19/10/2023
# အသိပေး ကြေညာခြင်း #
မင်းဘူးဒေသအမှတ်ပေးလိဂ်၏ ယခင် official page အား ပြန်လည်ရရှိခဲ့၍ မိမိတို့ကျင်းပရေးကော်မတီမှ ယခင်အခိုင်အမာရှိသော page အား ပြန်လည်အသုံးပြုသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ယခု page မှ အသုံးပြုနေသော မီဒီယာ လုပ်ငန်းကိစ္စများ အားလုံးကို အောက်ဖော်ပြပါ page သို့ပြောင်းလဲလိုက်ပါကြောင်း အသိပေးကြေညာလိုက်ရပါတယ်ခင်ဗျ
https://www.facebook.com/profile.php?id=100057214759338&mibextid=ZbWKwL
18/10/2023
Minbu League Co - Sponor အဖြစ် Kyaw Zay Ya Construction & Engineering Co;Ltd နှင့် လက်တွဲ ဆောင်ရွက်ခြင်း
===============================
Minbu League ပြိုင်ပွဲအစအဆုံး ကစားကွင်း၏ ကွင်းတွင်း/ပြင် လိုအပ်ချက်များ ပြင်ဆင် / ဖြည့်စွက်ခြင်း လုပ်ငန်းများအတွက် Kyaw Zay Ya Construction & Engineering Co;Ltd မှ တာဝန်ယူ ပံ့ပိုးကူညီသွားမှာဖြစ်ပါတယ်ခင်ဗျ။
Kyaw Zay Ya Construction & Engineering Co;Ltd ၏ လိပ်စာကတော့ အိမ်အမှတ် ၅၇၇ , ဦးဩဘာသလမ်း , ( ၁၅ လမ်း ) , မဂ်လာကွက်သစ် ၊ အမှတ် (၃) မင်းဘူးမြို့ဖြစ်ပါတယ်ခင်ဗျ။
ဤပြိုင်ပွဲအတွင်း မိမိတို့ စီးပွားရေးဆိုင်ရာလုပ်ငန်းများအတွက် ပံ့ပိုးမှုအလိုက် ကြော်ငြာခွင့်ဆိုင်ရာရရှိမည့် ပုံစံအသေးစိတ်ကို အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်။
ဦးဟန်မင်းအောင် (ဘဏ္ဍာရေးမှူး)
09455877916
ဦးနေဇာခိုင်ဖုန်း (ဘဏ္ဍာရေးအဖွဲ့ဝင်)
09954785534
18/10/2023
မင်းဘူးဒေသအမှတ်ပေးဘောလုံးပြိုင်ပွဲအတွက် ပံ့ပိုးကူညီဆောင်ရွက်လိုသော စီးပွားရေးလုပ်ငန်းရှင်များအား ဖိတ်ခေါ်ခြင်း
==========================
မင်းဘူးဒေသ ဘောလုံးအားကစားဝါသနာရှင်များ စုပေါင်း၍ Minbu League ပြိုင်ပွဲကို လာမည့် အောက်တိုဘာလ ၂၄ ရက်နေ့မှစ၍ အသင်း ၁၂ သင်းမှ အမှတ်ပေးစနစ် (တစ်ကျော့) ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ဤပြိုင်ပွဲအတွင်း မိမိတို့ စီးပွားရေးဆိုင်ရာလုပ်ငန်းများအတွက် ပံ့ပိုးမှုအလိုက် ကြော်ငြာခွင့်ဆိုင်ရာရရှိမည့် ပုံစံအသေးစိတ်ကို အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ဦးဟန်မင်းအောင် (ဘဏ္ဍာရေးမှူး)
09455877916
ဦးနေဇာခိုင်ဖုန်း (ဘဏ္ဍာရေးအဖွဲ့ဝင်)
09954785534
15/10/2023
Player Bench များ ပြုလုပ်ခြင်းနှင့် ကွင်းမြက်ခင်းပြင်နေခြင်း
11/10/2023
ပြိုင်ပွဲဝင်အသင်းများ သိရှိနားလည်/လက်ခံရန် အချက်များ...
11/10/2023
MINBU League 2023 ပြိုင်ပွဲဝင်အသင်းများ...
1.Golden Brother FC (မင်းဘူး)
2.Future Stars FC (မင်းဘူး)
3.Super Power FC (ရွာသာယာ)
4.Mann Youth FC (မန်းရေနံမြေ)
5.Revolution FC (မကွေး)
6.Banana FC (မင်းဘူး)
7.Minbu Youth FC (မင်းဘူး)
8.The Lion FC (စကု)
9.Energy FC (ထောက်ရှာပင်ရေနံမြေ)
10.Power 9 FC (မကွေး)
11.Eagle FC (မင်းဘူး)
12.We Love Friend FC (မင်းလှ)
မှတ်ချက်...( ) သည် ကလပ်အသင်းများအခြေစိုက်ရာ မြို့/ဌာနများဖြစ်သည်