SUMO Belgian Malinois Farm

SUMO Belgian Malinois Farm

Share

Thank all my customers

Photos from SUMO Belgian Malinois Farm's post 12/06/2019

Belgian Malinoisတွေရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့၊ ခင်ဗျားတို့ ကျွန်တော်တို့ မသိခဲ့တဲ့ အချက်များ.....

Belgian Malinoisဆိုတာ သခင့်အပေါ် သစ္စာအရှိဆုံး၊Working dogဆိုတဲ့အတိုင်း အလုပ်လုပ်ရာမှာ အင်တိုက်အားတိုက် ရှိတဲ့ ခွေးအမျိုးအစား တစ်မျိုးပါ။ရုတ်တရက်ကြည့်လိုက်ရင် German Shepherd Dogs(GSD)တွေနဲ့ ခပ်ဆင်ဆင်လေး ဖြစ်နေတတ်ပါတယ်။ဒာပေမဲ့ လုံးဝမတူပါဘူး။GSDတွေက အလုံးအထည်ပိုကြီးပြီး အရိုးအဆစ်တွေက ပိုကြီးပါတယ်။Malinoisတွေနဲ့ တခြားworking dogတွေနဲ့ မတူတာကတော့ သူတို့ရဲ့work ethicလို့ခေါ်တဲ့ အလုပ်တစ်ခုကို စ လုပ်ပြီးရင် အပြီးသတ်တဲ့အထိ ကျားကုတ်ကျားခဲ လုပ်ကြတာရယ် သင်ယူလွယ် တတ်မြောက်လွယ်တာကြောင့် ဘာပဲသင်သင် ခနနဲ့တတ်ကြတာပဲ ဖြစ်ပါတယ်။ဒီထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်လေးတွေကို ဆက်ကြည့်လိုက်ကြရအောင်....

၁.သူတို့ကို Belgian Cityကို အစွဲပြုပြီး ခေါ်ကြတာပါ

Belgian Malinois(အသံထွက်အမှန်က mal-in-wa မလင်ဝါး) တွေဟာ Belgiumအနောက်မြောက်ပိုင်းက Malinesမြို့အနီးတဝိုက်မှာ စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ် ။1911ခုနှစ်နောက်ပိုင်းမှာ Americanကို စတင်ရောက်ရှိခဲ့ပြီး ရဲဖက် စစ်ဖက်တွေမှာ သုံးခဲ့ကြပါတယ်။

၂.သူတို့ကို တိရစ္ဆာန်အုပ်တွေကို ကျောင်းဖို့ မွေးမြူခဲ့ကြတာပါ

Belgian Malinoisတွေဟာ တကယ်တော့ Belgiumနေရာအနံ့မှာ ရှိတဲ့ သိုးထိန်းခွေးလေးမျိုးထဲက တစ်မျိုးပါ။ပြီးခဲ့တဲ့ ရာစုနှစ်တွေမှာတော့ Malinoisတွေက သိုးထိန်းခွေးအဆင့်ကနေ အရာအရာကို သင်လွယ် တတ်လွယ်တဲ့ အထိ အဆင့်မြင့်လာခဲ့ကြပါတယ်။

၃.သူတို့တွေက ရဲတွေရဲ့ bestiesတွေပါ

1908ခုနှစ်ကနေစပြီး Belgian sheepdogsတွေကို New York city police forceအဖြစ် သုံးခဲ့ကြပါတယ်။အဲ့ဒီအချိန်တုံးက ဒီမျိုးစိတ်ဟာ United Statesအတွက်တော့ အသစ်ပါ။AKCလို့ခေါ်တဲ့ American Kennel Clubလို အဖွဲ့အစည်းကတောင် မလင်ဝါးတွေကို အဲ့အချိန်ကတည်းက အရေးတယူရှိခဲ့ပါတယ်။ဒီနေ့အချိန်အခါမှာတော့ Malinoisတွေက ရဲဖက် စစ်ဖက်တွေရဲ့ မရှိမဖြစ် ခွေးအမျိုးအစား တစ်မျိုး ဖြစ်နေပါပြီ။

၎.Malinoisတွေက ပထမကမ္ဘာစစ်မှာ ပါဝင်ခဲ့ပါတယ်

ပထမကမ္ဘာစစ်မှာကတည်းက Malinoisတွေက ရှေ့ပြေးတွေ၊ကြက်ခြေနီအကူတွေအဖြစ် ပါဝင်ခဲ့ပါတယ်။တချို့တွေဆိုရင် လူနာတင်လှည်းတွေ၊လက်နက်တင်လှည်းတွေ ဆွဲတဲ့အထိတောင် တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။

၅.Malinoisတွေက Navy SEALSတွေရဲ့မရှိမဖြစ်တွေပါ

ဒီနေ့အချိန်အခါမှာဆိုရင်တော့ဖြင့် Malinoisတွေက အမေရိကန်စစ်တပ်ရဲ့ မရှိမဖြစ် ဘက်စုံသုံး စစ်ခွေးတွေဖြစ်နေကြပါပြီ။Navy SEALSရဲ့ ခွေးအကောင်ရေ တော်တော်များများက ဟုတ်ပါတယ် Malinoisတွေပါ။Cairoဆိုပြီး နာမည်ပေးထားတဲ့ကောင်ကိုတော့ မိတ်ဆွေတို့ သိကြမယ်ထင်ပါတယ်။ 2011ခုနှစ်မှာ Osama Binladinကို နိမ်နှင်းခဲ့တဲ့ SEAL team6ရဲ့ အဓိကဇာတ်ကောင်ပါပဲ။သူတို့အတွက် အထူးပြုလုပ်ထားတဲ့ ကျည်ကာတွေ ပြီးတော့ အထူးစပါယ်ရှယ် ညကြည့်မှန်ဘီလူးတွေပါ တပ်ဆင်ပေးထားကြပါတယ်။

၆.Malinoisတွေက sky divingလုပ်နိုင်ကြပါတယ်

စစ်တပ်တွေမှာ GSDတွေထက် Malinoisတွေကို သုံးရတဲ့ အဓိကအချက်က သူတို့တွေက Sky divingခုန်နိုင်
ကြတာပါ။Malinoisတွေက GSDတွေထက် ပိုပေါ့၊ပိုပြီးရဲရင့်တာကြောင့် လူတွေနဲ့အတူ လေထီးခုန်ရာမှာ ပိုအဆင်ပြေတာကြောင့်ပါ။Malinoisတွေက လူမပါပဲနဲ့တောင် ကိုယ့်ဖာသာကိုယ် လေထီး ခုန်နိုင်ကြပါတယ်(Amazing...)

၇.Eva Mendesစီက Malinois

ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး Eva Memdesစီမှာ Hugoလို့နာမည်ပေးထားတဲ့ Malinoisတစ်ကောင်ရှိပါတယ်။အဆိုပါ မင်းသမီးက 2011ခုနှစ်မှာ မလိုမုန်းထားသူတွေရဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း ခံခဲ့ရရာမှာ Hugoဆိုတဲ့ သူ့Malinoisလေးက ရဲရဲရင့်ရင့် ကယ်တင်ခဲ့ပြီးတော့ Hugoရှိရင် သူ့ဘဝက လုံခြုံတယ်လို့ ဆိုပါတယ်။Malionisတွေက သခင့်အတွက်ဆို သက်စွန့်ဆံဖျား ကာကွယ်စောင့်ရှောက်တတ်တဲ့ ဉာဏ်ကောင်းတဲ့ Guard dogတွေပါပဲ....

နောက်ထပ် နောက်ထပ်လဲ Malinoisတွေရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေကိုတင်ဆက်ပေးဦးမှာမို့လို့ နားစွင့်ပေးကြပါဦးဗျ...အားလုံးကို ကျေးဇူးအထူးပါ...

Cairoနဲ့Hugoပုံလေးပါ ဖော်ပြပေးလိုက်ပါတယ်


Crd Dr Moe Myint

11/06/2019

အဖြဲသံသရာ

ကျွန်တော်လဲ မွေးတဲ့ခွေးဆိုဖြဲမှကြိုက်တာ ကိုက်မှကြိုက်တာဗျ။
ကိုယ်ကခွေးနဲ့လမ်းလျှောက်ထွက်နေတုန်း ဒီခွေးက ချစ်စရာကြီးဆိုတာထက် ကြောက်စရာကြီးဆိုပြီး ဘေးကပ်သွားတာကိုပိုသဘောကျတဲ့သူဗျ။
လမ်းဘေးခွေးတွေ့လို့ ကိုယ့်ခွေးကမလိုက်တတ်ရင်တောင်တမင်လိုက်တတ်အောင်ရှူးတိုက် လေ့ကျင့်ပေးခဲ့တာမျိုး။
ဒီလိုနဲ့ ကိုယ်က ဒီ Breed တွေကိုအရမ်းသဘောကျ လာတော့ တဖက်ကသက်ဆိုင်ရာခွေးတွေရဲ့ စိတ်နေစိတ်ထားတွေ ပုံတိုပတ်စတွေ နဲ့ စည်းမျဉ်းဥပဒေသလေးတွေလက်လှမ်းမီသလောက်ဖတ်တာပေါ့ဗျာ။
အဲဒီချိန်မှာ ကိုယ်တွေးခဲ့တာတွေ ကိုယ့်အတ္တနဲ့ ဖြဲချင် ရမ်းချင်ခဲ့တာတွေက အမှားတွေမှန်းသိခဲ့တယ်။
တကယ်က Rottweiler ဆိုတဲ့ Breed က အရမ်းကို ပုံသွင်းရလွယ်တဲ့အမျိုးစားထဲပါပါတယ်။
မိဘ မျိုးရိုးနဲ့ Genes ကိုသိမယ် မဟုတ်လဲ cross breed မထိုးထားတဲ့ pure breed ဆိုရင်ပေါ့။သူတို့ကို မိသားစုဝင်လိုထားမလားရတယ်။တဖက်က အရမ်းကိုကြမ်းချင်လား တဖက်က working အတွက်သုံးချင်လားအစရှိသဖြင့်ရပါတယ်။စိတ်ကတည်ငြိမ်ရပါတယ်။ ဗြူး ဗြဲ ဆိုပြီး စိတ်မငြိမ်တာ အလကားနေရင်း aggressive ဖြစ်နေတာက မှားယွင်းနေတဲ့ အချက် တွေဖြစ်ပါတယ်။သူတို့ရဲ့ ဦးနှောက်တွေက လူစိမ်းလား မိတ်ဆွေလား ရန်သူလားတကယ်ခွဲခြားနိင်ပါတယ်။
စွယ်စုံရနေတဲ့သူတို့ရဲ့စိတ်တွေကို မွေးနေတဲ့ကျွန်တော်တို့လူသားတွေက ကိုယ်လိုချင်တဲ့အပိုင်းကိုပုံတွေသွင်းရာမှပြသနာတွေစလာတာပါ။
လွန်ခဲ့နှစ်တွေတုန်းက ခုလို FB တွေသိပ်ခေတ်မစားခင်ပေါ့ဗျာ Rottweiler တွေက မမွေးသင့်တဲ့ ခွေးအမျိုးစားဆိုပြီး နိုင်ငံတော်တော်များများမှာ အပိတ်ခံခဲ့ရတယ်။လူကိုလည်ပင်းတက်ခဲနေတဲ့ ပုံတွေ ခွေးခွေးချင်းကိုက်သတ်ထားတာတွေ ကလေးငယ်လေးကို ကိုက်ပလိုက်လို့ ဘဝပျက်မတတ်ချုပ်ခဲ့ရတာတွေ အစရှိသဖြင့်ပေါ့ဗျာ။ဒီလိုအဖြစ်ပျက်တွေကြားမှာ ဝါသနာရှင်တွေကို Breeder တွေ Kennel Club တွေကနေ မွေးမြူသင့်တဲ့ပုံစံတွေ အနေထားတွေ ရှင်းပြကြ သူတို့ရဲ့ စိတ်ရင်းအစစ်ကိုရှင်းပြကြ ကြောက်မက်ဖွယ် သွားကြီးတွေဖြဲနေတဲ့ Rottweiler တံဆိပ်ပါတဲ့ ပုံတွေ ကြေငြာတွေကို ကန့်ကွက်ကြပြီး ချစ်စရာကောင်းတဲ့ သူတို့ရဲ့အလေ့ထလေးတွေ သစ္စာရှိတဲ့ အကြောင်းတရားတွေနဲ့ လုံခြုံရေးအတွက်ပါထူးချွန်တဲ့ Breed တခုအဖြစ် High Light ပြရင်း ကောင်းမွန်တဲ့ ပုံရိပ်တွေကို recovery ပြန်ယူနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ပဲ ခုအများသူငါရှေ့က Rottweiler ကြီးတွေပြန်ဖြစ်လာတာပါ။
အခုနောက်ပိုင်းကျွန်တော်ဝါသနာရှင်တစ်ယောက်အနေနဲ့ပြန်မွေးဖြစ်တော့ မထင်မှတ်စရာတွေပြန်တွေ့လာရပါတယ်။
သူငယ်ချင်းတစ်ယောက်ပြတာကြည့်မိတော့ Rottweiler လေးကို သာသနာ့နယ်မြေထဲထိခေါ်ပြီး ဘုန်းကြီးကျောင်းကခွေးကို ဖြဲနေတာကို မထိန်းတဲ့အပြင် မြှောက်ပေးနေတာမျိုး၊အရွယ်ကောင်းခါစ Rottweiler ၂ကောင်ကို မြန်မာခွေးနဲ့တည်ပေးနေတာမျိုးတွေပါတွေ့လာရတယ်။
တဖက်ကလဲ ငါ့ခွေး ငါ့ပိုက်ဆံနဲ့ဝယ်ထားတာ ကိုက်ရင် လျော်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ကိုမွေးလာကြပါတယ်။
အရင်ကသင်ခန်းစာတွေရှိပါတယ်။
ငယ်ငယ်ကရပ်ကွက်ထဲကခွေးတွေးကိုဖြဲဖို့သင်ထား မြှောက်ပေးထား၊ကြီးလာတော့ လမ်းဘေးခွေး မလွတ်စေရ လူလားအနားကပ်တာနဲ့ဆွဲပီးသားဆိုတဲ့ ကောင်ကြီးဖြစ်လာတယ်။တညမှာတော့ ခြံထဲပစ်ထည့်ထားတဲ့ အသားတုန်းနဲ့သေတာပါပဲ။
ဒါဆိုဒီခွေးကိုတကယ်ဘယ်သူသတ်တာပါလဲ?
နောက်တစ်ကောင်ကတော့ သခင်ကငယ်ငယ်ကတည်းကအလိုလိုက်မွေးထား တစ်လက်ကိုင်မှတစ်လက်ကိုင် သူလဲခရီးထွက်ခွေးကဘယ်သူ့စကားမှနားမထောင် လာနေကြ အဝတ်လျော်သည်ကြီးလျော်နေတုန်း မိန်းမလုပ်သူက ခွေးကိုအစာကျွေးချိန် ဒီမိန်းမကြီးရှိလဲ လွှတ်ပေးနေကြဆိုတော့ လွှတ်ပေးထားရာကနေ ကိုက်ပလိုက်လို့ အသက်ပါမနည်းယူလိုက်ရတယ်။ဘယ်သူမှဆွဲလို့လဲမရ ဟန့်လို့လဲမရ။အဝတ်လျော်သည်ကြီးက လှောင်အိမ်ထဲပြေးပြီးအထဲဝင်နေလို့သာ အသက်အန္တရယ်မဖြစ်တာ။
၂ယောက် ၃ယောက်ဖြစ်လာတော့
မိန်းမနဲ့ မိသားစုဝင်တွေက မမွေးရဲတော့လို့ အဲ့ခွေးရဲ့ ဇာတ်သိမ်းလဲမကောင်းခဲ့ဘူး။
အဲဒါကရောဘယ်သူ့ကြောင့်လို့ထင်ပါသလဲ?

ဒီလိုနဲ့ တဖက်ကပြောင်းမြင်ကြည့်တယ်။
အိမ်ကစထွက်တာနဲ့ တွေ့တဲ့သူတိုင်းကို ဆဲဆို ဟိန်းဟောက် ဖြဲခြောက်နေတဲ့ သူနဲ့
ကိုယ့်ဘာသာအေးဆေး လမ်းလျောက်စရာရှိလျောက်မယ် လုပ်စရာရှိတာလုပ် သွားစရာရှိတာသွားနေတာကိုမှ ကိုယ့်ကို စိန်ခေါ်မယ် ရန်မူမယ်ဆိုမှ တုန့်ပြန်တဲ့သူ ဘယ်သူ ဥာဏ်ပိုရှိမလဲ?
ခွဲစိတ်အထူးကုဆရာဝန်ကတော့ အရက်သမားအလင်းဆိုင်ထဲက လှမ်းစိန်ခေါ်နေတာကိုတော့ လက်ခံမှာမဟုတ်ပါဘူး။
လမ်းဘေးခွေး အများစုရောဂါပိုးတွေ တွေ့ရှိနေရပါတယ်လို့အကြိမ်ကြိမ်ကြေငြာနေတာကိုမှ ကိုယ့်အိမ်မွေးခွေးကြီးကို တန်းတူယှဉ်ကိုက်ခိုင်းဦမှာလား?

မြန်မာနိုင်ငံ Guard Dog Line မှာ အောင်မြင်နေတဲ့ Breed တွေ အရမ်းကိုခေတ်မပျက်ပဲ
ခုထိ လိုင်းငြိမ်းနေတဲ့ Breed တွေစဉ်းစားကြည့်ပါ။အဲဒီထဲမှာ GSD နဲ့ Rottweiler ပါတယ်။
ဘာလို့လဲဆိုတော့ စွယ်စုံဆိုတဲ့စကားတခုအပြင် မိသားစုတွေကပါလက်ခံထားတဲ့အရာတခုပါ။
နောက်ပိုင်း raise လုပ်တဲ့ breed တွေ ယောက်ျားလေးတွေကသာ ကြိုက်ပေမဲ့ ရေရှည်ရပ်တည်မရပဲ ခုထိဝယ်လိုအားနည်းနေတဲ့ Breed တွေ ဘာလို့ဒီမှာ မအောင်မြင်တာလဲ
ဆိုတာကိုပါဆက်စပ်တွေးမိပါသလား?

Rottweiler တွေကိုသင်တကယ်ချစ်တာလား?


crd Bro Ko Kyi Thet Han

20/05/2019

Wick 3... 🐕😍🐕

Dog

Photos from SUMO Belgian Malinois Farm's post 16/05/2019

အိမ်မွေးခွေးလေးတွေနဲ့တော့ မဆိုင်ပါဘူး
ကိုယ့်မြို့နဲ့ဆိုင်လာလို့ပါ
ပခက အဝင် တမာနံ မမွှေးရင် ဘယ်မှာ ပခက ဖြစ်မှာတဲ့လဲကွာ

Photos from SUMO Belgian Malinois Farm's post 07/05/2019

Max ကားထဲက ကလေးတွေပါ
အာဖဂန်မှာလည်း စစ်မှုထမ်းပြီးပြီ
ဘင်လာဒင်လဲ ဝင်ဖမ်းပြီးပြီ
လက်ရှိ မှာလည်း Special force တွေမှာ ထမ်းဆောင်နေပြီ
Pure Breed ပါ
Belgian Malinois လေး တွေ ၄လသားလေးတွေပါ အကုန်အထီးပါ ဈေးက ၃၅၀၀၀၀
Local ပေါက်တွေဖြစ်နေပါပြီ အဖေ အမေ ကတော့ Import တွေပါ 2015 လောက်ကတည်းက မြန်မာပြည်ရောက်နေတာပါ
အိမ်ဝိုင်းလုံအောင်မွေးဖို့
ကိုယ့်ကို Guard လုပ်ဖို့
လမ်းတူတူလျှောက်ဖို့ ကစားဖို့
ဘက်စုံ သုံးလေးတွေပါ
အရွယ်ကောင်းလေးတွေပါ
စိတ်ဝင်စားရင်
Ph no0977 899 9752
ကျေးဇူးပါ
ဒီဈေးနဲ့ ဘယ်မှ မရပါဘူး

ကူShare ပေးကြပါဦး Please

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Thit Htunt Village
Mandalay
44

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00