Shwe Wutt Hmone

Shwe Wutt Hmone

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Wutt Hmone, Sports, Bo Gyoke Street, Hpa-an.

10/05/2026

Congratulations..Champion..Van..Fearless..

13/02/2026

မင်္ဂလာပါ. ဒီနေ့ကတော့ ရွှေဝတ်မှုံ အားကစားပစ္စည်းဆိုင်ရဲ့ ၁၀နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်တဲ့အတွက် ဒီနေ့မှာ လာရောက်ဝယ်ယူသောပစ္စည်းများအား 10% Discount ပေးနေပါပြီဖြစ်​ကြောင်း ဝယ်ယူအား​ပေးသူ ထမင်းရှင်အပေါင်းအား အသိပေးလိုက်ပါတယ်..ထမင်းရှင်များ ကျန်းမာ ချမ်းသာကြပါစေကြောင်း ရွှေဝတ်မှုံမိသားစုမှ ဆုတောင်းပေးပါတယ်..

25/12/2025

ခြေဖနောင့် အတက်ထွက်တာလား?အရွတ်နာတာလား?

မနက်အိပ်ရာထ ခြေထောက်မြေချလိုက်ရင် ဖနောင့်အောင့်နေပြီလား?
(Understanding Plantar Fasciitis: The Hidden Chain Reaction)
မနက်မိုးလင်း အိပ်ရာကနိုးလို့ ခြေထောက်ကို ကြမ်းပြင်ပေါ် စချလိုက်တဲ့ အချိန်မှာ...
"အား... ကျွတ်... ကျွတ်..."
ဖနောင့်အောက်ခြေက စူးခနဲ နေအောင် နာကျင်ဖူးပါသလား?
လမ်းနည်းနည်း လျှောက်လိုက်ရင် ပြန်သက်သာသွားသလို ရှိပေမယ့်၊ နောက်နေ့မနက်ကျရင် ဒီအတိုင်း ပြန်ဖြစ်နေတုန်းပဲလား?
ဒါဟာ သာမန်ညောင်းညာတာ မဟုတ်ပါဘူး။ Plantar Fasciitis (ခြေဖဝါး အရွတ်ရောင်ခြင်း) လို့ခေါ်ပါတယ်။ ဒီရောဂါရဲ့ တကယ့်တရားခံက သင်ထင်ထားတဲ့ နေရာမှာ မဟုတ်ပါဘူး။
တရားခံက ဘယ်သူလဲ?
ခြေဖဝါးနာရင် ခြေဖဝါးကိုပဲ ဆေးလူး၊ ရေနွေးစိမ်နေလို့ မပျောက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြဿနာရဲ့ အစက "ခြေသလုံး (Calves)" မှာ ဖြစ်နေလို့ပါ။
၁။ ခြေဖဝါးအောက်က အရွတ်ပြား (Plantar Fascia) ဟာ ဖနောင့်ရိုး (Calcaneus) မှာ လာချိတ်ပါတယ်။
၂။ အဲဒီ ဖနောင့်ရိုးရဲ့ အနောက်ဘက်မှာကျတော့ ခြေသလုံးကြွက်သားအရွတ် (Achilles Tendon) က လာချိတ်ထားပြန်ပါတယ်။

The Chain Reaction (ကွင်းဆက် တုံ့ပြန်မှု)
သင့်ရဲ့ ခြေသလုံးကြွက်သား (Calves) တွေ အရမ်းတင်းနေတဲ့အခါ...
အနောက်က Achilles Tendon က ဖနောင့်ရိုးကို အပေါ်ဘက် ကော့တက်အောင် အတင်း ဆွဲတင်ပါတယ်။
ဖနောင့်ရိုး နောက်လန်သွားတဲ့အခါ ခြေဖဝါးအောက်က Plantar Fascia အရွတ်ပြားခမျာ လေးကိုင်းကြိုးလိုမျိုး အတင်းအဓမ္မ ဆွဲဆန့်ခံလိုက်ရပါတယ် (Stretched Tight)။
ညဘက်အိပ်တော့ အရွတ်က ပြန်ကျုံ့ပြီး အနားယူပါတယ်။ မနက်မိုးလင်းလို့ ခန္ဓာကိုယ်အလေးချိန် (Weight) နဲ့ ဖိချလိုက်တဲ့အချိန်မှာ တင်းပြီးသား အရွတ်က ဒဏ်မခံနိုင်တော့ဘဲ အထဲမှာ အစအနလေးတွေ စုတ်ပြဲ (Micro-tears) ကုန်တာပါ။ ဒါကြောင့် "စူး" ခနဲ နာတာပါ။
The Trainer Fix (ဘယ်လို အမြစ်ဖြတ်မလဲ?)
ရေဘူးအေးအေးလေး လှိမ့်တာက ခဏပဲ သက်သာစေမှာပါ။ အမြစ်ပြတ်ချင်ရင် "Calves (ခြေသလုံး)" ကို ကုရပါမယ်။
1. Release the Tension
Soleus နဲ့ Gastrocnemius (ခြေသလုံးကြွက်သား နှစ်မျိုးလုံး) ကို Foam Roller သုံးပြီး သေချာ ဖိလှိမ့်ဖြေလျှော့ပါ။ ခြေသလုံးပျော့သွားရင် ဖနောင့်ရိုးကို ဆွဲထားတာ လျော့သွားပါလိမ့်မယ်။
2. Stretch Correctly
Calf Stretch လုပ်တဲ့အခါ ၂ မျိုး လုပ်ရပါမယ်။
ဒူးဆန့်ပြီး ဆွဲခြင်း (For Gastrocnemius)
ဒူးကွေးပြီး ဆွဲခြင်း (For Soleus)
3. Strengthen the Foundation
"Short Foot Exercise" လုပ်ပါ။ ခြေချောင်းလေးတွေကို ကွေးပြီး ကြမ်းပြင်ကို ကုတ်တဲ့ လေ့ကျင့်ခန်း လုပ်ပေးရင် ခြေဖဝါးကြွက်သား (Intrinsic Muscles) တွေ သန်မာလာပြီး အရွတ်ပြားကို ဝန်ပိတာ သက်သာစေပါတယ်။
"ခြေထောက်သည် ခန္ဓာကိုယ်၏ အောက်ခြေအုတ်မြစ်ဖြစ်သည်"
မနက်ခင်းတိုင်းကို နာကျင်မှုကင်းစွာ ဖြတ်သန်းချင်ရင် ဒီနည်းလမ်းတွေကို ဒီနေ့ပဲ စမ်းကြည့်လိုက်ပါ။
Body Mechanic အကြောင်းတွေကို စနစ်တကျလေ့လာချင်ရင် မှာ လေ့လာနိုင်ပါတယ်။
ကျန်းမာကြပါစေ။
လေးစားလျက်-
နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ
Founder of MFTA Education Team
#ဝိတ်ချခြင်းအနုပညာ

22/12/2025

နှလုံးကျန်းမာရေးအတွက် ခြေသလုံးကို ဂရုစိုက်ပါ

#ဒုတိယမြောက်နှလုံး - ခြေသလုံး ကို ဂရုစိုက်ပါ။

# ကျွန်တော်တို့ရဲ့ ခြေသလုံး ကြွက်သား တွေဟာ နှလုံးကျန်းမာရေး အတွက် များစွာ အထောက်အကူ ပြုတယ် ဆိုတာ သိပါသလား......!

# နှလုံးရဲ့ သွေးလွှတ်ကြောကနေ ခန္ဓာကိုယ် အနှံ့ကို ညှစ်ပို့လိုက် တဲ့ သွေးတွေကို ခြေသလုံး ကြွက်သား များက သွေးပြန်ကြောမှတစ်ဆင့် နှလုံးဆီကိုကောင်းကောင်း ပြန်ရောက် အောင် ပို့ပေးတဲ့ အခန်းကဏ္ဍမှာ ပါ၀င် နေပါတယ်။

# သူ့တို့ရဲ့ အရေးပါမှုကြောင့် ဒုတိယနှလုံးလို့တောင် တင်စား ခေါ်ကြပါတယ်။

** ဒုတိယ နှလုံးက ဘယ်လို အလုပ် လုပ်သလဲ **

>ကျွန်တော်တို့တွေ လမ်းလျှောက်တဲ့အခါ ပြေးတဲ့အခါ မှာ ခြေသလုံး ကြွက်သား တွေကို ညှစ်ကြရပါတယ်။
ဒီလို ညှစ်လိုက်တဲ့အခါမှာ ခန္ဓာကိုယ် အောက်ပိုင်းမှာ ရှိတဲ့ သွေးတွေ ကို သွေးပြန်ကြော ကနေ တဆင့် နှလုံး ကို ရောက်အောင် ပို့ပေး လိုက်ကြပါတယ်။

>မြင်သာအောင် ဥပမာ ပေးရရင် သွေးတွေကို ခြေသလုံးက နေ pumpနဲ့ နှလုံးဆီ ရောက်အောင် သွေးပြန်ကြောတွေက နေ တွန်းပို့ လိုက်သလိုပါပဲ

>နှလုံးနှင့်ဝေးရာ အောက်ပိုင်းတွင် ရှိသော သွေးများက နှလုံး ထဲကို ကောင်းစွာ ပြန်လည်၀င်ရောက် ခြင်း သည် သွေးလည် ပတ်မှု ကို ကောင်းမွန် စေပြီး သွေးပြန်ကြောပိတ် သောရောဂါ၊ သွေးပြန်ကြောထုံးသော ရောဂါများကိုပါ ကြိုတင် ကာကွယ်ပေးရာ ရောက်ပါသည်။

>နှလုံးကျန်းမာရေး အတွက် ခြေသလုံးကြွက်သား တွေ ကို ဘယ်လို လေ့ကျင့်ကြမလဲ.....?

-လမ်းလျှောက်ခြင်း

-ပြေးခြင်း

-စက်ဘီးနင်းခြင်း

-ကြိုးခုန်ခြင်း

-ခြေထောက် အကြောလျှော့ခြင်း(Stretching)

-နှိပ်နယ် ပေးခြင်း

-ခြေဖျား ထောက်၍ နိမ့်ချည် မြင့်ချည် လုပ်ပေးခြင်း(Calf raise exercise)

ခန္ဓာကိုယ် မှာ သွေးလည်ပတ်မှု မကောင်းဘူး ဆိုရင်

>အထိုင်များပြီး ကိုယ်လက် လှုပ်ရှားမှု နည်းတဲ့အခါမှာ
ကမ္ဘာဆွဲအား အရ သွေးတွေဟာ ခန္ဓာ ကိုယ်ရဲ့ အောက်ပိုင်းနေရာ ဖြစ်တဲ့ ခြေထောက်မှာ လာရောက် စုအိုင် တတ်ကြပါတယ်

>အကြာကြီး ခြေထောက် မလှုပ်ရှားပဲနေခြင်းက အန္တရာယ်ရှိပါတယ်၊

>တရားထိုင်တာတောင်
ပုံစံတမျိုးထဲအကြာကြီးမထိုင်သင့်ပါ၊
လျောင်း ထိုင် ရပ် သွား မျှတသင့်ပါတယ်

>ကိုယ်လက် ခြေ လှုပ်ရှားမှုလုပ်ပြီး
သွေးလှည့်ပတ်မှုကောင်းပါစေ

နှလုံးက အရေးကြီးသလို
ဒုတိယနှလုံးဖြစ်တဲ့ ခြေထောက်ကိုလည်း ဂရုစိုက်ကြပါ

ဆောင့်ကြောင့်ထိုင်အိမ်သာတက်ပြီး ရုတ်တရက်ထလိုက်တဲ့အချိန် သွေးတွေဆောင့်တက်သွားတတ်လို့ သတိထားကြပါ၊
ဘိုထိုင်အိမ်သာမရှိရင် အိမ်သာအကြာကြီး မထိုင်ပါနဲ့
ထိုင်မိလို့ အထမှာ ရုတ်တရက်မထပါနဲ့ ဖြေးဖြေးထပါ
အထူးသဖြင့် သွေးတိုးသမားများဂရုစိုက်ပါ

ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏

သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။

ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။

#ကျန်းမာရေး #ဗဟုသုတ #စာပေ
#နွယ်မြက်သစ်ပင်ဆေးဖက်ဝင်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်

18/12/2025

လမ်းလျှောက်ခြင်းက စတင်ပါ...

Photos from Shwe Wutt Hmone's post 11/12/2025

ဂိုးလက်အိတ်၊ခြေစွပ်၊ခြေသလုံးကာ၊ဒူးစွပ်၊တံတောင်စွပ်၊ခြေကျင်းဝတ်စွပ်၊ဘောကာ စသော ပစ္စည်းအမျိုးအစားအစုံ အသင့်ရှိပါတယ်

Photos from Kalaw Ultra Trail Run's post 10/12/2025

ဘားအံမြို့မှ Trail Running စိတ်ဝင်စားသူများ join သင့်သော ပြိုင်ပွဲပါ..ကလောမြို့ရဲ့သဘာဝကိုခံစားရင်း ကိုယ့်ရဲ့ကျန်းမာရေးကိုလည်းစစ်ဆေးရင်း..အရမ်းမိုက်တဲ့ Race T shirt/Finisher T shirt/Medal ကိုယူရင်းနဲ့..💪🏅🎖

Photos from Shwe Wutt Hmone's post 09/12/2025

မင်္ဂလာပါ...ရွှေဝတ်မှုံအားကစားပစ္စည်းဆိုင်တွင် ရရှိနိုင်သော ပစ္စည်းများကို ဖော်ပြပေးလိုက်ပါတယ်..အားကစားနှင့်ပတ်သက်သော ဗဟုသုတ များနှင့် item များအကြောင်းကို အလျဥ်းသင့်သလို ဝေမျှသွားမှာဖြစ်တာမို့ ကျေးဇူးပြု၍ Follow ထားကြပါ..

Want your business to be the top-listed Gym/sports Facility in Hpa-an?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Bo Gyoke Street
Hpa-an
13011