Knowledge is Power

Knowledge is Power

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Knowledge is Power, Sports Team, Mandalay, Mandalay.

Photos from Knowledge is Power's post 06/01/2023
Photos from DedaaBox's post 13/09/2022
13/09/2022

ကမ်းတက်
.........

သေချာတာက
မေခလာမကယ်ဘူး။

ကိုယ့်ဘာသာကူး
မကူးရင်မြုပ်
မမြုပ်ရင်မျော
အမြုပ်အမျောမခံ
မနက်ဖြန်အရုဏ်
ကမ်းပေါ်ဆုံစို့
ယုံကြည်မှုကဒို့အသက်။

ယုံကြည်ချက်မသေပါ
မေခလာမကယ်ပဲကမ်းတက်မယ်။

မောင်စိန်ဝင်း(ပုတီးကုန်း)
9/9/2022

(ဆရာမောင်စိန်ဝင်း'(ပုတီးကုန်း)Page'မှCopy'ပါရှင်)

02/09/2022

" ကိုကိုရေ သဲတို့ချစ်နေတာကို သိသွားပြီ "😜

" အိမ်က သိသွားတာလား "

" မဟုတ်ဘူး "

" ဒါဖြင့် ဘယ်သူသိသွားတာတုန်း "

" သဲ ယောက်ျားသိသွားတာ "

" ဘာ မင်းက ယောက်ျားရှိတယ်ဟုတ်လား "

စဉ်းစားကြည့်ဗျာ! ဒီမိန်းမ ဘယ်လောက်တောင်လည်း ဆိုတာ ယောက်ျားရှိရက်နဲ့ လူကိုလာတွဲတာ .. ကျုပ်မှာ မျက်လုံးတောင် ပြာသွားတယ် ..

" မဟုတ်ပါဘူး ခုဘ၀ ယောက်ျားမဟုတ်ဘူး အရင်ဘ၀က ယောက်ျား "

" ငင် ဘယ်လို "

" သဲက နဂါးသိုက်ကလေ "

" ငှယ် ဘယ်လို "
ကျုပ်ရည်းစားက သူ့အမေ ဘယ်လိုတွေ
ပုံသွင်းထားမှန်းကိုမသိတာ ..
နတ်တွေဆို သိပ်ယုံတာ ..
ဘယ်နတ်ကွန်းမှ မြင်လို့မရဘူး ..
ပြေးကန်တော့တာ ... ခုလည်းကြည့်!
နဂါးသိုက္ကတဲ့

" ဟုတ်တယ် သဲအရင်ဘ၀က နဂါးသိုက်က
ယောက်ျားက ကိုကိုနဲ့ချစ်တာသိသွားပြီ "

" သိတော့ ဘာဖြစ်တုန်း "

" အာ့သူက စိတ်ဆိုးပြီး သဲတုိ့နှစ်ယောက်ကို ခွဲမယ်တဲ့ "

" ဘယ်လိုခွဲမှာတုန်း "

" သဲကို ပြန်ခေါ်သွားမှာပေါ့ "

" ဘယ်ခေါ်သွားမာတုန်းဟ "

" နဂါးသိုက်ပေါ့ "

" အယ် မိုက်တာပေါ့ .. ဘယ်နားမာတုန်း
ဝေးလား ဖလိုက်နဲ့ ခေါ်မယ်တဲ့လား "

" အာ မဟုတ်ဘူး သေအောင်လုပ်ပြီး ခေါ်မာ "

" တိန် အာ့လိုကြီးလား .....
အာ့ဆို ဘာလို လုပ်ကြမတုန်း "

" သဲ လည်းသိဘူးလေ "

" ဒီလိုလုပ်ပါလား ကိုကို့ကို မိန်းကလေးပါလို့
လိမ်လိုက်လေ ... မိန်းကလေး အချင်းချင်း
တွေ့နေတာပါဆို ယုံသွားမှာပေါ့ "
ကိုယ်တွေက ဥာဏ်ကောင်းပလိုက်တာ

" အာ့လိုလုပ်လို့ရပါ့မလား နတ်နဲ့ နဂါး
မလှည့်စားကောင်းဘူးတဲ့ "
ကျုပ်လည်း ပြဿ နာအေးရင် ပြီးရော လုပ်ပလိုက်တာ

" ပြောလိုက်ပါ နောက်တစ်ခါလာမေးရင် အာ့တိုင်း "

နောက်နေ့ကျ ဖုန်းလာတယ် ညဘက်ကြီး
" ကိုကိုရေ အရင်ဘ၀က မောင်တော်ကလေ
အိမ်မက်ပေးတယ် .သူက မယုံလို့လာ ကြည့်မယ်တဲ့ .. အာ့ကိုကို ဒီည မိန်းမလို ၀တ်အိပ်နော် "

" တိန် မိန်းမလို၀တ်ရမယ် "

" အင်းလေ ဒါမှယုံမှာပေါ့......
သဲကိုချစ်ရင် လုပ်ပေးပါ ကိုကိုရယ် "

" အင်းပါ "
ကျုပ်မှာ ပထမဆုံး အိမ်က ညီမ အ၀တ်တွေ
သွားခိုးရတယ် .. ပြီးတော့ အခန်းတံခါးပိတ်
၀တ်ပြီး မှန်ထဲကြည့်နဲ့ အောင်မလေး....
ကွကိုယ်တောင် လန့်တယ် .. မ်ိန်းမနဲ့ လားလားမှ
မတူဘူးကိုး .. ကျုပ်လည်း မထူးပါဘူး ဆိုပြီး အိမ်က လိမ္မော်သီး ၂ လုံးခိုး ရင်ဘတ်ထဲ ထည့်ကြည့် ..

အလဲ့! အာ့ကျတော့ ကိတ်သွားတယ်ဗျား ... ဒါပေမယ့် ဖင်က ပြားနေသေးသကိုး ရတယ်လေ ... ခေါင်းအုံး အသေးလေး ထည့်ပလိုက်တယ် ... အမယ် ကိတ်ချက်ပဲ ကွကိုယ်တောင် မှန်ထကြည့်ပြီး ပစ်မှားချင်စိတ် ပေါ်တယ် ... ငါ့နှယ်

မထူးပါဘူး အာ့လိုနဲ့ ညအိပ်လိုက်ရော ... မနက်ကျ ဖုန်းလာပါလေရော ...
" ကိုကိုရေ ညက အိမ်မက်ပေးတယ် သိလား "

" အင်း ဘာတဲ့တုန်း "

" ကိုကိုက မိန်းကလေးဆိုတာ ယုံသွားပြီတဲ့ "

" အလဲ့ မိုက်တာပေါ့ ဒါဆိုပြီးပြီပေါ့နော် "

" ဒါပေမယ့်လေ သူက အခုသဲကို
မယားအဖြစ်က စွန့်လိုက်ပြီတဲ့ "

" အာ့ကောင်းတာပေါ့ ကိုကိုနဲ့ပဲ အဟီ "

" မဟုတ်ဘူး သူက သဲကိုပစ်ပြီး ကိုကို့ဆီ လာမို့တဲ့ "

" ဘာ "

" ကိုကို့ကို ညက လာကြည့်တော့ သူ
သဘောကျ သွားလို့တဲ့ ကိုကို့ကိုပဲ ယူတော့မယ်တဲ့ "

အမလေးဗျ နတ်က ကျုပ်ယူတော့မယ်တဲ့ ...
လုပ်ကြပါအုန်းဗျာ ... ညကလာကြည့်ပြီး လိမ်မ္မော်သီးကို အစစ်ကြီး ထင်သွားတာလား မသိ .. ခေါင်းအုံးကြီးကို ကိတ်တယ် ထင်သွားတာလားမသိ .. ငါ့နှယ်

နောက်နေ့ကစပြီး အိပ်တာတောင် ကောင်းကောင်း
မအိပ်ရဲဘူး .. အိပ်နေတုန်း နတ်က ဟိုဒင်းပြုမာ
ကြောက်လို့ ... နတ်က ဟွာပြုပါတယ်လို့ ဘယ်နားမှ
လည်း သွားတိုင်လို့မရနဲ့ ... ကျုပ်ရည်းစားကိုပါ ကြောက်လို့ သွားမတွေ့ရဲတော့ဘူး ... မကျိန်းသင့်တဲ့ နေရာတွေ ကျိန်းကုန်လို့ ...

ခင်ညားတို့လည်း ချစ်သူက ဘယ်သိုက်က
ညာသိုက်က ပြောလို့ကတော့ ပြေးသာပြေး
မဟုတ်ရင် ကျုပ်လို လိမ္မော်သီးတပ်ပြီး
ကိတ်တယ်ထင်လို့ လာဝုန်းခံနေရမယ် ..
အာ့ကြောင့် လူကြီးတွေပြောတာ နတ်နဲ့နဂါး မလှည့်စားနဲ့တဲ့ ....
🤣🤣🤣

Credit to original writer.
#စုံစီနဖာ

01/09/2022

ထိုင်းစကားတွေကို video အတိုလေးတွေနဲ့ လေ့လာချင်ရင် ကျွန်တော့်ရဲ့ TikTok မှာသွားလေ့လာလို့ရပါတယ်။ 🥰

24/08/2022
24/08/2022

copy
ထန်းဋီကာ
♥♥♥♥♥
ပင်ကျရေ ဆိုတာ ထန်းပင်က ချစဆို ချို တာကြီးပဲ။

အလျင်(အနယ်) လေးထည့်လိုက်မှ ကဇော်ပေါက်ပြီး မူးတာ။ တချို့က ထန်းမတက်ခင် ထန်းရေခံမယ့် မြူအိုး ဒါမှမဟုတ် ဝါးကျည်မှာ တခါတည်း အလျင်ကို ထည့်လိုက်တယ်။

တချို့က အောက်ရောက်မှ အလျင်ထည့်တယ်။အလျင်ဆိုတာ ထန်းရေအနည်အနှစ်ကိုပြောတာ။ ထန်းရေခံတာများလာရင် အောက်ခြေမှာ အနည်တွေစုလာပြီး အဲ့အနည်ကို သိမ်းထားလိုက်တယ်။ ထန်းရေချိုထဲကို အလျင်နည်းနည်းလေးထည့်လိုက်ပြီး အချိန်တစ်ခုရောက်ရင် ထန်းရေ ကချဉ်ခါးလာတာ။ ကြာလေ ပြင်းလာလေပေါ့။ ဒါကြောင့် နေကျော် ထန်းရေ က ပြင်းတာ။ တချို့က ထန်းအလျင်ကို နေပူလှန်း ထားတယ်။ မိုးတွင်းလို ထန်းရေခံ လို့မရရင် ထန်းအလျင်ကို ရေနွေးထဲ ထည့်ဖျော်သောက်တယ်တဲ့။ အာသာပြေ ပေါ့။

မြူအိုးမှာ အလျင်ခံပြီး ထန်းရေ ခံတဲ့ အရေကို ပင်ကျရေလို့ခေါ်တယ်။ အရသာလည်း ဖောက်တဲ့ထန်းရေ ထက် ပိုကောင်းတယ်။ ထန်းရေ ထဲ ကဖော်ထည့်လိုက်ရင် အမြုတ်တွေ ထလာပြီး စိမ်းပြာရောင်လေးသန်းလာရင် ငှက်ခါးတောင်အရေပေါ့။

ထန်းရေဆိုတာက သကြားရေထက် ပိုချိုတယ်။ ဒါကြောင့် ထန်းရေချပြီဆို အိုးမှာ ပုရွက်တို့ ပျားတို့ ပါလာတတ်တယ်။
တကယ့်ထန်းရေသမားတွေက ပုရွက်တို့ ပျားတို့ကို ဖယ်မနေဘူး။ အုန်းမုတ်ခွက်ထဲ့ ထည့် သောက်ခါနီး ပုရွက် ပျား တို့ ပါးစပ်ထဲ မဝင်အောင် ဖူး ဖူး ဆိုမှုတ်ပြီး သောက်ကြတယ်။ ထန်းအမှုန်အနှစ် တွေ ပါတာမို့ အရသာ ပိုလေး ပိုကောင်းတယ်တဲ့။ ရေစစ် ပိတ်ပါးတွေ နဲ့ စစ်ပြီးသောက်ရင် အရသာပေါ့တယ်တဲ့။

ထန်းပင် မှာ အဖိုပင် အမပင် ရှိတယ်တဲ့။ အဖိုပင် က အရသာ ပိုကောင်းတယ်။ ထန်းသီးကို မှောက်စိုက်ရင် အဖို ပက်လက်စိုက်ရင် အမ ပင်ရတယ်တဲ့။

ထန်းရေ ကောင်း မကောင်းက ထန်းနို့ ကိုင်တဲ့ လူပေါ်မှာလည်းမူတည်တယ်။ ထန်းတက်သမားက ထန်းနို့ကို ထုရတယ် လှီးရတယ် ။ ထုချက်ညီ မှလည်း ထန်းရေက ကောင်းမှာ။ ထန်းနို့ တစ်စတည်း က ခံတဲ့အရည်ကို တစ်စရည်။

ထန်းနို့ကို လှီးလိုက် ထုလိုက် လုပ်တော့ ထန်းနို့က တို တိုလာပြီး အငုတ်ပဲကျန်တော့တယ်။ အငုတ်က ထွက်တဲ့ အရေကို လက်ငုတ်ရည်။ သူလည်း လေးပြီးကောင်းတယ်တဲ့။

ထန်းရေ ပေါ်ဦးပေါ်ဖျားဆို အတီရေ။ ဟိုးရှေးရှေးတုန်း အတီတေအသီတ တုန်း ဗရာဏသီပြည်မှာ ဆိုပြီး ပုံပြင်တွေ မှာကြားဖူးတယ်မှတ်လား။ အဲ့ဒါကို စွဲပြီးခေါ်တာ။

ပြီးတော့ အမြုပ်လေး တစီစီဖြစ်နေတဲ့ အရေကို ပုဇွန်ဆိပ်ခုန်။ တချို့က အဲ့လို အမြုပ်တစီစီလေးဖြစ်နေမှ ပိုကြိုက်ကြတယ်။

ထန်းပင်ပေါ်ရောက်ခါနီး gas အသံတရူးရူးကြားရင် မြွေဟောက်ပင် ။ သူခါ ရှတတ လေး။

တပို့တွဲလ ဆိုတာ ထန်းပို့တွဲ ကဖြစ်လာတာ။ ထန်းသီးတွေ တွဲ နေတဲ့ လမို့။

ပြီးတော့ အောက်ပြည်ကထန်းရေ နဲ့ အညာက ထန်းရေ မတူဘူး။ အောက်ပြည်က ထန်းရေက ရေနဲ့နီးလို ပေါ့တယ်။ အညာက ရေနဲ့ဝေးလို့ ပိုပြင်းတယ်။

ထန်းရေ က လေတိုက်လေမူးလေ။ မူးရင်လည်း ဘယ်တော့မှ မှောက်လဲမလဲဘူး။ ပက်လက်ပဲ။ ထန်းရေသောက်ရင် ဂေ့ ဆို လေချဉ်တက်တုန်း ထန်းရေအရသာပါ ပြန်ခံစားရတာ ဇိမ်ပဲ မဟုတ်လား။

ယောဖက်မှာဆို ထန်းပင်ပေါ်မှာပဲ လင့်ထိုးပြီး ထန်းရေသောက်ကြတယ်။သောက်ပြီး ဘယ်လိုပြန်ဆင်းလဲ မသိ။
ထန်းပင်ပေါ်က မူးပြီးပြုတ်ကျ တာမရှိလားမေးတော့။
ရှိတော့ရှိတယ် ရှားတယ်တဲ့။

ထန်းရေကို ကျိုချက်ပြီး ပွက်လာတဲ့ရေ ကို ပွက်ရေလို့ခေါ်တယ်။ တင်လဲရည်လို့လည်းခေါ်တယ်။ အရက်ချက်တဲ့ နေရာမှာသုံးတာပေါ့။

ထန်းရေ ကို ကျို ။ ဒယ်မှာ မတူးရအောင်မွှေ ကြွက်မြီးတန်းလားရင် မီးဖိုကချ မအေးခင် လက်နဲ့ ဆုပ်ဆုပ်ပြီး လုံး ။ အအေးခံလိုက်ရင် ထန်းလျက်ရပြီ။

ထန်းပင်တက်ရင် ပင်စည်က ထောင်ထားတဲ့ ဝါးကို ရင်းထောင် အပင်တစ်ဝက်မှာ ထန်းပင်ပေါ်က တွဲလဲ ချထားတာကို ရင်းဆွဲ ။ ထန်းတက်သမားက ရင်းထောင်ကို ထန်းပင်နားကပ် နှီးချောင်းကြီးနဲ့ ပင်စည်ကို ချည်တုပ်။ ပြီးရင် တစ်လှမ်းတက် နှီးချောင်းကြီးနဲ့ ထပ်ချည်တုတ် ။ ပြီးမှ ရင်းစွဲ ကို လှမ်းကိုင်ပြီး ထန်းပင်ပေါ်တက် ထန်းလက် ထန်းကိုင်းတွေ ကို နင်း ပြီးမှ ထန်းနို့လှီး ထန်းရေခံ။

ပင်ပန်းသလောက် ဝင်ငွေကနည်းတယ်။ ဒါကြောင့်ထန်းတက်သမားတွေရှား။ ထန်းတက်သမားမရှိတော့ ထန်းပင်ကို သောင်းဂဏန်း နဲ့ရောင်း တရုတ်ပြည်ပို့။ တရုတ်က နည်းပညာ နဲ့ ထုတ်လိုက်တဲ့ ထန်းပရိဘောဂတွေကို စျေးကြီးနဲ့ပြန်ဝယ် ။ မိအေးက ၂ခါ မကနာ။ ထန်းပင်တစ်ပင်ဖြစ်ဖို့ကမလွယ်။ နှစ်ပေါင်း ၂၀လောက် အချိန်ပေးရတာ။
မလေယိုး ပြည်ကြီးတရုတ်တွေ စောက်ကောင်းကျိုးမပေးဘူး။

အညာမှာ ထန်းပင်ရှိရင် အိမ်ဆောက်လို့ရတယ်။ ထန်းရွက်နဲ့ မိုးမယ်။ ထန်းလက်ရိုးတွေနဲ့ ခြံစည်းရိုးကာမယ်။ ထန်းလုံးတွေ နဲ့ ကြမ်းခင်း တိုင်ထောင် ထုတ်တန်းတွေ လုပ်လို့ရတယ်။

ထန်းပင်က သဘာဝက ပေးတဲ့လက်ဆောင်။ ကျွန်တော်ကတော့ ထန်းပင်တွေကိုချစ်တယ်..။♥

Credit- Original Uploader✍👸

23/08/2022

copy Credit
"မပေါင်းသင်းအပ်သော ဂဏန်းနဲ့တူတဲ့ လူသုံးမျိုး “

( ၁ ) အလိုက်သင့်ပေါင်းပြီး
အတွင်းကျိတ် မကောင်းကြံလေသူ

( ၂ ) ရလျှင်တစ်မျိုး မရလျှင်တစ်မျိုး
ပြောင်းလဲဆက်ဆံတတ်သူ

( ၃ ) တစ်ဖက်သားကို ချောက်တွန်းပြီးမှ
မိမိကောင်းစားရေးကို လုပ်ဆောင်တတ်သူ
ထိုသူတွေက ဂဏန်းနဲတူတဲ့ လူတွေဖြစ်တယ်။

ဂဏန်းတွေဟာ
သူတို့ကိုယ်တိုင်သာ အပေါ်မရောက်ဘဲရှိမယ်
“ဆွဲချ” တဲ့နေရာမှာ အင်မတန် အားသန်ကြပါတယ်။

တစ်ခါက လူငယ်တစ်ယောက်
ကမ်းခြေတစ်ခုကို သွားရင်
အဖုံးမပါတဲ့ ပလိုင်းနဲ့
ဂဏန်းကောက်နေတဲ့လူကြီး တစ်ယောက်ကို
တအံံ့တသြ ဖြစ်ခဲ့ဘူးတယ်။

ဒီကောင်းလေးက
“အကိုကြီး၊ ခင်ဗျား
ပလိုင်းပေါက်နဲ့ဖားကောက်တယ် ဆိုတဲ့ စကားပုံလို၊

အဖုံးမပါ ဟာလာဟင်းလင်း ပလိုင်းကြီးနဲ့
ဂဏန်းတွေ လိုက်ကောက်နေရသလား၊
ထွက် မကျ ကုန်ဘူးလား”လို့ ပြောတယ်။

လူကြီးက
“ညီ။ မင်း ဂဏန်းတွေ အကြောင်း မသိပဲကိုးကွ။
ဂဏန်းတွေ ဆိုတာ
ထွက်ပေါက် တစ်ခုရလို့ တစ်ကောင်က စတက်ရင်
နောက် တစ်ကောင် ကလည်း လိုက်ပြီး
အလုအယက် လိုက်တက်တယ်။

လုတက်တယ် ဆိုကတည်းက
အောက်တစ်ကောင်က အပေါ် တစ်ကောင်ကို
သူ့လက်တွေနဲ့ ချိတ်ယူ ပစ်တယ် ဆွဲချပစ်တယ်။

တစ်ကောင်နဲ့ တစ်ကောင် တက်ရင်း၊
ချိတ်ရင်း ကြိုးပမ်းရင်းက
တစ်ကောင် ကို တစ်ကောင်က ဆွဲချနေကြ ပါရော။

ဒါကြောင့် တစ်ကောင်မှ ထွက်မလာနိုင်ဘူး။
ပလိုင်းဖုံးကို အေးဆေး ဖွင့်ထားနိုင်တယ် ငါ့ညီ။

ဂဏန်း ဆိုတဲ့ အမျိုးဟာ
သူတို့ ကိုယ်တိုင်သာ အပေါ်မရောက်ဘဲ ရှိမယ် –

“ဆွဲချ” နေရာမှာ အင်မတန် သန်ကြတယ်။”

စာဖတ်မိတ်ဆွေတွေအားလုံးကိုလည်း
မိမိကိုယ်ရော တစ်ပါးသူကိုရော
ကောင်းကျိုးမပေးတဲ့ ဂဏန်းလို မဖြစ်ကြဖို့၊

ထိုလူမျိုး မတွေ့ဆုံကြဖို့ကိုပါ ဆုတောင်းပေး လိုက်ပါ တယ်။

22/08/2022
Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Mandalay
Mandalay