွန်နည်းပါးပါတယ်။ ဒါပေမဲ့...

အချိန်ပိုင်း/ယာယီဝန်ထမ်းများ (非正規雇用): ပတ်တိုင်း (Part-time) ဒါမှမဟုတ် ဟားကန်း (Dispatch) လိုမျိုး အချိန်ပိုင်းလုပ်ကိုင်သူတွေထဲမှာတော့ အမျိုးသား၊ အမျိုးသမီး နှစ်ဦးစလုံး ၁၂% ကနေ ၁၃% အထိ "အလုပ်ချိန် ပိုတိုးလုပ်ချင်တယ်" လို့ ဖြေဆိုထားကြပါတယ်။ (ကိုယ်ပိုင်လုပ်ငန်းရှင်တွေထဲမှာတော့ အမျိုးသား ၄% နဲ့ အမျိုးသမီး ၅% ရှိပါတယ်)
အဓိကအကြောင်းရင်း: တစ်ကိုယ်ရေဝင်ငွေ နည်းပါးသူတွေဖြစ်တဲ့အတွက် မိသားစုစားဝတ်နေရေးနဲ့ လူနေမှုဘဝရပ်တည်ရေးအတွက် ဝင်ငွေပိုမိုရရှိရန် အလုပ်ပိုလုပ်ချင်ကြတာ ဖြစ်ပါတယ်။

၂ နှစ်တာအတွင်း အပြောင်းအလဲ (၂၀၂၄ မှ ၂၀၂၆ သို့)
လွန်ခဲ့တဲ့ ၂ နှစ် (၂၀၂၄ ခုနှစ်) စစ်တမ်းတုန်းက "အလုပ်ချိန် ပိုလုပ်ချင်တယ်" လို့ ဖြေကြားခဲ့သူတွေကို နောက်ကြောင်းခံလိုက်လံ လေ့လာကြည့်တဲ့အခါမှာတော့ အမျိုးသမီးတွေရဲ့ အခွင့်အလမ်း ပိုမိုပွင့်လန်းလာတာကို တွေ့ရပါတယ်။

အမျိုးသား: ၂၅.၈% သာ အလုပ်ချိန် အမှန်တကယ် တိုးလာနိုင်ခဲ့ပြီး၊ တစ်လပျမ်းမျှ ၅.၁ နာရီ သာ တိုးလာခဲ့ပါတယ်။

အမျိုးသမီး: ၆၃% အထိ အလုပ်ချိန် အမှန်တကယ် တိုးလာနိုင်ခဲ့ပြီး၊ တစ်လပျမ်းမျှ ၁၉.၄ နာရီ အထိ သိသိသာသာ တိုးလာခဲ့တာကို တွေ့ရပါတယ်။

အမျိုးသမီးတွေ ဘာကြောင့် အလုပ်ချိန် ဒီလောက်တိုးလာတာလဲ?

အဓိကအကြောင်းရင်းကတော့ အချိန်ပိုင်း သို့မဟုတ် ယာယီဝန်ထမ်းဘဝကနေ လစာပြည့်အမြဲတမ်းဝန်ထမ်း (正社員) အဖြစ် အလုပ်အကိုင်ပုံစံ ပြောင်းလဲနိုင်ခဲ့တဲ့ အမျိုးသမီးတွေ များပြားခဲ့လို့ ဖြစ်ပါတယ်။ အလုပ်ပိုလုပ်ချင်ပါတယ်ဆိုတဲ့ အချိန်ပိုင်းအမျိုးသမီးတွေထဲက ၂၇.၇% ဟာ အမြဲတမ်းဝန်ထမ်းအဖြစ် ကူးပြောင်းနိုင်ခဲ့ကြပါတယ်။

ဂျပန်နိုင်ငံရဲ့ လုပ်ငန်းခွင်တွေမှာ ဝင်ငွေတိုးတက်ဖို့အတွက် အလုပ်ချိန်ပိုမိုရရှိအောင် ရုန်းကန်နေရတဲ့ အချိန်ပိုင်းဝန်ထမ်းတွေရဲ့ အခြေအနေ၊ အထူးသဖြင့် အမျိုးသမီးတွေ အမြဲတမ်းဝန်ထမ်းအဖြစ် ကူးပြောင်းလာနိုင်မှု အခြေအနေတွေကို ဒီစစ်တမ်းက အထင်အရှား ပြသနေပါတယ်။
#ဂျပန်သတင်း #လုပ်ငန်းခွင် #အလုပ်အကိုင် #တိုကျိုတက္ကသိုလ်စစ်တမ်း

07/07/2026

ဂျပန်ရောက်ခါစ နိုင်ငံခြားသားတွေကို volunteer ဂျပန်လူမျိုးတွေစာသင်ပေးနေတာပါ။ မကြည်ဖြူတဲ့ဂျပန်တွေကတော့ အဲ့လို့နိုင်ငံခြားသားတွေများလာရင် ဂျပန်ကအရင်လို အေးချမ်းတော့မှာမဟုတ်ဘူးလို့ပြောနေကြတာပါပဲဗျာ


05/07/2026

ဂျပန်မှာ စေတနာကနေ ဝေဒနာဖြစ်သွားတတ်တဲ့ ပန်းကန်ဆင့်ခြင်း အလေ့အထ 🍽️🇯🇵

ဂျပန်က စားသောက်ဆိုင်တွေမှာ အပြင်ထွက်စားပြီးတဲ့အခါ... စားပြီးသား ပန်းကန်တွေကို အခုလိုလေး သေသပ်အောင် ဆင့်ပေးထားတာမျိုး လုပ်ဖူးကြမှာပါ။

"သိမ်းရတဲ့ ဆိုင်ဝန်ထမ်းတွေ သယ်ရလွယ်အောင်" ဆိုပြီး ဂျပန်မှာ စားသုံးသူအတော်များများက စေတနာနဲ့ ဝိုင်းကူညီပေးချင်ကြတာ ဖြစ်ပါတယ်။ အဲဒီလို ဆင့်ပေးလိုက်ရင် ဝန်ထမ်းတွေအတွက် ခဏတဖြုတ် သယ်ရတာ အဆင်ပြေသွားတာတော့ အမှန်ပါပဲ။

ဒါပေမဲ့... ပန်းကန်ဆေးတဲ့ ဝန်ထမ်းတွေအတွက်တော့ တကယ် အလုပ်ပို လက်ဝင်သွားစေပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ မဆင့်ထားရင် ဆီတွေ၊ ဟင်းနှစ်တွေ လုံးဝ မပေနိုင်တဲ့ ဂျပန်ပန်းကန်တွေရဲ့ အောက်ခြေခွက်ဖနောင့် (高台 - Koudai) တွေပါ အောက်က ပန်းကန်ထဲက ဆီတွေနဲ့ ပေကျံကုန်လို့ပါပဲ။ အဲဒီအောက်ခြေ ဂျိုင့်လေးတွေကို လိုက်ပွတ်ပြီး ဆီစင်အောင် ဆေးရတာ အချိန်ကုန်စေပါတယ်။

ဆိုင်ရဲ့ ပန်းကန်ဆေးတဲ့နေရာ ကျဉ်းလွန်းလို့ ဝန်ထမ်းတွေဘက်ကပဲ အဆင်ပြေသလို ဆင့်ပြီး ထားတာမျိုး ရှိနိုင်ပေမဲ့၊ ကျွန်တော်တို့ စားသုံးသူတွေဘက်က ကိုယ့်အမြင်နဲ့ကိုယ် "ဝိုင်းကူညီတာပဲ" ဆိုပြီး လုပ်ပေးလိုက်တာက တစ်ခါတလေ သူတို့အတွက် အပိုအလုပ် ဖြစ်သွားစေတတ်ပါတယ်။

ဂျပန်မှာ ဆိုင်ထိုင်စားတဲ့အခါ စေတနာကနေ အလုပ်ပို မဖြစ်စေဖို့ ဒါလေးကို သတိပြုပြီး စားပြီးသားအတိုင်းပဲ ထားခဲ့တာက ပိုပြီး အဆင်ပြေစေပါတယ်ခင်ဗျာ။



#အိုင်တိုးပဂေးဆန်

あなたの事業をジム/スポーツ施設のトップリストOsakaにしたいですか?

ここをクリックしてあなたのスポンサー付きリスティングを獲得。

場所

ウェブサイト

住所

Osaka, Osaka