28/11/2018
အခုရက်ပိုင်း Gymကိုလာစုံစမ်းတဲ့သူတိုင်းအမေး
အများဆုံးက တစ်လအတွင်းမှာသိသိသာသာ
ပြောင်းလဲသွားနိုင်သလားတဲ့...
Fitness ကိုစိတ်ဝင်စားလာတာတော့ ကောင်းပါတယ်
ဥပမာ-ဆိုပါစို့
ဆံပင်ကျောလယ်လောက်ရှိတဲ့ရိုးရိုးယဉ်ယဉ်အမျိုးသမီး
တစ်ယောက်ဟာတစ်လအတွင်းမှာဂုတ်ဝဲကေလေးနဲ့
ဟော့ဟော့လေးလန်းနေမယ်ဆိုပါတော့
ဒါဟာတစ်လအတွင်း ရလာတဲ့ဆံပင်လေ...
ဆံပင်အတိုကနေစရမယ့်သူအတွက်ဆိုရင်
အဲ့ဆံပင်ရှည်အောင်ထားရလုပ်ရမယ့်အချိန်တွေရှိပါမယ်
ဒါ တစ်လအတွင်းတော့ဘယ်ဖြစ်နိုင်ပါ့မလဲနော်...
ဒါ့ကြောင့်မို့ ကျွန်မတို့ဟာခန္ဓာကိုယ်ပြောင်းလဲဖို့
ကြိုးစားနေသူတစ်ယောက်ဆိုရင်တော့ အရာအားလုံး
ထက် စိတ်ဓာတ်ခွန်အားပြောင်းလဲဖို့ အဓိကပါနော်...
ကဲ..အချိန်တွေဆွဲမနေနဲ့တော့နော်
စိတ်ဓာတ်အသစ် ကိုယ်ခန္ဓာအသစ်....တခြားအသစ်
အသစ်တွေနဲ့ မကြာခင်ရောက်လာမယ့် 2019 ကို
Happy New Year လို့ကြိုဆိုနိုင်ဖို့ Yahoo!Fitness
ကိုအပြေးလေးသာလာခဲ့လိုက်တော့😘😘😘
04/02/2018
After stop going gym ! Gym သွားတာရပ်လိုက်တာနဲ့ ဝ လာမှာလား ?
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ ခန္ဓာကိုယ် မှာ အဆီ ပိုတွေနဲ့ ဝ နေတဲ့ အမျိုးသား/သမီး တွေ ဟာ gym ကစားပြီး ရပ်လိုက်တာနဲ့ ပြန်ပြီး ဝ လာတယ်ဆိုတဲ့ အသိကို မည်သူမှ တိုက်တွန်း စရာမလို ပဲ အလိုလို အသိဥာဏ် ထဲ မှာ စွဲမြဲ နေကြပါတယ်။ " ဟုတ်တယ်..ကျွန်မ gym ကစားတုန်းက ဒီ လောက်မဝ ဘူး..ရပ်လိုက်တော့မှ ပိုပြီး ဝ လာတယ် " " ဟယ် နင် gym မကစား နဲ့ ကစားပြီး လို့ ရပ်လိုက်တာနဲ့ ဒီ ထက် ဝ လာလိမ့်မယ် " စသည်ဖြင့် ပြောဆို နေတာ အတော်များများ တွေ့ ရပါတယ်။ gym ကစား လိုက်ရင်ပဲ ဒီ ထက် ဝ လာလိမ့်မယ် လို့ ထင်မြင်ယူ ဆနေကြပါတယ်။ ကျွန်တော် အနေနဲ့ ကတော့ မထောက်ခံပါဘူး။ လုံးဝ ငြင်းဆို ပါရစေ။ အကြောင်းအမျိုးမျိုးကြောင့် gym ကစားတာ ရပ်နား ရပါတယ်။ ဥပမာ...အလုပ်ချိန်နဲ့ မကိုက်လို့ ၊ နာမကျန်း ဖြစ်လို့၊ ခရီးသွား လို့၊ မအားလို့....စသည်ဖြင့် ရပ်နားလိုက်ရပါတယ်။ အဲဒီ အချိန်မှာ ပြန်ပြီး ဝ လာပါတယ်။ အဓိက ကတော့ gym နားလိုက်လို့ ဝ လာတာမဟုတ်ပါ။ မိမိရဲ့ diet ကို မဆင်ချင် လို့ပြန်ပြီး ဝ လာတာ လို့ပဲ ပြောချင်ပါတယ်။ ယေဘူယျ ကျကျ အောက်ပါ အချက်များ နှင့် သုံးသပ်တင်ပြပါရစေ။
# ဇီဝကမ္မ ဖြစ်စဉ် (metabolism) နှေးလာခြင်း၊ ကျဆင်းလာခြင်း
ကျွန်တော်တို့ gym ကစားရင် metabolism ပြောင်းလဲတိုးတက်လာတာ အားလုံးသိပြီးဖြစ်ပါတယ်။ ဇီဝကမ္မ ဖြစ်စဉ် တိုးတက်လာတာနဲ့ အမျှ အဆီ ပိုတွေ ကို လောင်းကျွမ်းနေပါတယ်။ gym ကစားတာ ရပ်လိုက်တာနဲ့ ဇီဝကမ္မ ဖြစ်စဉ်ကျဆင်းလာပါတယ်။ကျဆင်းလာတာနဲ့ အမျှ အဆီပို တွေ လောင်ကျွမ်း မှု လည်းနည်းလာပါတယ်။စားထားသမျှ အစာထဲ မှာပါတဲ့ kcal ကယ်လိုရီပမာဏ ဟာ gym ကစားတဲ့ အခါ မှာ စွမ်းအင်အဖြစ်လောင်ကျွမ်းသွားတယ်၊ ဇီဝကမ္မ ဖြစ်စဉ် state တွေ မှာလောင်ကျွမ်းသွား သလို cardio exe တွေ မှာလည်း လောင်ကျွမ်းပါတယ်။ gym ရပ်လိုက်တာနဲ့ မိမိစားထားသမျှ kcal တွေ နဲ့ ခန္ဓာကိုယ် မှ အဆီပို fat တွေ ဟာ မလောင်ကျွမ်းတဲ့ အတွက် အဆီ တွေအဖြစ်ပြန်လည်စုဖွဲ့ပါတယ်။အဲဒီတော့ အဆီပိုတွေ မစုဖွဲ့အောင် ဘယ်လို လုပ်ရမလဲ။ ရှင်းပါတယ် အဆီပိုတွေ ဟာ kcal အပို တွေ က လာတာဖြစ်တဲ့ အတွက် kcal မပိုအောင် diet နဲ့ ထိန်းဖို့ပါပဲ။
# အောက်စီဂျင် ပမာဏ နည်းပါလားခြင်း
Gym မှာ အဆီပို တွေကို လောင်ကျွမ်းဖို့အတွက် weight training နဲ့ cardio တွေ ကစားကြပါတယ်။အဲဒီ လို ကစားကြတဲ့အခါ နှလုံး ကို ပိုမို အလုပ်လုပ်စေပြီး၊ နှလုံး ခုန်မြန်စေပါတယ်။နှလုံးခုန်းနှုန်း မြန်လာတာနဲ့ အောက်စီဂျင် ကိုပိုမိုလိုအပ်တဲ့ အတွက် အသက်ရှူ နှုန်း ကို မြင့်မားစေပြီး အသက်မြန်မြန်ရှူ ရှိုက်ရပါတယ်။ အဲဒီအချိန်မှာ အောက်စီဂျင် တွေဟာ သွေးကြောများထဲထိ ဝင်ရောက်ပြီး အဆီ ပိုတွေ ကို လောင်ကျွမ်း ပါတယ်။ gym ကစားတာ ရပ်လိုက်တာနဲ့ ခန္ဓာကိုယ် ထဲ မှာ အောက်စီဂျင် ပမာဏ volume ဟာလျော့နည်းလာပါတယ်။ အောက်စီဂျင် ပမာဏ ကို ပုံမှန်ထက်ပို ရဖို့ gym ရပ်နားထားတဲ့ အချိန်မှာ ကိုယ်လက်လှုပ်ရှား exe လေးတွေ တော့ လုပ်ပေးဖို့ လိုအပ်ပါတယ်။
# kcal ကယ်လိုရီ အဝင် နှင့် အသုံးပြု လိုက်တဲ့ kcal မျှတ မှု ရှိပါစေ
kcal သဘောတရား ကို အားလုံးက သိပြီး ဖြစ်ပါတယ်။ kcal ကို တစ်နေ့ ၃၀၀၀ စားပြီး အသုံးပြုလိုက်တဲ့ kcal က ၂၀၀၀ ပဲရှိတယ်ဆိုရင် ပိုနေတဲ့ ၁၀၀၀ က အဆီပိုတွေ အဖြစ် စုစည်းပါလိမ့်မယ်။ gym ကစားပြီး ရပ်လိုက်တာနဲ့ ဘာကြောင့် ဝ လာရတာလည်း။ သတိမထားမိတာလေးကို တွက်ပြပါ့မယ်။ ဝိတ်ကျ ဖို့၊ တနည်းအားဖြင့် အဆီပို တွေ လောင်ကျွမ်း ဖို့ gym ကစားနေစဉ်မှာ လေ့ကျင့်ခန်းတွေ လုပ်နေတယ်ဆိုတဲ့ အသိ ကြောင့် အစားစာ ကို လျော့ပြီး စားတတ်ကြပါတယ်။ gym မကစားတော့ဘူး ရပ်လိုက်တယ်ဆိုတာနဲ့ အစားအစာ ကို လျော့စားမယ်ဆိုတဲ့ အသိက ဦးနှောက် ထဲမှာ အလိုလို မရှိတော့ပါဘူး။အဲဒီ အချိန်မှာ အစားအစာ တွေ ကို လိုတာထက်ပိုပြီးစားမိတာကို သတိမမူမိတော့တဲ့အတွက် ဝလာပါတယ်။ ဥပမာ..လူတစ်ဦး ဟာ သူ့ရဲ့ BMR ရယ် နေ့စဉ် လှုပ်ရှားမှု daily activities ရယ်အတွက် kcal ၁၄၀၀ ပဲလိုအပ်တယ်ဆိုပါစို့။ သို့သော်သူ အနေနဲ့ ၁၆၀၀ kcal လောက် တစ်နေ့ကို စားနေရင် ၂၀၀ kcal ပိုနေပါတယ်။ ၂၀၀ kcal ဟာ ဘာမှ မပြောပ လောက်ပါဘူး။ ငှက်ပျောသီးလေး ၂ လုံး ပိုစားမိလို့၊ ကိတ်မှုန့် ၂ ချပ်လေး ပိုစားမိလို့၊ အာလူးကြော်လေး ၁ ထုပ် ပိုစားမိလို့၊ ကော်ဖီ ၂ ခွက်ပိုသောက်မိလို့ ဘာမှ မဖြစ်လောက်ပါဘူးလို့ယူဆနေမိတတ်ပါတယ်။ အဲဒီ တစ်ခု စီ မှာ ၂၀၀ kcal အထက်မှာရှိပါတယ်။ တစ်နေ့ တည်းမသိသာပေမဲ့ ၊ တစ်ပတ်၊ တစ်လ ကြာလာရင် တစ်နေ့ချင်းစီ မှာ ပိုသွားတယ် kcal က အများကြီးဖြစ်သွားပြီး အဆီတွေ အဖြစ်စုသွားတော့တာပါပဲ။သေချာပါတယ် ၂ လလောက်ကြာလာရင် ဝိတ်တက်ပြီး ဝ လာပါတယ်။ဒါဟာ kcal ၂၀၀ လောက်ပဲ ပိုစားမိတဲ့သူကိုပြောတာပါ။ ဒီထက်ပိုစားမိတဲ့ kcal တစ်နေ့ကို ၅၀၀-၁၀၀၀ ဆို ရင်တော့ ဆိုဖွယ်ရာမရှိပါ။
# gym မကစားပဲနဲ့ diet only ပဲ တစ်နေ့ကို ၅၀၀ kacl လျော့စားရင်တောင် တစ်ပတ်မှာ ၁ ပေါင်ကျတဲ့ အတွက် ၃ လ ကြာရင် ၁၂ ပေါင်ခန့် ဝိတ်ကျပါတယ်။အဲဒီတော့ gym ရပ်လိုက်တာနဲ့ ဝိတ်တက်လာတယ် ဆိုတာ ဘယ်လိုမှ သက်ဆိုင်မှုမရှိပါဘူး။ stay in shape နေဖို့အတွက်ဆိုရင် kcal လျော့စားစရာတောင်မလိုပါဘူး။ စားလိုက်တဲ့ kcal နဲ့ အသုံးပြုလိုက်တဲ့ kcal ညီမျှနေမယ်ဆိုရင် ဝိတ်လည်းမတက် ၊ ဝိတ်လည်းမကျပါဘူး။ အဓိက အနေနဲ့ ကတော့ junk food တွေဖြစ်တဲ့ အာလူးကြော်၊ ပီဇာ၊ ဘာဂါ၊ အဆီအစိမ့်တွေ ကိုတော့ ကို့ရဲ့ ရန်သူတစ်ယောက်လို အမြဲတမ်း သတိမပြတ် စောင့်ကြည့်ပြီး ရှောင်ကျဉ်ရပါမယ်။သကြား နဲ့ ဆား ကိုလည်း လျော့ပြီး စားရပါမယ်။ carbohydrate ကို လျော့ စားသင့်တယ် ဆိုပေမဲ့ complex carbohydrate ကိုတော့ သင့်တင့်စွာ စားသုံးနိုင်ပါတယ်။ protein ကိုလည်းသင့်တင့်စားစားပေးနိုင်ပါတယ်။ အသီးအရွက်ကို ပိုမိုစားသုံးပေးရင်သင့်တော်ပါတယ်။ ရေ ကိုတော့ လုံလောက်စွာ သောက်သုံးပေးရပါ့မယ်။
အဓိက အကြံပေးချင်တာကတော့ gym ရပ်လိုက်လို့ ပိုပြီး ဝ လာတာမဟုတ်ပါဘူး။ မိမိရဲ့ diet ကို မဆင်ချင်လို့ သာ ဝ လာတာဖြစ်ပါတယ်။ ဒါလေးစားလိုက်လို့ ဘာမှ မဖြစ်ပါဘူးကွာ ဆိုတဲ့ စိတ်ကြောင့် ပိုသွားတဲ့ kcal တွေ ဟာ လနဲ့ချီ ပြီး အချိန်ကြာ လာတာနဲ့ အမျှ အဆီတွေ ဖြစ်လာတယ်ဆိုတာ သိထားရမှာပါ။ဒါကြောင့် မိမိ၏ diet ကသာ အဓိကကျ ပါတယ်။
ကျွန်တော်လည်း fat loss နဲ့ ပတ်သက်တဲ့ ဆောင်းပါတွေ၊စာအုပ်တွေ ဖတ်မိတော့ စားရေးဆရာ တွေဟာ fat loss ကို စတင်တော့မယ်ဆိုရင် " မင်းတို့ရဲ့ kitchen ကသာ စတင်ပါ" မင်းရဲ့ kitchen ကသာ အရေးကြီးတာပါ" စသည်ဖြင့်ရေးကြပါတယ်။တစ်ချို့ စာရေးဆရာတွေ ဆိုရင် " kitchen..kitchen..kitchen " ဆိုပြီးတော့တောင် အသားပေးပြီးဖော်ပြကြပါတယ်။ကျွန်တော်လည်း စဉ်းစားမရဘူးဗျာ။ fat loss အတွက် လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် kitchen မီးဖို ခန်းထဲ မှာ ပဲ လုပ်ရမလို၊ မီးဖိုချောင် မှာပဲ ဘယ်လီ ရိုက်ရမှာလား စသည်ဖြင့် မည်သို့မျှ နားမလည်ပါဘူး။နောက်တော့မှ စာအုပ်တွေ ဖတ်တာများလာတော့ kitchen ဆိုတာ ကျွန်တော်တို့ရဲ့ အစားအစာ (diet) တွေ ကို ဖန်တည်းတဲ့ နေရာဖြစ်လို့ kitchen ကို ဂရုစိုက်အလေးထားပါဆိုတာ diet ကို ရည်ညွှန်းပြီး တင်စားပြောတာမှန်းသိလာရပါတယ်။အဲဒါကြောင့် ဝိတ်ကျချင်လို့ပဲဖြစ်ဖြစ်၊ ဝိတ်မတက်ပဲ တန့်နေချင်လို့ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ kitchen ကသာ အဓိက ကျ လှကြောင်းပါ ခင်ဗျား...
လေးစားစွာဖြင့်
25/01/2018
Gymကစားရင်သိထားသင့်တဲ့အရာလေးတွေပါ
Yahoo! Fitness Centre (Kse)
24/01/2018
အရပ်ရှည်ချင်ပေမယ့်🕺
"မျိုးရိုးက အရပ်မရှည်ဘူး😔
ငါ့အသက်က ၂၀ ကျော်နေပါပြီ"😒
ဆိုသူတွေအတွက် လေ့ကျင့်ခန်းလုပ်ရင်း🚴
အရပ်ရှည်နိုင်ပါတယ် နောက်ပြီးအရပ်ရှည်စေတဲ့
🥗အစားအစာတွေများများ ရွေးစားလိုက်မယ်ဆိုရင် 💆
လိုချင်တဲ့ အရပ်လေးရှည်ပြီး ပိုလို့လှပလာမှာပေါ့ 😘
အသေးစိတ်ကို ပုံနဲ့ တကွဖော်ပြထားတယ်နော် 😘😍
Yahoo! Fitness Centre (Kse)
17/01/2018
Yahoo! Fitness Centre
ကျောက်ဆည်မြို့ ညောင်ခြောက်ပင်တံတားထိပ်...
12/10/2017
☘️sisတို့ရေ...
ရေသောက်ခြင်းဟာကျန်းမာရေးအတွက်လွန်စွာမှအထောက်အကူပြုပါတယ်။ရေသောက်ခြင်းကြောင့်ရနိုင်တဲ့အကျိုးကျေးဇူးလေးတွေပြောပြမယ်နော်။
11/08/2017
🙏မင်္ဂလာပါ🙏
🏃♀️ပိန်ဖို့သက်သက်ဘဲ ရည်ရွယ်ချက်မထားသင့်ပါဘူး။
ပိန်ပေမယ့် ဗိုက်မှာအဆီတွေရှိနေရင်လည်း
ကျန်းမာရေးနဲ့ မညီညွတ်ပါ။
ပိန်ဖို့ထက်ကျန်းမာကြံ့ခိုင်ဖို့ရည်ရွယ်ချက်ထားသင့်ပါတယ်🏃♀️
Yahoo! Fitness Centre
09/08/2017
🙏မင်္ဂလာပါ🙏
👯ဝိတ်ကျပြီး အရင်ကထက်ပိုကျန်းမာလာချင်ရင်တော့
နေပုံထိုင်ပုံ ကိုအရင်ဆုံးပြောင်းပေးမှဖြစ်ပါမယ်။
အသောက်အစားနဲ့ အစားအသောက် အကုန်ကို
ပြောင်းပေးမှ ဖြစ်ပါမယ်👯
Yahoo! Fitness Centre
28/01/2016
...အပြေးလေ့ကျင့်ခန်း...
နေ့စဉ်အပြေးလေ့ကျင့်ခန်းကြောင့်ရရှိနိုင်သောအကျိုးကျေးဇူးများမှာ
၁။ စိတ်ဖိစီးမှုများကိုလျော့ချပေးနိုင်ခြင်း
၂။ ကောင်းမွန်စွာအိပ်စက်နိုင်ခြင်း
၃။ နှလုံးကျန်းမာရေးပိုမိုကောင်းမွန်စေခြင်း
၎။ ကိုယ်ခံအားပိုမိုကောင်းမွန်လာခြင်း
၅။ အသက်ရှူရှိုက်မှုပိုမိုကောင်းမွန်လာခြင်း
၆။ မလိုအပ်သောအဆီပိုများကိုလျှော့ချပေးနိုင်ခြင်း
၇။ နုပျိုအသက်ရှည်စေခြင်း
၈။ အရိုးအဆစ်များပိုမိုခိုင်မာစေခြင်း
၉။အိမ်ထောင်ရေးပိုမိုကောင်းမွန်စေခြင်း
၁၀။ခြေထောက်များကိုပိုမိုကြံ့ခိုင်စေခြင်း
တို့ဖြစ်ပါတယ်ရှင်။
ကျန်းမာပျော်ရွှင်သောဘဝတစ်ခုအတွက်
YAHOO! Fitness Centre ရှိတယ်နော်..