12/03/2026
🎥🎥ဟောင်းပေမယ့်ကောင်းနေဆဲ ကမ္ဘာကျော်ဇာတ်ကားများ🎥
https://t.me/Cryp01234
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မြတ်မာစာတန်းထိုး ဇာတ်ကားများ, Mandale.
12/03/2026
🎥🎥ဟောင်းပေမယ့်ကောင်းနေဆဲ ကမ္ဘာကျော်ဇာတ်ကားများ🎥
https://t.me/Cryp01234
12/03/2026
Fury (2014)
IMDb (8.1/10)
၁၉၄၅ ခုနှစ်၊ ဧပြီလ။
ဒုတိယကမ္ဘာစစ် ဥရောပစစ်မြေပြင်။
အင်အားကြီးစစ်နိုင်ငံဖြစ်တဲ့
နာဇီ ဂျာမနီနိုင်ငံအား
အမေရိကန်မှ
နောက်ဆုံးထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အချိန်။
အမေရိကန်စစ်တပ် တပ်မဟာ ၆၆၊ တပ်ခွဲ ၂မှ တပ်ကြပ်ကြီး ကော်လီရာ ( Collier ) က ယင်းစစ်မြေပြင်မှာ
ဖျူရီ (fury) လို့ခေါ်တဲ့ တင့်ကားကို
ဦးဆောင်ကာ တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။
ဖျူရီက စစ်ပွဲ ရိုက်ကွင်းအပြင်အဆင်၊ သရုပ်ဆောင်တွေရဲ့ ပီပြင်မှုတွေကြောင့် ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုကို ခံရတဲ့ စစ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
👉👉👉ချန်နယ်ကိုအရင် Join ပါ။
https://t.me/plp17w
👉👉👉ကြည့်ရန်နှိပ်ပါ။
https://t.me/plp17w/14?single
20/10/2025
# # တောင်တန်းများ၏ အရှင်သခင်များထံသို့ အလည်တစ်ခေါက်- မြန်မာနိုင်ငံမှ နာဂတို့၏ လျှို့ဝှက်မြေ
မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်၊ အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မြင့်မားသည့် တောင်တန်းများပေါ်တွင်၊ မြူခိုးများကြား၌ ပျောက်ကွယ်နေသော ကမ္ဘာတစ်ခု ရှိပါသည်။ ထိုကမ္ဘာသည် ရှေးဟောင်းဒဏ္ဍာရီများ၊ ရဲရင့်သော စစ်သည်တော်များ၏ မျိုးဆက်များနှင့် ရာစုနှစ်များစွာ မပြောင်းလဲသေးသော ရိုးရာဓလေ့များဖြင့် အသက်ဝင်နေဆဲ နေရာတစ်ခုဖြစ်ပြီး၊ ၎င်းမှာ "နာဂ" လူမျိုးများ နေထိုင်ရာ နာဂတောင်တန်းဒေသပင် ဖြစ်ပါသည်။
နာဂလူမျိုးများအကြောင်း ခရီးသွားဆောင်းပါးတစ်ပုဒ် ရေးသားခြင်းသည် သာမန်နေရာတစ်ခုအကြောင်း ရေးသားခြင်းနှင့်မတူပါ။ ၎င်းသည် အချိန်စက်ယန္တရားကို နောက်ပြန်လှည့်ပြီး၊ ခေတ်သစ်ကမ္ဘာနှင့် အဆက်ပြတ်နေသလောက်နီးပါးရှိသော၊ မာန်မာနကြီးပြီး ဂုဏ်ယူဖွယ်ကောင်းသည့် လူမျိုးတစ်စု၏ နှလုံးသားထဲသို့ တိုးဝင်ကြည့်ရသည့် စွန့်စားခန်းခရီးစဉ်တစ်ခုအကြောင်း ရေးသားခြင်း ဖြစ်သည်။
# # # လည်ပတ်ရန် အကောင်းဆုံးအချိန်- နာဂရိုးရာ နှစ်သစ်ကူးပွဲတော်
နာဂမြေသို့ သွားရောက်လည်ပတ်ရန် အကောင်းဆုံးနှင့် အခွင့်အလမ်းအရှိဆုံး အချိန်မှာ နှစ်စဉ် ဇန်နဝါရီလလယ်ပိုင်းတွင် ကျင်းပလေ့ရှိသော သူတို့၏ ရိုးရာနှစ်သစ်ကူးပွဲတော် (Kain Bi) ကာလဖြစ်သည်။
ဤပွဲတော်သည် နာဂလူမျိုးများ၏ ယဉ်ကျေးမှု အနှစ်သာရကို တစ်နေရာတည်းတွင် အစုံလင်ဆုံး မြင်တွေ့ရမည့် အခွင့်အရေးကြီးတစ်ခုဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးရှိ လဟယ်၊ လေရှီး၊ နန်းယွန်း ကဲ့သို့သော နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် အလှည့်ကျ ကျင်းပလေ့ရှိပြီး၊ နာဂမျိုးနွယ်စုခွဲ အားလုံး စုံညီစွာ လာရောက်ကြပါသည်။
ပွဲတော်သို့ သင်ရောက်ရှိသွားပါက မြင်တွေ့ရမည့် မြင်ကွင်းမှာ အံ့မခန်းဖွယ်ရာ ဖြစ်ပါလိမ့်မည်။
* **ခမ်းနားသော ဝတ်စုံများ:** နာဂလူမျိုးများ၏ ရိုးရာဝတ်စုံများသည် သူတို့၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို ဖော်ပြနေသည်။ အောင်မြင်မှု၏ သင်္ကေတဖြစ်သော အောင်လံငှက်မွေး (Hornbill feathers) များ စိုက်ထူထားသော ဦးခေါင်းအဆင်တန်ဆာများ၊ တောဝက်အစွယ်များ၊ ပုတီးစေ့ရောင်စုံများနှင့် တိရစ္ဆာန်အရိုးများဖြင့် ပြုလုပ်ထားသော လည်ဆွဲများ၊ လက်ဝတ်ရတနာများမှာ မြင်တွေ့ရသူတိုင်းကို အံ့အားသင့်စေပါသည်။
* **ရိုးရာအကများနှင့် မီးပုံပွဲ:** ကြီးမားသော မီးပုံကြီးကို ဝန်းရံပြီး၊ ရိုးရာလက်နက်များဖြစ်သော လှံ၊ ဒိုင်းလွှားများကို ကိုင်ဆောင်ကာ၊ စစ်ရေးပြသကဲ့သို့ တက်ကြွသော ရိုးရာအကများကို တညီတညွတ်တည်း ကခုန်ကြပုံမှာ ခွန်အားနှင့် စည်းလုံးမှုကို ပြသနေပါသည်။ သူတို့၏ ဟစ်ကြွေးသံများနှင့် ဗုံသံများက တောင်တန်းဒေသတစ်ခုလုံးကို ပဲ့တင်ထပ်နေစေပါသည်။
* **ရိုးရာ ဓလေ့များ:** ပွဲတော်အတွင်း ရိုးရာ ခေါင်ရည်သောက်သုံးခြင်း၊ နွားနောက် (Mithun) ကဲ့သို့သော တိရစ္ဆာန်များဖြင့် ရိုးရာနတ်များအား ပူဇော်ပသခြင်းနှင့် ဧည့်သည်များကို ရင်းနှီးစွာ ကျွေးမွေးဧည့်ခံခြင်းတို့ကို တွေ့ကြုံရပါမည်။
# # # ပွဲတော်အလွန်မှ ဘဝများ
ပွဲတော်ကာလပြင်ပတွင် သွားရောက်လည်ပတ်ပါကလည်း နာဂလူမျိုးများ၏ နေ့စဉ်ဘဝကို ပိုမိုနီးကပ်စွာ လေ့လာခွင့်ရမည်ဖြစ်သည်။ သူတို့သည် အဓိကအားဖြင့် တောင်ယာစိုက်ပျိုးရေးကို လုပ်ကိုင်ကြပြီး၊ သဘာဝတရားနှင့် အလွန်နီးကပ်စွာ နေထိုင်ကြသည်။
သူတို့၏ ရိုးရာနေအိမ်များ တည်ဆောက်ပုံမှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ အထူးသဖြင့် မျိုးနွယ်စုခေါင်းဆောင် သို့မဟုတ် သူရဲကောင်းများ၏ နေအိမ်များတွင် တောရိုင်းတိရစ္ဆာန်များ၏ ဦးခေါင်းခွံများ၊ ချိုများကို ချိတ်ဆွဲထားခြင်းဖြင့် သူတို့၏ သတ္တိနှင့် အောင်မြင်မှုကို ပြသလေ့ရှိကြသည်။
ထို့အပြင် နာဂအမျိုးသမီးများ၏ ရိုးရာလက်ယက်ကန်းလုပ်ငန်းမှာလည်း ထင်ရှားပါသည်။ မျိုးနွယ်စုတစ်ခုနှင့်တစ်ခု မတူညီသော ဒီဇိုင်းများ၊ အရောင်များဖြင့် ရက်လုပ်ထားသော သူတို့၏ "သင်တိုင်း" (ခေါ်) ခြုံစောင်များသည် အလွန်လှပပြီး အမှတ်တရ ဝယ်ယူသင့်သော လက်ဆောင်ပစ္စည်းများ ဖြစ်ပါသည်။
# # # ခရီးသွားတစ်ဦးအတွက် အကြံပြုချက်များ
နာဂမြေသို့ ခရီးသွားခြင်းသည် ဇိမ်ခံခရီးစဉ်တစ်ခု မဟုတ်ဘဲ၊ စွန့်စားခန်းခရီးစဉ် (Adventure Trip) တစ်ခုဖြစ်ကြောင်း သတိပြုရပါမည်။
၁။ **ခရီးလမ်း:** နာဂဒေသသို့ သွားရောက်ရန် အဓိကဝင်ပေါက်မှာ ခန္တီးမြို့ (Hkamti) ဖြစ်သည်။ မန္တလေး သို့မဟုတ် ရန်ကုန်မှ ခန္တီးသို့ လေကြောင်းခရီးဖြင့် သွားရောက်ပြီး၊ ထိုမှတစ်ဆင့် လဟယ်၊ လေရှီးကဲ့သို့သော မြို့များသို့ Four-wheel drive ကားများဖြင့် ကြမ်းတမ်းသော တောင်ပေါ်မြေလမ်းများအတိုင်း နာရီပေါင်းများစွာ ဆက်လက်သွားရောက်ရပါမည်။
၂။ **ခွင့်ပြုချက်:** နာဂဒေသသည် အထူးဒေသတစ်ခုဖြစ်သောကြောင့် နိုင်ငံခြားသားခရီးသွားများရော၊ ပြည်တွင်းခရီးသွားများပါ သက်ဆိုင်ရာမှ ခွင့်ပြုချက် (Special Permit) ကြိုတင်ရယူရန် လိုအပ်လေ့ရှိပါသည်။
၃။ **တည်းခိုနေထိုင်မှု:** ဟိုတယ်ကြီးများ မရှိဘဲ၊ အခြေခံလိုအပ်ချက်များသာ ပြည့်စုံသော ရိုးရှင်းသည့် တည်းခိုခန်းများ (Guesthouses) တွင်သာ တည်းခိုရပါမည်။
၄။ **ရာသီဥတုနှင့် ပြင်ဆင်မှု:** အထူးသဖြင့် ပွဲတော်ကျင်းပချိန် ဇန်နဝါရီလသည် အလွန်အေးသော ဆောင်းရာသီဖြစ်သဖြင့် အနွေးထည်၊ ဆေးဝါးနှင့် တောင်တက်ဖိနပ် (Hiking shoes) ကောင်းကောင်း လိုအပ်ပါသည်။
# # # နိဂုံး
နာဂလူမျိုးများ၏ မြေသို့ အလည်အပတ်ရောက်ရှိခြင်းသည် သင့်အား မမေ့နိုင်သော အတွေ့အကြုံသစ်များကို ပေးစွမ်းပါလိမ့်မည်။ ၎င်းသည် ခေတ်မီနည်းပညာများ၊ အင်တာနက်များ မရှိသေးသော၊ လူသားနှင့် သဘာဝတရားတို့ ထိတွေ့နေဆဲဖြစ်သော၊ ရိုးသားမှုနှင့် ခိုင်မာသော မျိုးရိုးဂုဏ်တို့ လွှမ်းခြုံထားသော နေရာတစ်ခုသို့ သွားရောက်ခြင်းဖြစ်သည်။
သူတို့၏ ယဉ်ကျေးမှုကို လေးစားပါ၊ သူတို့၏ ဖော်ရွေမှုကို တုံ့ပြန်ပါ၊ ထိုအခါ သင်သည် မြန်မာနိုင်ငံ၏ အစွန်အဖျားမှ "တောင်တန်းများ၏ အရှင်သခင်များ" ၏ စစ်မှန်သော နှလုံးသားကို မြင်တွေ့ခွင့်ရရှိမည် ဖြစ်ပါသည်။
19/10/2025
https://dd-fy4cd.blogspot.com/2025/10/blog-post_19.html
"ဇစ်မြစ်" "ဆရာမောင်ထွန်းသူ ဘာသာပြန်ထားသည့် "ဇစ်မြစ်"ဝတ္ထု အမေရိကန် စာပေသမိုင်းမှာရော၊ ကမ္ဘာ့ယဉ်ကျေးမှုမှာပါ ကြီးမားတ...
17/11/2016
ပြည့်တန်ဆာဥဒါန်း
--------------------------
အရှက်နဲ့ သိက္ခာ...
ဒီလူ့ တန်ဆာကို ထုခွဲရောင်းချ
မေမေတို့ ဝမ်းဝပါစေ...
နွမ်းလျတဲ့ အနာဂါတ်ဟာ...
တမာရွက် လောက်ကိုမချို
မျက်ရည်မကျဘဲ ငိုဖို့ 
အလိုလို တတ်မြောက်ခဲ့တယ်....
ဥာဥ့်ငှက်တဲ့လား...
စတေးခံဘဝမှာ...
ခန္ဓာဟာရောင်းကုန်တစ်ခုလိုပဲ
သူတို့ ကဈေးစစ်ကြတယ်...
ရွေးခွင့်မရှိတဲ့လမ်း...
လေလည်းထန် ရေလည်းထန်...
ရေဆန်ကိုဖြတ် လေဆန်ကိုဖြတ်
မိဘကျေးဇူးကို
ခန္ဓာနဲ့ ဆပ်မယ်...
မောင်လေး ကျောင်းစရိတ်...
မေမေ့အိမ်စရိတ်...
မနာကျန်းသူ ဖေဖေ့ဆေးဖိုး...
ဘယ်ဘဝမျိုးနဲ့ ပဲဆပ်ဆပ်...
သေရင်တောင်ကျွန်မမြတ်တယ်...
ဒါပေမယ့်...
နှလုံးသားကတော့ကွဲအက်
ဒီခန္ဓာကို ချစ်ရသူဆီ ဘယ်လိုအပ်မလဲ...
မရှက်တတ်တဲ့ မိန်းမဟာလည်း
သိမ်မွေ့ စွာချစ်တတ်ပါတယ်...
တစ်ယောက်သောသူ ကိုသာ
နားလည်စေချင်ရဲ့...
ငွေမက်တဲ့ မိန်းမပျက်....
သူတို့ ကပ်တဲ့တံဆိပ်နဲ့ 
အဝတ်မပါဘဲ အိပ်ရတယ်ညတွေဟာ...
မိသားစုကို နွေးထွေးစေဖို့ ပါ...
တခြားဘာမှမလို...
အသွေးအသားတွေစိုထိုင်းဆမြင့်နေလည်း
မိသားစုကို လိုတိုင်းတ ရစေ့ချင်တယ်...
မိသားစုထက် ...
ဘယ်အရာက ပိုလိုအပ်လဲ...
မိန်းမတစ်ယောက်ရဲ့
အိနြေ္ဒနဲ့ သိက္ခာကို
နာကျင်စွာ ဖြဲဆုတ်...
အိမ်လေးကို မိုးလုံအောင်
ကျွန်မ ချုပ်မယ်...
နွေးထွေးစွာ အိပ်စက်ကြစေကွယ်...
လူထဲကလူမို့ ....
ကျွန်မလည်း အပျိုစင်ဖြစ်ချင်တယ်...
ငွေပုံပေးရင်တောင်မရဘူးဆိုတဲ့
အပျိုစင်ဘဝကို
ငွေအတွက် လဲပစ်တာတဲ့...
မရှိမဲ့ ရှိမဲ့ မာနငယ်နဲ့ 
ရဲရင့်စွာ ကျွန်မငြင်းဆိုတယ်...
အသွေးအသားကို လှုရင်း...
မိဘကို ရို့ ကျိုးပူဇော်လို့ 
ရှင်တော် ဗုဒ္ဓသာသိရင်...
သူ သာဓုခေါ်မိလိမ့်မယ်..
ကျွန်မယုံကြည်တယ်...
အလှပဆုံးမုသားတွေနဲ့ 
သမီး စက်ချုပ်ဖို့ ရန်ကုန်ပြန်ဦးမယ်...
မေမေ့ကို ကန်တော့ခဲ့ပါတယ်
ရှင်တော်ဗုဒ္ဓအပါးမှာ
သစ္စာစကားသာဆိုခွင့်ရရင်...
မေမေ့ကို ချစ်တယ်ဆိုတဲ့စကား...
မဟာပထဝီ မြေထုတိုင်
....
တည်ပါစေသား...
---
ရေးသူ…
13/11/2016
#တန်ဆောင်မုန်းလပြည့်ည၌ ... #ပစ္စည်းခိုးရခြင်းအကြောင်း(ကျီးမနိုးပွဲ)
******************************
လွန်လေပြီးသော ရှေးအခါက ယောက်ကျားသားများ ရှင်လိင်ပြန်ကြရ၀ယ် ဆေးမင်ကြောင်ထိုးသည့် ဓလေ့သည် အထင်အရှားရှိခဲ့၏။ရှင်ဘုရင်မှ အစချီကာ မင်းညီမင်းသား၊ မှူးမတ်သူကြွယ်၊ ကုန်သည်၊
လယ်လုပ် အစချီကာ သူရင်းငှားများစသော
လူယောက်ျားတို့သည် မှင်ထိုးကြလေသည်။
ယခုခေတ်ကဲ့သို့ ကြုံသလိုထိုးခြင်း မဟုတ်ချေ။
ဆေးမှင်ထိုးသည့်အခါ နက္ခတ်ကောင်း၊အခါကောင်း စောင့်ဆိုင်းကာ မှောင်ခန်းခေါ်မှင်ထိုးသည့်
အခန်းတွင် ကန်တော့ပွဲပေး၍ ထိုးရသည်။
ထိုသို့ ထိုးခဲ့ပြီးသော ယောက်ကျားတို့သည် တန်ဆောင်မုန်းညနက္ခတ်စုံချိန်တွင် ထိုးထားသည့် ကြောင်တက်ကြောင်ဆင်းဆေးအစောင့်တို့သည် တန်ခိုးပြသည်ဟုအယူရှိသောကြောင့်
အရှင်မသိသော ပစ္စည်းကိုခိုးယူကာ ခိုးကွင်း၌ ထားမြဲဖြစ်၏။
ထိုးကွင်းဆိုသည်မှာ ခိုးရာပါပစ္စည်းအား ဘယ်သူဘယ်ဝါ၏အိမ်မှ ပစ္စည်းဖြစ်ကြောင်း ခိုးကွင်းတွင် စာကပ်၍ ထားကြသည်။
ထိုသို့ခိုးရာတွင် အသက်ရှိသောအရာကို ခိုးယူနိုင်စွမ်းသောသူသည် လူစွမ်းကောင်းဖြစ်လေသည်။
ရှေးအခါက နွားများနှင့်လူအိပ်နေသော ကုတင်ကို လူမနိုးအောင် ထမ်း၍ခိုးကွင်း၌ လာထားကြသည်။ မနက်မိုးလင်းသောအခါ ပစ္စည်းရှင်များကသင်္ကန်းအစုံဖြင့် မိမိတို့ပစ္စည်းကို လာရွေးယူကြပြီး ကထိန်ပွဲကို ဆင်နွဲရသည်။
ပစ္စည်းခိုး၍ လူမိသောအခါတွင် ထိုသူကိုဖမ်း၍ ခိုးကွင်းတွင် ကတုံးတုံးကာ ပြာလူး၍ ထားကြသည်။ ကထိန်ပွဲတွင် ထိုခိုးသားကို ရွာသူကြီးက တရားသူကြီးလုပ်ကာ တရားဆိုင်ခန်းဖြင့်ဟာသလုပ်ကြပြီး ရဟန်းဝတ်စေမြဲဖြစ်သည်။
13/11/2016
13/11/2016
အိမ်နံပါတ်နှင့် သင့်ကံကြမ္မာ
~~~~~~~~~~~~~~~~~~
အိမ်နံပါတ်သည် အလွန်အရေးကြီး ၏။ နပိုလီယန်သည် အိမ်နံပါတ်တို့ သတ် မှတ်ပုံကို အလေးအနက် သုံးသပ်ကာ လမ်းတစ်ဖက်တစ်ချက်စီတွင် စုံဂဏန်း နှင့် မဂဏန်းသီးခြားစီသတ်မှတ်ရန် အမိန့် ထုတ်ခဲ့သည်။
အခြားကမ္ဘာ့့နိုင်ငံများကလည်း အဆိုပါ အိမ်နံပါတ်သတ်မှတ်မှုကို သဘော တွေ့ကာ လက်ခံသုံးစွဲခဲ့ကြသည်။
အိမ်နံပါတ်သည် လူတို့စိတ်နှလုံးချမ်း မြေ့စေရန်၊ သောကရတက်ပွေစေရန် လွှမ်းမိုးနိုင်စွမ်းရှိ၏။
သင်နှင့်တကွ အဆိုပါနေအိမ်တွင် နေထိုင်သူအားလုံးအပေါ် အိမ်နံပါတ် သည် မည်သို့သက်ရောက်မှုရှိသည်ဆိုခြင်း ကို သိလိုကြမည်သာ ဖြစ်သည်။
နေအိမ်တည်ရှိရာ လမ်းနံပါတ်၊ ရပ် ကွက်နံပါတ် အစရှိသည်တို့သည် သင်နှင့် သက်ဆိုင်ပါ၏။ သို့ရာတွင် တိုက်ရိုက်ဆက် စပ်မှု မရှိ၊ အိမ်နံပါတ်သည်သာ သင်၏ သီးသန့်ဖြစ်၏။ ကိုယ်ပိုင်ဖြစ်၏။ သက်ဆိုင် ၏။ နေအိမ်နံပါတ်နှင့် သင်၏ ကံကြမ်္မာကို ဆန်းစစ်ကြည့်မည်ဆိုပါက အောက်ပါ အတိုင်း တွက်ချက်ပါလေ။
ရှေးဦးစွာ အိမ်နံပါတ်အပြည့်အစုံကို ချရေးပါ။ ထို့နောက် တစ်လုံးတည်းရအောင် ပေါင်းပါ။
ဥပမာအားဖြင့် သင်သည် ဗိုလ်ချုပ် လမ်းပေါ်ရှိ အိမ်နံပါတ် (၂၃၈)တွင် နေထိုင်သည်ဆိုပါစို့။ ထိုဂဏန်းကို တစ်လုံး တည်းရအောင်ပေါင်းပါ။
၂+၃+၈=၁၃
အဆိုပါဂဏန်းကို တစ်လုံးတည်းရ အောင် ထပ်ပေါင်းပါ။
၁+၃=၄
ထို့ကြောင့် ဗိုလ်ချုပ်လမ်း၊ အိမ်နံပါတ် (၂၃၈)တွင် နေထိုင်သောသင်သည် ဗေဒင် အရ အိမ်နံပါတ် ၄ တွင် နေထိုင်သူဟု အဟောထွက်မည်ဖြစ်သည်။ လမ်းနာမည် နှင့် နံပါတ်တို့သည် လွှမ်းမိုးမှုတစ်ခုဖြစ် သော်လည်း ထည့်သွင်းတွက်ချက်ရန် မလိုအပ်။
အရေးကြီးသည်မှာ သင်နှင့် တိုက်ရိုက် သက်ဆိုင်သော နံပါတ်သာ ဖြစ်သည်။
အကယ်၍ သင်သည် တိုက်ခန်းတစ် ခန်းတွင် နေထိုင်သည်ဆိုပါက သင်နှင့် သက်ဆိုင်သည်မှာ တိုက်ခန်းနံပါတ်ဖြစ်၏။ တိုက်နံပါတ်၊ အဆောက်အအုံနံပါတ်မဟုတ်။
ဥပမာအားဖြင့် သင်သည် ဦးဝိစာရ လမ်း၊ တိုက် ၃၊ အခန်း ၁၈ တွင် နေထိုင် သည်ဆိုပါက အခန်းနံပါတ် (၁၈)ကိုသာ တွက်ချက်ရမည်ဖြစ်သည်။ ၁၈ ကို တစ် လုံးတည်ဖြစ်အောင် ပေါင်းပါ။
၁+၈=၉
ထို့ကြောင့် သင့်အခန်း၏ ကံကြမ်္မာ နံပါတ်မှာ ၉ ဖြစ်သည်။
အက္ခရာများတွင်လည်း သချင်္ာတန်ဖိုး ရှိ၏။ အက္ခရာပါပါကထည့်သွင်းတွက်ချက် ရမည်။ ဥပမာအားဖြင့် သင်သည် အခန်း ၁၈/ဘီတွင် နေထိုင်သည်ဆိုပါစို့။ ဘီ၏ သချင်္ာကိန်းမှာ ၂ ဖြစ်၏။
ထို့ကြောင့် ၁+၈= ၉/၉+၂=၁၁
ထို့ကြောင့် ၁၈/ဘီ၏ ကံကြမ်္မာဂဏန်း မှာ ၁၁ ဖြစ်သည်။
(အက္ခရာတို့၏ တန်ဖိုးများ)
၁ = A J S
၂ = B K T
၃ = C L U
၄ = D M V
၅ = E N W
၆ = F O X
ရ = G P Y
၈ = H Q Z
၉ = I R
(ကံကြမ္မာကိန်းပြောင်းလဲခြင်း)
အကယ်၍ သင်၏ ဗေဒင်အရ တွက် ချက်ရရှိသော ကံကြမ္မာနံပါတ်ကို မကြိုက် ပါက အခြားဂဏန်းတစ်ခုကို သင့်အိမ် တံခါးနောက်တွင် ရေးသားထားခြင်းအား ဖြင့် သင်အလိုရှိသော ကံကြမ္မာနံပါတ်ကို ရယူနိုင်သည်။
ဥပမာအားဖြင့် အိမ်နံပါတ် ၅ တွင် နေထိုင်သောသင်သည် ၈ ဂဏန်း၏ အကျိုးသက်ရောက်မှုများကို ရလိုသည်ဆို ပါက အိမ်တံခါးအတွင်းဘက်မျက်နှာစာ တွင် နံပါတ် ၃ ကို ရေးသားပါ။
ထိုအခါ သင်သည် ကံကြမ်္မာနံပါတ် ၈ ရှိသောနေအိမ်တွင် နေထိုင်သူဖြစ်လာ မည်ဖြစ်သည်။
(ဟောကိန်းများ)
ကံကြမ္မာဂဏန်း ၁- အမှီခိုကင်းမှု၊ စိတ်ကူးရည်မှန်းချက်ရှိမှု၊ ဦးဆောင်နိုင်မှု တို့ကို မြှင့်တင်ပေးသည်။ သင်သည် ကိုယ် ပိုင်လုပ်ငန်းလုပ်ကိုင်သူဖြစ်ပါက အဆိုပါ နေအိမ်တွင် နေထိုင်ခြင်းအားဖြင့် အံ့အား သင့်ဖွယ် အကျိုးများရရှိမည်ဖြစ်သည်။
ဤအိမ်တွင် နေထိုင်ခြင်းသည် သင့် အတွက် ဆုံးဖြတ်ချက် ခိုင်မာမှန်ကန်စေခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုရစေခြင်းများ ရရှိ နိုင်သည်။ စိန်ခေါ်မှု - ကံကြမ္မာဂဏန်း၁ နေအိမ်တွင် နေထိုင်သူတို့၌ အမှီအခိုကင်း လွန်းမှုအဖြစ်များနှင့် တွေ့ကြုံရနိုင်သည်။
အလုပ်အလွန်များပြားပြီး ကူညီမည့် သူမရှိသည့် အဖြစ်မျိုးနှင့် ရင်ဆိုင်ရတတ် သည်။ ယင်းဆိုးကျိုးကို ချိန်ညှိနိုင်ရန်အတွက် တံခါးအတွင်းဘက်တွင် ဂဏန်းတစ်လုံး လုံးရေးသားကာ မိမိလိုလားသော ကံကြမ္မာ ကို ပြောင်းလဲနိုင်သည်။
အထူးသဖြင့် စုံဂဏန်းပေါင်းလဒ်ရရန် ပြောင်းလဲရမည်ဖြစ်သည်။ စုံဂဏန်းတို့ သည် ၂ ဖြင့် စားလျှင် ပြတ်သည်။ အဆိုပါ ဂဏန်းတို့သည် ဝေမျှခံစားမှု၊ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ပေးသည်။
ကံကြမ္မာဂဏန်း ၂ -
ကံကြမ္မာဂဏန်း ၂ ရရှိသော နေအိမ် တို့သည် မေတ္တာတရားကို ဖော်ညွှန်းသည်။ အလည်အပတ် လာသူတို့သည် နွေးထွေး မှုနှင့် မေတ္တာတရားတို့ကို အမြဲခံစားကြရ မည်ဖြစ်သည်။
၂ ဂဏန်း၏ စွမ်းအားမှာ စိတ်ခံစား လွယ်မှုဖြစ်ခြင်းကြောင့် မိတ်ဆွေများကို ခင်မင်တွယ်တာသူများအတွက် နေရာကောင်း တစ်ခုဖြစ်သည်။
လုပ်ငန်းတာဝန်များကို အတူလက်တွဲ လုပ်ကိုင်လိုသော ဇနီးမောင်နှံများအတွက် အကောင်းဆုံးနေအိမ်ဖြစ်သည်။
စိန်ခေါ်မှု - ၂ ဂဏန်းသည် စိတ်ခံ စားမှု ပြင်းထန်ခြင်းကို ကိုယ်စားပြုရာ တစ်ခါတစ်ရံတွင် စိတ်ခံစားမှုလွန်ကဲခြင်း များ ဖြစ်နိုင်သည်။ ဤအိမ်တွင် နေမည် ဆိုလျှင် အိမ်ပြင်ထွက်ကာ ကိုယ်လက်လှုပ် ရှားမှုများ ပြုလုပ်သင့်၏ နေအိမ်တွင် နေထိုင်သူတို့နှင့် အပေးအယူမမျှခြင်းများ ကြုံရတတ်သည်။
ကံကြမ္မာဂဏန်း - ၃
ကံကြမ္မာဂဏန်း ၃ ရရှိသောနေအိမ် တွင် နေထိုင်သူတို့သည် ပျော်ရွှင်မှု၊ အကောင်းမြင်နိုင်စွမ်း ရှိမှုတို့ ရမည်မှာ အသေအချာ ဖြစ်သည်။
ဤနေအိမ်တွင် လူမှုရေးဆိုင်ရာ အခမ်းအနား၊ ပွဲလမ်းများ ပြုလုပ်ရန် အလွန်ကောင်းမွန်သည်။ ဖန်တီးနိုင်စွမ်း မြင့်မားမှုကို ကိုယ်စားပြုရာ မိသားစု ဘ၀ တစ်ခုကို စတင်ရန် (သို့မဟုတ်) အနုပညာ ဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ရန် အလွန်ကောင်းမွန်သည်။
အနုပညာရှင်များ၊ အဆိုတော်များနှင့် ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းလိုသူတို့ အတွက် အလွန်သင့်လျော်သည်။
စိန်ခေါ်မှုများ - အာရုံမစူးစိုက်နိုင် ခြင်း၊ ငွေအသုံးအစွဲများခြင်းများ ကြုံရ တတ်သည်။ လက်တွေ့ကျသော အကြောင်း ရပ်များကို အာရုံထားရန်အတွက် အချိန် ယူဖို့ လိုအပ်သည်။ မိမိကိုယ်ကို သံသယ ဖြစ်ခြင်းများ ဖြစ်ပေါ်တတ်သဖြင့် မိမိ၏ အားသာချက်များကို အမြဲတွေးတောနေရန် လိုသည်။
ကံကြမ္မာဂဏန်း -၄
ကံကြမ္မာဂဏန်း ၄ သည် အားလုံး ထဲတွင် လက်တွေ့အကျဆုံး စွမ်းအားများရှိ ပြီး ကမ္ဘာမြေကြီး၊ အိမ်ခြံမြေနှင့် ရုပ်ဝတ်္ထု ပစ္စည်းများကို ကိုယ်စားပြုသည်။
ဤအိမ်တွင် နေထိုင်သူတို့သည် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်း၊ အိမ်ခြံမြေ ရောင်းဝယ်ရေးလုပ်ငန်းများ လုပ်ခြင်းများ ပြုလုပ်ရန် အလွန်သင့်လျော်သည်။
စည်းမျဉ်း၊ တာဝန်နှင့် ဖွဲ့စည်းပုံတို့ ကိုလည်း ကိုယ်စားပြုသည့် ဂဏန်းဖြစ်ရာ စီးပွားရေးလုပ်ငန်းအောင်မြင်လိုသူတို့ အတွက် အလွန်သင့်လျော်သော နေအိမ် ဖြစ်သည်။
စိန်ခေါ်မှုများ-၄ ဂဏန်းသည် ဂဏန်း အားလုံးထဲတွင် နှေးကွေးမှုအရှိဆုံးဖြစ် ခြင်းဟု ဆိုရာ စွန့်စားမှုများ၊ စိတ်လှုပ်ရှား မှုများ၊ တီထွင်ဆန်းသစ်မှုများကို ဤနေအိမ် တွင် တွေ့ကြုံရမည် မဟုတ်ချေ။
အလုပ်လုပ်ရာတွင် စိတ်ခံစားမှုနှင့် လက်တွေ့ကျမှုတို့အကြား ချိန်ညှိနိုင်ရန် လိုသည်။
ကံကြမ္မာဂဏန်း -၅
သင်သည် မိတ်ဆွေများနှင့် ဖက်လှဲ တကင်းနေထိုင်တတ်သူဖြစ်ပါက ဤအိမ်မှာ နေရာကောင်းဖြစ်သည်။ နံပါတ်ငါးသည် ပါတီပွဲများကို ကိုယ်စားပြု၏။
၅ ဂဏန်းသည် ဂဏန်းအားလုံးတွင် ပျော်ရွှင်မှုကို ကိုယ်စားအပြုဆုံးဖြစ်ရာ မိတ်ဆွေများကို ချစ်ခင်တွယ်တာပြီး ဧည့် ထောက်ခံခြင်းကို နှစ်သက်ပျော်ရွှင်သူ များအတွက် အလွန်သင့်လျော်လှသည်။
စိတ်လှုပ်ရှားမှု၊ စွန့်စားမှုများကို နှစ် ခြိုက်ပါက ဤအိမ်မှာ နေရာကောင်းဖြစ် သည်။
ခရီးသွားဝါသနာပါသူများ၊ မိတ် ဆွေသစ်များစွာရလိုသူများအတွက် နေရာ အစစ်အမှန်ဖြစ်သည်။
စိန်ခေါ်မှုများ - ဆိတ်ငြိမ်မှု၊ တည်ငြိမ် အေးချမ်းမှုတို့ကို ဤနေရာတွင် ရှာဖွေ တွေ့ရှိမည်မဟုတ်ချေ။ အမြဲတမ်းနေရန် ထက် ခေတ္တနေရန်သာ ဆုံးဖြတ်ခြင်းမျိုး ဖြစ်လာနိုင်သည်။ ၅ ဂဏန်းသည် အမျိုး အစားစုံလင်မှု၊ ပြောင်းလဲမှုကို ကိုယ်စား ပြုရာသင်သည် လက်တွေ့ကျသော ကိစ္စများတွင် အာရုံစိုက်ရန် ခက်နေလိမ့်မည်။ အထူးသဖြင့် သင့်အိမ်နံပါတ်သည် ၁၄ ဖြစ်ခဲ့ပါက အစားအသောက်၊ လိင်၊ အရက် တို့တွင် အလွန်အကျွံဖြစ်တတ်သည်။
စည်းကမ်းသတ်မှတ်ကာ ရည်မှန်း ချက်အတိုင်း လျှောက်လှမ်းပါက ဤအခြေ အနေကို ချိန်ညှိနိုင်မည်ဖြစ်သည်။
ကံကြမ္မာဂဏန်း -၆
ဇနီးမောင်နှံများ၊ အနုပညာရှင်များ အတွက် နေရာမှန်ဖြစ်သည်။
အလှတရား၊ ချစ်ခြင်းမေတ္တာနှင့် လိုက်လျောညီထွေရှိမှုတို့ကို ဖော်ညွှန်း သည်။ သင့်အိမ်သည် သင့်ကမ္ဘာပင်ဖြစ် သည်။ အိမ်တွင်းသို့ ၀င်လာသူတိုင်း နွေးထွေးလှိုက်လှဲမှုကို ခံစားကြရမည်ဖြစ်သည်။ အနုပညာနှင့် အလှတရားကို ၀န်းရံထား ရမည့် အကောင်းဆုံးအနေရာဖြစ်ရာ သင့်နေအိမ်ကို လှပသော အရောင်အသွေး များ၊ သက်သောင့်သက်သာရှိသော ပရိ ဘောဂများ၊ နေထိုင်သူတိုင်း ပျော်ရွှင်ခံစား ကြရမည်မှာ အမှန်ပင်ဖြစ်သည်။
စိန်ခေါ်မှုများ - နံပါတ် ၆ သည် မိသားစုတာဝန်ကို ကိုယ်စားပြုခြင်းကြောင့် အသုံးအစွဲများခြင်းများ ကြုံရမည်။ အခြား သူများအတွက် အချိန်ပေးရလွန်းခြင်းများ ကြံရမည်။ အခြားသူများအရေး အလျင် စလို မပြုလုပ်မီတွင် သင့်အရေးကိစ်္စများကို အရင်ဆုံးတွေးတောရမည်ဖြစ်သည်။ အိမ် ထဲတွင်သာ နေလိုစိတ်ဖြစ်တတ်သည်။
ကံကြမ္မဂဏန်း-ရ
သင်သည် စာရေးဆရာ၊ သုတေသီ အစရှိသည့် အလုပ်များ လုပ်ကိုင်ပါက ဤအိမ်မှာ နေရာမှန်ဖြစ်သည်။
နံပါတ် ရ သည် တစ်သီးတစ်သန့်ဖြစ် ခြင်း၊ လျှို့ဝှက်ခြင်းကို ကိုယ်စားပြုသည်။ အတွေးနက်ခြင်း၊ မေတ္တာတရားတို့ကိုညွှန်း ဆိုသည်။ အိမ်ပြန်ရောက်သည်နှင့် စာဖတ် ရန်အတွေး ၀င်္ကပါတွင် နစ်မြောရန် နှစ် သက်သူဖြစ်ပါက သင့်အတွက် နေရာကောင်း ပင်ဖြစ်သည်။ အသိပညာပိုင်းဆိုင်ရာတွေ့ရှိ မှုအသစ်များ ဤအိမ်တွင်တွေ့ရ နိုင်သည်။
စိန်ခေါ်မှုများ - ဖျော်ဖြေပွဲများ၊ ပါတီပွဲများကိုမူ ဤအိမ်တွင် တွေ့ရကိန်း မရှိချေ။ အထီးကျန်လွန်းခြင်းခံစားရမည်။ အိမ်တံခါးနောက်တွင် ဂဏန်းတစ်လုံး ထပ်မံရေးသားခြင်းအားဖြင့် ဤဆိုးကျိုး ကို ချိန်ညှိနိုင်သည်။ နံပါတ် ရ နေအိမ် တွင် နေထိုင်သူများသည် အိမ်ခေါင်မိုးကို အမြဲဂရုစိုက်ပြုပြင်ရန် လိုသည်။
ကံကြမ္မာဂဏန်း -၈
သင်သည် စွန့်ဦးတီထွင်သူတစ်ဦးဖြစ်ပါ က ဤအိမ်မှာ သင့်အတွက် နေရာမှန်ဖြစ် သည်။ စီးပွားရေးလုပ်ငန်းများကို အိမ်မှ ကွပ်ကဲလုပ်ကိုင်သူဖြစ်ပါက သာ၍ပင် ကောင်းမွန်သည်။ ၈ ဂဏန်းသည် ပေါကြွယ် ၀မှု၊ မြတ်စွန်းမှုတို့ကို ကိုယ်စားပြုရာ စီးပွားရေးတိုးတက်အောင်မြင်မှုရရန် နေရာကောင်းဖြစ်သည်။ ၈ ဂဏန်းသည် ပြင်းပြသော စိတ်ခံစားမှုကိုလည်း ကိုယ်စား ပြုရာ မိမိချစ်မြတ်နိုးသူတို့နှင့် တွေ့ဆုံ ရန် နေရာကောင်းဖြစ်သည်။ ကမ္ဘာပေါ် တွင် သင်၏ အဆင့်၊ ဘဝအဆင့်အတန်း၊ချမ်းသာမှုဓနအဆင့် တိုးမြင့်လိုသည်ဆိုပါက ဤအိမ်မှာနေရာမှန်ဖြစ်သည်။
စိန်ခေါ်မှုများ -၈ ဂဏန်းသည် ငွေကြေးနှင့် ပေါကြွယ်ဝမှုကို ကိုယ်စားပြု ရာအောင်မြင်မှုများနည်းတူ ရှုံးနိမ့်မှုများကို လည်း တွေ့ရနိုင်သည်။ အမြဲတိုးချဲ့ကြီးပွား လိုစိတ်ဖြစ်ပေါ်နေမည်။ အိမ်မည်မျှကြီး သည်ဖြစ်စေ ထပ်၍ ထပ်၍ တိုးချဲ့ဆောက် လုပ်လိုနေမည်။ ပရိဘောဂများ အမြဲတမ်း ၀ယ်ယူဖြည့်တင်းလိုနေမည်။ အမြဲမွမ်းမံ လိုစိတ်ရှိနေမည်။ အိမ်အတွက် ငွေများစွာ ကုန်ရမည်။
ချိန်ညှိရမည့်အချက်မှာ အခြားသူတို့ နှင့် ထိတွေ့ဆက်ဆံရန်အတွက် အချိန်ပေး ဖို့ စဉ်းစားရမည်ဖြစ်သည်။
ကံကြမ္မာဂဏန်း -၉
ကံကြမ္မာဂဏန်း ၉ နေအိမ်သည် လာရောက်သည့် မည်သူကိုမဆို တံခါးဖွင့် ထားသောနေအိမ်ဖြစ်သည်။ ၉ ဂဏန်းသည် အချစ်နှင့် မေတ္တာတရားကို ကိုယ်စားပြု သည်။ သင်၏ အလိုလိုသိစိတ်သည် အမြဲ မြင့်မားနေမည်။ အမြဲဖုန်းလက်ခံဖြေကြား နေရမည်။ သင့်ထံမှ အကြံတောင်းသူများ အလွန်များမည်။ သင့်ထံသို့ လူအများ စုပြုံ ဖုန်းဆက်နေကြသည်မှာ ဤနေအိမ်၏ မေတ္တာစွမ်းအင်ကြောင့်ဖြစ်သည်။
၉ ဂဏန်း ကို နိုင်ငံတကာဂဏန်းဟု လည်းခေါ်ကြသည်။ ထို့ကြောင့် အမြဲခရီးသွား လိုနေမည်။ မည်မျှဝေးသော နေရာမှ ဧည့်သည်ကိုမဆို လက်ခံလိုမည်။ အတိတ် ကို အမြဲသတိရခံစားနေတတ်သည်။ ခွင့် လွှတ်တတ်ရန် ကြိုးစားရမည်ဖြစ်သည်။
စိန်ခေါ်မှုများ - ဤနေအိမ်သည် ပွင့်လင်းစွာ နေတတ်သူများ၊ ဖော်ရွေသူ များအတွက် ကောင်းမွန်သော်လည်း မိသားစုအတွက် အချိန်ပေးရန် လိုအပ်သူ များအတွက် မသင့်လျော်ချေ။ ၉ ဂဏန်း သည် စိတ်ကူးယဉ်ဆန်မှုကိုလည်း ကိုယ်စားပြုရာ ငွေကြေးပိုမိုရှာလိုသူများအတွက် အခက်ကြုံရနိုင်သည့် နေရာလည်းဖြစ်သည်။ နိဂုံအားဖြင့် မှတ်သားရမည့် အချက်မှာ အိမ်ဆိုသည်မှာ သင်၏ အသည်နှလုံးတည်ရှိရာ နေရာပင်ဖြစ်သည်။
သဘာဝတရားနှင့် အပ်စပ်အောင်နေထိုင်မည် ၊ နှလုံးသာစိတ်ဝိညဉ်ကို အမြဲအင်အားဖြည့်တင်းပေမည် ၊ သင်ချစ်မြတ်နိုးသူတို့နှင့် နီးနီးကပ်ကပ် အမြဲထိတွေ့ကြင်နာမှုများ ပေးမည်ဆိုပါက အမြဲပျော်ရွှင်ရလိမ့်မည်သာဖြစ်သည်။
ဝေဒသုတေသီဆရာသြ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
11/11/2016
08/11/2016
တမလွန်ဘဝအထိဆက်လက်မောင်းနှင်သွားနိုင်အောင် ဒေါ်လာသန်းချီတန်တဲ့ကားကို မြေမြုပ်ခဲ့သူ တစ်ခါတုန်းက ဘရာဇီးနိုင်ငံမှာ သြဇာညောင်းပြီး ကျိကျိတက်ချမ်းသာတဲ့ မစ္စတာစကာပါ (Mr.Scarpa) ဆိုတဲ့သူဌေးတစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ သူက လူတိုင်းအံ့အားသင့်သွားစေမယ့် ကြေညာချက်တစ်ခုကို ထုတ်ပြန်လိုက်တယ်။ သူ...
04/11/2016
လိုတဲ့သူများအတွက်
#ကမ္ဘာလုံး #အခမဲ့ #မွပေုံ
လူတိုင်း လွယ်ကူစွာ ချက်ချင်းသုံးနိုင်တဲ့ Google Earth အသုံးပြုနည်း မြန်မာဘာသာ လမ်းညွန်။
-----
ကမ္ဘာလုံးပုံနဲ့ ဂြိုလ်တုဓါတ်ပုံတွေကို တကမ္ဘာလုံး မိမိကြိုက်တဲ့နေရာ အကုန် အခမဲ့ ကြည့်ရှုလို့ ရပါတယ်။
မိမိတို့ရဲ့နေအိမ် ၊ ကျေးရွာ ၊ အနီးနားတွေကို ကောင်းကင်ပေါ်ကနေ ကြည့်နိုင်ပါတယ်။
------
လေယျာဉ်တောင် မောင်းလို့ရသေးတယ်။ :-D တကယ်ပြောတာ။
စိတ်ဝင်စားရင် လကမ္ဘာလည်း သွားလည်ကြည့်လို့ရတယ်။ ;-)
အိုကွာ စကြာဝဠာထဲလည်း သွားလည်ပစ်လိုက်လို့ရတယ်။ :-D :-D :-D
-----
Download PDF version @ http://bit.ly/2fiAL9t
-----
Pro version ကို အခမဲ့ပေးလိုက်တော့ ပိုစုံသွားပြီး တော်တော်များများ လုပ်နိုင်ပါပြီ။ နဲနဲဟောင်းသွားလို့ ထပ်ပြင်ရေးဖို့တောင် လိုနေပါပြီ။
Google Earth Pro (pro နော်) software Download ရယူရန် အောက်ကလင့်မှာ နှိပ်ပါ။
Other downloads: စာသားအောက်က
Registered users: Download Google Earth Pro (pro ကိုပဲရွေးနော်)။
------
https://www.google.com/earth/download/ge/agree.html
Credit to Sayar Khun San Aung