29/07/2026
Premier League ရဲ့ JigSaw အပိုင်းအစများ (၂)
Royal Blue အရောင်နဲ့ ထင်ရှားလှတဲ့ Everton အသင်းဟာ အင်္ဂလန်နိုင်ငံ၊ Merseyside မြို့၊ Liverpool အခြေစိုက် ပရော်ဖက်ရှင်နယ် ဘောလုံးအသင်းဖြစ်ပြီး 1878 ခုနှစ်တွင် St. Domingo FC အဖြစ် စတင်တည်ထောင်ခဲ့ကာ 1879 ခုနှစ်တွင် ယခု ကျွန်တော်တို့ သိ တဲ့ The Toffees လို့ ခေါ်ကြတဲ့ Everton FC ဟု အမည်ပြောင်းလဲခဲ့ပါတယ်။
အသင်းရဲ့ထင်ရှားလှတဲ့ "Nil Satis Nisi Optimum" ဆိုတဲ့အတိုင်း တကယ်ကို အကောင်းဆုံးတွေကို ပြသနေတဲ့အသင်းတသင်းဖြစ်ပါတယ်။
အသင်းရဲ့သမိုင်းကြောင်းကိုပြန်ကြည့်ရင်
1878 – St. Domingo FC အဖြစ် စတင်တည်ထောင်ခဲ့ပါတယ်။
1879 – Everton Football Club ယခုလက်ရှိနာမည်ကိုပြောင်းလဲခေါ်ဝေါ်ခဲ့တယ်။
1888 – Football League တည်ထောင်ရာ တွင်Founder Member အဖြစ်ပါဝင်ခဲ့တယ်။
1891 – ပထမဆုံး English League Champion ဖြစ်ခဲ့သည်။
1892 – ယခင် ခေါတ်ကအောင်မြေလို့ခေါ်ရမည့်Goodison Park သို့ ပြောင်းရွှေ့ခဲ့သည်။
1906 – ပထမဆုံး FA Cup ရရှိခဲ့ပါတယ်။
1995 – နောက်ဆုံးအကြိမ် FA Cup ချန်ပီယံဖြစ်ခဲ့ကာ ယခုအချိန်ထိတော့ ဆုဖလားများနှင့်ဝေးကွာနေဆဲဖြစ်တယ်။
2025 – Goodison Park ကို နှုတ်ဆက်ပြီး ယခုလက်ရှိ Hill Dickinson Stadium သို့ ပြောင်းရွှေ့ခဲ့သည်။
Hill Dickinson Stadium ဟာဆိုရင် ပရိတ်သတ်ပေါင်း 52,888 ဦးတပြိုင်တည်း ကြည့်ရူအားပေးနိုင်တဲ့ကွင်းတကွင်းဖြစ်ပြီး ပြိုင်ဘက်တိုင်းကြောက်ရတဲ့ကွင်းတကွင်းလဲဖြစ်ပါတယ်။
အသင်းရဲ့အောင်မြင်မှုတွေကတော့
🏆English League Champions – 9 ကြိမ် ရရှိခဲ့ပြီး
🏆 FA Cup – 5 ကြိမ် ရရှိကာ
🏆 European Cup Winners' Cup ကို 1985 တွင် တကြိမ်ရရှိခဲ့ပါတယ်
🏆 Community Shield – 9 ကြိမ် (shared titles အပါအဝင်) သိမ်းပိုက်နိုင်ထားတဲ့အသင်းတသင်းဖြစ်ပါတယ်
Everton အသင်းဟာခံစစ်ကို အခြေခံကာ
-တန်ပြန်တိုက်စစ် (Counter Attack) ကို ထိရောက်စွာ အသုံးချခြင်း
-Set Pieces (Corner, Free Kick) မှ အခွင့်အရေးဖန်တီးနိုင်ခြင်းတို့ကို အဓိက အားပြုကစားလေ့ရှိတဲ့အသင်းဖြစ်ပါတယ်
Everton သည် အများအားဖြင့် 4-2-3-1 ကို အခြေခံအသုံးပြုကာ၊ ပြိုင်ဘက်နှင့် ကစားသမားအခြေအနေပေါ်မူတည်၍ 4-3-3 သို့မဟုတ် 4-5-1 သို့ ပြောင်းလဲကစားလေ့ရှိသည်။
အသင်းရဲ့အနာဂတ် ကိုစဥ်းစားကြည့်ရင်
Premier League အလယ်အလတ်မှ ထိပ်ပိုင်းနေရာများအတွက် သာယှဉ်ပြိုင်နိုင်တဲ့အင်အားရှိသည်ကိုမြင်ရပါတယ်။
ပြည်တွင်းဖလားများတွင် ပြိုင်ဆိုင်နိုင်သော အသင်းအဖြစ် တော့မှတ်ယူထားနိုင်ပြီးဥရောပပြိုင်ပွဲဝင်ခွင့်များအတွက် လည်းကြိုးစားနိုင်တဲ့အသင်းတသင်းလို့မြင်မိပါတယ်။
ကစားသမားငယ်များကို အခွင့်အရေးပေး၍ အသင်းကို ရေရှည်တည်ဆောက်ရန် အာရုံစိုက်လေ့ရှိသည့်အသင်းဖြစ်တာနဲ့အညီ အလွန်အားကိုးရတဲ့ ကစားသမားတွေပေါ်ထွက်လာနိုင်တာတော့ မေ့ထားလို့မရပါဘူး။
လက်ရှိရာသီအသစ်မှာ နည်းပြ David Moyes
လက်အောက်မှာ Everton အသင်း ဘယ်လိုတွေ ကစားပြမလဲ?ဘယ် အဆင့်တွေအတွက်တိုက်ပွဲဝင်ပြမလဲ?ဘယ်လိုကစားသမား အသစ်တွေကိုမြေတောင်မြှောက်ပေးနိုင်မလဲ?ဆိုတာတူတူစောင့်ကြည့်အားပေးလိုက်ကြရအောင်။
28/07/2026
Premier League ရဲ့ JigSaw အပိုင်းအစများ (၁)
Arsenal အသင်းအကြောင်းပြောရမယ်ဆိုရင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ မြောက်ပိုင်းရှိ Islington ကို အခြေစိုက်သော ပရော်ဖက်ရှင်နယ်ဘောလုံးအသင်းဖြစ်ကာ1886 Dial Square အဖြစ် စတင်တည်ထောင်ထားတဲ့အသင်းတသင်းဖြစ်ပါတယ်။
ပရိတ်သတ်တွေကတော့ The Gunners လို့ ခေါ်ကြတယ်။
အမြဲတမ်းကြားနေရတဲ့အသင်းရဲ့ Motto က "Victoria Concordia Crescit"ဆို တဲ့အတိုင်း "စည်းလုံးညီညွတ်မှုမှ အောင်ပွဲများ ပေါက်ဖွားလာသည်" အတိုင်းကစားပုံက စည်းလုံးညီညွှတ်တဲ့အသင်းတသင်းဖြစ်ပါတယ်။
အသင်းရဲ့သမိုင်းကြောင်းကိုပြန်ကြည့်ရင်
1886 – Dial Square အဖြစ် တည်ထောင်ခဲ့တယ်။
1893 – Football League သို့ ဝင်ရောက်ခဲ့သည့် ပထမဆုံး Southern Club ဖြစ်လာတယ်။
1913 – Highbury ကွင်းသို့ ပြောင်းရွှေ့လာခဲ့ပြီး။
1930s – Herbert Chapman လက်အောက်တွင် အင်္ဂလန်၏ အင်အားအကြီးဆုံးအသင်းတစ်သင်း ဖြစ်လာခဲ့တယ်။
1996 – ရွှေရောင်ခေါတ်ရဲ့အစ Arsene Wenger နည်းပြအဖြစ် ခန့်အပ်နိုင်ခဲ့တယ်။
2003–04 – Premier League ကို တစ်ရာသီလုံး မရှုံးဘဲ အနိုင်ရ (The Invincibles)ကာ မှတ်တမ်းကောင်းစိုက်ထူနိုင်ခဲ့တယ်။
2006 – Emirates Stadium သို့ ပြောင်းရွှေ့ခဲ့တယ်။
2019 – UEFA Europa League Final တက်ရောက်နိုင်ခဲ့တယ်။
2022–လက်ရှိအထိ – Mikel Arteta လက်အောက်တွင် Premier League ချန်ပီယံဆုကို ပြန်လည်စိန်ခေါ်နိုင်သော အသင်းအဖြစ် တိုးတက်ကောင်းမွန်နေတဲ့အသင်းဖြစ်တယ်။
အိမ်ကွင်း အဖြစ် အသုံးပြုတဲ့ ကွင်းမှာEmirates Stadiumဖြစ်ပြီး 2006 မှာစတင်အသုံးပြု ကာ
ပရိတ်သတ်ပေါင်း 60,704 ဝင်ရောက်အားပေးနိုင်တယ်။
Emirates Stadium သည် အင်္ဂလန်၏ အကြီးဆုံး ဘောလုံးကွင်းများထဲမှ တစ်ခုဖြစ်သည်။
အသင်းရဲ့အောင်မြင်မှုတွေကတော့
🏆The Invincibles (2003–04) – Premier League တစ်ရာသီလုံး 38 ပွဲ မရှုံးဘဲ ချန်ပီယံဖြစ်ခဲ့သည်။
🏆 14 FA Cups – အင်္ဂလန် FA Cup အများဆုံးရရှိထားသော အသင်းဖြစ်တယ်။
🏆 League Titles – 14 ကြိမ် ရရှိထား ပြီး
🏆 European Cup Winners' Cup – 1994 တကြိမ်
🏆 UEFA Champions League Final – ကို ၂ကြိမ် တက်ရောက် နိုင်ခဲ့ကာ ဗိုလ်ဆွဲထားခဲ့ခြင်းတော့မရှိခဲ့ပါဘူး။
🏆 2020 FA Cup – လက်ရှိပဲ့ကိုင်ရှင် Arteta ၏ ပထမဆုံး အဓိကဖလားရရှိခဲ့တယ်။
Arsenal အသင်းဟာ
Possession Football
Build-up From The Back
High Pressing
Wide Attack & Cut Inside
Inverted Full-back System
Defensive Solidity တို့ကိုအားပြုကစားတဲ့အသင်းတသင်းဖြစ်တာတွေ့ရတယ်။
ပွဲအလိုက် ပြောင်းလဲနိုင်ပေမယ့် အများဆုံးတွေ့ရတာ -
4-3-3ပုံစံဖြစ်ပြီး တိုက်စစ်ကစားတဲ့အချိန်မှာ - 2-3-5 Shape အဖြစ် ပြောင်းလဲတတ်ပါတယ်။
အသင်းရဲ့ အနာဂတ် အတွက် စဥ်းစားကြည့်ရင်
Mikel Arteta ၏ လူငယ်အခြေပြု စီမံကိန်းသည် ဆက်လက်တိုးတက်နေပြီး Premier League နှင့် UEFA Champions League ကို အပြိုင်စိန်ခေါ်နိုင်သည့် အသင်းတသင်းဖြစ် နေတာတော့ ငြင်းမရဘူး။
Bukayo Saka
Declan Rice
Martin Ødegaard
William Saliba စသည့် အဓိကကစားသမားများကို အခြေခံထားသော လူစာရင်းကြောင့် လူငယ်များ ကိုအားပြုသည်အတိုင်း နောင်နှစ်တွေနှစ်တွေမှာ ချန်ပီယံဆုတွေ ကို စိန်ခေါ်နိုင်တဲ့အသင်းတသင်းလို့ထည့်တွက်ထားရမယ်။
လက်ရှိရာသီအသစ်မှာ Arsenal အသင်း ဘယ်လို ဆုဖလားတွေရယူမလဲ။ဘယ်လို မှတ်တမ်းကောင်းတွေ စိုက်ထူမလဲ ဆိုတာ တူတူစောင့်ကြည့်အားပေးလိုက်ကြရအောင်။
27/07/2026
ဘဝရဲ့အတွေးရင်ခုန်သံ အပိုင်း ၃
ဝါသနာတူတဲ့ သူငယ်ချင်းတစု သူတို့လိုဝါသနာတူ အားပေးသူတွေကို ဖျော်ဖြေဖို့ App လေးတခုလုပ်ဖြစ်ကြတယ် နာမည်လေးကို Fantasy Sports လို့ နာမည်ပေးထားတယ်။
Fantasy Sports app ရဲ့အဓိက ရည်ရွယ်ချက် က ပျော်ရမယ် ပိုက်ဆံ ကိုလောင်းကစားလို ကုန်မသွားစေနိုင်ဘူး။နေ့စဥ် ဘောလုံးပွဲတွေကိုခန့်မှန်းနိုင်မယ် မေးခွန်းတွေ ကိုခန့်မှန်းဖြေနိုင်မယ်။အကောင်းဆုံးစိတ်ကူးလေးကတော့ အတော်များများကို Free ပါဝင်နိုင်တယ်။
ပိုက်ဆံ သုံးရလားဆိုဝန်ခံပါတယ် app အသက်ဆက်ဖို့အတွက်ကတော့ User တွေရဲ့ပိုက်ဆံ အတိုင်းအတာတခုထိ တော့ လိုမှာပါ ပြီးတော့ ဝင်ခွင့်တွေက လဲ အများကြီးမဟုတ်ပဲ daily task က နေ လက်ဆောင်ပွိုင့်ရတာတွေနဲ့ ပြိုင်ပွဲအများစုကို ပါဝင်လို့ရမှာဖြစ်လို့....ပိုက်ဆံ ကုန်ချင်ရင်ရူံးချင်ရင်တောင် ကြိုက်သလောက်ရူံး လက်ဖက်ရည်ဖိုး.....ပဲ
မေးခွန်းလေးတွေက လဲစိတ်ဝင်စားစရာကောင်းတယ်။
အမှတ်ပေးဇယားနဲ့ ယှဥ်ပြိုင်ရတာတွေက လဲ ပြိုင်ဆိုင်မူပြင်းထန်တယ်။
အထူးပြိုင်ပွဲတွေလဲ အဆင်သင့်သလို လုပ်ပေးတယ်
ရလာတဲ့ စိန်တုံးလေးတွေ နဲ့ပြိုင်ပွဲတွေ ပြိုင်လို့ရသလို လက်ဆောင်ပစ္စည်းလေးတွေလဲ စိန်တုံးစုပြီးထုတ်လို့ရတယ်။နောက်ထပ် စိတ်ဝင်စားစရာ တွေလဲ အများကြီလာဦးမှာ မလို့ Email တခုရှိပြီး KYC တင်ပြီးတော့ ခန့်မှန်းပျော်ရွင်လို့ရလို့ အပျော်ခန့်မှန်းချင်သူတွေကတော့ လက်မလွှတ်သင့်တဲ့ App လေးဖြစ်မှာပါ။
သူငယ်ချင်းတွေရဲ့အားပေးမူက App ရှင်သန်ရေးမှာ အများကြီးအထောက်အကူဖြစ်တာမလို့ အားပေးကြပါဦးလို့ အကူအညီတောင်းပါတယ်။
26/07/2026
ဘဝရဲ့အတွေးရင်ခုန်သံ အပိုင်း ၂
ဒီဇာတ်လမ်းက ဒီမှာ မပြီးသေးဘူး။ ဘဝရဲ့ လောဘတက်မှုဆုံးရူံးမှုတွေပြီးတဲ့နောက်မှာ...ဘောလုံးပွဲတွေကိုမြတ်နိုးပြီး ဘောလုံးပွဲတွေကိုခန့်မှန်းချင်တဲ့ စိတ်အကြောင်းကို ပြောပြချင်ပါသေးတယ်.....
ဘောလုံးပွဲတွေဝါသနာပါတော့ ဘောလုံးပွဲတွေကြည့်တယ် ခန့်မှန်းချင်တယ် လောင်းကစားဘက်ကိုရောက်မှာစိုးလို့ ကြည့်ပဲကြည့်ပြီး မခန့်မှန်းပဲနေရတယ်။ဘာနဲ့တူလဲဆို လှောင်အိမ်ထဲ က စာသူငယ် 😁မြင်သာမြင် မကျဥ်ရဆိုသလိုပဲ.....
တိုက်တိုက်ဆိုင်ဆိုင်ပဲ ကမ္ဘာဖလား မကန်ခင်လ အနည်းငယ်အလို မှာ ငယ်ငယ်ကသောင်းကျန်းနေကျ သူငယ်ချင်းတွေနဲ့ စကားပြောဖြစ်တယ် လွမ်းစရာဆွေးစရာတွေ ရောပေါ့။
ဂျာနယ်ခေါတ် တွေက ဘယ်လို
တက္ကသိုလ်ကျောင်းသားဘဝမှာဘယ်လို
လက်ဖက်ရည်ဆိုင်ထိုင်ရင် ကောင်းကောင်းငြင်းခုံစရာ ခေါင်းစဥ်တခု
အဲ့တခု မြန်မာမှာရောကမ္ဘာမှာပါ ကောင်းကောင်းမတွေ့သေးလို့ စိတ်ကူးမိတယ် ။
ဘောလုံးနဲ့ပတ်သက်ပြီး ခန့်မှန်းတဲ့ App လောင်းကစားမဟုတ်ပဲ အပျော်၊ ပျော်ရွင်စရာတွေ ကြည်နူးစရာတွေ ရင်ခုန်စရာတွေ စိတ်ဝင်စားစရာတွေနဲ့ပြည့်နှက်နေတဲ့ တခု သူငယ်ချင်းတွေ ဝိုင်းလုပ်ကြမယ်ဆို ပြီး လုပ်ဖြစ်ခဲ့တာလေး......
ရင်ခုန်စရာအတွေးလေးတွေကိုအကောင်အထည်ဖော်ဖြစ်တဲ့အကြောင်းလေး ပြောပြချင်ပါသေးတယ်......
24/07/2026
ဘဝရဲ့အတွေးရင်ခုန်သံ အပိုင်း ၁
ငယ်ငယ်က တက္ကသိုလ်ကျောင်းသားဘဝမှာစတာပေါ့
ဘောလုံး ပွဲ တွေကြည့်ပြီး ကြည့်ရတာဝါသနာပါလာတယ်။
တချိန်ကျတော့ အတတ်ကောင်းတွေတတ်ပြီး ဘောလုံးပွဲပါလောင်းတတ် သွားတယ်။ အဲ့မှာ ပြသနာက စလာတယ်။
ခုချိန်ထိ မျက်လုံးထဲမှာမြင်ယောင်မိသေးတယ်။
အဲ့ချိန်ကတောင်တွေးမိသေးတယ်
လောင်းကစားဆိုတာ မကောင်းဘူးလိုလူတွေပြောကြတယ်..... ဘာလဲပေါ့ ကိုယ်က စစချင်းဆိုအနိုင် Beginner luck နဲ့ဟုတ်နေတော့.... အော်လူတွေညံ့လိုက်တာဆိုပြီး....ဆရာကြီးစတိုင်နဲ့......ဆရာကြီးဂိုက်နဲ့ပေါ့....မြင်ယောင်ကြည့်ပါဦး......
အဲ့လိုနဲ့မသိမသာစွဲလမ်းလာတယ်။
အဲ့အချိန်မှာ ဘောလုံးကဘဝ ဘောလုံးလောင်းကစားက ပိုက်ဆံရှာလို့ရတယ်ဆိုပြီး မသိစိတ်မှာစွဲကပ်လာတယ်.....
ခနပါပဲ သိပ်မကြာဘူးစလာရော ငွေမျောရင်ငွေနဲ့လိုက် ရှိတာလေးတွေအကုန်ပေါင်ပြီး ကျောင်းမတက်နိုင်စိတ်တွေလေစိတ်တွေညစ် ပြီး ဂိမ်းဆိုင်တွေမှာ ထိုင် ဘောလုံးပွဲတွေကြည့်စိတ်ဓါတ်တွေကျလာတယ်။
အိမ်ကမိဘတွေကလဲစိတ်ဆင်းရဲရ သူတို့ရဲ လုပ်ငန်းထဲကငွေတွေစုဆောင်းထားတဲ့ငွေ လေးတွေ နဲ့ တင်နေတဲ့အကြွေးတွေကို ဆပ်နိုင်သလောက်လိုက်ဆပ်တောင်းပန် သင့်တာတောင်းပန် ပြီးသားဖြစ်သူ ကိုလူဝင်ဆံ့အောင်ပြန်ကြိုးစားပေးကြခဲ့ရတယ် မိဘ မေတ္တာတွေပေါ့......
22/07/2026
ကမ္ဘာဟာ......သူ့အချိန်အတိုင်းသူလည်ပတ်ဦးမှာပါ.......
ကမ္ဘာ့ဖလားကတော့ ပြီးဆုံးသွားခဲ့ပြီ။ ဘောလုံးကတော့ အချိန်တွေတိုင်းမှာ သူ့ရာသီနဲ့သူလည်ပတ် နေဦးမှာ.....
လိဂ်အသစ်တွေ စမယ်၊ ပြိုင်ပွဲအသစ်တွေ လာမယ်၊ အံ့အားသင့်စရာလက်ဆောင်တွေ ရလဒ်တွေ နဲ့ရင်ခုန်ကြမယ်။
FantasySports ကလည်း အဲ့ဒီခရီးစဉ်တိုင်းမှာ အစီအစဥ်အသစ် တွေ ရော အစီအစဥ် အဟောင်းတွေ ရောနဲ့အတူသူငယ်ချင်းတို့ ကိုဖျော်ဖြေ နေမှာပါ။
⚽ နောက်လာမယ့် ဘောလုံးရာသီတိုင်းမှာ
🏆 ခန့်မှန်းချက်ပြိုင်ပွဲတွေ
🎁 ဆုလက်ဆောင်အစီအစဉ်တွေ
🔥 ပျော်စရာ Challenge တွေနဲ့ ပြန်လာဦးမှာဖြစ်လို့...
ကျွန်တော်တို့ကိုအားပေးကြပါဦးနော်....... 💙
21/07/2026
ကမ္ဘာဖလားပြီးပေါ်လာတဲ့ အတွေးတခု
ဗိုလ်လုပွဲပြီးတဲ့ မနက်ခင်း July 20 ရက်နေ့ပေါ့…
ထုံးစံအတိုင်း ရပ်ကွက်ထဲက သတင်းစုံတဲ့ လက်ဖက်ရည်ဆိုင်လေးကို ရောက်လာတယ်။
ငယ်ငယ်ကဆို ဒီလိုနေ့တွေမှာ စားပွဲပေါ်မှာ ဂျာနယ်လေးတွေ ပုံနေပြီး ကမ္ဘာဖလားရဲ့ နောက်ဆုံးရလဒ်တွေ၊ သုံးသပ်ချက်တွေကို စာမျက်နှာတရွက်ပြီးတရွက်လှန်ဖတ်ခဲ့ကြတယ်။
အခုခေတ်မှာတော့ ဂျာနယ်နေရာကို ဖုန်းတစ်လုံးက အစားထိုးသွားပြီ။ Result ကိုကြည့်တယ်… Highlight တွေပြန်ကြည့်တယ်… မနေ့ညက ဖြစ်ခဲ့သမျှ အခိုက်အတန့်တွေကို ပြန်ပြောကြတယ်…
"ဒီဂိုးFerran Torres က ဘယ်လောက်လှလှပပသွင်းသွားကြောင်း" "ဒီပွဲကဘယ်လိုကြည့်ကောင်းတယ်" "ဒီနှစ်မှာတော့ စပိန်အသင်းကတော့ဘယ်လို ထိုက်တန်တယ်"
ဆိုပြီး လက်ဖက်ရည်တစ်ခွက်နဲ့ဆေးလိပ်လေးကိုက်ပြီး ကမ္ဘာဖလားဗိုလ်လုပွဲအကြောင်းအဲ့နေ့ညကအကြောင်းတွေကို တသသ တစွာစွာပြောနေကြဆဲပါ။
ခေတ်တွေအဆက်ဆက်ပြောင်းသွားပေမယ့်… ဘောလုံးကို ချစ်တဲ့စိတ်ကတော့ မပြောင်းလဲပါဘူး။
ဘောလုံးပွဲတွေရဲ့ အမှတ်တရတွေက ဒီမှာပဲ မရပ်သွားပါဘူး။
ကျွန်တော်တို့ရဲ့ Fantasy Sports App ကလည်း ဘောလုံးပရိသတ်တွေအတွက် နောက်ထပ်စိတ်လှုပ်ရှားစရာ ခန့်မှန်းချက်တွေ၊ ပျော်ရွှင်စရာ Challenge တွေနဲ့အတူ အမြဲတမ်းရှိနေဦးမှာပါ။
ပွဲတစ်ပွဲမစခင် ရင်ခုန်ခြင်း… ကိုယ်ယုံကြည်တဲ့အသင်းကို ရွေးချယ်ခြင်း… သူငယ်ချင်းတွေနဲ့ အနိုင်အရှုံးတွေ ဆွေးနွေးခြင်း…
ဒီလို ဘောလုံးရဲ့ပျော်ရွှင်မှုတွေဘောလုံးပွဲရဲ အနှစ်အရသာတွေကို ပိုပြီးနီးစပ်လာအောင် ကျွန်တော်တို့က ဆက်လက်ဖန်တီးပေးသွားမှာပါ။
ဘာပွဲပဲဖြစ်ဖြစ်… ဘောလုံးရှိနေသရွေ့… ခန့်မှန်းချက်တွေနဲ့ ရင်ခုန်စရာအခိုက်အတန့်တွေကတော့ ဆက်ရှိနေဦးမှာပါ။
ကဲဘယ်လိုလဲပရိတ်သတ်ကြီးရေ နောက်လာမဲ့ဘောလုံးရာသီမှာကျွန်တော်တို့နဲ့အတူ ပျော်ရွင်စရာတွေကို Fantasy Sports App မှာ ရှာဖွေကြည့်ပါဦး။.....
19/07/2026
Ferran Torres ရဲ့ အချိန်ပိုမှာ သွင်းတဲ့ တလုံးတည်းသော အနိုင်ဂိုးနဲ့ကမ္ဘာဖလား ကို Clean sheet 7 ပွဲ ပေးဂိုး1ဂိုးနဲ့ ထိုက်ထိုက်တန်တန် ရယူသွားပါတယ်။
စပိန်အသင်းဟာ လက်ရှိချန်ပီယံ အာဂျင်တီးနားကို ခြေစွမ်းအသာနဲ့လှပစွာကစားနိုင် ထိန်းချုပ်နိုင်ပေမဲ့ အာဂျင်တီးနားဂိုးသမား Martinez ရဲ့လက်စွမ်းပြမှုတွေနဲ့အဆုံးသတ်ပိုင်းမသေချာမှုတွေကြောင့် မိနစ်၉၀ မှာ သွင်းဂိုးမသွင်းယူနိုင်ပဲ အချိန်ပို ၁၀၆ မိနစ် မှ လူစားဝင်လာတဲ့ Ferran Torres ရဲ့သွင်းဂိုးနဲ့ 2026 ကမ္ဘာဖလားကြီးကို ထိုက်ထိုက်တန်တန် သိမ်းပိုက်သွားပြီး မှတ်တမ်းကောင်းစံချိန်ကောင်းတွေကို စိုက်ထူ နိုင်ခဲ့ပါတယ်။
🥳🥳🥳Champions Spain🥳🥳🥳
18/07/2026
တတိယနေရာကို Saka ရဲ့ Hatrick အပါအဝင် နှစ်ဖက် ဂိုးတွေရှယ်သွင်းပြီး ရယူခဲ့တဲ့ England.....
18/07/2026
Argentina ပရိတ်သတ်တယောက် အဖြစ် ခံစားကြည့်ခြင်း
Argentina ဟာ အခုခေတ်ဘောလုံးမှာ System ကို Player နဲ့ မလိုက်စေဘဲ၊ Player အလိုက် System ပြောင်းကစားနိုင်တဲ့ တသင်းတည်းသောအသင်း လို့ထင်မြင်မိတယ်။ အကြမ်းဖျင်းကြည့်ရင်ပုံစံတမျိုးတည်းကစားတယ်ထင်ရပေမဲ့ တကယ်ကစားတဲ့အချိန်မှာပြိုင်ဘက်ပေါ်မူတည်ပြီး ပုံစံအမျိုးမျိုးပြောင်းနိုင်တာက သူတို့ရဲ့ အကြီးမားဆုံးအားသာချက် ဖြစ်ပါတယ်။နောက်တချက်ကတော့ထူးခြားလှတဲ့အံ့ဖွယ် come back တွေ ကတော့ မေ့ထားလို့မရတဲ့ အားသာချက်တချက်ပဲ။
Argentina ဟာဆိုရင်ပြိုင်ပွဲတလျှောက်အခုလက်ရှိမှာ သွင်းဂိုးအများဆုံးအသင်းအနေနဲ့လဲရပ်တည်နေတာကလဲသူရဲ့ Champion ကာကွယ် ရေးတိုက်ပွဲမှာ အရေးကြီးတဲ့အချက်တချက်ပါပဲ။
Argentina ရဲ့ ပွဲစဥ်တွေတလျှောက်မှာ ကစားလာတဲ့ပုံစံကိုသုံးသပ်ရသလောက်အဓိကထူးခြားချက်က တစ်ပုံစံတည်း မဟုတ်ပဲပုံစံအများကြီးနဲ့ကစားခဲ့တယ်လို့မြင်မိတယ်။
ပွဲအခြေအနေပြိုင်ဘက်ပေါ်မူတည်ပြီး
4-3-3
4-4-2
4-2-3-1
3-5-2
အထိ ပြောင်းလဲနိုင်ပါတယ်။
လိုအပ်ရင် ဘောလုံးကိုင်ထားပြီးကစားတယ်၊ လိုအပ်ရင် Counter Attack ကိုပဲ အားပြုကစားတယ်။ ဒီလို Tactical Flexibility ကြောင့်လဲ သြချလောက်တဲ့ရလဒ်တွေ ရနေတယ်လို့မြင်မိတယ်။
Argentina က နောက်တန်းကနေ အေးအေးဆေးဆေး Build-up လုပ်နိုင်သလို၊ တချို့ပွဲတွေမှာLong Ball နဲ့လည်း ရှေ့တက်ပြီးကစားတတ်ပါတယ်။သူတို့ရဲ့နောက်တန်းကတော့ ပွဲတိုင်းနီးပါးဂိုးတွေပေးရတာတော့ သတိထားစရာအားနည်းချက်ပါ။
Argentina ရဲ့ Midfield က Creativity နဲ့ Work Rate ကို ကောင်းကောင်းပေါင်းစပ်ထားတဲ့အသင်းဆိုတာ ပရိတ်သတ်အကုန်လက်ခံပြီးသားပါ။
Ball Recovery မြန်တယ်။
Progressive Pass တွေ ထုတ်နိုင်တယ်။
Tempo ကို လိုသလို အတင်အချ ပြောင်းနိုင်တယ်။
လိုအပ်သလိုကစားနိုင်တဲ့အသင်းဆိုမမှားနိုင်ဘူး။
Argentina က Attack လုပ်တဲ့အချိန်မှာ Pattern တစ်ခုတည်း မရှိပါဘူး။
Quick Combination
Through Ball
Wing Overload
Counter Attack
Set Piece
အားလုံးကနေ Goal ရနိုင်တယ်ဆိုတာရူံးထွက်ပွဲစဥ်တွေရဲ့ Comeback Goal တွေကသက်သေတွေပါပဲ။
အထူးသဖြင့် Final Third မှာ Decision Making က အရမ်းကောင်းတာကြောင့် Chance တစ်ကြိမ်ရရင် Goal Conversion Rate မြင့်တယ်လို့မြင်မိတယ်။
Defensive Structureပိုင်းမှာတော့ အရမ်းကြီးထူးခြားပြောင်မြောက်တာ ပြောစရာသိပ်မရှိပေမဲ့ CB နဲ့ WB တွေက တော့အခွင့်အခါသင့်ရင် တိုက်စစ်လိုက်ပါနိုင်စွမ်းကတော့အပြည့်ရှိပြီးသားပါ။
ဒါက Argentina ရဲ့ အကြီးဆုံးမားဆုံးအာသာချက်လိုတောင်ပြောလို့ရမယ် ။
Ball ပြန်ရတာနဲ့ စက္ကန့်အနည်းငယ်အတွင်း တိုက်စစ်ပြောင်းနိုင်ပါတယ်။
Counter Attack မှာ
Decision Making
First Pass
Forward Run
သုံးခုစလုံး အရမ်းကောင်းမွန်တယ်၊တိကျတယ်။
Argentina ဟာ ဖိအားများတဲ့ပွဲတွေမှာစိတ်ဓါတ်အင်အားကောင်းတဲ့အသင်းဆိုတာတော့သေချာပါတယ်။
အရေးကြီးပွဲအတွေ့အကြုံများခြင်း
အနိုင်ရချင်စိတ် ပြင်းထန်မှု
စည်းလုံးညီညွှတ်မှု
အခက်အခဲအတွင်းကနေ ပြန်လာနိုင်တဲ့ စိတ်ဓာတ်
ဒီအချက်တွေက အရေးကြီးတဲ့ပွဲတွေမှာဆိုရင် အဆုံးအဖြတ် တွေဖြစ်ပြီးတော့ Argentina အသင်းကအဲ့အချက်တွေအကုန်လုံးကိုအံ့ဖွယ်ပိုင်ဆိုင်ထားကြောင်းသက်သေပြပြီးပါပြီ။
အားနည်းချက်အနေနဲ့စဥ်းစားမိတာ
Set pieces မှာ ဂိုးပေးရတတ်တာရယ် အထနှေးတာရယ်၂ ချက်တော့ မြင်မိတယ်။
Argentinaအကြောင်းပြောရင် GOAT ကြီး Lionel Messi အကြောင်းကတော့ချန်ခဲ့ရင်အပြစ်ဖြစ်လိမ့်မယ်။ကောင်းမွန်တဲ့ဦးဆောင်မူ၊အသက်အရွယ်နဲ့မလိုက်ကြိုးစားရုန်းကန်နိုင်မူ၊တည်ကြည်တဲ့စိတ်ဓါတ် တွေက သူရဲ့ အကြောင်းတရားတွေပါ။အခုကမ္ဘာဖလားရဲ့ ရွှေဖိနပ်ဆု အတွက်လဲ အရမ်းကို ဖြစ်နိုင်ချေများနေတာ က သူ့ရဲ့မှတ်တိုင် တခုပါပဲ။
Argentina ဟာ အလှဆုံးကို အမြဲမကစားပေမယ့်၊ အနိုင်ရဖို့ အထိရောက်ဆုံးဘောလုံးကို ကစားတတ်တဲ့ အသင်း ဖြစ်တယ်။ခုကမ္ဘာဖလားမှာတော့ ပရိတ်သတ်တွေကို စိတ်ခံစားချက် Rollarcoster အပေးနိုင်ဆုံးအသင်းကတော့ ပြောစရာလိုမယ်မထင်ဘူး။
သူတို့ရဲ့ အဓိကအင်အားက နည်းဗျူဟာကို ပြိုင်ဘက်အလိုက် ပြောင်းလဲနိုင်ခြင်း၊ ဖိအားကြီးတဲ့အချိန်မှာ တည်ငြိမ်မှု မပျက်ခြင်းနဲ့ Transition အရည်အသွေး မြင့်မားခြင်း ဖြစ်ပါတယ်မြင်မိတယ်။Argentina ပရိတ်သတ် တယောက်အနေနဲ့တော့ 20 july 2026 1:30AM မှာကစားမဲ့ Spain နဲ့ Argentina ပွဲမှာပြုံးပျော်ခွင့်ရမှာလား။ GOAT ကြီး Lionel Messi ကိုရွှေဖိနပ်၊ရွှေဘောလုံး နဲ့ ကမ္ဘာဖလားတွေကိုကိုင်မြှောက်ဂုဏ်ယူနေတာကိုမြင်တွေ့ခွင့်ရမလားဆိုပြီး ကျွန်တော်တော့ စောင့်မနေချင်တော့ဘူး......