Burmese Arsenal Supporters in Japan

Burmese Arsenal Supporters in Japan

共有する

Arsenal Supporter

28/08/2026

Premier League pundits have made their predictions for the 2026/27 season 👀

ရှေးဂစ်ဗင်းတကောင်ပဲ
အူကြောင်ကျား ပါတယ်၊
ကျန်တဲ့ကောင်တွေက အမြင်မှန်ရကုန်ပြီ🤣

22/08/2026

Match Highlight

Arsenal vs Conventory

22/08/2026

🔴Arsenal 3-0 Coventry🔵 (FT)

၂၀၂၆-၂၇ ပရီးမီးယားလိဂ်ရာသီသစ်ရဲ့အဖွင့်ပွဲစဉ် (၁) အဖြစ် အိမ်ကွင်း Emirates Stadium မှာယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာတော့ လက်ရှိချန်ပီယံအာဆင်နယ်အသင်းက တန်းတက်Coventry Cityအသင်းကို ၃ - ၀ ဆိုတဲ့ ပြတ်သားတဲ့ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရရှိပြီး ရာသီသစ်ကိုအကောင်းဆုံး စတင်လိုက်နိုင်ပါတယ်။

အာဆင်နယ်အသင်းဟာ တစ်ပွဲလုံးမှာဘောလုံးပိုင်ဆိုင်မှု ၆၄% အထိရယူကာ ပွဲကိုအပြည့်အဝစိုးမိုးထားနိုင်ခဲ့ပြီး ကိုဗင်ထရီအသင်းကတော့ဘောလုံးပိုင်ဆိုင်မှု ၃၆% သာ ရရှိခဲ့တာပါ။

ဒါ့အပြင် တိုက်စစ်ပိုင်းကန်သွင်းချက်တွေမှာလည်း အာဆင်နယ်ကစုစုပေါင်း ကန်ချက်၁၅ကြိမ်မှာ ဂိုးပေါက် ၇ ကြိမ်အထိတည့်ခဲ့ပြီး ကိုဗင်ထရီအသင်းကတော့ ကန်ချက်၄ကြိမ်အနက်ဂိုးပေါက် ၁ကြိမ်သာတည့်ခဲ့တာကြောင့် ခံစစ်နဲ့တိုက်စစ်ကွာခြားချက် သိသိသာသာ ကြီးမားခဲ့ပါတယ်။

ပွဲအစ ၁၅မိနစ်မှာတင် ကာလာဖီအိုရီရဲ့ ဖန်တီးပေးမှုကနေ Kai Havertz ကအာဆင်နယ်အတွက် အဖွင့်ဂိုးကို စတင်သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် ၂၃ မိနစ်မှာတော့ ကိုဗင်ထရီအသင်းရဲ့ဂိုးသမား Rushworth ပုတ်ထုတ်တာကတစ်ဆင့် Bukayo Saka ကဒုတိယမြောက်ဦးဆောင်ဂိုးအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။

ဒုတိယပိုင်းပွဲစပြီးမကြာမီ ၄၉ မိနစ်မှာတော့ အသင်းခေါင်းဆောင် Martin Odegaard ကတတိယမြောက် ပွဲသိမ်းဂိုးကိုသွင်းယူပေးခဲ့တာပါ။

Frank Lampard ရဲ့ ကိုဗင်ထရီအသင်းဟာအာဆင် နယ်ရဲ့High Pressing ကစားဟန်နဲ့ မာကျောတဲ့ ဂါဘရီယယ်-မော့စကွဲယားတို့ရဲ့ခံစစ်ကြောင့် တိုက်စစ်ပိုင်းမှာ လုံးဝရုန်းကန်ခဲ့ရပါတယ်။

ရာသီအဖွင့်Community Shieldမှာ မန်စီးတီးကို ၃-၀ နဲ့ နိုင်ခဲ့တဲ့အာဆင်နယ်ဟာ အခုပရီးမီးယားလိဂ်အဖွင့်ပွဲမှာလည်း ၃-၀ နဲ့ Clean Sheet ရယူကာချန်ပီယံအသင်းပီပီ အကောင်းဆုံးပုံစံကိုပြသနိုင်ခဲ့ပါတယ်။





crd

21/08/2026

ဂျပန်မှာ ပထမဆုံးနဲ့အကြီးဆုံးသော Fan Base Watch Party

UCL Final (Arsenal Vs psg)

20/07/2026

World Cup ကိုင်မြှောက်ခွင့်ရခဲ့ကြတဲ့ Gunner များ❤️🏆✅

16/07/2026

Saliba ကျောနာပြီး ထွက်လိုက်ရတဲ့ အခိုက်အတန့်၊

သူအတော်နာလွန်းလို့ မရတဲ့အဆုံး ထိုင်ချလိုက်ရတဲ့ အနေအထားအထိဖြစ်သွားတာ။

အခြေအနေအရမ်းကြီးမဆိုးပါစေနဲ့လို့ပဲ ဆုတောင်းနေမိတယ်။


Photos from Burmese Arsenal Supporters in Japan's post 19/06/2026

Arsenal ရဲ့ လာမယ့်ရာသီ ၂၆/၂၇ အတွက် ပွဲစဉ်တွေ ထွက်ပေါ်လာပါပြီ။

အားပေးဖို့အသင့်ပဲလား Gooners တို့👍💯🏆✅


-J

Photos from Burmese Arsenal Supporters in Japan's post 31/05/2026

နှလုံးသားချင်းနီးစပ်ခဲ့ကြတဲ့ မနေ့ညက သမိုင်းဝင်ညတစ်ညနဲ့ ကျေးဇူးတင်လွှာ ❤️🔴⚪

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ အားလုံးမျှော်လင့်ထားတဲ့ ရလဒ်မျိုး မရရှိခဲ့ဘဲ ပင်နယ်တီနဲ့ ကံဆိုးစွာ ရှုံးနိမ့်ခဲ့ရတဲ့အတွက် အားလုံးလည်း စိတ်မကောင်းဖြစ်ရမယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ ဒါဟာ ကံတရားရဲ့ အလှည့်အပြောင်းတစ်ခုသာဖြစ်ပြီး ဥရောပရဲ့ အကြီးကျယ်ဆုံး ပြိုင်ပွဲကြီးရဲ့ ဖိုင်နယ်အဆင့်အထိ ငါတို့အသင်း တက်လှမ်းနိုင်ခဲ့တာကိုပဲ ဂုဏ်ယူသင့်လှပါတယ်။

အဆိုးထဲက အကောင်းလို့ ပြောရမယ့်အချက်ကတော့... မနေ့ညက UCL Watch Party ပွဲစဉ်ကို ဂျပန်ရောက် မြန်မာအာဆင်နယ် Fan စုစုပေါင်း (၁၈၀) နီးပါးလောက် တခဲနက် လာရောက်ပူးပေါင်းပြီး အားပေးခဲ့ကြတာပါ။
ရလဒ်ပိုင်းအရ စိတ်မကောင်းဖြစ်ရပေမဲ့ အာဆင်နယ်ဖန်တွေရဲ့ စည်းလုံးမှု၊ စည်းကမ်းရှိရှိနဲ့ အားတက်သရော အားပေးခဲ့ကြမှုတွေကြောင့် မနေ့ညက ပွဲလေးဟာ တကယ်ပဲ အောင်မြင်ပြီး အမှတ်တရဖြစ်စရာ ပွဲလေးတစ်ပွဲ ဖြစ်ခဲ့ပါတယ်။

ဒီပွဲလေး အောင်အောင်မြင်မြင် ပြီးဆုံးသွားဖို့အတွက်—
🔴EC အနေနဲ့ Organizers တွေကို တက်တက်ကြွကြွ ဝိုင်းဝန်းကူညီပေးခဲ့ကြတဲ့ ညီအစ်ကို မောင်နှမများ တစ်ယောက်ချင်းစီကိုရော၊
⚪️ဝေးလံတဲ့နေရာအသီးသီးကနေ အချိန်ပေးပြီး လာရောက်အားပေးခဲ့ကြတဲ့ မိသားစုဝင် ဂန်းနား ညီအစ်ကို မောင်နှမများ အားလုံးကိုပါ တစ်ဦးချင်းစီအလိုက် အထူးပင် ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ပါရစေ။

ထူးထူးခြားခြား ဝမ်းသာဂုဏ်ယူစရာတစ်ခုကတော့... ခန်းမတာဝန်ရှိသူတွေဘက်ကလည်း ကျွန်တော်တို့ မြန်မာအာဆင်နယ်ဖန်တွေရဲ့ စည်းကမ်းရှိမှု၊ သန့်သန့်ရှင်းရှင်းနဲ့ စနစ်တကျ အားပေးခဲ့ကြမှုတွေအပေါ် အသိအမှတ်ပြုပြီး အထူးကျေးဇူးတင်စကား ပြောကြားခဲ့သလို၊ နောက်နောင်ပွဲတွေမှာလည်း ထပ်မံလာရောက် အားပေးဖို့အတွက် လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ခဲ့ကြပါတယ်။
ဒါဟာ လာရောက်ခဲ့ကြတဲ့ ဂန်းနားတိုင်းရဲ့ စည်းကမ်းရှိမှုကြောင့် ရရှိလာတဲ့ ဂုဏ်ယူစရာ ပုံရိပ်တစ်ခုပါပဲ။

ဖလားနဲ့ လွဲချော်ခဲ့ရပေမဲ့ ကျွန်တော်တို့ရဲ့ မိသားစုလိုအချစ်တွေ၊ စည်းလုံးမှုတွေကတော့ ပိုပြီး ခိုင်မာသွားခဲ့ပါပြီ။ အားမလျော့ကြေးပါပဲ ဂန်းနားတို့... နောက်ရာသီတွေမှာ ဒီထက်ပိုမို တောင့်တင်းတဲ့ခြေလှမ်းတွေနဲ့ ပြန်လာခဲ့ကြပါဦးမယ်။

ပရီးမီးယားလိဂ်ချန်ပီယံတွေအနေနဲ့ နောက်ရာသီကိုဆက်လက်ချီတက်ကြစို့ဗျာ။🏆

ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။


Photos from Burmese Arsenal Supporters in Japan's post 29/05/2026

Location Announcement: ချန်ပီယံလိဂ်ဖိုင်နယ်ပွဲကြည့်မယ့် နေရာအတိအကျ ကြေညာခြင်း! 🔴⚪🏆

ကျွန်တော်တို့ ငှားရမ်းထားတဲ့ ခန်းမကတော့ Grac Bali (Ikebukuro) ဖြစ်ပြီး ဘူတာရုံကနေ လာရတာ အရမ်းလွယ်ကူတဲ့ နေရာမှာ ရှိပါတယ်။

📍 ဘယ်လိုလာရမလဲ (Access):
Ikebukuro Station (池袋駅) ရဲ့ West Exit (North) [西口 (北)] သို့မဟုတ် Exit 20a ကနေ ထွက်ပြီး (၂) မိနစ်ခန့် လမ်းလျှောက်ရုံရုံဖြင့် ရောက်ရှိနိုင်မှာဖြစ်ပါတယ်။ (Pasela Resorts အဆောက်အဦးရဲ့ Basement 1F မှာ ရှိပါတယ်)

🔗 Google Map: https://maps.app.goo.gl/raALvhh8cawkqcXRA?g_st=ic

🕚 Gate Open:
ပွဲမစခင် ခန်းမထဲမှာ အဆင်သင့်နေရာယူနိုင်ဖို့ ည ၁၁:၃၀ အရောက် လာပေးကြပါ။

မေလ ၃၀ ရက်နေ့ ည ၁၁:၃၀ မှာ Ikebukuro မှာ ဆုံကြမယ် Gooners တို့! အတူတူ အောင်ပွဲခံရအောင်! 🔥

26/05/2026

ငွေလွှဲပြီးသူအားလုံးထံသို့ ပွဲဝင်ခွင့်လက်မှတ်များ ပေးပို့ပြီးဖြစ်ပါသည်။ လက်မှတ်မရရှိသေးသူများရှိပါက Page Chatbox မှတစ်ဆင့် ဆက်သွယ်ပေးကြပါရန်။

လက်ရှိတွင် လူဦးရေ (၁၆၀) ပြည့်သွားပြီဖြစ်သည့်အတွက် စာရင်းပေးသွင်းမှုကို ပိတ်လိုက်ပြီ ဖြစ်ပါတယ်။

ပွဲတက်ရောက်မည့်သူများအားလုံးအနေဖြင့် ပွဲကျင်းပမည့်နေ့တွင် လက်မှတ်ကောင်တာ (Registration Counter) ၌ မိမိတို့၏ လက်မှတ်များကို ပြသပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ခန်းမအခြေနေကြောင့် ထပ်မံလက်ခံနိုင်ခြင်းမရှိတော့တဲ့အတွက် ကျန်ခဲ့တဲ့အာဆင်နယ်ဖန် ညီကိုမောင်နှမများကို အနူးအညွတ်တောင်းပန်ပါတယ်။🙇‍♂️


あなたの事業をジム/スポーツ施設のトップリストToshimaにしたいですか?

ここをクリックしてあなたのスポンサー付きリスティングを獲得。

場所

カテゴリー

ウェブサイト

住所

Toshima, Tokyo