Parenting Labs

Parenting Labs

Share

Empowering parents & educators in raising emotionally intelligent children.

21/05/2026

Tr. ရဲ့ Emotion Explorer လေးတွေ အခုဆို 🥰

✨ Emotion တွေကို နာမည်ပေးတတ်နေပြီ
✨ Emotion တွေက visitor လို့ နားလည်နေကြပြီ
✨ Big emotion တွေကို regulate လုပ်တတ်နေကြပြီ
✨ Emotion Zones လည်း ခွဲတတ်နေပြီ
✨ Daily feelings check-in လုပ်ဖို့လည်း မမေ့ဘူး
✨ Breathing practice ကိုလည်း အမြဲ practice လုပ်ပြီး Tr. ဆီ ပို့ပေးတဲ့ တော်တဲ့ကလေးတွေ 😍

Tr. ကတော့ proud ဖြစ်ရုံပဲ 💛Wish you all the best, my little explorers 🥰

🌈 Creative Mindfulness Class
Learning emotion through stories (4-5 years old) online class

21/05/2026

“ငါဆူမိလိုက်ပြန်ပြီ၊ အော်မိလိုက်ပြန်ပြီ” ဆိုပြီး အပြစ်ရှိသလို ခံစားနေရရင် ဘယ်လိုဆက်လုပ်မလဲ… 😔

ကျွန်မတို့ မေမေအများစုအတွက် အခက်ခဲဆုံးအချိန်က "ဒီနေ့တော့ ငါမအော်တော့ဘူး"၊ "အေးဆေးပြောဖို့ ကြိုးစားမယ်" လို့ စိတ်ကူးထားလျက်နဲ့ တကယ်တမ်းမှာ အော်မိသွားတဲ့ အချိန်ပါပဲ။

ဆူမိအော်မိပြီးလို့ စိတ်ဆိုးပြေသွားတဲ့အခါ... ကိုယ့်ကြောင့် ကလေးရဲ့ရင်ထဲမှာ ဟာခနဲ၊ လန့်ခနဲ ဖြစ်သွားပြီး စိတ်ဒဏ်ရာများရသွားလားဆိုပြီးစိတ်ပူကြတာ ကျွန်တော်တို့ မေမေတိုင်းပါပဲ။

Rupture & Repair Cycle Research အရ ကလေးတစ်ယောက်ရဲ့ စိတ်လုံခြုံမှုကို ပုံဖော်ပေးတာဟာ "ဖြစ်သွားခဲ့တဲ့ ဆူမိအော်မိတဲ့ ပြဿနာ" ကြောင့် မဟုတ်ပါဘူး။ အဲ့ဒီပြဿနာ ပြီးသွားတဲ့အခါ "မိဘက ဘယ်လိုပြန်ပြီး အဆင်ပြေအောင် ပြုပြင်လဲ" ဆိုတဲ့ အချက်ပေါ်မှာပဲ မူတည်နေတာပါ။

ကလေးငယ်တွေကို ရိုးရိုး "Sorry" လို့ပဲ ပြောလိုက်တာက လူကြီးအချင်းချင်း ပြောသလောက် ထိရောက်မှု မရှိပါဘူး။ သူတို့လေးတွေက ရှည်ရှည်ဝေးဝေး ရှင်းပြတာထက် မိဘရဲ့ နွေးထွေးတဲ့ ခန္ဓာကိုယ်ထိတွေ့မှု၊ ပွတ်သပ်မှုနဲ့ ဘေးမှာ ရှိနေပေးမှုကို ပိုပြီး လိုအပ်တာပါ။

ဒါကြောင့် အော်မိ၊ ဆူမိ၊ ငေါက်မိပြီးတဲ့အခါ ရိုးရိုး Sorry တစ်လုံးတည်းနဲ့ မပြီးစေဘဲ

၁။ ဖြစ်ပျက်ခဲ့တာကို အသိအမှတ်ပြုပါ 🗣️
"မေမေ စောစောက အသံကျယ်ကျယ်နဲ့ ပြောမိသွားတယ်။ ဒါက သမီးလေး/သားသားအတွက် ကြောက်စရာကောင်းသွားတယ်ဆိုတာ မေမေနားလည်ပါတယ်နော်။"

၂။ နွေးထွေးတဲ့ အထိအတွေ့ကို သုံးပါ 🫂
ကလေးရဲ့ နီးနီးကပ်ကပ်မှာ ရှိပေးပါ။ တင်းတင်းလေး ပွေ့ဖက်ပေးပါ။ တကယ်လို့ ကလေးက စိတ်ကောက်ပြီး ပွေ့ဖက်မခံဘူးဆိုရင်တောင် ဘေးနားမှာ အေးအေးဆေးဆေးလေး ထိုင်နေပေးပါ။

၃။ စိတ်လုံခြုံမှု ခံစားချက်ကို ပေးပါ 🤍
"မေမေ သမီးကို/သားကို အမြဲတမ်းချစ်တယ်နော်။" လို့ ပြောပေးပါ။

ဒီအရွယ်ကလေးတွေကို အလွန်အကျွံ လိုက်လံရှင်းပြနေတာ၊ ထပ်ပြီး ဆုံးမနေတာထက်... မိဘကိုယ်တိုင်ရဲ့ အာရုံကြောစနစ်က တည်ငြိမ်အေးချမ်းနေဖို့ကသာ ကလေးတွေအတွက် အကြီးမားဆုံး စိတ်လုံခြုံမှုကို ရရှိစေတာ ဖြစ်ပါတယ်။ 🥰

Photos from Parenting Labs's post 19/05/2026

☀️ Creative Mindfulness in-person class in Mandalay ...☀️

က​လေး​တွေကို ​ကျောင်းစာမှာ ​တော်​နေသလိုပဲ

😡➡🙂 ကိုယ့်ခံစားချက်​တွေကို နားလည်သိရှိ​အောင်
😡➡🙂 ခံစားချက်​တွေကို ​ကောင်း​ကောင်း manage
😊ပြသနာတွေ ဖြေရှလုပ်နိုင်​အောင်
👯‍♀️သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရေး အဆင်ပြေအောင် လေ့ကျင့်​ပေးမယ့် Creative Mindfulness in-person class ​လေး 𝗣𝗮𝗿𝗲𝗻𝘁𝗶𝗻𝗴 𝗟𝗮𝗯𝘀 မှာ ရှိပါတယ်​နော်။

🎨 Creative Mindfulness Class theme ၃ ခုက ဘာတွေလဲဆိုတော့ …

💖 Emotions Explorer Lab
🧠 Brainy Problem Solvers Lab
🤝 Friendship Builders Lab

𝗣𝗮𝗿𝗲𝗻𝘁𝗶𝗻𝗴 𝗟𝗮𝗯𝘀 ရဲ့ 𝘾𝙧𝙚𝙖𝙩𝙞𝙫𝙚 𝙈𝙞𝙣𝙙𝙛𝙪𝙡𝙣𝙚𝙨𝙨 𝙛𝙤𝙧 𝙆𝙞𝙙𝙨 class လေးမှာ social & emotional learning (SEL) ကို ပျော်စရာကောင်းတဲ့ 𝗮𝗰𝘁𝗶𝘃𝗶𝘁𝗶𝗲𝘀 ​လေးတွေနဲ့ ​သေချာလေ့ကျင့်ပေးသွားမှာပါ။

Learning & practiceအပြင်
💕 𝗠𝗶𝗻𝗱𝗳𝘂𝗹 𝗯𝗿𝗲𝗮𝘁𝗵𝗶𝗻𝗴 𝗽𝗿𝗮𝗰𝘁𝗶𝗰𝗲𝘀
💕 𝗚𝗿𝗮𝘁𝗶𝘁𝘂𝗱𝗲 𝗽𝗿𝗮𝗰𝘁𝗶𝗰𝗲𝘀
တွေကို အပတ်စဉ် လေ့ကျင့်ပေးသွားမှာပါ။

❣️ ဘယ်သူသင်မှာလဲ?

🧘 Mindfulness practices and activities ကိုတော့
𝗧𝗿. 𝗝𝘆𝗼𝘁𝗵𝗶
(Certified Practitioner for Mindfulness,
Mindful Parenting
Positive Parenting and
Mindful Emotion Coaching
Positive Parenting Coaching)

❣️ ဘယ်လို Register လုပ်ရမလဲ?

Parenting Labs page ရဲ့ messenger မှာ
- ကလေး အမည်
- ကလေး အသက်
- ဖုန်းနံပါတ်လေးပို့ထားပေးပါ။

📍Address
Between 34x35, 77x78 Mandalay

📞 အသေးစိတ်ကို Viber no 09977040555 ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

19/05/2026

မေမေလား…Transformer လား 🤣 ကလေးတွေ မေမေကို ဘယ်လိုမြင်ကြလဲ 😬

Video credit

27/04/2026

ကလေးက "အကြောင်းရင်းမရှိဘဲ" ငိုနေတဲ့အခါ... 🧸

ကလေးတွေ ငိုတယ်ဆိုတာ ကိုယ့်ကို ဒုက္ခပေးချင်လို့၊ Manipulate လုပ်ချင်လို့ မဟုတ်ပါဘူး။ သူတို့လေးတွေ ရှင်းမပြတတ်လောက်အောင် တစ်ခုခုကို "အကြီးအကျယ်" ခံစားနေရလို့ပါ။

လူကြီးတွေက အငိုတိတ်အောင်ပဲ ဇွတ်လုပ်မယ်ဆိုရင်...
"ငါ့ခံစားချက်က ပြဿနာပဲ" လို့ ကလေးက သင်ယူသွားပြီး နောက်ဆိုရင် ဖွင့်မပြောတော့ဘဲ မျိုသိပ် လာပါလိမ့်မယ်။

ကလေးငိုတဲ့အခါ အငိုတိတ်အောင် မလုပ်ပါနဲ့၊ ဒါလေးတွေ လုပ်ပေးပါ။

အကြောင်းရင်း အမြဲရှိတယ်။ - ကိုယ်မမြင်ရရင်တောင် ကလေးအတွက်တော့ အရေးကြီးတဲ့ ကိစ္စဖြစ်နိုင်ပါတယ်။

အဖြေထုတ်ပေးဖို့ မလောနဲ့။ - အကြံဉာဏ်တွေထက် အနားမှာ ရှိနေပေးတာကိုပဲ ကလေးက ပိုလိုချင်တာပါ။

ဘေးမှာ တိတ်တိတ်လေး နေပေးပါ။ - စကားတွေ အများကြီး ပြောမယ့်အစား ဘေးမှာ ရှိနေပေးတာက ပိုပြီး အားဖြစ်စေပါတယ်။

သူ့ခံစားချက်ကို နာမည်တပ်ပေးပါ။ - "သားလေး/သမီးလေး စိတ်မကောင်းဖြစ်နေတာလား" လို့ မေးပေးခြင်းက သူ့ရင်ထဲက အဖုအထစ်ကို ပြေလျော့စေပါတယ်။

မုန့်ကျွေးပြီး အာရုံမလွှဲပါနဲ့။ - ခံစားချက်တွေကို အဆုံးထိ ထွက်သွားပါစေ။

ခဏပဲ စောင့်ပါ။ - ခံစားချက်ဆိုတာ လှိုင်းလိုပါပဲ၊ ခဏနေရင် ပြန်ငြိမ်သွားမှာပါ။

ကလေးတွေ တကယ်လိုချင်တာက "အဖြေ" မဟုတ်ဘဲ "ကိုယ့်ရဲ့ အနားမှာ ရှိနေပေးမှု" ပါ။ အဲ့ဒီ လုံခြုံမှုကပဲ ကလေးကို ပိုပြီး စိတ်ဓာတ်ကြံ့ခိုင်လာစေမှာပါ။ 💛


26/04/2026

ကလေးတွေ စိတ်လုံခြုံမှုရှိတဲ့အခါ…
သူတို့က

✅ အကူအညီလိုအပ်နေရင် တောင်းခံတတ်ကြတယ်။

✅ စိတ်ထဲရှိတာကို ထုတ်ပြောနိုင်ကြတယ်။

✅ အမှားလုပ်မိမှာ မကြောက်ကြပါဘူး။

✅ သူတို့နည်းလမ်းနဲ့ သူတို့ကိုယ်တိုင် ကြိုးစားလုပ်ဆောင်တတ်ကြပါတယ်။

✅ သူတို့ရဲ့ အစစ်အမှန်ကိုယ်ပိုင်ဟန်ကို ထုတ်ပြနိုင်ကြပါတယ်။


22/04/2026

ကလေးအပေါ်မှာ မလုပ်ခင် သတိပြုသင့်တဲ့ အပြုအမူ ၇ ခု

ပင်ပန်းနွမ်းနယ်နေတဲ့အချိန် စိတ်တွေဖိစီးပြီး ကလေးအပေါ် စိတ်ဆိုးဒေါသထွက်ပြီး ကလေးအပေါ်မှာ ကိုယ့်ဒေါသကို ပုံချမိတာ…

ကလေးကရှင်းပြဖို့ကြိုးစားနေတာကို နားမထောင်ဘဲ အထင်လွဲနေတာ…

ကလေးက ကိုယ့်ကို လိုအပ်နေတဲ့အချိန် မရှိပေးနေတာ

ကလေးရဲ့ နာကျင်မှုကို မျှဝေ မခံစားပေးတာ…။

ကလေးရဲ့ ခံစားချက်တွေကို ပိတ်ပင်ဖို့ကြိုးစားနေတာ…

ကလေးကို စိတ်အပူလွန်ပြီး ချုပ်ချယ်တာ…။

ကိုယ်လုပ်လိုက်တဲ့အပြုအမူ မှားမှန်းသိရက်နဲ့ အေးဆေးနေလိုက်တာ…

ဖေဖေ မေမေတို့ကော ကလေးအပေါ်မှာ ဒီလိုအပြုအမူမျိုးတွေ လုပ်မိရင် ဘယ်လိုပြန်ဖြေရှင်းတတ်ကြလဲ…။

𝗣𝗮𝗿𝗲𝗻𝘁𝗶𝗻𝗴 𝗟𝗮𝗯𝘀 မှာ ဖေဖေမေမေတို့ parenting လုပ်တဲ့အခါ အကူအညီဖြစ်စေမယ့် 𝗠𝗶𝗻𝗱𝗳𝘂𝗹𝗻𝗲𝘀𝘀 𝗣𝗮𝗿𝗲𝗻𝘁𝗶𝗻𝗴 Zoom class or Recorded video 𝗖𝗹𝗮𝘀𝘀 လေးတွေ ရှိပါတယ်ရှင်။

𝗠𝗶𝗻𝗱𝗳𝘂𝗹𝗻𝗲𝘀𝘀 𝗣𝗮𝗿𝗲𝗻𝘁𝗶𝗻𝗴 𝗖𝗹𝗮𝘀𝘀 အကြောင်း ကို
📲 messenger ကနေ “𝗠𝗣” ဆိုတဲ့ message ပို့ပြီး စုံစမ်းလို့ရသလို
📲 Viber no +959 977040555 ကိုလဲဆက်သွယ်မေးမြန်းနိုင်ပါတယ်။

22/04/2026

ကလေးတွေ စိတ်လှုပ်ရှားတဲ့အခါ၊ ဝမ်းနည်းတဲ့အခါ၊ ဒေါသထွက်တဲ့အခါ သူတို့ရဲ့ ခံစားချက်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့က
- သူတို့ ခံစားချက်တွေ သိနေဖို့
- နားလည်နေဖို့
- ခံစားချက်တွေ နာမည်ပေးတတ်ဖို့
- ကိုင်တွယ်ဖြေရှင်းလို့ရတယ်ဆိုတာ သိနေဖို့
- ကိုင်တွယ်ဖြေရှင်းတတ်တဲ့ နည်းလမ်းတွေ တတ်နေဖို့ အရေးကြီးတာပေါ့။

ခံစားချက်ကြီးကြီးမားမားတွေ ခံစားနေရတဲ့အခါ ကိုင်တွယ်ဖြေရှင်းတတ်အောင် လေ့ကျင့်ပေးလို့ရပါတယ်။ ဖြစ်နေတဲ့အခြေအနေတွ မတူတာကြောင့် နည်းလမ်းအမျိုးမျိုး သိထားတော့ပိုအဆင်ပြေတာပေါ့။
အခု share ထားတဲ့ နည်းလမ်းလေးတွေကတော့ ကလေးတွေ ပျော်ပျော်ပါးပါးနဲ့ အလွယ်တကူ လုပ်လို့ရတဲ့ နည်းလမ်းလေးတွေပါ။

Creative Mindfulness Class အကြောင်း ကို
📲 messenger ကနေ “CM” ဆိုတဲ့ message ပို့ပြီး စုံစမ်းလို့ရသလို
📲 Viber no +959 977040555 ကိုလဲဆက်သွယ်မေးမြန်းနိုင်ပါတယ်။

21/04/2026

သားသားမီးမီးတို့ ရန်ဖြစ်တဲ့အခါ...

အိမ်မှာ ကလေးတွေ ရန်ဖြစ်ပြီဆိုရင် များသေားအားဖြင့် “တော်ကြတော့” “တစ်ယောက်တစ်နေရာစီ နေကြ” ဆိုတဲ့ စကားလုံးတွေနဲ့ပဲ တားဆီးမိတတ်ကြတယ်။
ဒါတွေက ခဏတာ ငြိမ်သက်သွားစေပေမယ့် ဆက်ဆံရေးမှာ ဘာလုပ်ရမလဲဆိုတာကိုတော့ သားသားမီးမီးတို့ကို တကယ်မသင်ကြားပေးနိုင်ပါဘူး။

အမှန်တကယ်ကတော့... ကလေးတွေ ရန်ဖြစ်တာဟာ သူတို့ချင်း မချစ်ကြလို့ မဟုတ်ပါဘူး။ Research အရ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုမှာ မောင်နှမတွေ အနည်းနဲ့အများ ရန်ဖြစ်တာဟာ သဘာဝကျပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာပါပဲ။အရင်းနှီးဆုံး မောင်နှမအချို့ဟာ ကြီးပြင်းလာတဲ့တစ်လျှောက်လုံး ရန်ဖြစ်ခဲ့ကြတာပါ။

ဒီနေရာမှာ ကျွန်တော်တို့ ဖေဖေမေမေတို့ရဲ့ အခန်းကဏ္ဍ
က “တားဆီးသူ” တစ်ယောက်အနေနဲ့တင် မဟုတ်ဘဲ “ဆက်ဆံရေးနည်းပြ” တစ်ယောက်အနေနဲ့ သားသားမီးမီးတို့ကို သင်ကြားပေးဖို့ပါ။

✅ သင်ယူမှုအခွင့်အလမ်းအဖြစ် ပြောင်းလဲပါ။
Research အရ... ရန်ဖြစ်တာထက် “အဲ့ရန်ဖြစ်တာကို ဘယ်လိုကိုင်တွယ်သလဲ” ဆိုတာက ပိုအရေးကြီးပါတယ်။
ပြဿနာကို ပြန်လည်ဖြေရှင်းတတ်ပြီး ပြန်ပြေလည်အောင်လုပ်တဲ့ ဆက်ဆံရေး က သားသားမီးမီးတို့ကြား ပိုပြီး ခိုင်မာတဲ့ သံယောဇဉ်ကို ဖြစ်စေတယ်။

ဖြေရှင်းမှုမရှိတဲ့ ပဋိပက္ခ ကတော့ နောင်တစ်ချိန်မှာ အထီးကျန်မှုနဲ့ အဆင်မပြေမှုကို ဖြစ်စေနိုင်ပါတယ်။

➡️ “တော်ကြတော့” လို့ ပြောမယ့်အစား... “သားသားကို ဘာက စိတ်အနှောင့်အယှက်ဖြစ်စေတာလဲဆိုတာ မမကို ပြောပြလိုက်ပါဦး” လို့ ပြောကြည့်ပါ။ ဒါက သူတို့ရဲ့ ခံစားချက်ကို လုပ်ရပ်ထက် စကားလုံးနဲ့ ဖော်ပြတတ်အောင် သင်ပေးတာပါ။

➡️ “အခုချက်ချင်း ပြန်ပေးလိုက်” လို့ ခိုင်းမယ့်အစား... “သားသားတို့ မီးမီးတို့ နှစ်ယောက် ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ” လို့ မေးကြည့်ပါ။ ဒါက ပြဿနာဖြေရှင်းတတ်မှု၊ တာဝန်ယူတတ်မှုနဲ့ အပြန်အလှန်လေးစားမှုကို တည်ဆောက်ပေးတယ်။

Research အရ ရန်ဖြစ်တဲ့အခါ စနစ်တကျ နည်းပြပေးခြင်းခံရတဲ့ သားသားမီးမီးတွေ ဟာ
✅ ပိုမိုခိုင်မာတဲ့ လူမှုဆက်ဆံရေးကျွမ်းကျင်မှု တွေ ရှိလာတယ်။
✅ ခံစားချက်ကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်တတ်လာတယ်။
✅ နောင်တစ်ချိန်မှာ ပိုမိုကျန်းမာတဲ့ ဆက်ဆံရေးတွေကို တည်ဆောက်နိုင်လာတယ်။

ဖေဖေမေမေတို့ ပန်းတိုင်က ရန်ပွဲနည်းဖို့ မဟုတ်ပါဘူး။ ရန်ဖြစ်တာကနေ ပြဿနာကို ဖြေရှင်းပြီး ကောင်းမွန်တဲ့ relationship ကို တည်ဆောက်ဖို့ သင်ပေးဖို့ပဲဖြစ်ပါတယ်။


20/04/2026

ကလေးတွေကို သူတို့ရဲ့စိတ်ခံစားချက် ကိုင်တွယ်ဖြေရှင်းတတ်စေချင်ရင် ဖေဖေမေမေတို့ ကိုယ့်ခံစားချက်
အရင် ကိုင်တွယ်ဖြေရှင်းပါ။ 🧘‍♀️


Photos from Parenting Labs's post 10/04/2026

👉 Parenting Labs ရဲ့ Brainy Problem Solver Class လေးမှာ ကလေးတွေ အခုထိ

🧠 emotion တွေလာရင် သူတို့ရဲ့ ဦးနှောက် ဘယ်လိုအလုပ်လုပ်လဲ
🧩 ပြဿနာတွေကို ဘယ်လိုနားလည်ရမလဲ
⚖️ ကိုယ်လုပ်လိုက်တဲ့ အပြုအမူမှာ ဘာနောက်ဆက်တွဲတွေရှိတတ်လဲ
🔄 ကိုယ့်အပြုအမူတွေကို ဘယ်လိုရွေးချယ်လို့ရသလဲ
🔄 ပိုကောင်းတဲ့ ရွေးချယ်မှုတွေကို ဘယ်လို ပြုလုပ်နိုင်သလဲ
🪨 ပြဿနာ အရွယ်အစားနဲ့ ကိုက်ညီတဲ့ တုံ့ပြန်မှုတွေကို ဘယ်လိုလုပ်မလဲ စတာလေးတွေ လေ့လာနေကြပါတယ်။

ကလေးတွေဟာ သူတို့ကိုယ်သူတို့ နားလည်လာတဲ့အခါ သူတို့ရဲ့ အပြုအမူလေးတွေကို သူတို့ရဲ့ ကိုယ်ပိုင်အသိစိတ်နဲ့ ပြောင်းလဲတတ်လာကြပါတယ် 💛

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Mandalay
Mandalay