AGRA Yoga "with"Gu Gue

AGRA Yoga "with"Gu Gue

Share

မဂ်လာပါ,Namaste🙏🙏🙏🧘🏻‍♀️🧘🏼🧘🏻‍♂️

05/06/2026

🧘‍♂️ Morning Yoga Outside Invitation 🧘‍♀️

နံနက်ခင်းရဲ့ လတ်ဆတ်တဲ့ လေညင်းလေးနဲ့အတူ စိတ်ရောကိုယ်ပါ လန်းဆန်းသွားဖို့ ဖိတ်ခေါ်အပ်ပါသည်။

AGRA YOGA Class မှ ကြီးမှူးပြီး နေပြည်တော်မှာရှိတဲ့ ယောဂဝါသနာရှင်များအားလုံး စုပေါင်းကာ ပြင်ပ (Outside Yoga) လေ့ကျင့်ခန်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်ရှင့်။ နေပြည်တော်နဲ့ အနီးတစ်ဝိုက်က စိတ်ပါဝင်စားသူ မည်သူမဆို အတူတူ လာရောက်ပါဝင်ဆင်နွှဲဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ရပါတယ်။

📅 အသေးစိတ် အစီအစဉ်
ရက်စွဲ: ၆.၇.၂၀၂၆ (စနေနေ့)
အချိန်: နံနက် ၆:၀၀ နာရီ မှ ၇:၀၀ နာရီအထိ
နေရာ: မြို့မဈေး မင်္ဂလာကန်၊ နေပြည်တော်

Yoga (ယောဂ) ကျင့်စဉ်လေ့ကျင်တာဟာ ခန္ဓာကိုယ်ကို ကွေးညွတ်ရုံတင်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ တစ်ပြိုင်နက် ပြုပြင်ထိန်းသိမ်းပေးတဲ့ အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

နားလည်ရလွယ်ကူအောင် လိုတိုရှင်း အဓိပ္ပာယ်ရှိရှိ ခွဲခြားရှင်းပြပေးပါမယ်ဆုရင်။

၁။ ရုပ်ပိုင်းဆိုင်ရာ ကောင်းကျိုးများ (ခန္ဓာကိုယ်အတွက်)
အကြောအခြင် ပြေလျော့ပြီး ခန္ဓာကိုယ် ပျော့ပျောင်းလာခြင်း: ကြွက်သားတွေ တောင့်တင်းတာ၊ ခါးနာတာ၊ ဇာတ်ကြောတက်တာတွေကို သက်သာစေပါတယ်။

ခန္ဓာကိုယ် ဖွဲ့စည်းပုံ မှန်ကန်လာခြင်း: ထိုင်တဲ့၊ ရပ်တဲ့ ပုံစံတွေ မှန်ကန်လာပြီး ခါးကုန်းတာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ကိုယ်ခံအားနှင့် သွေးလည်ပတ်မှု ကောင်းမွန်ခြင်း: အသက်ရှူစနစ် မှန်ကန်လာတဲ့အတွက် သွေးထဲမှာ အောက်ဆီဂျင် ပိုရရှိပြီး ရောဂါဘယ ကင်းဝေးစေပါတယ်။

ခွန်အားနှင့် ဟန်ချက်ညီမှု တိုးတက်ခြင်း: ခန္ဓာကိုယ် ယိမ်းထိုးမသွားအောင် ထိန်းညှိပေးတဲ့ အာရုံစူးစိုက်မှုနဲ့ ကြွက်သားခွန်အားကို တိုးတက်စေပါတယ်။

၂။ စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးများ (စိတ်ကျန်းမာရေးအတွက်)
စိတ်ဖိစီးမှု (Stress) ကို အမြန်ဆုံး လျှော့ချပေးနိုင်ခြင်း: ယောဂကျင့်စဉ်မှာပါတဲ့ အသက်ရှူနည်းစနစ်တွေက စိတ်လှုပ်ရှားတာ၊ စိုးရိမ်ပူပန်တာတွေကို ငြိမ်သက်သွားစေပါတယ်။

အိပ်ပျော်ရလွယ်ကူခြင်း: စိတ်ရောကိုယ်ပါ ပြေလျော့သွားတဲ့အတွက် ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

အာရုံစူးစိုက်မှု ကောင်းမွန်ခြင်း: လုပ်ငန်းခွင် ဒါမှမဟုတ် စာကျက်တဲ့အခါ အာရုံစိုက်ရလွယ်ကူလာပြီး စိတ်
တည်ငြိမ်မှုကို ပေးပါတယ်။

အနှစ်ချုပ် ပြောရရင် -
ယောဂဆိုတာ "ခန္ဓာကိုယ် လှုပ်ရှားမှု" နဲ့ "စိတ်ရဲ့ အသက်ရှူမှု" ကို တစ်ထပ်တည်းကျအောင် ပေါင်းစပ်လိုက်တာပါ။ ဒါကြောင့် ယောဂကျင့်တဲ့အခါ ခန္ဓာကိုယ်တင် ကျန်းမာရုံတင်မကဘဲ စိတ်ပါ အေးချမ်းလန်းဆန်းလာမှာ ဖြစ်ပါတယ်။

အသက်အရွယ်မရွေး၊ ကျား/မ မရွေး မိမိခန္ဓာကိုယ် အခြေအနေအလိုက် အလွယ်ကူဆုံး ကကွက် (Pose)
လေးတွေကနေ စတင်ပြီး ကျင့်ကြံနိုင်ပါတယ်။

Gu Gue
AGRA Yoga "with"Gu Gue







Photos from AGRA Yoga "with"Gu Gue's post 20/05/2026

Namaste 🙏

လူတော်တော်များများက ငယ်ရွယ်စဉ်မှာ
ငွေကြးနောက်ကိုပဲ ဒုန်းစိုင်းလိုက်ရင်း မိမိကိုယ်ကိုယ်
ဂရုစိုက်ဖို့ မေ့လျော့တတ်ကြပါတယ်။

နောက်ဆုံး အသက်ကြီးလို့ စည်း
စိမ်ဥစ္စာတွေ ပြည့်စုံလာတဲ့အခါကျမှ အဲဒီရှာဖွေထား
သမျှတွေက ဆေးရုံ၊ ဆေးခန်းနဲ့ ဆေးဝါးဖိုးတွေအဖြစ်
ပြန်ကုန်ဆုံးသွားရတာ တကယ့်ကို ရင်နာစရာ ကောင်း
လှပါတယ်။

အနာဂတ်မှာ မိသားစုနဲ့အတူ ပျော်ရွှင်ကျန်းမာတဲ့ အချိ
န်တွေကို ပိုင်ဆိုင်နိုင်ဖို့ "တစ်ရက်ကို မိမိအတွက် အချိန် ၁
နာရီ" ပေးပြီး ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့ဆိုတာ အကော
င်းဆုံး ရင်းနှီးမြှုပ်နှံမှုပါပဲ။

ဒီလို ကျန်းမာရေးအတွက် အချိန်ပေးတဲ့အခါ ပိုပြီး
ထိရောက်မှုရှိစေဖို့ ရိုးရှင်းတဲ့ နည်းလမ်းကောင်းအချို့ကို
မျှဝေပေးချင်ပါတယ် -

💡 ၁ ရက် ၁ နာရီကို ဘယ်လိုအသုံးချမလဲ?

အကြောလျှော့ခြင်းနှင့် အသက်ရှူလေ့ကျင့်ခန်း (၁၀ မိန
စ်): မနက်ခင်းအိပ်ရာထတဲ့အခါဖြစ်ဖြစ်၊ လေ့ကျင့်ခန်း
မစခင်မှာဖြစ်ဖြစ် ကြွက်သားတွေ လန်းဆန်းသွားအောင်
အကြောဆန့်ပေးပါ။

နှလုံးနှင့် သွေးလည်ပတ်မှုကောင်းစေမည့် လေ့ကျင့်ခန်း
(၃၅ မိနစ်): လမ်းသွက်သွက်လျှောက်ခြင်း၊ စက်ဘီးစီးခြ
င်း၊ ရေကူးခြင်း သို့မဟုတ် ရိုးရှင်းတဲ့ ကိုယ်လက်လှုပ်ရှား
မှုမျိုး ပြုလုပ်ပါ။ (ဒါက နှလုံးနဲ့ အဆုတ်ကို သန်မာစေပြီး
ရောဂါဘယတွေကို ဝေးဝေးမှာ ထားပေးပါလိမ့်မယ်)။

အနားယူခြင်းနှင့် Cool Down (၁၅ မိနစ်): လေ့ကျင့်ခန်း
လုပ်ပြီးနောက် ခန္ဓာကိုယ်အပူချိန်နဲ့ နှလုံးခုန်နှုန်း ပုံမှန်ပြ
န်ဖြစ်အောင် ဖြည်းဖြည်းချင်း လမ်းလျှောက်ပေးပြီး
စိတ်ကို ငြိမ်သက်အောင် ထားပါ။

"ကျန်းမာခြင်းသည် လာဘ်တစ်ပါး" ဆိုသလိုပဲ၊
ဘယ်လောက်ပဲ ချမ်းသာချမ်းသာ ကျန်းမာရေးမကောင်း
ရင် အဲဒီစည်းစိမ်တွေက အဓိပ္ပာယ်မဲ့သွားတတ်ပါတယ်။

Tr.GuGue

Gu Gue
AGARA Yoga "with"Gu Gue





17/05/2026

🍀🍀🍀

Gu Gue
AGARA Yoga "with"Gu Gue

12/05/2026

မင်္ဂလာရှိသော မနက်ခင်းလေးပါ🍀🍀🍀

🍀ကမ္ဘာ သူ ကမ္ဘာ သား များ အားလုံး အားလုံး🍀

ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေ🍀

အလုပ်အကိုင် များ အဆင်ပြေ၍ ဆထက်တစ်ပိုး
ပိုမို တိုးပွါး များပြား ၍ မရှိဆင်းရဲသားများနှင့်
အငယ်ဆုံးသော သူများအား ပံ့ပိုး ကူညီ
လျူဒါန်း နိုင်ကြပါစေ🍀

အဆာရေဆာ များလည်း ပေါများကြပါစေ🍀

အနာရောဂါ၊ကပ်ရောဂါ ဘေးများမှလည်း
ကင်းဝေးကြပါစေ🍀

သဘာဝဘေး၊လူ့ဘေးအန္တာရယ် ရန်များမှလည်း
ကင်း/ဝေး ရှင်းကြပါစေ🍀

လူအခြင်းခြင်း မနာလိုမုန်းတီးခြင်း၊လိမ်ညာလှည့်ဖြားခြင်းဖျက်စီးခြင်း ရန်များမှလည်း ကင်းဝေးကြပါစေ🍀

စိတ်၏ချမ်းသာခြင်း ခန္ဓာကိုယ်၏
ကျန်းမာခြင်းများ နှင့် ပြည့်စုံ၍ ကောင်းကျိူး
လိုရာ ဆဒ္ဓများ ပြည့်စုံ ပြည့်ဝကြပါစေ 🙏

Good morning🍀🍀🍀

🍀All the people of the world🍀

May you be at peace🍀

May your jobs be easy, your wealth grow more and more, and you help the poor and the least of them🍀

May your wealth be abundant🍀

May you be free from diseases and epidemics🍀

May you be free from natural and human disasters and enemies🍀

May you be free from envy, hatred, lies, and destruction🍀

May you be filled with peace of mind, health of body, and all the good qualities you desire🙏

Namaste 🙏

Gu Gue
AGARA Yoga "with"Gu Gue






11/04/2026

patanjali yoga vidya school by thuzar - perfect life

Gu Gue
AGARA Yoga "with"Gu Gue



#သုခတော်ဝင်a6



23/03/2026

ကျန်းမာခြင်းသည် လာလ်ကြီးတစ်ပါးဖြစ်ပါတယ်🌿🌿🌿
နေ့စဉ်စားဝတ်နေရေး အသက်ရှင်သန်ရေးအတွက်
သွားလာလူပ်ရှား ရုန်းကန်ရင်း
အသက်ရှူဖို့မေ့တတ်ကြပါတယ်
စိတ်နှင့်ကိုယ်ခန္ဓာ ကျန်းမာဖို့ရာအတွက်နှင့်
အိပ်ရာနိုးထမှစပြီး မိမိရဲ့မျက်လုံးနှစ်လုံးဖွင့်လိုက်တာနဲ့ တွေးစိတ်တွေကို သိစိတ်က ထိန်းချူပ်နိုင်ဖို့ရာ ယောဂကျင့်စဉ်လ့ကျင့်ခန်းများ ပြုလုပ်လေ့ကျင့်ရင်း အားလုံးပဲ
နေကောင်းကျန်းမာကြပါစေရှင့်🌿🌿🌿

#သုခတော်ဝင်a6 Gu Gue AGARA Yoga "with"Gu Gue

Photos from AGRA Yoga "with"Gu Gue's post 14/03/2026

နေ့မှာ

14.3.2026 ဆုံနေ့မှာ ယောဂီသင်တန်းသူ 14ယောက်နဲ့
မထင်မှတ်ပဲ ဆုံသွား😍😁

Class သင်တန်းသား/သူတွေနဲ့
Yoga Outdoor လေးထွက်ဖြစ်
ညဘက် 6:30to 7:30 pmအတန်းလေးနဲ့
မနက်9:00 to 10:00 am ရှိတဲ့ယောဂီသင်တန်းသူတွေနဲ့
အကြောင်းမျိူးမျိူးကြောင့် မလိုက်ဖြစ်တဲ့ ယောဂီတွေလည်းနောက်တစ်ခါ ထပ်ဆုံပါမယ်😍😍😍


#သုခတော်ဝင်a6





Want your business to be the top-listed Gym/sports Facility in Naypyidaw?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address

Naypyidaw
Naypyidaw
50511