Ar Kar Ibet789 Senior Agent

Ar Kar Ibet789 Senior Agent

Share

Viber-09 979 005 204

02/07/2024

ဒိန်းမတ်နဲ့ ပွဲစဉ်မှ ဂျာမနီနောက်ခံလူ ရူဒီဂါရဲ့ စွမ်းဆောင်ရည် :

100% မြေပြင်လုယူနိုင်မှု (2/2)
100% ဖျက်ထုတ်နိုင်မှု (2/2)
100% အမြင့်ဘော အနိုင်ရမှု (1/1)
4 ကြိမ် ရှင်းလင်းမှု
4 ကြိမ် တားဆီးမှု
2 ကြိမ် ကြားဖြတ် လုယူမှု
ကျော်ဖြတ်ခြင်း ခံရမှု မရှိ💯🇩🇪

ရူဒီဂါဟာ Man Of The Match ဆုပါ ရရှိခဲ့တာပါ ။

26/06/2024

ကိုဘီမိုင်နူးဟာ ဆလိုဗေးနီးယားနဲ့ အင်္ဂလန်တို့ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့တဲ့ ပွဲစဉ် ပွဲကစားချိန် ၄၅ မိနစ်မှာ လူစားလဲဝင်ရောက်ခဲ့ပြီး ဒုတိယပိုင်းတစ်ပိုင်း ကစားသွားခဲ့ပါတယ်။

🏴󠁧󠁢󠁥󠁮󠁧󠁿 မိုင်နူး ရဲ့ စွမ်းဆောင်ရည်

- Cross ဘောပေးပို့ရာတွင်တိကျမှု 100%
- ဖျက်ထုတ်ရာတွင် အောင်မြင်မှု 100%
- ပေးပို့ရာတွင်တိကျမှု 97%
- 34 ကြိမ်ပေးပို့ရာတွင် 33 ကြိမ်အောင်မြင်
- Duels အသာရရှိမှု 2 ကြိမ်
- Dribble 1 ကြိမ်

ပွဲချိန်အတွင်း အင်္ဂလန်အသင်းရဲ့ ပွဲကြည့်စင်မှာ
"Stockport's finest Kobbie Mainoo" ဆိုတဲ့ Banner နဲ့ ပရိသတ်တွေက မိုင်နူး ကို အားပေးခဲ့ကြပါတယ် ။

အင်္ဂလန်ကွင်းလယ်မှာ ဒီဆယ်ကျော်သက်လေးဟာ အကောင်းဆုံး ဖြည့်စွပ် ကစားပြသွားခဲ့တာပါ ။

23/05/2024

ဘောလုံးလောကရဲ့ သင်ခန်းစာ 1 :

ဖလားလိုချင်ရင် အာဆင်နယ်က ထွက်ပါ ။

ဘောလုံးလောကရဲ့ သင်ခန်းစာ 2 :

ဖလားလိုချင်ရင် ဟယ်ရီကိန်းနဲ့ တစ်သင်းတည်း မဆော့ပါနဲ့ ….😁

14/05/2024

BREAKING❗❗

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသက် 38 နှစ်အရွယ်မိုဒရစ်ကို သက်တမ်းဆက်မတိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မိုဒရစ်ကတော့ လစာလျှော့ယူကာဆက်နေချင်ပေမယ့်လဲ အသင်းဘက်ကတော့ လူငယ်ကစားသမားများကိုနေရာပိုပေးရန်အချိန်တန်ပြီဟုဆုံးဖြတ်ခဲ့ပါတယ်။

ထို့ကြောင့် ယခုရာသီကုန်မှာ လူကာမိုဒရစ်အသင်းကနေထွက်ခွာသွားမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းကတော့ အကောင်းဆုံးနည်းလမ်းနဲ့နှုတ်ဆက်ဖို့ ပြင်ဆင်ထားပါတယ်။

Source: [ Relevo ]


14/05/2024

❗❗ BREAKING NEW

နာမည်ကြီး သတင်းထောက်ဖြစ်သူ
ဖာဘရီဇီယို ရိုမာနို ကတော့

ရီးယဲ မက်ဒရစ် အသင်းဟာ
လာမဲ့ ဂျွန်လထဲမှာ အမ်ဘာပေ ကို
တရားဝင် ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း

ကြေငြာဖို့ အစီအစဥ်ဆွဲထားတယ်လို့
ဖော်ပြသွားခဲ့ပါတယ် ။

Source: Romano


13/05/2024

🇵🇹 ခရစ္စတီယာနို ရော်နယ်ဒို အက်သလက်တီကို မက်ဒရစ်နဲ့တွေဆုံခဲ့တဲ့ ပွဲစဉ်မှတ်တမ်းများ

🏟️ ပွဲစဉ်များ - ၃၇ပွဲ
⚽ ဂိုး - ၂၅ဂိုး
🅰️ Assists - ၉ကြိမ်
🎩 ဟက်ထရစ် - ၄ကြိမ်

သူဟာ ဒီယေဂို ဆီမြွန်နီရဲ့ အက်သလက်တီကိုမက်ဒရစ်နဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ပါတယ်။ 🐐


12/05/2024

BREAKING 💬🔴

တိုနီခရူးဟာလာမယ့်ရာသီ
အသင်းတွင်ဆက်ရှိနေမည်ဖြစ်ပြီး

နောက်ထပ်ဝါရင့်ကွင်းလယ်လူကြီး လူကာမိုဒရစ်ကတော့ အသင်းမှထွက်ခွါတော့မည်ဖြစ်သည်။

Source: JLSanchez78

12/05/2024

ရီးရဲလ်မက်ဒရစ်အသင်းဟာ
ဖလော်ရီယန်ဝှစ်ဇ်အား ခေါ်ယူရန်
ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး

ခေါ်ယူမည့်ခုနှစ်ကို 2025 နွေရာသီဟု
သတ်မှတ်ထားကြောင်း သိရှိရသည်။

ဝှစ်ဇ်အားခေါ်ယူမည့်ကိစ္စကို
ဘယ်လင်ဟမ်၊ချုအာမန်နီ နှင့် ကာမာဗင်ဂါတို့​၏ အပြောင်းအရွေ့တွင်အသုံးပြုခဲ့သော ဗျုဟာများအတိုင်းလုပ်ဆောင်နေလျက်ရှိသည်။

Source:


10/05/2024

🚨🎖️| Fabrizio Romano ▪🗣

PSV မှာ အငှားချတုန်းက
Xavi Simons ကို ခေါ်ယူဖို့

မန်ချက်စတာယူနိုက်တက်က
တကယ်ကို ဖိအားအားပေးကြိူးစား
နေခဲ့ပါတယ်။

ဒီနွေရာသီမှာ
သူ့ကို စိတ်ဝင်စားနေတဲ့
ပရီးမီးယားလိဂ် ကလပ်တွေထဲက
တစ်သင်းပါလို့ ဖာဘရီဇီယိုက
ပြောလာပါတယ်

Source: []


09/05/2024

နေမာ 🇧🇷🗣

"အရည်အသွေးအရှိဆုံး လူငယ်လား?

ဗင်နီးစီးယပ် ဂျူနီယာပဲ ဖြစ်ပါလိမ့်မယ်။
အနာဂါတ်မှာသူက အများကြီး
လုပ်သွားနိုင်မယ်လို့ ကျနော်ခံစားရတယ်ဗျ။

အနာဂါတ်မှာ ဘော်လွန်ဒီအောကိုလဲ
စိန်ခေါ်နိုင်ပြီး ကျနော့်အထင်
သူအဲ့ဆုကို ယူနိုင်ပါလိမ့်မယ်။

ဒီကောင်လေးက
အရမ်းငယ်သေးတဲ့အပြင်
အရာအားလုံးနဲ့ထိုက်တန်တဲ့

အရည်အသွေးမျိုးလဲ သူ့မှာ ရှိတယ်ဗျ။
ဒါကိုတစ်နေ့လူတိုင်း မြင်နိုင်ပါလိမ့်မယ်။"

Source:


08/05/2024

💥💛 ဆာဘစ်ဇာကြီးတစ်ယောက်အသင်းကိုရောက်လာတုန်းကတော်တော်လေးကိုရင်ခုန်ဖူးတယ်

ဘိုင်ယန်မြူးနစ်မှာကစားခဲ့တာကြောင့်
မဟုတ်ဘဲ လိုက်ဇစ်အသင်းမှာပြသခဲ့တဲ့
ခြေစွမ်းတွေကြောင့်ပါ

အသင်းဆီရောက်လာချိန်မှာ
ကစားခွင့်ပုံမှန်မရ... ဒီကြားထဲဒဏ်ရာပြသနာက
ပါရောထွေးခဲ့တော့ထင်ထားသလောက်အလုပ်မဖြစ်
ခဲ့ဘူး

သူ့ရဲ့လုပ်အားနှုန်းဘောလုံးဖြန့်ဝေဖျက်တောက်
မှုတွေဟာထိပ်တန်းအဆင့်ရှိခဲ့ပေမဲ့
နည်းပြရဲ့ကစားကွက်မှာပါဝင်ဖို့
အသင်းမှာအထိုင်မကျခင်

ပြန်လည်ပြောင်းရွေ့သွားရတာက
အသင်းအတွက် ရောသူ့အတွက်ပါ
နေရာသစ်ကဏ္ဍသစ်တစ်ခုမှာအောင်မြင်စေဖို့
အစပြုခဲ့ပါတယ်

ဘာပဲဖြစ်ဖြစ် ယူနိုက်တက်ကစားသမား
အဖြစ်ပါဝင်ခဲ့ဖူးတဲ့သူအတွက်တော့
ဂုဏ်ယူနေမိပါတယ်

789

07/05/2024

🇦🇷 လီယိုမက်ဆီ 🗣

"ကျွန်တော် မစွမ်းဆောင်နိုင်တော့ဘူး ဒါမှမဟုတ် ကစားပွဲတွေအတွက်

မပျော်တော့ဘူး ဒါမှမဟုတ် အသင်းဖော်တွေကို မကူညီနိုင်တော့ဘူးလို့ ယုံကြည်ပြီးတာနဲ့ ကစားတာကို ရပ်သွားမှာပါ"

“ကျွန်တော့်ရဲ့ အနားယူမှုအတွက်
ကျွန်တော့်အသက်ဘယ်လောက်ရှိမယ်ဆိုတာ
အရေးမကြီးပါဘူး။

စိတ်ချမ်းသာရင်ဘောလုံး
ဆက်ကစားသွားမှာပါ”

Source: Romano


Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Mandalay

Opening Hours

Monday 08:00 - 02:00
Tuesday 08:00 - 02:00
Wednesday 08:00 - 02:00
Thursday 08:00 - 02:00
Friday 08:00 - 02:00
Saturday 08:00 - 02:00
Sunday 08:00 - 02:00