လက်လီအရောင်းဆိုင် 2 ဆိုင်အတွက် 𝗦𝗵𝗼𝗽 𝗠𝗮𝗻𝗮𝗴𝗲𝗿 𝟮 ဦး အလိုရှိပါသည်။ လိုအပ်သူများထံ ရောက်ရှိဖို့ ဝေမျှကူညီပေးပါ ခင်ဗျာ။
လုပ်ငန်းအတွေ့အကြုံနှင့် ကျွမ်းကျင်မှုပေါ် မူတည်ပြီး လစာညှိနှိုင်းနိုင်ပါသည်။
𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 : 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 | 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫𝐬𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩
Passion And Profession
Coaching Culture
𝟮𝟬𝟮𝟱 𝗚𝗼𝗮𝗹𝘀 𝗔𝗹𝗶𝗴𝗻𝗺𝗲𝗻𝘁 𝗠𝗲𝗲𝘁𝗶𝗻𝗴 & 𝗦𝗮𝗹𝗲𝘀 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴
Business Consultant အဖြစ် လက်တွဲဆောင်ရွက်နေသော Cherry Tun Fashion Store (Since 1991) လုပ်ငန်းအတွက် လုပ်ဖြစ်ခဲ့သော Meeting & Training အမှတ်တရ...
𝗥𝗲𝘃𝗶𝗲𝘄
𝗣𝗹𝗮𝗻
𝗦𝗲𝘁𝘂𝗽
𝗚𝗢!
Ko Nagyi
Passion And Profession
21/07/2024
သင်တန်းသား ၅၀ ကျော်နှင့် လုပ်ငန်းချိန်ပြင်ပ ၅ ရက်သင်တန်း
အရောင်းအဝယ်ပညာပဲ ဖြစ်ဖြစ်
ဈေးကွက်ရှာဖွေမှု ပညာပဲ ဖြစ်ဖြစ်
အတွက်အချက် ပညာပဲ ဖြစ်ဖြစ်...
ဘယ် ဘာသာပဲ ဖြစ်ဖြစ် ဦးနှောက်နဲ့ သင်ယူလို့ ရနိုင်ပါတယ်။
အလုပ်ထဲမှာ စေတနာထည့်ပြီး လုပ်ဖို့၊ တာဝန်သိဖို့နဲ့
အသင်းအဖွဲ့ စိတ်ဓာတ်နဲ့ စည်းစည်းလုံးလုံး တက်ညီလက်ညီလုပ်ဖို့ကတော့
နှလုံးသားနဲ့ သင်ယူမှရနိုင်ပါတယ်။
GROW (Personal Development) Training ကို
🔹 အခြေခံ စိတ်နေစိတ်ထား အကြောင်းတွေ
🔹 First Impression က အရေးကြီးတဲ့ အတွက် ကိုယ့်ရဲ့ ပုံရိပ်လွှာကို အကောင်းဆုံး တည်ဆောက်ပုံတွေ
🔹 အောင်မြင်တဲ့ အားကိုအားထားပြုရမယ့် လူတယောက်ဖြစ်ဖို့ သွားရာ လမ်းဖြစ်တဲ့ R.O.A.D to Success
🔹 အားလုံးနဲ့ တန်းတူရတဲ့ 24 နာရီအချိန်ကို အကောင်းဆုံး စီမံခန့်ခွဲနိုင်မှု အခြေခံ သဘောတာရား
🔹 လုပ်ငန်း (သို့မဟုတ်) အောင်မြင်မှုအပေါ်မှာ ထားရှိသင့်တဲ့ မှန်ကန်တဲ့ ခံယူချက်တွေ (Growth Mindset)
🔹 နှစ်သက်မှု၊ ချစ်ခင်မှုကနေတဆင့် ကိုယ့်ရဲ့ သတင်းစကားတွေကို ဝေမျှပေးလာမယ့်အထိ ဝန်ဆောင်မှုပေးနိုင်မယ့် ထိရောက်တဲ့ ဖောက်သည် ဝန်ဆောင်မှု
🔹 အသင်းအဖွဲ့ စိတ်ဓာတ်နဲ့ အလုပ်လုပ်နိုင်ဖို့
🔹 ဝန်ဆောင်မှုအခြေပြု လက်လီဆိုင်များအတွက် အထိရောက်ဆုံး ရောင်းချခြင်းဆိုင်ရာ နည်းစနစ်များ
အစရှိတဲ့ အကြောင်းအရာတွေကို အထိရောက်ဆုံး သင်ကြားရေးပုံစံများနဲ့ ဝန်ထမ်းတိုင်းနဲ့ ကိုက်ညီစေမယ့် ပုံစံမျိုးဖြစ်အောင် စနစ်တကျ သေချာပြုစု ရေးဆွဲပေးထားပါတယ်။
ယုံကြည်စွာနှင့် သင်ကြားခွင့်ပေးသော CEO အစ်မ Ma Thet Thet Khaing နှင့် တနေ့တာလုံး တက်တက်ကြွကြွနှင့် လေ့လာသင်ကြားခဲ့ကြသော Gresh Mart Supermarket မှ ဝန်ထမ်းများတစ်ယောက်ခြင်းစီတိုင်းအား ကျေးဇူးတင်ပါတယ်။
တနေ့တာ သင်ကြားခဲ့ရတဲ့ အထဲက သင်တန်းနဲ့ ပတ်သက်တဲ့ အမှတ်တရ ကျန်နေခဲ့တဲ့ အကြောင်းအရာလေးတွေရှိခဲ့ရင် မှတ်ချက်ပေး ဝေမျှပေးဖို့ ဖိတ်ခေါ်ပါရစေ...
Passion And Profession
Ko Nagyi
ကြော်ငြာနဲ့ ပတ်သက်ရင် လိပ်စာကဒ်ကနေ Billboard ထိ တနေရာထဲ စုံလင်စွာ ရရှိနိုင်တဲ့ နေရာ...
https://www.facebook.com/iDreamDesignPrinting
Idream Design & Digital Printing Business service
16/07/2024
လုပ်ငန်းရှင်များ ထူးခြား အခြေအနေတွင် ဆုံးရှုံးနစ်နာမှု အနည်းဆုံး နှင့် လုပ်ငန်း အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်စေရန် အကြံပြုချက်များ
ကုန်ပစ္စည်း ပို့ဆောင်မှု (Delivery)
* ပုံမှန်ဝယ်ယူနေကျ ဖောက်သည်မဟုတ်သူများ၏ ပစ္စည်းရောက် ငွေချေ မှာယူမှုများ သတိထား ပို့ဆောင်ရန်
* လက်ရှိ အဝင်၊ အထွက် တားမြစ်ထားသော နယ်မြေများနှင့် ထိစပ်၊ နီးစပ်သော နေရာများအား ပစ္စည်းပေးပို့မှုအား အထူးဂရုစိုက်ရန်
ပစ္စည်းမှာယူမှု (Purchasing)
* ဆုံးရှုံးနစ်နာမှု အနည်းဆုံးဖြစ်စေရေးအတွက် ရွှေ့ပြောင်းရ မလွယ်ကူသော ပစ္စည်းများ၊ တန်ဖိုးကြီး ပစ္စည်းများ မှာယူမှုများအား စနစ်တကျ တွက်ချက်၍ မှာယူရန်။
*အဝင်အထွက် တားမြစ်ထားသော နယ်မြေများနှင့် ထိစပ်၊ နီးစပ်သော နေရာများတွင် ပစ္စည်းပေးသွင်းသူ (supplier) များရှိနေပါက အခြား နယ်မြေ၊ လမ်းကြောင်းမှ ပစ္စည်းပေးသွင်းသူများအား ကြိုတင် ရှာဖွေ ဆက်သွယ်ထားရန်
ပစ္စည်းထားသိုမှု (Warehousing)
* ဆိုင်အတွင်း ခင်းကျင်းပြသရန် ပစ္စည်းအရေအတွက်နှင့် သီခြားလုံခြုံစိတ်ချရသောနေရာတွင် ထားသိုမည့် ပစ္စည်းများအား စနစ်တကျ ခွဲထားရန် (တနေရာထဲတွင် ပစ္စည်းအားလုံး ထားသိုမှုမဖြစ်စေရန်)
* ဆိုင်၊ ဂိုဒေါင် နှင့် ပတ်သတ်သည့် လုံခြုံမှု ဆိုင်ရာ အကာအကွယ်များအား ပိုမို ခိုင်ခံ့သည့်၊ ပိုမိုလုံခြုံသည့် အနေအထား ရှိစေရန် လိုအပ်သည့် အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန်
(နံရံ၊ ပင်မ ဝင်ထွက် တံခါးမကြီးများ၊ ဘေးပြတင်းပေါက်၊ တံခါးများ၊ မှန်အသုံးပြု တံခါးများ၊ ပြတင်းပေါက်များ)
* ဆိုင်၊ ဂိုဒေါင်နှင့် ပတ်သတ်သည့် မီးဘေးအန္တရာယ်များအတွက် ကြိုတင်ကာကွယ်ရန်နှင့် လုံလောက်သော မီးသတ်ဆေးဗူးများ ထားရှိရန်နှင့် မီးသတ်ဆေးဗူးများ၏ သက်တမ်းများအား ပြန်လည်စစ်ဆေးထားရန်
(လိုအပ်ပါက သရုပ်ပြ မီးသတ်ဆေးဗူး အသုံးပြုမှုများအား ဝန်ထမ်းများနှင့် လက်တွေ့ စမ်းသပ် လုပ်ဆောင်ရန်)
အချက်အလက် မှတ်တမ်းများ (Information and Record)
* လုပ်ငန်းအတွက် အရေးကြီးသော စာရွက်စာတမ်းများ၊ စာချုပ်များအား ပိုမိုလုံခြုံသော ပုံစံဖြင့် စုစည်းထားရှိရန်၊ Scan ဖတ်ပြီး Soft Copy အနေဖြင့် သိမ်းဆည်းခြင်း
* ဖောက်သည် အချက်အလက်၊ ဘဏ္ဍာရေးဆိုင်ရာအချက်အလက်၊ ကုန်ပစ္စည်း အဝင်အထွက်ဆိုင်ရာ အချက်အလက်၊ အရောင်းနှင့် ဈေးကွက်ရှာဖွေရေး ဆိုင်ရာ အချက်အလက် စသော အရေးကြီး အချက်အလက်များအား Backup ပြုလုပ်ပြီး Physical Storage Device များတွင် ထည့်သွင်းသိမ်းဆည်းခြင်း၊ Cloud, Drive ထဲတွင် Upload ပြုလုပ်ပြီး သိမ်းဆည်းခြင်း
ဝန်ထမ်းများအတွက် လုံခြုံရေး အစီအမံ (Safety)
* တစုံတခု ဖြစ်ပေါ်လာပါက နေထိုင် ပုန်းခိုရန် လုံခြုံစိတ်ချရသော နေရာ၊ အခန်းများအား သတ်မှတ်ထားရှိခြင်း၊ အသိပေးထားခြင်း
* ဆက်သွယ်မှု မပြတ်စေရန်အတွက် ဖြစ်နိုင်ခြေရှိသော ဆက်သွယ်မှုနည်းလမ်းများအားလုံး အသုံးပြုပြီး အဆင်သင့်ထားရှိခြင်း
(ဖုန်းအေ်ပရေတာအားလုံး အသုံးပြုခြင်း)
* Emergency Kit များ ထားရှိ အသုံးပြုခြင်း
ကြိုတင်သိုလှောင်ရန်
* စက်သုံးဆီများ၊ အစားအစာနှင့် ပုံမှန်သောက်နေကျ ဆေးဝါးများ
(စက်သုံးဆီ Full Tank & Refill)
လုပ်ငန်းလည်ပတ်ခြင်း (operating)
* အဝင်၊ အထွက် တားမြစ်ထားသော၊ တားမြစ်နိုင်ခြေရှိသော နယ်မြေများတွင် နေထိုင်ကြသော ဝန်ထမ်းများအား လုပ်ငန်း သို့ လုပ်ငန်းနှင့် နီးစပ်သောနေရာများတွင် နေထိုင်ရန် စီစဉ်ပေးခြင်း
* သတင်းအချက်အလက်များအား မျက်ခြေမပြတ် စောင့်ကြည့်ပြီး ထူးခြားသတင်းများအား စဉ်ဆက်မပြတ် သတင်းပေးပို့သည့် အစီအမံထားရှိခြင်း
* လုံခြုံရေး အစီအမံများအား ထပ်တိုးဆောင်ရွက်ခြင်း၊ အဆင့်မြှင့်တင်ခြင်း
*ဝန်ထမ်းများ အလုပ်ကို ပိုမိုအာရုံစိုက်လုပ်ဆောင်နိုင်ရန်အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများအား ကူညီဖြေရှင်းပေးခြင်း
Ko Nagyi
Passion And Profession
03/07/2024
𝗚𝗥𝗢𝗪
(𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭, 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐚𝐧𝐝 𝐑𝐞𝐭𝐚𝐢𝐥 𝐒𝐚𝐥𝐞𝐬 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠)
ဝန်ထမ်းဘဝမှာ ရတောင့်ရခဲမှု ၃ မျိုး
1. Right Industry/ Company
2. Right Owner to work with
3. Right Place to Grow
၁။ မှန်ကန်တဲ့ စီးပွားရေးလုပ်ငန်းမှာ လုပ်ကိုင်ခွင့်ရမှု
တချို့စီးပွားရေးလုပ်ငန်းတွေက ဒီအခြေအနေ၊ ဒီကာလမှာ တိုးတက်မှု နည်းနည်းရဖို့ကို စိန်ခေါ်မှု များစွာ ရှိနေကြပါတယ်။ တချို့စီးပွားရေးလုပ်ငန်းတွေကျတော့လဲ အခြေအနေ အချိန်အခါအရ တိုးတက်နိုင်တဲ့ အခွင့်အရေးတွေ ပေါကြွယ်ဝ ပါတယ်။
၂။ ဝန်ထမ်းတွေရဲ့ အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးစားပေးစဉ်းစားတဲ့ လုပ်ငန်းရှင်နဲ့ အတူတွဲပြီး လုပ်ကိုင်ခွင့်ရမှု
မြန်မာစကားမှာ အပေး၊ အယူ။ English မှာ Give & Take။ အပေးဆိုတဲ့ Give ကနေပဲ စတဲ့၊ တွေးတဲ့ လုပ်ငန်းရှင်မျိုး
၃။ ဘဝအတွက်ရော လုပ်ငန်းကျွမ်းကျင်မှု အတွက်ပါ နည်းပေးလမ်းပြ သင်ကြားပို့ချပေးနိုင်တဲ့ နေရာနဲ့ လူပုဂ္ဂိုလ်
𝐈𝐟 𝐲𝐨𝐮 𝐰𝐚𝐧𝐭 𝐭𝐨 𝐠𝐨 𝐟𝐚𝐬𝐭𝐞𝐫, 𝐠𝐨 𝐚𝐥𝐨𝐧𝐞.
𝐈𝐟 𝐲𝐨𝐮 𝐰𝐚𝐧𝐭 𝐭𝐨 𝐠𝐨 𝐟𝐮𝐫𝐭𝐡𝐞𝐫, 𝐠𝐨 𝐚𝐧𝐝 𝐆𝐑𝐎𝐖 𝐭𝐨𝐠𝐞𝐭𝐡𝐞𝐫!
See You Tomorrow
Gresh Mart Supermarket
Ko Nagyi
Passion And Profession
02/07/2024
Hello...
Good morning...
အစဉ်အလာ မပျက်
မင်္ဂလာ နံနက်ပါ...
ခုမှ FB ဝင်ရလို့ တင်ရတာပါ 😁
26/06/2024
လုပ်ငန်းတွေ အတွက်ရော
ဘဝတွေ အတွက်ရော စီမံခန့်ခွဲမှု ပုံစံတွေက ပြောင်းလဲကုန်ပြီ။
2022 - 2023 လောက်က ချိန်ခါသင့် စီမံခန့်ခွဲမှုပုံစံ (Situational Management) *ရပ် - ကြည့် - သွား* နဲ့ သွားလာနေရာကနေ အခု 2024 မှာ ဦးစားပေး ရွေးချယ် စီမံခန့်ခွဲမှု (Priority Management ) ပုံစံကိုပြောင်းပြီး လုပ်ကိုင်လာကြရတော့မယ်။
လုပ်ငန်းအတွက်ပဲ ဖြစ်ဖြစ်...
ဘဝအတွက်ပဲ ဖြစ်ဖြစ်...
Decision တွေက Agile ဖြစ်ဖို့ Speed ပါဖို့ အရေးကြီးတဲ့အချိန် ရောက်လာပြီ။
မှန်မှန်ကန်ကန် ရွေးချယ်
သွက်သွက်လက်လက် ဆုံးဖြတ်ပြီး
မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် လုပ်ဆောင်ရမှာ။
ပုံလေးကတော့ ယနေ့ခေတ်ကို ထင်ဟပ်စေတဲ့ပုံလေးမို့ တွေးစရာလေးတွေ တခုခု ရကြမယ် ထင်ပါတယ်။
💬💬💬
ဒီမှာ ညီမောင်...
သူများမွေးနေ့ပွဲမှာ မွေးနေ့ရှင်ကိုကျော်ပြီး ကိုယ့်ကို အာရုံစိုက်လာမယ့် အလုပ်တွေ မလုပ်သင့်ဘူးကွ။
အဲ့ဒါ ဘယ်သူမှ မပြောရဘဲ စောင့်ထိန်းသင့်တဲ့ ကျင့်ဝတ်ပဲ၊ စည်းပဲ။
ကိုဘယ်သူ ဘယ်ဝါပါဆိုပြီး ဝင့်ဝင့်ကြွားကြွားထုတ်ပြောနေဖို့ထက် မွေးနေ့ရှင်ရဲ့ လှပမှု၊ မွေးနေ့ပွဲရဲ့ ခမ်းနားမှုကို ပိုပြီး ညွှန်းဆိုပြောသင့်တာပေါ့ကွာ။
ကိုယ့်နာမည်ကိုယ် ရွတ်ဖို့က မွေးနေ့သီချင်းလေး သံပြိုင်ဆိုဖို့လောက်အထိ မခက်ပါဘူး။
ယဉ်ကျေးမှုဆိုတာက တရွာတပုဒ်ဆန်းမို့ မတူနိုင်ပေမယ့် တဖက်သားကို ဦးစားပေး စဉ်းစားတတ်တဲ့ လေးစားမှုဆိုတာကတော့ နေရာတိုင်းအတူတူပါပဲ။
အတင်း အဓမ္မ လုပ်ယူ၊ ဇွတ်ယူ ရမယ့်အထဲမှာ အခွင့်အရေး မပါဘူး။ သူက ဖန်တီးယူရတာ သက်သက်ပဲ...
12/06/2024
Gadgets အသစ်ရောက်တိုင်း အမြဲသတိတရနဲ့ လက်ဆောင်ပို့ပေးတတ်တဲ့ ညီလေး Ko Thit ဘဝရဲ့ အောင်မြင်မှု ခရီးလမ်းတွေကို အားအင်အပြည့် Fully Charged နဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ...
စတားလိုက် ဖုန်းအပိုပစ္စည်း လက်လီ လက်ကားရောင်းဝယ်ရေး
Click here to claim your Sponsored Listing.