The Nandawun Mind

The Nandawun Mind

Share

More than football. A way of thinking.

02/09/2026

Transfer deadline day ဖြတ်သန်းမှုကို ပြန်လည်သုံးသပ်ခြင်း

01/09/2026

Deadline day Live

01/09/2026

အကြွားပို့စ်ပါ။ ကျွန်တော် ဂုဏ်ယူစွာ ကြွားတဲ့ ပို့စ်ပါ။

ကျွန်တော့်သမီးလေးက World Scholar's Cup ပြိုင်ပွဲအတွက် နိုင်ငံတကာက ကျောင်းသားတွေနဲ့ ထိုင်းနိုင်ငံမှာ ပြိုင်ပွဲသွားဝင်ခဲ့ပါတယ်။ ပြိုင်ပွဲမှာ စွမ်းဆောင်ရည်ကောင်းခဲ့လို့ USA မှာ သွားပြိုင်တဲ့ အဆင့်အထိ တက်သွားပါပြီ။ မြန်မာနိုင်ငံက အသင်းလိုက် ငွေတံဆိပ် ရခဲ့ပြီး သူတဉီးချင်းအနေနဲ့ ဆုတံဆိပ် ၈ ခုရခဲ့ပါတယ်။ ဂုဏ်ယူပါတယ် သီရိရေ။ စွပ်ကျယ်အစုတ်နဲ့ ပျိုးထောင်ရကျိုးနပ်ပါတယ်။

01/09/2026

အက်စတွန်ဗီလာ ၀-၁ အာဆင်နယ် ပွဲနဲ့ ပတ်သက်ပြီး ရင်ထဲမှာ မေးခွန်းတချို့ ကျန်ခဲ့ပါတယ်။ အစောပိုင်းလေးက လွှင့်လိုက်တဲ့ live ထဲမှာတော့ တချို့မေးခွန်းတွေကို ဖြေရင်း ပြောသွားပါတယ်။ အခုတော့ အာဆင်နယ် ပရိသတ်တွေရင်ထဲမှာလည်း မေးခွန်းတွေ ဘယ်လောက်ရှိမလဲ ဆိုတာ သိချင်ပါတယ်။ မေးချင်ရာသာ မေးခဲ့ပါ။ အတူတူပေါင်းဖြေလို့ရတာတွေနဲ့ တခုတည်း ဖြစ်နေရင်တောင် အရမ်းကောင်းတယ်လို့ ယူဆတဲ့ မေးခွန်းတွေကို ဖြေပေးသွားပါမယ်။

*** ဈေးနှုန်းချိုသာပီးအရည်အသွေးကောင်းမွန်တဲ့ဂျာစီတွေကိုဝယ်ယူချင်တဲ့ဘောလုံးဝါသနာရှင်တွေအတွက် Aura Wear မှာယုံကြည်စိတ်ချစွာအားပေးနိုင်ပါတယ်။

01/09/2026

Aston Villa 0-1 Arsenal (Live Analysis)

31/08/2026

ချယ်လ်ဆီး က စိတ်လှုပ်ရှားစရာ အကောင်းဆုံးအသင်း၊ ယုံကြည်ရန် ခက်ခဲနေဆဲ အသင်း
-----------------------------

အဖွင့်ပွဲမှာ ဖူလ်ဟမ် ကို 3–2 ဖြင့်အနိုင်ရခဲ့စဉ်က ချယ်လ်ဆီး၏ တိုက်စစ်သစ်ကို ပထမဆုံးမြင်ခဲ့ရသည်။ ဂျော်အိုပတ်ဒရို ၏ လှုပ်ရှားမှု၊ ပါလ်မာ ၏ ဖန်တီးမှုနှင့် တိုက်စစ် ကစားသမားများအကြား နေရာလဲလှယ်မှုတို့က ဇာဘီအလွန်ဆို ၏ ချယ်လ်ဆီး သည် ဂိုးဖန်တီးနိုင်သောအသင်းဖြစ်မည်ဟု ပြသခဲ့သည်။

ဒါပေမယ့် ဖူလ်ဟမ်နှင့် ပွဲ၏နောက်ဆုံးမိနစ်များမှာ ချယ်လ်ဆီး က ပွဲကို မည်သို့ပိတ်သိမ်းရမည်ဆိုတာ မသိသေးကြောင်းလည်း တွေ့ခဲ့ရသည်။
ဘရိုက်တန် နှင့် ဒုတိယ ပွဲက ထိုသတိပေးချက်ကို ပိုမိုကြီးမားစွာ ပြန်လည်ထုတ်ဖော်ခဲ့သည်။

ချယ်လ်ဆီး က ၃ ဂိုးပြတ်ဖြင့် ဦးဆောင်ခဲ့သည်။ လာဗီယာ၊ နက်တို နှင့် ဂျော်အိုပတ်ဒရို တို့၏ဂိုးများကြောင့် ပွဲသည် ပထမပိုင်းအတွင်းမှာပင် ပြီးဆုံးသွားပြီဟု ထင်ရသည်။ ချယ်လ်ဆီး ၏ တိုက်စစ်လှုပ်ရှားမှုက မြန်ဆန်ပြီး ပြိုင်ဘက်နောက်တန်းကို အလျားလိုက်လည်း ဖြန့်ထားနိုင်သလို ဒေါင်လိုက်လည်း ထိုးဖောက်နိုင်ခဲ့သည်။

သို့သော် ထိန်းချုပ်မှုဟူသည် ဘောလုံးပိုင်ဆိုင်မှုနှင့် ဂိုးအသာစီးကိုသာ မဆိုလိုပါ။ ပြိုင်ဘက်ရဲ့စိတ်ဓာတ်ကို ပြန်လည်အသက်မဝင်စေရန် ထိန်းချုပ်နိုင်ခြင်း၊ မိမိအသင်း၏ ပုံသဏ္ဌာန်ကို မပျက်စီးစေရန် ထိန်းထားနိုင်ခြင်းနှင့် ပွဲ၏အရှိန်ကို လိုအပ်သလို လျှော့ချနိုင်ခြင်းတို့လည်း ပါဝင်သည်။

ချယ်လ်ဆီး က အခုအချိန်အထိတော့ အဲ့ဒီသုံးခုစလုံးကို မလုပ်နိုင်ခဲ့ပါ။
၃-၀ မှ ၃-၂၊ ၄-၂ မှ ၄-၃ ဖြစ်သွားခြင်းများသည် ကံမကောင်းမှုတခုမဟုတ်။ အလွန်ဆို ၏ အလွန်တိုက်စစ်ဆန်သောဖွဲ့စည်းပုံနောက်ကွယ်တွင် rest defence မခိုင်မာသေးခြင်း၊ midfield spacing ပျက်စီးလွယ်ခြင်းနှင့် အခြေအနေဆိုးလာသောအခါ အသင်း၏စိတ်ခံစားမှုကို တည်ငြိမ်အောင် ထိန်းပေးနိုင်သည့် collective mechanism မရှိသေးခြင်းတို့၏ ရလဒ်ဖြစ်သည်။

ချယ်လ်ဆီးက က ခြောက်မှတ်ရထားသည်။ သို့သော် ခြောက်မှတ်ရထားသည့်အသင်းတိုင်းက ချန်ပီယံလောင်း မဟုတ်သေးပါ။ ချယ်လ်ဆီး ကို ကြည့်ရသည်မှာ ပြိုင်ဘက်ကို အနိုင်ယူနိုင်သည့်အသင်းဖြစ်သလို မိမိကိုယ်ကိုလည်း ပြန်လည်အခက်တွေ့စေနိုင်သည့် အသင်းဖြစ်နေသည်။ တိုက်စစ် ceiling က အလွန်မြင့်သော်လည်း ပွဲထိန်းချုပ်မှု၏ကြမ်းပြင်က အလွန်နိမ့်နေသေးသည်။

ဒါကြောင့် နှစ်ပွဲအပြီးမှာ ချယ်လ်ဆီး ၏ အလားအလာကို အများကြီး မတွက်သေးပဲ ဆက်လက် စောင့်ကြည့်ရန် လိုနေသေးသည့် အသင်းအဆင့်တွင်သာ ထားရခြင်းဖြစ်သည်။ နိုင်ခဲ့ပေမယ့် ပထမပွဲ က မေးခွန်းကို မဖြေနိုင်ခဲ့ပါ။ ထိုမေးခွန်းကို ပို၍ကျယ်လောင်စေခဲ့ခြင်းသာဖြစ်သည်။

*** ဈေးနှုန်းချိုသာပီးအရည်အသွေးကောင်းမွန်တဲ့ဂျာစီတွေကိုဝယ်ယူချင်တဲ့ဘောလုံးဝါသနာရှင်တွေအတွက် Aura Wear မှာယုံကြည်စိတ်ချစွာအားပေးနိုင်ပါတယ်။

31/08/2026

မန်ယူနိုက်တက်က မုန်တိုင်းအပြီး နေရောင်လား၊ နောက်မုန်တိုင်းမတိုင်ခင် ခဏတာငြိမ်သက်မှုလား
======================

ဟားလ်စီးတီး ကို ရှုံးခဲ့သည့် အဖွင့်ပွဲမှာ မန်ယူနိုက်တက် ၏ ပြဿနာက ဘောလုံးမပိုင်ဆိုင်ခြင်း မဟုတ်ခဲ့ပါ။ ဘောလုံးကို အများကြီးကိုင်ထားနိုင်ပါလျက်၊ ပြိုင်ဘက်ကို အမှန်တကယ် မခြိမ်းခြောက်နိုင်ခြင်းဖြစ်သည်။ ဘေးတိုက်ပေးသည်၊ ဒေါင်လိုက်ပေးသည် ပေးပို့ခြင်းများသည် အရေအတွက်အားဖြင့် များပြားလှသော်လည်း ပြိုင်ဘက်ခံစစ်၏ အလယ်ဗဟိုကို မဖွင့်ဖောက်နိုင်ခဲ့။ ၂၁ ကြိမ်ကန်ခဲ့သော်လည်း အန္တရာယ်ရှိသောအခွင့်အရေး အနည်းငယ်သာ ထုတ်လုပ်နိုင်ခဲ့သည်။
အစ်စ်၀စ်ချ် ကို ၅-၂ ဖြင့်အနိုင်ရသော ပွဲစဉ်မှာတော့ ထိုရုပ်ပုံသည် ချက်ချင်းပြောင်းလဲသွားခဲ့သည်။

ရပ်ရှ်ဖို့ဒ် က ဘယ်ခြမ်းကို ဆွဲချဲ့ပေးခဲ့သည်။ အမ်ဘွယ်မို က ညာခြမ်းမှ တိုက်ရိုက်ခြိမ်းခြောက်ခဲ့သည်။ သို့သော် သူ့ အတွက်ပိုကောင်းသည့် နေရာက ပြိုင်ဘက် ဂိုးပေါက်နှင့် နီးသည့် နေရာသာဖြစ်သည်ဟု ယုံကြည်နေဆဲ။ ကွန်းညာ က ဂိုးစည်းရှေ့ တနေရာတည်းမှာ မရပ်ဘဲ ပြိုင်ဘက်နောက်တန်းကို လှုပ်ရှားစေခဲ့သည်။ အရေးအကြီးဆုံးနှင့် တန်ဖိုး အရှိဆုံးကတော့ ကိုဘီမိန်းနူး၏ တပွဲလုံး ဆုံးဖြတ်ချက် မှန်မှန်နှင့် ဆောင်ရွက်သွားသည့် လှုပ်ရှားမှုများ ဖြစ်သည်။ အဲ့ဒီလှုပ်ရှားမှုများ၏ အကျိုးအမြတ်အားလုံးကို ဘရူနိုဖာနန်ဒက်စ် က ရယူခဲ့သည်။

ဘရူနို ၏ hat-trick သည် ကစားသမားတယောက်၏ ထူးချွန်မှုသာမဟုတ်။ ဟားလ်နှင့် ပွဲမှာ ပိတ်ဆို့နေခဲ့သော ယူနိုက်တက် ၏ တိုက်စစ်ကို ပြန်ဖွင့်ပေးခဲ့သည့် ဖွဲ့စည်းပုံတခု၏ သက်သေလည်းဖြစ်သည်။ မိန်းနူး၏ အကူအညီများစွာ ပါခဲ့သည်။ ယူနိုက်တက် က ၃၁ ကြိမ်အထိ ကန်သွင်းနိုင်ခဲ့ခြင်းမှာ ဘောလုံးပိုင်ဆိုင်မှုကို အလှဆင်ရန် အသုံးပြုခြင်းမဟုတ်တော့ဘဲ ဂိုးပေါက်သို့ တိုက်ရိုက်ပို့ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ၅-၂ ဆိုသည့် ရလဒ်ကိုကြည့်ပြီး ပြဿနာအားလုံး ပြေလည်သွားပြီဟု ဆိုလို့မရသေးပါ။

ယူနိုက်တက် က အဖွင့်ဂိုးပေးခဲ့ရသည်။ အစ်စ်၀စ်ချ် ကို နှစ်ဂိုးပေးခဲ့ရသည်။ ဘရူနို က အခြေအနေတိုင်းကို ကယ်တင်ပေးနိုင်သောနေ့မျိုးမှာ ယင်းအားနည်းချက်များကို လျစ်လျူရှုနိုင်သော်လည်း ဘရူနို ပုံမှန်အဆင့်သာ ကစားသည့်နေ့တွင် ဘာဖြစ်မည်နည်းဆိုသော မေးခွန်းရှိနေဆဲဖြစ်သည်။ ဒီပွဲမှာ ယူနိုက်တက် ၏ တိုက်စစ်က အသက်ပြန်ရှင်လာကြောင်း သက်သေပြခဲ့သည်။ သို့သော် အသင်းတခုလုံး လုံခြုံမှုရှိလာကြောင်းတော့ မပြောနိုင်သေးပါ။

* ဈေးနှုန်းချိုသာပီးအရည်အသွေးကောင်းမွန်တဲ့ဂျာစီတွေကိုဝယ်ယူချင်တဲ့ဘောလုံးဝါသနာရှင်တွေအတွက် Aura Wear မှာယုံကြည်စိတ်ချစွာအားပေးနိုင်ပါတယ်။

30/08/2026

Man Utd 5-2 Ipswich (Live Analysis)

30/08/2026

Man Utd 1-1 Ipswich (First half Live Analysis)

30/08/2026

Chelsea 4-3 Brighton (Live Analysis)

Want your business to be the top-listed Gym/sports Facility in Insein?

Click here to claim your Sponsored Listing.

Location

Category

Address

Yangon
Insein
11011