02/08/2026
SAVE THE MEMORY OF PALAW UNITED
2-8-2026 ( Sunday ) အသင်းတည်ထောင်ပြီး၂နှစ်အတွင်းပထမဆုံးအကြိမ်မြန်မာဘုန်းတော်ကြီးကျောင်းတွင် အာရုံဆွမ်းကပ်ခြင်း ဝါတွင်းကာလဝါဆိုသင်္ကန်းကပ်လှူပူဇော်ခြင်းနဲ့ ကျောင်းဝေယံဝစ္စဝတ္ထုငွေဆက်ကပ်လှူဒါန်းခြင်း တရားတော်နာကြားခြင်းနဲ့ ရေစက်ချအမျှအတန်းပေးဝေခြင်းများ လုပ်ဆောင်နိုင်ခဲ့ပါတယ်🙏🏻
August လရဲ့အစကို အလှူနဲ့ စတင်နိုင်ခဲ့တဲ့ ပုလော Team
ရှိသမျှနဲ့အကောင်းဆုံးလုပ်ခဲ့ကြလို့ ပုလောယူနိုက်တက်အသင်းသားများကိုဒီ Page ကနေ မှတ်တမ်းတင်ဂုဏ်ပြုပါတယ် ။
စနေနေ့ မနက်ကနေ တနေ့လုံးမနားမနေ ဈေးဝယ်ခြမ်း ချက်ပြုတ်ဖို့အတွက်အပင်ပန်းခံခဲ့ကြတဲ့သူတွေ မနက်အလုပ်ပြီးတာနဲ့ တရားနာအမှီလာရောက်ခဲ့ကြတဲ့အသင်းသားတွေ အကြောင်းကြောင်းကြောင့်မလာနိုင်ခဲ့ကြတဲ့သူတွေအကုန်လုံး ပြုပြုသမျှကုသိုလ် ထပ်တူရကြပါစေလို့ ဆုတောင်းမေတ္တာပို့ရင်း အမျှအတန်းပေးဝေလိုက်ပါတယ် 🙏🏻
နတ်လူသာဓုခေါ်စေသော် 🙏🏻
01/08/2026
မနက်ဖြန် ၂.၈.၂၀၂၆ တိုကျိုမြို့ Sugamo Station အနီးရှိ မြောက်ဦးမြန်မာဘုန်းတော်ကြီးကျောင်းတွင် ကျနောိတို့ Palaw United ဘော်လုံးအသင်းသားများအနေဖြင့် ဝါတွင်းကာလ ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ခြင်းနှင့် သီလခံ ပရိတ်ပဌာန်း ရွက်ဆိုခြင်းပြုလုပ်သွားပါ့မယ်ခင်ဗျား 🙏🏻
အသိမိတ်ဆွေအသင်င်္ဂါဟာများအနေဖြင့် ကျနော်တို့ရဲ့ အလှူလေးကို ပါဝင်ပူးပေါင်းသာဓုအနုမောဓနာ ခေါ်ပေးကြပါ ဗျို့ 🤍🙏🏻
〒170-0002 東京都豊島区巣鴨4丁目13−18
🏡ဘုန်းကြီးကျောင်းလိပ်စာပါ
အာရုံဆွမ်းကို မနက် ၆ ခွဲမှာကပ်ပြီး ၈-၈ခွဲကြားတရားနာမှာပါ 🙏🏻
ထမင်းလာစားကြပါနော် 🙏🏻
20/07/2026
Congratulation 🫡
2026 World Cup Champion 🇪🇸 Spain 🇪🇸 🔥🔥
17/07/2026
𝐀𝐑𝐀𝐊𝐇𝐀 𝐂𝐇𝐀𝐑𝐈𝐓𝐘 𝐂𝐔𝐏
ရခိုင်ပြည်နယ်အတွက်တော်လှန်ရေးရန်ပုံငွေဖူဆယ်ဖလား
PALAWUnited ပွဲထွက်လူစရင်းပါ ဗျ 🤍
28/06/2026
Palaw United က ညီလေးများ ဒီလပြိုင်ပွဲအတွင်း အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတယ်ဆိုပေမယ့် နောက်လပွဲတွေ အကောင်းဆုံးပုံစံနဲ့ ပြန်လညခဲ့ပါ့မယ် 🫡
28/06/2026
Palaw United vs MFC ( C )
18/06/2026
⚽ Free Burmese Cup ⚽
Free Burmese FC & MJFF မှာ ပူးပေါင်းဦးစည်းကျင်းပမည့် ဝေဟင်နှင့်မြေပြင် ထောက်ပို့မပြတ် Free Burmese Cup ကို 28 / 6 / 2026 ( Sunday ) မှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်⚽
Palaw United အနေဖြင့်ထောက်ပို့ဖူဆယ်ဖလားပြိုင်ပွဲတိုင်းကို ပါဝင်ယှဉ်ပြိုင်သွားပါမည် ။
Palaw United ဒီလ ပွဲထွက်လူစရင်းပါ 💪🏻
06/06/2026
ခြေဗလာ ကမ်းခြေဘော်လုံးပြိုင်ပွဲ 😂⚽
ပုံ ပုလောယူနိုက်တက်အသင်းသားများ 🤍
Summer Beach Trip 📸
03/06/2026
⚽ တိုကျိုဘော်လုံး ပြိုင်ပွဲ
ထောက်ပို့အင်အားအညာဖလား ⚽
PALAW UNITED ညီအကိုများရဲ့ပြိုင်ပွဲဝင်ပုံရိပ်များဘဲ့ဖြစ်ပါတယ် ။
အုပ်စုပွဲစဉ် ၆ ပွဲအတွင်း ရှုံးပွဲမရှိ အုပ်စုဗိုလ် ပထမဖြင့် ၁၆သင်းအဆင့်ရှုံးထွက်ရလဒ်အထိ တက်လှမ်းနိုင်ခဲ့ပါတယ် ။
ရှုံးထွက်အဆင့် စီနီယာကစားသမားတွေအများကြီးနဲ့ ဖွဲ့စည်းထားတဲ့ MFC နဲ့ အတွေ့မှာ အရှုံးရလဒ်ဖြင့် အိမ်ပြန်ခဲ့ရပါတယ် ။
နောက်ပွဲတွေပိုပြီးစည်းစည်းလုံးလုံးနဲ့ ကြိုးစားကြရအောင် ညီလေးတို့ ⚽
we r palaw united 🔥
Camera By 📸 Saw Ngwe Aye
Myanmar in Japan Football Federation
Tanintharyi Football Club - Japan