14/10/2025
❝ ဘောလုံးကိုထိလိုက်တိုင်း ကျွန်တော့်ကို စိတ်လှုပ်ရှားစေတဲ့ ကစားသမားတစ်ယောက် ရှိတယ်ဆိုရင် အဲ့ဒါက လာမင်းယာမယ်ပါပဲ။
ပြီးခဲ့တဲ့ရာသီ ဆန်စီရိုက အင်တာနဲ့ပွဲမှာဆိုရင် သူ တစ်ယောက်တည်း အားလုံးကို လုပ်ပြခဲ့တာပါ။
လာမင်းယာမယ်ဟာ ပျော်ရွှင်မှု၊ ရင့်ကျက်မှုတို့နဲ့
ဘောလုံးကစားပါတယ်။ အဲ့တာမျိုးက မြင်တွေ့ရခဲပါတယ်။
သူကစားတာကို ကြည့်ရတာ ကျွန်တော် ဘောလုံးကို ဘာကြောင့် စွဲစွဲလမ်းလမ်း ချစ်ခဲ့ရလဲဆိုတာကို ပြန်ပြီးအမှတ်ရစေပါတယ်။ ❞ 🇪🇸✨
~ဇီဒန်း (ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း)
သတင်းအရင်းအမြစ်- (La Gazzetta dello Sport နှင့်အင်တာဗျူးမှပြောကြားချက်)
14/10/2025
❝ လီယိုက ပီအက်စ်ဂျီအသင်းကို (လုံးဝ)သာမန်လူတစ်ယောက်လို ရောက်လာခဲ့တာပါ။
နှိမ့်နှိမ့်ချချ နေတတ်ပြီး လူတိုင်းအပေါ် လေးစားမှုရှိတဲ့သူပေါ့ဗျာ။ ပြီးတော့ ကစားသမားအနေနဲ့ဆိုရင်လည်း သူဟာ ပြိုင်ဘက်ကင်းပါပဲ။
ခင်ဗျားရဲ့အသင်းမှာ မက်ဆီလိုကစားသမားမျိုး ရှိနေပြီး၊ တိုက်စစ်မှာ ကစားရတဲ့အခါ ခင်ဗျားလုပ်ရမှာက သူ့နားမှာနေမယ်၊ ပြီးရင် သူလုပ်သမျှ အရာအားလုံးကို လိုက်ကြည့်ဖို့ပဲလိုပါတယ်။
သူ ဂိုးဘယ်လို အ-ဆုံး-သ-တ်သွားလဲ၊ ဘောလုံးကို ဘယ်လိုထိန်းချုပ်လဲ၊ ဘယ်လိုပေးပို့လဲဆိုတာတွေကို ကြည့်ရုံပါပဲ။
သူ့နားမှာ ဒီလိုမျိုး နီးနီးကပ်ကပ် ရှိနေခဲ့ရတာက ကစားပွဲတွေကို ပိုပြီးနားလည်ဖို့အတွက် ကျနော့်ကို အများကြီးကူညီပေးခဲ့ပါတယ်။ ❞
~အမ်ဘာပေ (Movistar Plus+ နှင့်အင်တာဗျူးမှပြောကြားချက်)
14/10/2025
❝ ကမ္ဘာ့ဖလားရပြီးနောက် ကျနော့်ဘဝရဲ့အကောင်းဆုံး အခိုက်အတန့်လား?
ယူဗင်တပ်စ်ကိုအနိုင်ယူပြီး ကျနော်တို့ ချန်ပီယံလိဂ်ဖလားကို (2)နှစ်ဆက် ရခဲ့တဲ့ပွဲပါ။ အဲ့ဒီပွဲရဲ့ဒုတိယပိုင်းမှာ ကျနော်တို့ကစားခဲ့တဲ့ပုံစံက တကယ့်ကို အံ့မခန်းပဲ။
ကျနော် အဲ့ဒီပွဲကို လေးကြိမ်၊ ငါးကြိမ်၊ ခြောက်ကြိမ်အထိ ပြန်ကြည့်ဖူးတယ်။ ပြီးတော့ အမြဲတမ်း ပြောမိတာက "ဘောလုံးဆိုတာ ဒါပဲ၊ ပြီးပြည့်စုံမှု ရှိလိုက်တာ"ဆိုပြီးပေါ့ဗျာ။ ❞
~ဇီဒန်း (ရီးရဲလ်နည်းပြဟောင်း)
14/10/2025
▶ ပွဲချိန် (51)မိနစ်အထိ ဘရာဇီးလ်ကို 2-0နဲ့ရှုံးနေ
▶ ပွဲချိန်ပြည့်တော့ 3-2နဲ့ ဘရာဇီးလ်ကို ပြန်အနိုင်ယူသွား
ဂျပန်ကြီးတို့ကတော့ ဘရာဇီးလ်နဲ့ခြေစွမ်းပွဲမှာ သူတို့ရဲ့မာကျောတဲ့ စိတ်ဓာတ်ကိုပြသပြီး နိုင်ပွဲရယူသွားခဲ့တာပါ။
အန်ဆယ်လော့တီရဲ့လက်အောက်မှာ ပုံစံကောင်းပြနေတဲ့ ဘရာဇီးလ်ကို (2)ဂိုးပြ-တ်နဲ့ ရှုံးနေတာတော-င် ဒုတိယပိုင်းမှာ (3)ဂိုးပြန်သွ-င်းပြီး Comeback လုပ်သွားခဲ့ပါတယ်။
ဆာမူရိုင်းတွေရဲ့လုံး၀ကို စိတ်ဓာတ်မကျပဲ ပြန်လုပ်ပြသွားတာ တကယ်ချီးကျူးစရာပါပဲ။
ဒါကြောင့် ဘရာဇီးလ်နဲ့တွေ့တိုင်း ရှုံးပြီး နိုင်ပွဲမရဖူးတဲ့ စံချိန်ဆိုးကိုပါ ချေ-ဖျ-က်ပြသွားခဲ့ပြီး၊ သူတို့ရဲ့သမိုင်းမှာ ဆမ်ဘာသားတွေကို ပထမဆုံးအကြိမ် အနိုင်ယူနိုင်ခဲ့ပါပြီ။ 🇯🇵💥
13/10/2025
❝ ကျနော့်အတွက်တော့ လီယိုနဲ့အတူ တွဲကစားခွင့်ရခဲ့တာဟာ တကယ့်ကို ကံကောင်းခြင်းကြီးတစ်ခုပါပဲ။
ကျနော့်ရဲ့ကစားသမားဘဝတလျှောက်မှာ သူနဲ့
တစ်သင်းတည်းမှာ အတူကစားရမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။
ဘာလို့လဲဆိုတော့ ကျနော့်ရဲ့အိပ်မက်က မက်ဒရစ်ဖြစ်နေလို့ပါ။ ကျနော့်ဘဝမှာ ဘာစီလိုနာကို သွားကစားမယ်လို့လည်း တစ်ခါမှ မစဥ်းစားခဲ့ဖူးဘူး။ လီယိုကို ဘာစီလိုနာမှာပဲ တဘဝလုံးနေတော့မယ်လို့ ထင်ခဲ့တာ။
သူ့ကိုပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ကစားခွင့်ရမယ်ဆိုတာ ကျနော်သိခဲ့ပေမဲ့ သူနဲ့အတူ တွဲကစားရတာကတော့ အရမ်းထူးခြားတဲ့အရာပါ။ အတော်ကို ထူးခြားပါတယ်။ ပြီးတော့ သူ့ဆီကနေလည်း ကျနော် အများကြီးသင်ယူခဲ့ရပါတယ်။
ဒါကြောင့် ကျနော်ပြောနိုင်တာကတော့ သူနဲ့အတူဖြတ်သန်းခဲ့တဲ့ အရာအားလုံးအတွက် ကျေးဇူးတင်တယ်ဆိုတာပါပဲ။ မယုံနိုင်စရာ (2)နှစ်တာကာလ ဖြစ်ခဲ့ပါတယ်။
သူ့လိုထူးခြားတဲ့ ကစားသမားတစ်ယောက် ကိုယ့်
ဘေးနားမှာရှိနေတဲ့ ကံကောင်းခြင်းဟာ ဘယ်ကစားသမားအတွက်မဆို မဟာအခွင့်အရေးပါပဲ။ ❞
~ကီလီယန် အမ်ဘာပေ (ပြင်သစ်တိုက်စစ်မှုး)
13/10/2025
❝ ကမ္ဘာ့ဖလား ဗိုလ်လုပွဲလား? အာဂျင်တီးနားက အနိုင်ရဖို့ ထိုက်တန်ခဲ့ပါတယ်။ သူတို့ဟာ ဒီပွဲစဥ်တခုလုံးမှာ ပိုကောင်းခဲ့တာပါ။
ခင်ဗျားအနေနဲ့ ဗိုလ်လုပွဲမှာ ဂိုးသွ-င်းဖို့ထက် အနိုင်ရဖို့ကိုပဲ တွေးရမှာပါ။ အဲ့ဒီပွဲဟာ ရူးသွ-ပ်ချင်စရာ ပွဲတစ်ပွဲဖြစ်ခဲ့ပြီး အာဂျင်တီးနားက နိုင်ပွဲနဲ့ထိုက်တန်ခဲ့တယ်။ သူတို့က ပွဲစဉ်တလျှောက်လုံးမှာ ကျနော်တို့ထက် ပိုကောင်းခဲ့ကြပါတယ်။
ကျနော်တို့ ပိုကောင်းတယ်လို့ခံစားရတဲ့ အခိုက်အတန့်တချို့လည်း ရှိခဲ့တာပေါ့။ ဒါပေမဲ့ တပွဲလုံးကို ပြန်ကြည့်လိုက်မယ်ဆိုရင်တော့ သူတို့ရဲ့အောင်ပွဲဟာ တကယ်ကို ထိုက်တန်တဲ့အောင်ပွဲပါပဲ။
ဒီရှုံးပွဲက ဝမ်းနည်းစေပါတယ်။ ဒါပေမဲ့ အဲ့ဒါကို မေ့ပစ်လို့တော့ မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ (၂၀၂၆)ကမ္ဘာ့ဖလားက ရောက်လာတော့မှာလေ။ ကျနော်တို့ နောက်တစ်ကြိမ် ဝမ်းနည်းစွာနဲ့ အ-ဆုံး-သ-တ်-ချ-င်-စိတ် မရှိပါဘူး။ ❞ 🤝🇫🇷
~အမ်ဘာပေ (Movistar Plus+ နှင့်အင်တာဗျူးမှ ပြောကြားချက်)
13/10/2025
❝ ကျနော်ကတော့ ခရစ်စတာယာနိုကို နောင်နှစ်ပေါင်းများစွာအထိ ဆက်ပြီးကစားနိုင်ပါစေလို့ပဲ မျှော်လင့်မိပါတယ်။
သူ ဘောလုံးကစားတာကိုရပ်လိုက်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်ကို ကျနော်ကြောက်ရွံ့မိပါတယ်။
တစ်နေ့ကျရင် တီဗီက်ိုဖွင့်လိုက်တဲ့အခါ "ခရစ်စတီယာနို ရော်နယ်ဒို"ဆိုတဲ့နာမည်ကို မတွေ့ရတော့တဲ့ အခိုက်အတန့်က ကျနော်တို့အတွက်၊ ဘောလုံးပရိသ-တ်တွေအတွက် လက်ခံဖို့ ခက်ခဲလာပါလိမ့်မယ်။ ❞ 😢💔
~ပီပီ (ပေါ်တူဂီနောက်ခံလူဟောင်း)
13/10/2025
❝ ခရစ်စတီယာနို ရော်နယ်ဒိုဟာ ကျနော့်အတွက်တော့ အမြဲတမ်း စံပြပုဂ္ဂိုလ်ပါပဲ။
သူနဲ့စကားပြောခွင့်ရတာ ကျနော် ကံကောင်းပါတယ်။ သူက ကျနော့်ကို အကြံဉာဏ်တွေပေးတယ်၊ ကူညီပေးတယ်။
သူက နံပါတ်တစ်ပါပဲ၊ ရီးရဲလ်မက်ဒရစ်မှာ အကြီးမားဆုံးသော အတုယူလေးစားအားကျစရာ ပုဂ္ဂိုလ်ပါ။ လူတွေဟာ အခုအချိန်ထိတော-င် ခရစ်စတီယာနိုလိုဖြစ်လာဖို့ အိပ်မက်,မက်နေတုန်းပဲ။ သူက အကောင်းဆုံးပါ။
ဒါပေမဲ့ ကျနော်ကတော့ ကိုယ်ပိုင်လမ်းကြောင်းကို ဖန်တီးချင်တယ်။ အဲ့ဒီလမ်းကြောင်းဟာ ကျနော့်အတွက်ရော၊ ရီးရဲလ်မက်ဒရစ်အတွက်ပါ သမိုင်းဝင် ဖြစ်လာမှာပါ။
ကျနော် ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ သမိုင်းဝင်တဲ့အရာတစ်ခုကို လုပ်ချင်ပါတယ်။ ❞
~အမ်ဘာပေ (ရီးရဲလ်ကစားသမား)
11/10/2025
"ကျနော်နဲ့ဒမ်ဘီလီဟာ ငယ်ငယ်က ကျောင်းအတူတူ တက်ခဲ့ကြတယ်။
တကွင်းထဲမှာ အတူတူကစားခဲ့ကြတယ်။ ကျနော် သူနဲ့ CM1-CM2 (ပြင်သစ်မူလတန်းအဆင့်)မှာ ယှဉ်ပြိုင်ကစားခဲ့ဖူးတယ်။
ကိုယ့်သူငယ်ချင်းတွေနဲ့ ကစားရတဲ့အခါ စွန့်စားခန်းတစ်ခုလိုပါပဲ။ ကျနော်တို့ရဲ့Evreux ဒေသမှာ လူမျိုးစုံ စုဝေးကြတယ်။ အာဖရိကသားတွေ၊ တူရကီလူမျိုးတွေနဲ့ လူတိုင်းပျော်ရွှင်ကြတယ်။ အဲ့ဒါကပဲ ထူးခြားစေတာပါ။
ရိုးရိုးသားသားပြောရရင် ကျနော့်မှာ ပြောစရာစကားလုံးတွေတော-င် မရှိပါဘူး။ ဒမ်ဘီလီဟာ ကစားသမားကောင်း ဖြစ်လာမယ်ဆိုတာ ကျနော်တို့အားလုံးသိခဲ့ကြတယ်။
ဒါပေမဲ့လည်း...ဘယ်လိုပြောရမလဲ...သူ ဘာလွန်းဒေါဆုကို ကိုင်မြှောက်တာ မြင်လိုက်ရတဲ့အခါမှာတော့ ကျနော့်မှာ မျက်ရည်တော-င် ဝဲလာခဲ့ရတယ်။
ကျနော်တို့ဒေသကနေ ရွှေဘောလုံးဆုရှင်တစ်ယောက် ထွက်ပေါ်လာတာဟာ သိပ်ကိုဂုဏ်ယူစရာတစ်ခုပါပဲ။
ကျနော် ဆုပေးပွဲကို တက်ရောက်ခဲ့သင့်ပေမဲ့ မလာနိုင်ခဲ့ဘူး။ သူက သူ့ရဲ့မိခင်၊ မိသားစု၊ သူငယ်ချင်းတွေ၊ Moustapha နဲ့ အဲ့ဒီမှာရှိတဲ့ လူတိုင်းကို ကျေးဇူးတင်စကားပြောနေတာကို ကျနော်မြင်ခဲ့ရတယ်။ အဲ့ဒါဟာ တကယ်ကို ခမ်းနားတဲ့ အခိုက်အတန့်ပါပဲ။" ❤🇫🇷
~အူပါမီကာနို (ဘိုင်ယန်မြူးနစ်နောက်ခံလူ)
11/10/2025
🗣ဂျာနယ်လစ်: "လာမဲ့ (2026)ပြိုင်ပွဲပြီးရင် (2030)ကမ္ဘာ့ဖလားမှာရော ခင်ဗျားဝင်ကစားဦးမှာလား?"
🗣မာရက်ဇ်: "ဘရို, ကျနော်က ခရစ်စတီယာနို ရော်နယ်ဒိုမဟုတ်ဘူးဗျ။ ဒီ(2026)ကမ္ဘာ့ဖလားပြိုင်ပွဲကပဲ ကျနော့်ရဲ့နောက်ဆုံးဖြစ်လာမှာပါ။"(ရယ်လျက်)😂
အသက် (34)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မန်စီးတီးကစားသမားဟောင်းကြီးကတော့ လာမဲ့နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့ရဲ့နောက်ဆုံးဖြစ်သွားပြီလ်ို့ အတည်ပြုခဲ့တာပါပဲ။
တနည်းအားဖြင့် အယ်လ်ဂျီးသားက အသက်(38)နှစ်အရွယ်အထိ ရော်နယ်ဒိုလိုကစားနိုင်မှာ မဟုတ်ဘူးလို့ဆိုလိုချင်တာဖြစ်ပါတယ်။
11/10/2025
"ကျနော် မန်စီးတီးအသင်းကို ရောက်လုနီးပါး ဖြစ်ခဲ့တာပါ။
ပပ်(ဂွာဒီယိုလာ)ကို ကျနော် နေ့တိုင်းစကားပြောဖြစ်တယ်။ သူက ကျနော့်ကို မွေးနေ့ဆုတောင်းလည်း လုပ်ပေးခဲ့တယ်။
ပပ်က ကျနော့်ရဲ့အဖေလိုဖြစ်ခဲ့တာပါ။ ဘာစီလိုနာမှာတုန်းကလည်း ကျနော့်အဖေလိုဖြစ်ခဲ့ပြီး၊ မန်စီးတီးကိုရောက်လာတော့လည်း အဲ့ဒီအတိုင်းပါပဲ။
ကျနော်တို့ နေ့တိုင်း စကားတွေပြောကြတယ်။ သူက စီးတီးကိုပြောင်းလာဖို့ ကျနော့်ကို မက်ဆေ့ချ်တွေ ပို့တယ်။
ပြီးတော့ အာဆင်နယ်ကိုပြောင်းလာမဲ့ ကစားသမားတစ်ယောက်လည်း ရှိခဲ့တယ်။ ဒါကြောင့် ကျနော် စီးတီးကိုပြောင်းဖို့က အရာအားလုံး အဆင်သင့်ဖြစ်နေခဲ့တာပါ။
ဒါပေမဲ့ အဲ့ဒီနောက်မှာတော့ အာစင်ဝင်းဂါးက ကျနော့်ကို "မင်း ထွက်သွားလို့မရဘူး၊ ဘာလို့လဲဆိုတော့ တခြားကစားသမားက ဒီ(အာဆင်နယ်)ကို မလာချင်ဘူး။ ပြီးတော့ အသင်းမှာ မင်းအတွက် အစားထိုးစရာ ကစားသမားလည်း မရှိဘူး။"လို့ ပြောခဲ့ပါတယ်။
ဒီလိုနဲ့ပဲ စီးတီးနဲ့အပြောင်းအရွေ့ပျ-က်သွားခဲ့တာပေါ့ဗျာ။"
~အလက်စစ် ဆန်းချက်ဇ် (အာဆင်နယ်ကစားသမားဟောင်း)
ဆန်းချက်ဇ်ဟာ (၂၀၁၈)ခုနှစ်တုန်းက ဆရာဟောင်းရှိရာ မန်စီးတီးအသင်းကိုရောက်လုနီးပါး ဖြစ်ခဲ့တဲ့အကြောင်းကို ပြန်ပြောပြခဲ့တာပါ။
ဒီအပြောင်းအရွှေ့ပျက်သွားပြီးတဲ့နောက်မှာတော့ ချီလီသားက မန်ယူနိုက်တက်ကို ပြောင်းသွားခဲ့ပြီး အားလုံးသိတဲ့အတိုင်း သူ့ကစားသမားဘဝအတွက် မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်သွားခဲ့ပါတယ်။
10/10/2025
"ကျနော် မေဂျာလိဂ်ကိုပြောင်းလာခဲ့တာ မက်ဆီကြောင့်ချည်းပဲတော့ မဟုတ်ပါဘူး။
ဒါပေမဲ့ သူ့ရဲ့လွှမ်းမိုးမှုတစ်ချို့တော့ ရှိခဲ့ပါတယ်။ သူက ဒီလိဂ်ကို ပိုပြီးကြီးမားလာအောင် လု-ပ်-လို-က်တာပါ။ ကျနော်လည်း သူ့လိုဖြစ်လာချင်ပါတယ်။
ဒါကို ဖုံးကွယ်ထားစရာ(မ)လိုပါဘူး။ ကျနော်တို့က တစ်သင်းတည်းမှာ မဟုတ်တော့ သူ့ကို ရင်ဆိုင်ကစားရဖို့နဲ့ သူကစားတာကို မြင်တွေ့ရဖို့ ကျနော်မစောင့်နိုင်တော့ပါဘူး။"
~ဆွန်ဟောင်မင် (LA Galaxy ကစားသမား)