Iconic Eagle Football Team

Iconic Eagle Football Team

共有する

Japan Myanmar Futsal Club

Photos from Iconic Eagle Football Team's post 14/06/2026

ဒီနေ့ဂတင်းဂွေနေ့လေဘေးပေ😁🦅🦅🦅
# eagle training # #

11/06/2026

Stay Tuned ! !

18/05/2026

Arsenal လား PSG လား

ဘယ်အသင်းရစေချင်ကြလဲ

Photos from Iconic Eagle Football Team's post 11/05/2026

လာမည့် တနင်္ဂတွေ နေ့မှာ ကျင်းပသွားမည့်
တလရ ပွဲအတွက် အားဖြည့် ပါဝင် ကစားသွားမည့်
ကျွန်တော့တို့ အသင်းရဲ့ လူစာရင်း ဖြစ်ပါတယ်။

အလုပ်တွေ မအားကြလို့ ပွဲတွေ မကန်ဖြစ်တာကြာနေပြီး
ပထမဆုံး ပြန်ကန်မယ့်ပွဲလေးမှာ ဘယ်အဆင့်တွေအထိရောက်ပြီး
လိုအပ်နေတဲ့ အောင်မြင်မှုတွေ ရယူသွားနိုင်မလား
စောင့်ကြည့် အားပေးကြပါအုံး ခင်ဗျာ ။

30/04/2026

ဒီတခါမှာတော့ အသင်းရဲ့ ဂဂျို့ဂဂျောင် တိုးမောင်နဲ့မိတ်ဆက်ပေးပါရစေ။
ကမ္ဘာကျော်ဘောလုံးသမားနေမာကိုအားကျလို့ဘောလုံးကွင်းထဲမှာပဲနေတော့မယ်ဆိုကတည်းက
တစ်ပတ်တစ်ခါဘောလုံးကန်ရဖို့တော်တော်အားထုတ်နေရတဲ့သူ၊အသင်းသားတွေကိုထရိန်နင်ဘလိုဘလိုလုပ်ပါပြောပြီး ကိုယ်တိုင်ကဘောလုံးကွင်းရောက်မလာတဲ့သူ၊ သူယူထားတဲ့ကျောနံပါတ် ၁၀ ရဲ့အဓိပ္ပါယ်ကတော့ ပွဲကစားချိန် ၁၀ မိနစ်ပြည့်ရင် ဟောဟဲစိုက်လာတဲ့ အထိန်းအမှတ်အနေနဲ့ အသင်းကနေ အဓ္ဓမဓါးပြတိုက်ထားတဲ့ အဓိပ္ပါယ်ပါ။ Big Game player တော့မဟုတ်ပဲ ကျောနာ၊ ခါနာ နဲ့ Big Game ပေါ်မလာတဲ့ သူ့ကိုယ်သူနေမာလို့အတင်းခေါ်တဲ့ လွှမ်းထက် ပဲဖြစ်ပါတယ်။
နောက်လာမည့်ပြိုင်ပွဲတွေမှာလည်း ဘယ်လိုတွေ
ဂဂျို့ဂဂျောင်လုပ်သွားဦးမလဲဆိုတာ စောင့်မျှော်အားပေးကြပါဦးခင်ဗျာ ။

18/04/2026

Every team has a star ⭐️
ဒီတစ်ခါတော့အားလုံးကို ကျွန်တော်တို့ရဲ့ Star Player တစ်ယောက်နဲ့မိတ်ဆက်ပေးပါရစေ။
သူကွင်းထဲမှာရှိနေရင် Ronaldo ကွင်းထဲမှာရှိနေသလို feeling မျိုး၊ အချိန်တန်ရင်ဂိုးသွင်းပေးပြီး
အသင်းအနိုင်ရမယ်ဆိုတဲ့ feeling မျိုး၊ တစ်ကွင်းလုံးမခိုမကပ်နဲ့ကစားတတ်တဲ့ Skill လည်းကောင်းတဲ့ Game changer ကျွန်တော်တို့အသင်းရဲ့
Iconic No7 ပိုင်ရှင် ဂျပန်မ(ခေါ်) စိုးနန်းဝေပဲဖြစ်ပါတယ်။နောက်လာမည့်ပွဲတွေမှာလည်း ဘယ်လိုမျိုး
သွင်းဂိုးတွေနဲ့အသင်းကိုအောင်မြင်မှုတွေယူဆောင်ပေးမလဲဆိုတာစောင့်ကြည့်အားပေးကြပါဦးခင်ဗျာ။

17/04/2026

အားလုံးပဲမင်္ဂလာပါ။
ဒီတစ်ခါမှာတော့ ကျွန်တော်တို့ရဲ့မဟာတံတိုင်းကြီးနဲ့မိတ်ဆက်ပေးပါရစေ။သူ့ရဲ့ထူးခြားချက်ကသူစိတ်မပါရင်လုံးဝမဖမ်းပဲသူစိတ်ပါရင်လည်းမဖမ်းပါဘူး။စတာပါ ..စတာပါ
ပွဲစဉ်တိုင်းအကောင်းဆုံးလက်စွမ်းတွေပြလွန်းလို့
ရုတ်တရက်ကြည့်လိုက်ရင် Prime Time Degea များကျွန်တော်တို့အသင်းကိုရောက်နေသလားအောက်မေ့ရပါတယ်။ လေပေါ်ဝဲခနဲ ဝဲခနဲပုတ်တာလေးတွေလှလွန်းလို့ nick name လေးတောင်ရနေပါပြီ။ သူကတော့ အောင်သူလှိုင် (ခေါ်) ဂွေးပျံကြီးပဲဖြစ်ပါတယ် ။ဟုတ်ပါတယ်မမှားပါဘူးဂွေးပျံကြီးပါ
နောက်လာမည့်ပွဲတွေမှာလဲ လက်စွမ်းကောင်းတွေပြပြီးတော့ ဂွေးပျံကြီးဆိုတဲ့နာမည်ကိုဆက်လက်ထိနိးသိမ်းရင် အသင်းအတွက်နိုင်ပွဲတွေဖော်ဆောင်ပေးနိုင်မလားဆိုတာ စောင့်ကြည့်အားပေးလိုက်ကြရအောင်ဗျာ။

16/04/2026

Today is Oak Oak day…
ဒီနေ့မိတ်ဆက်ပေးဖို့အလှည့်ကျလာသူကတော့ ကျွန်တော်တို့ Iconic Eagles အသင်းရဲ့ဖောင်ဒါအုပ်ကြီးပဲဖြစ်ပါတယ်။
အကောင်သေးပေမယ့် ဇပျင်းတယ်
ဗလကိုမကြည့်နဲ့ဇကိုကြည့်ဆိုတာ အုပ်ကြီးအတွက်သီးသန့်ထုတ်ထားတဲ့စကားတွေလိုပါပဲ။
သူ့ရဲ့လျင်မြန်မှုနဲ့ body feint တွေက မြန်မာနိုင်ငံသားလို့သိမထားရင် ဒီကောင်လေးအာဂျင်တီးနားသားလို့ထင်ရလောက်အောင်ကောင်းတဲ့ အာဂျင်တီးနားနဲ့မက်ဆီဖန် ရဲကြီး(ခေါ်) မက်ဆီမိုးပဲဖြစ်ပါတယ်။ဘောလုံးကန်တင်ကောင်းတာမဟုတ်ပဲ အခုဆို food vlogger ပါလုပ်နေပြီလို့ကြားရပါတယ်။
အဲဒါကြောင့် နောက်လာမည့်ပွဲတွေမှာ အသင်းအတွက်ခြေစွမ်းပြပြီးဘယ်လိုမျိုးနိုင်ပွဲတွေဖော်ဆောင်ပေးမလဲ၊
နောက်ထပ်ဘာတွေစားပြဦးမလဲဆိုတာ စောင့်မျှော်အားပေးကြပါဦးခင်ဗျာ။

16/04/2026

ကဲကဲ လာပါပြီခင်ဗျာ။
ဒီတစ်ခါအလှည့်ကျလာသူကတော့ အားလုံးရဲ့အကြိုက်နဲ့ထပ်တူကျမယ့် player ကွင်းလယ်တစ်ကြောမှာ ပီယာလိုနဲ့ဇီဒန်းပေါင်းစပ်ထားတဲ့တည်ငြိမ်မှု ၊ စတီဗင်ဂျရက်နဲ့ဒီဘရိုင်းတို့ပေါင်းထားတဲ့ ကစ်ပါဝါနဲ့ အသင်းရဲ့ဂန္တဝင်ကျောနံပါတ် 8 ရဲ့ပိုင်ရှင် သရဲနီတို့ရဲ့အမာခံ Bruno SOE GYI ပဲဖြစ်ပါတယ်။နောက်လာမည့်ပွဲတွေမှာလည်း
အသင်းကိုဘယ်လိုမျိုးပုခုံးထမ်းတင်သွားမလည်းဆိုတာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။

14/04/2026

အားလုံးပဲမင်္ဂလာပါ။
ဒီတစ်ခါမိတ်ဆက်ပေးဖို့အလှည့်ကျလာတဲ့သူကတော့ကျွန်တော်တို့အသင်းရဲ့ နှစ်ယောက်မရှိတဲ့
တိုက်စစ်မှူးကြီး အာဆင်နယ်အသင်းရဲ့အမာခံပရိတ်သတ် GYOKERES SHINE ပဲဖြစ်ပါတယ်။
Ronaldo ထက်အရင် ဂိုး ၁၀၀၀ ပြည့်အောင်သွင်းဖို့ဆိုတာ သူ့ရဲ့အိပ်မက်ပါပဲ။ တိုးအားရုန်းအားနဲ့
ကစ်ပါဝါကတော့ ဂိုးသမားတွေအရဲစွန့်ပြီးမဖမ်းတာပိုကောင်းမယ်ထင်ပါတယ်။
နောက်လာမည့်ပွဲတွေမှာလည်း အသင်းအတွက်သွင်းဂိုးတွေဘယ်လိုရှာဖွေပေးသွားမလဲဆိုတာ
စောင့်ကြည့်အားပေးကြပါဦးခင်ဗျ။

あなたの事業をジム/スポーツ施設のトップリストToshimaにしたいですか?

ここをクリックしてあなたのスポンサー付きリスティングを獲得。

場所

カテゴリー

ウェブサイト

住所

Tokyo
Toshima, Tokyo