Thirizaw Online Bunisess

Thirizaw Online Bunisess

Share

မျက်လုံးဆိုတာစိတ်ရဲ့တံခါးပေါက်ပါ The icom myanmar

12/01/2024
09/12/2022

Gym Outfit ကို ဘယ်လို ရွေးချယ်မလဲ?🎽🩱

Workout လုပ်မယ်လို့ စဥ်းစားလိုက်ရင် အရင်ဆုံးတွေးမိတာက Gym ဝတ်စုံ ဝယ်ရမယ်ဆိုတာပါပဲ။ Gym ဆော့ဖို့ အတွက် ကိုယ်ဝတ်မယ့် အဝတ်အစားကလည်း တစ်ထောင့် တစ်နေရာက အရေးကြီးပါတယ်။

Aria တို့ Eindra တို့ Gym စဆော့တဲ့ အချိန်ကနေ အခုအထိ Sports Bra တွေ Legging တွေ အများကြီး ဝယ်ဖူး ဝတ်ကြည့်ဖူးပါတယ်။ International နာမည်ကြီး Brand တွေကနေ စလို့ Local Brand, China Brand, Export ဆိုင်တွေထိရော အစုံပါပဲ။

ဒါကြောင့် Aria နဲ့ Eindra က အတွေ့အကြုံနဲ့ သိသလောက်လေးတွေ ပြန်ပြီး Sharing ပေး ပါရစေ။

Gym Outfit ဝယ်တော့မယ်ဆို

🔺အများကြီး ဝယ်ဖို့ မလိုပါဘူး။ အနည်းဆုံး Sport Bra နဲ့ Leggings ၂ ထည် စီ ရှိတယ်ဆိုရင်တောင် ရပါပြီ။
🔺စျေးကြီးတာ စျေးသက်သာတာနဲ့ မဆိုင်ဘဲ သုံးထားတဲ့ Materials, ချုပ်ရိုးချုပ်သား, Cutting တွေကို ကြည့်ပြီး ရွေးသင့်ပါတယ်။
🔺အမျိုးအစားကောင်းတဲ့ outfit တွေက ကျယ်သွားတာ ကျဥ်းသွားတာတွေ မရှိဘဲ တစ်ခါဝယ်ပြီး အကြာကြီး ခံလို့ ပိုပြီးလည်း တွက်ချေကိုက်ပါတယ်။
🔺ကိုယ်နဲ့ သေချာ fit ဖြစ်ပြီး သက်တောင့် သက်သာရှိတဲ့ Size ကို ရွေးချယ်တတ်ဖို့လည်း အရေးကြီးပါတယ်။
🔺Legging နဲ့ ပတ်သတ်ပြီး အရင်က Review ပေးထားတဲ့ video လေးကြည့်ချင်ရင် ဒီ Link မှာ ကြည့်လို့ ရပါတယ်။

https://www.facebook.com/334317653923488/posts/427899684565284/?vh=e

1️⃣Comfort & Confidence

Quality ကောင်းတဲ့ Gym Outfit ကို ဝတ်ဆင်တဲ့ အခါ ခန္ဓာကိုယ်ပေါ်မှာရော စိတ်ထဲမှာရော သက်တောင့်သက်တောင့် သက်သာရှိတာက ပထမဆုံး ဦးစားပေးအချက်ပါ။

ကိုယ်နဲ့ Size ကွက်တိ ဖြစ်တဲ့ အပြင် ကိုယ့် Body ကို ပိုပြီး ချပ်ရပ်စေတဲ့ Design မျိုး၊ စိတ်သွားတိုင်းကိုယ်ပါ ဘယ် Workout ပဲ လုပ်လုပ် ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် outfit ဖြစ်သင့်တယ်။ ခန္ဓာကိုယ်ပေါ်မှာ တစ်ထပ်တည်း ကပ်နေပေမယ့် တင်းကြပ်နေတာမျိုးလည်း မဟုတ်ဘဲ ကိုယ်က လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာလို့ရတယ်ဆိုရင် ဒါ အကောင်းဆုံး Gym outfit ပါပဲ။

2️⃣Squat Proof, Sweat-proof, Heat-Proof

ဒါကလည်း အရေးကြီးပါတယ်။ workout လုပ်တဲ့အခါ ချွေးထွက်မယ် Body Heat ထွက်မယ်။ ဒါပုံမှန်ပါပဲ။ Gym outfit တွေဟာ ချွေး/ရေ စိုသွားတဲ့အခါ လျင်လျင်မြန်မြန် ခြောက်သွေ့စေပြီးတော့ Body Heat ကိုလည်း သိမ်းမထားတဲ့ Fabric Material မျိုး ဖြစ်သင့်ပါတယ်။

မြန်မာနိုင်ငံရဲ့ ရာသီဥတုဟာ ပူတဲ့ အတွက် ဒီအချက်ကို ပိုပြီး ဂရုစိုက်သင့်တယ်။ မဟုတ်ရင် Body Heat တွေ အရမ်းတက်လာပြီး Shock ရတာမျိုး၊ ချွေးတွေ အမြန်မခြောက်တဲ့ အခါ ချွေးနဲ့ ပြန်အအေးပတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
နောက်ပြီးတော့ အသားမပါးတာမျိုးဖြစ်မှ Squat Proof ဖြစ်တာပါ။ Sqaut လုပ်တဲ့ အခါ အထဲက ကုန်းရတဲ့ လေ့ကျင့်ခန်းတွေ လုပ်တဲ့ အခါ Squat Proof မဖြစ်ရင် Legging က အရမ်းပါးနေရင် အထဲက အတွင်းခံအရောင် ဒါမှမဟုတ် အသားကို မြင်နေရမှာပါ။

3️⃣Sport Bra Impact

ကိုယ်က Yoga ဆော့မှာလား Weight Training တွေ ဆော့မှာလား Jogging , Cardio လုပ်မှာလားပေါ်မူတည်ပြီး Sport Bra ကို ရွေးချယ်ရပါမယ်။ အရမ်း လှုပ်ရှားရတာတွေ မပါတဲ့ Workout ဆိုရင် Low - medium impacted ရှိတဲ့ Sport Bra ကို ဝတ်လို့ ရပါတယ်။ သူက ဝတ်ရတာ ပို သက်တောင့်သက်သာရှိတယ်။ ဒါမှမဟုတ် ကိုယ်က ကြိုးခုန်မယ် cardio တွေ လုပ်မယ် ပြေးမယ်၊ Training ကြမ်းကြမ်းတွေ လုပ်မယ်ဆိုရင်တော့ High Impacted Sport Bra နဲ့ ထိန်းပြီး ဝတ်မှ ရင်ဘတ်ပျော့တွဲကျတာတွေ ရင်ဘတ် အရမ်းလှုပ်တာတွေ မဖြစ်မှာပါ။

Gym ဝတ်စုံကို စျေးသက်သာတာ Design လှတာနဲ့တင် မမှာဖို့ သတိပေးချင်ပါတယ်။

Aria နဲ့ Eindra တို့လည်း Gym ဆော့တဲ့ခါ ကိုယ်အတွက်လုံးဝ Comfy ဖြစ်မယ့် Outfit မျိုးသေချာလေး ရွေးဝယ်ပြီး ကစားတယ်။ ဒါမှ workout လုပ်တဲ့အခါ စိတ်အနှောင့်ယှက်မဖြစ်ဘဲ သေချာလေး အာရုံစိုက်ပြီး လုပ်နိုင်တယ်။ မဟုတ်ရင် ဘောင်းဘီ လျောကျသွားလို့ ဆွဲတင်လိုက်၊ Sport Bra က ချောင်နေလို့ ကြိုးခုန်တာတို့ ပြေးတာတို့ လုပ်လို့မရလိုက်နဲ့ ဖြစ်တတ်လို့။ 😩😩

Gym outfit ဝယ်မယ်ဆိုရင် Aria နဲ့ Eindra တို့ အကြံပေးတဲ့ အချက်လေးတွေကို ထည့်သွင်းစဥ်းစားပြီး မှာနော်။ Invest in Good outfit and increase the efficiency of your gym sesh ✨💕

25/06/2021

ကုန်ပစ္စည်း ​စျေးနှုန်းအသစ်ပြောင်းလဲ သတ်မှတ် ​ကြေညာခြင်း

ဒီလိုကာလမှာ ကြုံ​တွေ့​နေရတဲ့အ​ခြေအ​နေ​အရပ်အရပ်​ကြောင့် ​ငွေ​စျေးတန်ဖိုးတက်ခြင်း သယ်ယူစရိပ်တက်ခြင်း ​​ငွေသားရဖို့ခက်ခဲခြင်း​တို့ကြောင့် လက်ရှိ​ရောင်း​စျေးကို မဖြစ်မ​နေတက်လိုက်ရခြင်းပဲဖြစ်ပါသည်

​​အခုအချိန်မှာ ယာယီအခိုက်အတန့်​ကြောင့် ​စျေးနှုန်းတက်ရခြင်းကို အနူးအညွန့်​တောင်းပန်အပ်ပါသည် အ​ခြေအ​​​နေတည်ငြိမ်သွား​သောအခါ ပုံမှန်​စျေးအတိုင်းပြန်​လည်ပြောင်းလဲ​ပေးဖို့ရှိပါသည်

ကုန်ပစ္စည်းများကို အစဥ်အမြဲအား​ပေး​နေ​သော customers အ​ယောက်တိုင်းဆီကို​လည်း အထူးကျေးဇူးတင်ပါတယ်

Photos from Thirizaw Online Bunisess's post 15/06/2021

ခြေဖျား လက်ဖျားလေးတွေက အစ ဖြူကြည်ချင်ရင်

Boom Collangen plus ရှိပါတယ်ရှင့်
32000ks

Photos from Thirizaw Online Bunisess's post 22/12/2020

YAYY... ရွှေခဲလေးတွေ အတုံး 50,000 နဲ့ 15,000 Packs ဒီနေ့ထွက်လာပြီနော်

ဒီနှစ်မကုန်ခင် အရင်ရောက်ပါမယ်လို့ 😜😜

နောက်နစ်ဆိုရင်တော့ သိန်းနဲ့ချီ ချီတက်ပြီ

HOTEST ITEMS OF THE MONTH

Ps. ရက်ပိုင်းပြောင်မှာဖြစ်တဲ့အတွက် ခွဲတန်းပါလို့ first come first serve

WE LOVE BOOM
WE ARE THE ICON MYANMAR



21/12/2020

သင်သိပါသလား

အပေါ်ယံလိမ်းရတဲ့ အလှကုန်ပစ္စည်းတွေ အသုံးပြုရုံနဲ့ တကယ့်အလှတရားအစစ်ကို ရရှိနိုင်ဖို့ခက်ခဲပါတယ်။

တစ်ခဏတာ လှပဖို့လွယ်ကူနေတဲ့ခေတ်ကြီးမှာ
ရေရှည်တည်မြဲတဲ့ အလှအပကိုရစေဖို့
ခန္ဓာကိုယ်တွင်း ဆဲလ်နဲ့တစ်ရှူးများကို ကောင်းမွန်အောင်ပြုပြင်ပေးပြီး
အသားအရေလှပစေဖို့ အထိရောက်ဆုံးကူညီပေးမယ့် BOOM Fiberry လေးရှိနေပါပြီ။ 😚😍😙

BOOM Fiberry နဲ့ သာဆိုရင် ကျန်းမာစေမယ့်အပြင်
တကယ အလှတရား အစစ်ကိုပါ ပိုင်ဆိုင်နိုင်ဦးမှာဆိုတော့
အခုပဲ နီးစပ်ရာကိုယ်စားလှယ်တွေဆီမှာ BOOM Fiberry လေးကို မှာယူလိုက်တော့နော်။




24000ks

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Yangon