Euro Football ဘောလုံးသတင်းနှင့်စီးပွားရေး

  • Home
  • Myanmar
  • Bago
  • Euro Football ဘောလုံးသတင်းနှင့်စီးပွားရေး

Euro Football ဘောလုံးသတင်းနှင့်စီးပွားရေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Euro Football ဘောလုံးသတင်းနှင့်စီးပွားရေး, No(61), San Daw Twin Road, Bago.

ဘောလုံးဝါသနာရှင်များအားလုံးမင်္ဂလာပါ... ညီမတို့ရဲ့ "Euro" iBet789 Agent မှကြိုဆိုပါတယ်။iBet789 မှာ အကောင့်ဖွင့်ကစားမယ်ဆိ...
19/09/2022

ဘောလုံးဝါသနာရှင်များအားလုံးမင်္ဂလာပါ... ညီမတို့ရဲ့ "Euro" iBet789 Agent မှကြိုဆိုပါတယ်။
iBet789 မှာ အကောင့်ဖွင့်ကစားမယ်ဆိုရင်တော့ Euro iBet789 Agent ကိုသတိရလိုက်ပါနော်။
-ငွေသွင်းငွေထုတ် မှန်ကန်ပြီး မြန်ဆန်တဲ့ "Euro" iBet789 Agent
-ငွေကြေးနဲ့ပါတ်သက်ပြီး နာမည်ပျက်မရှိပဲ (၅)နှစ်တာရပ်တည်ခဲ့တဲ့ "Euro" iBet789 Agent
-အခက်အခဲမျိုးစုံကို (24)နာရီပါတ်လုံး ဖြေရှင်းပေးနေတဲ့ "Euro" iBet789 Agent
iBet789 မှာကစားချင်တယ်ဆိုရင် အခုလို ယုံကြည်စိတ်ချရမှု(100%) နဲ့ အကောင်းဆုံးသောဝန်ဆောင်မှုပေးနေတဲ့ ညီမတို့ရဲ "Euro" iBet789 Agent ကို အခုပဲ ဆက်သွယ်လိုက်ပါနော်...။

🔺"Euro" iBet789 Master Agent🔺
{Hot Line}
{Viber & Mobile} =>09:956999003 / 09:955566388 / 09:953711777
{Mobile} =>09:777387575 / 09:777391313 / 09:777391616

အူဒီးနီးစ်ကို အရေးနိမ့်ခဲ့တာနဲ့ပတ်သက်ပြီး မိမိမှာလည်း တာဝန်ရှိကြောင်း အင်ဇာဂီ ပြောကြားအင်တာမီလန်အသင်းနည်းပြ အင်ဇာဂီက အူဒ...
19/09/2022

အူဒီးနီးစ်ကို အရေးနိမ့်ခဲ့တာနဲ့ပတ်သက်ပြီး မိမိမှာလည်း တာဝန်ရှိကြောင်း အင်ဇာဂီ ပြောကြား

အင်တာမီလန်အသင်းနည်းပြ အင်ဇာဂီက အူဒီးနီးစ်ကို ၃-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာက စိတ်ဓာတ်ကျစရာဖြစ်ပေမယ့် စိတ်အေးအေးထားဖို့ လိုအပ်တယ်လို့ သူ့အသင်းကိုပြောကြားလိုက်ပါတယ်။
အင်တာဟာ အစောပိုင်းမှာ ဘာရယ်လာရဲ့ ဖရီးကစ်ကန်ချက်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် အခြေအနေတွေက အလျင်အမြန်ပြောင်းလဲခဲ့ပြီး ၂၂ မိနစ်မှာ စကင်နီရာက own goal သွင်းယူခဲ့ကာ အူဒီးနီးစ်အတွက် ဂိုးတွေကို ဘီဂျိုရယ် ၊ အာစလန်တု့ိ့ သွင်းယူပေးခဲ့ပါတယ်။ သတင်းဌာနနဲ့ အင်တာဗျူးမှာ အင်ဇာဂီက ဘက်စ်တိုနီ နဲ့ မစ်ခီတာရန်းတို့ကို လူစားလဲခဲ့တာနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။
“သူတို့က အဝါကတ်ထိထားတာကြောင့် လူစားလဲလိုက်တာပါ။ အူဒီးနီးစ်က ဒုတိယဘောလုံးတွေမှာ အနိုင်ရရှိထားသလို duel တွေမှာလည်း အနိုင်ရရှိထားပါတယ်။ ကျွန်တော်တို့ ဒုက္ခရောက်နေခဲ့ပြီး ရှော့ခ်တစ်ခုပေးချင်တာပါ။ သူတို့ အဝါကတ်ကြောင့် ကျွန်တော် လူစားလဲလိုက်တာပါ။ ဒါပေမယ့် အူဒီးနီးစ်က အကောင်းဆုံး ကစားပြခဲ့ပြီး ပိုကောင်းခဲ့ကာ အနိုင်နဲ့ ထိုက်တန်ခဲ့ပါတယ်။ မှန်ပါတယ်။ ကျွန်တော်တို့ တည်ငြိမ်မှုမရှိခဲ့ပါဘူး။ ၂ ပွဲအနိုင်နဲ့လာခဲ့ပေမယ့် ၃ ပွဲမြောက်မှာ ကျွန်တော်တို့ ၃-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။ အဓိက အပြစ်တင်ရမှာ ကျွန်တော်ပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်က နည်းပြဖြစ်နေလို့ပါ။ ဒါပေမယ့် ကျွန်တော်တို့ ဒီပွဲကို ခွဲခြမ်းစိတ်ဖြာမှာပါ”လို့ အင်ဇာဂီက ပြောကြားခဲ့ပါတယ်။

Crd ''
ဘောလုံးအားကစားသတင်းတွေ ဖတ်ရှု့ဖို့အတွက်
ညီမတို့ရဲ့ " Euro " Page ကို like လုပ်ထားလိုက်ပါနော်

ကမ္ဘာ့ဖလားမတိုင်ခင် ပြန်လာနိုင်ဖွယ်ရှိနေတဲ့ ဒေါ့မွန်စတား မာကိုရူးစ်ဒေါ့မွန်အသင်း ကွင်းလယ်လူ မာကိုရူးစ်တစ်ယောက် ဒဏ်ရာပြဿန...
19/09/2022

ကမ္ဘာ့ဖလားမတိုင်ခင် ပြန်လာနိုင်ဖွယ်ရှိနေတဲ့ ဒေါ့မွန်စတား မာကိုရူးစ်

ဒေါ့မွန်အသင်း ကွင်းလယ်လူ မာကိုရူးစ်တစ်ယောက် ဒဏ်ရာပြဿနာထပ်မံရရှိခဲ့ပြီး ၃၊ ၄ ပတ်လောက် နားရဖွယ်ရှိနေပေမယ့် လာမယ့်ကမ္ဘာ့ဖလားမှာ ဂျာမနီအသင်းအတွက် ပါဝင်ကစားပေးနိုင်ဖွယ်ရှိနေပါတယ်။ ဒေါ့မွန်အားကစားဒါရိုက်တာ ကီဟဲလ်က ကစားသမားဟာ ၃ ပတ် ၊ ၄ ပတ်လောက်နားရဖွယ်ရှိနေတယ်လို့ ပြောကြားခဲ့ပြီး မကြာခင်မှာ သူပြန်လာနိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
ဂျာမနီနည်းပြ ဖလစ်ကတော့ မာကိုရူးစ်ကို လာမယ့် ဟန်ဂေရီ ၊ အင်္ဂလန်အသင်းတို့ပွဲတွေအတွက် လူစာရင်းမှာ ထည့်သွင်းထားပြီး လာမယ့်ကမ္ဘာ့ဖလားအတွက်လည်း အဓိက ကစားသမားဖြစ်လာဖွယ်ရှိနေပါတယ်။ ကမ္ဘာ့ဖလားကို နိုဝင်ဘာလ ၂၀ ရက်နေ့ ကာတာနိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး ဂျာမနီက ဂျပန် ၊ စပိန် ၊ ကော်စတာရီကာတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။ အသက် ၃၃ နှစ်သားဟာ စနေနေ့တုန်းက ရှော်လ်ကေးကို အနိုင်ရရှိခဲ့တဲ့ ဒါဘီပွဲရဲ့ပထမပိုင်းမှာ ထမ်းစင်နဲ့ ထွက်ခွာခဲ့ရပြီး ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ဟန်တူပါတယ်။
“မနေ့က ဓာတ်ပုံတွေမြင်ရချိန်မှာ ကျွန်တော်တို့ ရှော့ခ်ရခဲ့ပါတယ်။ ဒီနေ့မှာ သတင်းကောင်းပေးချင်ပါတယ်။ စစ်ဆေးမှုတွေအရ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာပါ”လို့ ကီဟဲလ်က ပြောကြားခဲပါတယ်။
ရူးစ်တစ်ယောက် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာကြောင့် ၂၀၁၄ ကမ္ဘာ့ဖလားကို လွဲချော်ခဲ့သလို ၂၀၁၆ ယူရိုချန်ပီယံရှစ်ဖလားပွဲကိုလည်း ပေါင်ခြံဒဏ်ရာကြောင့် လွဲချော်ခဲ့ပါတယ်။၂၀၁၈ ကမ္ဘာ့ဖလားပွဲမှာတော့ သူပါဝင်ကစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာဖြစ်ပါတယ်။ ဂျာမနီအသင်းအတွက် ရူးစ်တစ်ယောက် ၄၈ ပွဲပါဝင်ကစားပေးထားပြီး ၁၅ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒေါ့မွန်ဟာ အောက်တိုဘာလာ ၁ ရက်နေ့မှာ ကိုလုံးအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

Crd ''
ဘောလုံးအားကစားသတင်းတွေ ဖတ်ရှု့ဖို့အတွက်
ညီမတို့ရဲ့ " Euro " Page ကို like လုပ်ထားလိုက်ပါနော်

နေပူဆာလှုံရင်း mama လို့ထိုးထားတဲ့ တက်တူးအသစ်ကိုပြသခဲ့တဲ့ ဂျော်ဂျီနာရိုဒရီဂွက်ဇ်ဂျော်ဂျီနာရိုဒရီဂွက်ဇ်တစ်ယောက် ချစ်သူခရစ...
19/09/2022

နေပူဆာလှုံရင်း mama လို့ထိုးထားတဲ့ တက်တူးအသစ်ကိုပြသခဲ့တဲ့ ဂျော်ဂျီနာရိုဒရီဂွက်ဇ်

ဂျော်ဂျီနာရိုဒရီဂွက်ဇ်တစ်ယောက် ချစ်သူခရစ္စတီယာနိုရော်နယ်ဒိုနဲ့အတူ ပေါ်တူဂီနိုင်ငံရဲ့ နေရောင်အောက်မှာ အနားယူရင်း သူမရဲ့မိခင်စိတ်ကို ဖော်ပြထားတဲ့ နောက်ထပ်တက်တူးအသစ်တစ်ခုကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။ ၂၈ နှစ်အရွယ် လစ္စဘွန်းကို သီးသန့်လေယာဉ်နဲ့ ခရီးသွားခဲ့ပုံတွေကိုလည်း ဖော်ပြခဲ့သလို ခရစ္စတီယာနိုရဲ့ ကျောကိုမှီပြီး ရိုက်ထားတဲ့ပုံတွေ၊ ခေါင်မိုးထပ်ရေကန်မှာ တစ်ယောက်တည်း ရပ်နေပုံတွေနဲ့ ပတ်ဝန်းကျင်က လှပတဲ့ရှုခင်းတွေကိုလည်း ဖော်ပြခဲ့ပါတယ်။
ကပ်ရှင်ကိုတော့ “ပိတ်ရက် ခံစားချက်”အနီရောင်အသည်းပုံလေးနဲ့ လို့ရေးထားပြီးသူမရဲ့ တက်တူး အသစ်လေးတွေကိုလည်း ပြသခဲ့ပါတယ်။ ညာဘက်လက်ဖျံကို ကင်မရာရှေ့မှာ ပြသခဲ့တာဖြစ်ပြီး mama ဆိုတဲ့ စကားလုံးကို ကလေးလက်ရေးလေးတွေနဲ့ ရေးထားတာ တွေ့ရပါတယ်။ ဂျော်ဂျီနာနဲ့ခရစ္စတီယာနိုတို့ဟာ ၄ နှစ်အရွယ် အလာနာမာတီနာဆိုတဲ့ သမီးလေးနဲ့ ဒီနှစ်အစောပိုင်းကမှ မွေးခဲ့တဲ့ ဘယ်လာအက်စ်မီရယ်ဒါဆိုတဲ့ သမီးလေးတွေကို မွေးထားပြီးဖြစ်ပါတယ်။
ဘောလုံးကြယ်ပွင့်ကြီးကတော့ အသက် ၁၂ နှစ်အရွယ် ခရစ္စတီယာနိုရော်နယ်ဒိုဂျူနီယာနဲ့ ၅ နှစ်အရွယ် အမွှာ အီဗာနဲ့ မတ်တီယိုတို့ကို အငှားကိုယ်ဝန်တွေနဲ့ မွေးဖွားခဲ့ပါတယ်။ ဂျော်ဂျီနာနဲ့ ခရစ္စတီယာနိုတို့ဟာ ဘယ်လာရဲ့ အမွာမောင်နှမသားယောကျ်ားလေးကို ဧပြီလတုန်းက ဆုံးရှုံးခဲ့ရကြောင်း ကြေညာခဲ့ပါတယ်။ ဒီနှစ်အစောပိုင်းကလည်း ဂျော်ဂျီနာက သူမရဲ့ဘယ်ဘက်လက်ဖျံမှာပဲ လှပတဲ့ဒီဇိုင်းနဲ့ နတ်သူငယ်ပုံလေးတစ်ပုံကိုလည်း ထိုးခဲ့ပါသေးတယ်။
ဂျော်ဂျီနာနဲ့ခရစ္စတီယာနိုတို့ရဲ့ ကြေကွဲဖွယ်ရာသတင်းကို ဧပြီမှာ ကြေညာခဲ့တာဖြစ်ပြီး သူတို့ရဲ့အင်စတာဂရမ်မှာ “ဝမ်းနည်းစရာအကောင်းဆုံး သတင်းတစ်ခုကို မပြောချင်ပဲပြောရပါတော့မယ်။ သားနဲ့သမီးအမွှာလေး မွေးဖွားခဲ့ပေမယ့် သားလေးကိုတော့ စိတ်မကောင်းစွာနဲ့ ဆုံးရှုံးခဲ့ရပါတယ်။ မိဘတစ်ဦးအနေနဲ့ အဆိုးရွားဆုံးနာကျင်မှုကို ခံစားရတာပါပဲ။ သမီးလေးကတော့ ကျန်းကျန်းမာမာနဲ့ မွေးဖွားခဲ့ပြီး ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာဖို့ မျှော်လင့်ပါတယ်။ အစွမ်းကုန်ကြိုးစားပေးခဲ့တဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေ၊ ပြုစုစောင့်ရှောက်ခဲ့သူတွေနဲ့ အားပေးခဲ့ကြသူတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ အခုတော့ ဒီဆုံးရှုံးမှုအတွက် ယူကြုံးမရဖြစ်မိတာကြောင့် အခုလိုခက်ခဲနေချိန်မှာ သီးသန့်နေခွင့်ပေးဖို့ တောင်းဆိုပါ။ သားလေးရေ မင်းကနတ်သားလေးဖြစ်မှာပါ၊ မင်းကိုအမြဲတမ်းချစ်နေမှာပါ”ဆိုပြီး ရေးသားခဲ့ပါတယ်။

Crd ''
ဘောလုံးအားကစားသတင်းတွေ ဖတ်ရှု့ဖို့အတွက်
ညီမတို့ရဲ့ " Euro " Page ကို like လုပ်ထားလိုက်ပါနော်

ဟာလန်းနဲ့ ပတ်သက်ပြီး ချီးကျူးစကားဆိုလိုက်တဲ့ ယူနိုက်တက်ဂန္ထဝင်ဟောင်း ဝိန်းရွန်းနီယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဝိန...
19/09/2022

ဟာလန်းနဲ့ ပတ်သက်ပြီး ချီးကျူးစကားဆိုလိုက်တဲ့ ယူနိုက်တက်ဂန္ထဝင်ဟောင်း ဝိန်းရွန်းနီ

ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက ဟာလန်းဟာ တကယ့်ထိပ်တန်းတိုက်စစ်မှူးတစ်ဦးဖြစ်တယ်လို့ ချီးကျူးခဲ့ပြီး စီးတီးမှာ စူပါစတားဖြစ်လာမယ်လို့ ခန့်မှန်းလိုက်ပါတယ်။
ဟာလန်းဟာ နွေရာသီတုန်းက ပေါင် ၅၁ သန်းနဲ့ ဒေါ့မွန်အသင်းထံကနေ စီးတီးကို ပြောင်းလာခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် ၇ ပွဲမှာ ၁၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ နော်ဝေသားဟာ အသက် ၂၂ နှစ်သားသာရှိသေးတာဖြစ်ပြီး အခုနှုန်းအတိုင်း ဆက်ထိန်းထားနိုင်မယ်ဆိုရင် အင်္ဂလန်ရဲ့ထိပ်ဆုံးစံချိန်တွေကို ချိုးဖျက်နိုင်ဖွယ်ရှိနေပါတယ်။
ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူး ရွန်းနီဟာ အလန်ရှီးယားပြီးရင် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဒုတိယမြောက်ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နေကာ ဟာလန်းက လိုက်မီလာနိုင်တာဖြစ်ပါတယ်။ ယူနိုက်တက်နဲ့အတူ ရွန်းနီဟာ ပရီးမီးယားလိဂ်ချန်ပီယံဆု ၅ ကြိမ် ၊ ချန်ပီယံလိဂ် ၊ ယူရိုပါလိဂ် ၊ အက်ဖ်အေနဲ့ လိဂ်ဖလား ၃ ကြိမ်ရရှိခဲ့ပါတယ်။
အသက် ၃၆ နှစ်သားဟာ လက်ရှိမှာ ဒီစီယူနိုက်တက်နည်းပြလုပ်နေပြီး ယခင်က ဒါဘီအသင်း နည်းပြလုပ်ခဲ့တာဖြစ်ပါတယ်။“မှန်ပါတယ်။ သူက တကယ်အကောင်းဆုံးလုပ်ပြနေတာပါ။ ဒေါ့မွန်နဲ့ပွဲတုန်းက သူ့ဂိုးကို ကြည့်ဖြစ်ပါတယ်။ တကယ့်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။ အဲ့မတိုင်ခင် သူအခွင့်အရေးတစ်ကြိမ်ရခဲ့ပါသေးတယ်။ သူက အပြင်ဘက်မှာဆိုရင် ဘယ်ခြေကိုပဲ အသုံးပြုပါတယ်။ သူဘာကြောင့် ညာခြေကို အသုံးမပြုတာလဲ။ ကျွန်တော်ပြောဖူးပါတယ်။ တခါတလေမှာ တိုက်စစ်မှူးတစ်ဦးက လိုအပ်လာရင် အားနည်းတဲ့ခြေထောက်ကိုလည်း အသုံးပြုသင့်ပါတယ်။ ဒေါ့မွန်နဲ့ပွဲက သွင်းဂိုးဆို တကယ်ကောင်းပါတယ်။ သူက စီးတီးကို မတူညီတဲ့ အသင်းမျိုးဖြစ်အောင် လုပ်ဆောင်နေတာပါ။ သူက တကယ့်ကို စမတ်ကျပါတယ်။ စီးတီးမှာ စူပါစတားဖြစ်လာနိုင်ပါတယ်”လို့ ရွန်းနီက ပြောကြားခဲ့ပါတယ်။

Crd ''
ဘောလုံးအားကစားသတင်းတွေ ဖတ်ရှု့ဖို့အတွက်
ညီမတို့ရဲ့ " Euro " Page ကို like လုပ်ထားလိုက်ပါနော်

 :နယူးကာဆယ်အသင်းထံ အလွတ်နဲ့ပြောင်းရွှေ့သွားပြီဖြစ်တဲ့ ကာရီးယက်စ်... : နယူးကာဆယ်အသင်းထံ အလွတ်နဲ့ပြောင်းရွှေ့သွားပြီဖြစ်တဲ...
13/09/2022

:နယူးကာဆယ်အသင်းထံ အလွတ်နဲ့ပြောင်းရွှေ့သွားပြီဖြစ်တဲ့ ကာရီးယက်စ်...

: နယူးကာဆယ်အသင်းထံ အလွတ်နဲ့ပြောင်းရွှေ့သွားပြီဖြစ်တဲ့ ကာရီးယက်စ်

Crd ''
ဘောလုံးအားကစားသတင်းတွေ ဖတ်ရှု့ဖို့အတွက်
ညီမတို့ရဲ့ " Euro " Page ကို like လုပ်ထားလိုက်ပါနော်

အဲရစ်တန်ဟတ်က လီဗာပူးကို ဘယ်လိုအနိုင်ယူရမလဲဆိုတာ လမ်းပြပေးသွားခဲ့ပြီး ဖြစ်တယ်လို့ ဆိုလိုက်တဲ့ အေဂျက်စ်နည်းပြဒက်ချ်လိဂ်ချန...
13/09/2022

အဲရစ်တန်ဟတ်က လီဗာပူးကို ဘယ်လိုအနိုင်ယူရမလဲဆိုတာ လမ်းပြပေးသွားခဲ့ပြီး ဖြစ်တယ်လို့ ဆိုလိုက်တဲ့ အေဂျက်စ်နည်းပြ

ဒက်ချ်လိဂ်ချန်ပီယံ အေဂျက်စ်အသင်းရဲ့ နည်းပြ အဲလ်ဖရက်ရှုဒါက ချန်ပီယံလိဂ် အုပ်စုပွဲစဉ် (၂) အဖြစ် ၂၀၂၀-၂၁ ဘောလုံးရာသီမှာ ချန်ပီယံဖြစ်ထားခဲ့တဲ့ ဂျာဂန်ကလော့ရဲ့ လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်ကစားရတော့မယ့်အပေါ် ဘယ်လိုအနိုင်ယူသွားမလဲဆိုတာကို သိရှိပြီး ဖြစ်တာကြောင့် အစီအစဉ်ရေးဆွဲပြီးတဲ့ အကြောင်း အရိတ်အမြွတ်ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။
အဲလ်ဖရက်ရှုဒါက ပြီးခဲ့တဲ့လမှာ ယူနိုက်တက်အသင်းက လီဗာပူးအသင်းကို ၂ဂိုး - ၁ဂိုး နဲ့အနိုင်ယူခဲ့တဲ့ ဖြစ်စဉ်ကို ရည်ညွှန်းပြီး အဆိုပါ စကားရပ်ကို ပြောဆိုခဲ့တဲ့ နေရာမှာ အေဂျက်စ်အသင်းကို ပြီးခဲ့တဲ့ နှစ်ရာသီကုန်အထိ ကိုင်တွယ် သွားခဲ့တဲ့ နည်းပြ အဲရစ်တန်ဟတ်အနေဖြင့် ဂျာမနီလူမျိုးနည်းပြ ဂျာဂန်ကလော့ ကိုင်တွယ်နေတဲ့ အန်းဖီးလ်အခြေစိုက် အသင်းကို ဘယ်လိုအနိုင်ရယူရမလဲဆိုတာကို ရှေးပြေးအနေဖြင့် နည်းဗျူဟာပိုင်း ပြသနိုင်ခဲ့တဲ့ကြောင်းနဲ့ ဘယ်လို အနိုင်ရယူရမလဲဆိုတာကို သူ့အနေဖြင့်လည်း သိရှိပြီး ဖြစ်တဲ့ အကြောင်းကို ပြောဆိုလိုက်တာပါ။
ယူနိုက်တက်အသင်းကို အဲရစ်တန်ဟတ် ပြောင်းရွှေ့သွားပြီးနောက် အေဂျက်စ်အသင်းရဲ့ နည်းပြ အဖြစ် ကလပ်ဘရုဂျက်စ် အသင်းမှာ ရောက်ရှိလာတဲ့ အသက် ၄၉နှစ်အရွယ် အဲလ်ဖရက်ရှုဒါက လီဗာပူးအသင်းကို အနိုင်ယူနိုင်ဖို့ မျှော်လင့်ထားတဲ့အကြောင်းကို“ကျွန်တော်တို့ ယူနိုက်တက်အသင်း နဲ့ လီဗာပူးတို့ ကစားခဲ့တဲ့ ပွဲစဉ်ကို စောင့်ကြည့်ဖြစ်ခဲ့ကြပါတယ်။ သူတို့ အဲ့ဒီပွဲမှာ လီဗာပူးကို အနိုင်ရအောင် ဘယ်လို ကစားသွားကြလဲဆိုတာ လေ့လာခွင့် ရခဲ့ပြီး ကျွန်တော်တို့လည်း သူတို့လို ကစားနိုင်မယ်လို့ ယုံကြည်နေပါတယ်”
“လီဗာပူးလို အသင်းမျိုးနဲ့ ကစားရတဲ့အခါ ဘောလုံး မဆုံးရှုံးရအောင် သေချာ ထိန်းကစားဖို့ လိုပြီး တချို့နေရာတွေမှာတော့ ပြတ်သားတဲ့ ဘောလုံးပေးဖို့ မှုတွေကို ရဲရဲရင့်ရင့် လုပ်ဆောင်သွားဖို့ လိုပါတယ်” “တစ်ခုရှိတာက လီဗာပူးအသင်းအနေဖြင့် ပြီးခဲ့တဲ့ အုပ်စု ပွဲစဉ်မှာ နာပိုလီအသင်းကို ၄ဂိုး - ၁ဂိုး ဖြင့် ရှုံးနိမ့်ထားခဲ့တာကြောင့် အန်ဖီးလ်ကွင်းမှာ ကျားနာခဲ ခဲလာဖို့ ကြိုးစားလာမှာ ဖြစ်လို့ နည်းနည်းတော့ ရွံ့နေမိပေမဲ့ ကျွန်တော်တို့ရဲ့ အစီအစဉ်နဲ့ နည်းစနစ်အတိုင်းသာ ကစားသွားနိုင်မယ်ဆိုရင် သေချာပေါက် အခွင့်အရေးကောင်းတွေ ရလာမှာပါ”လို့ လီဗာပူး အသင်းကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ် အုပ်ပွဲစဉ်မတိုင်မီ မီဒီယာတွေအား ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Crd ''
ဘောလုံးအားကစားသတင်းတွေ ဖတ်ရှု့ဖို့အတွက်
ညီမတို့ရဲ့ " Euro " Page ကို like လုပ်ထားလိုက်ပါနော်

၂၀၂၁-၂၂ ဘောလုံးရာသီအတွက် အမြတ်ငွေဒေါ်လာ ၁၁ သန်း အထိ စုဆောင်းနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်စပိန်လာလီဂါ အင်အားကြီး ကလပ် ရီးရဲလ...
13/09/2022

၂၀၂၁-၂၂ ဘောလုံးရာသီအတွက် အမြတ်ငွေဒေါ်လာ ၁၁ သန်း အထိ စုဆောင်းနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

စပိန်လာလီဂါ အင်အားကြီး ကလပ် ရီးရဲလ်မက်ဒရစ်အသင်းက ၂၀၂၁-၂၂ ဘောလုံးရာသီတွင် ပြည်တွင်းရဲ့ အဓိက ဆုဖလားဖြစ်တဲ့ လာလီဂါအမှတ်ပေးဖလား အပါအဝင် ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ ဗိုလ်စွဲနိုင်ခဲ့တာကြောင့် ဆုကြေးငွေတွေနဲ့အတူ ရုပ်သံထုတ်လွှင့်ခွင့်တွေမှ ငွေကြေး အမြတ်အစွန်းများစွာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဥက္ကဌဖြစ်တဲ့ ပီရက်ဇ် က ဘာနေဗျူးမှာ ပြုလုပ်ခဲ့တဲ့ ကလပ်အသင်းရဲ့ ရှယ်ယာရှင်တွေနဲ့ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲအတွင်းမှာ ပြီးခဲ့တဲ့ နှစ်အစောပိုင်းမှာ ကိုဗစ်အရှုပ်အထွေးကြောင့် ကလပ်အသင်းအများစု ငွေကြေးပြဿနာတက်နေကြတာ ဖြစ်ပေမဲ့ ရီးရဲလ်မက်ဒရစ်အသင်းအနေဖြင့် အမြတ်ငွေ ပေါင်၁၁သန်း အထိ ရရှိထားခဲ့တာ ဖြစ်တဲ့အကြောင်း ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
စပိန်လာလီဂါချန်ပီယံဘက်က တရားဝင် ထုတ်ပြန်လာတဲ့ ဖော်ပြချက်အရ ကလပ်အသင်းရဲ့ တန်ကြေးကလည်း ပြီးခဲ့တဲ့နှစ်မှာ ပေါင် ၄၆၃သန်း ရှိနေခဲ့ရမှာ ယခုနှစ်မှာတော့ ပေါင် ၄၇၃သန်း အထိ တန်ကြေးမြင့်လာခဲ့ပြီ ဖြစ်တာကြောင့် ၃နှစ်ဆက်တိုက် တန်ကြေးမြင့်တက်လာခဲ့တာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းဘက်အသင်းအနေဖြင့် စုစုပေါင်း ဝင်ငွေ ပေါင် ၅၆၆ သန်းအထိ ရရှိခဲ့တာကြောင့် ၂၀၂၀-၂၁ ရာသီမှာ ရရှိခဲ့တဲ့ ပေါင် ၅၂၆သန်း နှိုင်းယှဉ်ကြည့်ပါက ၁၀%လောက်အထိကို မြင့်တက်လာခဲ့ပါတယ်။ အဆိုပါ ပမာဏဟာ ချန်ပီယံလိဂ် ၁၄ကြိမ်မြောက် ချန်ပီယံဖြစ်ထားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းအတွက်တော့ ကိုဗစ်အကြပ်အတည်းကြောင့် ဆုံးရှုံးဖြစ်မှု ဖြစ်ပေါ်ခဲ့တဲ့ ပေါင် ၃၄၇သန်းကို ကောင်းကောင်းကြီး ဖာထေးပေးနိုင်ခဲ့ပါတယ်။
ကစားသမားအဝင်အထွက်ဘက်မှလည်း ကာလရှည်အားထားခဲ့ရတဲ့ ဘရာဇီးကွင်းလယ် ကွင်းလယ်ကစားသမား ကက်စ်မဲရိုးကို ရော်နယ်ဒိုနဲ့ ဒီမာရီယာ တို့နောက်ပိုင်း ရီရဲလ်မက်ဒရစ်အသင်းရရှိခဲ့တဲ့ ပြောင်းရွှေ့ကြေးပမာဏ အများဆုံးအဖြစ် မန်ချက်စတာယူနိုက်တက် အသင်းကို ပေါင်သန်း ၇၀ ဝန်းကျင်ဖြင့် ရောင်းချနိုင်ခဲ့တာကြောင့် အခြားသော အပြောင်းအရွှေ့အားလုံးကို ခြုံငုံတွက်ထုတ်ကြည့်တဲ့အခါ ဘာနေဗျူးအခြေစိုက် ကလပ် အတွက်တော့ ပေါင် ၈သန်း လောက်အထိ အပိုကျန်သွားခဲ့တာပဲဖြစ်ပါတယ်။

Crd ''
ဘောလုံးအားကစားသတင်းတွေ ဖတ်ရှု့ဖို့အတွက်
ညီမတို့ရဲ့ " Euro " Page ကို like လုပ်ထားလိုက်ပါနော်

ယူနိုက်တက်ကို ဘာကြောင့်ပြောင်းလာခဲ့လဲဆိုတာကို ရှင်းပြလိုက်တဲ့ အဲရစ်ဆင်ယူနိုက်တက်ကွင်းလယ်လူ ခရစ္စတီယန်အဲရစ်ဆင်က နှလုံးဝေဒ...
13/09/2022

ယူနိုက်တက်ကို ဘာကြောင့်ပြောင်းလာခဲ့လဲဆိုတာကို ရှင်းပြလိုက်တဲ့ အဲရစ်ဆင်

ယူနိုက်တက်ကွင်းလယ်လူ ခရစ္စတီယန်အဲရစ်ဆင်က နှလုံးဝေဒနာကြောင့် ကစားသမားဘဝကနေ အနားယူခဲ့ရပြီးနောက် ထိပ်တန်းအဆင့်မျိုးပြန်ရောက်ချင်တာကြောင့် ယူနိုက်တက်ကို ပြောင်းလာခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ယူနိုက်တက်ဟာ အဲရစ်ဆင်ကို ဘရန့်ဖို့ဒ်အသင်းထံကနေ အလွတ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ယခင်ဇန်နဝါရီတုန်းက ဒိန်းမတ်သားဟာ ဘရန့်ဖို့ဒ်ကို ပြောင်းလာခဲ့တာဖြစ်ပါတယ်။ ယခင် ၆ လတုန်းက ဒိန်းမတ်သားဟာ ယူရို ၂၀၂၀မှာ နိုင်ငံအသင်းအတွက် ကစားပေးရင်း နှလုံးရပ်သွားခဲ့တာဖြစ်ပါတယ်။ အဲ့နောက် နှလုံးအစားထိုးစက်တပ်ခဲ့ရပြီး အီတလီမှာက အဆိုပါစက်နဲ့ကစားတာကို တားမြစ်ထားတာကြောင့် စာချုပ်ဖျက်သိမ်းခဲ့ရပါတယ်။
အသက် ၃၀ အရွယ်ကစားသမားဟာ ကာလတိုစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ဘရန့်ဖို့ဒ်အသင်းမှာ ပြန်လည်ခြေစွမ်းတက်လာခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် လုံလောက်တဲ့အခွင့်အရေးရချင်ပါတယ်။ ဒါကြောင့်လည်း ဒီကိုရွေးချယ်ခဲ့တာပါ။ မှန်ပါတယ်။ ကျွန်တော် ဘရန့်ဖို့ဒ်မှာ ဆက်နေချင်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်ပြောသလို ကျွန်တော့်ကစားသမားဘ၀ နောက်တစ်ဆင့် တက်ချင်တာကြောင့် ယူနိုက်တက်ကိုပြောင်းလာခဲ့တာပါ။ ယူနိုက်တက်က ကမ္ဘာပေါ်မှာအကြီးမားဆုံး အသင်းတွေထဲက တစ်သင်းပါ။ အစောပိုင်းက ဖြစ်ခဲ့တာတွေကို ပြန်ပြီး အဖတ်ဆယ်တာပါ။ ကျွန်တော် ယူနိုက်တက်လို အသင်းမျိုးမှာ ထိပ်တန်းအဆင့် စွမ်းဆောင်ရည်မျိုးပြသလိုပါတယ်”လို့ အဲရစ်ဆင်က ပြောကြားခဲ့ပါတယ်။

Crd ''
ဘောလုံးအားကစားသတင်းတွေ ဖတ်ရှု့ဖို့အတွက်
ညီမတို့ရဲ့ " Euro " Page ကို like လုပ်ထားလိုက်ပါနော်

Address

No(61), San Daw Twin Road
Bago
11181

Website

Alerts

Be the first to know and let us send you an email when Euro Football ဘောလုံးသတင်းနှင့်စီးပွားရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share