05/03/2026
📢 We Are Hiring – Gym Trainer
✅Fitness ကိုစိတ်ဝင်စားပြီး လူတွေကို Healthy Lifestyle ရအောင် ကူညီပေးချင်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း 📣
Position – Assistant Gym Trainer (2posts)
✅လိုအပ်ချက်များ
•အသက် ၂၀မှ ၃၅အတွင်း
• Gym Trainer အတွေ့အကြုံရှိရမည်(မှတ်ချက်-Gymဆော့သက်ကြာပြီး trainer မလုပ်ဘူးလဲ သင်ပေးမည်)
• Group Fitness Class (Cardio / Functional Training) ပြနိုင်သူများ ဦးစားပေးမည်။
• Group Class မပြတတ်ပါက Training ပေးမည်။
• Members များကို Friendly & Motivating ဖြစ်စွာ train ပေးနိုင်ရမည်
• Fitness အပေါ် စိတ်အားထက်သန်မှုရှိရမည်။
• Teamwork ကောင်းမွန်ရမည်။
•အလုပ်ခွင် အလုပ်စည်းကမ်းကိုလိုက်နာနိုင်ရမည်။
⛔(အလုပ်ခဏ ခဏ ပျက်တတ်သူများ / အလုပ်ချိန်မမှန်သူ/အလုပ်မလေးစားသူများလာလျောက်ရန်မလို)⛔
🚨(15.3.26ရက်နေ့နောက်ဆုံးထားလျောက်ရန်)🚨
📩 စိတ်ဝင်စားသူများ Viber မှတဆင့်CV ပေးပို့နိုင်ပါသည်။
📞 Contact – 09-7939 70067
08/02/2026
မန္တလေးမြို့ရှိ group fitness class တွေကြိုက်နှစ်သက်တဲ့ fans များအတွက် Les Mills BodyCombat နဲ့ Dance Fitness programs တွေအားပါးတရ ပါဝင်ဆင်နွှဲနိုင်ဖို့အတွက် The Epic Class: Mandalay Edition ပွဲကြီးလာပါပြီ။ The Epic Class ဆိုတဲ့ အတိုင်း ပုံမှန် join ဖူးနေကျclass တွေနဲ့ လုံးဝမတူညီတဲ့ အမိုက်စား experience တွေပေးချင်တဲ့အတွက်ဒီပွဲကြီးကို အထူးစီစဉ်ပေးထားပါတယ်။🚀
မန္တလေးမြို့ရဲ့ အထင်ကရ ခန်းမကြီးဖြစ်တဲ့ The Ceremon မှာခုလာမယ့် ၁၃ ရက် ဖေဖော်ဝါရီလ (သောကြာနေ့)မှာ နေ့လည် ၃ နာရီမှ ညနေ ၆ နာရီအထိကျင်းပပေးသွားမှာပါ။💪🏻
Level Up with Thet Pai ရဲ့ ဦးဆောင်မှုနဲ့အတူ stage design, lighting နဲ့ sound system များကိုအခမ်းနားဆုံးစနစ်တကျစီစဉ်ထားပြီး သေချာစိစစ်ရွေးချယ်ထားတဲ့ certified instructor team မှစင်ပေါ်ကနေသင်ပြပေးသွားမှာမို့ အမိုက်စားexperience တွေကို လက်လွတ်မခံချင်တဲ့ fansတွေအတွက် join ကို join သင့်တဲ့ပွဲကြီးတစ်ခုဖြစ်ပါတယ်။ 🌟
လက်မှတ်တွေကို main sponsor and exclusive ticketing partner ဖြစ်တဲ့ AYA Pay မှာလွယ်ကူချောမွေ့စွာ ဝယ်လို့ရပြီနော်။ လက်မှတ်တစ်စောင်ကို ကျပ် (၂၅၀၀၀) နှုန်းထားသတ်မှတ်ထားပြီး လက်မှတ်အစောင်ရေ အကန့်အသတ်လဲရှိတော့ အမြန်ဆုံးဝယ်ထားဖို့တော့လိုမယ်နော်။⚡️
AYA Pay မှ The Epic Class: Mandalay Edition Ticket ဝယ်ယူပုံအဆင့်ဆင့်။
↗️အဆင့်၁- AYA Pay Home Screen မှာရှိတဲ့ Pay Bills ကိုနှိပ်ပါ။
↗️အဆင့် ၂- Events ထဲမှာ The Epic Class Ticket ကိုရွေးပါ။
↗️အဆင့် ၃- လိုအပ်တဲ့ အချက်အလက်တွေကိုဖြည့်သွင်းပြီး ဝယ်ယူနိုင်ပါတယ်။
↗️လက်မှတ် QR Code Link ကိုမက်ဆေ့ချ်မှတဆင့် လက်ခံရရှိပါမည်။ QR code ကို screenshot ဓာတ်ပုံရိုက်ယူထားပြီး ပွဲလာတဲ့နေ့မှာပြသပြီး wristband နှင့်လဲလှယ်ပြီး join နိုင်ပါတယ်။
ဒီပွဲရဲ့ အဓိကအစီအစဉ်တွေဖြစ်တဲ့ Level Up with Thet Pai ရဲ့ ဦးဆောင်မယ့် BodyCombat session နဲ့ Payton Fitness ကဦးစီးမယ့် Dance Fitness တွေအပြင် sponsors များ၊ supporting partners များကလဲ အထူးအစီအစဉ်များနဲ့ စည်စည်ကားကားလာရောက်ပါဝင်ဆင်နွှဲသွားမှာဖြစ်လို့အားလုံးလာရောက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။
13/12/2025
ည ၇-၈ အတန်းက အချောလေးများ🥰
13/12/2025
ညနေ ၄-၅ အတန်းက ချစ်စရာလေးများ🥰🥰
13/12/2025
မနက် ၁၀-၁၁အတန်းက အချောလေးများရဲ့
Christmas ဓာတ်ပုံအမှတ်တရလေး🎄🎅
04/12/2025
#အဆီကျဖို့အတွက်🤗
၁။ ရည်မှန်းချက်ချမှတ်ပါ (SMART Goals)
· S (Specific) - ရှင်းရှင်းလင်းလင်းသတ်မှတ်ပါ (ဥပမာ - ၃ လအတွင်း ၅ ကီလိုကျဖို့)
· M (Measurable) - တိုင်းတာနိုင်တဲ့ ရည်မှန်းချက်ဖြစ်ပါစေ။
· A (Achievable) - ကိုယ်လုပ်နိုင်တဲ့ ရည်မှန်းချက်ဖြစ်ပါစေ။
· R (Relevant) - ကိုယ့်အတွက် အဓိပ္ပာယ်ရှိပါစေ။
· T (Time-bound) - အချိန်ကာလသတ်မှတ်ထားပါ။
၂။ Balance diet
✅Calorie Deficit ဖြစ်အောင်လုပ်ပါ - ကိုယ်သုံးစွဲတာထက် အနည်းငယ်လျှော့စားပါ။ တစ်ရက်ကို ၅၀၀ ကယ်လိုရီခန့် လျှော့စားခြင်းက အဆင်ပြေပါတယ်။
·✅ပရိုတင်းဓာတ် များများစားပါ - ကြက်ရင်ပုံ၊ ငါး၊ ဥအမျိုးမျိုး၊ တို့ဟူး၊ ပဲအမျိုးမျိုးတို့ကို စားပေးပါ။ ပရိုတင်းက ဗိုက်ပြည့်ချင်စိတ်ကိုရှိစေပြီး ကြွက်သားဆုံးရှုံးမှုကိုကာကွယ်ပေးတယ်။
· ✅Good Fat စားပါ - ထောပတ်သီး၊ အခွံမာသီး၊ သံလွင်ဆီ၊ ဆယ်လ်မွန်ငါး good fat တွေကို စားပေးပါ။
✅ကာဗိုဟိုက်ဒရိတ် - ဆန်လုံးညို၊ oats၊ ပေါင်မုန့်ကြမ်း၊ ကန်စွန်းဥ စတာတွေကို ရွေးစားပါ။
✅process food တွေ သကြားနဲ့ ပြုပြင်ထားတဲ့ အစားအစာတွေကို ရှောင်ပါ - ဆိုဒါ၊ အချိုရည်၊ ခေါက်ဆွဲခြောက်၊ကိတ်မုန့်၊ ဘီစကစ်တွေကို ရှောင်ပါ။
✅အသီးအရွက် များများစား- အမျှင်ဓာတ်နဲ့ ဗီတာမင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ အသီးအရွက်တွေကို များများစားပေးပါ။
✅ရေများများသောက်ပါ - တစ်နေ့ကို ရေ 2လီတာကနေ 4လီတာအထိ သောက်ပေးပါ။
၃။ Exercise
✅Cardio လေ့ကျင့်ခန်း - အဆီကျဖို့အတွက် အထိရောက်ဆုံးပါ။
✅· Strength Training ကြွက်သားအတွက်
· တစ်ပတ်ကို ၂-၃ ရက်ကစားပါ။( upper body / lower body strength)
· ကြွက်သားတည်ဆောက်ခြင်းက ဇီဝကမ္မဖြစ်စဉ်ကို မြန်စေပြီး ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းစေပါတယ်။
၄။ Lifestyle Changes
·✅အိပ်ရေးဝအောင်အိပ်ပါ - ညအိပ်ယာဝင်ဖုန်းအသုံးလျော့ တစ်ညကို 6-8နာရီအိပ်စက်ပါ။ အိပ်ရေးမဝရင် ဟော်မုန်းမညီမျှပဲ အဆီတွေပိုစုစေနိုင်တယ်။
·✅စိတ်ဖိစီးမှုကိုလျှော့ချပါ - စိတ်ဖိစီးမှုများရင် Cortisol ဟော်မုန်းများပြီး ဗိုက်အဆီစုတတ်တယ်။
✅Alcohol လျှော့သောက်- အရက်/ဘီယာကလည်း ကယ်လိုရီမြင့်မားစွာပါဝင်ပါတယ်။
Note
· တစ်ပြိုင်နက်တည်းမှာ အရာအားလုံးကို ကြီးကြီးမားမားမပြောင်းလဲပါနဲ့။ တဖြည်းဖြည်းချင်းစပါ။
· ကိုယ်နေ့စဉ်စားနေတဲ့ အစားအစာတွေကို မှတ်တမ်းတင်ပါ (Food Diary)
· တစ်ပတ်ကို ၁ ကြိမ်ခန့် ကိုယ်အလေးချိန်တိုင်းပါ (မနက်အိပ်ရာထ) နေ့တိုင်းတိုင်းစရာမလို😅😅
✅Non Exercise Activities Thermogenesis (NEAT)
လေ့ကျင့်ခန်းမဟုတ်တဲ့ အိမ်အလုပ်တွေကို အိမ်မှာနေစဉ်လုပ်ပါ
✅ကိုယ်လက်လှုပ်ရှားမှုလုပ်ရတာနဲ့ ကျန်းမာစွာစားသောက်ရတာကို နှစ်သက်အောင်လုပ်ပါ။
သတိပြုရန် - အလွန်အမင်းဆာလောင်နေအောင်မခံပါနဲ့။ ကယ်လိုရီအရမ်းနည်းတဲ့ Diet တွေက ကြာရင် ဇီဝကမ္မဖြစ်စဉ်ကိုနှေးစေပြီး ကျန်းမာရေးထိခိုက်နိုင်ပါတယ်။Balance diet ဖြစ်အောင်စားပါ။
ရလဒ်က ချက်ချင်းမပေါ်ပေမယ့် တဖြည်းဖြည်းချင်း သိသာလာပါလိမ့်မယ်ခင်ဗျာ🤗🤗🤗