24/08/2026
🏆 U-25 FUTSAL CHAMPIONSHIP 2026
U-25 FUTSAL CHAMPIONSHIP 2026 ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အသင်းများအား Group (A) မှ Group (D) အထိ အုပ်စုခွဲသတ်မှတ်ပြီးစီးကြောင်း အသိပေးအပ်ပါသည်။
📋 Group Allocation
အသင်းများ၏ အုပ်စုဖွဲ့စည်းပုံကို ပူးတွဲဖော်ပြပါ Graphic တွင် ကြည့်ရှုနိုင်ပါသည်။
📅 Match Schedule Update
အုပ်စုအလိုက် ယှဉ်ပြိုင်ရမည့် ပွဲစဉ်၊ ရက်စွဲနှင့် ပွဲစတင်ချိန်များ ကို ပြိုင်ပွဲကျင်းပရေးကော်မတီမှ အတည်ပြုသတ်မှတ်ပြီးပါက Official Page မှတစ်ဆင့် အချိန်နှင့်တပြေးညီ ထပ်မံအသိပေးကြေညာပေးသွားမည် ဖြစ်ပါသည်။
ထို့ကြောင့် ပြိုင်ပွဲဝင်အသင်းများနှင့် ဘောလုံးအားကစားဝါသနာရှင်များအနေဖြင့် Official Page ၏ နောက်ဆုံးရသတင်းနှင့် ကြေညာချက်များကို စောင့်ကြည့်ပေးကြပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အားပေးကူညီပေးကြသော အသင်းများ၊ ကစားသမားများ၊ နည်းပြများနှင့် ပရိသတ်များအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
⚽️ Let the Games Begin. 🏆
#မူဆယ်ခရိုင်ဘောလုံးကစားဝါသနာရှင်များ
22/08/2026
📢 အသိပေးကြေညာချက် 📢
⚽️ ၂၀၂၆ -ခုနှစ် ၊ မူဆယ်ခရိုင် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား
အသက် (၁၈) နှစ်အောက် (အမျိုးသား) ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ
ပွဲစဉ်များကို အစဉ်တစိုက် အားပေးကြည့်ရှုနေကြသော ကျောင်းသား၊ ကျောင်းသူများ၏ မိဘများ၊ ပြည်သူများနှင့် အားကစားဝါသနာရှင် ပရိသတ်များအားလုံး သိရှိနိုင်စေရန် အောက်ပါအတိုင်း အသိပေးအပ်ပါသည်။
📌 ပွဲစဉ် (အမှတ် - ၆) ဖြစ်သည့် ၂၃-၀၈-၂၀၂၆ ရက်နေ့မှစတင်၍ ယခင်ကြေညာထားခဲ့သော ပွဲစဉ်အချိန်ဇယားများအား ပြောင်းလဲ၍ ကျင်းပသွားမည် ဖြစ်ပါသည်။
🕐 အချိန်ပြောင်းလဲမှု အဓိကအချက်
ယခင်က နေ့လည် (၀၁:၄၅) နာရီ တွင် ယှဉ်ပြိုင်ကစားရန် သတ်မှတ်ထားသော ပွဲစဉ်များကို—
➡️ အဆိုပါနေ့၏ မနက် (၀၈:၃၀) နာရီ တွင် ပြောင်းလဲ၍ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ပါသည်။
ထိုကြောင့် မိမိတိုအားပေးလိုသည့် အသင်းများ၏ ပွဲစဉ်များကို အချိန်မှန် သိရှိပြီး လာရောက်အားပေးနိုင်ရန် ပူးတွဲဖော်ပြထားသော ပြင်ဆင်ပြောင်းလဲထားသည့် ပွဲစဉ်အချိန်ဇယား အား သေချာစွာ ကြည့်ရှုစစ်ဆေးပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
📋 ပွဲစဉ်အချိန်ဇယားနှင့် ပတ်သက်၍
ပူးတွဲတင်ပြထားသည့် အချိန်ဇယားအတိုင်းသာ ပွဲစဉ်များကို ပြောင်းလဲကျင်းပသွားမည် ဖြစ်ပါသဖြင့် ယခင်ဖော်ပြထားသည့် အချိန်ဇယားများအပေါ် မူတည်၍ လာရောက်ခြင်းမပြုဘဲ နောက်ဆုံးပြင်ဆင်ထားသည့် အချိန်ဇယားကိုသာ အတည်ပြုကြည့်ရှုပေးကြပါရန် အသိပေးအပ်ပါသည်။
⚽️🔥 လူငယ်အားကစားသမားများ၏ ကြိုးစားအားထုတ်မှုကို အားပေးကြပါစို။
🏆 အားကစားစိတ်ဓာတ်၊ စည်းလုံးညီညွတ်မှုနှင့် အောင်မြင်မှုများဖြင့် ပြိုင်ပွဲကြီး ပိုမိုစည်ကားတောက်ပပါစေ။
📌 မှတ်ချက် — ပွဲစဉ် (အမှတ် - ၆)၊ ၂၃-၀၈-၂၀၂၆ ရက်နေ့မှစ၍ ယခင်နေ့လည် (၀၁:၄၅) နာရီ ပွဲစဉ်များကို မနက် (၀၈:၃၀) နာရီသို ပြောင်းလဲကျင်းပမည် ဖြစ်ပါသည်။
📲 ပူးတွဲပါ ပွဲစဉ်အချိန်ဇယားအား မျှဝေပေးခြင်းဖြင့် အားကစားဝါသနာရှင် မိတ်ဆွေများ၊ ကျောင်းသားမိဘများနှင့် ပရိသတ်များအားလုံး သိရှိနိုင်အောင် ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#၂၀၂၆အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား
ျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ
#ဘောလုံးပြိုင်ပွဲ
#ပွဲစဉ်ပြောင်းလဲခြင်း
#အားကစားဝါသနာရှင်များ
#ကျောင်းသားမိဘပြည်သူများ
#အားကစားကိုအားပေးကြပါစို
20/08/2026
ခရိုင်အားကစားနှင့်ကာယပညာကော်မတီ
ဉက္ကဌဖလား အသက်(၁၈)နှစ်အောက် ကျောင်းပေါင်းစုံ ဘောလုံပြိုင်ပွဲ တွင် အသုံးပြုသော Law of the game ကို ဘယ် version နဲ့ ကျင့်သုံးနေသလဲ သိပါသလား? သိချင်ပါသလား?
သိချင်ရင် ကစားပြီးသာ ကျောင်းက ကစားသမားနှင့် နည်းပြ များကို မေးနိုင်ပါတယ်၊
02/03/2026
AFF Futsal Championship 2026 ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်း အုပ်စု(က)တွင်ယှဉ်ပြိုင်ရမည်
--------------------------------
AFF Futsal Championship 2026 ပြိုင်ပွဲ၏ အုပ်စုမဲခွဲမှုကို မတ်လ ၁ ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့ရာ မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် အုပ်စု(က)တွင် ထိုင်း၊ ဗီယက်နမ်၊ အရှေ့တီမော အသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
AFF Futsal Championship 2026 ပြိုင်ပွဲ၏ အုပ်စု(ခ)တွင် အင်ဒိုနီးရှား၊ ဩစတြေးလျ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း အသင်းတို့ ပါဝင်နေခဲ့သည်။
AFF Futsal Championship 2026 ပြိုင်ပွဲကို ထိုင်းနိုင်ငံ Nonthaburiရှိ Nonthaburi Provincial Administrative Organization Gymnasium တွင် ဧပြီ ၅ ရက်မှ ၁၁ ရက် အထိကျင်းပသွားမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းမတ်လ ၁၃ ရက်နေ့မှ စတင်ပြီး စခန်းသွင်းလေ့ကျင့်မှုများကို ပြုလုပ်သွားမည် ဖြစ်သည်။
-D