ပထမ Session မှာ Hip Bridge ဒုတိယ session မှာ Hip Thrust 🥰
ပထမ session မှာတော့ ဖျာပေါ်မှာ Hip Bridge လေးနဲ့စပြီး
glute ကို ဘယ်လို activate လုပ်ရမလဲ၊ pelvis ကို ဘယ်လို position ထားရမလဲဆိုတာ အရင်သင်ပေးတယ်။
ဒုတိယအကြိမ်မှာတော့ ခုံလေးနဲ့ပဲအလေးမပါဘဲ Hip Thrust pattern ကို အရင် practice လုပ်တယ်။
Foot position, ribcage, pelvis position, range of motion နဲ့ top position မှာ glute ကို ဘယ်လို squeeze လုပ်ရမလဲဆိုတာတွေကို တစ်ဆင့်ချင်း ပြင်ပေးပြီး client အတွက် comfortable ဖြစ်တဲ့ setup ကို ရှာပေးတယ်။
Movement pattern ကောင်းကောင်းနားလည်ပြီး stable and controlled ဖြစ်လာပြီ ဆိုမှ 20kg barbell နဲ့ Hip Thrust ကို ဝင်ခိုင်းလိုက်တာ။
ဒုတိယအကြိမ်မှာတင် movement ရဲ့ smooth ဖြစ်နေမှု🥰🥰
Exercise တစ်ခုကို အလေးကြီးနဲ့ စခိုင်းတာထက် movement pattern ကို အရင်သင်ပေးတာက ပိုအရေးကြီးပါတယ်။
Weight တင်တာက နောက်မှပါ။
အရင်ဆုံး “ဘယ်လိုရွေ့ရမလဲ” ဆိုတာကို ခန္ဓာကိုယ်က နားလည်အောင် အရင် သင်ပေးရပါတယ်။
Video က Singapore က online pt lovebirds လေးပါ 🤭🫶
ကိုယ်ပါကြည့်ပြီး အားတွေကျရပါတယ်
သဘောကျလို့ခွင့်ပြုချက်တောင်းပြီး တင်ထားလိုက်ပါပြီရှင် 🙏🤍
GetFit with Rachel
Strong is the new beautiful 💪
တကယ်ဆော့တဲ့အချိန်တော့ ပေတိပေစုတ်ကလေး 🤣🤣
Fit check
29/08/2026
ကျမတို့ပတ်ဝန်းကျင်မှာ Gym ဆော့တဲ့လူတွေကို ဒီလိုပြောတာ ကြားဖူးကြမှာပါ
“စားချင်တာလည်း မစားရဘူး၊ ဝဋ်ကြီးလိုက်တာ ”
“မသေမှာလည်း မဟုတ်ဘူး၊ အပင်ပန်းခံပြီး ဆော့နေတယ်”
“ဗလကြီးလည်း တစ်နေ့ ဒီလမ်းပဲ သွားရမှာပဲ”
“အဲ့လောက်ကြီး ဆော့ပြီး ဘာလုပ်မှာလဲ”
ဟုတ်ပါတယ် တစ်နေ့တော့ အားလုံး ဒီလမ်းပဲသွားကြမှာပါ။ဒါဆို ပြောတဲ့သူတွေ မဟုတ်လည်းသွားရမယ့်အတူတူ အဲ့ဒီလမ်းပဲ ကြိုသွားလိုက်ကြပါလားဟင် 😌
Gym ဆော့တာက သေမယ့်နေ့ကို ရွှေ့ဖို့ မဟုတ်ပါဘူး။
သေမယ့်နေ့မရောက်ခင် ဘယ်လိုနေမလဲ ဆိုတာအတွက်ပါ။
လူတော်တော်များများ Gym ဆော့ကြတာက လှဖို့၊ body လှဖို့တင် မဟုတ်ပါဘူး။
အထူးသဖြင့် အသက်ကြီးလာတဲ့အခါ “လှတယ်၊ မလှဘူး” ထက်
ကိုယ့်ဘာသာထနိုင်လား၊ လှေကားတက်နိုင်လား၊ ပစ္စည်းမနိုင်မနင်းမဖြစ်ဘဲ သယ်နိုင်လား၊ balance ကောင်းလား ဆိုတာတွေက ပိုအရေးကြီးလာပါတယ်။
ပြီးတော့ နောက်ထပ်
“Gym ဆော့ရင် စားချင်တာ မစားရဘူးလား?”
မဟုတ်ပါဘူးရှင့် ❌
Gym ဆော့တယ်ဆိုပြီး
“ကြက်ရင်အုံ၊ broccoli နဲ့ ကြက်ဥအဖြူ” သုံးမျိုးကိုပဲ တစ်သက်လုံးကြည့်နေရမယ်ဆိုတဲ့ ဥပဒေ ဘယ်သူထုတ်ထားမှန်းတော့ မသိပါဘူး။
Fitness ဆိုတာ စားရမှာကို ကြောက်နေရတာ မဟုတ်ပါဘူး။
ကိုယ်ရဲ့ goal၊ activity level၊ calorie intake၊ protein၊ micronutrients နဲ့ overall diet balance ကို ကြည့်ပြီး အများစုကို nutritious food တွေနဲ့စား၊ ကိုယ်ကြိုက်တဲ့ food တွေကိုလည်း portion နဲ့ frequency ကို manage လုပ်ပြီး စားလို့ရပါတယ်။
Chocolate စားလို့လည်း နေ့ချင်းညချင်းဝမလာဘူး။
ကြက်ဥ စားလို့လည်း muscle က ချက်ချင်း တက်မလာပါဘူး။
ကိုယ်စားတဲ့ပမာဏ၊ အကြိမ်ရေ၊ ကိုယ့်ရဲ့ goal နဲ့ overall diet balance ကို မသိဘဲ
“Gym ဆော့နေတော့ စားချင်တာအကုန်စားလို့ရတယ်” ဆိုတာလည်း မဟုတ်သလို
“Gym ဆော့ပြီဆိုရင် စားချင်တာ ဘာမှမစားရဘူး” ဆိုတာလည်း မဟုတ်ပါဘူး။
Fitness ဆိုတာ
အသက်ရှည်ဖို့အတွက် နေထိုင်နေတဲ့ဘဝအရည်အသွေးကို ပိုကောင်းအောင် ပြင်ဆင်တာပါ။
ဒါကြောင့် Gym ဆော့နေတဲ့လူတစ်ယောက်ကို
“တစ်နေ့တော့ သေမှာပဲ” လို့ပြောတာထက်
“တစ်နေ့သေမှာမှန်တယ် ဒါပေမယ့် အဲ့ဒီနေ့မရောက်ခင် ကိုယ့်ခန္ဓာကိုယ်နဲ့ ကိုယ်ဘယ်လိုနေချင်လဲ?”
လို့မေးကြည့်ရင် ပိုအဓိပ္ပါယ်ရှိမယ်ထင်ပါတယ်။
ပြီးတော့ ဝဋ်ကြီးလိုက်တာဆိုပြီး ကြိုက်သလိုကြုံသလို ဖြစ်သလို အစားစားနေတဲ့သူတွေကိုလည်း မနာလိုမဖြစ်ပါဘူးနော်
ကျမတို့က ဝဋ်ခံတာမဟုတ်ဘူး။
ပျော်လို့ဆော့တာ ဝဋ်ရှိတယ်တွေ မရှိဘူးတွေလာမပြောနဲ့ 🌚🏋️♀️
27/08/2026
Gymသွားသွား ခရီးသွားသွား အမြဲဆောင်ထားဖြစ်တဲ့ hair dryer လေး 💆♀️✨
ဆံပင်ရှည်တော့ ကြုံရာလို dryer မသုံးဖြစ်ဘူး။ ကိုယ်နဲ့အဆင်ပြေပြီး ကိုယ်သုံးနေကျ quality ကောင်းတဲ့ dryer ဖြစ်မှပဲ သုံးဖြစ်တယ်။ 🥹
အခုတော့ Sonic Myanmar Electronic က dryer လေးနဲ့ တော်တော်အဆင်ပြေနေတယ် 🥰🤍
ဆံပင်ရှည်တဲ့သူတွေဆို hair dryer ကလည်း ကိုယ်နဲ့အဆင်ပြေတာတစ်ခုလောက် ရှိထားရင် တော်တော်ကိုအသုံးဝင်တာ ✨
TRX တစ်ကြိုးရှိရုံနဲ့ Training ကို မပျက်တော့ဘူး 🥰
အမြဲလိုလို ခရီးထွက်ဖြစ်တဲ့ Client တွေကို TRX တစ်ကြိုးစီ ဝယ်ခိုင်းထားဖြစ်တယ်။ Gym မရှိတဲ့နေရာတွေ၊ ခရီးထွက်နေတဲ့အချိန်တွေမှာတောင် Training consistency မပျက်အောင်ပါ။
TRX က bodyweight resistance ကို အသုံးပြုပြီး
Squat, Lunge, Row, Push, Core exercise တွေအပြင်
တစ်ကိုယ်လုံးကို Training ပေးလို့ရတဲ့ equipment တစ်ခုပါ။
အရေးကြီးတာက equipment အများကြီးရှိဖို့ထက် ရှိတဲ့ equipment ကို ကိုယ့် Goal နဲ့ကိုက်အောင် အသုံးချတတ်ဖို့ ပါ။
Hourglass ⌛️ shape လေးနဲ့ ကိုယ့် Client ကိုယ်ပြန်ကြွေမိတဲ့ moment 🥹🥰
Coach တစ်ယောက်အတွက်တော့
Consistency → Progress → Result
ဒီ cycle ကိုမြင်ရတာက အကြိုက်ဆုံးအပိုင်းပါပဲ။ ❤️
Client ကိုခွင့်တောင်းပြီး နောက်မှ before & after ပုံတွေ တင်ပါဦးမယ်ရှင့်။ 🥰
25/08/2026
Gym dump
Click here to claim your Sponsored Listing.