08/05/2026
✅ ဂွေရှင်း ❗️
🇰🇷 ကိုရီးယားပြည်တွင်းသီးသန့် အရောင်း
Reynolds AR58/62 Dis Carbon Wheel set (Sram)
Deda SL48 Rim Carbon Wheel Set (Shimano)
ကျန်တဲ့ Dt Swiss etc.. တွေကျန်သေးတယ် 😆
Details and Price ကိုအောက်ပါလင့်တွင်
ဝင်ရောက်လေ့လာပီးဝယ်ယူနိုင်ပါတယ်ခင်ဗျာ
중고나라 ✅ 번개장터 ✅ 당근 ✅
https://go.bgzt.link/so7azgi
https://go.bgzt.link/1s2mujz
07/05/2026
Bye 👋🏻 my boy 🥹
အမှတ်တမဲ့ဆုံတွေ့ခဲ့ပီး အမှတ်တရတွေအများကြီးကျန်ခဲ့တယ်
တစ်ဘီးရောင်းမှ တစ်ဘီးပြောင်းလို့ရမဲ့သူမို့လို့
နားလည်ပေးပါ ငါ့ကောင်ရေ
စက်ဘီးများစွာပြောင်းစီးခဲ့ပင်မဲ့ သံယောဇဉ်အဖြစ်ဆုံးဘီးလေးပါ
ရင်ထဲမှာမကောင်းပင်မဲ့ မိုးရွာထဲမှာ ကိုယ်တိုင်သွားပီး ပိုင်ရှင်အသစ်လက်ထဲအပ်ခဲ့လိုက်ပီ 🥹
04/05/2026
🇰🇷 ကိုရီးယားနိုင်ငံရဲ့ Local Brand ထဲမှာ
ရောင်းအားအကောင်းဆုံးနှင့်လူကြိုက်အများဆုံးဖြစ်တဲ့
Oustaleti မှ ကျွန်တော့် အတွက်
Oustaleti Pro Series ထဲက Pro Inner Wears / Pro Socks / Arm Sleeves
တန်ဖိုးအားဖြင့် ဝမ်၄သိန်းနည်းပါး မြန်မာကျပ်ငွေ ? တန်ဖိုးရှိ
လက်ဆောင်တွေပို့ပေးလိုက်လို့ အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ☺️
Oustaleti 대표 နဲ့ကတော့ ရေစက်ထင်ပါတယ်
⛰️ပီးခဲ့တဲ့တောင်တက်စက်ဘီးပြိုင်ပွဲတွင် မိမိမှာ Climbing ကိုကြိုးစားပန်းစားတတ်နေချိန်မှာ
မင်းတို့ညီကိုဝတ်ထားတဲ့ ခြေအိတ်နဲ့ ဘောင်းဘီက ငါ့ Brand လေဆိုပီး
လာပီးမိတ်ဆက်ရင်းနဲ့သိကျွမ်းခဲ့တာဖြစ်ပါတယ်
ပွဲပြီးရင် Instagramလာခဲ့အုန်းဆိုပီးပြောတာနဲ့
Instagram မှာ Myanmar Cycling Community Kr
🇲🇲 Myanmar Cycling Community Kr အကြောင်းရယ်
သူကOustaleti Brand ကို မြန်မာနိုင်ငံဘက်သွင်းဖို့စိတ်ဝင်စားတဲ့အကြောင်းတွေပြောဖြစ်ခဲ့ပါတယ်
Oustaleti Brand ကတော့ ကိုရီးယားနိုင်ငံမှာ ပေးရတဲ့စျေးနဲ့ ပြန်ရတဲ့ Quality ကတော့အရမ်းမိုက်တာကြောင့် ၂၀၂၂ခုနှစ်ထဲက တောက်လျှောက်ဝယ်ဝတ်ဖြစ်နေတာဖြစ်ပီး အဖွဲ့ထဲက ညီကိုတွေကိုလဲ အမြဲညွှန်းဖြစ်ခဲ့တယ်
မြန်မာဘက်က ကိုရီးယားရဲ့ Local Brand ဖြစ်တဲ့ Oustaleti ကိုစိတ်ဝင်စားပီး မြန်မာပြည်သွင်းမယ်ဆိုတဲ့ဆိုင်များရှိရင် ကျွန်တော့်ထံလာပီးစုံစမ်းနိုင်ပါတယ်ခင်ဗျာ အခမဲ့ ချိတ်ဆက်ပေးပါမည်
Oustaleti Products များကို ဝယ်ယူလိုပါက အောက်ပါလင့်တွင်ဝယ်ယူနိုင်ပါသည်
https://oustaleti.com/?NaPm=ct%3Dmoqoy7ts%7Cci%3DER8c3be2de%2D4770%2D11f1%2Daab7%2Db6fcfad1752b%7Ctr%3Dbrnd%7Chk%3D4744be42f3d4b5fe2ecb66c485805c1019d3041c%7Cnacn%3DtoaNBwQUGHuu
#오스탈레띠
28/04/2026
2026 춘천 배후령 힐클라임 메디오폰도 🚴🏻
2026ပွဲဦးထွက်လေးကတော့ အောင်မြင််စွာ
ထိခိုက်ဒဏ်ရာမရပဲ ပီးဆုံးခဲ့ပါပြီ 😬
ဘယ်တော့ တက်တက် မရိုးတဲ့ 춘천 မြို့က 배후령 ⛰️
MCCK Fighting 💪🏻
#2026배후령힐클라임
27/04/2026
ဘာဘီးကြီးလဲလိုက်တာလဲ ???
ဆိုပီးတော့ မက်ဆေ့မှာလာလာမေးကြလို့ရှင်းပြလိုက်ပါတယ်ညီကိုတို့ရေ
အခုဝယ်လိုက်တဲ့ဘီးကတော့
FACTOR မှန်းမသိတဲ့ FACTOR ပါ 🫠
နာမည်ကတော့ Factor Ostro VAM Duke Edition ဖြစ်ပြီး
RAPHA ရဲ့ပင်တိုင် မော်ဒယ် တစ်ယောက်ဖြစ်ပီး / စက်ဘီးပြင်တဲ့ (Mechanic) တစ်ယောက်လည်းဖြစ်တဲ့
Jean Michel ရဲ့ အနုပညာလက်ရာတွေနဲ့ပေါင်းစပ်ပီးထုတ်လုပ်ဒီဇိုင်းဆွဲထားတဲ့ edition ဖရိန်ပဲဖြစ်ပါတယ်
ဖရိန်တစ်ခုလုံးကိုတစ်ခုချင်းစီအသေးစိတ် ဒီဇိုင်းဆွဲထားပီးအရောင်လေးက ကျွန်တော်စိတ်ကြိုက်လေးဖြစ်နေခဲ့တယ်
ပန်းရောင်စက်ဘီးစီးချင်နေတာအတော်ကြာနေပါပြီ(ဂေးနေတာမဟုတ်ပါ)
ဒီဘီးအရောင်နဲ့ဒီဇိုင်းကိုလဲအရင်ကမြင်ထဲကအတော်လေးကိုသဘောကျနေခဲ့တာပါ
ဘီးလေးကပုံထဲကထက် အပြင်မှာအတော်လေးပိုလှပါတယ်
အခုလဲ မိန်းမ နဲ့ အစ်ကို ကဝယ်ပေးလို့လက်ထဲရောက်လာခဲ့ပြီလေ
ကျေးဇူးတင်ပါတယ်🙏🏻
10/04/2026
စက်ဘီးသမားကောင်းတစ်ယောက်ဖြစ်ချင်ရင် ဘယ်တော့မှတန်ဖိုးကိုမစီးနဲ့
(စက်ဘီးနင်းမယ်ဆို အဓိကလိုအပ်တာ "ခြေထောက်" နဲ့ "စိတ်ဓာတ်" ပဲဖြစ်တယ်)
ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ချင်ရင် ဘယ်တော့မှအဖွဲ့သားတွေကိုချန်ပီးမနင်းနဲ့
(အဖွဲ့ကို ဦးဆောင်တဲ့အခါ အနောက်ကလူကို ငဲ့ညှာ/ကူညီရိုင်းပင်းခြင်းသည် စစ်မှန်တဲ့ ခေါင်းဆောင်မှု Leadership ဖြစ်တယ်)
အဖွဲ့ဝင်ကောင်းတစ်ယောက်ဖြစ်ချင်ရင် အချင်းချင်းဘယ်တော့မှ ဘီးတွေ/စွမ်းဆောင်ရည်တွေမပြိုင်နဲ့
(အဖွဲ့အစည်းတစ်ခု ခိုင်မြဲဖို့ဆိုတာ ပြိုင်ဆိုင်တာထက် အချင်းချင်း ဖေးမကူညီတာက ပိုအရေးကြီးတယ်)
လူရိုသေခံချင်ရင် ဘယ်တော့မှ ဆောက်ပေါမလုပ်နဲ့
လူချစ်လူခင်ပေါများချင်ရင် ဘယ်တော့မှ အပေါက်မလုပ်နဲ့
ကျွန်တော့်ကိုတော့ လက်တွဲခေါ်ပေးခဲ့တဲ့အရှေ့က
စီနီယာတွေက အဲ့လိုကောင်းမွန်တဲ့ စက်ဘီးသမားစိတ်ဓာတ်တွေကိုသာ သင်ပြပေးခဲ့တယ်
09/04/2026
🔥For Sell 🔥
Colnago V2-R Special Complete Edition
Colnago Size-48 ( 168-173CM)
ကိုရီးယားပြည်တွင်းသီးသန့်အရောင်း 🇰🇷
Details & Price CB plz 📩