03/11/2022
[စီးတီး🔵 3️⃣-1️⃣ ⚫️ဆီဗီလာ]လွန်ခဲ့တဲ့ ၁၇ နှစ်က ဘန်ဇီးမားတင်ရှိထားတဲ့ စံချိန်ကို ရိုက်ချိုးပြခဲ့တဲ့ စီးတီးလူငယ်လေး လူးဝစ္စရဲ့သမိုင်းဝင်ညနဲ့အတူ အေးရာအေးကြောင်း ရှုံးထွက်တက်တဲ့ စီးတီး...
Manchester city
ဖန်တစ်ယောက်ပါ
03/11/2022
[စီးတီး🔵 3️⃣-1️⃣ ⚫️ဆီဗီလာ]လွန်ခဲ့တဲ့ ၁၇ နှစ်က ဘန်ဇီးမားတင်ရှိထားတဲ့ စံချိန်ကို ရိုက်ချိုးပြခဲ့တဲ့ စီးတီးလူငယ်လေး လူးဝစ္စရဲ့သမိုင်းဝင်ညနဲ့အတူ အေးရာအေးကြောင်း ရှုံးထွက်တက်တဲ့ စီးတီး...
22/10/2022
စီးတီး ၃ - ၁ ဘရိုက်တန် (FT)
ဒုတိယပိုင်းမှာလည်း ပြိုင်ဘက်ဟာ အားမလျှော့ဘဲ စီးတီးကိုရသလောက်တုံ့ပြန်ခဲ့တာ အားရစရာပါ။
ဒါကြောင့် ပွဲဟာ အတော်လေးကြည့်ကောင်းခဲ့
ပါတယ်။ တန်ပြန်တိုက်စစ်ကနေတဆင့်
ထရော့ဆတ်ဒ်က ဧရိယာပြင်ပကန်ချက်နဲ့
အနီးထောင့်ကို ကန်သွင်းပြီး ချေပဂိုးတစ်ဂိုးပြန်သွင်းခဲ့လို့ ရင်ပြန်ခုန်ခဲ့ရပေမဲ့ အပြန်အလှန်
တိုက်ကြတဲ့ပွဲမျိုးမှာ စီးတီးဘက်ကလည်း
တန်ပြန်တိုက်စစ်ကနေတဆင့် ဒီဘရိုင်းရဲ့လှပတဲ့ကန်ချက်နဲ့ ထပ်မံဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီပွဲဟာ ကြည့်ကောင်းပြီးလှပတဲ့ပွဲပါ။ အားမတန်ခဲ့ပေမဲ့ အကောင်းဆုံးတုံပြန်ခဲ့တဲ့ ဘရိုက်တန်ကိုလည်း ချီးကျူးရမှာဖြစ်ပြီး စီးတီးခံစစ့်ပိုင်းကလည်း
ပုံစံကောင်းတစ်ခုရနေခဲ့တယ်လို့ ပြောရမှာပါ။
လီဗာပူးလ်နဲ့ပွဲကအရှုံးကို အကောင်းဆုံးနည်းလမ်းနဲ့ ပြန်လည်တုံ့ပြန်နိုင်ခဲ့ပါပြီ။
Good Night Cityzens! 👏
22/10/2022
စီးတီး ၂ - ၀ ဘရိုက်တန် (HT)
ပွဲချိန်အစောပိုင်းကတည်းက ပွဲက အပြန်အလှန်နဲ့မြိုင်နေပေမဲ့ နှစ်ဖက်စလုံးအခွင့်အရေးကောင်းတွေ
စောစောစီးစီးမရခဲ့ပါဘူး။ ဒါပေမဲ့ ပွဲချိန်ကြာလာတာနဲ့အမျှ စီးတီးဟာ စီးတီးပီသလာခဲ့ပြီး ပြိုင်ဘက်ဧရိယာထဲမှာ ထိတွေ့မှုတွေများခဲ့ပါတယ်။ အီဒါဆန်ရဲ့အကွက်မြင်မြင်ကန်တင်ပေးမှုကနေ ဟားလန်းက
အဖွင့်ဂိုးသွင်းယူအပြီးမှာတော့ လွယ်ကူသွားခဲ့ပြီး
အစောပိုင်းကငြင်းပယ်ခံခဲ့ရပေမဲ့ ပထမပိုင်းပြီးခါနီးမှာတော့ VAR ကတဆင့် ပင်နယ်တီရခဲ့တာကြောင့်
နှစ်ဂိုးပြတ်ဦးဆောင်နေပါတယ်။ သို့ပေမဲ့ ပြိုင်ဘက်ဟာ လွယ်လွယ်အလျှော့မပေးဘဲ လျင်မြန်တဲ့
Transition တွေကို ဖော်ဆောင်နိုင်တာတွေ့ရပါတယ်။ ခံစစ်ပိုင်းက ပုံစံကောင်းရနေလို့သာ
အဆင်ပြေနေခဲ့တာပါ။ ဒုတိယပိုင်းမှာ ပွဲကိုပိုထိန်းချုပ်နိုင်ဖို့ ကြိုးစားရပါမယ်။
16/10/2022
မန်ချက်စတာစီးတီးအသင်းရဲ့တိုက်စစ်ကစားသမားErling Haaland ဟာ ပရော်ဖက်ရှင်နယ်ကစားသမားများအသင်းအဖဲွ့မှ ပေးအပ်တဲ့ စက်တင်ဘာလအတွက် တစ်လတာအကောင်းဆုံးကစားသမားဆုကိုလူထုဆန္ဒမဲဖြင့် ဒုတိယအကြိမ်မြောက်ရရှိခဲ့သည်
MCMR
16/10/2022
နဗီးလ် 🗣️ - မေးခွန်းတစ်ခုရှိတယ်အာလင်း။
အဲ့တာကမင်းအသက်ဆက်ဖို့အတွက်ပင်နယ်တီတစ်လုံးပဲကန်ခွင့်ရမယ်ဆိုပါစို့။
ဒါဆိုဘယ်သူ့ကိုကန်ခိုင်းမလဲ?
“အင်း...ကျွန်တော်ကကိုယ့်ကိုကိုယ်အရမ်းယုံကြည်မှုရှိတဲ့အထဲပါတယ်ဗျ။
ကျွန်တော်ကိုယ်တိုင်ပဲကန်သွင်းမှာပါ။
မဟုတ်ရင်လည်းမာရီယိုဘာလော့တယ်လီပေါ့။
ဘာလို့ဆိုသူကကျွန်တော်မြင်ဖူးသမျှပင်နယ်တီကန်သွင်းသူတွေထဲမှာအကောင်းဆုံးဖြစ်နိုင်လို့ပဲ။
သူလုပ်ခဲ့တာတွေခင်ဗျားမှတ်မိတယ်မလား?
လုံးဝရူးသွပ်တယ်လေ။
သူကတစ်ကယ်တော်တဲ့သူပါ။
ဒါကြောင့်ကျွန်တော်မဟုတ်ရင်သူပေါ့”
🗣️-ဟာလန်း
16/10/2022
လီဗာပူး 1-0 စီးတီး (FT)
ဒုတိယပိုင်းမှာ စောစောစီးစီးတစ်ဂိုးရရှိခဲ့ပေမဲ့
ဟားလန်းဘောလုံးရယူစဉ်မှာ ဖာဘင်ညိုရဲ့
အင်္ကျီကိုဆွဲခဲ့မိတဲ့အတွက် VAR က ပယ်ချခဲ့
ပါတယ်။ ကျန်ပွဲချိန်တွေမှာတော့ သူတိုက်
ကိုယ်တိုက်ပဲဖြစ်ခဲ့ပြီး ပွဲဟာပထမပိုင်းကထက်
ပိုမြိုင်ခဲ့တာတော့ အမှန်ပါပဲ။ ဂိုးပယ်ခံရပြီး
မကြာခင်မှာပဲ ဆာလာကို လွတ်လွတ်ကျွတ်ကျွတ်ကန်ခွင့်တစ်ကြိမ်ပေးခဲ့ရပေမဲ့ မထင်မှတ်ဘဲ
အီဒါဆန်လက်စွမ်းပြခဲ့ပြီး စီးတီးကို ပွဲထဲမှာ ဆက်ရှိစေခဲ့တာပါ။ ဆာလာကို ဒီလိုကန်ခွင့်တွေပေးခြင်းဟာ အလွန်အန္တရာယ်များပြီး ပေးလိုက်ရတဲ့ဂိုး
ကလည်း ဒီပုံစံလိုပဲ လွတ်လွတ်ကျွတ်ကျွတ်
ပေးခဲ့ရတာပါ။ တစ်ပွဲလုံးကောင်းနေခဲ့တဲ့ ခံစစ်ဟာ ဒီတစ်ကြိမ်မှာ အငိုက်မိခဲ့ပြီး ဒီတစ်ကြိမ်တည်းကပဲ အဆုံးအဖြတ်ပေးသွားခဲ့တာ ဖြစ်ပါတယ်။ ပစ်ဒဏ်ဘောအတွက် အားလုံးရှေ့တက်သွားချိန်မှာ ကန်ဆယ်လိုတစ်ယောက် ခြေချော်လက်ချော်ဖြစ်
ခဲ့တာပါ။ ဒီတစ်ကြိမ်ကိုတော့ အီဒါဆန်လည်း
ဘာမှမတတ်နိုင်ခဲ့ပါဘူး။
ဒီပွဲမှာ စီးတီးမကောင်းခဲ့ဘူးလားဆိုတော့
မဟုတ်ပါဘူး။ တစ်သင်းလုံးကိုပေါက်ပေါက်ရှာရှာ အပြစ်ပြောရခက်ပါတယ်။ တစ်ပွဲလုံးသူတင်
ကိုယ်တင် အမှားမခံတဲ့ ပွဲမျိုးမှာ တစ်ကြိမ်တည်းသောအမှားဟာ အဆုံးအဖြတ်ဖြစ်ခဲ့ပြီး
ပြိုင်ဘက်ရဲ့အငိုက်ကို ထိထိမိမိအသုံးချနိုင်တဲ့အသင်းက အနိုင်ရသွားတာပါပဲ။ မှားသူခံရမှာပါ။ ထိုက်တန်သောရလဒ်ပါ။ ဟားလန်းရဲ့ပြိုင်ပွဲစုံဆယ်ပွဲဆက် ဂိုးသွင်းထားမှု၊ စီးတီးရဲ့ ပြိုင်ပွဲစုံရှုံးပွဲမရှိမှုတွေ တပြိုင်နက်အဆုံးသတ်သွားခဲ့ပါတယ်။ စောဒကတက်စရာ မရှိတော့ပါ။ အရှုံးအတွက် စိတ်ပျက်ရတာမှန်ပေမဲ့ တရာသီလုံးစာအတွက် အဆုံးအဖြတ်ဖြစ်နိုင်တဲ့အနေအထားမျိုး
မဟုတ်သေးဘဲ အချိန်တွေကျန်ပါသေးတယ်။
ပိုကောင်းသော ရလဒ်များနဲ့ပြန်လာဖို့ ကြိုးစားရ
ပါမယ်။ တစ်ပွဲတိုးပွဲကြီးတွေအတွက်လည်း
ဒီပွဲကနေ တစ်သင်းလုံး သင်ခန်းစာကောင်းကောင်းရဖို့ မျှော်လင့်ပါတယ်။
14/10/2022
'ဟာလန်း ဂိုးသွင်းကြမ်းတဲ့ လျှို့ဝှက်ချက်'
ကိုပင်ဟေဂင်နဲ့ပွဲမှာ နှစ်ဂိုးသွင်းယူပြီးနောက် အာလင်းဟာလန်းရဲ့ စီးတီးကစားသမားဘဝ ပြိုင်ပွဲစုံသွင်းဂိုးဟာ (၁၉)ဂိုးတိတိရှိခဲ့ပါတယ်။ ဟာလန်းတစ်ယောက် ဒီလိုမျိုးဂိုးသွင်းကြမ်းနေခြင်းရဲ့ အဓိကလျှို့ဝှက်ချက်ကတော့ အစားအသောက်ပိုင်းမှာ ဖခင်ရဲ့ပံ့ပိုးမှုရနေခြင်းကြောင့်ဖြစ်ကြောင်း သတင်းတွေကဆိုပါတယ်။
ယူနိုက်တက်ကို အီတီဟတ်မှာ ၆-၃နဲ့အနိုင်ယူခဲ့တဲ့ပွဲစဉ်အပြီး ဒိန်းမတ်ကလပ်ကိုပင်ဟေဂင်ကို ဧည့်ခံရတော့မယ့်အချိန် သူ့အဖေအယ်ဖီအာလန်းဟာ သားဖြစ်သူအကြိုက် ဂျုံမုန့်အစာသွပ်ပြင်ဆင်နေတဲ့ဓာတ်ပုံကို "မနက်ဖြန် ကိုပင်ဟေဂင်နဲ့ပွဲအတွက် အသင့်ဖြစ်နေပြီ" ဆိုပြီး Instagram မှာ postတင်ခဲ့ပါတယ်။
ဟာလန်းရဲ့ဖခင်ဟာ သားဖြစ်သူအီတီဟတ်ကွင်းမှာ ပွဲကန်ရမယ့်နေ့တိုင်း စိတ်ကြိုက်ချက်ပြုတ်ပြင်ဆင်ပေးကြောင်း အံ့အားသင့်ဖွယ်သိလိုက်ရပါတယ်။ ပိုမိုအံ့အားသင့်စရာကောင်းတာက ဟာလန်းရဲ့သွင်းဂိုး (၁၂)ဂိုးဟာ အိမ်ကွင်းမှာရရှိခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် အိမ်ကွင်း(၃)ပွဲဆက် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။
အသက် (၂၂)နှစ်အရွယ် နော်ဝေးကြယ်ပွင့်ဟာ "များများစား၊ များများကစား" ထုံး နှလုံးမူထားပြီး 'ဝက်ဝံတစ်ကောင်'လို အစားကြီးသူပါ။ ဒါကြောင့်ပဲ အရပ် (၆)ပေ (၄)လက်မမြင့်မားကာ ခန္ဓာကိုယ်ကြီးမားကြံ့ခိုင်သူ ဖြစ်နေပါတယ်။ ဟာလန်းရဲ့ နည်းပြဟောင်းတစ်ယောက်ဆိုရင် အောက်ပါအတိုင်းမှတ်ချက်ချဖူးပါတယ်။
"ဒီကောင်လေးကတော့ဗျာ။ တစ်ခါစားလိုက်ရင် ဘူဖေးမှာ ပွဲတော်တည်နေတဲ့အတိုင်းပဲ" တဲ့။ သူ့ရဲ့စားသောက်နေထိုင်မှုပုံစံက ခရစ္စတီယာနိုရော်နယ်ဒိုကို အတုယူထားတာ ဖြစ်ပါတယ်။ စီးတီးရောက်ရောက်ချင်းမှာလည်း ဟာလန်းပထမဆုံး သွားရောက်တွေ့ဆုံသူတွေက စားဖိုဆောင်ဝန်ထမ်းတွေပါပဲ။
စားဖိုမှူးနဲ့တကွ ဝန်ထမ်းများကို "မင်္ဂလာပါ" နှုတ်ဆက်ပြီးချိန်၌ "ဒီကအစားအသောက်တွေကောင်းရဲ့လား။ အားလုံးကောင်းတယ်ဆိုရင်တော့ ကျွန်တော်အနှစ်သက်ဆုံး ပုဂ္ဂိုလ်တွေဖြစ်လာမှာနော်" ဆိုပြီး နောက်ပြောင်ခဲ့ပါသေးတယ်။ စားဖိုမှူးက ဟာလန်းကို "ဘာစားချင်လဲ" မေးလိုက်တော့...
"ကြက်ဥမွှေကြော်" ဟူ၍ ပြန်ဖြေခဲ့ပါတယ်။ ဒါ့အပြင် သူ ရံဖန်ရံခါ စိတ်အလိုလိုက်ပြီးစားသောက်တဲ့ cheat meal ကတော့ 'အမွှေးအကြိုင်ခပ်ထားတဲ့ အသားပီဇာ' ဖြစ်ပါတယ်။ ဟာလန်းအတွက်တော့ "အစာလည်းဆေး၊ ဆေးလည်းအစာ" ဖြစ်နေပါတယ်။
ဒီအတွက် သူ့ဘေးနားမှာအဆင်သင့်ပြင်ဆင်ပေးမယ့် ဖခင်ကိုပိုင်ဆိုင်ထားတာ ကံကောင်းလွန်းပါတယ်။
14/10/2022
Opponent's player talk;
“ဟာလန်းကိုတားဆီးဖို့ကသေချာပြောရရင်မလွယ်ဘူးဗျ။
သူကခုချိန်မှာon fireဖြစ်နေတာလေ ။
နောက်ခံလူတွေအတွက်တော့သူကအိမ်မက်ဆိုးတစ်ခုပဲ။
ဒီတော့သူ့ကိုတားဆီးချင်ရင်ကျွန်တော်တို့အနေနဲ့သူ့ဆီဘောလုံးလမ်းကြောင်းတွေရောက်မလာအောင်တည်ငြိမ်ဆုံးအနေအထားမျိုးနဲ့Defendမှရပါမယ်။
ကျွန်တော်တို့ရဲ့အကောင်းဆုံးပုံစံမျိုးနဲ့သူ့ကိုအစွမ်းကုန်တာဆီးဖို့ကြိုးစားသွားမှာပါ။
ပြီးတော့ကွင်းထဲမှာဘယ်သူကဘာပဲဖြစ်နေပါစေကျွန်တော်တို့ကတော့သူတို့ဂိုးမသွင်းနိုင်အောင်အကောင်းဆုံးရပ်တန့်သွားမှာပါ။
ဒါပေမဲ့ဟာလန်းတော်တော်ကောင်းတယ်ဆိုတာကျွန်တော်တို့အားလုံးသိကြပါတယ်”
“ဟာလန်းကလက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားလားဆိုတော့?
ဝိုး.......အမှန်တရားတစ်ခုကတော့သူအပျော်သဘောအတွက်ဂိုးတွေအများကြီးသွင်းနေတယ်ဆိုတာပဲ။
ဒါကိုကျွန်တော်သိတယ်။
ပြီးတော့ဒါကနိုင်ပွဲအတွက်လည်းအရမ်းအရေးကြီးတယ်ဆိုတာပြသနေတယ်လေ။
သူကထိပ်တန်းဂိုးသွင်းသမားတစ်ယောက်ပါ။
ကျွန်တော်တို့အနေနဲ့လာမည့်တနင်္ဂနွေနေ့မှာသူဂိုးမသွင်းနိုင်အောင်လုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်။
အဲ့လိုလုပ်ဖို့ကလည်းအစွမ်းကုန်ကြိုးစားဖို့လိုပါတယ်။
ဒါပေမဲ့ကျွန်တော်ပြောခဲ့သလိုပေါ့ကျွန်တော်တို့အားလုံးကသူတို့အားလုံးနဲ့ဆန့်ကျင်ဘက်ပါ”
🗣️-ဗာဂျယ်ဗန်ဒိုက်
14/10/2022
'မန်စီးတီးမှာ တစ်ပတ်လုပ်ခ ပေါင် (၉)သိန်း'
ဟာလန်းရဲ့ မန်စီးတီးကစားသမားဘဝ တာထွက်ကတော့ ထင်ထားတာထက်ပိုမိုလှပနေပြီး ပြိုင်ပွဲစုံ (၁၂)ပွဲကစား (၁၉)ဂိုးသွင်းယူထားပါတယ်။ သို့ဖြစ်ရာ ပေါင် (၅၁)သန်းသာ ပေးချေခဲ့ရတဲ့ပြောင်းရွှေ့ကြေးဟာ မန်ချက်စတာမိုးပြာရောင်တွေအတွက် ထိုက်တန်လွန်းပါတယ်။
ဒါပေမယ့် မန်စီးတီးအသင်းဟာ အသက် (၂၂)နှစ်အရွယ် နော်ဝေးကြယ်ပွင့်ကို လစာငွေချီးမြှင့်မှုအပိုင်းမှာ တနင့်တပိုးပေးချေထားပါတယ်။ သတင်းရင်းမြစ်များစွာရဲ့အဆိုအရ ဟာလန်းဟာ ပရီးမီးယားလိဂ်မှာ လစာဝင်ငွေအများဆုံးကစားသမားဖြစ်တယ်လို့ သိရပါတယ်။
Daily Mail ရဲ့ဖော်ပြချက်မှာ သူ့ရဲ့တစ်ပတ်လုပ်ခဟာ ပေါင် (၉)သိန်းနီးပါးဖြစ်ပြီး အခြေခံလစာအနေနဲ့ စီးတီးအသင်းရဲ့လစာအများဆုံးကစားသမားတွေနဲ့ တန်းတူပါပဲ။ သို့ပေမယ့် အပိုဆုကြေးတွေပါပေါင်းထည့်လိုက်တဲ့အခါ ပေါင် (၈၆၅,၀၀၀)အထိတိုးမြင့်လာပြီး အားလုံးကိုကျော်တက်သွားတာပါ။
သို့ဖြစ်ရာ တစ်နှစ်လုပ်ခအားဖြင့် ပေါင် (၄၅)သန်းအနည်းဆုံး ရှိနေတာကြောင့် ပြောင်းရွှေ့ကြေးနီးပါးပမာဏ ဖြစ်နေပါပြီ။ စီးတီးဟာ သူ့ကိုခေါ်ယူဖို့ ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာအစရှိတဲ့ ဥရောပအင်အားကြီးအသင်းတွေကို နောက်ကောက်ချခဲ့ရာမှာ လစာအကျိုးခံစားခွင့်ကို လက်နက်တစ်ခုအနေနဲ့ အသုံးပြုခဲ့တာပါ။
ဒီအထဲမှာ နောက်ထပ်စိတ်ဝင်စားစရာတစ်ခုက ယူရိုသန်း (၁၈၀)တန် ထွက်ခွာခွင့်စာချုပ်ဖြစ်နေပြီး ၂၀၂၄ နွေအပြောင်းအရွှေ့ရောက်ရင် အကျုံးဝင်ပါလိမ့်မယ်။ ထိုအချိန်ကျရင် အသက်ရလို့ ခြေစွမ်းကျတော့မယ့် ဘန်ဇီမာနေရာအစားထိုးဖို့ ရီးယဲလ်ကထပ်မံလှုပ်ရှားလာနိုင်ကြောင်း မာလာဂါဥက္ကဋ္ဌဟောင်း ဖာနန်ဒိုဆန့်ဇ်က...
"ကျွန်တော်ရရှိထားတဲ့ အထူးသတင်းတစ်ရပ်က ဟာလန်းရဲ့ဒုတိယရာသီမှာ အသက်ဝင်လာမယ့်စာချုပ်ဖျက်သိမ်းကြေးပါ။ စာချုပ်ပါပမာဏကို ပေးချေနိုင်မယ့်အသင်းကလည်း ဒီလောကမှာတစ်သင်းတည်းသာရှိနေပြီး ရီးယဲမက်ဒရစ်ပါပဲ။ ဟာလန်းက နှစ်ရာသီကစားပြီးရင် သူ့ကိုထွက်ခွာခွင့်ပေးဖို့ စီးတီးကိုသဘောတူစာချုပ် တောင်းဆိုခဲ့တာပါ"
"ပြီးတော့ သူ့ရဲ့ဦးစားပေးအသင်းက ရီးယဲလ်မက်ဒရစ်ဖြစ်ပါတယ်။ မက်ဒရစ်ကလည်း ဟာလန်းအတွက် ဘယ်လောက်ပင်ပေးချေရသည်ဖြစ်စေ လက်တွန့်နေမှာ မဟုတ်ပါဘူး" ဟူ၍ Mundo Deportivo သတင်းဌာနမှာ ပြောကြားသွားလို့ ပွဲဆူနေကြပါတယ်။
13/10/2022
ဟာလန်းရဲ့ဂိုးသွင်းစွမ်းရည်ကိုချီးကျူးခဲ့တဲ့အဂူရို ;
“ကျွန်တော့်ကိုအံဩသင့်စေတဲ့တိုက်စစ်မှူးတွေအများကြီးရှိပါတယ်။
ဥပမာရော်နယ်ဒိုလ်(ဘရာဇီး)ပေါ့။
သူကပြီးပြည့်စုံတဲ့ဘောလုံးသမားတစ်ဦးဖြစ်သလိုဂိုးဧရိယာထဲမှာဆိုဘယ်လောက်အန္တရယ်ရှိတဲ့တိုက်စစ်မှူးဖြစ်တယ်ဆိုတာအကြိမ်ကြိမ်ပြသပြီးသားလေ။
ဘောလုံးလောကရဲ့ခေတ်တစ်ခုစီတိုင်းအဲ့လိုကစားသမားမျိုး၂ ၊၃ယောက်လောက်ရှိတတ်ပါတယ်။
ဒါပေမဲ့ကစားတဲ့ပုံကတော့ကွဲပြားတာပေါ့ဗျာ။
မာရာဒိုနာ ၊ ရိုမာရီယို (pesထဲမိမိသဘောကျဆုံးLG)၊မက်ဆီ ၊ မိုဗစ် ၊ လီဝန် အားလုံးဟာကောင်းမွန်တဲ့အရည်အသွေးတွေပိုင်ဆိုင်ထားတဲ့ကစားသမားတွေပါ။
ဒါပေမဲ့သူတို့တွေမှာတူညီတဲ့အချက်တစ်ခုရှိပြီး။
အဲ့ဒါကသွင်းဂိုးတွေကိုလွယ်လွယ်ကူကူသွင်းနိုင်တာပါပဲ။
အာလင်းကလည်းဒီလိုကစားသမားမျိုးပါ။
သူ့မှာထိရောက်တဲ့ကစားပုံကိုပိုင်ဆိုင်ထားပါတယ်။
အားကစားစိတ်ဓာတ်လည်းပြည့်ဝသလိုဂိုးတွေကိုဘယ်လိုသွင်းရမယ်ဆိုတာကြိုတင်ခန့်မှန်းတတ်ပါတယ်။
ဒါကြောင့်ပဲသူကအန္တရယ်ရှိတဲ့တိုက်စစ်မှူးတစ်ဦးဖြစ်နေတာပါ။
အသက်ကလည်းငယ်နေသေးတာကြောင့်အလားအလာကောင်းတွေကိုပိုင်ဆိုင်ထားသူပါ။
သူ့အတွက်တစ်ခုပဲအရေးကြီးတာဗျ။
အဲ့တာကဒီခြေစွမ်းကိုထိန်းထားဖို့ပဲ။
ဒီလိုဆိုသူစံချိန်တော်တော်များများကိုအသာလေးချိုးဖျက်နိုင်ပါလိမ့်မယ်”
🗣️-အဂူရို
12/10/2022
" ကျနော်တို့ မေ့ထားလို့ မရတာက အသင်းတသင်းဟာ ကျနော်တို့ မန်စီးတီးထက် ပိုကောင်းပါတယ်။ အာဆင်နယ်ပါပဲ၊ ဇယားထိပ်ဆုံးမှာ ရှိနေတာက မန်စီးတီး မဟုတ်ပါဘူး၊ အာဆင်နယ်က အခုချိန်မှာ ကျနော်တို့ထက် ပိုကောင်းတဲ့အသင်းဆိုတာ အမှန်တရားပါ။"
🗣 ဂွာဒီယိုလာ
12/10/2022
“ကစားသမားတော်တော်များများဘာလို့ဒီနေ့ပွဲမှာမကစားနိုင်တာလဲဆိုတော့သူတို့မောပန်းပြီးခြေကုန်လက်ပမ်းကျနေလို့ပါ။
အာလင်းကလည်းသူအဆင်ပြေတယ်လို့မခံစားရဘူးတဲ့။
ဆောက်သမ်တန်နဲ့ပွဲပြီးထဲကသူကောင်းကောင်းအနားမယူရသေးဘူးလေ။
ဒီနေ့ပွဲစဉ်ကိုတော့သူကစားပေးလို့ရပေမဲ့ကျွန်တော်တို့ကိုယ်တိုင်ပဲRiskမယူဖို့ဆုံးဖြတ်ခဲ့တာပါ။
ပြီးတော့ဖိုဒန်မှာလည်းစိတ်အနှောင့်အယှက်ဖြစ်စရာပြသာနာအချို့ရှိနေသလိုဘာနာဒိုကလည်းသူပင်ပန်းနေတယ်လို့မနေ့ကပြောလာတယ်ဗျ။
ဒါကြောင့်ပဲကျွန်တော်သူတို့ကိုအနားပေးခဲ့တာပါ”
🗣️-ဂွါဒီယိုလာ