Nawng Nang Youth Football Club

Nawng Nang Youth Football Club

Share

Respect

Photos from Nawng Nang Youth Football Club's post 12/06/2026

နောင်နန်းတိုက်နယ် U15 အခြေခံဘောလုံးသင်တန်း ပိတ်ပွဲအခမ်းအနားကို ( ၁၁.၆.၂၀၂၆ )အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ⚽🏆

အခမ်းအနားတွင် နောင်နန်းတိုက်နယ် အုပ်ချုပ်ရေးမှူး ဦးခွန်အားမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းသားများအား အားပေးစကားများ ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းသားများကို အသင်း (၂) သင်းခွဲ၍ ချစ်ကြည်ရေးဘောလုံးပွဲ ယှဉ်ပြိုင်ကစားစေခဲ့ပြီး သင်တန်းကာလအတွင်း ကြိုးပမ်းသင်ကြားပေးခဲ့ကြသော သင်တန်းဆရာ (၃) ဦးအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။

U15 အခြေခံ​ဘောလုံးသင်တန်းသို့ တက်ရောက်ခဲ့သော သင်တန်းသား (၉၆) ဦးအနက်မှ ထူးချွန်သင်တန်းသား (၃၃) ဦးကို ရွေးချယ်ကာ လာမည့် ​နောင်နန်းတိုက်နယ်အုပ်ချုပ်​ရေးမှူးဖလား U15 ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဆက်လက်လေ့ကျင့်ပေးသွားမည် ဖြစ်ပါသည်။

နောင်နန်းတိုက်နယ် ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ကူညီပေးကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

#နောင်နန်းတိုက်နယ်


08/05/2026

နောင်နန်း Youth Club Football Training အတွက် သင်တန်းသားများ တိုးလာသောကြောင့် ကချင်ပြည်နယ် အားကစားနှင့်ကယာပညာဦးစီးဌာနထံ မှ Training T-shirt များကို ထပ်မံလှူဒါန်းပေးမူကိုလက်ခံရရှိခဲ့ပါသည်။ ⚽️👕

လူငယ်ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်အမြဲ အားပေးကူညီပေးနေသော ကချင်ပြည်နယ် အားကစား နှင့် ကယာပညာဦးစီးဌာနအား နောင်နန်း Youth Club မှအထူးကျေးဇူးတင်ရှိပါကြောင်း လေးစားစွာ ဖော်ပြအပ်ပါသည်။ 🙏


07/05/2026

⚽️ နောင်နန်း Youth Club ဘောလုံးသင်တန်း ⚽️

ဘောလုံးဝါသနာရှင် လူငယ်များအတွက်
သင်တန်းသားများကို
May 8 , 9 နောက်ဆုံးထား၍ သင်တန်းလက်ခံပါမည်။

📞 ဆက်သွယ်ရန် - 09254559368 (U Lawt Mai)

စိတ်ဝင်စားသူများ အမြန်ဆုံးစာရင်းပေးသွင်းနိုင်ပါသည်။


#ဘောလုံးသင်တန်း

Photos from Nawng Nang Youth Football Club's post 30/04/2026

ယနေ့ (၃၀.၄.၂၀၂၆) တွင် နောင်နန်း Youth Club မှ စီစဉ်ပြုလုပ်သော အသက် (၁၅) နှစ်အောက် နွေရာသီ ဘောလုံးသင်တန်း ဖွင့်ပွဲကို နောင်နန်းဘောလုံးကွင်းတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ⚽️

အခမ်းအနားတွင် ကချင်ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ လှူဒါန်းပေးအပ်သော အားကစားပစ္စည်းများကို လက်ခံရရှိခဲ့ပြီး၊ လူငယ်များအတွက် အားဖြည့်ကူညီမှုအဖြစ် အထူးတန်ဖိုးထားပါသည်။ 🙏 ထို့ပြင် ညွှန်ကြားရေးမှူး ဆရာ ဦးအောင်သူ နှင့် နောင်နန်း တိုက်နယ် အုပ်ချုပ်ရေးမှူး ဦးခွန်အောင် တို့မှ အားပေးမိန့်ခွန်းများ ပြောကြားခဲ့ကြပြီး၊ ကလေးများနှင့် coach များအား အားကစားလက်ဆောင်များလည်း ပေးအပ်ခဲ့ပါသည်။ 🎁

ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ကလေးများ၏ ပျော်ရွှင်စရာ ဘောလုံးကစားမှုများကို တွေ့မြင်ခဲ့ရပြီး၊ အနာဂတ်ဘောလုံးသမားလေးများ၏ စိတ်အားထက်သန်မှုကို ထင်ရှားစွာ ခံစားရပါသည်။ 🌟

ထို့အပြင် ဖွင့်ပွဲအခမ်းအနားသို့ အချိန်ပေး၍ ကြွရောက်အားပေးခဲ့ကြသော ဧည့်သည်တော်များအားလုံးကို နောင်နန်း Youth Club မှ အထူးကျေးဇူးတင်ရှိပါသည်။ လူငယ်များ၏ အနာဂတ်အတွက် အားပေးကူညီမှုများကို ဆက်လက်၍လည်း ပူးပေါင်းပါဝင်အားပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။ ⚽️

29/04/2026

လူငယ်များ၏ အနာဂတ်အားကစားကြယ်ပွင့်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍
နောင်နန်း Youth Club အသက်(၁၅)နှစ်အောက် နွေရာသီ ဘောလုံးသင်တန်း ဖွင့်ပွဲ ကို
၃၀.၄.၂၀၂၆ ရက်နေ့တွင် နောင်နန့်ဘောလုံးကွင်း တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

#နွေရာသီဘောလုံးသင်တန်း




23/04/2026

⚽ U-15 FOOTBALL TRAINING ⚽

မြစ်ကြီးနားမြို့ နောင်နန်းတိုက်နေ မှာရှိတဲ့ ကလေးများအတွက်
U-15 ဘောလုံးသင်တန်း ဖွင့်လှစ်မည်ဖြစ်ပါသည်။

📅 သင်တန်းစတင်မည့်ရက် – 24.4.2026
⏳ သင်တန်းကာလ – ၁ လ နှင့် ၁၀ ရက်

ဒီသင်တန်းပြီးဆုံးပါက
Labang Rosana ကွင်းဖွင့်ပွဲ အထိမ်းအမှတ်အဖြစ်
🏆 ရပ်ကွက်နှင့် ရပ်ကွက် ဘောလုံးပြိုင်ပွဲ ကိုလည်း
ကျင်းပသွားမည်ဖြစ်ပါသည်။

⚽ Training Include
• Basic Skill Training
• Teamwork & Discipline
• Technique Training
• Fun Activities & Friendly Matches

👦 အသက် – Under 15
📍 နေရာ – Nawng Nang Football Field

👨‍🏫 Coach – TaiLum BawkLar
👨‍🏫 Assistant Coach – 2 Persons

📞 Contact – 09400022359 (U Lat Aung)

⚡ ဘောလုံးကို စိတ်ဝင်စားတဲ့ ကလေးများ
⚡ အနာဂတ် Football Player ဖြစ်ချင်တဲ့ ကလေးများ
လာရောက်စာရင်းပေးနိုင်ပါပြီ။



15/04/2026

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား
Nawng Nang Youth FC U 18 🏆
​ကျေးဇူး​တော်ချီးမွမ်းပွဲ

14/04/2026

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား
Nawng Nang Youth FC U 18 🏆
​ကျေးဇူး​တော်ချီးမွမ်းဆု​တောင်းပွဲ​အောက်ပါအတိုင်းပြုလုပ်သွားပါမည်..လာ​ရောက်​ပေးဖို့​ ဖိတ်​ခေါ်ပါသည်..

Photos from Nawng Nang Youth Football Club's post 13/04/2026

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား U 18
🏆 Nawng Nang Youth U - 18
​ရှေးဦးစွာ ဘုရားသခင်ကို ​ကျေးဇူးတင်ပါသည်..ကျ​နော်တို့ Nawng Nang Youth F.C U 18 အသင်းကို​ငွေအားဖြင့်​သော် လည်း​ကောင်း , ဆု​တောင်းခြင်းဖြင့်​သော် လည်း​ကောင်း လာ​ရောက်အား​ပေးကြ​သော် ပရိသတ် တစ်​ယောက်စီတိုင်းကို လည်း ​​ကျေးဇူးတင်ပါသည်..​နောက်​နောင်ပွဲများ​တွေလည်း ဝိုင်းဝန်း Support ကျ ဖို့ ​​မျှော်လင့်မိပါသသည်..
#ထပ်ဆင့် ​အောင်မြင်မူအ​နေဖြင့် ကချင်ပြည်နယ် ကိုယ်စားပြုပမဏ ၃ ဦး ​ရွှေးချယ်ခြင်းခံရ..

11/04/2026

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား U - 18
Gand Final

Nawng Nang Youth U - 18 F.C Vs ​S - La Wang F.C


Time- 2 PM
Date - 12.4.2026
Field - ငြိမ်းချမ်းသာယာအားကစားကွင်း
-​နောင်နန်းတိုက်နယ်ရှိ မိဘပြည်သူများလာ​ရောက်အား​ပေးဖို့ ဖိတ်​​​ခေါ်အပ်ပါသည်...

Want your business to be the top-listed Gym/sports Facility in Myitkyina?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Nawng Nang
Myitkyina