09/10/2021
သူကကျွန်တော်၁၀ဆယ်ကောင်းမြောက်ဆက်ခံသူပါ..
သူကဆိုးတယ် လိမ်မာတယ် ပါးနပ်တယ်ဗျ..
သခင်မျက်နာကိုကြည်တတ်တယ်ဗျ...
သားရေ
ဖေကြီးလွမ်းနေပါမှာကွာ......
dog traing
09/10/2021
သူကကျွန်တော်၁၀ဆယ်ကောင်းမြောက်ဆက်ခံသူပါ..
သူကဆိုးတယ် လိမ်မာတယ် ပါးနပ်တယ်ဗျ..
သခင်မျက်နာကိုကြည်တတ်တယ်ဗျ...
သားရေ
ဖေကြီးလွမ်းနေပါမှာကွာ......
ခေတ်ကာလမကောင်းတော့ ကျွန်တော်
တိချစ်သူအပေါင်းကိုယ် မိတ်ဆက်ပေးချင်တယ် ဘာလဲဆိုတော့ ကျွန်တော်ခုon lie classလေးဖွင့်မလိုရည်ရွယ်ထားပါတယ် သင်တန်းကြေးက မိမိတိလေးတွေကို ဘာဖြစ်ချင်တာလဲ ဘာကိုတတ်စေချင်တာလဲ အဓိကတိချစ်သူသိဖို့လိုပါတယ်
သင်တန်းကြေးက...တစ်လတစ်သိန်းခွဲနှစ်လအပြတ်ပါ.....
မန်းလေးကဆိုpageကဖုန်းနံပါတ်နဲဆက်သွယ်ပေးပါ...
တိလေးတွေကိုယ်ချစ်ပါ မာယာများတဲ့လူတွေထက်
အပစ်ကင်းစင်တယ် သံယောဇဥ်ပို့ကြီးတယ်......
15/04/2021
လူနှင့်ခွေးကို တန်းမညှိပါနှင့်
ခေါင်းစဉ်က တစ်မျိုးကြီးဖြစ်သွားလို့ စိတ်မထင့်ပါနှင့် ကျွန်တော်တို့ ချစ်ရတဲ့ ခွေး ၊ကြောင်လေးတွေဟာ မျိုးနွယ်မတူပေမဲ့ ကျွန်တော်တို့အသဲ ၊အသက် နှစ်လုံးဆိုလည်းဟုတ်ပါတယ် ။
လူဆိုတဲ့ သဘောသဘာဝအရ ကိုယ်ချစ်တဲ့ သူကို အကောင်းဆုံး ဆိုတာတွေချည်း ပေးချင်ကြတာပါပဲ ။
အဲစေတနာတွေကြောင့်ပဲ ကျွန်တော်တို့ တစ်ခါတစ်ရံမှာ ဝေဒနာတွေဖြစ်လာကြပါတယ် ။
ယေဘုယအားဖြင့် ခွေးရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံနှင့် လူရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံတွေဟာ မတူပါ ။ ထို့ကြောင့် ဇီဝကမ္မနှင့် ဇီဝဗေဒ ဖြစ်စဉ်တွေလည်း ကွာသွားတာရှိပါတယ် ။
ဥပမအားဖြင့် လူရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အာရုံခံစနစ်နှင့် ခွေးလေးတွေမှာရှိတဲ့ အာရုံစနစ်ကွာခြားပါတယ် ထို့အတူ အရသာခံတဲ့ အချိန်မှာလည်း လူနှင့်ခွေးက အတော်ကွာခြားပါတယ် ။
ဒါကြောင့် ခွေးစာခြောက်တွေကို လူစားလို့မရသလို လူစားဖို့ချက်ပြုတ်ထားတဲ့ အစားအသောက်တွေဟာလည်း ခွေးအတွက်အဆင်မပြေနိုင်ပါ ။
ဒါဆိုရင် လူကြီးမင်းအနေနှင့်တစ်ခုမေးနိုင်တာက ကျွန်တော်တို့ကတော့ ကိုယ်စားသလိုကျွေးနေတာပဲ ခွေးက ဘာမှ မဖြစ်ဘူးရော ဆိုရင်
အချိန်မတန်သေးလို့မဖြစ်တာ ရောဂါလက္ခဏာမကျွမ်းသေးလို့မပြတာလို့ပဲ ပြောပါရစေ ။
လိုရင်းပြောရရင်
ဆား
ဟင်းချိုမှုန့် ဟင်းခတ်မှုန့်
နှနွင်း (အတုများလို့)
ငံပြာရည်
ကြက်သွန် အဖြူ\အနီ
တိရစ္ဆာကထွက်တဲ့အဆီ ကြက်ဆီ ဝက်ဆီ စတာတွေသည် ခွေး ၊ကြောင်လေးတွေရဲ့ ကျန်းမာရေးကိုထိခိုကျစနေိုငျပါတယျ ။
ဆားဆိုတာကိုကတော့ လူရော ခွေးရော အကုန်လိုအပ်ကြပါတယ် သို့သော် လူတွေလိုအပ်သလောက် ခွေးတွေကမလိုအပ်ပဲ ဒါကွောင့ျလူတှေ စားသလို ချက်ပြီးကျွေးရင် ရည်ရှည်မှာ ကျောက်ကပ်ထိတော့တာပါပဲ ။
ရှိပါသေးတယ် ထမင်းဆီဆမ်းလေး နယ်ကျွေးတယ်တို့
နို့ထမင်းလေဝယ်ကျွေးတယ်တို့
ငါးသေတ္တာလေးနက် နယ်ကျွေးတယ်တို့
ဟင်းအနှစ်ကလေးနက်နယ်ကျွေးပါတယ်လို့ အဲတာတွေအကုန်လုံးက ရောဂါဖြစ်စေနိုင်တယ် မဖြစ်သေးလို့မဖြစ်တာ သို့မဟုတ်တာ ရောဂါမကျွမ်းသေးလို့ လက္ခဏာမပြတာပဲရှိပါလိမ့်မယ် ။
နောက်တစ်ချက်သွားကြပါစို့ အစာခြောက်နှင့် ထမင်းနှင့် ဘာပိုကောင်းလဲ ?
အရည်အသွေးကောင်းတဲ့ အစာခြောက်ကိုကျွေးတာက ထမင်းကျွေးတာထက်ပိုကောင်းပါတယ် ။
မြန်မာလူမျိုးတွေက ထမင်းကိုအခြေခံပြီး အသားငါး ၊ဟင်းသီး ဟင်းရွက်တွေနှင့်တွဲဖက်စားကြတယ် ။ ခွေးကိုလည်း လူလိုထင်ပြီး ကြက်ခေါင်းလေး ၁၀၀၀ ဖိုးလောက်နှင့် ထမင်းလေးနှင့်ရောကျွေးတာကို အဟုတ်ထင်ကြတယ် ။
အခြေခံအားဖြင့် ခွေးတစ်ကောင်ချင်းစီအလိုက် အသက်အရွယ် အမျိုးအစား နေထိုင်မူ ပုံစံပေါ်မူတည်ပြီး အစာအဟာရလိုအပ်မူကွာပါတယ် ။
အရင် ဆောင်းပါးတွေမှာ ပြောခဲ့သလို ခွေးတစ်ကောင်ရဲ့ အစာတစ်ခါကျွေးတိုင်းမှာ
အသားဓာတ် ၊
ကစီဓာတ် ၊
အမျှင်ဓာတ်မျှတစွာ ပါဖို့လိုတယ်
ဒါ့အပြင်မှာ micronutrients လို့ခေါ်တဲ့ zinc , copper , magnesium , phosphorus စတာတွေလည်း လိုပါသေးတယ် ။
ဒါကြောင့် ခွေးကိုအစာကျွေးတဲ့နေရာမှာ balance diet ဖြစ်ဖို့လိုပါတယ် တနည်းအားဖြင့် သူ့အနေအထားပေါ်မူတည်ကျွေးရပါလိမ့်မယ် ။ Improper nutrition လည်း metaboilic disease လို့ခေါ်တဲ့ ရောဂါတွေဖြသ်လူဖို့ အခွင့်အလမ်း ပိုများစေပါတယ်။
လုပ်ရှားမူ မရှိ မလိုအပ်ပဲ စားသမျှကျွေးနေတာကလည်း သင့်ခွေးကိုသင် သတ်နေသလိုပါပဲ ။ လူတွေသာမက ခွေးတွေလည်း အဝလွန်ရောဂါရှိတယ် ။ ဝခြင်းရဲ့နောက်ကွယ်မှာ ဆီးချို ၊သွေးတိုး ၊အဆစ်ရောင် ၊နှလုံးရောဂါစတာတွေကလည်း တန်းစီပြီး စောင့်နေကြပါလိမ့်မယ် ။
ထမင်းစားဖူးတဲ့ ခွေးက အစာခြောက် သိပ်မကြိုက်တော့ပါ ဒါကလည်း ပြသနာတစ်ခုပါပဲ ။
ဒီတော့ ထမင်းကျွေးချင်ရင် ရပါတယ် ဒီအတွက် လူကြီးမင်က ခွေးလေးရဲ့ ကိုယ်အလေးချိန်ပေါ်လိုက်ပြီး အမျိုးအစားအလိုက် လိုအပ်တဲ့ အစာအဟာရကို တစ်ခုချင်းစီ တိကုဆီမှာ အကြံညဏ်ရယူပါ ။
ကျွန်တော်အမြဲ ပြောသလိုနေရာတိုင်းမှာ ဆိုးကျိုး ကောင်းကျိုးရှိပါတယ် အစာခြောက်quality မကောင်းရင် ကျန်းမာရေးထိခိုက်နိုင်သလို ထမင်းဟင်းကျွေးပြီး ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံမှန်ဖို့ အမွေးအတောင် တောက်ပဖို့မျော်လင့်ချက်ကလည်းဝေးနေပါအုန်းမယ် ။
ခွေးတစ်ကောင်ကို ကျန်းကျန်းမာမာနဲ့သက်တမ်းစေ့နေရအောင် ဘယ်လိုမွေးမလဲ။
(၁)သန်ချမယ်
မိမိအိမ်မှာခွေးလေးတွေမွေးပြီဆိုတာနဲ့ အသက် ၂၁ရက်မှာ စတင်ပြီး သန်ချ(သန်ချဆေးတိုက်)ပေးရပါမယ်။ ခွေးပေါက်စလေးတွေမှာ သန်ချိတ်ကောင်နဲ့ သန်လုံးကောင်ကအများဆုံးတွေ့ရပါတယ်။
သန်ချတယ်ဆိုရာမှာ ရမ်းစမ်းပြီးချတာမျိုးမဟုတ်ပဲ သူ့ Program နဲ့ချတာအကောင်းဆုံးပါပဲ။ ခွေးပေါက်လေးတွေကို နှစ်ပတ်သားကနေစပြီး သုံးလသားအထိ နှစ်ပတ်တစ်ခါ သန်ချဆေးတိုက်ပေးရပါမယ်။ အသက်သုံးလကနေစပြီး တစ်သက်လုံး သုံးလတစ်ခါ သန်ချဆေးတိုက်ပေးရပါမယ်။ ခြောက်လပြည့်ပြီးတဲ့အခါမှာတော့ နှလုံးသန် ကာကွယ်ဆေးတိုက်ပေးရပါမယ်။ နှလုံးသန်ကာကွယ်ဆေးက ချိတ်သန်ကောင်နဲ့ သန်လုံးကောင်အပေါ် သက်ရောက်မှုရှိတာကြောင့် နှလုံးသန်ကာကွယ်ဆေးတိုက်ရင်ရပါပြီ။
သားစပ်မယ့်ခွေးအမတွေမှာဆို သားမစပ်ခင် ကြိုတင်ပြီးသန်ချဆေးတိုက်ပေးခြင်းဖြင့် ကလေးတွေကျန်းကျန်းမာမာမွေးအောင် ကူညီနိုင်ပါတယ်။
(၂)ကာကွယ်ဆေးထိုးမယ်
ငါးမျိုးစပ်ရှိတယ်။ ခြောက်မျိုးစပ်ရှိတယ်။ ကိုယ့်ဖာသာ အရည်နဲ့အမှုန့်နဲ့စပ်ထိုးလို့ရတယ်ဆိုပေမယ့် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပြီးမှထိုးတာအကောင်းဆုံးပါပဲ။ သင်တို့ရော သင်တို့အတွက်ကာကွယ်ဆေးကို ကိုယ်တိုင်ထိုးသလား ဆရာဝန်နဲ့ဆွေးနွေးပြီးမှထိုးသလား။ ကိုယ်ကြဆရာဝန်နဲ့ထိုးပြီး ကိုယ့်ခွေးလေးတွေကြမှ ဘာလို့ ဆရာဝန်နဲ့မထိုးချင်တာလဲ။ အကောင်းဆုံးအကြံဥာဏ်ပေးချင်တာကတော့ ပါပီလေးတွေမွေးပြီဆို သက်ဆိုင်ရာဆရာဝန်နဲ့သာ ဆွေးနွေးပြီး ဆေးထိုးပေးပါ။
ခွေးများတွင်ထိုးသော ကာကွယ်ဆေးမှာဘာတွေပါလဲသိရအောင် အောက်မှာ ရေးပေးထားပါတယ်။
5in1
Canine Distemper Virus (ကျောက်ရောဂါ)
Canine Hepatitis Virus (အသည်းရောင်ရောဂါ)
Canine Parvo Virus (သွေး၀မ်းရောဂါ)
Canine ParaInfluenza Virus (ခွေးတုပ်ကွေးရောဂါ)
Canine Leptospira Bacteria (လိင်အင်္ဂါရောဂါ) ကာကွယ်ဆေးတွေဖြစ်ပါတယ်။
6in1 မှာတော့ Corona Virus (သွေးဝမ်းရောဂါ) ကာကွယ်ဆေးတစ်မျိး ပိုပါပါတယ်။
ခုနောက်ပိုင်း 5in1 ထိုးထားရင်တောင် ဒီရောဂါကြောင့် သေဆုံးတာတွေတွေ့ရပါတယ်။
ကာကွယ်ဆေးထိုးတော့မယ်ဆိုရင် အသက် 6 ပတ်သားမှာစထိုးမယ်။ အကြမ်းဖျဉ်း 42-45 ရက်သားလို့မှတ်ထားပါ။တစ်ကြိမ်ထိုးတာနဲ့ ကာကွယ်ဆေးအောင်ပြီလို့ယူဆမရတဲ့အတွက် Booster ဆိုပြီးဆေးရှိမပျက်အောင်ထပ်ထိုးပေးရပါတယ်။ ပထမတစ်ကြိမ်ထိုးလိုက်တဲ့ကာကွယ်ဆေးကြောင့် 14 ရက်မြောက်တဲ့နေ့မှာ ကိုယ်ခံအားကိုအမြင့်ဆုံးအထိထုတ်စေပြီး အဲ့ဒီနောက်မှာတော့ ဒီရောဂါကိုခံနိုင်တဲ့ ကိုယ်ခံအားဟာတော့ တဖြည်းဖြည့် လျော့လာပါတယ်။ ဒါကြောင့် ပထမတစ်ကြိမ် ထိုးပြီး နှစ်ပတ်ကနေ သုံးပတ်အတွင်း Booster ထပ်လိုက်ပေးရပါတယ်။ ပိုပြီးသေချာအောင်လို့ First Booster အပြီး သုံးပတ်အကြာမှာ နောက်တစ်ကြိမ် Booster ထပ်လိုက်လို့ရပါသေးတယ်။
နောက်ပိုင်းမှာတော့ တစ်နှစ်ပြည့်တိုင်း ကာကွယ်ဆေးတစ်ကြိမ် ပြန်ထိုးပေးရပါတယ်။
ဒီလိုကာကွယ်ဆေးတွေထိုးထားပြီဆိုတော့ အသေအပျောက်များတဲ့ ကူးစက်ရောဂါတွေကြောင့် စိတ်မညစ်ရတော့ပါဘူး။
(၃)ခွေးရူးကာကွယ်ဆေးထိုးပြီး ခွေးကိုရော သခင်ကိုပါ ခွေးရူးရောဂါရန်မှကာကွယ်ပါ။
ခွေးရူးရောဂါကာကွယ်ဆေးကိုတော့ အသက်သုံးလမှာထိုးရပါတယ်။ တစ်ကြိမ်ထိုးပြီးရင် Booster ကို တစ်နှစ်ပြည့်မှ ထိုးပေးရပါတယ်။ အဲ့ဒီနောက်တော့ သုံးနှစ်တစ်ခါ ထိုးပေးရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ ခွေးရူးရောဂါအဖြစများတာကြောင့် တစ်နှစ်တစ်ခါ Anually ပဲထိုးကြပါတယ်။ ဒါကလည်းသင့်တော်ကောင်းမွန်တယ်လို့ထင်ပါတယ်။
(၄) ကျန်းမာပြီးလှပအောင် ရေချိုးပေးမယ်
သန်လည်းချပြီးပြီ ကာကွယ်ဆေးလည်းစုံပြီဆိုတော့ အသက်လေးလဆိုရင် ရေချိုးပေးလို့ရပြီ။ ရေချိုးပေးခြင်းကြောင့် မွှား သန်း ဗောက် ပွေး စတာတွေကို ရှင်းထုတ်လို့ရပြီး ခွေးလေးတွေကျန်းမာမှာတော့အမှန်ပဲ။ သင်မွေးထားတဲ့ခွေးလေးက အမွှေးရှည်လား တိုလားအပေါ်မူတည်ပြီး ဘယ်နှရက်တစ်ကြိမ်ရေချိုးပေးလို့ရမလဲဆိုတာကိုတော့ နီးစပ်ရာဆရာဝန်နဲ့တိုင်ပင်ပါ။ ဘာကြောင့်လဲဆိုတော့ ခွေးလေးတွေရဲ့အမွှေးလှပကြီးထွားဖို့ သူတို့ရဲ့အရည်ပြားကနေ သဘာဝအဆီတစ်မျိုးကို ထုတ်ပေးပါတယ်။ ရေမကြာခဏချိုးပေးခြင်းက အဲ့ဒီအဆီတွေကိုဖယ်ရှားသလိုဖြစ်တာကြောင့် Skin Allergic ဖြစ်တတ်ပါတယ်။ ရေချိုးဆပ်ပြာ ရွေးချယ်မှု မှန်ကန်ဖို့လဲလိုအပ်ပါတယ်။
Copyကူယူထားသည်.....
Dr NLHကျေးဇူးပါ
09/03/2021
နွေရာသီနှင့် ခွေးကျန်းမာရေး
နွေဦးတော်လှန်ရေး ကာလမှာ လူတိုင်းသောကတွေနှင့်မို့ ဘာမှ မလုပ်ချင် မကိုင်ချင်ဖြစ်ပြီး ဆောင်းပါးမရေးဖြစ်တာ လနှင့်ချီနေပါပြီ ။
ဒီနေ့တော့ ရာသီဥတုလည်း အတော်ပူပြင်းလာပြီမို့ ခွေးလေးတွေမှာ အဓိက ကြုံရတဲ့ ပြသနာတွေရှင်းပြပေးသွားပါမယ် ။
နွေရာသီရောက်ရင် အစားအသောက် ပျက်ပါတယ်
လူနှင့်ခွေးလေးတွေရဲ့ အဓိက ကွာခြားချက်တစ်ခုဟာ ခွေလေးတွေရဲ့ အရေပြားကို အမွှေးတွေနှင့် ဖုံးအုပ်ထားတာကြောင့်မို့လို့ သူတို့ရဲ့ ခန္ဓာကိုယ်က အပူချိန်ကို များလာတဲ့အခါ Panting respiration လို့ခေါ်တဲ့ အသက်ရှုလမ်းကြောင်းမှ တစ်ဆင့် ပဲအပူလျော့နည်းအောင်လုပ်ပါတယ် ။
ဒါကြောင့် နွေရာသီမှာ ပုံမှန်ထက်ပိုပြီး ခွေးလေးတွေမောနေတာ တွေ့ရပါလိမ့်မယ် ။
နှာတိုတဲ့ အမျိုးအစား ( Pug , Pekingese's , Shizu ,French bulldog ) စတဲ့ခွေးတွေဟာ အသက်ရှုလမ်းကြောင်းတိုတဲ့အတွက် ပုံမှန်ထက်မောတတ့်ါတယ် ။နွေရာသီမှာ အဝမလွန်ဖို့ဂရုစိုက်ပါ ။
အမွှေးရှည်အမျိုးအစား (Alskan , Huskey) တွေဟာလည်း နွေရာသီရောက်ရင် အမွှေးကိုပုံသွင်းပြီး တိုပေးတာမျိုးလုပ်ပေးဖို့လိုပါတယ် မဟုတ်ရင် အပူဒဏ်ကိုပိုပြီးခံစားရတတ်ပါတယ် ။
နွေရာသီရောက်ရင် အစာအဟာရအတွက် အဓိက အကြံပေးချင်တာက မနက်စာကျွေးချင်ရင် ၇ နာရီထက်နောက်မကျပဲ ကျွေးပါ ။နေ့လည်စာကို အစာဖြတ်ပြီး အေးမြတဲ့ရေကောင်းရေ့သန့်ကို တိုက်ပေးပါ ။
အပူချိန်များတဲ့အချိန်မျိုးမှာ Pet me lyte လိုမျိုး ဓာတ်ဆားထုတ်တွေတိုက်ပေးပါ ။
ညပိုင်းအတွက် အစာကျွေးမယ်ဆိုရင် ည ၉ နာရီလောက်မှ ကျွေးတာက အကောင်းဆုံးပါ ။
သန်းမွှား အန္တရာယ်
နွေရာသီမှာ နောက်ပြသနာတစ်ခုက ခွေးလေးတွေဟာ အပြင်မှာနေတာ များတဲ့အတွက်ကြောင့် သန်း မွှား တက်လာတတ်ပါတယ် ထို့နည်းအတူပဲ အမွှေးလည်း ပိုကျွတ်လာတတ်ပါတယ် ။ သန်း မွှားတွေဟာ အရေပြားရောဂါတင်မဟုတ် သွေးတွင်းကပ်ပါးရောဂါများကိုသယ်ဆောင်လာနိုင်ပါတယ် ဒါကြောင့် သန်းမွှား အန္တရာယ်က ကာကွယ်ပေးနိုင်တဲ့ ဆေးများကြိုတိုက်ပေးပါ ။
Heatstroke
ရှေ့ကပြောခဲ့အတိုင်းပဲ နှာတိုတဲ့ ခွေးလေးတွေနှင့် အမွှေးပွခွေးလေးတွေဟာ အပူလွန်တဲ့ ပြသနာတစ်နည်း Heatstroke မိတာကိုပိုခံရတတ်ပါတယ် ။
ခွေးတစ်ကောင်ရဲ့ ပုံမှန်အပူချိန်ဟာ ၁၀၁ -၁၀၂ F ဖြစ်ပါတယ် ၁၀၄ ဆိုရင် စိုးရိမ်ရတဲ့နေအထားပါ ။
Heatstoke အကြောင်းနှင့်ပက်သက်ပြီး ဆောင်းပါးကို အောက်မှာ link ထည့်ပေးထားပါတယ် ။
ရေချိုးပေးခြင်း
ခွေးလေးတွေဟာ ယေဘူယအားဖြင့် တစ်ပတ်ကိုတစ်ကြိမ်ထက်ပိုပြီး ရေမချိုးပေးသင့်ပါ ။ တစ်ပတ်တစ်ကြိမ်ထက်ပိုချိုးပေးရင် အရေပြားခြောက်သွေ့ပြီးအမွှေး ပိုကျွတ်တာ ယားနာတွေဖြစ်လာတာမျိုးရှိလာနိုင်ပါတယ် ။
အရေပြားရောဂမရှိပဲ medicated shampoo တွေမသုံးသင့်ပါ ။ ပုံမှန်တစ်ပတ်တစ်ကြိမ်ရေချိုးပေးမယ်ဆိုရင်တောင် Conditioner ပါတဲ့ shampooတွေကို ဦးစားပေးသုံးသင့်ပါတယ် ။
မြွေနှင့် အင်းဆက်
နွေရာသီရောက်ရင် မြွေတွေပိုပေါလာတဲ့အတွက် မြွေအန္တရာယ်ကိုလည်း ဂရုစိုက်ပါ ထို့အတူ ပျား၊ပိတုန်းတွေ ကိုက်တာလည်း ကြုံရနိုင်တာမို့လို့ မိမိတို့ရဲ့ အိမ်နှင့်ခြံသန့်ရှင်းရေးကို အထူးဂရုစိုက်ပါ ။
😘😘😘😘
01/01/2021
ခွေးတစ်ကောင်ကို ရောဂါမဖြစ် ဖြစ်အောင် ထားနည်း
ကံ၊စိတ် ၊ဥတု၊အဟာရ စတဲ့လေးပါးညီညွတ်မှသာလျှင် လူတွေကကျန်းမာကြတာပါ ။ ထို့အတူပါပဲ ခွေးတစ်ကောင် ကျန်းမာဖို့အတွက်
၁။ Enviroment လို့ခေါ်တဲ့ကောင်းမွန်တဲ့ ပတ်ဝန်းကျင် ရာသီအနေအထား
၂ ။Nutrition အစာအဟာ
အပေါ်က နှစ်ချက်က အဓိကအခြေခံပါ ပြီးရင် ကလေးတွေစိတ်ပျော်ရွှင်ဖို့အတွက် အချိန်ပေးရမယ် ဂရုစိုက်ရပါမယ် ။
Enviroment
ခွေးတစ်ကောင်ဟာ သူဆော့ကစားဖို့အတွက် လုံလောက်တဲ့ နေရာထိုင်ခင်း အကျယ်အဝန်းကိုရရှိရပါမယ်။
သူနေထိုင်တဲ့ ပန်ဝန်းကျင်ကို အနံ့အသက်ကင်းအောင် ရောဂါပိုးတွေ မပေါက်အောင် ထားပေးရပါမယ် ။ ဥပမာ ခွေးထားတဲ့နေရာပဲဆိုပြီး ဖြစ်သလို ခွေးချီးနံ့တစ်လုံးလုံးနှင့်ထားပေးတာမျိုး ကလည်း အသက်ရှုလမ်းကြောင်းနှင့်ဆိုင်တဲ့ရောဂါတွေရစေပါတယ် ။
ရာသီဥတုအျပါ်လိုက်ပြီး လိုအပ်တဲ့ ဖြည့်ဆွက်မူတွေလည်း ပြုလုပ်ပေးရန် လိုပါသေးတယ် ။
နွေရာသီမှာ အရိပ်အဝါသာရအောင်ဖန်တီးပြီး အပူချိန်ကိုလျော့ချပေးတာမျိုး ။
မိုးရာသီမှာ မိုးရေတွေမပက်အောင် ရေမစိုအောင်ထားတာမျိုးတို့ လုပ်ပေးရပါမယ် ။
အခုလိုမျိုးဆောင်းရာသီ ရာသီဥတုအအေးပိုချိန်မျိုးမှာ ခွေးလေးတွေထားတဲ့ အပူချိန်တွေ ထိန်းညှိပေးတာမျိုး ကလည်းအရေးကြီးပြန်ပါတယ် ။
Working dog , hunting dog စတာတွေကို ပုံမှန်ခေ့ကျင့်ခန်းမလုပ်ပဲထားပေးပါ။
သူတို့မပျော်ရွှင်အောင် လှောင်အိမ် ကျဉ်းကျဉ်းလေးနှင့် တစ်နေကုန် ထားပေးတာမျိုး အချိန်ပေးပြီး ဆော့ပေးတာ စကားပြောပေးတာတွေ မလုပ်ပေးတာကလည်း အချိန်တစ်ခုရောက်ရင် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ရောဂါတွေရလာပါလိမ့်မယ် ။
Nutrition
အစာအဟာရပိုင်းနှင့်ပက်သက်ပြီး ကျွန်တော်အများကြီး ပြောခဲ့ဖူးပါတယ် ။
အသက်အရွယ်အလိုက်ကျွေးသင့် ကျွေးထိုက်တဲ့ ပမာဏကိုမကျွေးပဲထားတာ ၊
large breed မွေးထားလို့ဆိုပြီး အစာခြောက်နှင့် ထမင်းနှင့်ရောကျွေးတာ
အရည်အသွေး မပြည့်ဝတဲ့ အစာခြောက်တွေကိုကျွေးတာ
Large breed မှာ ကျွေးရတဲ့အစာကို small breed မှာကျွေးတာ
လူတွေစားသလို အနှစ်တွေ ဆား ဟင်းချိုမှုန့်တွေ သေချာနယ်ဖတ်ကျွေးတာ
အားနေရင် ကိုယ်စားသမျှ ခွေးတွေတောင်းသမျ လိုက်ကျွေးနေတာ
အဲလိုတွေသာလုပ်ပါ လူကြီးမင်းတို့ရဲ့ခွေး မြန်မြန်နေမကောင်းဖြစ်လာ ဖို့အာမခံပါတယ် ။
လေ့လာမူ အားနည်းခြင်း
အမှန်တစ်ကယ်ချစ်ရင် အမှန်တစ်ကယ်လေ့လာပါ ။
ကာကွယ်ဆေး၊ သန်ချဆေးတွေ ဘယ်လိုချပေးသင့်သလဲ ရေဘယ်နှစ်ရက်တစ်ကြိမ်ချိုးပေးသင့်သလဲ ?
ကိုယ်ကလေး ရုတ်တစ်ရက် အစာမစားတာ ဘာကြောင့်လဲ ?
အရင်ကထက် ပိုစားလာတာ ဘာကြောင့်လဲ ဒါတွေကိုလေ့လာသင့်ပါတယ် ခွေးကိုချစ်တာ ပါးစပ်နှင့် ချစ်လို့မရပါဘူး ။ လက်တွေ့ချစ်တတ်ကြပါစေ ။
ဒါကြောင့် အပေါ်က ကျွန်တော်ပြောတဲ့အချက်တွေနှင့် ညိအောင်ထားနေပြီဆိုရင် ခွေးချစ်တယ်လို့ မသတ်မှတ်ပါနှင့် ....
Copyယူထားချင်းသည်ဖြစ်ပါသည်........လေးစားစွာဖြင့်
ဒေါက်တာဇီဝက
၁.၁.၂၀၂၁
28/12/2020
တိချစ်သူများ ကျွန်တော်ဖုန်းပျက်
သွားလို့ ဖုန်းဆက်ပေးကြပါဗျာ....
09ကိုဆက်သွယ်ပေးကြပါအုံး682910889
ကျေးဇူးတင်ပါတယ်ဗျ....
ကျွန်တော်၁ရက်၁လ၂၀၂၁မှာလုပ်ငန်းပြန်စပါပြီး တိချစ်သူအပေါင်းမင်္ဂလာပါလို နူတ်ခွန်ဆက်ပါ၏.....တိလေးများကိုလည်း စာရင်းလက်ခံနေပါပီး.......09682910889