27/04/2026
ပိုက်ဆံပေးပြီး ပါးရိုက်ခံရမှာတဲ့ ဘယ်လိုလဲ ဂေါင်းကြီးတို့😆
ထမင်းမစားခင် ပါးရိုက်ခံရဖို့ ပိုက်ဆံပေးရတဲ့ ဂျပန်က ထူးဆန်းတဲ့ စားသောက်ဆိုင်😬
"မိတ်ဆွေတို့ကော ပိုက်ဆံပေးပြီး ပါးရိုက်ခံမလား?"😆
ဂျပန်နိုင်ငံ၊ နာဂိုယာမြို့မှာရှိတဲ့ Shachihoko-ya စားသောက်ဆိုင်ဟာ ထမင်းမစားခင်မှာ ဆိုင်ဝန်ထမ်းတွေဆီကနေ ပါးရိုက်ခံရမယ့် ဝန်ဆောင်မှုတစ်ခုကို ပေးနေပါတယ်။ ဒီဝန်ဆောင်မှုအတွက် ဖောက်သည်တွေက ယန်း ၃၀၀ (အမေရိကန်ဒေါ်လာ ၂ ဒေါ်လာခန့်) ပေးဆောင်ရပြီး၊ ပါးရိုက်ပေးမယ့် ဝန်ထမ်းကို ရွေးချယ်ချင်ရင်တော့ ယန်း ၅၀၀ ပေးရပါတယ်။
ကီမိုနိုဝတ်ထားတဲ့ အမျိုးသမီးဝန်ထမ်းတွေက ဖောက်သည်တွေကို ပါးရိုက်ပေးတာဖြစ်ပြီး၊ အချို့ဖောက်သည်တွေကတော့ ဒါကို စိတ်ဖိစီးမှုပြေပျောက်စေတဲ့ နည်းလမ်းတစ်ခုအဖြစ် သဘောကျနေကြပါတယ်။
ဒီဝန်ဆောင်မှုကို ၂၀၁၂ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး၊ မကြာသေးမီက ဆိုရှယ်မီဒီယာတွေပေါ်မှာ ဗီဒီယိုတွေ ပြန်လည်ပျံ့နှံ့လာတာကြောင့် ကမ္ဘာတစ်ဝန်းက လူတွေရဲ့ အာရုံစိုက်မှုကို ရရှိသွားပါတယ်။ သို့သော်လည်း ဒီထူးဆန်းတဲ့ ဝန်ဆောင်မှုဟာ အွန်လိုင်းမှာ ဝေဖန်မှုတချို့လည်း ထွက်ပေါ်နေပါတယ်။
ဂျပန်နိုင်ငံရဲ့ ထူးခြားတဲ့ ယဉ်ကျေးမှုနဲ့ နေရာအနှံ့က စိတ်ဝင်စားစရာ သတင်းတွေကို အမြဲဖတ်ရှုနိုင်ဖို့ ကျွန်ုပ်တို့ Page ကို Follow နှိပ်ထားပေးပါ။ ကျေးဇူးတင်ပါတယ်! 🙏"
#ဂျပန်သတင်း
#ထူးဆန်းထွေလာ
02/11/2024
🎙️🔴 | ယူနိုက်တဒ်နည်းပြသစ် Rúben Amorim ၏ ပြောကြားချက်
❝ ပထမဆုံးပြောချင်တာ ယူနိုက်တဒ်ပရိသတ်တွေရဲ့ အားပေးမှုတွေအတွက် အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကြောင့် ခင်ဗျားတို့အားလုံး စိတ်မပျက်စေရဘူးလို့ ကတိပေးပါတယ်။ ❞
❝ ကျွန်တော် ယူနိုက်တဒ်ကို မေးခဲ့ပါသေးတယ် .. ရာသီကုန်တဲ့ထိ စောင့်ပေးလို့မရဘူးလားပေါ့။ ကျွန်တော့်ဆန္ဒက ရာသီကုန်မှပဲ ပြောင်းရွှေ့ချင်ခဲ့တာပါ .. ဒါပေမယ့် ယူနိုက်တဒ်က “ No ” ဆိုတဲ့ အဖြေပြန်ပေးခဲ့ပါတယ်။ ခုကမ်းလှမ်းမှုကို လက်မခံဘူးဆိုရင် သူတို့အချိန်စောင့်ပေးလို့မရဘူးဆိုတဲ့သဘောပြောလာပါတယ်။ ဒါနဲ့ ကျွန်တော်လည်း သေချာစဉ်းစားဆုံးဖြတ်ခဲ့ပြီး ယူနိုက်တဒ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပါတယ်။ ❞
❝ ပြီးခဲ့တဲ့လတွေအတွင်းမှာ ကလပ်အသင်းများစွာထံက ချဉ်းကပ်လာမှုတွေရှိခဲ့ပေမယ့် ကျွန်တော် တကယ်လိုချင်ခဲ့တာက မန်ချက်စတာယူနိုက်တဒ်ထံက ကမ်းလှမ်းလာမှုပါ။ တကယ်တမ်း ကမ်းလှမ်းလာတဲ့အခါ ကျွန်တော် မငြင်းနိုင်ခဲ့ပါဘူး။ စပို့တင်းပရိသတ်တွေအားလုံးက ကျွန်တော့်ကို ရာသီကုန်အထိ အသင်းမှာဆက်ရှိနေစေချင်ကြမယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် ဒါက မဖြစ်နိုင်တော့ပါဘူး။ ❞
❝ တချို့ကတော့ ပိုက်ဆံကြောင့် အသင်းပြောင်းတယ်လို့ ပြောရင်ပြောမှာပေါ့။ ဒါက မမှန်ပါဘူး။ တကယ်လို့ဗျာ .. ဒီအချိန်မှာ တခြားကလပ်အသင်းတစ်သင်းက ယူနိုက်တဒ်ကမ်းလှမ်းတာထက် ၃ဆ ပိုပေးပြီးကမ်းလှမ်းမယ်ဆိုလည်း ကျွန်တော် ငြင်းမှာပါ။ အဓိကက မန်ချက်စတာယူနိုက်တဒ်မလို့ကို ကျွန်တော်လက်ခံခဲ့တာပါ။ ❞
❝ ယူနိုက်တဒ်နည်းပြရာထူးက ကျွန်တော့်အတွက် ငြင်းဆန်ဖို့ခက်တဲ့ စိန်ခေါ်မှုတစ်ခုပါ။
လက်ရှိယူနိုက်တဒ်ရဲ့ struggling က ကျွန်တော်ရင်ဆိုင်ချင်တဲ့ စိန်ခေါ်မှုမျိုးပါပဲ။ ဒါကို ကျွန်တော့်ရဲ့ နည်းလမ်းနဲ့ ကျွန်တော်ဖြေရှင်းနိုင်ပါတယ်။ ❞
#မန်ချက်စတာယူနိုက်တက်သတင်းစုံ
24/07/2024
လာမယ့်ရာသီမှာ ကျောနံပါတ်(၉)ဝတ်ဆင်ကစားတော့မယ့် တိုက်စစ်မှုး ဟော့ဂျ်လန်း❤️
14/07/2024
OFFICIAL: Holland တိုက်စစ်မှူး Joshua Zirkzee သည် ၅ နှစ် + ၁ နှစ်စာချုပ်ဖြင့် United သို့ တရားဝင် ပြောင်းရွှေ့လာခဲ့ပြီဖြစ်သည်။
Joshua Zirkzee! 🔴
"နည်းပြ၊ ယူနိုက်တက်ရဲ့အကြီးအကဲတွေနဲ့ဆွေးနွေးခဲ့ပြီးတဲ့နောက် ဟောဒီအသင်းမှာ ကျနော့်ရဲ့အနာဂတ်ကဘယ်လောက်ထိရင်ခုန်ဖို့ကောင်းနေမလဲဆိုတာ ကျနော်သိလိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက်အတွက်အောင်မြင်မှုတွေအရယူပေးနိုင်မယ့်နေရာမှာ တစ်စိတ်တစ်ပိုင်းပါဝင်လာမယ့်ကျနော့်ရဲ့အခန်းကဏ္ဍအတွက် မစောင့်နိုင်တော့ပါဘူး"
"ကျနော်ဆိုတဲ့လူက အောင်မြင်မှုတွေအတွက်ဆိုဘာမဆိုအမြဲပေးဆပ်တတ်တဲ့ကစားသမားတစ်ယောက်ပါ။ ဆုဖလားတွေအရယူဖို့၊ ကျနော့်ရဲ့ကစားသမားဘဝတစ်ဆင့်ထက်မြင့်လာဖို့နဲ့ ကျနော့်ရဲ့ရှေ့လာမယ့်စိန်ခေါ်မှုအသစ်တစ်ခုအတွက် ကျနော့်ဘက်ကအသင့်ဖြစ်နေပြီ"
"ကြီးကျယ်ခမ်းနားတဲ့ကလပ်အသင်းတစ်ခုကိုပြောင်းရွှေ့ခွင့်ရတာ အင်မတန်ဂုဏ်ယူဖို့ကောင်းပါတယ်။ နိုင်ငံအသင်းနဲ့အတိုင်းအတာတစ်ခုအထိပါဝင်ခဲ့ရလို့ လက်ရှိအချိန်မှာကျနော်ခဏနားမယ်။ ပြီးရင်တော့ အသင်းကိုချက်ချင်းအကျိုးပြုနိုင်ဖို့ အသင့်အနေအထားနဲ့ကျနော်ပြန်လာခဲ့ပါ့မယ်"
08/07/2023
"ယူနိုက်တက်ဖန်တွေ အတွက် ဒီဂီယာရဲ့ နှုတ်ဆက်စာ"
ကျွန်တော်က ဒီနှုတ်ဆက်စာလေးနဲ့ ယူနိုက်တက်ရဲ့ ပရိသတ်တွေကို နှုတ်ဆက်ချင်ပါတယ်။
ပြီးခဲ့တဲ့ ၁၂နှစ်လုံးလုံး ကျွန်တော့်ကို မယိမ်းမယိုင်တဲ့ အချစ်တွေနဲ့ ချစ်ပေးခဲ့တဲ့ ပရိသတ်တွေ အားလုံးကို ရင်ထဲ ၊ စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ချင်ပါတယ်။ အချစ်ရဆုံးဆရာ ဆာ အဲလက်စ် ဖာဂူဆန်နဲ့ လက်တွဲပြီးနောက်မှာ ကျွန်တော်တို့တွေ များပြားလှတဲ့ အောင်မြင်မှုတွေကို ရရှိခဲ့ပါတယ်။ ယူနိုက်တက်ဂျာစီကို ဝတ်ဆင်ရတိုင်းမှာလည်း ကျွန်တော်က ပြောပြလို့ မတတ်အောင် ဂုဏ်ယူခဲ့ရပါတယ်။ ယူနိုက်တက် ဆိုတဲ့ အမှတ်တံဆိပ်ကို ဦးဆောင် ကစားခွင့် ရဖို့ ၊ ကမ္ဘာ့အကြီးဆုံးကလပ် အတွက် ကစားပေးခွင့် ရဖို့ ဆိုတာ အရမ်းကို ကံကောင်းတဲ့ ကစားသမား အနည်းစုလောက်ပဲ ရတဲ့ ဂုဏ်ယူစရာ အခွင့်အရေးကောင်း တခုပါ။
ယူနိုက်တက် အတွက် ကစားပေးခဲ့ရတဲ့ အချိန်တွေက မေ့ပစ်လို့ မရသလို အောင်မြင်မှုတွေ ရခဲ့တဲ့ ကာလတခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော် မက်ဒရစ်မြို့ကို လူငယ်ဘဝနဲ့ စွန့်ခွာခဲ့တဲ့ အချိန်မှာ အခုလို ကြီးမားတဲ့ အောင်မြင်မှုတွေ ရဖို့ မတွေးမိခဲ့တာ အမှန်ပါ။
အခုကတော့ ကျွန်တော့်ရဲ့ ဘဝခရီးလမ်းသစ် တခုကို ပတ်ဝန်းကျင်အသစ်မှာ ခွန်အားအသစ်တွေနဲ့ ဆက်လျှောက်ရမယ့် အချိန်ကို ရောက်ပါပြီ။
မန်ချက်စတာက ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ အမြဲတမ်း ရှိနေမှာ ဖြစ်သလို မန်ချက်စတာက ကျွန်တော့်ကို ထုဆစ် ပုံဖော်ပေးခဲ့တဲ့ နေရာတခု ၊ ကျွန်တော့်ကို ဘယ်တော့မှ ထားမသွားမယ့် နေရာတခုပါ။
ကျွန်တော်တို့တွေ ပြန်ဆုံကြတာပေါ့...။ ✌️❤️
MYSPORTMYANMAR
08/07/2023
"မန်ချက်စတာဟာ ငါ့နှလုံးသားထဲမှာ အမြဲရှိနေမှာပါ" ဒေ့ဗ်❤️
ကျနော်တို့ရဲ့ဖာဂီလက်ထပ်သက်တော်ရှည်ဂိုးသမားကြီးဒီဂီယာဟာအသင်းနဲ့လမ်းခွဲလိုက်ပြီဖြစ်ကြောင်းမန်ချက်စတာယူနိုက်တက်အသင်းမှတရားဝင်ထုတ်ပြန်ကြေငြာခဲ့ပါတယ်😰😰
အသင်းသစ်မှာအဆင်ပြေပါစေဒေ့ဗ်ရေ❤️❤️❤️