Swim Today

Swim Today

Share

🏊‍♂️ အရည်အသွေးကောင်းပီးခေတ်မှီတဲ့ ရေကူးဝတ်စုံ၊မျက်မှန်၊ဦးထုပ်နှင့်ဆက်စပ်ပစ္စည်းများကိုအလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်ရှင်🙏

03/05/2026

(ရေကူးဦးထုပ်) ဝတ်ဖို့ တကယ်ရော လိုအပ်သလား? 🏊‍♂️🤔

ရေကူးကန်သွားရင် (သို့မဟုတ်) ရေကူးသင်တန်းတွေမှာ ရေကူးဦးထုပ်ကို အပျော်သဘော ဝတ်ကြတာချည်းမဟုတ်ပဲ သူ့မှာ လူအများ သတိမထားမိတဲ့ အရေးကြီးတဲ့ အကျိုးကျေးဇူးတွေ ရှိနေတာကြောင့်ပဲဖြစ်ပါတယ် ❤️

ဘာကြောင့် Swim Cap ကို မဖြစ်မနေ သုံးသင့်သလဲဆိုတဲ့ အချက် (၄) ချက်ကို မျှဝေပေးလိုက်ပါတယ်။

✔️ဆံသားကို ကလိုရင်း (Chlorine) ဒဏ်ကနေ ကာကွယ်ပေးတယ် ✨
ရေကူးကန်ထဲမှာ ပါဝင်တဲ့ ကလိုရင်းနဲ့ တခြားဓာတုပစ္စည်းတွေက ဆံသားကို ခြောက်သွေ့စေပြီး ပျက်စီးစေပါတယ်။ ရေကူးဦးထုပ် ဝတ်ထားခြင်းက ဆံပင်နဲ့ ရေ တိုက်ရိုက်ထိတွေ့မှုကို လျှော့ချပေးလို့ ဆံသားအရောင်မပျက်အောင်နဲ့ မကြမ်းအောင် ကာကွယ်ပေးပါတယ်။

✔️ရေကူးကန် သန့်ရှင်းရေးကို ကူညီရာရောက်တယ် 🌊
လူတစ်ယောက်မှာ တစ်နေ့ကို ဆံပင်အပင်ပေါင်း များစွာ ကျွတ်တတ်ပါတယ်။ ရေကူးဦးထုပ် မဝတ်ဘဲ ရေကူးရင် ကျွတ်ကျလာတဲ့ ဆံပင်တွေက ရေကူးကန်ရဲ့ ရေစစ် (Filter) တွေကို ပိတ်ဆို့စေပြီး ရေကို ညစ်ပတ်စေပါတယ်။ ဒါကြောင့် ရေကူးကန်အများစုမှာ ဦးထုပ်ဝတ်ဖို့ စည်းကမ်းထုတ်ထားတာ ဖြစ်ပါတယ်။

✔️ရေကူးတဲ့အခါ ပိုပြီး မြန်ဆန်သွက်လက်စေတယ် 🚀
ဆံပင်အရှည်ရှိသူတွေအတွက် ရေကူးတဲ့အခါ ဆံပင်တွေက ရေစီးကြောင်းကို ခုခံမှု (Drag) ဖြစ်စေပါတယ်။ ဦးထုပ်ဝတ်လိုက်တဲ့အခါ ခေါင်းပိုင်းက ချောမွေ့သွားပြီး ရေစီးကြောင်းအတိုင်း ပိုမိုသွက်လက်စွာ ကူးခတ်နိုင်စေပါတယ်။

✔️နားထဲ ရေဝင်ခြင်းကို သက်သာစေတယ် 👂
ရေကူးဦးထုပ်က နားကို တစ်ဝက်တစ်ပျက် ဖုံးအုပ်ပေးထားနိုင်လို့ နားထဲကို ရေအများကြီး ဝင်မသွားအောင် အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။ (ပိုပြီး သေချာစေချင်ရင်တော့ Earplugs နဲ့ တွဲသုံးသင့်ပါတယ်)

❣️အခုလို အကျိုးကျေးဇူးတွေ ရဖို့ဆိုရင် ကိုယ့်အတွက် သက်သောင့်သက်သာအရှိဆုံး ဖြစ်မယ့် ဦးထုပ်ကို ရွေးချယ်ဖို့ လိုပါတယ်❣️

- ရာဘားအသားနဲ့ပြုလုပ်ထားတဲ့ swim cap

-အတွင်း ပိတ်သား အပြင် လည်သာနဲ့ ပြုလုပ်ထားတဲ့ swim cap ဆိုပြီးရှိပါတယ်

သူတို့ 2 ခုရဲ့ အားနည်းချက် အားသာချက်လေးများကို နောက် ပို့စ်တွေမှာ ဆက်လက်ဖော်ပြပေးသွားပါမယ်ရှင်🙏

ပိုပြီး ကျန်းမာပျော်ရွှင်တဲ့ ရေကူးတဲ့ အချိန်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။ 💦💙

#ရေကူးဦးထုပ် #ဗဟုသုတ

Photos from Swim Today's post 03/05/2026

ရေကူးသင်တန်းအတွက်သုံးမလား ရေကူးကန်မှာ အပျော်သွားကူးရင်းပဲ သုံးမလား ?

Premium ဆန်ဆန်နဲ့ ဝတ်ရတာ အသက်သာဆုံးဖြစ်မယ့် Black PU Swimming Cap 🖤🏊‍♂️

အခု ရောက်ရှိလာတဲ့ PU Coated Swimming Cap က ပုံမှန် ရေကူးဦးထုပ်တွေလို ရော်ဘာသား သီးသန့်မဟုတ်ဘဲ အတွင်းသားကို ပိတ်သား အပြင်မှာ လည်သာသားကို ကာဗာလုပ်ပြီး ပြုလုပ်ထားတာကြောင့်

✔️ခေါင်းကို အရမ်းညှစ်ထားတာမျိုး မရှိလို့ အကြာကြီး ဝတ်ထားလည်း ခေါင်းမကိုက်ဘူးနော်

✔️ပိတ်သားဖြစ်လို့ ချွတ်တဲ့အခါမှာ ဆံပင်ကို ဆွဲထားသလိုမဖြစ်စေပါဘူး

✔️အပြင်ဘက်ကို Quality ကောင်းတဲ့ လည်သာသားနဲ့ အုပ်ထားလို့ ကြည့်ရတာ ပြောင်ချောပြီး အရမ်း Luxury ဆန်ပါတယ်နော်

⚠️ မှတ်ချက်: အတွင်းသားက ပိတ်သားအိအိလေး ဖြစ်တာကြောင့် ရေကူးတဲ့အခါ ရေတော့ အနည်းငယ် စိမ့်ဝင်နိုင်ပါတယ်။

ဒါပေမယ့် ရေကူးကန်ထဲမှာ စတိုင်ကျနေဖို့နဲ့ ဝတ်ရတာ ပေါ့ပါးလွတ်လပ်ဖို့အတွက်ဆိုရင်တော့ အကောင်းဆုံး ရွေးချယ်မှုပါရှင့် 💯

ဝတ်ရတာ ခေါင်းမညှစ်တဲ့ Premium Quality ဦးထုပ်လေးကိုမှ ရှာနေတာဆိုရင်တော့ ဒီအနက်ရောင်လေးက အလိုက်ဖက်ဆုံးပဲနော်။ 🔥

အနက်ရောင် သီးသန့်ပဲရပါမယ်ရှင် ❤️

တစ်ခု - 20000

Page messenger မှာဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင်


#ရေကူးဦးထုပ် #အနက်ရောင်

Photos from Swim Today's post 08/05/2025

သားသားမီးမီးတို့အကြိုက် ကားတွန်းရေကူးမျက်မှန်များ ပြန်လာပါပြီနော်🤓

ဒီဇိုင်းဆန်းပီး ပျော်စရာကောင်းလို့ရေကူးတဲ့အခါ ပိုမိုမြန်ဆန်ပီးအလန်းစားဖြစ်မှာ သေချာပါတယ်!

ရရှိနိုင်သောဒီဇိုင်းများ -

🐸 ဖားရုပ် (Frog)

🐢 လိပ် (Turtle)

🧜 ရေသူမ (Mermaid)

🦩 ကြိုးကြာ (Flamingo)

ထူးခြားချက်များ -

✔️UV Protection

✔️Anti-Fog Lens

✔️အလွယ်တကူဝတ်ဆင်နိုင်မှု

✔️ရေထဲမှာမျက်စိဖိစီးမှုလျော့ပြီး ပျော်စရာကောင်းတဲ့ အတွေ့အကြုံ

သားသားမီးမီးတို့ရေကူးတဲ့အခါ တစ်ကယ်ကိုပြီးပြည့်စုံစေမယ့် ကာတွန်းမျက်မှန်လေးတွေဖြစ်လို့ ကိုယ့်စိတ်ကြိုက်ဒီဇိုင်းကိုမြန်မြန်လေး chat box 🗨️ မှာ Order မှာယူလိုက်တော့နော်🤗

#ကာတွန်းရေကူးမျက်မှန် #ရေကူးမျက်မှန်
#ရေကူး #ကလေးရေကူးမျက်မှန်

Photos from Swim Today's post 13/03/2025

🥽 သားသားမီးမီးတို့အကြိုက် အသည်းစွဲဖြစ်မယ့် ရေကူးမျက်မှန်အသစ်တွေ အများကြီးရောက်ထားပါတယ်နော်🤗

မကြာခင်အသေးစိတ်လေးတင်ပေးပါမယ်ရှင့်❣️

#ရေကူးမျက်မှန် #ကလေးရေကူးမျက်မှန် #နွေရာသီ #ကလေးကာတွန်း #ရေကူး #သားသားမီးမီး

Photos from Swim Today's post 11/02/2025

ကြည်လင်ပြတ်သားတဲ့ရေအောက်ကမ္ဘာကို ရှုစားဖို့ရေကူးမျက်မှန်လေးတွေ ရောက်ရှိလာပါပြီနော်🤗

#ရေကူးမျက်မှန် #မကွေးမြို့

Photos from Swim Today's post 25/11/2023

🏊‍♀️ ရေကူးမျက်မှန်ကိုရွေးချယ်သည့်အခါ
သက်တောင့်သက်သာ၊အံဝင်ခွင်ကျဖြစ်မှု၊ခရမ်းလွန်ရောင်ခြည်ကာကွယ်မှု စသည့်အချက်များကိုထည့်သွင်းစဉ်းစားပီးရွေးချယ်သင့်ပါတယ်❤️

Photos from Swim Today's post 19/10/2023

ပို့ပေးရတဲ့ order လေးတွေ🥰
မှာယူအားပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်🙏

Photos from Swim Today's post 15/10/2023

👉 ရေကူးမျက်မှန်များ၊နားပိတ်၊ခေါင်းစွပ်များကိုစိတ်တိုင်းကျဝယ်ယူအားပေးနိုင်ပါတယ်ရှင့်🤗

🔹ရေကူးမျက်မှန်များသည်သင့်မျက်လုံးများကိုကာကွယ်ရန်နှင့်ရေအောက်မြင်နိုင်စွမ်းကိုတိုးတက်စေရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်နော် ❤️

🏊‍♀️ ရေကူးမျက်မှန်ကိုရွေးချယ်သည့်အခါ
သက်တောင့်သက်သာ၊အံဝင်ခွင်ကျဖြစ်မှု၊ခရမ်းလွန်ရောင်ခြည်ကာကွယ်မှု စသည့်အချက်များကိုထည့်သွင်းစဉ်းစားပီးရွေးချယ်သင့်ပါတယ်။

👉 Speedo မျက်မှန် 18000 ကျပ်
👉 Speedo ခေါင်းစွပ် 9000 ကျပ်
👉 Speedo နားပိတ် 5000 ကျပ်
👉 ရေကူးမျက်မှန် အကြီး 18000 ကျပ်

CM Swimsuit & Accessories
Ph / Viber 09796895809

#ရေကူးမျက်မှန်

#နားပိတ် #ခေါင်းစွပ်

Photos from Swim Today's post 23/08/2023

ရေကူးသင်တန်းတက်ရင်အများဆုံးအသုံးပြုကြတဲ့မျက်မှန်လေးတွေ..😍
✔️မျက်မှန်နဲ့ နားပိတ် တွဲလျှက်ပါတာမို့ ရေထဲမှာ နားပိတ်ပျောက်လို့ လိုက်ရှာရတာတွေ မဖြစ်တော့ပါဘူးနော်
✔️ကလေး လူကြီး ဝတ်ဆင်လို့ရတဲ့ မျက်မှန်လေးပါ
✔️ရွေးချယ်စရာ အရောင် ၅ ရောင် ရပါမယ်ရှင့်
✔️ကြိုးကို ကိုယ်လိုအပ်သလို အတိုးအလျော့ လုပ်လို့ရပြီး မျက်လုံးထဲ ရေဝင်မှာလည်း မပူရပါဘူးနော် ရေလုံပါတယ်ရှင့်

တစ်လက်-13000
#ရေကူးမျက်မှန်

Want your business to be the top-listed Gym/sports Facility in Magway?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

No. 37, Awayyar Road, Yanway Quarter
Magway
04011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00