မြစ်ကြီးနားဒေါ့ကွန်း - myitkyina.com

မြစ်ကြီးနားဒေါ့ကွန်း - myitkyina.com

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မြစ်ကြီးနားဒေါ့ကွန်း - myitkyina.com, No. 1128. Khay Mar Thiri, Myitkyina.

27/07/2018

မူဆယ်​ ကျွဲ နွား​ပေါက်​​ဈေး

27/07/2018

"ဆရာကြီးဦးအောင်သင်းပြောတဲ့ စာဖတ်ခြင်း "

ခွေးတစ်ကောင်ဟာ
မီးခဲကိုနင်းမိရင်
ဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေးသွားတာပဲ ဒါပဲ
နောက်တစ်ကောင်ကထပ်နင်းမိလည်း
ဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေးသွားတာပဲ
သူနင်းမိလို့ပူတဲ့ကိစ္စကို
တစ်ခြားခွေးတွေကို
မနင်းမိစေနဲ့ ပူတယ်လို့်မပြောနိုင်ဘူး
သူ့အတွေ့အကြုံကို လက်ဆင့်မကမ်းနိုင်ဘူး
ဘာဖြစ်လို့လဲဆိုတော့
သူတို့မှာ ဘာသာစကားမရှိလို့
ကိုယ်တို်င်ဖြစ်မှ ကိုယ်တိုင်သိရတာ
ကမ္ဘာဦးအစခွေးတွေကနေ
ဒီနေ့ခွေးတွေအထိ ဂိန်! ပဲ

တို့တစ်တွေလူတွေမှာတော့
အဲ့ဒီလိုမဟုတ်ဘူး
ဘာသာစကားရှိတယ်
မင်းတို့ငယ်ငယ်ကတည်းက
တစ်ပါးသူရဲ့အတွေ့အကြုံလက်ဆင့်ကမ်းလာတာ
အမေဖြစ်သူက
အဲ့ဒါမကိုင်နဲ့ ပူပူ
အဲ့ဒါမကိုင်နဲ့ ဝေါ့ဝေါ့
မင်းကိုင်ပါဦးမလား
မင်းအမေရဲ့အတွေ့အကြုံလက်ဆင့်ကမ်းမှုကြောင့်
မင်း မီးကို အပူမှန်းသိသွားတယ်
ဝေါ့ဝေါ့ဆိုတာကို ရွံစရာမှန်းသိသွားတယ်

အောက်ဆီဂျင်ကို
ခုချက်ခြင်း
မင်းဓာတ်ခွဲခန်းထဲမှာ
မင်းရှာဖွေထုတ်နိုင်တယ်
အဲ့ဒီအောက်ဆီဂျင်ကိုမင်းရှာတွေ့ခဲ့တာမဟုတ်ဘူး
ဒါပေမယ့်
ရှာတွေ့ခဲ့တဲ့ပညာရှင်က
လက်ဆင့်ကမ်းခဲ့လို့ မင်းချက်ခြင်းဖော်ထုတ်နိုင်တယ်
ဒါအတွေ့အကြုံကိုလက်ဆင့်ကမ်းတာပဲ
ပညာသင်တယ်
ပညာရှာတယ်ဆိုတာ ဒါပဲလေ

ဘာသာစကားရှိလို့
တစ်ပါးသူရဲ့အတွေအကြုံကို
လက်ဆင့်ကမ်းနိုင်တယ်
တစ်ဆင့်ပြီးတစ်ဆင့်လက်ဆင့်ကမ်းကြတယ်
ဒါကြောင့်လည်း
လူ့လောကကြီးက
တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ပြောင်းလဲလာတာပေါ့

အတွေးအကြံ အတွေ့အကြုံကို လက်ဆင့်ကမ်းတဲ့နေရာမှာ
နှစ်မျိုးရှိတယ်
တစ်ခုက တိုက်ရိုက်ပြောဆိုပို့ချခြင်းနဲ့
နောက်တစ်ခုက
သူ့ရဲ့အတွေ့အကြုံတွေကို
စာအုပ်ထဲမှာ ချရေးထားခဲ့ပြီး လက်ဆင့်ကမ်းခဲ့တာ

ဥပမာ
အောင်မြင်သူတွေရဲ့
အထုပ္ပတ္တိတွေကို ဖတ်ကြည့်ရင်
သူတို့ရဲ့အတွေးအကြံ အတွေ့အကြုံတွေ
မင်းရလာမယ်
မင်းစိတ်ဓာတ်တွေမာကျောလာမယ်
အထပ်တလဲလဲ ကြိုးစားချင်စိတ်တွေ
ဖြစ်လာမယ်
အောင်မြင်သူတွေလည်း
အခက်အခဲတွေကြားက
ရုန်းထကြတာကိုး

ဒါမို့ စာဖတ်ခိုင်းတာ
စာဖတ်တဲ့နေရာမှာလည်း
နည်းနည်းဖတ်မိတောင် များများတွေးပါ
လိုက်နာပါ ကျင့်သုံးပါ
သူတစ်ပါးရဲ့အတွေ့အကြုံကို
ကိုယ့်ရဲ့အတွေးအကြံလေးနဲ့ပေါင်းစပ်ပါ
ကိုယ့်ကိုကိုယ်ခိုင်း
ကိုယ့်ကိုကိုယ်မခိုင်းရင် သူများခိုင်းတာခံရတတ်တယ်
စဉ်းစားတွေးတောပေးရတယ်
ဦးနှောက်ကိုခါးတောင်းကျိုက်ပါ
ဒါမှ ခေါင်းဆောင်ဖြစ်မှာ
လူခါးတောင်းကျိုက်ရင် ကူလီပဲဖြစ်မှာပေါ့

စာဖတ်ခြင်းကို ပေါ့သေးသေးမတွက်နဲ့
စာဖတ်တယ်ဆိုတာ
တစ်ပါးသူရဲ့အမှားကို
ကိုယ်ဆက်မမှားအောင်လုပ်တာ
တစ်ပါးသူရဲ့အတွေ့အကြုံကို
ကိုယ့်အတွေ့အကြုံအဖြစ်ရယူတာပဲ

လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာကို ယူတတ်ကြတယ်
လူမိုက်တို့သည် ကိုယ်တိုင်မှားမှ သင်ခန်းစာရကြတယ်
ပို၍ မိုက်မဲသောသူတို့ကား
ကိုယ်တိုင် မှားပါလျက် နှင့်ပင်
သင်ခန်းစာ မယူတတ်ကြကုန်တဲ့

ကိုယ်တိုင်မှားမှ မှားမှန်းသိရင်
ခွေးသာသာဖြစ်သွားမှာပေါ့

စာကြည့်တိုက်တစ်တိုက်ဖွင့်ရင်
အချူပ်ထောင်မှာ လူငါးယောက်လျော့မယ်
စာဖတ်တဲ့လူဟာ
အသိအဉာဏ်အားကောင်းလာတယ်
အနည်းဆုံး
မိဘတွေ ဆုံးမရတာသက်သာတယ်

မင်းကိုမင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ
မင်းမိသားစုကို မင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ
မင်းတိုင်းပြည်ကို မင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ

မင်းတို့တစ်တွေ
ဗဟုသုတကိုရှာဖွေပါလေ့လာပါဆည်းပူးပါ
စာဖတ်ပါ
တစ်ပါးသူရဲ့အတွေ့အကြုံကို
လက်ဆင့်ကမ်းယူကြပါ

ဘဝကို
ဦးနှောက်ကဦးဆောင်တာဖြစ်တဲ့အတွက်
ဦးနောက်ကိုဦးစားပေးတဲ့စာမျိုး
များများဖတ်စေချင်တယ်

.........................&.............................

ဆက်လက်တင်ပြပါမည်.

ဆရာကြီးအားလေးစားကြည်ညိုလျက်..

06/07/2018

အသက် (၈၀) အဘိုးအို တစ်ယောက်ရဲ့ ဘဝသင်ခန်းစာများ
~~~~~~~~~~~
~~~~~~~~~~~

၁။ ရဲရဲ လက်ဆွဲနှုတ်ဆက်ပါ။
၂။ လူကိုကြည့်ရင် မျက်လုံးကိုကြည့်ပါ။
၃။ ရေချိုးစဉ် သီချင်းဆိုပါ။
၎။ စတီရီယိုစက် ကောင်းကောင်းတစ်လုံး ပိုင်နိုင်အောင်လုပ်ပါ။
၅။ ရန်မဖြစ်မနေ ဖြစ်ရတော့မယ်ဆိုရင် ကိုယ်ကဦးအောင် အပြင်းဆုံး ထိုးနှက်ပါ။
၆။ လှို့ဝှက်ချက်လေးတွေ ထားပါ။
၇။ ဘယ်သူ့အပေါ်မှာမှ လက်မလျှော့ပါနဲ့။ ဆန်းကြယ်မှုဆိုတာ နေ့စဉ် ဖြစ်တာမျိုးပါ။
၈။ ကမ်းလာတဲ့ လက်တိုင်းကို လက်ခံပါ။
၉။ သတ္တိရှိပါ။ မရှိနေရင်တောင် ဟန်ဆောင်ပါ။ ဘယ်သူမှ ဒီသတ္တိ အစစ်လားအတုလား မခွဲတတ်ပါ။
၁၀။ လေချွန်ပါ။

၁၁။ အလှောင်မခံရအောင်နေထိုင်ပါ။
၁၂။ ဘဝလက်တွဲဖော်ကို သေသေချာချာရွေးပါ။ ဒီတစ်ခုထဲက သင့်အနာဂတ်ရဲ့ ၉၀% သော ပျော်ရွှင်မှု/ စိတ်ပျက်မှုတို့ကို ဆုံးဖြတ်ပေးလိမ့်မှာ ဖြစ်တယ်။
၁၃။ လူမမြင်သာတဲ့ ကောင်းမှုကုသိုလ်လေးတွေ လုပ်တတ်အောင် အလေ့အကျင့် လုပ်ပေးပါ။
၁၄။ ကိုယ် လုံးဝ ပြန်မမြင်ချင်တော့တဲ့ စာအုပ်တွေကိုပဲ ထုတ်ငှားပါ။
၁၅။ လူတစ်ဖက်သားရဲ့ မျှော်လင့်ချက်ကို မဆန့်ကျင်ပါနဲ့။ သူတို့ဘဝမှာ ချမ်းသာတာဆိုလို့ ဒါပဲ ရှိခဲ့ရင် သင် စိတ်ကောင်းမှာ မဟုတ်ဘူး။
၁၆။ ကလေးတွေနဲ့ များများကစားပေးပါ။ ကစားတိုင်း အနိုင်ပေးပါ။
၁၇။ လူတိုင်းကို ဒုတိယ အခွင့်အရေး ပေးပါ။ ဒါပေမယ့် တတိယ အခွင့်အရေးကို ဘယ်တော့မှ မပေးနဲ့။
၁၈။ အနုပညာဆန်ဆန် ချစ်တတ်ပါ။
၁၉။ စိတ်ကောင်းနိုင်သမျှ/ စိတ်တက်ကြွနိုင်သမျှ ကောင်းနေ/ တက်ကြွနေတဲ့ လူတစ်ယောက် ဖြစ်အောင် နေပါ။
၂၀။ လက်လွှတ်ပါ။ ပေါ့ပေါ့ပါးပါးနေပါ။ သေရေးရှင်ရေးကလွဲလို့ ဘယ်အရာမှ သင်ထင်သလို သေရေးရှင်ရေးတမျှ အရေးမကြီးပါဘူး။

၂၁။ ဘဝရဲ့ အရေးကြီးတဲ့ အချိန်လေးတွေမှာ ဖုန်းခေါ်သံတွေက နှောင့်ယှက်နေရင် ကိုင်မနေပါနဲ့။ ပိတ်ထားလိုက်ပါ။ ကိုယ်အဆင်ပြေဖို့ ဖုန်းဆိုတာ ကိုယ့်အနားထားတာ။ ခေါ်သူကိုယ်တိုင် ကိုယ့်အနားရောက်လာတာမဟုတ်။
၂၂။ အကောင်းဆုံးအရှုံးသမားဖြစ်အောင်နေပါ။
၂၃။ အကောင်းဆုံးအနိုင်သမားလဲ ဖြစ်အောင် နေပါ။
၂၄။ တစ်စုံတစ်ယောက်ကို လှို့ဝှက်ချက် မပြောပြခင် နှစ်ခါစဉ်းစားပါ။ ဝန်လွှဲသလို ဖြစ်တတ်တယ်။
၂၅။ တစ်ယောက်ယောက်က ဖက်ထားရင် သူအရင်လက်လွှတ်ပါစေ။
၂၆။ ဂုဏ်မမက်ပါနဲ့။ ကိုယ်ကောင်းတဲ့ဆိုးတဲ့ အပေါ်မှာပဲ ဂုဏ်တပ်ချင်တပ်ပါစေ။
၂၇။ ရိုးရိုးရှင်းရှင်းလေးနေပါ။
၂၈။ ဘာမှရှုံးစရာမရှိတော့တဲ့ လူတစ်ယောက်ကို သတိထား ဆက်ဆံပါ။
၂၉။ တံတားတွေကို မီးမရှို့ပါနဲ့။ ဒီတံတားကနေ သင် အံ့သြဖို့ကောင်းလောက်အောင် အကြိမ်များစွာ ထပ်ဖြတ်ရဦးမယ် ဆိုတာ ရှေ့လျှောက်တွေ့လာပါလိမ့်မယ်။
၃၀။ သေရင် အုတ်ဂူမှာ "နောင်တစိုးစဉ်းမျှ မရဖူးသူ" လို့ ရေးခြစ်နိုင်အောင် နေထိုင်ပါ။

၃၁။ ကြီကြီးကြံ မြင့်မြင့်တွေး ရဲရဲလှမ်းပါ။ အသက်ကြီးလာခဲ့လို့ ဘဝမှာ ဘာတွေ လုပ်ခဲ့သလဲ ပြန်တွေးတိုင်း များများမလုပ်ခဲ့မိတာကိုပဲ နောင်တရလေ့ရှိတယ်။
၃၂။ အခွင့်အရေးရတိုင်း ချစ်တဲ့သူကို ချစ်ကြောင်း အသိပေးပါ။
၃၃။ ဘယ်အောင်မြင်မှုမှာမှ တစ်ဦးတစ်ယောက်ရဲ့ အောင်မြင်မှုဆိုတာ မရှိ။ ဒါ့ကြောင့် ပတ်ဝန်းကျင်မှာ ကူညီပေးနေသူများကို အသိအမှတ်ပြုပါ။
၃၄။ ကိုယ့် အကျင့်ကို ကိုယ်တာဝန်ယူပါ။ ဘယ်သူကမှ ဒီအကျင့်ကို သင့်ထံ လာပေးသွားတာ မခံပါနဲ့။
၃၅။ ဆွေမျိုးမိတ်ဆွေတွေ ဆေးရုံတက်ရတာပဲ ဖြစ်ဖြစ် နာမကျန်းဖြစ်တာပဲ ဖြစ်ဖြစ် မရောက် ရောက်အောင် သွားပါ။ ခဏလေးနေပေးရုံနဲ့တင် သူတို့ကို ပျော်ရွှင်မှု ဖြစ်စေပါတယ်။
၃၆။ ကိုယ်အနှစ်သက်ဆုံး သီချင်းလေးတွေကို နေ့စဉ် ရွေးဖွင့် နားထောင်ပေးပါ။
၃၇။ ကျေးလက်ဒေသ တောတောင်တွေဘက်ကို ရံဖန်ရံခါ အလည်အပတ်သွားပါ။
၃၈။ ချစ်သူများနေ့ ပို့(စ်)ကဒ် တွေ အမြောက်အများကို "သင့်အလှအပကို မြင်တတ်သူ တစ်စုံတစ်ယောက်" လို့ ရေးပြီး မသိတဲ့လူတွေဆီရော သိတဲ့လူတွေဆီပါ ပို့ပေးပါ။
၃၉။ ဖုန်းကိုင်တိုင်း တက်တက်ကြွကြွ အာဏာပါပါနဲ့ ကိုင်ပါ။
၄၀။ မှတ်စုလေးတစ်အုပ် နှင့် ခဲတံလေးတစ်ချောင်းကို အိပ်ယာဘေးမှာ ထားအိပ်ပါ။ ရွှေချထားဖို့ ကောင်းတဲ့ အကြံတွေဟာ မနက် ၃:၀၀ နာရီမှာ ပေါ်လာတတ်တယ်။

၄၁။ ဘဝရုန်းကန်ဖို့ လှုပ်ရှားနေသူတွေကို ဘယ်လောက်ပဲ နိမ့်ကျနေပါစေ လေးစားတတ်ပါ။
၄၂။ ချစ်သူဆီကို ပန်းပို့ပါ။ ဘာကြောင့်ပို့တယ်ဆိုတာ နောက်မှ စဉ်းစားပါ။
၄၃။ ဂိတ်ဝင်ကြေးတွေပေးရင် ကိုယ့်အနောက်က ကားအတွက်ပါ ထုတ်ပေးခြင်းဖြင့် သူတို့ ပျော်ရွှင်ပါစေ။
၄၄။ တစ်စုံတစ်ယောက်ရဲ့ လူစွမ်းကောင်းအဖြစ် နေပါ။
၄၅။ ချစ်မှ လက်ထပ်ပါ။ မချစ်ရင် မထိပါနဲ့။
၄၆။ ကိုယ့်နားမှာ ပျော်ရွှင်နေတဲ့ သူတိုင်းကို အလေးထားပါ။ ရေတွက်ပါ။ စူးစမ်းပါ။
၄၇။ တစ်စုံတစ်ယောက်အိမ်ကို ရုတ်တရက် အလည်အပတ်သွားတိုင်း စားစရာ သောက်စရာ လက်ဆောင် ဝယ်သွားပါ။
၄၈။ ကျောင်းကားတစ်စီး ကိုယ့်ဘေးကဖြတ်တိုင်း ကလေးတွေကို လက်ပြနှုတ်ဆက်ပါ။
၄၉။ အလုပ်တစ်ခုမှာ အောင်မြင်ရင် ၂၀% က သက်ဆိုင်ရာ ကျွမ်းကျင်မှုကြောင့် ဖြစ်ပြီး ၈၀% က လူမှုဆက်ဆံရေး ကြောင့် ဖြစ်တယ်ဆိုတာ သတိရပါ။
၅၀။ ဘဝမှာ တရားမျှတဖို့ ဘယ်တော့မှ မမျှော်လင့်ပါနဲ့။

©Pat_Divilly

- မှတ်စုကြမ်း
.

06/07/2018

တရုတ်ကြီးဈေးရောင်းနည်း 💰
===============

ဈေးသည် ရှေးတရုတ်လူကြီးသူမတွေ ဆုံးမလေ့ရှိတဲ့ စီးပွားရေးလမ်းညွှန် (၁၇) ချက် ✍️


၁။ ဆိုင်နေရာကောင်းခြင်းဟာ ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးပါတယ်။


၂။ ရောင်းကုန်ရဲ့ အရည်အသွေးဟာ ဆိုင်နေရာထက် ပိုအရေးကြီးနေတတ်ပြန်တယ်။


၃။ စကားချိုချိုသာသာ ဈေးရောင်းတတ်ခြင်းဟာ အရေးကြီးပါတယ်။ ဖောက်သည်ကို ပိုမြဲစေပါတယ်။


၎။ အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက်၊ ယုံကြည်မှု နည်းတာကို ပိုစိုးရိမ်သင့်ပါတယ်။


၅။ ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်းဟာ အရေးကြီးပေမဲ့ နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်ကလေးက ပိုရောင်းကောင်းနေတတ်ပါတယ်။ဈေးချိုတယ်ဆိုတာကို ဝယ်ယူသူများက ထင်မြင်သွားစေလို့ပါ။


၆။ ဝယ်သူကို တောက်လျှောက်လိုက်ကပ်နေတာမျိုး၊ မဝယ်မချင်းတိုက်တွန်းနေတာမျိုး ရှောင်ကြဉ်ပါ။


၇။ ပိုက်ဆံ တစ်ကျပ်သုံးနိုင်တဲ့ စားသုံးသူက ပိုက်ဆံ တစ်ရာသုံးနိုင်တဲ့ စားသုံးသူထက် စီးပွားတက်ဖို့ ပိုထောက်ကူတတ်တယ်။ တန်ဖိုး ပိုရှိတယ်။


၈။ ငွေလည်ပတ်မှု မြန်ဆန်ပါစေ။


၉။ စားသုံးသူရဲ့ ရှေ့မှာ ဆိုင်ဝန်ထမ်းတွေကို ဆဲဆိုအပြစ်တင်ခြင်းဟာ စားသုံးသူကို မောင်းထုတ်တာပါ။


၁၀။ နည်းနည်း၊ များများ လက်ကားဖောက်သည်ကို အမျိုးလို သဘောထားပါ။ တတ်နိုင်သမျှ သူတို့ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးပါ။


၁၁။ ရောင်းကုန်ပစ္စည်း ပြတ်သွားတယ်ဆိုတာ ဖောက်သည်ကို လျစ်လျူရှုတာ ၊စော်ကားတာနဲ့ အတူတူပဲ။


၁၂။ ဈေးနူန်းတစ်ခုတည်း ဖြစ်ပါစေ၊ တခုခုကြောင့် ဈေးလျှော့ရောင်းခြင်းဟာ ရှုပ်ထွေးမူကို ဖြစ်စေတတ်ပါတယ်။ ကတိကို ထိခိုက်နိုင်စေပါတယ်။


၁၃။ ဘယ်သူ့ကိုမှ အတင်းရောင်းချခြင်း မပြုလုပ်ပါနှင့်၊ စားသုံးသူ ကြိုက်နှစ်သက်သော ပစ္စည်းကို ရောင်းချနေတာ မဟုတ်ပါ။ စားသုံးသူ အကျိုးရှိစေတဲ့ ပစ္စည်းကို ရောင်းချနေတာပါ။


၁၄။ စက္ကူ တစ်ရွက်ပဲဖြစ်ဖြစ်၊ လက်ဆောင်ကို လူတိုင်း နှစ်သက်တတ်ကြပါတယ်။


၁၅။ ကလေးများဟာ ကျေးဇူးရှင်ပါ။ စားသုံးသူများက ကလေးကို ခေါ်ဆောင်လာတာပဲ ဖြစ်ဖြစ်၊ကလေးဈေးလာဝယ်တာပဲ ဖြစ်ဖြစ် အထူးဂရုစိုက်ပေးပါ။ (ကလေးကို လွှတ်တာတောင် ဖြစ်ကတတ်ဆန်းမလုပ်ဘူး) ဆိုတာ လူတွေသိပါစေ။


၁၆။ အသစ်ထွင်ပါ။ ဝယ်သူကို ဆွဲဆောင်နိုင်အောင် အမြဲ ကြိုးစားပါ။


၁၇။ အရောင်းအဝယ် ကြီးကြီး သေးသေး အစွမ်းကုန် ကြိုးစားပါ။ ဆိုင်တစ်ခုလုံး ရှင်သန်နေပါစေ။ဝယ်သူ များလာအောင် ဆွဲဆောင်နိုင်ကြပါလိမ့်တယ်။



လေးစားစွာဖြင့်




Original writer
Ko Pyay Khine

Photos from မြစ်ကြီးနားဒေါ့ကွန်း - myitkyina.com's post 03/07/2018

May I help you. ကူညီပါရ​စေ

Photos from မြစ်ကြီးနားဒေါ့ကွန်း - myitkyina.com's post 03/07/2018

မဲ​ပေးကြပါစို့

03/07/2018

နှင်းသီး(တောကြက်မောက်သီး)
==============================
ဒီအသီးလေးကိုတော့ ဒေသအလိုက်..လေချူသီး၊
တရုတ်ဆီးသီး ၊သမင်မျက်လုံးသီး ၊နှင်းသီး၊
လုန်အန်းသီး (တရုတ်အခေါ် နဂါးမျက်လုံးသီး) ၊သကြားသီး၊
တောကြက်မောက်သီး ၊ စစ်ကိုင်းသီး ၊ လောင်ဂန်သီး
စသည်ဖြင့် အမည်အမျိုးမျိုးခေါ်ကြပါတယ်။

မြန်မာ၊ တရုတ်တောင်ပိုင်း၊ အိန္ဒိယအနောက်တောင်ပိုင်း၊
သီရိလင်္ကာနဲ့ အင်ဒိုချိုင်းနားဒေသ​တွေမှာ ​ပေါက်​​ရောက်​ပါတယ်​။

တရုတ်တွေက လုန် = နဂါး၊ အန်း = မျက်လုံး (နဂါးမျက်လုံးအသီး)လို့ ခေါ်ပြီး အဲဒီ လုန်အန်းဆိုတဲ့စကားကို မြန်မာတွေက လောင်ဂန်သီးလို့ အသံထွက်​ကြတာပါ။

လောင်ဂန်သီးဟာ အစာအိမ်ရောဂါ၊ အိပ်မပျော်တဲ့ရောဂါ၊ သွေးလေချောက်ချားစိတ်ကျရောဂါ၊ အစာမျိုလမ်းကြောင်းရောဂါတွေကို သက်သာစေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ သွေးလှည့်ပတ်မှုစနစ်ကို ​ကောင်းမွန်စေပြီး အာရုံကြောစနစ်တွေကိုလည်း နိုးကြားစေတယ်​လို့ တရုတ်​​တွေက ယုံကြည်​ကြပါတယ်​။

တရုတ်ရှေးဆေးပညာသီအိုရီအရ Longan သီးဟာ နှလုံးကို ကျန်းမာစေတယ်လို့ ဆိုပါတယ်။
Longan သီးဟာ အလှအပအတွက်လည်း အထူးကောင်းမွန်တဲ့အသီးပါ။ အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်ပြီး အသားအရေကို နိုပျိုစေပါတယ်။

အမြင်အာရုံကိုကောင်းမွန်စေပါတယ်။ ဒါ့အပြင် သွားနဲ့ သွားဖုံးကိုလည်းကျန်းမာစေပြီး ခံတွင်းဆိုင်ရာပြဿ နာတွေကိုလည်း ဖြေရှုင်းပေးနိုင်ပါတယ်။

ဗီတာမင် C မြင့်အားများစွာပါဝင်လို့ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်။ ဒါ့ကြောင့်လည်း အအေးမိ ဖျားနာတာမျိုး အလွယ်တကူဖြစ်ပေါ်မှုကို ကူညီပေးနိုင်ပါတယ်။
သွေးအားနည်းရောဂါဖြစ်ပွားမှုကိုကာကွယ်ပေးခြင်းနဲ့
သံဓါတ်မြင့်မားစွာပါဝင်ပြီး သွေးအားရောဂါဖြစ်ပွားမှုကိုကာကွယ်ပေးနိုင်ပါတယ်။
သွေးကို အဟာရဓါတ်ဖြည့်ပေးနိုင်ပြီး အာရုံကြောစနစ်ကို ကောင်းမွန်စေပါတယ်။

ဒါ့အပြင်အစာအိမ်နာတာ၊ အိပ်မပျော်တာ သတိမေ့ရောဂါတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။
ချိုတယ် အရသာရှိတယ် ဒါပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဒီအသီးကို အများအပြားမစားသင့်ပါဘူး။ အပူဓါတ်မြင့်မားလို့ သန္ဓေသားမူမမှန်တာလည်း ဖြစ်စေပါတယ်။

မျက်လုံးကိုကျန်းမာစေရုံသာမက ဦးနှောက်ကိုလည်း ကျန်းမာစေပါတယ်။ ကြေးနီဓါတ်ပါဝင်လို့ စားပေးသင့်တဲ့အသီးတစ်မျိုးပါ။

ကြေးနီဓါတ်ပါဝင်မှုနည်းရင် အရိုးပွရောဂါ အရိုးပျော့ရောဂါ ဖြစ်နို်င်ချေပိုများပါတယ်။ ဒါ့ကြောင့် နဂါးမျက်လုံးသီး (သို့) Longan သီးမှာ ကြေးနီဓါတ်မြင့်မားစွာပါဝင်လို့ အရိုးကျန်းမာရေးအတွက်စားပေးသင့်ပါတယ်။

ဗီယက်နမ်တွေကတော့ လောင်ဂန်အစေ့ကို မြွေကိုက်တဲ့အခါမှာ ဆေးဝါးအဖြစ်သုံးကြတယ်​။

လောင်ဂန်နဲ့ စီးပွားဖြစ်နေတဲ့နိုင်ငံတွေက ထိုင်း၊ တရုတ်နဲ့ အမေရိကန် (ဟာဝိုင်အီ၊ ဖလော်ရီဒါ) တို့ဖြစ်​ပါတယ်​။ မြန်မာနိုင်ငံမှာ​တော့ စစ်ကိုင်းတစ်မြို့တည်းမှာပဲ စီးပွားဖြစ်လောက်အောင် စိုက်ပျိုးတာ တွေ့ရတယ်။

စစ်ကိုင်းသီးက ထိုင်းထက် ၁ လခွဲလောက် စောသီးတယ်။ မေလလယ်လောက်ကနေ ဇွန်လကုန်လောက်အထိ အသီးထွက်တယ်။ ထိုင်းက ဇွန်၊ ဇူလိုင်လောက်မှ လှိုင်လှိုင်ပေါတယ်။ စစ်ကိုင်းကထွက်သမျှ တရုတ်ဝယ်လက်က အလုံးအရင်းနဲ့ ဝယ်လေ့ရှိတယ်။

အရွယ်ရောက်တဲ့ လောင်ဂန်ပင်တစ်ပင်ကနေ အသီးချိန် ကီလို ၂၀၀ ကျော်ရနိုင်တယ်။ ၂၀ ပေ x ၂၅ ပေ ပင်ခြားတန်းခြားစနစ်နဲ့ စိုက်ရင် တစ်ဧကကို ၈၇ ပင် အနည်းဆုံးဝင်မယ်​။ အရွယ်ရောက်ပြီးသား တစ်ပင်ကို ကီလို ၂၀၀ သီးတယ် ... အပင် ၈၇ ပင်ဆိုရင် ကီလို ၁၇၀၀၀ ကျော်ပေါ့။ ကီလို ၁၀၀၀၀ ဆိုရင် တစ်ကီလို ဒီကနေ့ထိုင်းဘတ်နဲ့ ၃၀ ဘတ် ၄၀ ဘတ်ရတယ်ဆိုပါစို့ ... တစ်ဧက ဘတ် ၄ သိန်း ... မြန်မာငွေသင့်ရင် သိန်း ၁၂၀ ဝန်းကျင် ရပါမယ်​။

တစ်ပိသာအားဖြင့် မြန်မာငွေ ၄၀၀၀ ကျပ် ... တစ်ဧက ပိဿာ ၆၀၀၀ (ကီလိုတစ်သောင်း) ထွက်ရင် သိန်း ၂၄၀ ပေါ့။

လောင်ဂန်က အပူချိန် ၄၀ ဖာရင်ဟိုက်ကနေ ၉၅ ဖာရင်ဟိုက်အကြား၊ မိုးရေချိန် ၄၅ လက်မမှသည် ၇၅ လက်မဝန်းကျင် (မိုးသိပ်များရင်မကြိုက်ဘူးဆိုတဲ့သဘော) ... ပင်လယ်အမြင့်ပေ ၃၀၀၀ အောက်၊ မြေချဉ်ကိန်း ၅.၅ ကနေ ၇.၅ အကြား၊ မြေအမျိုးအစား သဲဆန်မြေ၊ သဲနုန်းမြေ၊ ကျောက်ရောသဲဆန်မြေ (ကျောက်တောင်ကုန်းတွေမဟုတ်)၊ အငန်ဓါတ်မရှိတဲ့မြေ၊ ရေဆင်းကောင်းပြီး စိုထိုင်းဆကို ထိန်းထားပေးနိုင်တဲ့ မြေအမျိုးအစားကို ပိုပြီးနှစ်သက်ပါတယ်။

သူက လိုင်ချီးနဲ့ ကြက်မောက် မျိုးနွယ်မို့ လိုင်ချီး ကြက်မောက်ဖြစ်ထွန်းတဲ့ ဒေသတွေမှာလည်း ဖြစ်နိုင်တယ်လို့ ပြောရင်ရပါတယ်။ လိုင်ချီးနဲ့ကြက်မောက်က မိုးများပြီး အေးတဲ့ဒဏ်ကို ခံနိုင်ရည်ရှိပြီး လောင်ဂန်က အပူကြိုက်ပုံရပါတယ်။ လောင်ဂန်မျိုးကို ကိုင်းထုပ်စည်း မျိုးပွားပင်ကိုစိုက်ရင်​ အသီးမြန်မြန်ရနိုင်တယ်။ အစေ့ပျိုးက ၅ နှစ်ကျော်မှ ပန်းပြပြီးသီးလိမ့်မယ်။ တချို့အပင်​ဆို အနှစ် ၂၀ ကျော်မှ သီးတယ်။

လောင်ဂန်က Ever Green လို့ပြောရမယ်။ တစ်နှစ်ပတ်လုံးစိမ်းနေတဲ့ အရွက်တွေနဲ့။ အရိပ်ကလည်း အေးမြတယ်။ ဒီတော့ စီးပွားလည်းဖြစ် သဘာဝပတ်ဝန်းကျင်ကိုလည်း ပြုပြင်ပြီးသားဖြစ်စေနိုင်တယ်။ မိုးနည်း မိုးအသင့်အတင့်ဒေသတွေနဲ့ ကိုက်ညီတာကြောင့် အတော်အကျိုးရှိစေနိုင်ပါတယ်။

Ref;MyFood Myanmar
တောင်တန်းမြေမှမီးအိမ်ရှင်
စာဖတ်ပါ လေ့လာပါ မှတ်သားပါ ကိုယ်သိသမျှကို မသိသောသူကိုမျှဝေပေးပါ.....

Photos from မြစ်ကြီးနားဒေါ့ကွန်း - myitkyina.com's post 03/06/2018

မြန်မာနိုင်ငံတွင် ရှေးကာလ ကတည်းက စိုက်ပျိုးလာခဲ့ကြတဲ့ သရက်ခြံများ၊ သရက် စိုက်ခင်းများဟာ သဘာဝအလျှောက်အပင်များကို
ကြီးထွားခွင့် ပေးထားခဲ့ကြတာ ဖြစ်ပါတယ်။ သရက်ပင်များကို အထိန်းအကွပ်မရှိ သဘာဝအတိုင်း ကြီးထွားခွင့်ပေးပါက အပင်အရွယ်
အလွန်ကြီးမားလာမှာ ဖြစ်ပါတယ်။သို့အတွက် သဘာဝအတိုင်းစိုက်ပျိုးခဲ့ကြတဲ့ သရက်ခြံများမှာအပင်ကြားနဲ့ အတန်းခြားအကွာအဝေး
များဟာလည်း အများအားဖြင့် ပေ ၃၀ ပတ်လည် ထားစိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ အပင် သက်တမ်းရင့် လာတာနဲ့အမျှ အပင်အရွယ်
အစား အလွန်ကြီးမားနေကြကာ၊ အသီးခူးဆွတ်ရန်ပင် ခက်ခဲမှုများ ရှိလာပါတယ်။ ယခင်က စိုက်ပျိုးခဲ့တဲ့ သရက်စိုက်ခင်း အများစုဟာ
သရက် မျိုးစေ့များကို ပျိုးထောင်ရယူထားတဲ့ အစေ့စိုက်အပင်များသာ အများစု ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံမှာ သရက်မျိုး ပေါင်းများစွာ
ရှိတဲ့ အနက်စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ မြကျောက်၊ ပတ္တမြားငမောက် စတဲ့ လူကြိုက်များတဲ့ သရက်မျိုးများ ရှိလာကြကာ ပြည်တွင်း
စားသုံးမှု သာမက ပြည်ပနိုင်ငံ များသို့ပါ တင်ပို့ရောင်းချ လာနေကြပါပြီ။ သရက်စိုက်ပျိုးပြုစု နည်းစနစ်များလည်း တိုးတက်လာခဲ့ကာ၊
အစေ့စိုက်ပျိုးပင်များအစား၊ ကိုင်းကူး၊ ကိုင်းဆက် ပျိုးပင်များကို အသုံးပြု စိုက်ပျိုးလာကြပါပြီ။

မြေဩဇာ ကျွေးမွေးမှု၊ ပိုးများ၊ ရောဂါများကို ကာကွယ်နှိမ်နင်းမှု စတဲ့ လုပ်ငန်းများနဲ့ အတူ၊ အပင်ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများကို
လည်း သိပ္ပံနည်းကျ ဆောင်ရွက် လာနေကြတာကို တွေ့နေကြရပါတယ်။ သိပ္ပံနည်းကျ စိုက်ပျိုးပြုစုကြရာတွင် အပင်အကွာအဝေး၊
စိုက်တန်းများ အကွာအဝေးများ ကိုလည်း ယခင်ကနဲ့မတူ၊ စိတ်စိတ်စိုက်ပျိုးလာကြကာ အပင်ကိုင်းဖြတ် ပုံသွင်းခြင်း၊ အသီးများကို
အိတ်စွပ်ပေးခြင်း စတဲ့နည်း စနစ်များကိုလည်း အသုံးပြုလာနေတာကိုတွေ့ရပါတယ်။ သရက်ပင်ဟာ အမြဲစိမ်း အပင်မျိုးဖြစ်တဲ
့အတွက် အပင်ပုံသွင်းပြုပြင်ခြင်းနဲ့ ကိုင်းဖြတ်၊ ကိုင်းရှင်းခြင်း လုပ်ငန်းများကို အနည်းငယ်သာ ပြုလုပ်ပေးခဲ့ကြပါတယ်။သရက်ကိုပူနွေး
တဲ့ ရာသီဥတုရှိတဲ့ ဒေသများမှာ စိုက်ပျိုးကြတဲ့အတွက် မကြာခဏ အညွန့်သစ်၊ အရွက်သစ်များ ထွက်ကာ အပင်ပိုင်း ကြီးထွားဖွံ့ဖြိုး
လာစေပါတယ်။ သဘာဝအရ သရက်ကိုင်းရဲ့ထိပ်ဖူးကို ဖယ်ရှားမှု၊ သို့မဟုတ် ထိခိုက်မှု၊ သို့မဟုတ် ပန်းခိုင်ထွက်ပန်းပွင့်လာမှု စသည်
တစ်ခုခု မဖြစ်ပေါ်ခဲ့ပါက သရက်ညွန့်ဟာ အကိုင်းဖြာထွက်မှု မရှိဘဲ ဆက်လက်ရှည်ထွက်နေမှာ ဖြစ်ပါတယ်။ သရက်ပန်းခိုင်များဟာ
အကိုင်းဖျားမှ ထွက်လာတာဖြစ်တဲ့ အတွက်ဘေးကိုင်းများပြားစွာ ထွက်နိုင်သည်နဲ့အမျှ၊ အသီးထွက် ပိုမိုရရှိစေနိုင်မှာ ဖြစ်ပါတယ်။

သရက်ပန်းခိုင်(သီးခိုင်) ညှာကို ဖယ်ရှားပေးပါက၊ သို့မဟုတ် ခြောက်ပြီး ကြွေကျသွားပါက အောက်ဘက် ကပ်လျက်ရှိနေတဲ့ ဘေးဖူး
မှ အကိုင်း သစ်ထွက်လာကာ ကိုင်းဖြာ လာစေပါတယ်။ သရက်သီးရဲ့ အလေးချိန်ကြောင့် အသီးခိုင် ညွတ်ကွေးကျနေပါကလည်း
အသီးခိုင်အောက် ကပ်လျက်ရှိ ဘေးဖူးမှ အညွန့်သစ် ထွက်လာတတ်ပါတယ်။ အပူပိုင်းဒေသများမှာ နောက်ဆုံးထွက်ခဲ့တဲ့ အကိုင်းနဲ့
အရွက်များရဲ့ အရွယ်ရင့်မှု သက်တမ်းဟာ ပန်းခိုင်ထွက် ပန်းပွင့်စေရေး အတွက် များစွာ လွှမ်းမိုးမှု ရှိစေပါတယ်။ အကယ်၍ အအေး
ဓာတ်လုံလောက်စွာ မရခဲ့ပါက ပန်းခိုင်ထွက် ပန်းပွင့်လာစေရန် နောက်ဆုံးထွက်ခဲ့တဲ့ အကိုင်းနဲ့အရွက်များရဲ့ သက်တမ်းဟာ လေး
လမှ ငါးလရှိနေရန် လိုပါတယ်။ လိုအပ်တဲ့ အကိုင်းနဲ့ အရွက်များရဲ့ သက်တမ်းရှိနေတဲ့ အပြင်၊ အအေးဓာတ်ပါ ရရှိခဲ့ပါက ပန်းပွင့်အား
ပိုမိုကောင်းမွန် လာစေနိုင်ပါတယ်။ များသောအားဖြင့် သရက်ပင်များဟာ စိုက်ခင်းမှာ စိုက်ပျိုးထားပြီးသုံးနှစ်သား၊ လေးနှစ်သားရလာ
သော်ပွင့်၊ သီးလာလေ့ရှိ ကြပါတယ်။ ထို့နောက် နှစ်စဉ် သီးထွက်ပိုလာစေကာ အပင်သက်တမ်းရလာတာနဲ့အတူ အပင်များတစ်ပင်နဲ့
တစ်ပင် အရွက်များထိယှက်လာပြီး အပင်အမြင့်ဟာလည်း ခူးဆွတ်ရန် ခက်ခဲလာစေပါတယ်။

သရက်ပင်ဟာ အကိုင်းဖျားများမှာသာ ပွင့်သီးကြပါတယ်။အပင်သက်တမ်းရင့်လာကာ၊ အပင်အရွယ်ကြီးထွားလာသည်နဲ့အမျှအလင်း
ရောင်ကို အကိုင်းများမှ လုယူနေကြတဲ့ အတွက် ပွင့်၊ သီးမှုဟာလည်း အပင်အပေါ်ရှိ ထိပ်ပိုင်းကိုင်းမျာမှာသာ ရှိလာစေပါတယ်။အပင်
ရဲ့အောက်ဘက်ပိုင်းရှိ အကိုင်းများဟာ ခြောက်သေသွားကြလေ့ ရှိပါတယ်။ အသီးများဟာ အပင်ရဲ့ထိပ်ပိုင်းများမှာသာ ရှိနေကြတဲ့အ
တွက်လည်း အသီးများကိုခူးဆွတ်ရန် ခက်ခဲလာပါတယ်။ ဒီအခြေအနေမျိုးကို သရက်စိုက်ခင်း သက်တမ်း နှစ် ၂၀ အရွယ်မှာ တွေ့
လာရလေ့ ရှိပါတယ်။ အပင်အိုစိုက်ခင်းများ ဖြစ်လာပါက၊ အပင်ပျိုများဖြစ်လာစေရန် အကြီးစားကိုင်းဖြတ်ပေးခြင်း သရက်မျိုးဟောင်း
များ အစားမျိုးသစ်များနှင့် အစားထိုး စိုက်ပျိုးခြင်း၊ သို့မဟုတ် အပင်အိုများကို အကြီးစား ကိုင်းဖြတ်ပေးပြီး ထွက်လာတဲ့ အညွန့်အကိုင်း
သစ်များပေါ်တွင် အခြားသရက်မျိုးမှ ကိုင်းများနဲ့ ကိုင်းဆက်မျိုးလည်း စိုက်ပျိုးခြင်းစတဲ့ နည်းများကိုလည်း အသုံးပြုကြလေ့ရှိပါတယ်။
သရက်ပင်များ ကိုင်းရှင်း၊ ကိုင်းဖြတ်ခြင်း ပြုလုပ်ပေးကြရာတွင် ရည်ရွယ်ချက် ပေါ်မူတည်ပြီး အစီအစဉ် သုံးမျိုး ချမှတ်ဆောင်ရွက်ကြ
ပါတယ်။

(၁) သရက်ပင် အရွယ်အစား ကြီးမားမသွားစေရန် နှစ်စဉ် အကိုင်းဖြတ်ပေးခြင်း၊ (သရက်ပင် ပန်းပွင့်လာစေနိုင်ရန် အတွက်လည်း
တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်)၊
(၂) စိုက်ပျိုးပြုစုမှု လွယ်ကူစေရန်အတွက် အလယ်အလတ်ရှိ အပင်အရွယ်များမှ ပိုပြီးအရွယ်ငယ်တဲ့ အပင်များဖြစ်လာစေရန်၊
(၃) အပင် သက်တမ်းရင့်လာသော အပင်အို၊ အပင်ကြီးများကို ပြန်လည်၍ အပင်အရွယ် ပျိုလာစေရန်တို့ဖြစ်ပါတယ်။ အကိုင်းဖြတ်
တဲ့ ရည်ရွယ်ချက်အလိုက် အကိုင်းဖြတ်နည်း စနစ်များ မှန်ကန်စေရန်အတွက်၊ သရက်ပင်ရဲ့ အပင်ကြီးထွားမှု အလေ့အထ၊ သရက်
ပင် စတင်စိုက်ပျိုးသည်မှ အပင်အရွယ် အိုမင်းလာသည်ထိရေနဲ့ နိုက်တြိုဂျင်ဓာတ်တို့ရဲ့ အပြန်အလှန် အကျိုးပြုနေမှုများကို အခြေခံ
အားဖြင့် သိရှိထားရန် လိုအပ်မှာဖြစ်ပါတယ်။

သရက်ပင်ရဲ့ ကြီးထွားဖွံ့ဖြိုးတဲ့ အချိန်တိုင်းမှာ၊ အကိုင်းထိပ်မှာရှိတဲ့ အနားယူ ငြိမ်သက်နေတဲ့ ထိပ်ဖူး သို့မဟုတ် ဘေးဖူးများမှ ပုံမှန်
ကဲ့သို့ပင် အချိန်တို ကာလအတွင်း၊ အပင်ပိုင်း သို့မဟုတ် မျိုးပွားပိုင်း အင်္ဂါများအဖြစ် ထွက်ပေါ်ကြီးထွားလာကြတာ ဖြစ်ပါတယ်။
တစ်ကြိမ်ကြီးထွားပြီး နောက်အကိုင်းထိပ်ဖူးဟာ အနားယူသွားပါတယ်။ ထို့နောက် ထပ်မံနိုးထလာကာ ပြန်လည် ဆက်လက်ကြီး
ထွားပြန်ပါတယ်။ ဤကဲ့သို့ နှစ်စဉ်အကိုင်းများ ဆက်လက်ရှည် ထွက်ကြီးထွားခြင်း၊ ဘေးကိုင်းများဖြာ ထွက်ကြခြင်းတို့ ဖြစ်ပေါ်နေ
တာဖြစ်ပါတယ်။ အသစ်ကြီးထွားထွက်လာတဲ့ အကိုင်းဟာ အပင်ပိုင်းကြီးထွားမှုဆိုပါက အဆစ်၁၂ ဆစ်ခန့်နဲ့ အရွက်များထွက်လေ့
ရှိပါတယ်။ မျိုးပွားပိုင်းဆိုရင် ဘေးဖူးကနေ ပန်းခိုင်ထွက်လာပါတယ်။ အကယ်၍ ထွက်လာတဲ့ အညွန့်သစ်ဟာ နှစ်မျိုးရောနေမယ်
ဆိုပါက အရွက်များရော ပန်းခိုင်များပါ ရောပါနေတတ်ပါတယ်။ သရက်ကိုင်းထိပ်မှ အဖူးများ စတင်နိုးကြားလာတာဟာ အကိုင်းများ
မှ အညွန့်သစ်ထွက်လာရန် အစပျိုးတာ ဖြစ်ပါတယ်။ သရက်ပင်ကို ရေငတ်ခံနိုင်တဲ့ အပင်ဆိုပြီး စဉ်းစားထားကြသော်လည်း အပင်
ကောင်းစွာ ကြီးထွားစေရန်အတွက် ရေလုံလောက်စွာ ရရန်လိုပါတယ်။

သရက်ပင်များ ရေငတ်ပါက အညွန့်သစ် မထွက်လာ နိုင်တော့ပါ။ ရေငတ်မှုကြောင့် အကိုင်းများနားနေခြင်းဖြင့် ပန်းခိုင်ထွက်လာ
စေရန် အားပေးမှုကို ဖြစ်စေနိုင်ပါတယ်။ မြေမှာ အစိုဓာတ် (ရေ) လုံလောက်စွာရှိနေပါက အရွက်တွင်းရှိ နိုက်တြိုဂျင်ဓာတ်ပမာဏ
က အညွှန့်သစ်ထွက်လာမှုကြိမ်နှုန်းကို အကျိုးသက်ရောက်မှု ရှိစေပါတယ်။ အတွေ့အကြုံများ အရ၊ အရွက်တွင်းနိုက်တြိုဂျင်
ပမာဏ ၁ ဒသမ ၄ ရာခိုင်နှုန်း ကျော်ရှိနေပါက ပူနွေးတဲ့ရာသီမှာအပင်ပိုင်းအညွန့်ထွက်တဲ့ကြိမ်နှုန်းများလာစေပါတယ်။ထို့ကြောင့်
အညွန့်ထွက်ချိန် တစ်ခုနဲ့ တစ်ခုကြား အနားယူချိန်ကာလ မလုံလောက်တဲ့ အတွက် ပန်းပွင့်လာစေမှုကို ဟန့်တားနေ စေပါတယ်။
အရွက်တွင်း နိုက်တြိုဂျင် ပမာဏဟာ ၁ ဒသမ သုည ရာခိုင်နှုန်းအောက်မှာ ရှိနေပါက အညွှန့်သစ်ထွက်လာစေမှုကိုဟန့် တားစေ
ပါတယ်။ သို့အတွက် အပူပိုင်းဒေသမှာ စိုက်ပျိုးတဲ့ သရက်ပင်များရဲ့ အကိုင်းဖြတ်ပေးမှုအပေါ် တုံ့ပြန်နိုင်မှုကို သဘောပေါက်နား
လည်းနိုင်ရန်အတွက် မြေတွင်းအစိုဓာတ်နဲ့ အရွက်တွင်းရှိ နိုက်တြိုဂျင်ဓာတ် ပမာဏကို ဆင်ခြင်သုံးသပ်ရန်လိုအပ်မှာဖြစ်ပါတယ်။

အကိုင်းဖြတ်ပေးခြင်းဖြင့် သရက်ပင်မှ အရွက်သစ်များ၊ အညွန့်သစ်များထွက်လာစေပါတယ်။ သရက်ပင်မှထွက်လာတဲ့ အရွက်
သစ်များဟာ အစာချက် လုပ်ပေးပြီး ကာဘိုဟိုက်ဒရိတ် ထုတ်လုပ်ပေးကြတာဖြစ်တဲ့ အတွက် သရက်ပင်မှ အညွန့်သစ်နဲ့ အရွက်
သစ်များ ထွက်လာရေးဟာ အရေးကြီးတဲ့ လုပ်ငန်းဖြစ်ပါတယ်။သရက်ပင်ဟာ အမြဲစိမ်း အပင်မျိုး ဖြစ်သော်လည်း အပင်အတွက်
လိုအပ်တဲ့ အစာအာဟာရများ ရရှိစေရေးအတွက် အရွက်အို၊ အရွက်ဟောင်းများထက် အရွက်သစ်၊ အညွှန့်သစ်များဟာ သရက်
ပင်ရဲ့ ကာဘိုဟိုက်ဒရိတ် စုဆောင်း ရရှိစေရေးမှာ အထူးအရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။ စုဆောင်းရရှိထားတဲ့
ကာဘိုဟိုက်ဒရိတ် များကို ကစီဓာတ်အဖြစ် သိုလှောင်ထားနိုင် သကဲ့သို့၊ အညွန့်၊ အကိုင်း၊ အမြစ်များ စတဲ့ အပင်ပိုင်းအစိတ်အ
ပိုင်းများ ရှည်ထွက် ကြီးထွားလာစေရန်နဲ့ ပန်းပွင့်၊ အသီးစတဲ့ မျိုးပွားပိုင်း အင်္ဂါ အစိတ်အပိုင်းများ ဖြစ်လာစေရန် အတွက်လည်း
တိုက်ရိုက် အသုံးချတာကို တွေ့ရပါတယ်။

သရက်သီး ကြီးထွားဖွံ့ဖြိုးလာရေး အတွက် စုဆောင်းထားတဲ့အစာကို အသုံးပြုရတာ ဖြစ်ပါတယ်။ သရက်ပင်မှ ချက်လုပ်ပေးနိုင်
မယ့် အစာပမာဏဟာ သရက်ပင်ပေါ်မှာရှိနေတဲ့ အရွက်အရေအတွက်နဲ့ တိုက်ရိုက် ဆက်စပ်ပတ်သက်နေပါတယ်။ သို့အတွက်
သရက်ပင်ရဲ့အကိုင်းများကို ဖြတ်ပေးခြင်းဟာ အပင်မှ ကာဘိုဟိုက်ဒရိတ် ထုတ်လုပ်နိုင်မှုကို လျော့ကျစေမှာ ဖြစ်ပါတယ်။
သို့သော် နေရောင်နဲ့ ကောင်းစွာထိတွေ့နေတဲ့အရွက်များကသာ အစာကောင်းစွာချက် လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အပင်သက်
တမ်းနဲ့ အရွယ်အစား ကြီးထွားလာတာနဲ့ အမျှ၊ တစ်ပင်နဲ့ တစ်ပင်ရဲ့အကိုင်းများနဲ့ အရွက်များဟာ ထပ်နေ၊ ရောယှက်နေကြပြီး
အသီးထွက်ကိုလည်း ကျဆင်းလာစေပါတယ်။ ပွင့်သီးမှုနည်းလာပြီး ရောဂါနဲ့ပိုးများ ကျရောက်မှုလည်း များလာစေနိုင်ပါတယ်။
ဒါ့ကြောင့် အပင်မှာရှိတဲ့ အစာချက် လုပ်ပေးနိုင်မယ့် အရွက်အများစုကို နေရောင်ကောင်းစွာ ရရှိစေနိုင်ရေးအတွက်အကိုင်းဖြတ်၊
အကိုင်းရှင်းခြင်းများကို ပြုလုပ်ပေးကာ၊ အပင်ပုံသွင်း ပြုပြင်ပေးရန် လိုအပ်မှာဖြစ်ပါတယ်။

သရက်ပင်ကို အကိုင်းရှင်း၊ အကိုင်း ဖြတ်ပေးကြရာမှာ အကိုင်းဖြတ်တဲ့ နေရာ၊ ဖြတ်ပေးလိုက်တဲ့ ပမာဏ၊ အကိုင်းဖြတ်ခြင်းရဲ့
ရည်ရွယ်ချက် စတဲ့အချက်များပေါ်မူတည်ပြီး အကိုင်းဖြတ်ပေးနည်းများ မတူကွဲ ပြားကြပါတယ်။ အဓိကအားဖြင့် သရက်ပင်
အကိုင်းများကို ဖြတ်ရာတွင် နည်းလေးနည်းကို အသုံးပြုကြလေ့ ရှိပါတယ်။ (၁) အကိုင်းရဲ့ တချို့အစိတ်အပိုင်းကို သာဖြတ်ခြင်း၊
ဒီနည်းမှာတော့ အကိုင်းများ၊ ပင်စည်များမှ အကိုင်းနဲ့ အရွက် အစိတ် အပိုင်းတချို့ကိုသာ ဖြတ်ပေးတာဖြစ်ပြီး၊ အကိုင်းနဲ့ အရွက်
တချို့ဟာ အပင်ပေါ်မှာကျန်ရှိနေရစ်ပါတယ်။ (၂) အကိုင်းထိပ်ပိုင်းကိုသာ ဖြတ်ပေးခြင်း၊ ဒီနည်းမှာ အညွန့်များအကိုင်းများရဲ့
ထိပ်ပိုင်းမှာရှိတဲ့ အစိတ်အပိုင်း အနည်းငယ်ကိုသာ ဖြတ်ပေးတာဖြစ်ပါတယ်။ (၃) အကိုင်း၊ အညွန့်များရဲ့ ထိပ်ဖူးကိုသာ ဖြတ်ပေး
ခြင်း၊ ဒီနည်းမှာတော့ အကိုင်းများ၊ အညွန့်များရဲ့ ထိပ်ဖူးကိုသာ ဖြတ်ပေးလိုက်တာ ဖြစ်ပါတယ်။ (၄) အကိုင်း၊ အညွန့်တစ်ခုလုံး
ကို ဖြတ်ခြင်း၊ ကိုင်းရှင်းခြင်း၊ ဒီနည်းမှာ အကိုင်းများ၊ အညွန့်များကို အရင်းမှ ဖြတ်ပေးတာ ဖြစ်ပါတယ်။ Tip-pruning နဲ့
Tipping နည်းများဟာHeading အကိုင်း ဖြတ်နည်းထဲမှာ ထည့်သွင်းထားနိုင်မှာ ဖြစ်ပါတယ်။

Thinning နည်းကို အကိုင်းသေ၊ အကိုင်းခြောက်များ၊ အကိုင်းထွက်နေမှု ပုံမမှန်သည့် အကိုင်းများ၊ အပင်အောက်ခြေနှင့် နည်း
ကပ်စွာ ထွက်နေတဲ့ကိုင်းများကို ဖြတ်ရာတွင် အသုံးပြုကြပါတယ်။ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများနဲ့ အခြားသော ဓာတုဆေး
များ ပက်ဖျန်းရာတွင် အပင်အတွင်း ဆေးများဝင်ရောက်မှု ကောင်းစွာ ပျံ့နှံ့စေရန် အတွက်လည်း Thinning နည်းကို သုံးကြပါ
တယ်။ ဒီနည်းမှာ အပင်အတွက် အသုံးဝင်နိုင်တဲ့ အကိုင်းများကိုပါ ဖြတ်ပစ်ရတာ ဖြစ်တဲ့အတွက် အမှန်တကယ် လိုအပ်မှသာ
အသုံးပြုသင့်ပါတယ်။ သရက်ပင်များကို အကိုင်းဖြတ်ပေးကြရာတွင် အကိုင်းရဲ့ အစိတ်အပိုင်း တချို့ကိုသာ ဖြတ်ပေးတဲ့
Heading နည်းကိုသာ အသုံးပြုလေ့ ရှိကြပါတယ်။ သရက်ပင်မှာ အကိုင်းထိပ်ပိုင်း ဖြတ်ပေးရာတွင် အကိုင်းများရဲ့ထိပ်မှ
အောက်ဘက် အကိုင်းအချင်း တစ်စင်တီမီတာ အရွယ်အထိ နေရာကိုဖြတ်ပေးတာ ဖြစ်ပါတယ်။ အကိုင်းရဲ့ အစိမ်းရောင်ရှိနေ
တဲ့ နေရာမှာ ဖြစ်ပါတယ်။ အညွှန့်သစ်ထွက်လာရာမှာ အပင်ပိုင်းကြီးထွားမှုရဲ့ ထူးခြားချက်ကတော့ ထွက်လာတဲ့အညွှန့်
(အကိုင်းသစ်) ရဲ့ အရင်းဘက်မှာ အဆစ်ကျဲ (ဆစ်ကြားရှည်) နေလေ့ရှိကာ၊ အကိုင်းဖျားရောက်လာသော် အဆစ်စိတ်နေပြီး
အရွက်များ၊ အဖူးများ စုနေတဲ့ အခြေအနေဖြစ်ပါတယ်။

အရွက်များ၊ အဖူးများ စုနေတဲ့ အတွက် အကိုင်းဖြတ်ပေးရာတွင် အကိုင်းထိပ်မှ ဘယ်နှစ်ရွက်မြောက်တွင် ဖြတ်မှာလည်းဆိုတဲ့
အပေါ် မူတည်ကာ အသစ်ထွက်လာမယ့် အညွန့်သစ် (အကိုင်းသစ်) အရေအတွက် ကွာခြားသွားစေမှာဖြစ်ပါတယ်။ သရက်ပင်
မှာ ရေ(အစိုဓာတ်)နဲ့ အာဟာရဓာတ်များ ကောင်းစွာရရှိနေပါက အကိုင်းထိပ်ဖြတ်ပေးပြီး နောက်မကြာမီအညွန့်သစ် (အကိုင်း
သစ်)များ လျင်မြန်စွာထွက်လာမှာ ဖြစ်ပါတယ်။ ထွက်လာတဲ့အညွှန့်အရေအတွက်ဟာ အကိုင်းထိပ်မှစတင်ရေတွက်ပြီး ဖြတ်
ပေးလိုက်တဲ့အဆစ်ပေါ် မူတည်မှာ ဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။

- ဒေါက်တာ (စိန်လှဗိုလ်)

Photos from ရွှေအိမ် သစ်သီးပွဲရုံ's post 01/06/2018
09/11/2017
Photos from မြစ်ကြီးနားဒေါ့ကွန်း - myitkyina.com's post 07/11/2017

ဗြဟ္မာ မင်းဦးခေါင်း အနန္တ တန်ခိုးရှင်

အိန္ဒိယနိုင်ငံက ဟိန္ဒူလူမျိုးတို့ ရဲ့  ယုံတမ်းပုံပြင်တွေမှာ တစ်ရံရော အခါက တန်ခိုးရှင် သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ ဟာ အငြင်းအခုံ ဖြစ်ပွားကြရာကနေ စစ်မက်ဖြစ်ပွားတဲ့ အခါ ဗြဟ္မာမင်း က ရှုံးနိမ့်သွားခဲ့လို့ 
လည်ဖြတ်ခံရလေတယ်၊ တန်ခိုးကြီးတဲ့ ဗြဟ္မာမင်း ဦးခေါင်းကို ကောင်းကင် ဆီပစ်ပါက ကမ္ဘာတခွင် မိုးဆိတ်သုဉ်းသွားလိမ့်မယ် ၊ ကုန်းပေါ်ပစ်ပါက မြေသြဇာခန်းခြောက်လိမ့်မှာဖြစ်လို့  ဗြဟ္မာမင်း၏ ဦးခေါင်းကို နန္ဒာဒေဝီစသော နတ်သမီးတွေ က အလှည့်ကျ ကိုင်ထားကြရသတဲ့။

အဆိုပါဇတ်ကြောင်းကနေ လူလောကမှာပြသနာ တွေရှာပြီးလူ့ အသိုင်းအ၀န်းကို အန္တရာယ် ပေးတတ်တဲ့ သူတွေနဲ့  အတူနေထိုင်နေရတဲ့အခါရှေးလူကြီးတွေက ဗြဟ္မာ မင်းဦးခေါင်းထမ်းထားရသလိုဘဲ ဆိုတဲ့ စကားပုံကိုသုံးပြီး ခိုင်းနိုင်းပြောဆိုလေ့ရှိပါတယ်။

ယခုခေတ်ကာလမှာလည်း အမေရိကန်နိုင်ငံရဲ့ သမ္မတအဆက်ဆက်ဟာ
အန္တရာယ်အကြီးဆုံး ကီလို ၂၀ လောက်လေးတဲ့ဗြဟ္မာ မင်းဦးခေါင်း အိပ်အနက်ကြီး ကို ဘယ်နေရာသွားသွား ယူသွားလေ့ရှိတယ်။

အဆိုပါ အိပ်ကြီးကို Nuclear football အက်တွန်မစ် (အနုမြူ) ဘော်လုံး လို့  လူသိများပါတယ်၊အမေရိကန်ရဲ့  တတ်ဆင်ထားတဲ့
နြူးကလီးယား ဒုံးပျံ (ကြီး-ရေ-လေ) လက်နက် တွေကို ထိမ်းချုပ်ထားတဲ့ စက်ကြီးဖြစ်ပါတယ်။
ယခုရက်ပိုင်းအတွင်း မှာ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရန့် ရဲ့  အာရှခရီးစဉ်မှာလည်း ဗြဟ္မာ မင်းဦးခေါင်းကိုယူလာတာတွေ့ ရပါတယ်။

မည်သည့်နိုင်ငံရောက်နေပါစေ နိုင်ငံရဲ့  အကြီးတမ်းစစ်ဖက်အရာရှိတွေဟာ
သမ္မတ ရဲ့  တိုက်ရိုက်အမိန့် နဲ့  အဆိုပါအိပ်အတွင်းက စက်ကိုဖွင့်ပြီး ကုတ်နံပါတ်တွေ ရိုက်မယ် နိုင်ငံအကြီးကဲဟုတ်မဟုတ် စစ်ဆေးချက်တွေ နဲ့  ခိုင်လုံပြီဆိုရင်ဖြင့် အတည်ပြုခလုပ်ကို နှိတ်လိုက်တာနဲ့ မိနစ်ပိုင်းအတွင်း မှာတမ္ဘာလုံးကို ဖျက်ဆီးပစ်နိုင်တဲ့ စွမ်းအားရှိပါတယ်။

ဗြဟ္မာ မင်းဦးခေါင်းအိပ်ကို အလှည့်ကျ ချိန်လုံး ကိုင်ရတဲ့သူတွေဟာ တကယ့် အရည်အချင်းပြည့်ဝပြီး သမိုင်းကြောင်းကောင်းတဲ့သူ grade O-4အဆင့်ရှိ အတော်ဆုံး တပ်မတော်အရာရှိတွေဖြစ်ရပါတယ်။

SAW

(နြူးကလီးယား ဒုံးပျံ ၂၀၁၇ မှတ်တမ်းတွင် ဖေါ်ပြထားသည့် မှတ်တမ်းအရ အမေရိကန်နိုင်ငံ စစ်တပ်တွင် ကီလိုမီတာ တသောင်းအကွာအဝေးအထိ ပစ်နိုင်သော နြူးကလီးယား ဒုံးပျံ အစင်းပေါင်း ၇၀၀၀ အထိရှိကြောင်းသိရသည်။)

Want your business to be the top-listed Gym/sports Facility in Myitkyina?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

No. 1128. Khay Mar Thiri
Myitkyina
NO.1128