No Damage FC

No Damage FC

Share

We can win

Photos from No Damage FC's post 17/10/2023

ဒီနေ့လေးကတော့ ကျွန်တော်တို့ No Damage FC
ရဲ့ playerတစ်ဦးဖြစ်သော စည်သူလှိုင်(ခ)ဆရာစည်၏ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။
Happy birthday ပါ ဆရာစည်ရေ🎉🎉
ယခင်ထက်ခြေစွမ်းကောင်းတွေပိုမိုပြသပြီး နိုင်ပွဲတွေ ဖော်ဆောင်နိုင်ပါစေ, ချစ်ခင်ရတဲ့သူနဲ့သက်ဆုံးတိုင်ပေါင်းဖက်နိုင်ပါစေလို့ No Damage FC playerများအားလုံးက မွေးနေ့ဆုတောင်းပေးထားပါတယ်။✨✨
We can win together 💪💪

Photos from No Damage FC's post 25/09/2023

ဒီနေ့လေးကတော့ ကျွန်တော်တို့ No Damage FC ရဲ့
Player တစ်ဦးဖြစ်တဲ့ ကိုထက်ဇော်အောင် (ခ) အာပနားရဲ့ 25နှစ်ပြည့်မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ခုကျရောက်တဲ့ မွေးနေ့ရက်မြတ်လေးကစပြီး ဘဝကိုပျော်ရွှင်မှုတွေအောင်မြင်မှုတွေနဲ့ပဲဖြတ်သန်းရပါစေ။ အသင်းမှာလဲခုထပ်ပိုပြီး ‌ခြေစွမ်းကောင်းတွေပြသပြီးနိုင်ပွဲတွေဖော်ဆောင်နိုင်ပါစေဗျာ။

Photos from No Damage FC's post 24/08/2023

ဒီနေ့ဟာဆိုရင်ဖြင့်
ကျွန်တော်တို့No Damage FCရဲ့ အသင်းခေါင်းဆောင် နိုင်ဇာ(ခ) ဒင်ဟိုကလုန်းရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်ဗျာ......

မွေးနေ့မှစ၍ နေ့ရက်တိုင်းကို စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြင့် လိုရာပန်းတိုင်ကို
လွယ်ကူစွာရောက်ရှိနိုင်ပါစေ....။

မိဘအပေါ်သိတတ်လိမ်မာသော သားလိမ်မာလေးလည်းဖြစ်ပါစေလို့ No Damage FC တာဝန်ရှိသူများနှင့် အသင်းသားများမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်ခင်ဗျာ.......။

Photos from No Damage FC's post 29/07/2023

ဒီနေ့ဟာ ဆိုရင်ဖြင့် ကျွန်တော်တို့ No Damage FCရဲ့ အဓိက ကစားသမားဖြစ်တဲ့
ဂိုးသမားဟိန်းထက်(ခ)ဂိုးလေး ရဲ့၁၈နှစ်ပြည့် မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်ဗျ....
Happy Birthday ပါညီလေးရေ
မွေးနေ့မှစ၍ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်စွာနေထိုင်နိုင်ပါစေဗျာ
မိဘအပေါ်သိတတ်လိမ်မာသော သားငယ်တစ်ယောက်ဖြစ်ပါစေဗျာ။

ကောင်မလေးလည်း အမြန်ဆုံးရပါစေလိူ့ No Damage FC တာဝန်ရှိသူများ နှင့် player များမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ဗျ။

We can win together💪💪

22/07/2023

Date - 21.7.2023(fri)
Time - 5:00 to 6:00(pm)
Match results!
No Damage FC (14) 🆚 (5) Other Team
ဆိုသောရလဒ်ဖြင့်ဂိုးပြတ်နိုင်ပွဲကိုဖော်ဆောင်နိုင်ခဲ့ကြပါတယ်။

Date - 22.7.2023(Sat)
Time-7:00 to 8:00(Am)
friendly match result!
No Damage FC (9) 🆚 (4) COB FC
ဆိုသောရလဒ်ဖြင့် နိုင်ပွဲဆက်တွေရရှိအောင်ကြိုးစားခဲ့ကြပါတယ်။

ယှဥ်ပြိုင်ကစားနေချိန်အတွင်းထိခိုက်မှုများရှိခဲ့ပါက Other Team နှင့် COB FC တို့၏ တာဝန်ရှိသူများနှင့် player များကို အနူးအညွတ်တောင်းပန်အပ်ပါတယ်။

နိုင်ပွဲဆက်ရရှိအောင်ကြိုးစားပေးခဲ့ကြတဲ့No Damage FC playerများအားလုံးကို ကျေးဇူးအထူးပင်တင်ရှိပါတယ်။
We can win together💪💪

20/07/2023

Date-19.7.2023
Time-5:00 to 6:00(pm)
Match result!
ပွဲပြီးရလဒ်လေးတွေကတော့
No Damage FC (5) 🆚 (3) Other Team
ဆိုသောရလဒ်ဖြင့် ကျွန်တော်တို့ No Damage FC က နိုင်ပွဲထပ်မံရရှိခဲ့ပါတယ်။

ခုလိုနိုင်ပွဲတွေဖော်ဆောင်ပေးခဲ့ကြတဲ့ No Damage FC player များအားလုံးကိုဂုဏ်ပြုပါတယ်။

ပွဲကစားနေချိန်အတွင်းထိခိူက်မှုများရှိခဲ့ပါက Other Team ၏တာဝန်ရှိသူများနှင့် Player များအားလုံးကိုအနူးအညွတ်တောင်းပန်အပ်ပါတယ်။
We can win together💪💪

03/07/2023

Friendly Matchs Results!
Date - 2.7.2023(Mon)
Time-4:00 to 5:00(pm)
No Damage FC (12) 🆚 (3) ဆေးရုံကြီးFC
ဆိုသောရလဒ်ဖြင့် ကျွန်တော်တို့ No Damage FCက
ဂိုးပြတ်နိုင်ပွဲဖော်ဆောင်နိုင်ခဲ့ပြီး
ဒုတိယပွဲစဥ်ကို
Time-5:00 to 6:00(pm) တွင်
Other Team ဖြင့်ထပ်မံယှဥ်ပြိုင်ကစားခဲ့ရာ
No Damage FC(8) 🆚 (6) Other Team
ဆိုသောရလဒ်ဖြင့်နိုင်ပွဲထပ်မံဖော်ဆောင်နိုင်ခဲ့ပါတယ်။
ပွဲကစားနေချိန်အတွင်းထိခိုက်မှုတွေရှိခဲ့တဲ့အတွက် ဆေးရုံကြီးFC နှင့် Other Team တို့၏ အဖွဲ့ဝင်များနှင့် player များကိုလဲ အနူးအညွတ်တောင်းပန်အပ်ပါတယ်။
နိုင်ပွဲထပ်မံစွမ်းဆောင်ပေးခဲ့ကြသော No Damage FC player များကိုလဲ ဂုဏ်ပြုအပ်ပါတယ်။
We can win together💪💪

29/06/2023

Date - 28.6.2023(wed)
Friendly Match Results!
Time-4:00 to 5:00(pm)
No Damage FC (6) 🆚 (5) Other Team

Next Match Results!
Time-5:00 to 6:00(pm)
No Damage FC (9) 🆚 (4) Other Team
ဆိုသောဂိုးရလဒ်အသီးသီးဖြင့် ပွဲစဥ်နှစ်ခုလုံးကို
အနိုင်ရရှိခဲ့ပါတယ်။
ပွဲကစားနေချိန်အတွင်း ထိခိုက်မှုများရှိခဲ့ပါက
Other Team (2)သင်းလုံးကို အနူးအညွတ်တောင်းပန်အပ်ပါတယ်။ဖိတ်ခေါ်ကစားခြင်းကိုလက်ခံပေးတဲ့အတွက်လဲကျေးဇူးအထူးပင်တင်ရှိပါတယ်။

နိုင်ပွဲဖော်ဆောင်ကစားပေးခဲ့သော No Damage FC player များအားလုံးကိုအထူးပင်ဂုဏ်ပြုအပ်ပါတယ်။
We can win together💪💪

Photos from No Damage FC's post 10/05/2023

ဒီနေ့လေးကတော့ ကျွန်တော်တို့ No Damage FC playerတစ်ဦးဖြစ်သော Myat T Y Aung (rain) ရဲ့၂၂နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ ဒီကနေ့ကျရောက်သောမွေးနေ့မှစ၍ လိုအင်ဆန္ဒများပြည့်ဝပြီး ချစ်ရသောသူနဲ့သက်ဆုံးတိုင်ပေါင်းဖက်နိုင်ပါစေ။ နောက်လာမဲ့ပွဲတွေမှာလဲ အသင်းအတွက်သွင်းဂိုးတွေအများဆုံးသွင်းယူနိုင်ပါစေ လို့ အသင်းသားအားလုံးက မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်။
HappyBirthday par Myat Thu(Rain)

06/04/2023

Date-29.3.2023 - 5.4.2023
အဆိုပါ(8)ရက်အတွင်းမှာ ယှဥ်ပြိုင်ကစားခဲ့သော ပွဲစဥ် များ၏ဂိုးရလဒ်များပဲဖြစ်ပါတယ်။

ပထမ ပွဲစဥ်မှာတော့ ကျွန်တော်တို့ No Damage FC က Other Team ကို 12 - 0 ဆိုသောရလဒ်ဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး အသင်းရဲ့ keeper ဂိုးလေး ရဲ့ ဒုတိယမြောက် cleansheet ရရှိခဲ့သောပွဲစဥ်လေးပဲဖြစ်ခဲ့ပါတယ်။

ဒုတိယမြောက်ပွဲစဥ်လေးမှာတော့
No Damage က(6)goals VS Unique FCက (8)ဂိုးဆိုသောရလဒ်ဖြင့်ရှုံးနိမ့်ခဲ့ပြီး ယခုလရဲ့ ပထမ ဆုံးသောရှုံးပွဲကို စတင် ရင်ဆိုင်ခဲ့ရပါတယ်။

တတိယမြောက်ပွဲစဥ်လေးမှာတော့
No Damage FC (8) Vs (3) Unique FC ဆိုသောရလဒ်
ဖြင့် ရှုံးကြွေးပြန်ဆပ်နိူင်ခဲ့ပြီး ဂိုးပြတ်နိုင်ပွဲ ပြန်လည်ဖော်ဆောင်နိုင်ခဲ့ပါတယ်။

နောက်ဆုံးယှဥ်ပြိုင်ကစားခဲ့တဲ့ပွဲစဥ်လေးကတော့
ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဥ်ပြိုင်ကစားပြီး
ပြိုင်ပွဲအတွေ့အကြုံများ ရှိသော Other Team နဲ့ယှဥ်ပြိုင်ကစားခဲ့ရတာပဲဖြစ်ပါတယ်။
ထိုပွဲစဥ်မှာတော့
No Damage FC (4) VS (2) Other Team ဆိုသောရလဒ်ဖြင့် ကျွန်တော်တို့ No Damage FC က အနိုင်ရရှိခဲ့ပါတယ်။
ယှဥ်ပြိုင်ကစားကြတဲ့အခါ ထိခိုက်မှုများရှိခဲ့ပါက
other Team/Unique FC တို့ရဲ့ တာဝန်ရှိသူ (or)player များအား အနူးအညွတ်တောင်းပန်အပ်ပါတယ်။

ထို(၈)ရက်အတွင်းကစားခဲ့သောပွဲစဥ်တွေမှာ ကျွန်တော်တို့ No Damage FC ရဲ့ player များကြိုးစားကစားကြပုံမှာ အားရဖွယ်ကောင်းခဲ့ပါတယ်။

အသင်းအတွက်အကောင်းဆုံးကြိုးစားပေးခဲ့ကြတဲ့အတွက် player တစ်ယောက်စီတိုင်းကို ကျေးဇူးအထူးပင်တင်ရှိပါတယ်။

We can win together 💪💪

31/03/2023

အရင်ဆုံး ပွဲ resultကို နောက်ကျမှတင်မိခဲ့တဲ့အတွက်
အသင်းရဲ့ player တွေအားလုံးကိုတောင်းပန်အပ်ပါတယ်ခင်ဗျာ။

Date-26.3.2023
Match result လေးက
6 ဂိုး - 3 ဂိုးဆိုသောရလဒ်နဲ့ ကျွန်​တော်တို့
No Damage FC က Unique FC ကို3 ဂိုးအသာနဲ့
အနိုင်ရရှိခဲ့ပါတယ်။ ဒါပင်မဲ့
Date-28.3.2023 မှာ ထပ်မံယှဥ်ပြိုင်ကစားခဲ့ကြတဲ့အခါမှာတော့ တစ်ဖက် 5️⃣ ဂိုး - 5️⃣ဂိုး ဆီဖြင့် သရေ ရလဒ်သာထွက်ပေါ်ခဲ့ပါတယ်။
ကစားနေချိန်အတွင်းထိခိုက်မှုများရှိခဲ့ပါက
Unique FC တာဝန်ရှိသူများကိုအနူးအညွတ်တောင်းပန်အပ်ပါတယ်ခင်ဗျာ။
We can win together 💪💪

23/03/2023

Full Time result!
20.3.2023(Monday)
Time-5:00 to 6:00(pm)မှာ Unique FC နဲ့ ထပ်မှန်ယှဥ်ပြိုင်ကစားခဲ့ရာ
No Damage FC 6️⃣ goals VS Unique FC 5️⃣ goals
ဆိုသောရလဒ်ဖြင့်နိုင်ပွဲထပ်မံရရှိခဲ့ပြီး

မနေ့ညနေကယှဥ်ပြိုင်ကစားခဲ့တဲ့ပွဲမှာလဲ
ကျွန်တော်တို့ No Damage FC က Joy FC ကို
🔟 -7️⃣ ဆိုသော ရလဒ်ဖြင့် 5 ပွဲဆက်ရှုံးပွဲမရှိ နိုင်ပွဲများဖော်ဆောင်နိုင်ခဲ့ပါတယ်။

ခုလိုယှဥ်ပြိုင်ကစားဖို့ ဖိတ်ခေါ်ပေးတဲ့ Joy FC နဲ့ Unique FC တို့ကိုလဲ ကျေးဇူးအထူးပင်ရှိပါတယ်ခင်ဗျာ။

ယှဥ်ပြိုင်ကစားနေချိန်အတွင်းထိခိုက်မှုများရှိခဲ့ပါက Unique FC နှင့် Joy FC အဖွဲ့ဝင်များအားလုံးကိုအနူးအညွတ်တောင်းပန်ပါတယ်။

NO DAMAGE FC player များအားလုံးရဲ့ကြိုးစားမှု
ကြောင့် နိုင်ပွဲများဆက်တိုက်ရရှိခဲ့တဲ့အတွက် player များအားလုံးအတွက်ဂုဏ်ယူပါတယ်။

We can win together💪💪

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Mandalay
Mandalay
MANDALAY