26/06/2026
Top Scorer
official page of mali yang futsal league
Match update/ fixtures/ results
26/06/2026
Top Scorer
26/06/2026
ကဲ Season 2 ရဲ့ Final ပွဲရောက်ရှိလို့လာပါပြီ😃
ဒီရာသီရှုံးပွဲ မရှိသေးတဲ့ တစ်သင်းတည်းတဲ့အသင်းအဖြစ်ရပ်တည်နေတဲ့ ZOO;MO အသင်းကပဲ ချန်ပီယံ ဖြစ်သွားမလား......
တဖြည်းဖြည်းနဲ့ Rhythm ပိုပိုမိလာတဲ့ Pajau အသင်းက ပဲ အနိုင်ရ ဗိုလ်ဆွဲသွားမလား....
ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်ကို ဘယ်အသင်းလက်ခံရရှိသွားမလဲဆိုတာ အားလုံးပဲလာရောက်ရင်ခုန်ခံစားလိုက်ရအောင်လို့ ဖိတ်ခေါ်အပ်ပါတယ်
26/06/2026
ဒီရာသီအကောင်းဆုံး လူခေါ်ယူအားဖြည့်မှုတွေနဲ့ လက်ရှိချန်ပီယံတွေကို အနိုင်ကစားပြီး Final ကို တက်လှမ်းနိုင်ခဲ့တယ့် PAJAU FC
26/06/2026
ပွဲစဥ်တစ်လျောက်ခြေစွမ်းကောင်းတွေနဲ့အတူ Final ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်တဲ့ ZOO;MO FC
12/06/2026
ဘယ်အသင်းတွေက ရှုံးထွက်အဆင့်ကိုတက်ရောက်သွားမလဲဆိုတာကို အဆုံးအဖြတ်ပေးသွားမယ့် MYFL
Matchweek 5
10/06/2026
၄ ပွဲဆက်အနိုင်ယူပြီး အမှတ်ပေးဇယား အဆင့် ၁ နေရာသိမ်းပိုက်လိုက်တဲ့ ZOO:MO; FC
Matchweek 4
Padang 9 : 13 ZOO:MO;
Review
ZOO:MO; အသင်းကို ကျွန်တော်တို့အနေနဲ့ ချီးကျူးအသိအမှတ်ပြုဖို့တော့လိုပြီဗျ။ လက်ရှိအချိန်ထိ ဒီရာသီမှာ ခြေစွမ်းတည်ငြိမ်မှုအရှိဆုံးအသင်း ကိုပြပါဆိုရင်တော့ ZOO:MO; အသင်းကိုပြရမှာပဲ။ အသင်းတစ်သင်းအနေနဲ့ ကြည့်မယ်ဆိုရင်လည်း အသက်အပိုင်းအခြားကအစ အတော်လေးပြည့်စုံတယ်လို့ပြောရမှာပေါ့နော်။ ခြေစွမ်းခြေစရှိတဲ့ ၁၇၊ ၁၈ လူငယ်တွေပါမယ်၊ အကောင်းဆုံးအသက်အရွယ် နဲ့ ခြေစွမ်းပိုင်း prime ဖြစ်နေတဲ့ ၂၃ ကနေ၂၈ ကြားတွေပါမယ် ၊ အတွေ့အကြုံပိုင်းရင့်ကျက်ပြီး အသင်းကိုအကောင်ဆုံးဦးဆောင်နိုင်မယ့် ၃၀ ကျော်တွေပါမယ်ဗျာ ဆိုတော့ဒီရာသီမှာ Final ထိတက်ရောက်ပြီး ဗိုလ်ဆွဲသွားမလားဆိုတာတော်တော်လေး ရင်ခုန်စွာစောင့်ကြည့်သွားရတော့မှာပဲ ဖြစ်ပါတယ်။
တစ်ဖက်က Padang အသင်း အနေနဲ့လည်း ရှုံးပွဲကြုံခဲ့ရပေမယ့် တော်တော်လေးအားရစရာကောင်းတဲ့ ခြေစွမ်းကိုမြင်တွေ့ခဲ့ရတာပါ။ ZOO:MO; အသင်းကို ဘတစ်ပြန်ကျားတစ်ပြန် ကန်နိုင်ခဲ့တယ်ဆိုတာ သူတို့ရဲ့ နိုင်ပွဲဆာလောင်မှု၊ အသင်းပရိတ်သတ်တွေအတွက် နိုင်ပွဲရယူပေးလိုမှုတွေ ကအထင်းသားပေါ်လွင်နေပါတယ်။Individual explosive power တွေက ကြည့်နေရင်းကြက်သိန်းပါထတယ်ဗျာ၊ Team play တွေမှာလည်းတော်တော်လေးတိုးတက်လာတာမြင်တွေ့ခဲ့ရတယ်။ Padang အနေနဲ့ ဒီခြေစွမ်းကိုသာဆက်ထိန်းထားနိုင်ခဲ့မယ်ဆိုရင် လာမယ့် Padang နဲ့ပွဲဟာလည်း အကောင်းဆုံးတွေ မျှော်လင့်နိုင်ပါကြောင်းသုံးသပ်ဆွေးနွေးရင်း နိဂုံးချုပ်အပ်လိုက်ရပါတယ်။
Player of the match 🎖️
Du Du Sharaw
ပရိတ်သတ်ကြီးတို့ရဲ့အမြင်တွေကိုလည်း ဝင်ရောက်ဆွေးနွေးပေးသွားကြပါအုံး။
10/06/2026
အဖိုးတန် အနိုင် ၃မှတ်စုဆောင်းနိုင်ခဲ့ပြီး နောက်တစ်ဆင့်တက်ဖို့မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာခဲ့တဲ့ Hpare🔥
Matchweek 4
Hkahku 8 : 10 Hpare
Review
ပြီးခဲ့တဲ့ပွဲစဥ်တွေမှာ သွင်းဂိုးတွေ သိပ်မမြင်တွေခဲ့ရပေမယ့် ဒီပွဲမှာတော့ Hpare အသင်းရဲ့ အဆုံးသတ်သွင်းဂိုးတွေကို ရင်သပ်ရှုမောဖွယ်ရာ မြင်တွေ့ခဲ့ရပါတယ်။ သူတို့ရဲ့ကစားဟန်ဖြစ်တဲ့ ဘောလုံးကိုင်ပြီး ပွဲကိုထိန်းချုပ်နေတဲ့ ကစားပုံကနေ အခွင့်အရေးရရင်ရသလိုဂိုးပေါက်ကန်သွင်းလာတဲ့ playing style ပြောင်းကစားလာတာ ကျွန်တော်ကတော့ welcome ပါ တော်တော်လည်းသဘောကျပါတယ်။ ပွဲစဥ် အစကတည်းကသာ ဒီလိုပုံစံ ကစားခဲ့မယ်ဆိုရင် ရမှတ်တွေ ဒီ့ထက်ပိုမိုစုဆောင်းနိုင်ခဲ့မှာပါ။ Hpare အနေနဲ့ ဒီတစ်ပတ်နိုင်ပွဲကြောင့် ပွဲစဥ် ၅ မှာတွေ့မယ့် Padang အသင်းကို သရေတစ်မှတ်ရရုံနဲ့ နောက်တစ်ဆင့် ကို တက်လှမ်းခွင့်ရရှိမှာပါ။
Hkahku အသင်းအနေနဲ့ကတော့ ဒီရာသီဟာ တော်တော်လေး အဆင်မပြေခဲ့ကြတာပါ။ ကစားသမား အချင်းချင်းနားလည်မှုမတည်ဆောက်နိုင်တာ၊ အသင်းလိုက်ကစားပုံ အားရစရာမရှိတာ ၊ ဒဏ်ရာရကစားသမား များပြားလွန်းတာတွေကြောင့် ဒီရာသီဟာ အုပ်စုအဆင့်နဲ့ သာကျေနပ်ခဲ့ရပြီဖြစ်ပါတယ်။ ကဲ ပါဖြစ်တာတွေလည်း ဖြစ်ပြီးသွားပြီဆိုတော့ လာမယ့်ရာသီအကောင်းပြန်လာနိုင်အောင်ပဲ မျှော်လင့်မိပါကြောင်းသုံးသပ်ဆွေးနွေးပေးလိုက်ရပါတယ်။
Player of the match🎖️
Daw Nawng
ပရိတ်သတ်ကြီးတို့ရဲ့ အမြင်တွေကိုလည်း ကောမန့်မှာဝင်ရောက်ဆွေးနွေးခဲ့ကြပါအုံး
10/06/2026
MMSL အသင်းရဲ့ (၁၃) ပွဲဆက်ရှုံးပွဲ မရှိစံချိန်ကို အကောင်းဆုံးရပ်တန့်ပစ်နိုင်ခဲ့တဲ့ Pajau အသင်း
Matchweek 4
MMSL 8 : 10 PAJAU
Review
Season 1 ကို ရှုံးပွဲမရှိအောင်ကစားပြီး ချန်ပီယံဖြစ်ခဲ့တယ်။ Season 2 ကို လည်း အဖွင့် ၃ ပွဲဆက်အနိုင်ကစားပြီး အဆင့် ၁ နေရာမှာ ဦးဆောင်နေခဲ့ပေမယ့် ပွဲစဥ် ၄ အရောက်မှာ တော့ နောက်တစ်ဆင့်တက်ဖို့ အသည်းအသန်အမှတ်လိုအပ်နေတဲ့ Pajau အသင်းရဲ့ ရုန်းအားကြောင့်ရှုံးနိမ့်ခဲ့ရပါတယ်။ ရှုံးပွဲကြုံတွေ့ခဲ့ပေမယ့် MMSL အသင်းအတွက်တော့ နောက်တစ်ဆင့်တက် ပြီးသားဖြစ်တဲ့ အတွက် နှစ်နာမှုကြီးကြီးမားမားတော့မရှိခဲ့ပါဘူး။
တစ်ဖက်က Pajau အသင်းအတွက်လည်း ဒီနိုင်ပွဲကြောင့် နောက်တစ်ဆင့်ကို တက်ရောက်ဖို့တော်တော်လေး အခြေအနေကောင်းသွားခဲ့ရပါပြီ။ အုပ်စုနောက်ဆုံးပွဲက လည်း ဒီရာသီအဖက်ဖက်ကျဆင်းနေတဲ့ Hkahku အသင်းနဲ့ ဆိုတော့ Pajau အသင်းရဲ့လက်ရှိခြေစွမ်းနဲ့က အနိုင်ယူဖို့ ခက်ခဲဦးမှာမဟုတ်ပါဘူး။ ဆိုတော့ Sem final တစ်နေရာဟာလည်း Pajau အသင်းအတွက် 85% လောက်သေချာသလောက်ရှိနေပြီဖြစ်ပါကြောင်းသုံးသပ်ဆွေးနွေးပေးလိုက်ရပါတယ်။
Player of the match🎖️
Ze Hkawng
ညီကိုတို့ရဲ့ အမြင်တွေကိုလည်း ဝင်ရောက်ဆွေးနွေးပေးသွားကြလိုက်ပါအုံး
10/06/2026
Top scorer ⚽⚽⚽