Elite Gym and Fitness Center Mandalay

Elite Gym and Fitness Center Mandalay

Share

Elite Gym

25/12/2023

💪🏻 ပြောင်းလဲချင်စိတ်ရှိပြီး တကယ်ပြောင်းလဲလိုသူများအတွက် Elite Gym ရဲ့ 2024 နှစ်သစ်ကြို အထူး Promotion 🎁

လူတိုင်း ကိုယ်မလိုချင်တာကို စွန့်ပယ်ပြီး ကိုယ်လိုချင်တာကို ရယူပိုင်ဆိုင်ခွင့်ရှိပါတယ်။ 🙌🏻

လိုတိုင်းရတဲ့ဘဝနဲ့ လိုတိုင်းမရတဲ့ဘဝကြားမှာ ကြိုးစားမှုဆိုတဲ့ ကန့်လန့်ကာ ပါးပါးလေးပဲခြားတာပါ။

“ ငါမလုပ်နိုင်လောက်ပါဘူး “ ဆိုတဲ့ ကျွန်တော်တို့ရဲ့အတွေးတွေကပဲ ကျွန်တော်တို့လိုချင်တဲ့ဘဝနဲ့ အလှမ်းဝေးစေတာပါ။

နှစ်ဟောင်းမှာ မလိုချင်တဲ့ ခန္ဓာကိုယ်ပုံစံကိုထားခဲ့ပြီး နှစ်သစ်မှာ တကယ်လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစား ပြောင်းလဲချင်စိတ်ရှိသူများကို ဝမ်းမြောက်ဝမ်းသာလက်ကမ်းကြိုတဲ့အနေနဲ့ ဒီ promotion လေး လုပ်လိုက်ရခြင်းဖြစ်ပါတယ်ဗျ။ 💯

26.12.2023 မှ 30.12.2023 ထိ 5 ရက်အတွင်း လာအပ်ရင် Elite Gym ပုံမှန် member fee
❌ 1 Month = > 45,000 Kyats ကို
☑️ 1 Month = > 35,000 Kyats ပဲ
ကျသင့်မှာ ဖြစ်ပါတယ်။

အခွင့်အရေးက ( 5 ) ရက်ထဲမို့ ပြောင်းလဲဖို့ တကယ်ဆုံးဖြတ်ပြီးပြီဆို ခုပဲ Elite Gym Page Messenger မှာ hi လိုက်တော့ဗျ…။

Opening Hours ⏰
👉 6:00 am to 11:00 am
👉 3:00 pm to 7:00 pm

Elite Gym & Fitness Center
🏘 Address - 82 လမ်း၊ 44x45 ကြား၊ မန္တလေးမြို့။
☎️ Hotline Number - 09-974455776



31/01/2023

ဗျို့ သိပြီးပြီလား 📣
Elite Gym & Fitness Center ရဲ့ 3 နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ Gym Fanatic Bro တို့အတွက် အထူး Promotion ကြီး ရှိတယ်နော် 🥳

1.2.2023 မှ 28.2.2023 အထိ ဖေဖော်ဝါရီတစ်လလုံး Elite Gym မှာ Member ဝင်တဲ့သူတွေအတွက်

◾1 month - 40000ks (15% off-34000ks)
◾3 months - 120000ks(20% off -96000ks)
◾6 months - 240000ks (25 %off -180000ks)
◾12 months - 480000ks (30 % off -336000ks )

စသဖြင့် Promotion အသီးသီးပေးသွားမှာဗျ။

ပြီးတော့

✔လိုချင်တဲ့ Body Goal အတွက် စနစ်မှန်မှန် နည်းပြပေးတဲ့
Professional Trainer

✔စုံလင်လွန်းလှတဲ့ High-Quality Gym Equipment နဲ့

✔Free Wifi ,Safety Private Locker,Changing Room နဲ့ Gym ဆော့ပြီး ရေချိုးဖို့ Bathroom အကျယ်ကြီးတို့လို Facility အပြည့်အစုံရှိတာမို့

စိတ်ကူးမမှားဘဲ Elite ဆီမှာ Gym လာဆော့ပြီး So Hot မိမိုက်တဲ့ Body နဲ့ ကိုယ့်ကိုယ်ကိုယ် Change ပစ်ပလိုက်တော့ကွာ 😎

Opening Hours ⏰
👉6:00 am to 11:00 am
👉3:00 pm to 7:00 pm

Elite Gym & Fitness Center
🏘 Address - 82လမ်း၊ 44x45 ကြား၊ မန္တလေးမြို့။
☎️ Hotline Number - 09-974455776



29/01/2023

Beginner တွေအတွက်
ဝမ်းဗိုက် လေ့ကျင့်ခန်းများ 💁‍♂️✨

🤍 ဗိုက်ကြွက်သားတွေကို လေ့ကျင့်ခြင်းက
မရေမတွက်နိုင်တဲ့ အကြပ်အတည်းတွေ ၊
ရှုပ်ထွေးတဲ့ လေ့ကျင့်ခန်းတွေကို
လုပ်ဆောင်ဖို့ မဆိုလိုပါ ။
ဗိုက်သားနဲ့ အူတိုင်တွေကို
ထိထိရောက်ရောက် လုပ်ဆောင်နိုင်စေဖို့
အလယ်ဗဟိုရှိ ကြွက်သားတစ်ခုစီကို
လှုပ်ရှားစေတဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ပါ ။

✅ စက်ဘီးစီးခြင်း

🤍 စက်ဘီးစီးခြင်းက ဗိုက်အဆီတွေကို
ဖြတ်တောက်ပစ်ပြီး
ကြွက်သားတွေကို ဖြစ်စေတယ် ။
စက်ဘီးစီးခြင်းက
ထိခိုက်မှုနည်းတဲ့
လှုပ်ရှားမှုတစ်ခုဖြစ်တာကြောင့်
အဆစ်တွေကို ဖိသိပ်ခြင်းမရှိဘဲ
ဝမ်းဗိုက်ကြွက်သားတွေ
အလုပ်လုပ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်တယ် ။

✅ ခြေထောက်မြှောက်ပြီးလုပ်ရတဲ့
လေ့ကျင့်ခန်းများလုပ်ခြင်း

🤍 ဒါကလဲ ရိုးရှင်းပြီး ထိရောက်တဲ့
လေ့ကျင့်ခန်းတွေဖြစ်ပြီး
ဘယ်နေရာမှာမဆို လုပ်ဆောင်နိုင်တယ် ။
ဒါက ဝမ်းဗိုက်ကြွက်သားတွေကို
သန်မာစေပြီး
ဟန်ချက်ညီတဲ့ အူတိုင်ကို
ဖွံ့ဖြိုးစေပါတယ် ။
ဒါ့အပြင် ဒီခြေထောက်မြှောက်
လေ့ကျင့်ခန်းတွေက
ကိုယ်ဟန်အနေအထား ၊
ဟန်ချက်ညီမှု နဲ့ တည်ငြိမ်မှုကို
တိုးတက်စေဖို့ ကူညီပေးတယ် ။

✅ V-ups လေ့ကျင့်ခန်း

🤍 ဒီလေ့ကျင့်ခန်းက
ခန္ဓာကိုယ်ကို ပုံမှာပြထားတဲ့အတိုင်း
“V” ပုံသဏ္ဍာန်အနေအထားဖြင့်
လုပ်ရတဲ့ အမျိုးအစားပါ ။
ဒါကလဲ ဝမ်းဗိုက်ကြွက်သားကိုသာမက
တင်ပါးဆုံရိုးနဲ့
နောက်ကျောအောက်ပိုင်းတို့ကို
လုပ်ဆောင်ပေးတဲ့
အမာခံလေ့ကျင့်ခန်းတစ်ခုဖြစ်တယ် ။

✅ Plank လုပ်ပါ

🤍 Plank က ဝမ်းဗိုက်ကြွက်သားများအပြင်
နောက်ကျော နဲ့ ပခုံးကြွက်သားတွေကိုပါ
အားကောင်းစေမဲ့
လေ့ကျင့်ခန်းကောင်းတစ်ခုဖြစ်တယ် ။
Plank လုပ်တဲ့အခါ
ကျောရိုးကို ထောက်ဖို့
ဗိုက်သားကို တင်းကျပ်ပြီး
နောက်ကျောကို ကွေးမထားပါနဲ့ ။
Beginner ဆိုရင်
စက္ကန့် ၃ဝကြာ ၄ခါမှ စလုပ်ပါ ။ ✨

28/01/2023

Cardio လေ့ကျင့်ခန်းတွေကို
ဘယ်လောက်ကြာကြာလုပ်ရမလဲ ❓

🚴‍♀️ cardio လေ့ကျင့်ခန်းတွေက
နှလုံးနဲ့ ကြွက်သားတွေ အလုပ်လုပ်ဖို့
ကြိုးစားပေးတယ် ။
တကယ်လို့ နှလုံးကျန်းမာရေးအတွက် ၊
ကိုယ်အလေးချိန်ကျဖို့အတွက်
ဒါမှဟုတ် အထွေထွေကြံ့ခိုင်မှုအတွက် စသဖြင့်
သီးခြားအကျိုးကျေးဇူးတွေနဲ့ စတင်ခြင်ရင်
cardio လေ့ကျင့်ခန်းတွေကို
ပိုမိုရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ဖို့ လိုအပ်ပါမယ် ။

ဆိုတော့ cardio ဘယ်လောက်ကြာကြာလုပ်ရမလဲ ❓

Cardio က နှလုံးကျန်းမာရေးအတွက် ဆိုရင် - -

🚴‍♀️ နှလုံးခုန်နှုန်းကိုမြှင့်တင်ဖို့
စဉ်ဆက်မပြတ်လှုပ်ရှားမှုတွေနဲ့
ကြီးမားတဲ့ ကြွက်သားအုပ်စုတွေကို
အသုံးပြုခြင်းက နှလုံးသွေးကြောစနစ်များကို
ကျန်းမာနေစေဖို့အတွက်
အကောင်းဆုံးနည်းလမ်းများထဲမှ တစ်ခုဖြစ်တယ် ။
ကိုယ်လက်လှုပ်ရှားမှု နဲ့
နှလုံးသွေးကြောဆိုင်ရာ
ရောဂါဖြစ်နိုင်ခြေတွေကို ဆက်စပ်နေတယ် ။

🚴‍♀️ ကိုယ်လက်လှုပ်ရှားမှု များတဲ့သူတွေက
လှုပ်ရှားမှုနည်းတဲ့ ရွယ်တူများထက်
နှလုံးရောဂါဖြစ်နိုင်ခြေ ၆၀% လျော့နည်းကြောင်း
ဆေးပညာဆိုင်ရာ လေ့လာမှုတစ်ခုအရ သိရတယ် ။
ဒါပေမဲ့ ကိုယ့်တစ်နေ့တာ လှုပ်ရှားမှုကို
ခြေလှမ်း ၁ထောင်လောက်သာ တိုးပေးလိုက်တာက
နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေနိုင်တယ် ။

ဒီတော့ နှလုံးကျန်းမာရေးအတွက်
cardio လေ့ကျင့်ခန်းက ဘယ်လောက်ကြာသင့်သလဲ ❓

🚴‍♀️ တစ်နေ့မှာ အလယ်အလတ်ပြင်းထန်မှု
အနည်းဆုံး မိနစ် ၃၀ နဲ့ တစ်ပတ်မှာ ၅ရက် လုပ်ပါ ။
တကယ်လို့
နှလုံးသွေးကြောဆိုင်ရာ
ရောဂါဖြစ်နိုင်ခြေအနည်းဆုံးကို လိုချင်ရင်
အဲ့ထက်ပိုတိုးလုပ်ပါ ။ သို့သော် မလွန်စေပါနဲ့ ။
ပိုမိုကြီးမားတဲ့
နှလုံးကျန်းမာရေးအကျိုးကျေးဇူးများအတွက်
တစ်ပတ်ကို မိနစ်၃၀၀ လောက်တော့ရှိပါစေ ။

ကိုယ်နှစ်သက်တဲ့ cardio လေ့ကျင့်ခန်းပုံစံကို ရွေးချယ်ပါ ။ ✨

🚴‍♀️ လမ်းလျှောက်ခြင်းက
အကောင်းဆုံး ရွေးချယ်မှုဖြစ်ပြီး
လက်လှမ်းအမှီဆုံးဖြစ်လေ့ရှိပေမဲ့
အခြားရွေးချယ်စရာတွေက
စက်ဘီးစီးခြင်း ၊ လှေလှော်ခြင်း ၊
ရွရွပြေးခြင်း ၊ ရေကူးခြင်း ၊
တောင်တက်ခြင်း ၊ ကခြင်း တို့ဖြစ်တယ် ။
ဘယ်လေ့ကျင့်ခန်းကိုမဆို
အလယ်အလတ် ပြင်းထန်မှုနဲ့ လုပ်ပါ ။

🚴‍♀️ လေ့ကျင့်ခန်းလုပ်နေတာက
အနားယူတာလောက်တောင်
အသက်မရှူရဘူးဆိုရင်
အကျိုးကျေးဇူးရရှိဖို့
လုံလောက်တဲ့ ပြင်းထန်မှုမဟုတ်ပါ ။
ကြံ့ခိုင်မှု ပိုရရှိလာတာနဲ့အမျှ
လေ့ကျင့်ခန်းတွေမှာ
ပြင်းထန်တဲ့ cardio တွေကို ထည့်သွင်းပါ ။

🚴‍♀️ အခုမှ လေ့ကျင့်ခန်းစလုပ်သူအတွက်
တစ်ကြိမ်တည်းမှာ မိနစ် ၃၀ cardio လုပ်ဖို့
ရုန်းကန်ရနိုင်တယ် ။
အဲ့လိုဖြစ်ရင် ၁၀ မိနစ်စာလေးတွေ ခွဲလုပ်ပါ ။
အစာစားပြီးတိုင်း လမ်းလျှောက်တာကို
လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်လာအောင် လုပ်ခြင်းကလဲ
ကူညီပေးနိုင်ပါတယ် ။
တကယ်လို့ ကိုယ်က အရမ်းအလုပ်များနေရင်
ဖုန်းပြောနေတဲ့အချိန်မှာ လမ်းလျှောက်ပြီးပြောပါ ။

Cardio က အထွေထွေကြံ့ခိုင်မှုအတွက်ဆိုရင် --

🚴‍♀️ နှလုံးကျန်းမာရေးနဲ့ အထွေထွေကြံ့ခိုင်မှုဆိုတာ
လေ့ကျင့်ခန်းလုပ်ခြင်းကြား
အနည်းငယ်ထပ်နေတယ် ။
အမှန်တော့ ပိုသန်မာတဲ့နှလုံးက
ကျန်းမာကြံ့ခိုင်ဖို့ အထောက်အကူပြုပါတယ် ။

🚴‍♀️ နှလုံးကျန်းမာရေးဆိုတာ
နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့
လုံလောက်တဲ့နှလုံးသွေးကြောဆိုင်ရာ
ခံနိုင်ရည်တည်ဆောက်ခြင်းကို ရည်ညွှန်းတယ် ။
ဒါက နာတာရှည် ရောဂါများစွာ
ဖြစ်ပွားမှုကိုလဲ လျှော့ချနိုင်လိမ့်မယ် ။

🚴‍♀️ ကြံ့ခိုင်မှုအတွက်ဆိုရင်
ဒီတစ်ပတ်မှာ cardio မိနစ် ၁၅၀ လုပ်ရင်
နောက်တစ်ပတ်မှာ ၁၆၅ မိနစ်လုပ်ပြီး
၁၀% စီ ပြင်းထန်မှုကိုတိုးတိုးသွားပါလို့
အကြံပြုချင်ပါတယ် ။ ❤

31/12/2022

နှစ်သစ်မှာElite gym member များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ🙏

09/10/2022

ဝါလကင်းလွတ် သီတင်းကျွတ်တွင်
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ🙏

20/09/2022

" ငါ့ Body က ဘယ်လိုလေ့ကျင့်ခန်းလုပ်လုပ် ဘယ် Diet Plan နဲ့ ချချ ဝိတ် မ ကျ ဘူး "
" ငါလိုချင်တဲ့ Body Shape
မရနိုင်လောက်ပါဘူးကွာ 😔 "ဆိုတဲ့

သင့်ကိုယ်သင် ပြောင်းလဲဖို့ တွန့်ဆုတ်စေတဲ့အတွေးတွေကို အခုကစပြီး ခေါင်းထဲကနေ ထုတ်ပစ်လိုက်တော့ 💨

တကယ်တော့ Transform လုပ်ချင်တဲ့ Body Shape ရဖို့ဆိုတာ အရင်ဆုံး သင့်ကိုယ်သင် ကန့်သတ်ထားတဲ့ အတွေးတွေကို ရိုက်ချိုးပြီး ခြေလှမ်းတစ်လှမ်း 🚶🏻‍♂️စရဲတဲ့
သတ္တိရှိဖို့ပဲလိုတယ်။

အဲဒီကနေ Consistency ကောင်းကောင်းနဲ့ နည်းစနစ်ကျကျ လုပ်ပေးသွားမယ်ဆိုရင် သင့် Dream Body Goal က လက်တစ်ကမ်း အကွာမှာပဲဗျာ 💁🏻‍♂️

ကဲ..အဲဒီလို သင်ရဲ့ အိမ်မက်ကို လက်တွေ့အဖြစ် ပြောင်းဖို့ Elite Gym & Fitness Center 🏋🏻‍♂️ ရှိနေပါပြီ။

Elite Gym & Fitness Center မှာ
✅ သင့် Dream Body Goal ရဖို့
စိတ်ရှည်ကျွမ်းကျင်ပြီး အသင်အပြကောင်းတဲ့ Professional Trainer တွေထားရှိပေးသလို

✅ စုံသထက်စုံတဲ့ Body Equipment စက်အသစ်တွေပါရှိတယ်နော်။

✅နောက်ပြီး Gym ကစားတဲ့အခါမှာ Motivate ဖြစ်စေတဲ့ Music 🎶 အမိုက်စားတွေဖွင့်ပေးမယ့်အပြင် သက်တောင့်သက်သာဖြစ်ဖို့ Aircon အေးအေးလေး❄ ပါ တပ်ထားပေးတယ်ဗျာ။

✅ ပြီးတော့ Free Wifi ၊ Safety Private Locker နဲ့ သန့်ရှင်းသပ်ရပ်တဲ့ ရေချိုးခန်းပါရှိတော့ လုံးဝ Perfect ပေါ့ 😉

ဒီလိုစုံလင်အကောင်းမွန်ဆုံး ဝန်ဆောင်မှုနဲ့ ကြိုဆိုနေတဲ့ Elite Gym & Fitness Center မှာ Body Transform လုပ်ချင်တဲ့သူတွေအတွက် အထူးသတင်းကောင်းအနေနဲ့ Special Thadingyut Promotion ကြီးရှိတယ်ဗျို့ 📣

🔰Promotion Plan
1 month - 35000ks 👉 10 % discount
3 months - 105000ks 👉 15 % discount
6 months - 210000ks 👉20 % discount
12 months - 420000ks 👉30 % discount

ဆိုပြီး Discount plan တွေ ရှိတယ်နော်။

Opening Hours ⏰ -
6:00 am to 11:00 am
3:00 pm to 7:00 pm

Promotion ကာလကတော့
20.9.2022 မှ 8.10.2022 အထိပဲ‼ဆိုတော့ အခုပဲ Member ဝင်ပြီး သင်တစ်သက်လုံး အိမ်မက်မက်ခဲ့တဲ့ Body Shape ကို လက်တွေ့အကောင်အထည်ဖော်လိုက်တော့နော် 😉

Elite Gym & Fitness Center
🏘 Address - 82လမ်း၊ 44x45 ကြား၊ မန္တလေးမြို့။
☎️ Hotline Number - 09-974455776



31/03/2022

Elite Gym ရဲ့နှစ်ကူး Promotion 🏋🏻‍♂️

ခုရက်ပိုင်း မီးပုံမှန်မလာလို့ မီးစက်နှိုးနေရတာများပါတယ်။ ဒီလိုဆီဈေးတွေ ဘယ်လောက်ပဲတက်တက် အခက်အခဲတွေ ဘယ်လိုပဲများများ Elite Gym Member တို့ ကိုယ်စိတ်နှစ်ပါးလန်းဖြာစွာနဲ့ Gym ကစားနိုင်အောင် သင်္ကြန်နှစ်ကူးအထူး Promotion လေးကို စီစဉ်ပေးလိုက်ပါပြီဗျ။ 😉

ကျနော်တို့ဆီမှာ အမြဲဆော့နေကျ Member တွေအတွက် အတန်ဆုံးဖြစ်စေမယ့် Promotion Plan လေးပါ။💯

Promotion Plan ကတော့ 1.4.22 ကနေ 12.4.22 အတွင်း Member ကြေးပေးသွင်းမယ်ဆိုရင် ဘယ်နှလစာပဲ သွင်းသွင်း 10% Discount ရရှိမှာဖြစ်ပါတယ်။

နွေနေပူပူကိုအံ့တုပြီး ကိုယ်လိုချင်တဲ့ Body Transformation ဖြစ်နိုင်ဖို့ Elite Gym မှာ ဆော့ကစားရင်း နှစ်သစ်ကို ကြိုဆိုလိုက်ကြရအောင်လားဗျာ။ 🎉

Elite Gym & Fitness Center
🏘 Address - 82လမ်း၊ 44x45 ကြား၊ မန္တလေးမြို့။
☎️ Hotline Number - 09-974455776



06/03/2021

ဒီလိုအချိန်ကြီးမှာ လုပ်ငန်းအကြောင်းအရာတွေ တင်ရတဲ့အတွက် ဦးစွာတောင်းပန်ပါရစေခင်ဗျာ။

Elite Gymကို 8.3.2021တွင်ပြန်လည်ဖွင့်ပါဦးမည်ခင်ဗျ🙏

ကျွန်တော်တို့ရဲ့ Elite Gym ကို ကိုဗစ်ကာကတည်းက ပိတ်ထားရတာ7လကြာမြင့်နေပြီမို့ ဝန်းထမ်းတွေရဲ့ စားဝတ်နေရေးများအပြင် အခြားသော အခက်ခဲများစွာကြောင့် လုပ်ငန်းပြန်လည်ပတ်ဖို့ ဆုံးဖြတ်လိုက်ရတာ နားလည်ပေးဖို့ အနူးအညွှတ်ပန်ကြားလိုပါတယ်။

တိုင်းရေးပြည်ရေးကြောင့် စိတ်ပန်း၊လူညစ်ဖြစ်နေတဲ့အချိန် အားတဲ့အချိန်လေးမှာ Relax လုပ်ဖို့ရည်ရွယ်ပြီးဖွင့်လှစ်ပေးထားပါတယ်ခင်ဗျ။

Opening hoursတွေက
6:00am to 12:00am
2:00pm to 7:00pmပါ

အနီးအနားလာရအဆင်ပြေသူများအနေနဲ့ လာရောက်ကစားနိုင်ပြီး Elite gym member များအတွက် ဟိုးအရင်ကပိတ်ထားစဉ်ကရက်များကို 8.3.2021 မှ 31.3.2021 အတွင်း Member fee(1month=30000ks)သွင်းတာနဲ့ ထပ်ပေါင်းထည့်ဝန်ဆောင်မူပေးသွားပါမယ်ခင်ဗျာ၊ Elite gym member များအားလုံးကိုကြိုဆိုပါတယ်။

21/08/2020

အကယ်၍ Covid - 19 မိမိမှာ ဖြစ်နေပြီလို့ သံသယ ရှိလျှင်
အိမ်တွင်း၌အလွယ်ကူဆုံးနဲ့ ၊
ငွေကုန်သက်သာဆုံး ရှေးဦးသူနာပြုစုကုသရန်နည်းလမ်းများ ။

တစ်ချက်ချင်းသေချာဖတ်ကြည့်ပေးပါ။

1⃣ လည်ချောင်း စူးရှ့ရှ့ နာချင်လာရင်
ဆားရေနွေးနဲ့ ခေါင်းမော့ပြီး ပလုပ်ကျင်း လည်ချောင်းဆေးပါ၊
တစ်နေ့လျှင် 1မိနစ်ခန့် 3 ကြိမ်။

2⃣ စူးရှမှု ပိုပြင်းထန်လာရင် ဆားရေအပြင် ကြက်သွန်ဖြူ အတက်ခွာပြီး ဖိကိုက်လိုက်ပါ၊

ပူပြီးစပ်တဲ့ အရည် ထွက်လာမယ်။
အပူငွေ့ကို အဆုတ်ထဲ ရောက်အောင် ရှူသွင်းပြီး
10 စက္ကန့် အသက်အောင့်ထားပါ၊
ရောဂါ ရဲ့ 80%ကို ကုသပေးပါတယ်။

3⃣ ချောင်း စ ဆိုးလာရင် ရေနွေးငွေ့ကို အဆုပ်ထဲအထိရောက်အောင် ရှူပါ။
တစ်နေ့ 3 ကြိမ်၊ 2 ရက်ခန့် ပြုလုပ်ပါ၊
ရောဂါရဲ့ 90% ကို ကုသပေးပါတယ်။

4⃣ ဒါတွေကို မလုပ်ဆောင်နိုင်ခဲ့လို့ ရောဂါရနေပြီဆို
(၃) ချက်လုံးကို ပြန်လုပ်ပါ။

- သံပုရာရည် + ပျားရည် 1ဇွန်းစီ ရော သောက်ပါ။
- လက်ဘက်ရည်ပူပူ၊ စွတ်ပြုတ်တို့ကို သောက်ပါ။
- လေဝင်လေထွက် ကောင်းတဲ့နေရာမှာ နေပါ။

ဒီအချက်တွေကို တိကျစွာလိုက်နာရင်
- ရောဂါရဲ့ 99% ကို ကုသနိုင်ပါတယ်။
- covid-19 ကိုလည်း အနိုင်ယူနိုင်ပါတယ်။

မိမိအတွက်အကျိူးရှိခဲ့လျှင်ပြန်လည်မျှဝေခြင်းဖြင်ကုသိုလ်ယူပါ။

;
#ပြန်လည်မျှဝေခြင်းဖြစ်သည်။

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

82st Between44, 45 Mandalay
Mandalay