28/03/2021
Rest in power ,hero 😢
This is an official page of UMM Hiking and Mountaineering Team , which is founded in Dec 2016 . warmly welcome to our Team …
28/03/2021
Rest in power ,hero 😢
21/12/2020
Donation to Mandalay 300-beded Covid centre from UMMHMT Family🙏✨
21.12.2020 Monday
04/04/2020
ကျွန်တော်တို့ UMM hiking teamမှ ညီအကိုမောင်နှမများ စုပေါင်း၍ PPE နှင့် maskများကို ကုတင်၃၀၀ ဆေးရုံ သို့ လှူဒန်းခဲ့ပါတယ်။
စေတနာသဒ္ဒာတရားထက်သန်စွာလှူပေးကြသော hikerအပေါင်းတို့ကို အထူးကျေးဇူးတင်ပါတယ်။
အားဖြည့်ကူညီပေးပါသော မောင်ယောရှု၊ မောင်အောင်ဖုန်းခန့် မောင်ပြည့်ဖြိုးကျော် နှင့် မောင်မင်းထင်ကျော်တို့အားလည်း ကျေးဇူးတင်ပါတယ်။
Marchလ ကနေဒီတောင်တက်ခရီးစဉ်အတွက် မနက်ဖြန်နောက်ဆုံးထား၍စာရင်းပေးကြပါရန်
Training များလည်းမှန်မှန်လာဆင်းပေးကြပါရန် remindပါရစေ
ဆေးကျောင်းအစုံ သူငယ်ချင်းတွေ စုံစုံလင်လင် ပျော်ပျော်ပါးပါးတက်ရမယ့်ခရီးစဉ်လေးမို့ စာရင်းလာပေးထားကြနော်
၂၁.၂.၂၀၂၀ ည ၉နာရီဆို စာရင်းပိတ်ပါမယ်
လူစာရင်းအတည်ပြုပြီးနောက်မှ cancelသူများ အဖွဲ့၏စည်းကမ်းများအတိုင်း အရေးယူသွားမည်ဖြစ်ပါကြောင်း
🥾Dear Hikers,
Marchလ 27မှ 29ထိ (26ရက်နေ့စထွက်မည်) သွားရောက်မည့် ကနေဒီတောင်တက်ခရီးစဉ်အတွက် training မပျက်မကွက်လာရောက်ပေးကြပါရန် နှင့် 20.2.2020နေ့ နောက်ဆုံးထား၍စာရင်းပေးကြပါရန်
အဖွဲ့မှ ကားနှင့်ခရီးစဉ်ကို လူအရေအတွက်ပေါ်မူတည်၍စီစဉ်ရမည်ဖြစ်ပါသဖြင့် သေချာမှသာစာရင်းပေးကြပါရန်
စာရင်းပေးပြီး အနီးကပ်မှ cancelလုပ်သူများကို အဖွဲ့မှ actionယူမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်
Training မှန်ကန်မှုနှင့် performance ပေါ်မူတည်၍ခေါ်မည်ဖြစ်ပါသည်
For Training
Location : 550ကလေးဆေးရုံရှေ့
Time : 6 am
-အလေးချိန်: ရေ(၆)လီတာ (သို့) ညီမျှသော အလေးချိန် သယ်လာရန်။
-ဘကပ/walking shoeဖြင့်လာပါရန်
[slippers ဖြင့်*လုံးဝ*မလာရပါ]
-အားကစားဘောင်းဘီရှည်ဝတ်လာပါရန်[အသားကပ်/ဘောင်ဘီတို *လုံးဝ*မဝတ်လာရပါ]
မြန်မာနိုင်ငံ ဆေးတက္ကသိုလ်များ ခြေလျင်နှင့် တောင်တက်အသင်း
နွေရာသီ တောင်တက်ခရီးစဥ် အတွက်
training ကြေငြာချက်
နေရာ - ကနေဒီတောင် တီးတိန်မြို့နယ် ချင်းပြည်နယ်။
နေ့ရက် - ၂၀၂၀ မတ်လ ၂၇ မှ ၂၉
ကျွန်တော်တို့ ဆေးမန်းတောင်တက်အသင်းအနေနဲ့ training ကို 18.1.2020 မှစ၍ အပတ်စဥ် စနေ တနင်္ဂနွေနေ့များတွင် ပြုလုပ်သွားမှာဖြစ်ပါသည်
Training roll call နှင့် performance ပေါ်မူတည်ပြီး လိုက်ပါနိုင်မည့်သူများကို ရွေးချယ်သွားမှာ ဖြစ်ပါသည်
training အတွက်လိုအပ်ချက်များ
-ဗကပဖိနပ်
-အလေးချိန် 15-20 lbs ထည့်ထားသော hiking backpack
အပတ်စဥ် ကျုံးတစ်ပတ်နှင့် မန္တလေးတောင်တက်ရမည်ဖြစ်ပါသည်
လိုက်ပါလိုသူများသည် ၆၆လမ်း ၂၇လမ်းထောင့် ၅၅၀ ကလေးဆေးရုံကြီးရှေ့ မနက်၆နာရီအရောက် လာရောက်ရန်ဖြစ်ပါသည်
၆နာရီအတိတွင် ထွက်ခွါပါမည်
Admin team, UMMHMT
07/01/2020
December တုန်းကသွားခဲ့တဲ့ ရှေ့မြင်နောက်မြင်တောင်တက် မှတ်တမ်းလေးပါ
We did it together again 🙌🏻
Well done hikers 😎
UMM hiking & mountaineering team၏ One of the rules အရ Tripအတွက်လိုက်ရန် စာရင်းပေးထားပြီး အနီးကပ်မှ strong reasonမရှိဘဲ ပယ်ဖျက်သူများကို လာမယ့် short tripနှစ်ခုတွင် လိုက်ပါခွင့် ပိတ်ပင်မည်ဖြစ်ပါကြောင်း 🚨
20/12/2019
24-27 ရှေ့မြင်နောက်မြင်တောင်နှင့်မြင်းမူကုန်းခရီးစဉ်
24 ရက်နေ့ည 9:30 ဆေးကျောင်းမှစထွက်ပါမည်
25 ရက်နေ့မနက်တောင်စတက်ပါမည် ည တောင်ပေါ်တွင်အိပ်ပါမည်
26 ရက်နေ့မနက်တောင်ပေါ်ကဆင်းကာ နေ့လယ်စာစားပြီး မြင်းမူကုန်းသို့ခရီးဆက်ပါမည်
27 မနက်မန်းလေးသို့ပြန်လည်ထွက်ခွာပါမည်
ရိက္ခာနှင့်ဘုံပစ္စည်းများကို ခွဲသယ်ရပါမည်
25 နေ့လယ်စာ ညစာ
26 မနက်စာ နေ့လယ်စာ ညစာ ခရီးစရိတ်တွင်ပါဝင်ပါမည်
25 ရက်နေ့ မနက်စာအတွက် ကိုယ့်အစီအစဉ်ဖြင့်ထည့်လာကြပါ လမ်းတွင်စားရန် မုန့် ချိုချဉ် အကြော်အလှော်များလည်းထည့်လာကြပါ
လိုအပ်သောပစ္စည်းများ
-စစ်ဖိနပ် သို့ တောင်တက်ဖိနပ်+ slipper တစ်ရံ
-sleeping bag and ground sheet
-ဟန်းကော+ဇွန်း
-ရေဘူနှစ်ဘူး ( 1 liter per bottle)+ရေခွက်
-headlight+battery
-ဓါတ်ဆားထုတ်
-ခြေအိတ်နှစ်စုံ လက်အိတ်တစ်စုံ
-မိမိသုံးနေကြဆေးဝါးများ မဖြစ်မနေယူလာပါ
-အနွေးထည်လုံလုံလောက်လောက်ယူရန် (တောင်ထိပ်တွင်လေအရမ်းတိုက်ပါသည်)
-Tent ဝယ်နိုင်သူများ သူငယ်ချင်းနှင့်ပေါင်းဝယ်ရန်အကြံပေးပါသည် (မဖြစ်မနေမဟုတ်ပါ)
လိုက်ပါရမည့့်သူစာရင်းမှာအောက်ပါအတိုင်းဖြစ်ပါသည်
မှတ်ချက်-ယခုအပတ် training လူစူံအောင်လာ
ပေးကြပါ
Training နဲပြီးမလာသူများကို ပယ်ပါ
မည်
လိုက်မည်သေချာပြီး စာရင်းထဲမပါ
သူများကို ထပ်ဖြည့်ပေးပါမည်
ယခုအပတ် Training တွင် ခရီးစရိတ် အကုန်ပေးကြပါရန် မေတ္တာရပ်ခံပါသည်