Mgdaedoe

Call

Mgdaedoe Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mgdaedoe, Sports Event, Cherry Road, Maymyo.

🎯🎯 မောင်ဒဲ့ဒိုးတို့စောင့်နေတဲ့သောကြာနေ့ကိုရောက်လာပြီ။ ဒီညမှာလိဂ်ပွဲတွေပြန်ကစားမယ်။ စပိန်လာလီဂါ၊ ဘွန်ဒက်လီဂါနဲ့ ပြင်သစ်လီ...
20/11/2026

🎯🎯 မောင်ဒဲ့ဒိုးတို့စောင့်နေတဲ့သောကြာနေ့ကိုရောက်လာပြီ။ ဒီညမှာလိဂ်ပွဲတွေပြန်ကစားမယ်။ စပိန်လာလီဂါ၊ ဘွန်ဒက်လီဂါနဲ့ ပြင်သစ်လီဂူးတစ်ပွဲစီရှိတယ်။ နိုင်ငံအသင်းတွေနဲ့ ခြောက်ခြောက်သွေ့သွေ့ရက်သတ္တပတ်ကိုဖြတ်သန်းခဲ့ပြီး ဒီညမှာပြန်စိမ်းစိုတော့မယ်။ TGIF မှာ သွေးပူလုပ်ရင်း လက်စမ်းချင်ရင်တော့ အပိုလည်းပေး အချိုလည်းကျွေးတဲ့ မောင်ဒဲ့ဒိုးဆီမှာ လပ်ကီးဖွင့်နိုင်ပါတယ်။ 🤗🤗

🔵 ကြည့်လိုက်ရင်လူကောင်ကသေးသေး။ ပရီးမီးယားလိဂ်လို ခပ်ကြမ်းကြမ်းဆော့တဲ့နေရာမှာ အောင်မြင်ပါ့မလား အထင်သေးခံရတဲ့အကြည့်တွေကမျာ...
19/11/2026

🔵 ကြည့်လိုက်ရင်လူကောင်ကသေးသေး။ ပရီးမီးယားလိဂ်လို ခပ်ကြမ်းကြမ်းဆော့တဲ့နေရာမှာ အောင်မြင်ပါ့မလား အထင်သေးခံရတဲ့အကြည့်တွေကများများ။

🔥 အဲ့ကြားထဲကပဲ ပရိသတ်တွေအသည်းနှလုံးကိုသိမ်းသွားတဲ့ ဟွမ်မာတာတစ်ယောက် မြက်ခင်းစိမ်းတွေကို Retire လုပ်လိုက်ပါပြီ။

👋 မာတာနားပြီလို့ ကြေညာတဲ့အချိန်မှာ (38) နှစ်ပါ။ ချယ်ဆီးမှာ အကြီးအကျယ်အောင်မြင်ခဲ့ပြီး မန်ယူရောက်တဲ့အချိန် ထင်သလိုမဖြစ်ခဲ့ပေမယ့် အိုးထရက်ဖို့ဒ်မှာလည်း သူက Legend စာရင်းဝင်ပါတယ်။ တည်ကန်ဘောတွေ၊ ဖရီးကစ်တွေအရမ်းကောင်းပြီး မာတာနဲ့ပတ်သက်တဲ့အမှတ်တရတွေရော မောင်ဒဲ့ဒိုးဘော်ဒါတွေထဲရှိကြလား။ 🧐🧐

19/11/2026

🔥 ဒိန်းမတ်နဲ့ပွဲက အိုဒီဂတ်ရဲ့Performance ပါ။ အတို့အဆိတ် အလှအပလေးတွေအပြင် nutmeg (2) ကြိမ်၊ သူ့ trade mark ဖြစ်တဲ့ High Pressing ကနေ Assist (1) ကြိမ်၊ Key Pass တွေနဲ့ သွင်းဂိုးတစ်ဂိုးပါရခဲ့သေးတယ်။ ဒီခြေစွမ်းကို အာဆင်နယ်ပါသယ်လာနိုင်ရင်တော့ ကျွတ်ဆင်ကြီးပါပဲ။ 🧐🧐

🚨 သင်သိပြီးပြီလား 🎯 မန်ချက်စတာယူနိုက်တက် ဒီနှစ်ပရီးမီးယားလိဂ်မှာသွင်းထားတဲ့ဂိုးက (14) ဂိုးပါ။ 🎯 အာဆင်နယ် ဒီနှစ်သွင်းထားတ...
19/11/2026

🚨 သင်သိပြီးပြီလား

🎯 မန်ချက်စတာယူနိုက်တက် ဒီနှစ်ပရီးမီးယားလိဂ်မှာသွင်းထားတဲ့ဂိုးက (14) ဂိုးပါ။

🎯 အာဆင်နယ် ဒီနှစ်သွင်းထားတဲ့ဂိုးကတော့ (15) ဂိုး တစ်ဂိုးပဲပိုများတယ်။

🫠 ဒါပေမယ့် ဒီနှစ်သင်းကြားအဆင့်ကွာဟမှုက 17 ဆင့်ရှိပါတယ်။ အာဆင်နယ်ကထိပ်ဆုံးမှာဖြစ်ပြီး မန်ယူကတော့ တန်းဆင်းဇုန်ထဲက အဆင့် 18 ပေါ့။

🔥 သွင်းဂိုးလေးတစ်ဂိုးကွာပေမယ့် မိုးနဲ့မြေလိုရပ်တည်မှုရှိနေတာ ခံစစ်ပိုင်းကြောင့်ပါ။ အာဆင်နယ်က လေမတိုးခံစစ်နဲ့ပွဲတိုင်းလိုလို ၃ မှတ်ယူနေတဲ့အချိန် မန်ယူကတော့ တလွဲနောက်ခံလူတွေနဲ့ရုန်းကန်နေရတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ ပိုချက်တီနိုအမြန်ပြင်ဆင်သင့်တဲ့ နှစ်သင်းကြားက Facts လေးပါပဲ။

19/11/2026

👋 ကာရင်တန်ကိုရောက်လာပြီး အသင်းနဲ့ Official စာချုပ်ခဲ့တဲ့ ပိုချက်တီနိုရဲ့ပထမနေ့ video ပါ။

👀 အသင်းနဲ့ပူးပေါင်းချိန်သိပ်မရထားတဲ့ ပိုချက်တီနိုကတော့ အနားယူဖို့အချိန်မရှိဘဲ တနင်္ဂနွေနေ့မှာကစားမယ့် အင်္ဂလန်ဒါဘီလီဗာပူးလ်နဲ့ပွဲအတွက် တတ်နိုင်သမျှအကောင်းဆုံးပြင်ဆင်သွားမယ်လို့ ကြုံးဝါးသွားတယ်။

🧐 ပြီးတော့ အသင်းခေါင်းဆောင်ရာထူးကိုလည်း ပြန်သုံးသပ်သွားမယ်တဲ့။ ဘရူနိုဖာနန်ဒက်စ်နဲ့ပါ ဒီဘဲစကားတွေပြောချင်နေပုံရတယ်။

⚪️ ဒီရာသီ အကျွံကြီးခြေစွမ်းပြနေတဲ့ အာဒါဂူလာကို ရီးယဲလ်က (5) နှစ်သက်တမ်းတိုးလိုက်ပြီ။🧐 စာချုပ်သစ်အရ တူရကီသားက 2032 အထိ မက...
18/11/2026

⚪️ ဒီရာသီ အကျွံကြီးခြေစွမ်းပြနေတဲ့ အာဒါဂူလာကို ရီးယဲလ်က (5) နှစ်သက်တမ်းတိုးလိုက်ပြီ။

🧐 စာချုပ်သစ်အရ တူရကီသားက 2032 အထိ မက်ဒရစ်မှာဆက်ရှိမှာဖြစ်ပြီး တစ်ပတ်လုပ်ခ တစ်သိန်းခွဲကျော်အထိတိုးရသွားမှာပါ။

🎯 အာဒါဂူလာက ဒီရာသီတကယ်ကောင်းနေတာပါ။ လက်ရှိအချိန်ထိ လာလီဂါ 12 ပွဲမှာ 3 ဂိုးသွင်းပြီး 4 ဂိုးဖန်တီးပေးထားသလို On Fire ဦးမယ့် Season လည်းဖြစ်လာဖို့ရှိတယ်။

🗣️ "ချစ်ရပါတဲ့ မန်ချက်စတာ ယူနိုက်တက်ရေ ... ကျွန်တော် ၂၀၂၀ တုန်းက အိပ်မက်တွေနဲ့ ၁၀ နှစ်သား ကောင်လေးတစ်ယောက်အဖြစ် ဒီကိုလာခ...
18/11/2026

🗣️ "ချစ်ရပါတဲ့ မန်ချက်စတာ ယူနိုက်တက်ရေ ... ကျွန်တော် ၂၀၂၀ တုန်းက အိပ်မက်တွေနဲ့ ၁၀ နှစ်သား ကောင်လေးတစ်ယောက်အဖြစ် ဒီကိုလာခဲ့တာပါ

ဒီမှာပဲ ကစားသမားတစ်ယောက်အနေနဲ့ရော လူသားတစ်ယောက်အနေနဲ့ပါ ကြီးပြင်းရင့်ကျက်လာခဲ့ပါတယ်။ အိုလ်ထရက်ဖို့ဒ်ကွင်းကြီးထဲမှာ ဂိုးသွင်းနိုင်ခဲ့တာကနေ ဂျင်မီမာဖီဆု ရခဲ့တာအထိ ကျွန်တော် တစ်သက်လုံး တန်ဖိုးထားရမယ့် အခိုက်အတန့်တွေရှိခဲ့ပါတယ်။ ကျွန်တော့်ကို ယုံကြည်ပေးပြီး တိုးတက်လာအောင် ကူညီပေးခဲ့တဲ့ နည်းပြတိုင်း၊ ဝန်ထမ်းတိုင်း၊ အသင်းဖော်တွေနဲ့ အားပေးခဲ့ကြသူတွေအားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်

ဘဝရဲ့ နောက်ထပ် စာမျက်နှာအသစ်တစ်ခုကို စလျှောက်လှမ်းချိန်မှာ မန်ချက်စတာယူနိုက်တက်က ကျွန်တော့်ရဲ့ ဇာတ်လမ်းထဲမှာ အမြဲတမ်း အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေမှာပါ။ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်"

👋 ၁၆ နှစ်သား ဂျေဂျေ ဂါဘရီရယ်လ်ကတော့ မန်ယူအသင်းကိုနှုတ်ဆက်လိုက်ပါပြီ။ သူ့စာမှာ ခံစားချက်တွေပါနေပြီး အသင်းသစ်မှာ အဆင်ပြေပါစေလို့ပဲ ဆုတောင်းရုံမှတစ်ပါး။ 😢😢

🎯 စနေနေ့ - ဂန္တဝင် CR7 ရဲ့နံပါတ် 7 ကို ဆက်ခံရ🎯 အင်္ဂါနေ့ - လူစားဝင်လာပြီး ပေါ်တူဂီအတွက် အနိုင်ဂိုးသွင်း👋 ကားလို့ဖော့စ်ကတ...
18/11/2026

🎯 စနေနေ့ - ဂန္တဝင် CR7 ရဲ့နံပါတ် 7 ကို ဆက်ခံရ
🎯 အင်္ဂါနေ့ - လူစားဝင်လာပြီး ပေါ်တူဂီအတွက် အနိုင်ဂိုးသွင်း

👋 ကားလို့ဖော့စ်ကတော့ ဝေဖန်သံတွေကြားကပဲ ပေါ်တူဂီအတွက် (3) မှတ်ယူပေးလိုက်ပါပြီ။ ဂုတ်ကြီးရော်နယ်ဒိုရဲ့နံပါတ်ကိုဝတ်ကစားရတဲ့သူက အညတရမထင်မရှားကစားသမားလေးဖြစ်နေလို့ ဝေဖန်သံတွေညံခဲ့တာပါ။

🧐 ဒါပေမယ့် သူက ကလပ်ဘရုဂျ်မှာ ဒီနှစ်ပုံစံကောင်းပြနေတာဖြစ်ပြီး အသက်ကလည်း (22) ပဲရှိသေးလို့ အလားအလာကောင်းတွေရှိနေပါသေးတယ်။ ညကလည်းဝေးလ်ကိုသရေကျနေတဲ့အချိန် လူစားဝင်လာပြီး ဆယ်မိနစ်အကြာမှာပဲ အနိုင်ဂိုးသွင်းပေးနိုင်ခဲ့တယ်။ အနာဂတ်မှာ ရော်နယ်ဒိုခြေရာနင်းနိုင်ဖို့ဆိုတာပြောဖို့မသင့်ပေမယ့် ပုံစံကောင်းတွေဆက်ပြနိုင်ရင်တော့ သူ့အပေါ်ကဖိအားတွေ လျော့သွားမှာသေချာနေပါတယ်။

⚪️ ဘင်ဖီကာမှာကစားဖူးတဲ့ ရုပ်ဖြောင့်ဖြောင့်၊ ဂိုးသွင်းကောင်းကောင်း၊ နာမည်ဆန်းဆန်းနဲ့ ကာဒိုဇိုကိုမှတ်မိလား။🧐 ပြီးခဲ့တဲ့ ဧပ...
17/11/2026

⚪️ ဘင်ဖီကာမှာကစားဖူးတဲ့ ရုပ်ဖြောင့်ဖြောင့်၊ ဂိုးသွင်းကောင်းကောင်း၊ နာမည်ဆန်းဆန်းနဲ့ ကာဒိုဇိုကိုမှတ်မိလား။

🧐 ပြီးခဲ့တဲ့ ဧပြီလတုန်းက အသက် 42 နှစ်အရွယ်မှာပဲ ကာဒိုဇိုက ဘောလုံးလောကကနေ အနားယူခဲ့တာပါ။ ပြီးတော့ ဘာလုပ်လဲဆိုတော့ ပါရာဂွေးမှာရှိတဲ့ သူ့ရဲ့ Tacuara 07 ဆိုတဲ့မွေးမြူရေးခြံမှာပဲ နွားတွေကိုကျောင်းရင်း အေးအေးချမ်းချမ်းဖြတ်သန်းနေတယ်။

🎯 ဘင်ဖီကာတိုက်စစ်မှူးဟောင်းဖြစ်တဲ့ ကာဒိုဇိုက 172 ဂိုးနဲ့ ကလပ်သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းနိုင်တဲ့ နိုင်ငံခြားသားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ဖူးသူပါ။ ဘာပြောပြော စိတ်အေးလက်အေးနွားကျောင်းရင်း သာသာယာယာရှိနေတဲ့သူ့ပုံစံကိုကြည့်ရတာ မြက်ခင်းစိမ်းတွေကို အပြီးမေ့ပစ်လိုက်ပုံပါပဲ။ 🥰🥰

Address

Cherry Road
Maymyo

Telephone

+959773938307

Website

Alerts

Be the first to know and let us send you an email when Mgdaedoe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category

Nearby gyms & sports facilities