Myint Myat Sports

Myint Myat Sports

Share

Sports Channel

11/01/2026

🚨 BREAKING: Marc Guehi ကို ခေါ်ယူဖို့ အာဆင်နယ် ဝင်ပါလာ
Crystal Palace အသင်းခေါင်းဆောင် Marc Guehi ကို ခေါ်ယူဖို့အတွက် Liverpool၊ Man City တို့နဲ့အပြိုင် အာဆင်နယ်အသင်းကပါ စိတ်ဝင်စားလာခဲ့ပြီ ဖြစ်ပါတယ်။
အာဆင်နယ်အနေနဲ့ အင်္ဂလန်လက်ရွေးစင် နောက်ခံလူကို ဇန်နဝါရီမှာ ခေါ်ယူမှာ မဟုတ်ဘဲ၊ လာမယ့် နွေရာသီအပြောင်းအရွှေ့ အတွက် ပစ်မှတ်ထားနေတာလို့ သိရပါတယ်။
(Source: The Athletic)

09/01/2026

မန်ယူအသင်းရဲ့ အမြဲတမ်းနည်းပြသစ် ဖြစ်လာနိုင်ခြေရှိတဲ့ သောမတ်စ်တူချယ်

မန်ယူအသင်းတာဝန်ရှိသူတွေဖက်ကတော့ အသင်းရဲ့ အမြဲတမ်းနည်းပြရာထူးအတွက် ဂျာမန်နည်းပြ Thomas Tuchelကို ခန့်အပ်ချင်နေတယ်လို့ သိရပါတယ်။
လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရ မန်ယူအသင်းဟာ လာမယ့် ကမ္ဘာ့ဖလား (World Cup) ပြိုင်ပွဲပြီးဆုံးတာနဲ့ တူချယ်ကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ တခါတည်း စတင်ပြုလုပ်သွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

12/10/2025

မက်ဆီ မအိုသေး✅⚽⚽⚽

12/10/2025

El Hadji Malick Diouf
==================

ဒီနှစ်မှာမှ Czech ကလပ် Slavia Pargue ကနေ PL ကလပ် WestHam ကိုပြောင်းလာတဲ့ Malick Diouf ကိုတော့ PL ဆယ်ပွဲ မပြည့်ခင်မှာတင်ပဲ ပရိတ်သတ်တွေ သတိထားမိပြီးကြပြီထင်ပါတယ် ။

El Hadji Malick Diouf က အသက် ၂၀ အရွယ် Senegal သား ဖြစ်ပြီး အရပ် ‌6" ရှိပါတယ် ။ LB / LWB ဖြစ်ပြီး very Dynamic & powerful FB ပဲဖြစ်ပါတယ် ။

တချို့ ပလေယာတွေမှာ တခြားလူတွေထပ် အင်မတန်အားသာတဲ့ ၊ superior ဖြစ်လွန်းလှတဲ့ ability တွေရှိတတ်ပါတယ် ။ ဥပမာ - Alphonso Davies ရဲ့ speed/ Stamina , Mbappe ရဲ့ sharpness in Final 3rd , Jeremy Doku ရဲ့ agility while dribbling စသဖြင့်ပေါ့ ။

အဲ့သလို superior factor ပါလာတဲ့ ပလေယာတွေဟာ game ရဲ့ တခြား aspect တချို့ကို ပုံမှန်လောက် ပေါင်းထည့်နိုင်ရုံနဲ့ ထိပ်ဆုံးတန်း အဆင့်ကိုရောက်ဖို့လွယ်ပါတယ် ။ တကယ်လို့ တချို့တချို့အကြောင်းတွေကြောင့် ထိပ်ဆုံးထိ မရောက်နိုင်ခဲ့ရင်တောင် အလယ်အလတ်အဆင့်ထိကျဖို့တောင်ခက်ပါတယ် ၊ များသောအားဖြင့် ထိပ်ဆုံးတန်းနားမှာ တဝေ့ဝေ့လည်နေမှာပါပဲ ။

El Hadji Malick Diouf မှာလဲ ဒီလို တချက်ကြည့်လိုက်တာနဲ့တင် တခြားပလေယာတွေထပ် သာလွန်မြင့်မားနေတဲ့ အချက်ရှိပါတယ် ။ ဒါကတော့ သူ့ရဲ့ natural physicality ကပေးထားတဲ့ athleticism & powerful engine ပါပဲ ။

ကြည့်ဖူးတဲ့ လူတွေဆိုရင် သတိထားမိမှာပါ ၊ Malick Diouf ရဲ့ powerful ဖြစ်မှု နဲ့ engine တလုံးလို မရပ်မနား run နေနိုင်မှုက Top 5 % in the world ပါပဲ ။ ဒီလို ပလေယာမျိုးက ဘယ်အသင်းမ‌ဆို ရဲ့ Left side dynamic ကို တမုဟုတ်ချင်း ပြောင်းလဲပေးနိုင်လောက်တဲ့ အထိကို impact ရှိစေပါတယ် ။

Malick Diouf ရဲ့ က WB ပိုဆန်ပါတယ် ၊ Slavia Pargue မှာလဲ Back 5 ရဲ့ LWB style ပိုကစားခဲ့ရတာဖြစ်ပါတယ် ။ ကစားဟန်အရ traditional FB ပုံစံပိုသွားပါတယ် ၊ inverted ဘာညာ မဟုတ်ပါဘူး ၊ up & down တောက်လျှောက်run နေပေးမယ် ၊ Overlapping လုပ်ပြီး crossing ပေးမယ် ၊ ဒီလောက်ပါပဲ ။ ပြောရရင် ရိုးရှင်းပါတယ် ။

ဒီလို ရိုးရှင်းတဲ့ ကစားဟန်ဆိုပေမယ့် ဒါကိုပဲ effective ဖြစ်အောင်အများကြီးလုပ်နိုင်တဲ့ tools တွေ သူ့မှာရှိပါတယ် ။ Touch & Control က elite level မဟုတ်ပေမယ့် Sprint running အတွက်တော့ လုံလောက်တယ် ။ ကြမ်းထနေတဲ့ PnP ရှိတာမို့ wide area မှာ 1 vs 1 ကတော့ ဘယ်ပလေယာဖြစ်ဖြစ် ပြိုင်ချဲပစ်လို့ရတယ် ၊ def မှာပဲ ဖြစ်ဖြစ် attack မှာပဲဖြစ်ဖြစ်ပေါ့ ။ ပွဲ အပေါ် တော်တော်အာရုံစူးစိုက်မှုအားကောင်းပြီး work ethics လဲ ကောင်းတယ် ၊ FB တယောက်အတွက်ဆို aerial duels ပိုင်းကလဲ ကောင်းတဲ့ထဲမှာပါတယ် ။

လူတော်တော်များများ မြင်ကြသိကြသလို Cross quality တော်တော် ကောင်းတယ် ။ ဒါပေမယ့် ဒီနေရာမှာ ထည့်ပြောစရာက သူ့ရဲ့ crossing technique ပါပဲ ။ Malick Diouf က High Cross တွေ တင်တာမှာအတော် ကောင်းတာပါ ၊ ဘောလုံးကို wipe & dip လုပ်ပြီး power တော်တော်ပါတဲ့ ဖြတ်တင်ဘောအမြင့်ကြီး တွေ တင်ပါတယ် ၊ ဒီလိုတင်ရာမှာလဲ ကွင်းလယ်စည်း အကျော် ၊ Final 3rd zone ရဲ့ အစ နေရာတွေက သူ့ရဲ့ အကောင်းဆုံး cross တွေ ထုတ်နိုင်တဲ့နေရာပါပဲ ။

ရှင်းအောင် ပြောရမယ်ဆိုရင် cross တင်တဲ့ zone နည်းနည်းရွေးပါတယ် ။ တခြား zoneက တင်ရင် cross quality အကောင်းဆုံးမရချင်ပါဘူး ။ ဒါ့ကြောင့်မို့ ဆက်ပြောရရင် အနည်းငယ် deep ဖြစ်တဲ့ နေရာက နေပဲ crossing လုပ်တာအားသာပြီး ဂိုးလွန်စည်းနားထိ ဆွဲလာပြီး low driving cross တွေ ပေးတဲ့နေရာမှာတော့ သိပ်မကောင်းလှသေးပါဘူး ။

ခြုံပြောရင် Malick Diouf က အတော်လေး raw ဖြစ်နေသေးပေမယ့် game breaking ability ရှိနေပြီးသား ၊ ရှိကြောင်းကိုလဲ PL လို နေရာမှာတင် သက်သေပြထားပြီးသားပလေယာပါ ။ဒါအပြင် superior athleticism & powerful engine လဲ ရှိနေပါတယ် ။အသက် ၂၀ ပဲ ရှိသေးတာမို့ overall တိုးတက်ဖို့ လိုအပ်တဲ့အရာတွေကို မှန်မှန်ကန်ကန် development လုပ်နိုင်မယ်ဆိုရင် 2+ years လောက်အတွင်း Top 5 LB in the world အဆင့်လောက်ထိ ရောက်သွားနိုင်တဲ့ ပလေယာဖြစ်ပါတယ် ။


09/10/2025

မြန်မာ🇲🇲 နဲ့ 🇸🇾ဆီးရီးယားအသင်း တို့ ယှဥ်ပြိုင်ကစားခဲ့တဲ့ တွေ့ဆုံမှုနောက်ဆုံး နှစ်ကြိမ်

မြန်မာ🇲🇲 (၁-၁) 🇸🇾ဆီးရီးယား
မြန်မာ🇲🇲 (၀-၇) 🇸🇾ဆီးရီးယား

ဒီတစ်ကြိမ်မှာရော ဘယ်လိုရလဒ် ထွက်မလဲ

09/10/2025

“ဘယ်သူပိုကောင်းလဲ ..?”

ဘောလုံးလောကမှာ အမြဲတမ်းအငြင်းပွားစရာတွေနဲ့ ပြည့်နှက်နေတဲ့ အကြောင်းအရာလေးတခုရှိတယ်။
အဲဒါကတော့ .. “ဘယ်သူပိုကောင်းလဲ..?” ဆိုတဲ့ မေးခွန်းပါပဲ။
ဒီမေးခွန်းနဲ့ပတ်သက်ရင် ခေတ်အဆက်ဆက် ငြင်းကြခုံကြနဲ့ ပျော်စရာကောင်းတယ်လို့တောင် ယူဆလို့ရတယ်။
ဒီလိုမျိုး အငြင်းအခုံတွေ ဘာကြောင့်ဖြစ်နေရလဲဆိုရင်တော့ ဘောလုံးက အသင်းလိုက်ကစားနည်းဖြစ်နေတာရယ်၊ လူတွေရဲ့ အခြေခံဘက်တခုခုပေါ်မှာ ရပ်တည်ထားတာရယ်ကြောင့်လို့ပဲ ယူဆမိပါတယ်။

အခုဒီရက်ပိုင်း ဒီကလန်ရိုက်နဲ့ ကိုင်စီဒို ဘယ်သူပိုကောင်းလဲ ..? ဆိုတဲ့ စကားလုံးတွေ ပျံ့နှံ့နေတယ်။
ကမ္ဘာကျော်ဘောလုံးသမားတွေက စ လို့၊ ရပ်ကွက်ထဲကလူတွေအဆုံး ဒီအပေါ်မှာ ထင်မြင်ချက်အမျိုးမျိုးပေးလို့ရပါတယ်။ ပေးခွင့်လည်းရှိတယ်။ ဘာဖြစ်လို့လည်းတော့ ဒီမေးခွန်းအတွက် ပြီးပြည့်စုံတဲ့အဖြေ၊ ၁၀၀% မှန်ပါတယ်ဆိုတဲ့ အချက်အလက်မရှိလို့ပါပဲ။ အာဆင်နယ်ပရိသတ်က ဒီကလန်ရိုက် လို့ ဖြေမယ်၊ ချယ်ဆီးဖန်တွေက ကိုင်စီဒိုလို့ ဖြေမယ်။ ကြားထဲက ကျနော်တို့လို ပရိသတ်တွေကလည်း ကိုယ်အားသာတဲ့ဘက်မှာ ဝင်ရပ်မယ်။ ကိုယ်အကောင်းဆုံးလို့ ထင်တဲ့သူကို ပြောမယ်။

အဲဒီတော့ ကိုယ်ကြိုက်တဲ့ ကစားသမားကို ဝင်ပြီး‌ရွေးလိုက်လို့ရတယ်။
ဒီအတွက် ဘာမှ ပြဿနာမရှိဘူး။ ဘာကြောင့် ပြဿနာမရှိလည်းဆိုရင်တော့ ရိုက်နဲ့ကိုင်စီဒို တို့နှစ်ယောက်စလုံးက ဒီလိုမျိုး နှိုင်းယှဉ်လို့ရတဲ့ လယ်ဗယ်တူတွေ ဖြစ်နေတာကြောင့်ပါပဲ။
ဒီနှစ်ယောက်စလုံးထက် တဆင့်မြင့်တဲ့(လက်ရှိအချိန်) ကွင်းလယ်ကစားသမားဆိုရင် မန်စီးတီးက ရိုဒရီရှိမယ်။
ကျနော်က ရိုဒရီက ရိုက်စ်ထက်ရော၊ ကိုင်စီဒိုထက်ပါ တဆင့်မြင့်တယ်လို့ .. ပြောတက လက်ရှိအချိန်အတွက်ပဲ မှန်မှာဖြစ်ပြီး၊ နောက်တချိန်မှာ ရိုက်စ်ရော၊ ကိုင်စီဒိုရော ရိုဒရီလို လယ်ဗယ်မျိုးရောက်လာနိုင်သေးတယ်။ အဲဒီကျရင် ရိုက်စ်၊ ရိုဒရီ၊ ကိုင်စီဒို ဘယ်သူပိုကောင်းလဲဆိုတဲ့ မေးခွန်းလည်း ဖြစ်ကောင်းဖြစ်လာနိုင်သေးတာပဲ။ ဒါကြောင့် ဘောလုံးက ကစားနေစဉ်ကာလမှာ ဘယ်အရာကိုမှ ယတိပြတ်ပြောလို့မရဘူးမလား။

အငြင်းအခုံတွေတိုင်းမှာ အခြေခံအကြောင်းတရားတွေ အများကြီးရှိတယ်။ ရှေ့နောက်လွဲနေတဲ့ လောဂျစ်တွေကလည်း အများကြီး။ မီလီတိုက အင်တာနဲ့ တရာသီထဲ ဖလား ၃လုံးရပေမဲ့ ရော်နယ်ဒို(ဒိုကြီး)၊ အီဗရာဟီမိုဗစ် တို့ ထက် ပိုကောင်းတဲ့ တိုက်စစ်မှူးပါလို့ သတ်မှတ်လို့မရပြန်ဘူး။ ဒိုကြီးရော၊ မိုဗစ်ရော ချန်ပီယံလိဂ်မရဖူးပေမဲ့ ကစားသမားဘဝတလျှောက်လုံးစွမ်းဆောင်ရည်အရ မီလီတိုထက်ပိုကောင်းတဲ့ ကစားသမားလို့ ယူဆလို့ရတယ်မလား။ အဲဒီလိုပဲ အခု ပူပူနွေးနွေး ဘာလွန်းဒေါရထားတဲ့ ဒမ်ဘီလီ က ဆာလာထက်ပိုကောင်းတဲ့ ကစားသမားပါလို့ ဆိုလို့ မရသေးဘူး။ ဘာလွန်းဒေါ တခုတည်းနဲ့လည်း ဆုံးဖြတ်လို့မရပြန်ဘူး။ ဒါပေမဲ့ ဒမ်ဘီလီက ဆာလာထက်ပိုကောင်းတဲ့ ကစားသမားဖြစ်လာနိုင်ခြေအတွက်တော့ ကြိုးစားခွင့်ရှိနေပါသေးတယ်။ အဲဒီတော့ ချန်ပီယံလိဂ်ဖလားရမှ၊ ဘာလွန်းဒေါရမှ အကောင်းဆုံးဆိုတဲ့ပေတံကလည်း ထင်သလောက် မှန်ကန်တဲ့ဘက်ကို မသွားနိုင်ဘူး။

“ဘယ်သူပိုကောင်းလဲ ..?” ဆိုတဲ့ အငြင်းအခုံကြားမှာ အကြီးမားဆုံးကွဲလွဲမှုကတော့ ကျနော်တို့ရဲ့ အကြိုက်ပါပဲ။
လူတွေက ကိုယ်နှစ်သက်တဲ့အရာ၊ ကိုယ်ကြိုက်တဲ့အရာ တွေ ကိုပဲ အကောင်းဆုံးဖြစ်စေချင်သလို၊ အကောင်းဆုံးလို့ထင်တဲ့အရာတွေကိုပဲ ကြိုက်ချင်ကြတယ်။ အဲဒါကြောင့် “ဘယ်သူပိုကောင်းလဲ ..?” ဆိုတဲ့ အငြင်းအခုံဖြစ်လာရင် တော်ရုံတန်ရုံ သမာသမတ်ကျကျ၊ အစွဲကင်းကင်းနဲ့ အဖြေရှာဖို့ဆိုတာက ထင်သလောက်မလွယ်ဘူး။

ဘောလုံးလောကရဲ့ အကြီးမားဆုံးကွဲလွဲမှုကတော့ မက်ဆီနဲ့ဒိုလေး ဘယ်သူပိုကောင်းလဲဆိုတာပါပဲ။
ဒါကိုလည်း ဘောလုံးပရိသတ်တွေ ခဏခဏမြင်တွေ့နေရတယ်။ မြင်တွေ့တိုင်းလည်း ငြင်းကြခုံကြတာပါပဲ။ ဘယ်တော့မှလည်း ရိုးမသွားဘူး။ အခုထိလည်း ငြင်းခုံနေကြတုန်း။ အဆိုးဆုံးကတော့ ဒီကစားသမားနှစ်ယောက်စလုံးမှာ သန်းနဲ့ချီတဲ့ အမာခံပရိသတ်တွေ ရှိသွားတာပါပဲ။
အမာခံပရိသတ်ဆိုတဲ့သဘောက .. ကိုယ့်ကစားသမားဘက်က အမြဲတမ်းအပြည့်အဝရပ်တည်တာမျိုး။
အဲဒီလို ရပ်တည်မှုတွေကြောင့် မက်ဆီနဲ့ဒိုလေးကို ဘယ်သူပိုကောင်းလဲဆိုတာကိုပဲ ခဏခဏမေးပေးတာမျိုး၊ သူတို့နှစ်ယောက်အကြောင်းကိုပဲ လှည့်ပတ်ပြီး ကောင်းတာတွေ၊ ဆိုးတာတွေလှည့်ပြီး သတင်းရေးတာ၊ ဆောင်းပါးရေးတာမျိုး လုပ်နေရင်တောင် ဘောလုံးပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝရနေကြတာ အသေအချာပါပဲ။ ဒီကစားသမားနှစ်ယောက်နဲ့ ပတ်သက်ရင် ကျနော်တို့လို ဆောင်းပါးရှင်တွေတောင် အစွဲမကင်းနိုင်တော့ဘူး။ တဖက်ဖက်မှာတော့ ရပ်နေရတာပဲ။

ကစားသမားနှစ်ယောက်ကို ဘယ်သူပိုကောင်းလဲဆိုတာကို စ ပြီး ချဉ်းကပ်တော့မယ်ဆိုရင်တော့ ကျနော်တို့က ကစားသမားနှစ်ယောက်က လယ်ဗယ်တူနေဖို့ လိုတယ်ဆိုတာက အခြေခံစည်းမျဉ်းပါ။
ဘယ်လယ်ဗယ်မှာ ကစားနေကြသလဲ ဆိုတာက အရေးကြီးပြီး၊ သူတို့ရဲ့ စွမ်းဆောင်ရည်တွေကလည်း မတိမ်းမယိမ်းဖြစ်နေဖို့ လိုပါတယ်။ အဲဒီအခြေခံစည်းမျဉ်းညီပြီဆိုတော့မှ ကစားသမားတွေကို နှိုင်းယှဉ်မှုပြုလုပ်တာမျိုးက ပိုသင့်တော်ပါတယ်။ အခု ဒီကလန်ရိုက်စ်နဲ့ ကိုင်စီဒို ဘယ်သူပိုကောင်းလဲဆိုတာက မှန်ကန်သင့်တော်တဲ့ မေးခွန်းဖြစ်ပြီး၊ ဒါကို အငြင်းအခုံလုပ်ရတာကလည်း သဘာဝကျပါတယ်။

ဘာဖြစ်လို့လည်းဆိုတော့ ဒီကစားသမားနှစ်ယောက်စလုံးက လက်ရှိမှာ လယ်ဗယ်တူကစားသမားတွေလို့ ဆိုရမှာဖြစ်ပြီး၊ ကွင်းအတွင်းမှာ ကစားတဲ့ နေရာ၊ ယူရတဲ့တာဝန် အနည်းငယ်ကွဲလွဲမှုလေးပဲ ရှိပါလိမ့်မယ်။
အဆုံးသတ်ဆိုရရင်တော့ ဘယ်သူပိုကောင်းလဲ ..? ဆိုတဲ့ မေးခွန်းနောက်ကွယ်မှာ
အဖြေတွေက ထင်သလောက်မရိုးရှင်းဘူးဆိုပေမဲ့လည်း အချိန်ကာလတခုကို ရောက်လာတဲ့အခါမှာတော့
ဘယ်သူက ဘယ်လယ်ဗယ်မှာ ဘယ်လောက်ထိ ရောက်အောင်သွားနိုင်ခဲ့လဲ ဆိုတာကို မြင်တွေ့ရမှာဖြစ်ပြီး၊ အဲဒီအခါကျရင်တော့ ကျနော်တို့အကြိုက်တွေနဲ့ ကွဲလွဲနေရင်တောင် လက်သင့်ခံပေးလိုက်ဖို့ပဲ အရေးကြီးပါတယ်။
ဒါကြောင့် .. ငြင်းကြ၊ ခုံကြပါ။ အချိန်ကာလတခုကို ရောက်တဲ့အခါမှာ တယောက်ယောက်က ပိုကောင်းတယ်ဆိုတဲ့အဖြေထွက်လာနိုင်သလို၊ မတိမ်းမယိမ်းနဲ့ပဲ ရပ်တည်သွားတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ ဆိုတော့ လက်ရှိမှာ ကျနော်တို့ ကိုယ်ထင်တဲ့ဘက်မှာ ကိုယ်ရပ်တည်လိုက်တာက အကောင်းဆုံးပါပဲ။
တချိန်ချိန်မှာ မှန်ချင်လည်းမှန်မယ်၊ မှားချင်လည်းမှားမယ်ဆိုတဲ့ အရာအတွက် သိပ်ပြီးတော့ တွေးပူနေစရာမရှိဘူးလို့ပဲ ထင်မိပါတယ်။ ။

09/10/2025

ရော်နယ်ဒိုဟာ ဉာဏ်ကောင်းပြီး ဘယ်လောက်ထိ စေ့စပ်သလဲ ဆိုတာ ရှင်းပြခဲ့တဲ့ ယူဗင်တပ်စ် စီအီအိုဟောင်း

‘ ရော်နယ်ဒိုဟာ တခြားသူအားလုံးနဲ့ ကွာခြားပါတယ်။ ဒီထက် ပိုပြောစရာ ဘာမှ မရှိပါဘူး။ ကျွန်တော်တို့ ထရိန်နင် အတွက် camp ဝင်တဲ့အခါတုန်းက စားပွဲတခုပေါ်မှာ ရေဘူး တဘူး တင်ထားတာကို သူတွေ့တော့၊ ဆရာဝန်တွေနဲ့ တွေ့ပြီး၊ ဒီရေဘူးမှာ ပါတဲ့ ဒြပ်သတ္တုတွေကို အကုန် စစ်ဆေးစေခဲ့ပါတယ်။

သူ ရှေ့ဆက် ကစားနေသ၍ လိမ္မာပါးနပ်မှုကို အသုံးချပြီး၊ အရာရာကနေ အကောင်းဆုံးတွေကိုပဲ ထုတ်ယူပြနေဦးမှာပါ။ ‘ 🗣️ ဘတ်ပီ မာရော့တာ

08/10/2025

နာနီရဲ့ကစားပုံကို မမှီလိုက်သူတွေအတွက် ❤️❤️


08/10/2025

ခုခေတ်လူငယ်ကစားတွေ လိုက်မှီဖို့ခက်တဲ့ ခရစ်စီယာနို ရော်နယ်ဒိုရဲ့ skills

Want your business to be the top-listed Gym/sports Facility in Lewe?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Lewe