Behind The Scenes-Arsenal

Website

Behind The Scenes-Arsenal 🔴အင်္ဂလန်နိုင်ငံရဲ့ ချန်ပီယံ အာဆင်နယ်အသင်း 👑

🔴ယိုးကရက် ဂိုးသွင်းတာ (၃) ပွဲဆက်ရှိပြီကိုင်ဟာဗက် ဒဏ်ရာရသွားချိန်မှာ အချိန်ကိုက် ယိုးကရက်ကြီး ဂိုးတွေပြန်မြူးလာတာ ဝမ်းသာစ...
03/10/2026

🔴ယိုးကရက် ဂိုးသွင်းတာ (၃) ပွဲဆက်ရှိပြီ

ကိုင်ဟာဗက် ဒဏ်ရာရသွားချိန်မှာ အချိန်ကိုက် ယိုးကရက်ကြီး ဂိုးတွေပြန်မြူးလာတာ ဝမ်းသာစရာပါ။

ဆွီဒင်မှာ ဂိုးသွင်းလို့ အာဆင်နယ်မှာ ဂိုးတွေသွင်းနိုင်ဖို့ မျှော်လင့်နေတာမဟုတ်ပါဘူး။

ကလပ်အသင်းမှာ ယိုးကရက်ရဲ့ ယုံကြည်မှုက ဘယ်လောက်ထိ ထိုးဆင်းနေလဲအားလုံးအမြင်ပါ။

ဒီ သွင်းဂိုးတွေကနေ အရေးပါတဲ့ ယုံကြည်မှု၊ ပျော်ရွှင်မှုတွေကို ကလပ်အသင်းဆီ ယူဆောင်လာနိုင်ဖို့ မျှော်လင့်ပါတယ်။

တဖက်မှာ ဇိုးလစ်ကလည်း ဒဏ်ရာရသွားတာဖြစ်လို့ အက်ဇေးတစ်ယောက် နေရာပြန်ရလာပါတော့မယ်။

ဒါ့ကြောင့် လက်ရှိ အာတီတာ အားကိုးနေတဲ့ ဇိုးလစ်၊ ဟာဗက်အတွဲနေရာမှာ ကစားပုံအရ သိသိသာသာကွဲပြားတဲ့ ယိုးကရက်နဲ့ အက်ဇေးတို့ ပြန်ပါလာမှာဖြစ်လို့ အာဆင်နယ်ရဲ့ တိုက်စစ် dynamic ဟာ သိသိသာသာ ပြောင်းလဲမှုတွေ မြင်လာရနိုင်ပါတယ်။

ကောင်းမွန်တိုးတက်သော ပြောင်းလဲမှုပဲ ဖြစ်ပါစေလို့ မျှော်လင့်ကြတာပေါ့ဗျာ။


🔴မန်စီးတီးအသင်းအတွက် ဘယ်လို ပြစ်ဒဏ်မျိုးက အသင့်တော်ဆုံးဖြစ်မလဲ?ဒီစာဟာ လေတိုက်တာတွေ၊ Bias တွေ၊ လှောင်ပြောင်တာတွေမရှိပဲရေး...
01/10/2026

🔴မန်စီးတီးအသင်းအတွက် ဘယ်လို ပြစ်ဒဏ်မျိုးက အသင့်တော်ဆုံးဖြစ်မလဲ?

ဒီစာဟာ လေတိုက်တာတွေ၊ Bias တွေ၊ လှောင်ပြောင်တာတွေမရှိပဲရေးမယ့်စာပါ။ ဒါ့ကြောင့် ကောမန့်မှာ အပြုသဘောဆောင်မယ့် အတွေးအမြင်မျိုးတွေပဲ မန့်ကြဖို့ ဖိတ်ခေါ်ပါတယ်။

လက်ရှိ UK ဝန်ကြီးချုပ် အန်ဒီဘန်းဟန်းကနေ မန်စီးတီးအသင်းဟာ သူ့ရဲ့ local နဲ့ မန်ချက်စတာမြို့အပေါ်ကို ကြီးမားတဲ့ အထောက်အကူတွေ၊ ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိစေခဲ့တဲ့အတွက် ဘာမပြစ်ချမလဲဆိုတဲ့အပေါ် အရမ်းကို concern ဖြစ်မိပါတယ်လို့ပြောသွားတယ်။ တာဝန်ရှိသူတွေကို အပြစ်နဲ့ ထိုက်တန်တယ်ဆိုပြီး လွန်လွန်ကျူးကျူးဒဏ်မခက်ကြဖို့ ပါးပါးလေးဖိအားပေးသွားတဲ့ သဘောပေါ့ဗျာ။

ဒီပြောဆိုမှုနဲ့ပါတ်သတ်ပြီး ကျနော်က partially သဘောတူပါတယ်။ အရင်ဆုံး ဘာ့ကြောင့် အပြည့်အဝသဘောမတူရလဲဆိုရင် ဝန်ကြီးချုပ်ဟာ မန်စီးတီးပိုင်ရှင်တွေက ဘာတွေပဲ မတရားမှူတွေလုပ်လုပ်၊ မန်ချက်စတာမြို့ကပြည်သူတွေအပေါ်တော့ အကျိုးကျေးဇူးတွေများစွာရရှိစေတဲ့အတွက် အပြစ်တွေကို လျော့ပေါ့သင့်ကြောင်း၊ ကျေးဇူးတောင်တင်သင့်ကြောင်း သဘောတွေပါနေလို့ပါ။ အဲ့သလိုဆိုရင်လုပ်ငန်းရှင်တစ်ဦးက သင့်အိမ်ကို အိမ်ငှါးခ များစွာပေးပြီး ဖာရုံထောင်ဖို့ လာကမ်းလှမ်းရင် သင်လက်ခံမလားလို့ပဲ အရင်ဖြေကြည့်ဖို့လိုပါတယ်။ ကိုယ့်အတွက် အကျိုးကျေးဇူးရှိတာမှန်ပေမယ့် ကိုယ့်ရဲ့ image ၊ dignity ၊ moral responsibility ဆိုတာလည်း အရမ်းအရေးပါတဲ့ နေရာကနေ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

ဆိုတော့ ဘာကို လက်ခံလဲဆိုရင် မန်စီးတီးမှာ လက်ရှိ ဝန်ထမ်း ၁၈၀၀ ကျော်ရှိပါတယ်။ အဲ့ဝန်ထမ်းတွေအပေါ်ကို မှီခိုရပ်တည်နေတဲ့ မိသားစုတွေပါ ထည့်တွက်မယ်ဆိုရင် များစွာပိုတိုးလာပါလိမ့်မယ်။ ရာထူးကြီးပိုင်းနဲ့ professional အတတ်ပညာရှင်တွေအတွက်တော့ အသင်းကပြုတ်ရင်တောင် နောက်အလုပ်သစ်ရှာဖို့ မခက်ပေမယ့် မန်စီးတီးကွင်းနားမှာ နေထိုင်ကြတဲ့ အောက်ခြေသန့်ရှင်းရေးဝန်ထမ်းတွေ လုံခြုံရေးတွေစသဖြင့် အခြေခံအလုပ်သမားတွေအတွက်တော့ စာအိုးသေချာပေါက်ပျောက်မှာပါ။

ဒီ့အပြင် မန်စီးတီးအသင်းကို cheating မလုပ်ခင်တည်းက ရင်ဘက်ကြီးနဲ့ အားပေးခဲ့တဲ့ သက်တော်ရှည်သစ္စာခံပရိသတ်တွေအတွက်လည်း ထည့်သွင်းစဉ်းစားဖို့လိုပါသေးတယ်။

ဒါ့ကြောင့် မန်စီးတီးအသင်းကို ဖျက်သိမ်းတာမျိုး၊ ပရီးမီးယားလိဂ်က ထုတ်ပယ်တာမျိုးအထိ ကျနော် အားမပေးပါဘူး (ပြိုင်ဘက်ပရိသတ်အနေနဲ့ အလိုရှိပေမယ့်လည်းပေါ့)။ လောလောဆယ်ထိတော့ မန်စီးတီးကို ထုတ်ပယ်ဖို့ (၁၉)သင်းကနေ (၁၅)မဲ မဲပေးဖို့ လိုတဲ့အချိန်မှာ (၁၃)သင်းက မဲပေးရန် အသင့်ရှိနေပြီလို့လည်းကြားသိရပါတယ်။

ဆိုတော့ ဘယ်လို ပြစ်ဒဏ်မျိုးပေးစေချင်လဲ?

ပထမဦးစွာ ဒီပြစ်ဒဏ်တွေဟာ နဂိုတည်းက တည်ရှိခဲ့တဲ့ မန်စီးတီးကွန်မြူနတီဆိုတာထက် အသစ်ရောက်လာတဲ့ ပိုင်ရှင်နဲ့ အကြီးအကဲအစုအဖွဲ့က ကျူးလွန်ခဲ့တာပါ။ ဒါ့ကြောင့် ဒီပြစ်မှုကို ဦးဆောင်ကျူးလွန်ခဲ့ကြတဲ့သူတွေကို EPL ကနေ ရာသက်ပန်ထုတ်ပြီး blacklist သွင်းဖို့လိုအပ်ပါတယ်။ ဒါဆိုရင် တကယ်ပြစ်ဒဏ်ကျူးလွန်သူတွေ မရှိတော့ပဲ အရင်တည်းက တည်ရှိခဲ့တဲ့ မန်ချက်စတာစီးတီးကွန်မြူနတီဟာလည်း ဆက်ပြီးရပ်တည်ခွင့်ရမှာဖြစ်ပါတယ်။

နောက် လျော်ကြေးကိစ္စပါ။ ပရီးမီးယားလိဂ်က များပြားတဲ့ လျော်ကြေးတောင်းခံမှာ သေချာပါတယ်။ ဒါပေမယ့် ဒီလျော်ကြေးတွေကို EPL ကိုမရစေချင်ပါဘူး။ ဘာ့ကြောင့်လဲဆိုရင် ဒီလောက်များပြားတဲ့ ပြစ်မှုတွေကို ဒီလောက်နှစ်အကြာကြီး ချိုးဖောက်နိုင်ခဲ့တာဟာ EPL ရဲ့ အားနည်းမှု၊ ပေါ့လျော့မှုတွေ အများကြီးပါခဲ့ပါတယ်။ဒီလျော်ကြေးတွေကို မန်စီးတီးကြောင့် နစ်နာခဲ့တဲ့ ပြိုင်ဘက်အသင်းတွေကသာ ထိုက်သင့်သလောက် ရရှိသင့်ပါတယ်။ ဖြစ်နိုင်ရင် EPL ကတောင် သူတို့ရဲ့ ပေါ့လျော့အားနည်းမှုကြောင့် အခြားအသင်းတွေကို လျော်ကြေးထပ်မံပေးအပ်သင့်ပါတယ်။

နောက်တစ်ခုကတော့ တန်းဆင်းမလား၊ ထုတ်ပယ်မလား။ အားလုံးသိတဲ့အတိုင်း ဒီကိစ္စဟာ ပြောတာကလွယ်ပေမယ့် တကယ်လုပ်ရင် အရမ်းရှုပ်ထွေးတဲ့အတွက် တန်းဆင်းဖို့ လုံလောက်တဲ့ အမှတ်လျော့ပြစ်ဒဏ်မျိုးက ယုတ္တိအရှိဆုံးပါ။ ဒီနေရာမှာ တစ်ရာသီလောက်ပဲ အမှတ်လျော့စေပြီး Championship မှာတစ်ရာသီသွားကစား ပြီးရင် အရင်တိုင်းပြန်ဖြစ်ဆိုတာကလည်း မမျှတပါဘူး။ မန်စီးတီးရဲ့ cheating လုပ်ရင်း တည်ဆောက်ထားတဲ့ အုတ်မြစ်ဟာ တစ်ရာသီလောက်တန်းဆင်းသွားရင်တောင် တန်းပြန်တက်လာရင် အရင်လိုပြန်ဖြစ်ဖို့ လုံလောက်တဲ့ squad depth နဲ့ အကယ်ဒမီကစားသမားအရင်းအမြစ်၊ နည်းပညာ၊ facilities တွေ ရှိနေပြီးသားမို့ပါ။ ဒါဆိိုရင် မန်စီးတီးကြောင့် နှစ်ရှည်လများ နစ်နာခဲ့ရတဲ့ အခြားအသင်းတွေအတွက် သူတို့အလှည့်ကျ တစ်နှစ်လောက်ပဲပြစ်ဒဏ်ခံရတယ်ဆိုတာ မျှတတော့မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အနည်းဆုံး EPL မှာ (၃) နှစ်လောက်ထိ တန်းဆင်းဖို့ လုံလောက်တဲ့ ရမှတ်လျှော့ချမှုမျိုး လုပ်သင့်ပါတယ်။ ဒါဆိုရင် တန်းဆင်းလိုက် ၊ တက်လိုက်နဲ့ အနည်းဆုံး (၆) နှစ်လောက်တော့ ပြစ်ဒဏ်ခံရမှာပဲဖြစ်ပါတယ်။ အရင်တည်းက အားပေးခဲ့တဲ့ မန်စီးတီးပရိသတ်တွေအတွက်တော့ ဒါဟာ အရင်လိုပုံမှန်ပဲဖြစ်တာမို့ ထူးပြီးနစ်နာစရာရှိမှာမဟုတ်ပါဘူး။ ပြိုင်ဘက်ပရိသတ်တွေကနေ Cheating , Sham ဘာညာ စနောက်ကြတာတွေတော့ ခံရမှာပေါ့ဗျာ။ ဒါကလည်း cheating သာမလုပ်ခဲ့ဖူးဆိုရင် သူတို့ရနိုင်ဖို့ အလှမ်းဝေးတဲ့ EPL ဖလားရတာတွေ၊ UCL ရတာတွေ၊ အသင်းမှာ မြင်ရဖို့မဖြစ်နိုင်တဲ့ ကမ္ဘာ့အဆင့် ဂန္ဓဝင်ကစားသမားတွေ၊ နည်းပြကောင်းတွေကို ကြည့်ခွင့်၊ အားပေးခွင့်ရခဲ့တာနဲ့တင် ဒီလောက်လေး အလှောင်ပြောင်ခံရတာလောက်ကတော့ တန်မယ်လို့ ထင်ပါတယ်။

နောက်ဆက်တွဲ transfer ban ဘာညာကိစ္စတွေကတော့ အသေးစိတ်မပြောတော့ပါဘူး။

ဆိုတော့ အနှစ်ချုပ်ရရင် မန်စီးတီးရဲ့ စည်းကမ်းချိုးဖောက်မှုတွေကို ဦးဆောင်ခဲ့ကြတဲ့ အသင်းပိုင်ရှင်နဲ့ တာဝန်ရှိသူတွေကို EPL ကရာသက်ပန် ထုတ်ပယ်ပြီး ပိုင်ရှင်သစ်ထံလွှဲပြောင်းသင့်တယ်၊ EPL ထက်စာရင် နစ်နာခဲ့တဲ့ ပြိုင်ဘက်အသင်းတွေကို ထိုက်သင့်သလောက် လျော်ကြေးငွေပေးသင့်တယ်၊ cheating လုပ်ပြီးအောင်မြင်ခဲ့တဲ့ ကာလအလျောက် EPL အောက်ခြေနဲ့ EFL မှာ ကျင်လည်နေသင့်တယ်။ ဒါဆိုရင် အရင်တည်းက ရှိခဲ့တဲ့ မန်စီးတီးကွန်မြူနတီဆိုတာလည်းဆက်ရှိမယ်၊ သူ့အပေါ်မှီခိုနေတဲ့ ဝန်ထမ်းတွေရဲ့ ဘဝလည်းဆက်ပြီး အသက်ဆက်နိုင်မယ်၊ နစ်နာခဲ့သူတွေလည်း လျော်ကြေးပြန်ရမယ်၊ EPL အနေနဲ့လည်း ရှုပ်ရှုပ်ထွေးထွေးပြစ်ဒဏ်တွေ စဉ်းစားစရာမလိုလောက်တော့ဘူးလို့ သုံးသပ်မိပါတယ်။ ပြစ်ဒဏ်တွေကျခံပြီးသွားရင်တော့ တချိန်မှာ နည်းမှန်လမ်းမှန်နဲ့ တိုးတက်လာတဲ့ ပြိုင်ဘက်ကောင်းအဖြစ် ထပ်မံရင်ဆိုင်နိုင်ဖို့ စိတ်ရင်းနဲ့ မျှော်လင့်မိပါတယ်။

ညီကိုတို့ရော အတွေးတူရဲ့လား၊ အခြားအတွေးတွေရှိကြလားဆိုတာ ဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ ရိုင်းစိုင်းတဲ့သူတွေကိုတော့ ban ပါမယ်။

UCL အမြုံအသင်းတဲ့။ ခေါ်ကြတဲ့သူတွေကတော့ ဒီကောင်တွေ တော်တော်အရှိုက်ထိလောက်မယ်လို့ထင်ကောင်းထင်နိုင်တယ်။ဒါပေမယ့် ကျနော်ကတော့...
01/10/2026

UCL အမြုံအသင်းတဲ့။

ခေါ်ကြတဲ့သူတွေကတော့ ဒီကောင်တွေ တော်တော်အရှိုက်ထိလောက်မယ်လို့ထင်ကောင်းထင်နိုင်တယ်။

ဒါပေမယ့် ကျနော်ကတော့ တန်ပြန်ပြောစရာစကားမရှိတာကလွဲရင် ဘာမှမခံစားရပါဘူး။ မှန်တာပြောတဲ့အတွက် လက်ခံရမှာဖြစ်ပြီး ဒီ့အတွက်ဘာမှ ထူးပြီးခံစားမနေရဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်အသင်းအတွက် UCL မရှိရင်တောင် လုံလောက်တာထက်ပိုနေတဲ့ ဂုဏ်ယူမှုတွေ၊ မြတ်နိုးမှုတွေ၊ သမိုင်းကြောင်းအစဉ်အလာတွေ ရှိနေလို့ပဲ။

UCL ပြိုင်ပွဲနဲ့ အာဆင်နယ်အသင်းဆိုတာ ရှိနေသရွေ့ကာလပတ်လုံး ဒီဖလားကိုရဖို့ ကြိုးစားပိုင်ခွင့်အမြဲရှိနေမှာပဲ။ ဒါ့ကြောင့် UCL အမြုံသင်းလို့စနောက်ကြတဲ့ စကားဟာ Temporary သာဖြစ်တယ်။ ဒီနှစ် UCL ရခဲ့ရင် အဲ့စကားဟာ နောက်နှစ် ဘောင်ဝင်တော့မှာမဟုတ်သလို နောက်ဆယ်နှစ်နေမှ ရခဲ့ရင်လည်း ၁၀ နှစ်ပြီးတဲ့နောက် ဘောင်ဝင်တော့မှာမဟုတ်ဖူး။ အဲ့အတွက် စ လို့ နောက် လို့ရတုန်း စနေ နောက်နေကြတာဟာ ဘောလုံးလောကရဲ့ သဘာဝနဲ့ အလှတရားပဲ။

ဒါပေမယ့် ကိုယ့်အသင်းက သမိုင်းတလျှောက် မကြားဖူးတဲ့ ပြစ်မှုမမာဏတွေနဲ့ Cheating လုပ်မိသွားရင်တော့ ဒီသမိုင်းကြောင်းနဲ့ ဒီလို Man Cheating , Shamchester စသဖြင့် စနောက်မှုတွေဟာ temporary မဟုတ်တော့ဘူး။ ကမ္ဘာတည်သရွေ့ ပါသွားမယ့် permanent အမည်းစက်ကြီးဖြစ်သွားပြီ။

ဒါကို ကွဲကွဲပြားပြားသိဖို့လိုတယ်။

ဒီ့အပြင် ချီးပုံကြီးမို့ လူတိုင်းတက်မနင်းမိအောင် ဝိုင်းပြီးသတိပေးနေကြတာကို ငါတို့ကို မနာလိုလို့ အာရုံစိုက်နေတယ်ထင်ကြရင်လည်း ကိုယ့်သဘောနဲ့ကိုယ်ပါပဲ။

မင်းတို့တောင် Cheating လုပ်ပြီးမှ လွယ်လွယ်ကူကူရထားတဲ့ အတုယောင်ဖလားတွေအပေါ် အရမ်းပျော်ရွှင်ခဲ့ကြရင် ငါတို့လို နည်းမှန်လမ်းမှန်နဲ့ အခက်ခဲများစွာကို ကျော်ဖြတ်ထုစစ်ရင်း တည်ဆောက်ခဲ့ရတဲ့ အောင်မြင်မှုအရသာကို မင်းတို့ စိတ်ကူးယဉ်လို့တောင် ရမှာမဟုတ်ဖူး။

မနက်ဖန်ကစပြီး အယူခံကြားနာပွဲစတင်မယ်။ နောက်ပတ်လောက်ထိ ကြာနိုင်တယ်။ တရားဝင်ဆုံးဖြတ်ချက်ကတော့ ခရစ်စမက်မတိုင်ခင်လောက် အပြီးသတ်နိုင်တယ်။

စောင့်ကြည့်ကြတာပေါ့။


အာဆင်နယ် ဂန္ဓဝင်နည်းပြ အာဆင်ဝင်းဂါးဟာ Man Cheating အသင်းရဲ့ တရားမဝင်လိမ်လည်မှုများကို လွန်ခဲ့တဲ့ ၁၅ နှစ်ကျော် ၂၀၁၁ ခုနှစ...
29/09/2026

အာဆင်နယ် ဂန္ဓဝင်နည်းပြ အာဆင်ဝင်းဂါးဟာ Man Cheating အသင်းရဲ့ တရားမဝင်လိမ်လည်မှုများကို လွန်ခဲ့တဲ့ ၁၅ နှစ်ကျော် ၂၀၁၁ ခုနှစ်တည်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

VAR သာရှိရင် ယူနိုက်တက်ဟာ mid table ရောက်နေမယ်ဆိုတာရော ခုကိစ္စကိုရော လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်တည်းက လူသိရှင်ကြားပြောခဲ့တဲ့ အာဆင်းကြီးကိုတော့ မလေးစားပဲမနေနိုင်ပါဘူး။

အပြည့်စုံဖတ်ချင်ရင် ကောမန့်မှာ ချထားပေးပါမယ်။ အရေးမကြီးတာမို့ ဘာသာတော့ မပြန်ပေးတော့ပါဘူးဗျာ။

🤭🤭🤭Xhaka and Jesus
29/09/2026

🤭🤭🤭

Xhaka and Jesus

28/09/2026

Man Cheating လို $ကျင့်ယုတ်အသင်းက ဒီလို သန္ဓေယုတ်လီးဂျန့်ဆိုသူတွေ ထွက်ပေါ်ခဲ့တာလည်း မဆန်းပါဘူး။

မနေ့ညက ပွဲမှာ ဖြစ်သွားတာပါ။

$ကျင့်ဘယ်လောက်ယုတ်လဲဆိုတာ ကွကိုသာကြည့်ကြတော့။

🔴Man Cheating ဖန်တွေရဲ့ လက်သုံးစကား“ကွင်းထဲမှာ ၁၁ ယောက်ချင်းကန်တာ တူတူပဲလေ”Cheating မလုပ်ခင်က ၁၁ ယောက်ချင်း ကန်ခဲ့သော Ma...
27/09/2026

🔴Man Cheating ဖန်တွေရဲ့ လက်သုံးစကား

“ကွင်းထဲမှာ ၁၁ ယောက်ချင်းကန်တာ တူတူပဲလေ”

Cheating မလုပ်ခင်က ၁၁ ယောက်ချင်း ကန်ခဲ့သော Man Cheating FC ရဲ့ အနေအထား 👇👇👇

💩💩💩🤣🤣🤣


🔴အချိန်ပေး ဖတ်စေချင်ပါတယ်Steven ဘာဆိုလား ယူနိုက်တက်ပေ့ချ်အချို့ကနေ မန်စီးတီး ကိစ္စနဲ့ပါတ်သတ်ပြီး အာဆင်နယ်နဲ့ အာတီတာကို လ...
27/09/2026

🔴အချိန်ပေး ဖတ်စေချင်ပါတယ်

Steven ဘာဆိုလား ယူနိုက်တက်ပေ့ချ်အချို့ကနေ မန်စီးတီး ကိစ္စနဲ့ပါတ်သတ်ပြီး အာဆင်နယ်နဲ့ အာတီတာကို လှောင်တဲ့ပို့စ်အချို့တင်တယ်။ လက်ရှိ ယူနိုက်တက်ရဲ့ CEO နဲ့ Director တွေဖြစ်တဲ့ Omar Berrada နဲ့ Jason Wilcox တို့က မန်စီးတီးရဲ့ cheating ကိစ္စတွေမှာ အကြီးအကျယ်ပါတ်သတ်ခဲ့ကြသူတွေဆိုတာ သူတို့မသိဘူး။ ဒါပေမယ့် ဒီကိစ္စမှာ တကယ့်တရားခံကိုပဲ ဝိုင်းပြီး ချိုးနှိမ် အမြစ်ဖြတ်ရမယ်လို့ ခံယူထားတဲ့ကိုယ်တွေအနေနဲ့ အခြားအသင်းတွေနဲ့ ရန်စမရှည်ချင်လို့ မသိချင်ယောင်ဆောင်ပြီး ငြိမ်နေလိုက်တယ်။

Myanmar Liverpool ဘာဆိုလား 2.0 ကနေ Man Cheating ဆီကနေ ရမယ့်ဖလားတွေ ငါတို့မလိုချင်သလို မန်ယူနဲ့အာဆင်နယ်လည်း မရစေချင်ဘူးတဲ့ မျက်စိနောက်လွန်းလို့တဲ့။ ကိုယ်တွေရဲ့ မေတ္တာရှင် အာဆင်နယ်ဖန်အချို့ကနေ ၉၂ မှတ်နဲ့ ဒုတိယရခဲ့တဲ့ ကလော့ကြီးကို ရစေချင်တယ် ဘာညာ လုပ်နေကြလေရဲ့။

ချဲလ်ဆီးပေ့ချ်တချို့ကလည်းတင်သေးတယ်။ ဖလားရမှာက မန်ယူနဲ့ လီဗာပူးကို အာဆင်နယ်က ကြားထဲက အချောင်လိုချင်နေတယ်ဘာညာဆိုပဲ။ ဒီလို ငွေပုံသုံး အင်္ဂလိပ်ဘောလုံးလောကကို cheating လမ်းစဉ်နဲ့ စဖောက်ခဲ့တဲ့ မူလလက်ဟောင်း original အသင်းဆိုတာသိပေမယ့် အပေါ်မှာ ပြောခဲ့တဲ့အတိုင်း လမ်းမချော်ချင်လို့ တတ်နိုင်သမျှ ရေငုံနှုတ်ပိတ်နေခဲ့တယ်။

အဲ့မှာနောက်ဆုံး ကိုယ်နဲ့အတူလုပ်နေတဲ့ admin အကိုက သည်းမခံနိုင်တော့ပဲ မနေ့ညက post တင်လိုက်တယ်။ post မှာ ဘာမှ လွန်လွန်ကျူးကျူးရေးထားတာမပါပဲ မေတ္တာရှင်ကြီးတွေက ကိုယ့်အသင်းကြောင်းကို တင်စမ်းပါဆိုပြီး ဆွမ်းကြီးဝိုင်းလောင်းကြပြန်တယ်။

ပြောပြမယ်။ ခုလို Man Cheating ကိစ္စကို ဘာလို့ မခံမရပ်နိုင်ဖြစ်နေလဲဆိုတာ။ မကြာသေးခင်က ကိုနန္ဒဝန်ရဲ့ အာဆင်နယ်ဟာ စည်းကမ်းလေးနဲနဲချိုးဖောက်လိုက်ရင် အသင်းအတွက် အများကြီးအကျိုးရှိနိုင်ပေမယ့် လုံးဝကို စည်းကမ်းထိန်းသိမ်းလွန်းလို့ အာတီတာအတွက် အနည်းငယ်ကြပ်တည်းရတယ်ဆိုတဲ့ podcast ကို အများစု နားထောင်ဖြစ်ကြမှာပါ။ အဲ့ comment section ထဲမှာ လူဖြူကြီးကပြောရင် ဖြူပြီး ၊ လူမဲကြီးကပြောရင် လိုက်မဲတတ်ကြတဲ့ နလပိန်းတုန်းအချို့ကတော့ ဟုတ်တယ်၊ မှန်တယ်ဆိုပြီး စည်းကမ်းဖောက်ဖို့ လိုလားကြမှာပေါ့။

ဒါပေမယ့် အမှန်တရားဆိုတာ အမြဲပေါ်စမြဲပဲ။ တခုလောက်ဖောက်လို့ ဒဏ်နဲနဲပဲရိုက်လိုက်ရင်ပြီးသွားပေမယ့် စည်းကမ်းဖောက်ဖူးတယ်ဆိုတဲ့ အမဲစက်က သမိုင်းတလျှောက်လုံးကျန်သွားမယ့်အရာပါ။

ဟိုးနောက် နှစ်ပေါင်း ၁၀၀ ကျော်အချိန်ကိုတော့ မသိပေမယ့် ကျွန်တော်တ်ို့ သက်တမ်းမှီသလောက်ကာလမှာတော့ အာဆင်နယ်အသင်းဟာ အင်္ဂလန်မှာရော ဥရောပမှာပါ ဆုဖလားအများဆုံးဆိုတဲ့ အအောင်မြင်ဆုံး ဂုဏ်ပုဒ်ကို ရယူဖို့ မဖြစ်နိုင်သလောက် ခဲယဉ်းပါတယ်။ ဒါပေမယ့် ရဖူးတဲ့ ဆုဖလားတိုင်းကို သန့်သန့်ရှင်းရှင်းနဲ့ မျှမျှတတ ကြိုးစားပြီး အနိုင်ယူထားတာကွဆိုပြီး ရင်ကော့ခေါင်းမော့ ဂုဏ်ယူမှုမျိုးကိုတော့ ကျနော်တို့ ပိုင်ဆိုင်နိုင်ပါသေးတယ်။ (မင်းတို့က အောင်မင်္ဂလာကွက်နဲ့ရထားတာ သန့်ရှင်းလို့လားဆိုပြီး စကားနာလာထိုးကြတဲ့ ချင်ပန်ဇီလက်ကျန်မျိုးစိတ်တွေကိုတော့ တတ်နိုင်သမျှ neglect ထားပါ ဘောင်မဝင်ပါဘူး)

ဒါ့ကြောင့် စည်းကမ်းလေးတစ်ခု လက်တစ်လုံးခြားလုပ်တာနဲ့ အကျိုးများစွာရှိနိုင်မယ့် ကိစ္စကို မလုပ်ပဲ စည်းကမ်းအတိအကျလိုက်နာထားတဲ့ အသင်းပရိသတ်တစ်ဦးအနေနဲ့ စည်းကမ်းများစွာချိုးဖောက် လိမ်လည် ကလိမ်ကကျစ်ကျပြီး အသာစီးယူ အောင်မြင်မှုတွေရထားတဲ့ အသင်းက ကိုယ်တွေကို လာပြီး လေတိုက်တဲ့အခါ မခံမရပ်နိုင်အောင် နာကျည်းရပါတယ်။ ဒါ့ကြောင့် ခုလိုတရားခံအစစ်ဖြစ်ကြောင်း သက်သေပြနိုင်ချိန်မှာ ကျနော်တို့ဟာ ဒီလို ပုပ်သိုးမှုတွေအမြစ်တွယ်နေတဲ့အသင်းရော၊ ဖန်တွေကိုရောပါ အဆုံးထိမြောင်းထဲရောက်အောင် တွန်းပို့ပေးဖို့လိုပါတယ်။ မေးခွန်းရထားတဲ့ အတန်းပိုင်ဆရာမသားနဲ့ အရည်အချင်းအစစ်မှန်နဲ့ကြိုးစားထားတဲ့ကျောင်းသားရဲ့ ယှဉ်ပြိုင်မှုဟာ မျှတတယ်လို့ ထင်နေရင် သင်ဟာ လူ့အဆင့်အတန်းတစ်ခုကို မှီဖို့ များစွာပြုပြင်ဖို့လိုပါဦးမယ်။

နိုင်ငံတကာက ပရိသတ်တွေကတော့ ဒီနေရာမှာ ဘာက အမှန်လဲ အမှားလဲ ကောင်းမွန်စွာဝေဖန်ပိုင်းခြားနိုင်တဲ့အတွက် ဒီလို အကျင့်စရိုက်၊ လုပ်ရပ်မျိုးတွေ အားကစားလောကက အပြီးတိုင်ပပျောက်ဖို့ ညီညီညွတ်ညွတ်နဲ့ တတ်နိုင်ရာဘက်ကနေ ကြိုးပမ်းနေကြပါတယ်။
ပိုဆိုးတာက နိုင်ငံ(၂)နိုင်ငံ သံတမန်ရေးထိပါသုံးပြီး ဖိအားပေးနေတယ်ဆိုပဲ။ ငွေများတရားနိုင်လောကကြီး ပီသပါပေဘိဗျာ။

ဒီလိုအချိန်အခါမှာ အစဉ်အဆက် ပညာရေသောက်မြစ်ကို အဖျက်ခံခဲ့ကြရတဲ့ မယ်လမင်းမျိုးဆက်တွေကတော့ ရေလိုက်၊ငါးလိုက်လွဲကာ စည်းကမ်းချိုးဖောက်တဲ့အသင်းနဲ့ စည်းကမ်းတိတိကျကျထိန်းသိမ်းတဲ့အသင်းကို မှားယွင်းထိုးနှက်နေကြသယောင်ပါပဲ။

ဘယ်တတ်နိုင်မလဲ၊ ကြီးပြင်းခဲ့ရတဲ့ နိုင်ငံ၊ ကျင်လည်ခဲ့ရတဲ့ ပတ်ဝန်းကျင်၊ သောက်သုံးခဲ့ရတဲ့ပညာရေး၊ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ အတွေးအခေါ်အယူအဆတွေဟာ ဒီလိုတွေဖြစ်လာတာ နည်းသေးတယ်တောင်ဆိုရမှာပါ။

ကျနော်တို့ကတော့ ဒီကိစ္စမှာ အဆုံးထိ တက်နိုင်တဲ့ဘက်ကနေ ပပျောက်တဲ့အထိ ထိုးနှက်သွားမှာပါ။ တချိန်ချိန်မှာ ကိုယ့်အသင်းက ကျူးလွန်ခဲ့ရင်လည်း ကိုယ့်အသင်းကို ဝေဖန်ပါမယ်။ visit Rwanda ကိစ္စ၊ အိုဇေးကိစ္စတွေမှာလည်း အမြဲလိုလို ရပ်တည်ချက်ပြတ်သားစွာ ဝေဖန်ခဲ့ပါတယ်။ သဘောထားမတိုက်ဆိုင်ရင် Unfollow , block စိတ်ကြိုက်လုပ်ပါ။ ခုခေတ်ကျပ်မပြည့်တဲ့ကလေးတွေ ဝါးလုံးရှည်နဲ့ ပါတ်ရမ်းနေကြစကားဖြစ်တဲ့ facebook ကပိုက်ဆံပေးတိုင်း လျှောက်တင်နေကြတာဆိုတဲ့ ကောင်တွေကိုလည်း facebook က တပြားမှ မရကြောင်း၊ ကြေညာတွေလာအပ်တာတောင် လက်မခံကြောင်း၊ ငွေဝင်နေတဲ့ youtube မှာတောင် (၂)လ တစ်ပုဒ်လောက် စိတ်ပါမှ တင်ကြောင်း၊ FPL ပြိုင်ပွဲတွေ giveaway တွေကိုတောင် အိတ်စိုက်ပြီးပေးလေ့ရှိကြောင်း သတင်းပါးပါရစေ။

ဒီပေ့ချ်စထောင်တာကလည်း အချို့အာဆင်နယ်ပေ့ချ်တွေကြောင့် ကိုယ်တွေပါ ရောပြီး အပြောမခံချင်တာရယ်၊ အာဆင်နယ်ပရိသတ်တွေကို အသင်းနဲ့ပါတ်သတ်တဲ့ အရည်အသွေးမြင့်ဆောင်းပါးတွေကို ဖတ်ရှူစေချင်တာရယ်ကြောင့် စထောင်ခဲ့တာပါ။ အဲ့အတွက် ပေ့ချ်ထောင်ထောင်ခြင်းမှာ ဒီနိုင်ငံက နာမည်ကြီးပေ့ဆိုတဲ့ ကလောင်ရှင်တွေကို စာမူခပေးပြီး အာဆင်နယ်ဆောင်းပါးလေးတွေ ရေးပေးဖို့ လိုက်ကမ်းလှမ်းခဲ့ပါသေးတယ်။ ကိုယ်တွေလို ငမြောက်ငခြောက် ပေ့ချ်အသစ်လေးအတွက် သူတို့လည်း အချိန်မကုန်ချင်တော့ အငြင်းခံခဲ့ရတဲ့အတွက် အဲ့ကိစ္စအကောင်ထည်မဖော်နိုင်ခဲ့တာလည်း ကြုံတုန်း တောင်းပန်လိုပါတယ်။ ဘယ်သူမှကမ်းလှမ်းမရတဲ့အဆုံး ကိုယ်စွမ်းဥာဏ်စွမ်းရှိသူမျှပဲ ညီကိုတွေ ကြိုးစားတင်ဆက်နေပါတယ်။ ပရော်ဖက်ရှင်နယ်မဟုတ်သလို ဒီက ဝင်ငွေမရတော့ ဒီအတွက် အချိန်အများကြီးပေးလေ့လာလို့မရတဲ့အတွက် အမှားယွင်း၊ သဘောထားမတိုက်ဆိုင်တာပါရင် ရိုင်းစိုင်းစွာဆဲဆိုတာကလွဲလို့ အချိန်မရွေး ထောက်ပြ၊ဆွေးနွေးနိုင်တယ်လို့လည်း အမြဲဖိတ်ခေါ်လျက်ပါ။

ကဲ စာလည်းရှည်သွားပြီမို့ ဒီလောက်ပါပဲ။

ငွေရှိ၊အာဏာရှိရင် စည်းကမ်းကြိုက်သလောက် ချိုးဖျတ်လို့၊ အနိုင်ကျင့်လို့ရတယ်ဆိုတာ ကျနော်တို့နေထိုင်ရာ နိုင်ငံ လူ့အသိုင်းဝိုင်း နဲ့တင်လုံလောက်တာထက် ပိုနေပါပြီ။ ကျနော်တို့ အားပေးနေတဲ့ အားကစားလောကမှာတော့ ဒီလိုစနစ်ဆိုးကြီး အမြစ်တွယ်မလာစေဖို့ ကြိုးစားပြီး တိုက်ဖျက်ကြရန် တိုက်တွန်းအပ်ပါတယ်။ နိုင်ငံတကာမှာတော့ ပရိသတ်တွေရော၊ အသင်းတွေရော၊ တာဝန်ရှိသူတွေရောက နောက်ထပ်ဒီလိုအသင်းတွေ၊ ဒီလိုကိစ္စတွေ ထပ်မံမပေါ်ပေါက်လာဖို့ ဘယ်လောက်တောင် အင်တိုက်အားတိုက် ကြိုးပမ်းတိုက်ဖျက်နေကြလည်း မြင်ကြမှာပါ။ ဒါတောင် Man Cheating ဖန်တွေက ငါတို့ကို မနာလိုလို့ အားလုံးက ဝိုင်းတိုက်ခိုက်နေတယ်လို့ ထင်ကြရင်လည်း ပြောစရာစကား နတ္ထိပါပဲဗျာ။

(ပုံကို AI နဲ့လုပ်ထားလို့ AI လို့ပေါ်နေပါတယ်)


X မှာ တွေ့တာ သဘောကျလို့ ယူလာတာပါ ။ကျွန်တော်တို့ဟာ ဟိုက်ဘူရီ ကနေ အမ်းမရိတ်စ်ကို ပြောင်းပြီးတဲ့အချိန်တွေအတွင်း ပရီးမီးယားလ...
26/09/2026

X မှာ တွေ့တာ သဘောကျလို့ ယူလာတာပါ ။

ကျွန်တော်တို့ဟာ ဟိုက်ဘူရီ ကနေ အမ်းမရိတ်စ်ကို ပြောင်းပြီးတဲ့အချိန်တွေအတွင်း ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျည်းတွေနဲ့ ညီဖို့အတွက် ကျွန်တော်တို့ရဲ့ အကောင်းဆုံးကစားသမားတွေကို ရောင်းချခဲ့ရပါတယ်။ အဲဒါကြောင့်ပဲ အသင်းသမိုင်းရဲ့ အကြီးကျယ်ဆုံးနည်းပြဟာ လက်တဖက်ကို ကြိုးဖြင့်ချည်နှောင်ခံထားရသလိုဖြစ်ပြီး ကိုယ်စွမ်းရှိသရွေ့ ထုတ်ပြခွင့်မရခဲ့ပါဘူး ။

ဒါတွေအားလုံးဟာ အင်္ဂလန်ရဲ့ အဆင့်အမြင့်ဆုံးပြိုင်ပွဲမှာ သိက္ခာရှိိရှိနဲ့ ယှဉ်ပြိုင်နိုင်ဖို့ပါ။

ဒါပေမယ့် မန်စီးတီးကတော့ အဲဒီ ဥပဒေတွေကို မြင်တာနဲ့ ချိုးဖောက်ဖို့ ရွေးချယ်ခဲ့ပြီး ဖြတ်လမ်းကိုလိူက်ခဲ့ပါတယ်။

ဒါကတော့ ကျတော့အတွေးပါ။ ခဗျားတို့အားပေးတဲ့ အသင်းတွေမှာလည်း အပြောင်းအရွေ့ရာသီတိုင်း ကိုယ့်အသင်းကို နောက်တဆင့်တင်ပေးမဲ့ ကစားသမားတဦးခေါ်ချင်သည့်တိုင် ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းကြောင့် မခေါ်ခဲ့ရတဲ့ကစားသမားတွေရှိခဲ့မှာပါ။

ဒီနေရာမှာ မန်စီးတီးက အဲဒါတွေကို ဂရုမစိုက်ပဲ cheat လုပ်ခဲ့ပြီး အမြဲအသင်းတိုင်းထက် သာတဲ့ခြေတလှမ်းကို မတရားတဲ့ နည်းနဲ့ရယူခဲ့တာပါ။

အဲဒါကိုတောင် ခုထိအမှန်မမြင်သေးပဲ စကားဝိုင်းမှာ အာဆင်နယ်ပါတိုင်း တခြားအသင်းမှန်တယ်ပဲလုပ်နေသေးရင်တော့ ခဗျားကိုယ်တိုင်လည်း အဲဒီမတရားမှုရဲ့ တစိတ်တပိုင်းအနေနဲ့ ပါဝင်နေပြီလို့ပဲပြောပရစေ။

နို့ဘူး ၁၁၄ မှု Man Cheating FC ဖန်လေးတွေကတော့ ခုချိန် ဟိုပတ်ရမ်း ဒီပတ်ရမ်း ရမ်းနေကြဦးမှာပဲ။၁၁၅ မှု စွဲချက်တင်ခံတုန်းကလည...
26/09/2026

နို့ဘူး ၁၁၄ မှု Man Cheating FC ဖန်လေးတွေကတော့ ခုချိန် ဟိုပတ်ရမ်း ဒီပတ်ရမ်း ရမ်းနေကြဦးမှာပဲ။

၁၁၅ မှု စွဲချက်တင်ခံတုန်းကလည်း ဖျင်ပိတ်ငြင်းပြီးကြပြီ။

ခု ၁၁၄ မှု အပြစ်ရှိကြောင်း တရားဝင်ပေါ်ထွက်လာတာတောင် ဘယ်လို ဦးနှောက်တွေနဲ့ ပတ်ရမ်းနေနိုင်ကြသေးလဲမသိဘူး။

မင်းတို့အသင်း ပစ်ဒဏ်ဘယ်လောက် ကျခံရမယ်၊ မရဘူးဆိုတာက နောက်တစ်ပိုင်း၊

သေချာတာက ၁၁၄ မှုက အပြစ်ရှိသလို cheating လုပ်ပြီး ခွေးတိုးပေါက်ကဝင်လာတာကတော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဘူးပေါ်သလိုပေါ်ပြီး မရှိတဲ့ သိက္ခာတွေ အရှက်တွေ အကုန်ကွဲပြီဆိုတာတော့ အမှန်ပဲ။

ဒီက ဘောင်မဝင် တန်းမဝင်တွေမပြောနဲ့။ ကမ္ဘာကျော် ပရော်ဖက်ရှင်နယ်ကစားသမားတွေတောင် ဒဲ့ဆော်ကုန်ကြပြီမြင်လား?

International break ခံနေလို့ နဲနဲသက်သာသွားတယ်မှတ်။

ခုလည်း မီဒီယာတွေက ရသမျှ အကုန်စွဲထုတ်ပြီး အင်တာလိုက်ဗျူးတော့မှာ။

ပပ်ရထားတဲ့ EPL ၆ လုံးက မသန့်ရှင်းဘူး။ ငါရထားတဲ့ EPL ၃ လုံးကတော့ သန့်ရှင်းတယ်လို့ ပြောထားတဲ့ မော်ရင်ညိုကြီးတောင် လိုက်ဆွပြီး မေးချင်မေးနေကြဦးမှာ။

ပြောချင်တာကကွာ။ အားမကုန််ခင်ထိ ဖျင်ပိတ်ငြင်း ပတ်ရမ်းထားကြ။

မျှော်လင့်ထားသလောက် ပစ်ဒဏ်တွေ ကြီးကြီးမချခံရရင်တောင် ၁၁၄ မှုကျူးလွန်ထားတယ်ဆိုတာ နည်းတာမဟုတ်ဖူး။

Man Cheating က Man Cheating ပဲကွာ

ခေါ်ကြည့်ပါဦး မန်ချီးတီးလို့

😂😂😂

Address

Seoul

Alerts

Be the first to know and let us send you an email when Behind The Scenes-Arsenal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category