17/07/2026
ဒီနှစ်ကမ္ဘာ့ဖလားပွဲစဉ်တိုင်းမှာ ဂိုးပါဝင်ပတ်သက်မှုပြုလုပ်ထားတဲ့ လီယွန်နယ်မက်ဆီ
၃၉ နှစ်အနေအထားနဲ့ ဒီလိုစွမ်းဆောင်ပြနေတာ တကယ့်ကို အံ့ဖွယ်ပါပဲ ။
Sports
17/07/2026
ဒီနှစ်ကမ္ဘာ့ဖလားပွဲစဉ်တိုင်းမှာ ဂိုးပါဝင်ပတ်သက်မှုပြုလုပ်ထားတဲ့ လီယွန်နယ်မက်ဆီ
၃၉ နှစ်အနေအထားနဲ့ ဒီလိုစွမ်းဆောင်ပြနေတာ တကယ့်ကို အံ့ဖွယ်ပါပဲ ။
16/07/2026
လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့ဖလားမှာ ဂိုးဖန်တီးမှုအများဆုံး ကစားသမားတွေထဲမှာ အထူးချွန်ဆုံးပါပဲ 👑
ဘောလုံးလောကရဲ့ အကြီးမားဆုံး ဇာတ်ခုံပေါ်က အကောင်းဆုံး စွမ်းဆောင်ရည်ရှင်လား? 🌟
16/07/2026
⚽ ဥရောပချန်ပီယံနဲ့ တောင်အမေရိကချန်ပီယံ တွေ့ကြပြီ
နောက်တစ်မျိုး ပြောင်းပြောရရင်တော့ ယမားလ်နဲ့ မက်ဆီ တွေ့ကြပြီပေါ့။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲက ရင်ခုန်စိတ်လှုပ်ရှားစရာအကောင်းဆုံး နောက်ဆုံးဇာတ်သိမ်းခန်းကိုတော့ ရောက်လာခဲ့ပါပြီ။ နောက်ဆုံးဗိုလ်လုပွဲကို စပိန်နဲ့ အာဂျင်တီးနားတို့ တက်ရောက်လာခဲ့တာဖြစ်ပြီး ဇူလိုင်(၁၉)ရက် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားရမှာပါ။ ဒီတစ်ကြိမ်မှာတော့ စပိန်က ချန်ပီယံဆုအတွက် ပိုအလေးသာတဲ့အသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါက ကမ္ဘာ့ဖလားချန်ပီယံဆုကို နှစ်ကြိမ်ဆက်ရယူနိုင်တဲ့အသင်း ရှားပါးတဲ့ အစဉ်အလာကြောင့်လား။ ကမ္ဘာ့ဖလားချန်ပီယံဆုကို တစ်ကြိမ်ထက်ပိုပြီးရယူနိုင်တဲ့နည်းပြ တစ်ဦးတည်းသာရှိဖူးတဲ့ အစဉ်အလာကြောင့်လား။ အစဉ်အလာဆိုတာ စာရွက်ပေါ်က မှတ်တမ်းသက်သက်ပါလို့ ပြက်ရယ်ပြုချင်သူတွေ ရှိကြပေမဲ့ တချို့အစဉ်အလာတွေက အံ့အားသင့်စရာကောင်းလောက်အောင် တည်မြဲနေတာလည်း အမှန်ပါပဲ။ ဥပမာအားဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံခြားသားနည်းပြတွေ ချန်ပီယံဆု မရယူနိုင်တဲ့ အစဉ်အလာက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဆက်ပြီးတည်မြဲသွားခဲ့ပါတယ်။ အင်္ဂလန်အသင်းနဲ့အတူ ချန်ပီယံဆုရယူနိုင်ဖို့ မျှော်မှန်းခဲ့တဲ့ ဂျာမန်နည်းပြ သောမတ်စ်တူဟယ်လ်လည်း ဒီအစဉ်အလာကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ အခု ဗိုလ်လုပွဲမှာ ရင်ဆိုင်ရမှာက စပိန်လူမျိုး ဒယ်လာဖွန်တေနဲ့ အာဂျင်တီးနားလူမျိုး စကာလိုနီတို့ပါ။
စပိန်က နောက်ဆုံးကျင်းပခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိခဲ့တဲ့ ဥရောပချန်ပီယံဖြစ်ပြီး အာဂျင်တီးနားက နောက်ဆုံးကျင်းပခဲ့တဲ့ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲမှာ ချန်ပီယံဆု ရရှိခဲ့တဲ့ တောင်အမေရိကချန်ပီယံအသင်းပါ။ အခုလိုမျိုး ဥရောပချန်ပီယံနဲ့ တောင်အမေရိကချန်ပီယံအသင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဆုံတွေ့ခြင်းက ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ တကယ်တော့ ဒီနှစ်သင်းက ပြီးခဲ့တဲ့ မတ်လကတည်းက ဖလားလုပွဲ ဆင်နွှဲရမယ့်အခြေအနေ ရှိခဲ့တာပါ။ ဥရောပချန်ပီယံနဲ့ တောင်အမေရိကချန်ပီယံတို့ရဲ့ Finalissima ပွဲကို ကာတာနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားခဲ့ပေမဲ့ စစ်ရေးအခြေအနေကြောင့်ရော တခြားကွင်းမှာ ပြောင်းရွှေ့ကျင်းပဖို့ ညှိနှိုင်းမရတာရောကြောင့် ဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာအသင်းရဲ့ ဂန္ထဝင်ကစားသမား မက်ဆီနဲ့ လက်ရှိကြယ်ပွင့် ယမားလ်တို့ရဲ့ အားပြိုင်မှုကို မြင်တွေ့လိုကြတဲ့ ပရိသတ်တွေ မချင့်မရဲဖြစ်ခဲ့ကြရပါတယ်။ ဒါပေမဲ့ Finalissima က ကမ္ဘာ့ဖလားဗိုလ်လုပွဲအဖြစ် အသွင်ပြောင်းပြီး အမေရိကန်နိုင်ငံမှာ ဖြစ်တည်လာခဲ့ပါတယ်။ တကယ်တော့ မက်ဆီနဲ့ ယမားလ်က အသက်(၂၀)ကွာခြားတဲ့ ကစားသမားတွေဖြစ်ပြီး မက်ဆီက (၃၉)နှစ်၊ ယမားလ်က (၁၉)နှစ်ပါ။ ဒါကြောင့် ကမ္ဘာ့ဖလားဗိုလ်လုပွဲလိုနေရာမှာ သူတို့နှစ်ဦး ဆုံတွေ့ဖို့ဆိုတာ ယုံဖို့တောင်ခက်တဲ့ အခြေအနေလို့ ဆိုရမှာပါ။ အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီကတော့ ဘောလုံးလောကရဲ့ အနာဂတ်ကြယ်ပွင့်နဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ထာဝရအကောင်းဆုံးကစားသမား ဆုံတွေ့မယ့်ပွဲလို့ ညွှန်းဆိုခဲ့ပါတယ်။
ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဥရောပနဲ့ တောင်အမေရိကအသင်းတွေ ဆုံတွေ့မှုကတော့ အကြိမ်ကြိမ်ရှိခဲ့ဖူးပါတယ်။ ပထမဆုံးဆုံတွေ့ခဲ့တာက ၁၉၅၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာဖြစ်ပြီး ဘရာဇီးလ်အသင်းက ဆီဒင်ကို (၅-၂)ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။ ၁၉၆၂ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာလည်း ဘရာဇီးလ်ကပဲ ချက်ကိုဆလိုဗက်ကီးယားကို (၃-၁)ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။ အဲဒီနောက် ၁၉၇၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာလည်း ဘရာဇီးလ်က အီတလီကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့ပြန်ပါတယ်။ ၁၉၇၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားနဲ့ နယ်သာလန်၊ ၁၉၈၆ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားနဲ့ အနောက်ဂျာမနီတို့ ဆုံတွေ့ခဲ့ကြရာမှာလည်း နှစ်ကြိမ်စလုံး အာဂျင်တီးနားအသင်းက အနိုင်ရခဲ့ပါတယ်။ အဲဒီကာလက တောင်အမေရိကနဲ့ ဥရောပရဲ့ အားပြိုင်မှုကို ဆက်တိုက်မြင်တွေ့ရချိန်ဖြစ်ပြီး ၁၉၉၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အနောက်ဂျာမနီနဲ့ အာဂျင်တီးနား၊ ၁၉၉၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဘရာဇီးလ်နဲ့ အီတလီ၊ ၁၉၉၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်နဲ့ ဘရာဇီးလ်၊ ၂၀၀၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဘရာဇီးလ်နဲ့ ဂျာမနီတို့ ဆုံတွေ့ခဲ့ကြတာပါ။ အဲဒီနောက် ၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဂျာမနီနဲ့ အာဂျင်တီးနား၊ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားနဲ့ ပြင်သစ်တို့ ဆုံတွေ့ခဲ့ပြီး အခု ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားနဲ့ စပိန်တို့ ဆုံတွေ့ခဲ့တာပါ။ ဒါကြောင့် လက်ရှိပြိုင်ပွဲမတိုင်ခင် ကျင်းပပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ(၂၂)ကြိမ်မှာ ဥရောပနဲ့ တောင်အမေရိကအသင်းတွေ ဗိုလ်လုခဲ့ရတာ ပြိုင်ပွဲရဲ့ထက်ဝက်အရေအတွက်ဖြစ်တဲ့ (၁၁)ကြိမ်ရှိခဲ့ပြီး တောင်အမေရိကအသင်းတွေက (၈)ကြိမ်ဗိုလ်စွဲကာ ဥရောပအသင်းတွေက (၃)ကြိမ်သာ ဗိုလ်စွဲခဲ့ပါတယ်။ ဒီတော့ တောင်အမေရိကအသင်းတွေက အသာစီးရရှိထားတဲ့ အနေအထားဖြစ်ပြီး အဲဒီ(၁၁)ကြိမ်မှာ တောင်အမေရိကကို ကိုယ်စားပြုခဲ့တာက ဘရာဇီးလ်နဲ့ အာဂျင်တီးနား နှစ်သင်းပဲ ရှိခဲ့တာပါ။ ဘရာဇီးလ်က ဥရောပအသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲ(၆)ကြိမ်မှာ (၅)ပွဲနိုင်၊ (၁)ပွဲသာ ရှုံးခဲ့ပြီး အာဂျင်တီးနားကတော့ ဥရောပအသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲ (၅)ကြိမ်မှာ (၃)ပွဲနိုင်ပြီး (၂)ပွဲရှုံးခဲ့ပါတယ်။
စပိန်ကတော့ ၂၀၁၀ ကမ္ဘာ့ဖလားမှာ ချန်ပီယံဆု ရရှိခဲ့တုန်းက ဗိုလ်လုပွဲမှာ နယ်သာလန်နဲ့ ဆုံတွေ့ခဲ့ရတာဖြစ်ပြီး အခုမှ ဗိုလ်လုပွဲကို ဒုတိယအကြိမ် တက်လှမ်းနိုင်ခြင်းဖြစ်တာကြောင့် ဗိုလ်လုပွဲမှာ တောင်အမေရိကအသင်းနဲ့ ဆုံတွေ့ဖူးတဲ့မှတ်တမ်း မရှိသေးပါဘူး။ ဒီတစ်ကြိမ် ဥရောပနဲ့ တောင်အမေရိကရဲ့ အားပြိုင်မှုမှာ ဘယ်သူ ဆုဖလားကို ကိုင်မြှောက်ခွင့်ရရှိမလဲ။ မက်ဆီအတွက် ဒုတိယမြောက်ကမ္ဘာ့ဖလားပဲ ဖြစ်သွားမလား။ ယမားလ်အတွက် ပထမဆုံးကမ္ဘာ့ဖလားပဲ ဖြစ်သွားမလား။ ပွဲပြီးလို့ ဂျာစီချင်းလဲကြတဲ့အခါ ဘယ်သူကပြုံးပြီး ဘယ်သူက နှစ်သိမ့်ခံရမလဲ ဆိုတာ . . . ။
16/07/2026
ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ရှုံးပွဲ ကြုံတွေ့ခဲ့ပေမဲ့ သောမတ်စ်တူချယ်ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် ထောက်ခံမှု အပြည့်အဝပေးနေဆဲ
==================
အင်္ဂလန်နည်းပြသောမတ်စ်တူချယ်ဟာ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်တွင် ရှုံးပွဲ ကြုံတွေ့ခဲ့ရပေမဲ့လည်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ထောက်ခံမှု အပြည့်အဝ ရရှိနေဆဲ ဖြစ်ပြီး ယူရို ၂၀၂၈ ပြိုင်ပွဲအထိ အသင်းကို ဦးဆောင်လာဖို့ ရှိပါတယ်။
အင်္ဂလန်ဟာ ဗုဒ္ဓဟူးနေ့ညတုန်းက အာဂျင်တီးနားကို ၂-၁ ဖြင့် ရှုံးနိမ့်ကာ ၁၉၆၆ ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံးဗိုလ်လုပွဲသို့ တက်ရောက်ရေး အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။
သောမတ်စ်တူချယ်ဟာ အာဂျင်တီးနားအား ၁-၀ ဂိုးဖြင့် ဦးဆောင်နေချိန်တွင် လူစားလဲလှယ်မှုများ ပြုလုပ်မှုအတွက် အပြင်းအထန်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပါတယ်။
ဒါပေမဲ့ အက်ဖ်အေအမှုဆောင်ချုပ်မတ်ဘူလ်လင်ဂမ်က တူချယ်အား အပြည့်အဝ ထောက်ခံအားပေးနေဆဲ ဖြစ်ပါတယ်။
ဂျာမန်လူမျိုးနည်းပြဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ၁၈ လစာချုပ်ဖြင့် ကမ္ဘာ့ဖလားအပြီးအထိ ကိုင်တွယ်ရန် ခန့်အပ်ခြင်းခံခဲ့ရပေမဲ့ ဖေဖော်ဝါရီလတုန်းကမှ ၂ နှစ်သက်တမ်းတိုး ချုပ်ဆိုခဲ့တာပါ။
ယူရို ၂၀၂၈ ပြိုင်ပွဲကို အင်္ဂလန်က ဝေးလ်၊ စကော့တလန်၊ အိုင်ယာလန်တို့နှင့် ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပလာမှာ ဖြစ်ပြီး အက်ဖ်အေဘက်က တူချယ်ကို ယူရိုဖလား ရယူနိုင်အောင် ဦးဆောင်နိုင်မဲ့သူအဖြစ် ယုံကြည်နေဆဲ ဖြစ်ပါတယ်။
အင်္ဂလန်ဟာ စနေနေ့တွင် ကြေးတံဆိပ်ဆုအတွက် ပြင်သစ်နှင့် ရင်ဆိုင်ရပါမယ်။ တကယ်လို့များ အင်္ဂလန်တို့ အနိုင်ရရှိလာပါက ၁၉၆၆ ကမ္ဘာ့ဖလားနောက်ပိုင်း အကောင်းဆုံးကမ္ဘာ့ဖလားစွမ်းဆောင်နိုင်မှု ပိုင်ဆိုင်လာပါမယ်။
တဖက်တွင် အင်္ဂလန်ဘွတ်ကီဒိင်များက အင်္ဂလန်နည်းပြသစ်အဖြစ်လာမဲ့သူအဖြစ် မန်စီးတီးနည်းပြဟောင်းပက်ဂွါဒီယိုလာအား ရေပန်းအစားဆုံးအဖြစ် တစ်ပေးနေကြပါတယ်။
ဂွါဒီယိုလာဟာ မန်စီးတီးအသင်းကို ၁၀ နှစ်ကြာ ကိုင်တွယ်ပြီးနောက် ပြီးခဲ့တဲ့ ရာသီအကုန်တွင် အီတီဟတ်မှ ထွက်ခွာလာခဲ့ပါတယ်။
16/07/2026
■ ပြင်သစ်နဲ့ အာဆင်နယ်နောက်ခံလူ ဆာလီဘာ ငါးလခန့် အနားယူရဖွယ်ရှိနေ
အာဆင်နယ်အသင်းက ပြင်သစ်လက်ရွေးစင်နောက်ခံလူ ဆာလီဘာဟာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ကျောဒဏ်ရာရခဲ့လို့ ငါးလခန့် အနားယူရဖွယ် ရှိနေပါတယ်။
ဆာလီဘာဟာ စပိန်အသင်းကို ဝ-၂ ဂိုးနဲ့ ရှုံးနေချိန် မိမိကွင်းဘက်ခြမ်းမှာ ဘောလုံးနဲ့အတူ ပြေးနေရင်းနဲ့ ကျောဒဏ်ရာ ရသွားတာဖြစ်တယ်။
ပြင်သစ်အားကစားမီဒီယာ L'Equipe က ဆာလီဘာရဲ့ဒဏ်ရာဟာ ခွဲစိတ်ကုသမှု လိုအပ်ပြီး ဒီဇင်ဘာလအထိ ဘောလုံးမကစားနိုင်လောက်ဘူးလို့ ဖော်ပြခဲ့ပါတယ်။
ဆာလီဘာဟာ ဒဏ်ရာရပြီးနောက် ''ကျွန်တော့်ကျောတော့ သွားပါပြီ''လို့ ညည်းတွားနေခဲ့ကြောင်း ယင်းသတင်းမှာ ရေးသားခဲ့ပါတယ်။
ယင်းပွဲမှာ ဆာလီဘာ ဘောလုံးဆက်မကစားနိုင်တော့လို့ အသင်းဖော် လာခရော့နဲ့ လူစားလဲခဲ့ရပါတယ်။
၎င်းက အုပ်စုအဆင့်မှာပဲ သူ့ကို ကျောဒဏ်ရာပြဿနာ ရှိနေတယ်လို့ ဝန်ခံထားခဲ့ပါတယ်။
ဆာလီဘာရဲ့ဒဏ်ရာရရှိမှုဟာ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံကာကွယ်မှု ခရီးအတွက် ကြီးမားတဲ့အဟန့်အတား ဖြစ်ခဲ့ရပါတယ်။
16/07/2026
၂၀၁၈ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်
အင်္ဂလန်အသင်းက ၁-၀ နဲ့ ခရိုအေးရှားကို ဦးဆောင်နိုင်ခဲ့တယ် ။ ဒါပေမယ့် အနိုင်ဂိုးကို ထိန်းမထားနိုင်ဘဲ ချေပဂိုးနဲ့ အနိုင်ဂိုးတွေပြန်ပေးခဲ့ရတယ် ။
၂၀၂၆ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်
အင်္ဂလန်အသင်းက ၁-၀ နဲ့ အာဂျင်တီးနားကို ဦးဆောင်နိုင်ခဲ့တယ် ။ ဒါပေမယ့် အနိုင်ဂိုးကို ထိန်းမထားနိုင်ဘဲ ချေပဂိုးနဲ့ အနိုင်ဂိုးတွေပြန်ပေးခဲ့ရပြန်ပါတယ် ။
၁ ဂိုးအသာရနေရုံနဲ့ နောက်တဆင့်တက်ဖို့ ( အထူးသဖြင့် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်အဆင့်လို ပွဲမျိုးမှာ ) မလုံလောက်နိုင်သေးတာကို အင်္ဂလန်တို့ အခုထိသင်ခန်းစားမယူနိုင်သေးဘူးလို့ပဲဆိုရမှာပါ ။
16/07/2026
■ ဖောက်ကလန်စာတန်း ကိုင်ဆောင်အောင်ပွဲခံခဲ့တဲ့ အာဂျင်တီးနားအသင်း အရေးယူခံရဖွယ်ရှိ
အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲ တက်ရောက်ပြီးနောက် ဖောက်ကလန်ကျွန်းအမည်ပါစာတန်းကို ကိုင်ဆောင်အောင်ပွဲခံခဲ့လို့ အရေးယူခံရနိုင်ခြေ ရှိပါတယ်။
အာဂျင်တီးနားအနေနဲ့ "Las Malvinas son Argentinas (The Falklands are Argentine)"လို့ ရေးထားတဲ့စာတန်းကို ကိုင်ဆောင်ခဲ့ကြတာဖြစ်တယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ဟာ ဘောလုံးပွဲတွေမှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ လှုံ့ဆော်မှုတွေမှာ တားမြစ်ပိတ်ပင်ထားတာပါ။
အာဂျင်တီးနားအဖို့ အခုလုပ်ရပ်အတွက် ဒဏ်ငွေ တပ်ရိုက်ခံရဖွယ်ရှိနေပါတယ်။
ဖောက်ကလန်ကျွန်းဟာ အတ္တလန္တိတ်သမုဒ္ဒရာ အနောက်တောင်ပိုင်းက ဗြိတိန်ပိုင်ကျွန်းစုဖြစ်ပါတယ်။
ဒါပေမဲ့ အာဂျင်တီးနားအရှေ့ဘက်ကမ်းရိုးတန်းနဲ့ မိုင် ၃၀၀ သာကွာဝေးပြီး ကျွန်းပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ အငြင်းပွားခဲ့ကာ နှစ်နိုင်ငံအကြား ၁၉၈၂ ခုနှစ် ဧပြီလက ဇွန်လအထိ စစ်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဒီစစ်ပွဲမှာ အာဂျင်တီးနားစစ်သား ၆၅၅ ဦး၊ ဗြိတိန်စစ်သား ၂၅၅ ဦးနဲ့ ကျွန်းပေါ်နေ ဒေသခံ သုံးဦး သေဆုံးခဲ့ရပါတယ်။
၂၀၁၄ ခုနှစ်ကလည်း အာဂျင်တီးနားအသင်းက ဆလိုဗေးနီးယားနဲ့ ခြေစမ်းပွဲမှာ အလားတူ အဓိပ္ပာယ်ရတဲ့စာတန်း ကိုင်ဆောင်ခဲ့လို့ ဒဏ်ငွေ ပေါင် ၂၀၀၀၀ တပ်ရိုက်ခံခဲ့ရပါတယ်။
16/07/2026
■ အနာဂတ်နဲ့ပတ်သက်ပြီး ဘာမှမပြောနိုင်သေးကြောင်း ဟာရီကိန်း ဖွင့်ဟ
အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟာရီကိန်းက လက်ရွေးစင်အသင်းအနာဂတ်နဲ့ပတ်သက်ပြီး ဘာမှမပြောနိုင်သေးကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဆီမီးဖိုင်နယ်ရှုံးပွဲအပြီး အခုကမ္ဘာ့ဖလားက သူ့ရဲ့နောက်ဆုံးပြိုင်ပွဲလားလို့ မေးမြန်းမှုကို ဟာရီကိန်းက အခုလို တုံ့ပြန်ခဲ့ပါတယ်။
''ဒါက ပြောဖို့ စောလွန်းနေပါတယ်။ တစ်နှစ်ပြီးတစ်နှစ် အချိန်ယူရမယ်။ အင်္ဂလန်အသင်းအတွက် ကစားရတာကို ဘယ်လိုစုံမက်သလဲဆိုတာ တွေ့မှာပါ။ ဒါပေမဲ့ တကယ်တော့ လေးနှစ်ဆိုတာ အချိန်အတော်ကြာပါတယ်။ အဲဒီနောက်
မက်ဆီလိုကစားသမားမျိုးက အသက်ကြီးနေပေမဲ့ အမြင့်ဆုံးစွမ်းဆောင်ရည် ပြသနေတာ တွေ့မှာပါ။ အရိုးသားဆုံးပြောရရင် ကျွန်တော် မသိသေးပါဘူး''လို့ ဟာရီကိန်းက ပြောခဲ့ပါတယ်။
ဟာရီကိန်းအဖို့ အခုပွဲဟာ သူ့ရဲ့နိုင်ငံတကာပွဲ ၁၂၁ ပွဲမြောက်ဖြစ်ပြီး ဝိန်းရွန်နီကို တစ်ပွဲအသာနဲ့ ကျော်ဖြတ်ကာ ဒုတိယအများဆုံး ဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင် အင်္ဂလန်အသင်းအတွက် ပွဲအများဆုံးကစားထားတဲ့ ဂန္ထဝင်ဂိုးသမား ပီတာရှယ်လ်တန်ရဲ့ ၁၂၅ ပွဲကို လိုက်မီဖို့ လေးပွဲသာ လိုပါတော့တယ်။
''ကျွန်တော့်အနေနဲ့ တနုံ့နုံ့ဖြစ်ရပါတယ်။ အသင်းဖော်တွေ၊ အသင်းဝန်ထမ်းတွေ၊ ပရိသတ်တွေအားလုံးနဲ့ ဒီလိုပဲ ခံစားရပါလိမ့်မယ်။ ပွဲရဲ့အစိတ်အပိုင်းကြီးကြီးမားမားကို ကျွန်တော်တို့ ပွဲကောင်းတစ်ပွဲ ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့
၁-၀ ဂိုးနဲ့ ဦးဆောင်ချိန်မှာ ပွဲကိုထိန်းချုပ်ဖို့ ကြိုးစားခဲ့တာက ဒီအဆင့်မှာ မလုံလောက်ခဲ့ပါဘူး''လို့ ဟာရီကိန်းက ပြောခဲ့ပါတယ်။
15/07/2026
ကမ္ဘာ့ဖလားတွင် ရရှိခဲ့တဲ့ ဒူးဒဏ်ရာအား ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရပြီးနောက် ယူနိုက်တက်စတား အူဂတ် ဘယ်လောက် အနားယူလာရမလဲ?
====================
မန်ချက်စတာယူနိုက်တက်အလယ်တန်းကစားသမားမန်နူရယ်အူဂတ်တီဟာ ဒူးဒဏ်ရာအား ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရပြီးနောက် အနည်းဆုံး ၉ လကြာ အနားယူလာရတော့မှာ ဖြစ်ပါတယ်။
အသက် ၂၅ နှစ်ရှိ ဥရုဂွေးကွင်းလယ်ကစားသမားဟာ စပိန်အား ရှုံးနိမ့်တဲ့ ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲစဉ်တွင် ဒူးအရွတ်ဒဏ်ရာရရှိကာ ကွင်းအတွင်းမှ လူနာတင်ထမ်းစင်ဖြင့် ထွက်ခွာခဲ့ရပါတယ်။
အူဂတ်တီဟာ ဥရုဂွေးရဲ့ ကမ္ဘာ့ဖလားပွဲ ၃ ပွဲလုံး ပွဲထွက်ကစားခဲ့သူ ဖြစ်ပြီး စပိန်နှင့်ပွဲရဲ့ ပထမပိုင်းတွင် ပီဒရိုအား ဖျက်ထုတ်ရန် ကြိုးပမ်းစဉ် ဒူးဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
အူဂတ်တီရဲ့ ဒူးဒဏ်ရာမှာ ဒူးအရွတ်ဒဏ်ရာဖြစ်ရာ အနည်းဆုံး ၉ လမှ ၁၂ လအထိ အနားယူလာရမှာ ဖြစ်ပြီး လာမဲ့ ၂၀၂၆-၂၇ ရာသီတွင် ယူနိုက်တက်အတွက် ကစားလာနိုင်တော့မှာ မဟုတ်တော့ပါဘူး။
ဖီဖာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒဏ်ရာရရှိခဲ့တဲ့ အူဂတ်တီရဲ့ လုပ်ခအား ယူနိုက်တက်ထံ နစ်နာကြေးပေးလာပါမယ်။ အူဂတ်တီဟာ ယူနိုက်တက်မှာ တစ်ပတ်လုပ်ခ ပေါင် ၁၂၀၀၀၀ ရရှိနေတယ်လို့ ယုံကြည်ရပါတယ်။
ဖီဖာဟာ အူဂတ်တီသာ တစ်နှစ်နားရလျှင် တစ်နှစ်လုပ်ခ ပေါင် ၅.၆ သန်းကို ပေးလာမယ်ဆိုပေမဲ့လည်း အပိုဆုကြေးကိုမူ ပေးလာမှာ မဟုတ်ပါဘူး။
အူဂတ်တီဟာ ၉ လကြာ အနားယူလာရမည်ဆိုပါက ယူနိုက်တက်အနေဖြင့် ၂၄၄ ရက်အတွက် စုစုပေါင်း ပေါင် ၃.၂၉ သန်း ရရှိလာပါမယ်။
ယူနိုက်တက်ဟာ ပီအက်စ်ဂျီမှ ပေါင်သန်း ၅၀ ဖြင့် ပြောင်းလာပြီးနောက် ၂ ရာသီဆက် ရုန်းကန်လာခဲ့ရတဲ့ အူဂတ်တီကို ယခုနွေတွင် ရောင်းချရန် မျှော်မှန်းထားခဲ့တာ ဖြစ်ပြီး ယခုအခါ ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာရေးကိုသာ ထောက်ပံ့ပေးလာရတော့မှာ ဖြစ်ပါတယ်။
အူဂတ်တီဟာ ပြီးခဲ့တဲ့ရာသီတုန်းက ယူနိုက်တက်အတွက် ၂၄ ပွဲတည်းသာ ကစားခွင့်ရခဲ့ရာမှာ ၁၀ ပွဲတည်းသာ ပွဲထွက်ခွင့်ရခဲ့ပြီး ရာသီသိမ်းပွဲ ၆ ပွဲလုံး ကစားခွင့်မရခဲ့ပါဘူး။
ယူနိုက်တက်ဟာ ယခုနွေရာသီတွင် ကွင်းလယ်ပိုင်းကို အားဖြည့်တဲ့အနေဖြင့် ချဲလ်ဆီးမှ အင်ဒရေဆန်းတို့စ်ကို ပေါင်သန်း ၅၀ ဖြင့်လည်းကောင်း၊ ဗီလာမှ ယူရီတီလီမန်းစ်ကို ပေါင် ၃၅သန်းဖြင့်လည်းကောင်း ခေါ်ယူထားပြီး ဖြစ်ပါတယ်။
15/07/2026
ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားနဲ့ ဆုံတွေ့ပြီး မက်ဆီနဲ့ ဂျာစီချင်းလဲလိုကြောင်း ယမားလ် ပြောကြား
စပိန်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ယမားလ်က ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်းနဲ့ ဆုံတွေ့လိုကြောင်း နဲ့ မက်ဆီနဲ့ ဂျာစီချင်းလဲလိုကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒီလိုပြောကြားမှုကို ယမားလ်က စပိန်သတင်းစာ Mundo Deportivo နဲ့ ပြုလုပ်တဲ့ အင်တာဗျူးအစီအစဉ်မှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကတည်းက ပြောကြားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
စပိန်အသင်း ဗိုလ်လုပွဲရောက်ရင် ဘယ်အသင်းနဲ့ ဆုံတွေ့ချင်သလဲလို့ မေးမြန်းမှုကို ယမားလ်က အာဂျင်တီးနားလို့ ဖြေခဲ့တာဖြစ်ပြီး ဘယ်သူနဲ့ ဂျာစီချင်းလဲချင်သလဲလို့ မေးမြန်းမှုကို မက်ဆီနဲ့လို့ ဖြေခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာ စပိန်အသင်းက ယမားလ် မျှော်လင့်ခဲ့တဲ့အတိုင်း ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး အင်္ဂလန် - အာဂျင်တီးနားပွဲက အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ကစားရတော့မှာပါ။
မက်ဆီက ဘာစီလိုနာအသင်းရဲ့ ဂန္ထဝင်ကစားသမားဖြစ်သလို၊ ယမားလ်က လက်ရှိဘာစီလိုနာအသင်းရဲ့ ကြယ်ပွင့်ကစားသမားဖြစ်ပြီး သူတို့နှစ်ဦးက ယမားလ်ကလေးအရွယ်ကတည်းက ဆက်နွှယ်မှုရှိခဲ့ကြောင်းလည်း သိရပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်က ရန်ပုံငွေပြက္ခဒိန်အတွက် ဓာတ်ပုံရိုက်ကူးရာမှာ အသက်(၂၀)အရွယ် မက်ဆီက အသက်(၅)လသာရှိသေးတဲ့ ယမားလ်ကို ရေချိုးပေးနေတဲ့ပုံ ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။