25/02/2026
မလိုအပ်ပဲ တွေးမပူနဲ့
မလိုအပ်ပဲ တွေးမပူနဲ့ ဆိုတဲ့ စကားလေးက
ရင်ထဲကို ညင်သာစွာ လာထိတဲ့ မိုးသီးလေးလိုပါပဲ။
လူ့ဘဝဆိုတာ
ဖိနပ်တစ်ရံလိုပဲ ထင်မိတယ်။
လမ်းလျှောက်ရင်း လိုချင်တာတွေနောက် လိုက်ရင်း
ရုပ်ဝတ္ထုတွေကို အလွန်အကျွံ ထမ်းဆောင်ရင်း
မသိလိုက်ခင်မှာပဲ
ဖိနပ်ပါးသွားတတ်တယ်
နောက်ဆုံးမှာတော့ ပြတ်သွားတတ်တယ်။
လိုချင်တာတွေ များလွန်းရင်
ရင်ထဲမှာ မောပန်းမှုတွေ စုပုံလာတတ်တယ်။
ဖြစ်ချင်တာတွေ များလွန်းရင်
ခြေလှမ်းတွေ လမ်းချော်တတ်တယ်။
မျှော်လင့်ချက်တွေ အလွန်အကျွံထားမိရင်
စိတ်က ပူပန်ခြင်းထဲမှာပဲ နေထိုင်သွားရတတ်တယ်။
မလိုအပ်တဲ့အရာတွေကို
နှလုံးသားနဲ့ ချည်နှောင်မထားပါနဲ့။
စိုးရိမ်သောကတွေကိုလည်း
လိုအပ်သလောက်သာ ခွင့်ပြုပါ။
မဖြစ်သေးတဲ့ အရာတစ်ခုအတွက်
အတွေးလွန်ပြီး ကိုယ်တိုင်ကိုယ်ပဲ အလွန်အကျွံ ထိခိုက်မနေရပါစေနဲ့။
လောကဟာ
ကြိုတင်တွက်ချက်လို့မရတဲ့ စာအုပ်တစ်အုပ်လိုပဲ။
မလိုချင်တာတွေ ရလာတတ်တယ်၊
မဖြစ်ချင်တာတွေ ဖြစ်လာတတ်တယ်၊
မမျှော်လင့်ထားတာတွေ ကြုံတွေ့ရတတ်တယ်။
ဒါဟာ ဘဝရဲ့ သဘာဝတရားပဲ။
လိုချင်တာမရလို့ စိတ်ညစ်၊
မလိုချင်တာရလို့ စိတ်ညစ်နေရင်
စိတ်ညစ်ခြင်းဟာ အဆုံးမရှိတဲ့ လမ်းတစ်လမ်းဖြစ်သွားလိမ့်မယ်။
အတိတ်က နာကျင်မှုတွေကို
လက်ထဲမှာ မဖိစီးထားပါနဲ့။
သင်ခန်းစာကိုသာ သိမ်းဆည်းပြီး
ဒဏ်ရာကို လေထဲလွှတ်ပေးလိုက်ပါ။
တစ်ခုလိုချင်ရင် တစ်ခုစွန့်လွှတ်ရတယ်ဆိုတာ
စကားလှလှတစ်ကြောင်းမဟုတ်ဘူး။
တခါတလေ
အဆင်ပြေမှုတစ်ခုရဖို့
အိပ်မက်တချို့ကို တိတ်တိတ်လေး စွန့်လွှတ်ခဲ့ရတာမျိုးပါ။
လောကဓံဆိုတာ
လူတိုင်း မရှောင်လွှဲနိုင်တဲ့ မိုးတိမ်လိုပဲ။
အောင်မြင်မှုနဲ့ ရှုံးနိမ့်မှု
ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှု
အလှည့်ကျ လာရောက်နေကြတာပါ။
ဘယ်သူမှ တစ်သက်လုံး တည်ငြိမ်မနေနိုင်ဘူး။
ဒါဟာ သဘာဝတရားရဲ့ ညှင်းပန်းမှုမဟုတ်ဘဲ
သင်ကြားပေးမှုပါ။
ဘဝဟာ တိုတောင်းလွန်းတယ်။
အမုန်းတွေ၊ စိတ်ညစ်စရာတွေ၊ မလိုအပ်တဲ့ အတွေးတွေထဲမှာ
အချိန်ကို မဖြုန်းတီးပါနဲ့။
အသက်ရှူနိုင်နေသေးတဲ့ နေ့တိုင်းကို
ပေါ့ပါးစွာနဲ့
နူးညံ့စွာ
ကိုယ့်အတွက် ကိုယ် လက်ဆောင်ပေးနိုင်ပါစေ။
#ကံကောင်းစာပေမှမေတ္တာဖြင့်မျှဝေပါသည် #ကြိုက်နှစ်သက်ရင်shareပေးပါနော်
19/02/2026
လောကကြီးမှာ လူတော်တော်များများက လက်တွဲပြီး လမ်းကြောင်းတစ်ခုမှာ အတူတူလျှောက်လှမ်းနေကြရင်းနဲ့ပဲ တဖြည်းဖြည်း ဝေးကွာပြီး ခွဲခွာသွားတတ်ကြရပါတယ်။
တချို့လူတွေနဲ့ အတူလျှောက်ရင်းလျှောက်လှမ်းရင်းသက်ဆုံးတိုင်လက်တွဲမဖြုတ်ရပဲ ပျော်ရွှင်မှုဆီကို ရောက်ရှိသွားတတ်ကြတယ်။ တချို့တွေနဲ့ကတော့ တွဲလျှောက်မရတော့လို့ လမ်းခွဲတစ်ခုကို ရောက်လာတဲ့အခါ သူ့လမ်းသူသွား ကိုယ့်လမ်းကိုယ်သွားရင် ဘယ်တော့မှ မဆုံနိုင်ကြတာဖြစ်တတ်ကြတယ်။
တကယ်တော့ လူအချင်းချင်း ဝေးကွာသွားကြတယ်ဆိုတာ စိတ်ထားမကောင်းလို့ ဒါမှမဟုတ် အမုန်းတရားတွေကြောင့်ချည်းပဲ မဟုတ်ပါဘူး။ တစ်ခါတလေမှာ "ဦးတည်ချက်ချင်း မတူတော့တာ" " လိုအပ်ချက်တွေ ပြောင်းလဲသွားတာ" တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ လမ်းခွဲတစ်ခုမှာ ရပ်တန့်ခဲ့ရသူတွေက ဘဝရဲ့ အခန်းကဏ္ဍတစ်ခုအတွက် အရေးပါတဲ့ သင်ခန်းစာတွေကို ပေးဆပ်ခဲ့ကြသူတွေချည်းပါပဲ ။
တချို့က "လမ်းပြ" ဖို့ ရောက်လာတတ်ကြတယ်။
တချို့က "ခွန်အားပေး" ဖို့ ရောက်လာတတ်ကြတယ်။
တချို့က "ဘဝတစ်ခု" ဖြစ်လာစေဖို့ ရောက်လာတတ်ကြတယ်။
ဒီခရီးလမ်းတွေမှာ ဘယ်သူတွေက ကိုယ်နဲ့ လက်တွဲဖြုတ်သွားတယ်ဆိုတာထက် ဘယ်သူနဲ့ အတူ ရှေ့ဆက်လျှောက်နေသလဲ ဆိုတာ ပိုအရေးကြီးပါတယ် ။ လက်ရှိအနေထားလေးကိုပဲ မြဲမြဲမြံမြံဆုပ်ကိုင်တန်ဘိုးထားတတ်ဖို့ကသာ အဓိက အကျဆုံးပါပဲ ။
မာရင်ရင် ࿐🌼
19/02/2026
လူထုဦးလှရဲ့
ပုံပြင်လေးတစ်ပုဒ်ပါ။
လက်ကုတ်တိုင်း ကိုယ့်လူမမှတ်နှင့်
-----------
ရွာတစ်ရွာမှာ
ဦးဖြူ နဲ့ဦးမဲ တို့ နှစ်ယောက်
သူ့နွားလှည်းက ကောင်းတယ်၊
ငါ့နွားလှည်းက ကောင်းတယ်နဲ့ ငြင်းကြသတဲ့။
အဲဒီအချိန်မှာ ဦးဉာဏ်ပိုင်ဆိုတဲ့ လူက ၀ငျ ထောင်တယ်။
"ကောင်း မကောင်း ပြိုင်ကြည့်မှ သိမှာပေါ့"တဲ့။
ဒါနဲ့ ဦးဖြူ နဲ့ ဦးမဲတို့
နွားလှည်းချင်း ပြိုင်ကြတဲ့ အဆင့် ရောက်ပါလေရော။
ပြိုင်ခါနီး အချိန်မှာတော့
ဦးဉာဏ်ပိုင် တယောက် ဦးဖြူ နဲ့ ဦးမဲနှစ်ယောက်ကြားကို ၀ငျပွီး နှစ်ယောက်လုံးကို တွင်တွင်သာ လက်နဲ့ ကုတ်လေသတဲ့။ပြိုင်ပွဲပြီးတဲ့ အခါမှာ
ဦးဖြူက နိုင်ပြီး ဦးမဲက ရှုံးသွားတယ်။
ဦးဉာဏ်ပိုင်က ဦးဖြူ ဆီသွားပြီး
"ကဲ ဦးဖြူ! ကျုပ်မပြောလား ခင်ဗျာနိုင်မယ်မှန်းသိလို့ ကျုပ်လက်ကုတ်တာ"လို့ပြောသတဲ့။
ဦးဖြူက ကျေးဇူးတွေတင်ပြီး ဦးဉာဏ်ပိုင်ကို ထန်းရည် အဝ တိုက်လိုက်သတဲ့။
နောက်တော့
ဦးဉာဏ်ပိုင်ဟာ ဦးမဲဆီ ထပ်သွားပြန်သတဲ့။
ပြီးတော့ ဦးမဲကို "ခင်ဗျားဗျာ မပြိုင်ပါနဲ့ လို့ ကျုပ်က လက်ကုတ်ပြီးပြောနေတာ ပြိုင်ဖြစ်အောင်ပြိုင်တယ်" လို့ ပြောပါလေရော။
ဦးမဲကလည်း ဦးဉာဏ်ပိုင် အပေါ်
"အော် သူ ငါ့အပေါ် စေတနာ ကောင်းရှာသား"ဆိုပြီး ထန်းရည် အဝ တိုက်လိုက်ပြန်သတဲ့။
သင်ခန်းစာ
ဒီခေတ်က ဦးဉာဏ်ပိုင်လို လူကတစ်ယောက်တည်းရှိတာမဟုတ်ဘူး။ အများကြီးဖြစ်နေပြီ။
ခေတ်ကလည်း ပြောင်းနေပြီ မဟုတ်လား။
လက်ကုတ်တိုင်း ကိုယ့်လူလို့ မမှတ်ကြနဲ့ဗျ။
#စာပေဗဟုသုတ
19/02/2026
#ငါမှားရင်
ငါ့ကို မနှိမ်ပါနဲ့
ငါ့ကို ပြင်ပေးပါ....
ပြန်လှည့်ပြီး နိဒါန်းကို
ပြောင်းလို့မရတော့ပေမယ့်
ရောက်ရာနေရာက ပြန်စပြီး
နိဂုန်း ကိုတော့ပြောင်းလို့ရပါတယ်...
မိဘက သင့်ဘဝကို
မူရင်း မွေးပေးလိုက်တာနော်
မိတ္တုဘဝဖြင့် အဆုံးမခံပါနဲ့....
ဘဝကောင်းကို ရခဲ့တာမဟုတ်သလို
ဘဝဆိုးကိုလည်း ရခဲ့တာလဲ မဟုတ်ပါဘူး
ဘဝကိုပဲ ရခဲ့တာပါ.....
အဲ့ ဘဝကို အကောင်း အဆိုး ဖြစ်အောင်
ဒို့တွေကပဲ ဖန်တီးလိုက်ကြတာပါ....
ကျရှုံးမှာ မကြောက်ပါနဲ့
မကြိုးစားကြည့်မိမှာကိုသာ ကြောက်ပါ...
သဘော အကောင်းဆုံး သူတွေဟာ
အနှိပ်စက် အခံရဆုံး သူတွေ
ဖြစ်နေတတ်ပါတယ်....
သူများဘဝ အလင်းဆောင်ဖို့
လူတိုင်း နေမင်း ဖြစ်ချင်ကြတယ်
အမှောင်ဆုံး အချိန်မှာ အလင်းဆောင်ဖို့
ဘာလို့ လမင်းမဖြစ်ချင်ကြတာလဲ....
မရဖူးတာ ရချင်ရင်
မလုပ်ဖူးတာ လုပ်ရမယ်.....
စတောင်းပန်ရဲတဲ့ သူက
သတ္တိအရှိဆုံး သူပါ
စ ခွင့်လွှတ်နိုင်တဲ့ သူက
စိတ်ဓာတ် အကြံ့ခိုင်ဆုံး သူပါ
စ မေ့နိုင်တဲ့ သူက
စိတ် အချမ်းသာဆုံး သူပါ....
အရက်မပါပဲ ပျော် တတ်အောင်
ဖုန်းမပါပဲ စကားပြောတတ်အောင်
ခြွင်းချက် မထားပဲ ချစ်တတ်အောင်
စဲလ်ဖီ မဆွဲလဲ ပြုံးတတ်အောင် သင်ယူပါ...
#လူငယ်များအတွက်ဗဟုသုတစာပေများ
Mi Chan
19/02/2026
သင် ဘယ်ထဲပါလဲ...?
#အချို့သူတွေရဲ့
အေးချမ်းသွားစေတယ်။
ငြိမ်းအေးသွားစေတယ်။
#အချို့သူတွေရဲ့
စိတ်ခွန်အားတွေ
တိုးတက်သွားတယ်။
ယုံကြည်မှုတွေ
ပြန်လည်
ရရှိသွားစေတယ်။
#အချို့သူတွေရဲ့
ပျော်ရွှင်သွားတယ်
စိတ်ပင်ပန်းတာတွေ
တခဏတာ
ပျောက်သွားစေတယ်။
#အချို့သူတွေရဲ့
ဗဟုသုတတွေ
အများကြီး ရသွားတယ်။
မသိသေးတာတွေ
အများကြီး
သိလာရတယ်။
#အချို့သူတွေရဲ့
ကိုယ်တိုင်လည်း
ကုသိုလ်တွေ ရသွားတယ်။
အကြင်နာ
မေတ္တာ
ကရုဏာ
မုဒိတာတွေ
အလိုလို ပွားမိသွားစေတယ်။
#အချို့သူတွေရဲ့
ကိုယ်တိုင်လည်း
အကုသိုလ်တွေ
လုပ်မိသွားတယ်။
သူတစ်ပါးကိုလည်း
အကုသိုလ်တွေ
ဖြစ်စေအောင်
တိုက်တွန်းမိသွားတယ်။
#ပြီးတော့
အကုသိုလ်တွေကိုလည်း
ပြန်လည်
ဖြန့်ဝေပေးတယ်။
တစ်နေ့တာရဲ့
ကုန်ဆုံးမှုမှာ
ကုသိုလ်
ပညာ
ဥစ္စာတစ်ခုခုမှ မတိုးရင်
အဲဒီနေ့ဟာ
ကိုယ့်အတွက်တော့
အရှုံးနဲ့
ရင်ဆိုင်ရတဲ့ နေ့ပါပဲ......
ဌေးသာမဏေကျော်ဆရာတော်
19/02/2026
ငွေရှာဖို့ ထွက်ခဲ့ကြတာ ဘဝကို ပေါင်နှံလိုက်မှန်း မသိခဲ့ကြဘူး
ကျွန်တော်တို့ အများစုဟာ
အိမ်နဲ့ဝေးဝေး၊ မြေပြင်မတူတဲ့ နိုင်ငံခြားမြေထဲကို
အိပ်မက်လေးတစ်ခုကို လက်ထဲဖမ်းပြီး ထွက်လာခဲ့ကြတာပါ။
ငါ ပင်ပန်းခံလိုက်ရင်
ငါ့မိသားစု သက်သာမယ်
ဒီစကားလေးတစ်ခုပဲ
ရင်ထဲမှာ အလင်းတိုင်လို ထွန်းလင်းနေခဲ့တယ်။
မိုးရွာရင်လည်း လုပ်ရတယ်
နေကလည်း လောင်တယ်
အလုပ်ချိန်ပြီးမှ အိပ်ရာဝင်ချင်ပေမဲ့
အိမ်ကို ဖုန်းခေါ်ရင်း မျက်ရည်ကို ခိုးသုတ်ရတယ်။
နောက်နှစ်ပြန်မယ်
ငွေလေးစုပြီး ပြန်မယ်
အိမ်ဆောက်ပြီးမှ ပြန်မယ်
အဲ့ဒီ မယ် တွေကြားထဲမှာပဲ
၅ နှစ် ၁၀ နှစ်
အချိန်တွေ မသိမသာ လျှောကျသွားတယ်။
ငွေကတော့ တိုးလာနိုင်တယ်
ဘဏ်စာအုပ်ထဲက နံပါတ်တွေကတော့ ပိုကြီးလာနိုင်တယ်။
ဒါပေမဲ့
အမေ့ဆံပင်က အဖြူပိုလာတာကို
ဘယ်ငွေနဲ့မှ ပြန်မဆေးနိုင်ဘူး။
အဖေ့ကျောက ပိုကွေးလာတာကို
ဘယ်လောက်ချမ်းသာချမ်းသာ ပြန်မတည့်နိုင်ဘူး။
သားသမီးလေးတွေ
ဖေဖေ၊ မေမေ လို့ စတင်ခေါ်ခဲ့တဲ့အသံကို
မကြားလိုက်ရတဲ့ အချိန်ကို
ဘယ်ပိုက်ဆံနဲ့မှ ပြန်ဝယ်လို့ မရဘူး။
ဇနီးရဲ့ ငယ်ရွယ်နုပျိုမှု၊
အတူလက်တွဲလျှောက်သင့်တဲ့ နေ့ရက်တွေကို
ရွှေတောင်နဲ့တောင် ပြန်မလဲနိုင်ဘူး။
ငွေကို နောက်မှ ရှာလို့ရတယ်။
အလုပ်အသစ်လည်း ရနိုင်တယ်။
အခွင့်အရေးအသစ်လည်း ရနိုင်တယ်။
ဒါပေမဲ့
အချိန် ဆိုတာ
လက်ထဲက သဲလုံးလေးလို
ဖမ်းမိနေချိန်မှာပဲ ရှိတတ်တာပါ။
တစ်နေ့မှာ
ငွေတစ်ထုပ်ကြီးကို ပွေ့ပိုက်ပြီး
အိမ်ပြန်ရောက်လာတဲ့အခါ
တံခါးဖွင့်ပေးမယ့်သူ
လက်နှစ်ဖက်ဖြန့်ပြီး ပြေးလာမယ့်သူ
မင်း ပြန်လာပြီလား လို့
ရင်ထဲကနေ နွေးထွေးစွာ မေးမယ့်သူ
ရှိနေဖို့လည်း လိုပါတယ်။
ဒါကြောင့်
ပိုက်ဆံစုတာကောင်းပါတယ်။
မိသားစုအတွက် ပင်ပန်းခံတာလည်း မြင့်မြတ်ပါတယ်။
ဒါပေမဲ့
ငွေတစ်ခုတည်းကို မစုပါနဲ့။
အချိန် ကိုပါ စုပါ။
အတူရှိမှု ကိုပါ စုပါ။
မှတ်ဉာဏ်ကောင်းများ ကိုပါ စုပါ။
ကိုယ့်ကို နွေးထွေးစွာ ကြိုဆိုမယ့်သူတွေ
ရှိနေတုန်းအချိန်မှာ
အိမ်ပြန်ဖို့လည်း တစ်ကြိမ်တော့ စဉ်းစားကြည့်ကြရအောင်။
ဘာလို့လဲဆိုတော့
ဘဝဆိုတာ
ငွေတွက်လို့ရတဲ့ စာရင်းမဟုတ်ဘူး။
ချစ်ခြင်းနဲ့သာ တန်ဖိုးရှိတဲ့ အမှတ်တရတစ်ပုဒ်ပါ။
ကံကောင်း
#ကံကောင်းစာပေမှမေတ္တာဖြင့်မျှဝေပါသည်
19/02/2026
တစ်ဦး နဲ့ တစ်ဦး
ပတ်သက်ကြတဲ့အခါ
အချိန်အကြာကြီး
လိမ်ထားလို့မရတဲ့ ဟာက
ဗီဇနဲ့ အကျင့်ပဲ။🚞🚞